ဘီပိုးကို နိုင်တဲ့ဆေး

6:26 AM Posted In Edit This 0 Comments »
ဒီပုံမှာပါတဲ့ အရွက်ကတော့ ဗိန္ဒောဆေးအခေါ် *ဣဿရမူလီ* လို့ခေါ်တယ်။

ဦးဟုတ်စိန်အဘိဓာန်မှာတော့ The Indian Brithwort (*Atistolochia indica)*

သာမည ဣဿရီ တဲ့။

ရှမ်းဘာသာကတော့ ၀မ်လီနုတ်ယုံး *(၀၊ခ်ေလီခေူဂ့်ယုင်း*) လို့ခေါ်ပြီး

တရုတ်အခေါ်ကတော့ *ခုံ့ရှော့တန်း* လို့ခေါ်တယ်။
အပင်ကတော့ အစိမ်းရောင် နွယ်ပင်တစ်မျိုးပါ။ ခွာညို၊ ခွာဖြူပန်းလို အိမ်မှာ
အလှစိုက်ထားလေ့ရှိတယ်။
အပွင့်က ဥဒေါင်းငှက်နဲ့ ဆင်တူပြီး အဖြူ။ အ၀ါ၊ အစိမ်း၊ ခရမ်းရောင် အနဲငယ်သမ်းနေတယ်။
အသီးကတော့ ကင်းမွန်သီးလို ခပ်ဆင်ဆင်ဖြစ်ပြီး အရစ်(အရေးအကြောင်း)
အမြောင့်ပါတယ်။ အရွက်ရဲ့ အရသာကတော့ နဲနဲဖန်သလိုလို၊ ကွမ်းရွက်ကဲ့သို့လဲ
အနည်းငယ် ရှိန်းသလိုလိုဖြစ်ပြီး အရသာပေါ့တယ်။

ဘီပိုးရောဂါ၊ စီပိုးရောဂါရှိသူများအတွက် မကြာခင်က သိရတဲ့ ဆေးကောင်းတစ်လက်ပါ။

ဒီဆေးအကြောင်းကို မန္တလေး၊ ကျွဲဆည်ကန်နေ နန်းမွေဖေါင် (2nd Year Law)
ကနေတဆင့် သိရခြင်းပါ။
သူမအဖေရဲ့ မန္တလေး မိတ်ဆွေတစ်ဦး ဘီပိုးရောဂါဖြစ်ပြီး ယိုးဒယား၊ စင်္ကာပူအထိ
သွားကုတာ သိန်းပေါင်းများစွာ ကုန်ပေမယ့် ရောဂါက မပျောက်ဖြစ်နေတယ်။

စိတ်ပျက်ပျက်နဲ့ မန္တလေးကိုရောက်တော့ မိတ်ဆွေ တစ်ယောက်က ဣဿရမူလီ ကို

သုံးကြည့်ခိုင်းတယ်။
သူလည်း (၃)လလောက် အဲဒီအရွက်ကို အစိမ်းလိုက် တစ်နေ့ (၃)ခါ၊ တစ်ခါ လေးရွက်
ငါးရွက်လောက် ၀ါးစားပြီး ရေသောက်လိုက်တယ်။

နောက်ပိုင်း သူ့ရဲ့ အသားအရေလည်း အရင်လို နီကြောင်ကြောင် နီရဲရဲ

မဟုတ်တော့ပဲ အသားအရည်တွေ ၀င်းလာတယ်။ ကြည်လာတယ်။

ကျန်းမာရေးလည်း တော်တော်ကောင်းလာတာတွေ့ရတယ်။ နောက် (၅)လ ကြာတော့

သူယိုးဒယားကို ဆေးစစ်သွားတော့ ဟိုကဆရာဝန်တွေက အံ့သြစွာနဲ့ သူ့ရဲ့
ဘီပိုးရောဂါ လုံးဝပျောက်သွားကြောင်း၊ ဘာဆေးတွေ သုံးကြောင်း မေးလာတော့ သူက
တိုင်းရင်းဆေး ဣဿရမူလီ ဆေးကိုသုံးကြောင်း ပြောလိုက်တယ်။ အခု
သူကျန်းကျန်းမာမာပါပဲ။

*ဆေးသုံးစွဲနည်း*


(၁) အကောင်းဆုံးကတော့ အရွက်စိမ်းကို ၀ါးစားပြီး ရေသောက်တာ ပိုထိရောက်တယ်။

(၂) သုံးခွက် တစ်ခွက် ကြိုသောက်ရင်လည်း ရပါတယ်။ (၃) အရွက်ကို
အခြောက်လှမ်းပြီး လက်ဖက်ရည် သောက်သလိုမျိုး သောက်ရင်လည်း ရတယ်တဲ့။

ဓါတ်ပုံကို လားရှိုးမြို့ ရပ်ကွက် (၆) ရွှေလီကျောင်းအနီး၊

ဒေါ်နန်းရွှေကျောင်းအိမ်မှာ သွားရိုက်ထားခြင်းဖြစ်တယ်။

ဣဿရမူလီ မှတဆင့် ဘီပိုးအတွက် စီပိုးအတွက် ဆေးကောင်းတစ်လက်အဖြစ် ဆက်လက်

တိုးတက်အောင် ဖေါ်ဆောင်နိုင်ပါစေ။

*သင်ရဲ့ မိတ်ဆွေထံ ဆက်လက် လက်ဆင့်ကမ်းပြီး ဘေသဇ္ဇဒါန (ဆေးအလှူ) အဖြစ်

ကုသိုလ်ယူကြပါရန် . . . . *

မေတ္တာဖြင့်

တောင်တန်းသာသနာပြုဆရာတော်
စ၀်ဆုခမ်း (တန့်ယန်း)

အနန္တစကြာဝဠာအတွင်း ရှိ အနန္တအရပ်မျက်နှာမှ အနန္တ သတ္တဝါ အနန္တ နတ်ဗြဟ္မာ အနန္တ

သူတော်စင် သူတော်အပေါင်း တို့ စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်း နဲ့
ပြည့်စုံပါ စေသား ။ ။
1.jpg1.jpg
61K View Download
2.jpg2.jpg
62K View Download
3.jpg3.jpg
76K View Download

လောကမှာ ကိုယ်တစ်ယောက်ထဲ စိတ်ညစ်နေရတယ်လို့တော့ မထင်လိုက်ပါနဲ့

6:25 AM Posted In Edit This 0 Comments »
လောကမှာ ကိုယ်တစ်ယောက်ထဲ စိတ်ညစ်နေရတယ်လို့တော့ မထင်လိုက်ပါနဲ့






--လူ့ဘ၀ကြီးဆိုတာ ဒီကာတွန်းလေးကိုကြည့်နေရင်း..ဟုတ်တော့ ဟုတ်နေပါလား
ဆိုတာလေးကို သတိထားမိလာလိမ့်မယ်လို့မျှော်လင့်မိပါတယ်...စိတ်ဓါတ်ကျတတ်တဲ့
သယ်ရင်းတွေအတွက်ပါ....ကျေးဇူးတင်ပါတယ်..







၂၄ နာရီ ဇီဝကမ္မ ဖြစ်ပျက်ပြောင်းလဲမှု့ ဖြစ်စဉ်များ

3:47 AM Posted In Edit This 0 Comments »
တ်ာတော်လေး မှတ်သားစရာ ကောင်းပြီး အကျိုးရှိနိုင်တဲ့ ဆောင်းပါးလေးလည်း
ဖြစ်ပါတယ်...

သုတေသနပြုချက်အရ ညဆိုင်းအလုပ်လုပ်သူများသည် ကျန်းမာရေးအခြေအနေ

ကမောက်ကမဖြစ်တတ်သည်။အမျိုးသမီးများဆိုလျှင်ရာသီမမှန်ခြင်း၊အရိုးပွရောဂါဖြစ်ခြင်း၊
ရင်သားကင်ဆာဖြစ်ခြင်း၊ ကိုယ်ဝန်မရရှိနိုင်ခြင်း စသည့် ရောဂါများ
ပိုမိုဖြစ်တတ်သည်။ ညသန်းခေါင် ည ၁၂-နာရီ ၁၀-မိနစ်အထိ မအိပ်သေးသူများတွင်
ခန္ဓာကိုယ်၏ ဇီဝဖြစ်ပျက် ပြောင်းလဲဖြစ်စဉ်များသည်
ကိုယ်တွင်းအရည်လောင်ကျွမ်းမှုကိုသာ အားကိုးရသည်။
ကိုယ်တွင်းအရည်လေင်ကျွမ်းမှုသည် အဆိပ်အတောက် ဖြစ်ပေါ်မှုများတတ်သည်။
ခန္ဓကိုယ်၏ 'သက်စောင့်ရည်' များကို အက်ဆစ်ဓါတ်ဖြစ်စေနိုင်သည်။ ထို့ကြောင့်
ခဏခဏ အိပ်ရေးပျက်ခံသူများသည် ဆေးလိပ်သောက်၊ အရက်သောက်သူများ
ဖြစ်နိုင်သည့် ရောဂါမျိုးများ ငါးဆပိုဖြစ်နိုင်သည်။ ထို့ကြောင့်
နေ့စဉ်အတတ်နိုင်ဆုံး
ည ၁၁-နာရီ မတိုင်မီ အိပ်ရမည်။ မဖြစ်မနေ ညအလုပ်လုပ်ရန်ရှိသည်ဆိုလျှင်လဲ
(အသားမပါသော) ညလယ်စာစားလျှင် ခံသာသေးသည်။


ည ၉-နာရီ မှ ည ၁၁-နာရီ = ရောဂါခုခံကာကွယ်စနစ်အချိန်

(အလယ်တန်းအောက်ကလေးသူငယ်များသည် ရောဂါခုခံကာကွယ်စနစ်
တည်ဆောက်မှုမပြည့်စုံသေးသဖြင့် ည ၉-နာရီတွင် အိပ်နိုင်လျှင်ကောင်း၏)

ည ၁၁-နာရိ မှ နံနက် ၁-နာရီ = ရိုးတွင်းချဉ်ဆီမှ သွေးနီဥ တည်ဆောက်ချိန်


နံနက် ၁-နာရီ မှ နံနက် ၃-နာရီ= အသည်း၏အချိန်


နံနက် ၃-နာရီ မှ နံနက် ၅-နာရီ= အသက်ရှုစနစ်အတွက်အချိန်


နံနက် ၄-နာရီ = ခန္ဓာကိုယ်၏ သွေးခုန်အားအပျော့ဆုံး၊ နှလုံးခုန်နှုန်း အနှေးဆုံးအချိန်

(ဆေးပညာတွင် 'အန္တရာယ်များသည့်လေးနာရီ' ဟုပြောစမှတ်ပြုကြသည်။
လက်တွေ့တွင် ဤအချိန်၌ ရင်ကြပ်၊နှလုံး၊ လေဖြတ်၊ဦးနှောက်သွေးကြောရောဂါ၊
သွေးတိုးရောဂါ စသည်တို့ ရောဂါဖောက်ပြန်သော အချိန်ဖြစ်တတ်သည်။
ထို့ကြောင့် အဘိုးအဘွားများ နံနက် ၅-နာရီကျော်မှကိုယ်လက်လှုပ်ရှား
လမ်းလျှောက်ထွက်သင့်သည်။)

နံနက် ၅-နာရီ မှ နံနက် ၇-နာရီ = အူမကြီးအလှုပ်ရှားဆုံးအချိန်


နံနက် ၇-နာရီ မှ နံနက် ၉-နာရီ = အစာအိမ်အလှုပ်ရှားဆုံးအချိန်

(ထို့ကြောင့် နံနက် ၇-နာရီ မတိုင်ခင် နံနက်စာစားသင့်သည်)

နံနက် ၉-နာရီ မှ နံနက် ၁၁-နာရီ = သရက်ရွက်အလှုပ်ရှားဆုံးအချိန်


နံနက် ၁၁-နာရီ မှ နေ့လယ် ၁-နာရီ = ရိုးတွင်းချဉ်ဆီ သွေးတည်ဆောက်ချိန်

(ကောင်းစွာအနားယူနိုင်ပါက သွေးအားနည်းရောဂါမဖြစ်တော့ပေ)

နေ့လယ် ၁-နာရီ မှ ညနေ ၃-နာရီ = အူသိမ်အလှုပ်ရှားဆုံးအချိန်

(နေ့လယ် ၁-နာရီ မတိုင်ခင်နေ့လည်စာစားလျှင်ကောင်း၏ -
သို့မဟုတ်က အစာအိမ်ရောဂါ လေထိုးလေအောင့် ရောဂါဖြစ်တတ်သည်။)

ညနေ ၃-နာရီ မှ ညနေ ၅-နာရီ = ဆီးအိမ်အလှုပ်ရှားဆုံးအချိန်

(ဤအချိန်တွင်ရေများများသောက်ရန်အရေးကြီးသည်။)

ညနေ ၅-နာရီ မှ ည ၇-နာရီ = ကျောက်ကပ်အလှုပ်ရှားဆုံးအချိန်


ည ၇-နာရီမှ ည ၉-နာရီ = နှလုံးနှင့်ဦးနှောက်အာရုံကြောစနစ်၏အလှုပ်ရှားဆုံးအချိန

မနက်စာက ဘာကြောင့်တစ်နေ့တာလုံးရဲ့ အရေးကြီးဆုံး အစာဖြစ်နေသလဲ

3:40 AM Posted In Edit This 0 Comments »
နေ့တစ်နေ့ရဲ့အစမှာ စားရတဲ့ မနက်စာက တစ်နေ့တာလုံးအတွက် အရေးကြီးဆုံး အစာ
ဖြစ်တာကြောင့် မနက်စာကို မဖြစ်မနေစားသင့်ကြောင်း မကြာခဏကြားဖူးကြမှာပါ။
ဒါပေမဲ့ အပြိုင်အဆိုင်များတဲ့ မျက်မှောက်ခေတ်ကြီးမှာ
နောက်ကောက်ကျမကျန်ခဲ့ဖို့အတွက် အများစုက အလုပ်လောဘကြီးနေတတ်ကြပါတယ်။

မနက်မနက် အလုပ်ချိန်မီအောင်၊ ကျောင်းချိန်မီအောင်လုံးပန်းနေရတာနဲ့

မနက်စာစားဖို့ အချိန်မပေးနိုင်ဘူးဖြစ်နေပါတယ်။ ထမင်းစားပွဲမှာထိုင်ခုံနဲ့
အကျအနထိုင်ပြီး အေးဆေး စားဖို့နေနေသာသာ ကော်ဖီတစ်ခွက်ကိုတောင်
အပြင်ထွက်ခါနီးမှ အမြန်မျိုချနေရတဲ့ အလုပ်များသူတွေမှ အများကြီးပဲ။
တကယ်ဆို မနက်စာက ကျန်းမာရေးအတွက် အရေးကြီးဆုံးအစာပါ။

ဒီစကားအပ်ကြောင်းထပ်အောင် ကြားနေရပေမယ့် ဒါအမှန်တရားပါ။ တစ်ညတာလုံးမှာ

ဘာမှမစားဘဲ အိပ်နေတာကြောင့် ဟာနေတဲ့အစာအိမ်အတွက်
အိပ်ရာနိုးချိန်မှာစားတဲ့ မနက်စာက အရေးကြီးပါတယ်။ မနက်စာဆိုတဲ့
အင်္ဂလိပ်စာလုံး Break fast ရဲ့ အဓိပ္ပာယ် ကလည်း ဥပုသ် (fast) ကို
ဖြတ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။

မနက်တိုင်း မနက်စာပုံမှန်စားနေသူတွေဟာ မစားသူတွေထက်

ပိုပြီးကျန်းမာနေကြောင်းကို လေ့လာချက်မြောက်မြားစွာအရ တွေ့ရှိရပါတယ်။
မနက်စာကနေရရှိတဲ့ အကျိုးထူး တွေကတော့ အားအင်တွေပြည့်ဝနေခြင်းနဲ့
တစ်နေ့တာလုံးအာရုံစူးစိုက်မှု ကောင်းနေခြင်းတို့ပဲ ဖြစ်ပါတယ်။ အထူးသဖြင့်
ကျောင်းသူ၊ ကျောင်းသားတွေ စာသင်ကြားရာမှာ ပိုစိတ်ဝင်စားပြီး
စာတွေပိုမှတ်မိလွယ်စေပါတယ်။

ဒါ့အပြင် ရောဂါဘယတွေမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်အလေးချိန်

ထိန်းသူတွေအနေနဲ့လည်း မနက်စာစားသင့်ပါတယ်။ တချို့က ဝိတ်လျှော့ချင်လို့
မနက်စာကို လျှော့စားတတ်ကြပါတယ်။ ဒါပေမဲ့ မနက်စာကို လျှော့စားခြင်းက
မပိန်စေတဲ့အပြင် ပိုလို့တောင်ဝလာစေနိုင်ပါတယ်။ လေ့လာချက်တွေအရ မနက်စာ
မစားသူတွေက အဝလွန်ခြင်းဖြစ်နိုင်ခြေပိုများတာ တွေ့ရပါတယ်။

ဒါဟာ ဘာကြောင့်လဲဆိုတော့ မနက်စာကိုမစားဘဲနေလိုက်ခြင်းဟာ

နောက်ပိုင်းစားတဲ့ နေ့လယ်စာတွေ၊ ညစာတွေကို အဝအပြဲစားလိုစိတ်
ဖြစ်ပေါ်စေလို့ပါ။ ဒါ့အပြင် ကျန်းမာရေးနဲ့မညီညွတ်တဲ့ Fast Food တွေကိုလည်း
ပိုစားမိတတ်ပါတယ်။ ဒါကြောင့် မနက်စာမစားသူတွေဟာ စားသူတွေထက်စာရင်
ဆီးချိုရောဂါ၊ နှလုံးသွေးကြောကျဉ်း ရောဂါဖြစ်နိုင်ခြေများပါတယ်။

မနက်စာမှာ စားလေ့ရှိတဲ့ ကောက်နှံတွေပါတဲ့ ပေါင်မုန့်တွေ၊ Cereal တွေကလည်း

ကျန်းမာရေး အတွက် ကောင်းစေပါတယ်။ Antioxidant သတ္တုဓာတ်နဲ့ အမျှင်ဓာတ်
တွေပါရှိတာကြောင့် အဲဒီမနက်စာတွေကို ပုံမှန်စားပေးခြင်းဖြင့် အသက်ရှည်
ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးအတွက် အရေးကြီးတဲ့
မနက်စာကို မနက်တိုင်းအချိန်ပေးပြီး စားပေးသင့်ပါတယ်။

ကင်ဆာရောဂါ မဖြစ်အောင် အစားအသောက်၊ အနေအထိုင် ဆင်ခြင်နိုင်ကြပါစေ။

3:42 AM Posted In Edit This 0 Comments »
ကင်ဆာရောဂါ မဖြစ်အောင် အစားအသောက်၊ အနေအထိုင် ဆင်ခြင်နိုင်ကြပါစေ။
ဆေးသွင်းကုသခြင်း (CHEMOTHERAPY) ဟာ ကင်ဆာေ၇ာဂါ ပျောက်ကင်းအောင်
ပြုလုပ်၇ာမှာတစ်ခုတည်းသော
နည်းလမ်းဖြစ်တယ်လို့ နှစ်ပေါင်းများစွာ
ပြောကြားလာခဲ့ရာကအခုနောက်ဆုံးမှာတော့ တခြားနည်းလမ်းတစ်ခုလည်း ရှိတယ်လို့
ဂျွန်ဟော့(ပ်)ကင်း(စ်)က ပြောကြားလာပါပြီ။

၁။ လူတိုင်းရဲ့ခန္ဓာကိုယ်ထဲမှာ ကင်ဆာဆဲလ်တွေရှိတယ်။ ဒီကင်ဆာဆဲ(လ်)တွေဟာ
သန်းထောင်ပေါင်းအနည်းငယ်ထိ
ပွားများမလာမချင်းတော့ ပုံမှန်ရောဂါရှာဖွေစစ်ဆေးချက်မှာ ပေါ်လာမှာမဟုတ်ဘူး။ ဆေးကုသခံယူပြီးနောက်ကင်ဆာလူနာတွေကို သူတို့ကိုယ်မှာ ကင်ဆာဆဲ(လ်)တွေ
မရှိတော့ဘူးလို့
ဆရာဝန်တွေကပြောတဲ့အခါ လူတွေရဲ့ကိုယ်ထဲက
ကင်ဆာဆဲ(လ်)တွေဟာ စစ်ဆေးသိရှိနိုင်တဲ့
အရေအတွက်အထိ မရောက်ရှိသေးဘူးလို့သာ
အဓိပ္ပါယ် သက်ရောက်ပါတယ်။
၂။ လူတစ်ယောက်ရဲ့ ဘ၀တသက်တာမှာ
ကင်ဆာဆဲ(လ်)တွေဟာ ၆ ကြိမ်မှ
၁၀ ကြိမ်အထက်အထိပေါ်ပေါက်ပါတယ်။
၃။ လူတစ်ယောက်ရဲ့ ရောဂါပြီးစနစ်
အားကောင်းနေရင် ကင်ဆာဆဲ(လ်)တွေဟာဖျက်ဆီးခံရပြီး
မပွားများနိုင်ပါဘူး၊ အကျိတ်လည်း
မဖြစ်နိုင်ပါဘူး။

၎။ လူတစ်ယောက် ကင်ဆာရောဂါဖြစ်ပြီဆိုရင် သူဟာ အဟာရအတော်များများ ချို့တဲ့နေပြီဆိုတာကို
ပြသတာပါဘဲ၊ဒါဟာ မျိုးရိုး၊
ပတ်ဝန်းကျင်၊ အစားအစာနဲ့
လူနေမှုပုံစံစတဲ့ အချက်တွေကြောင့်ဖြစ်နိုင်ပါတယ်။

၅။ ဒီလို အဟာရမျိုးစတဲ့ ချို့ တဲ့နေတာကို ကျော်လွှားနိုင်ဖို့ ဆိုရင်စားသောက်ပုံစံကို
ပြောင်းလဲပြီး ဖြည့်စွက်အစားအစာတွေ
စားပေးခြင်းဖြင့်ရောဂါပြီးစနစ်ကို အားကောင်းစေနိုင်ပါတယ်။

၆။ ဆေးသွင်းကုသခြင်းဟာ အပွားမြန်တဲ့ ကင်ဆာဆဲ(လ်)တွေကို အဆိပ်သင့်စေသလိုရိုးတွင်းခြင်ဆီ၊ အစာအိမ်နဲ့ အူလမ်းကြောင်း
စသည်တို့မှာရှိတဲ့
အပွားမြန်တဲ့ဆဲ(လ်)ကောင်းတွေကိုပါ ပျက်စီးစေပြီး အသည်း၊ ကျောက်ကပ်၊
အဆုတ်စတဲ့ကိုယ်တွင်း ကလီစာတွေကို
ထိခိုက်စေနိုင်ပါတယ်။

၇။ ဓါတ်ရောင်ခြည်နဲ့ ကုသခြင်း (ဓါတ်ကင်ခြင်း)ဟာ ကင်ဆာဆဲ(လ်)တွေကို
ပျက်စီးစေသလို ကောင်းတဲ့ဆဲ(လ်)တွေ
တစ်သျှုးတွေ၊ ကိုယ်တွင်းကလီစာ
တွေကိုပါထိခိုက်စေပါတယ်။
၈။ ဓါတ်ရောင်ခြည်(သို့) ဆေးသွင်းကုသတဲ့အခါ
အစပိုင်းမှာတော့ အများအားဖြင့်အကျိတ်တွေ
ကျုံ့ သွားတတ်ပါတယ်၊ ဒါပေမယ့်
ရေရှည်ကုသတဲ့အခါ
ထိရောက်မှုကျဆင်းသွားပါတယ်၊
အကျိတ်တွေနောက်ထပ် မကျေပျက်တော့ပါဘူး။
၉။ ဆေးသွင်းကုသခြင်းနဲ့ ဓါတ်ကင်ခြင်းတို့ကြောင့်
ခန္ဓာကိုယ်အတွင်းအဆိပ်အတောက်တွေ
များလာတဲ့အခါ ရောဂါပြီးစနစ်ဟာ
အားလျော့တာတွေ၊ ပျက်စီးတာတွေ
ဖြစ်ပေါ်လာပါတယ်။ အဲ့ဒီအခါမှာ
လူနေဟာ ရောဂါပိုး အမျိုးမျိုးကြောင့်
ဖြစ်စေနောက်စပ်တွဲ အမျိုးမျိုးကြောင့်ဖြစ်စေ
အသက်ဆုံးရှုံးနိုင်ပါတယ်။

၁၀။ ဆေးသွင်းကုသခြင်းနဲ့ ဓါတ်ကင်ခြင်းဟာ ကင်ဆာဆဲ(လ်)တွေကို
ဗီဇပြောင်းစေနိုင်ပြီး ဖျက်ဆီးရခက်စေနိုင်ပါတယ်။
ခွဲစိတ်ကုသခြင်းဟာလည်းကင်ဆာဆဲ(လ်)တွေကို အခြားနေသို့ပြန့်နှံ့စေနိုင်ပါတယ်။
၁၁။ ကင်ဆာရောဂါကို တိုက်ဖျက်ဖို့ထိရောက်တဲ့ နည်းလမ်းတစ်ခုကတော့သူတို့မျိုးပွားရာမှာ လိုအပ်တဲ့ အဟာရတွေကိုဖြတ်
တောက်လိုက်ခြင်းပါဘဲ။
(က) သကြား။ ။ သကြားဟာ ကင်ဆာရဲ့
အဟာရတစ်ခုပါဘဲ။ သကြားကိုဖျက်လိုက်ခြင်းအားဖြင့်
ကင်ဆာဆဲ(လ်) တွေရဲံ အဓိကအဟာရတစ်ခုကိုဖြတ်လိုက်သလိုပါဘဲ။ Nutra Sweet,Equal,Spoonful စတဲ့ သကြားအစား
ထိုးပစ္စည်းတွေဟာ
Aspartame ဆိုတဲံအရာပါဝင်တဲ့အတွက်
လူကိုထိခိုက်စေနိုင်ပါတယ်။သဘာဝအစားအစာဖြစ်တဲ့ ပျားရည် ဒါမှမဟုတ် တင်လဲရည်နည်းနည်းလေးက
ပိုကောင်းပါတယ်။စားပွဲတင်ဆားဟာ
ဓာတုပစ္စည်းရောထားတဲ့အတွက်ဖြူဖွေးနေတာပါ၊ ပင်လယ်နေလှမ်းဆားကပိုကောင်းပါတယ်။
(ခ) နို့ ။ ။ နို့ဟာခန္ဓာကိုယ်ကို အကျိအချွဲတွေထွက်စေပါတယ်၊
အထူးသဖြင့်အစာအိမ်နဲ့ အူလမ်းကြောင်းမှာပါ။
အကျိအချွဲတွေကို ကင်ဆာဆဲ(လ်)တွေကစားသုံးနိုင်ပါတယ်။ နို့အစား သကြားမပါတဲ့ပဲနို့သောက်ရင်ကင်ဆာဆဲ(လ်)တွေကိုအစာပြတ်စေနိုင်ပါတယ်။
(ဂ) အသား ။ ။ ကင်ဆာဆဲ(လ်)တွေဟာ အက်ဆစ်(အချဉ်)၊ ပတ်ဝန်းကျင်မှာပိုပွားနိုင်ပါတယ်။ အသားအခြေခံတဲ့ အစားအစာဟာ
အက်ဆစ်ဓာတ်ကို အားပေးတယ်။
အမဲသား၊၀က်သားထက် ငါးစားတာ
အကာင်းဆုံးပါဘဲ။ ဒါမှမဟုတ်
ကြက်သား နည်းနည်း စားနိုင်ပါတယ်။အသားတွေမှာ
မွေးမြူရေးကသုံးတဲ့ ပဠိဇေ၀ဆေးတွေ၊
ကြီးထွားဟော်မုန်းတွေနဲ့ကပ်ပါးပိုးတွေ ပါလာတတ်ပါတယ်။ ဒါတွေဟာ လူတွေအထူးသဖြင့်
ကင်ဆာ ရောဂါသည်တွေကိုထိခိုက်စေနိုင်ပါတယ်။
(ဃ) လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သူတို့ ရဲ့အရည်။ဖြူအောင်မဖွတ်ရသေးတဲ့အစေ့ ။ အဆန်။ အနှံ နဲ့ သစ်သီးအနည်းငယ်ကို
အစားအစာရဲ့ ၈၀%အချိုးနဲ့စားရင်
ခန္ဓာကိုယ်ကို အယ်(လ်)ကာလိုင်း(ALKaLine)ခြေအနေရောက်စေနိုင်တယ်။ ကျန်၂၀% ကိုတော့ ပဲအပါအ၀င်
ပြုတ်ထားတဲ့ အစားအစာတွေအဖြစ်စားသုံးနိုင်ပါတယ်။ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်အရည်ထဲမှာ
စွမ်းအားမြင့်
အင်ဆိုင်းတွေပါဝင်တယ်။ ခန္ဓာကိုယ်က
အလွယ်တကူ စုပ်ယူနိုင်ပြီး
၁၅ မိနစ်အတွင်းမှာခန္ဓာကိုယ်က
ဆဲလ်များဆီရောက်နိုင်တယ်။
ဆဲလ်တွေကို အာဟာရပြည့်စေပြီးကျန်းမာတဲ့ဆဲလ်
တွေအဖြစ် ဖွံဖြိုးဖို့အားပေးတယ်။ကျန်းမာတဲ့ဆဲလ် တွေတည်ဆောက်ဖို့စွမ်းအားမြင့်
အင်ဆိုင်းတွေရရှိအောင် လတ်ဆတ်တဲ့
ဟင်းသီးဟင်းရွက်အရည်နဲ့ မချက်ရသေးတဲ့
ဟင်းသီးဟင်းရွက်တွေကို တနေ့နှစ်ကြိမ်၊
သုံးကြိမ်လောက်စားပေးသင့်တယ်။
အပူချိန်104’F (40’c) နဲ့ ချက်ထားတဲ့
အစားအစာတွေမှာဆိုရင်စွမ်းအားမြင့်အင်ဆိုင်းတွေ ပျက်စီးသွားနိုင်တယ်။
(င) ကဖိန်း ။ ။ ကဖိန်း ( Caffeine ) တွေအများကြီးပါတဲ့
ကော်ဖီ၊ လက်ဖက်ရည်နဲ့ချောကလက်တွေကို
ရှောင်ပါ။ လက်ဖက်ရည် ကြမ်း
( Green Tea ) ဆိုပိုကောင်းတယ်။ကင်ဆာကို
ခုခံတဲ့သတ္တိလည်းရှိတယ်။ ရေဆိုရင်သောက်ရည်သန့်
ဒါမှမဟုတ် သေချာစွာ
စစ်ထားတဲ့ရေဟာ အကောင်းဆုံးပါပဲ
ဘုံပိုင်ရေမှာက သတ္တုအလေးစား
(Heavy Metals )တွေ၊ အဆိပ်အတောက်တွေ
ပါလာတတ်တယ်။ ပေါင်းခံရည်ကျတော့
အက်ဆစ်ဖြစ်စေတယ်။ ရှောင်ပါ။
၁၂ ။ အသားမှာ ပရိုတိန်းတွေဟာ
အစာကြေဖို့ ခက်ခဲပြီး အစာခြေအင်ဆိုင်းတွေအများကြီးလိုအပ်တယ်။ အစာမကြေဘဲ လူတွေဆီရောက်လာတဲ့
အသားတွေဟာ ပုတ်သွားပြီးအဆိပ်အတောက်တွေ
ပိုမိုဖြစ်ပေါ်စေပါတယ်။
၁၃ ။ ကင်ဆာဆဲ(လ်) တွေမှာ ခိုင်ခံ့တဲ့အပေါ်ယံ
ပရိုတိန်းအလွှာရှိတယ်။ အသားကိုလျှော့စားရင်ဖြစ်စေ၊
အသားမစား ဘဲနေရင်ဖြစ် ကင်ဆာဆဲ(လ်)
ရဲ့ ပရိုတိန်းနံရံတွေကိုတိုက်ခိုက်ဖို့ အင်ဇိုင်းတွေ ပိုမိုလာတဲ့
အတွက် ခန္ဒာကိုယ်ရဲ့ သုတ်သင်ရေးဆဲ(လ်)
(Killer Cells) တွေဟာ ကင်ဆာဆဲ(လ်) တွေကို
သုတ်သင်ဖို့ ပိုလွယ်သွားပါတယ်

၁၄ ။ ဖြည့်စွက်အစားအစာဖြစ်တဲ့
ဓာတ်တိုးဟန့်တားပစ္စည်း

( Antioxidants )ဗီတာမင်သတ္တုဓာတ် ( Minerals ) IP6, Flor – ssence, Essiac, EFAS စသည့်တို့ ဟာခန္ဒာကိုယ်ရဲ့
ရောဂါပြီးစနစ်ကို မြင့်တင်ပေးနိုင်ပြီး
ကင်ဆာ ဆဲ(လ်) တွေကိုသုတ်သင်စေနိုင်တယ်။
အခြားဖြည့်စွက်အစားအစာဖြစ်တဲ့
ဗတာမင် ( E ) ဟာလည်းခန္ဒာကိုယ်မှာ
ရှိတဲ့ မလိုအပ်တဲ့ဆဲ(လ်) တွေ
၊ မလိုချင်တဲ့ဆဲ(လ်) တွေ၊
ထိခိုက်ခံထားရတဲ့ ဆဲ(လ်) တွေကို
ရှင်းလင်းပစ်ရာမှာပံ့ပိုးပေးနိုင်းကြောင်းသိရပါတယ်။
၁၅ ။ ကင်ဆာရောဂါဟာ ကိုယ်ရယ် ၊ စိတ်ရယ် ၊ အတွေးအမြင်ရယ်
ကြောင့်ဖြစ်တာပါ။
၁၆ ။ ကင်ဆာဆဲ(လ်) တွေဟာ အောက်ဆီဂျင်များပြားတဲ့
ပတ်ဝန်းကျင်မှာမပွားများနိုင်ပါဘူး ။ နေ့စဉ်ကိုယ်ကာယ လေ့ကျင့်ခန်း
လုပ်ခြင်း
အသက်ပြင်းပြင်းရှုရှိုက်ခြင်းဟာ
ကိုယ်တွင်းရှိဆဲ(လ်) တွေ အထိအောက်ဆီဂျင်များများရောက်
စေနိုင်တယ်။ အောက်ဆီဂျင်ကုထုံး
( Oxygen Therapy )ဟာကင်ဆာဆဲ(လ်) တွေကို
ချေဖျက်နိုင်တဲ့ နောက်ထပ်
နည်းလမ်းတခုပါဘဲ ။
နောက်ပြီး -
(၁) မိုက်ခရိုဝေ့(ဗ်) မီးဖိုထဲမှာ
ပလပ်စတစ်ခွက်တွေ မသုံးရန်။
(၂) ရေခဲသေတ္တာထဲမှာ ပလပ်စတစ်ရေဗူးတွေ
မထည့်ရန်။
(၃) မိုက်ခရိုဝေ့(ဗ်) မီးဖိုးထဲမှာ
ပလပ်စတစ်ထုပ်ပိုးပြီးမသုံးရန်
။ဒီအကြောင်းတွေကို မကြာသေးခင်ကဘဲ
ဂျွန်ဟော့ (ပ်) ကင်း(စ်)
ကသတင်းလွှာတစ်စောင်မှာထုတ်ပြန်ခဲ့ပါသေးတယ် ။ ဒီသတင်း အချက်အလက်တွေကို
ဝေါ်(လ်) တာရိ (ဒ်) တပ်မတော်ဆေးဗဟိုဌာန
(Walter Reed Army Medical Center) မှာလည်းဖြန့်ဝေထားပါတယ်။
ဒိုင်အောက်ဆင်း ( Dioxin ) ဓာတုပစ္စည်းဟာကင်ဆာ
၊ အထူးသဖြင့်ရင်သားကင်ဆာ
ဖြစ်ပါတယ်။ ဒိုင်အောက်ဆင်းဟာ
ကျွန်တော်တို့ ခန္ဒာကိုယ်ထဲက
ဆဲ(လ်)တွေအတွက် အလွန်ပြင်းထန်တဲ့
အဆိပ်တောက်ဖြစ်ပါတယ်။ပလပ်စတစ်ဗူးတွေကို ရေခဲသေတ္တာထဲမှာ မထားပါနဲ့။ဒိုင်အောက်ဆင်းတွေထွက်လာမှာမို့ပါ။ ဒီကျန်းမာရေးပြသနာကို မကြာသေးခင်ကဘဲ
ဒေါက်တာအက်(ဒ်)၀ပ်(ဒ်) ဖူဂျီမိုကို
( Dr. Edward Fujumoto ) က ရုပ်သံ
အစီးအစဉ်တစ်ခုကနေ ထုတ်လွှင့်ပြခဲ့ပါတယ်။
သူဟာ Castle ဆေးရုံက Wellness Programဆိုတဲ့
ကျန်းမားရေး အစီအစဉ်ရဲ့မန်နေဂျာဖြစ်ပါတယ်။
အဲဒီ့အစီအစဉ်မှာဒိုင်အောက်ဆင်းရဲ့ ဆိုကျိုးတွေကို တင်ပြဆွေးနွေးထားပါတယ်။
ပလက်စတစ်ဗူးတွေထဲ အစားအစာထည့်ပြီး
မိုက်ကရိုဝေ့(ဖ်) မီးဖိုမှာအပူမပေးသင့်ပါဘူးလို့
သူကပြောပါတယ်။ အထူးသဖြင့်
အဆီပါတဲ့ အစားအစာတွေပေါ့။ပလပ်စတစ်ရယ်၊
အဆီရယ်၊ အပူချိန်မြင်မြင့်ရယ်
ပေါင်းစပ်လိုက်ရင်ဒိုင်အောက်ဆင်းတွေ ထွက်လာပြီး အစားအစာထဲ ရောက်ရှိသွားတယ်။
နောက်ဆုံးမှာခန္ဒာကိုယ်က ဆဲ(လ်)
တွေထဲ ရောက်သွားပါတော့တယ်။
ပလပ်စတစ်အစား ဖန်ထည်၊ ကြွေထည်
စတာတွေ (Glass, Corning Ware, Pyrex, Ceramic……….) ကို
သူက သုံးခိုင်းပါတယ်။ ဒိုင်အောက်ဆင်း
မထွက်တော့ပါဘူး ။ ဒါကြောင့်အသင့်စားသုံနိုင်တဲ့
အစားအစာတွေကို နွှေးတဲ့ အခါ
မူလဗူးခွက်တွေကို
မသုံ:သင့်ပါဘူး။ စက္ကူကိုသုံးရင်လည်းမဆိုးဘူး
။ ဒါပေမယ့် စက္ကထဲမှာ ဘာပါသလဲဆိုတာမသိရဘူး။

ဖန်ထည်၊ ကြွေထည်သုံးတာဘဲ ပိုဘေးကင်းပါတယ်။ အသင့်စားသုံးနိုင်တဲ့စားသောက်ဆိုင် အတော်များများဟာ ဖော့ဗူးအစား စက္ကူတွေကို သုံးလာကြပါပြီ။
အဓိကအကြောင်းရင်းတစ်ခကတော့
ဒိုင်အောက်ဆင်းပါဘဲလို့ သူကပြောပါတယ်
အစားအစာတွေကို
ပလပ်စတစ်ပါးပါးနဲ့ထုပ်ပြီး
မိုက်ကရိုဝေ့ (ဖ်) မီးဖိုမှာ
ချက်ပြုတ်တာဟာလည်းအလားတူ
အန္တရာယ်ရှိတယ်လို့ သူကပြောပါတယ်။
မြင့်မာတဲ့ အပူချိန်ကြောင့်ပလပ်စတစ်အပါးကနေ အဆိပ်တောက် တွေထွက်ပြီး အစားအစာထဲရောက်ရှိစေပါတယ်။
စက္ကူပုဝါသုံးရင် ပိုကောင်းပါတယ်။
ကင်ဆာရောဂါမဖြစ်အောင် အစားအသောက်၊
အနေအထိုင် ဆင်ခြင်နိုင်ကြပါစေ။

ကျန်းမာရေး ဗဟုသုတ အနေနဲ့မျှဝေလိုက်ပါတယ်နော် ....

One Line Knowledge!

4:54 AM Posted In Edit This 0 Comments »
1.The higher a plane flies, the less fuel it uses.
လေယာဉ်ပျံ တစင်းသည် မြင့်မြင့်ပျံလေ လောင်စာဆီင်္လျော့သုံးလေ ဖြစ်သည်။

2.A housefly born today will be dead within two months.

ယနေ့ မွေးဖွားသော ယင်ကောင်သည် နောက်နှစ်လ အတွင်း သေဆုံးလိမ့်မည်။

3.There are more than 500 active volcanoes in the world.

ကမ္ဘာပေါ်တွင် မီးတောင် အရှင် (500) ကျော်ခန့်ရှိသည်။

4.All owls lay pure white eggs.

ဇီးကွက်များသည် ဖြူစွတ်သော ဥများကိုသာ ဥသည်။

5.To lose a pound of fat, you need to walk 35 miles briskly.

လူ့ခန္ဒာကိုယ် အတွင်းမှ အဆီတပေါင်လျော့ ကျရန် (35) မိုင် လျင်မြန်စွာ
လမ်းလျှောက်ပေးရမည်။

6.The deepest part of the Pacific Ocean is 6.8 miles (11km).

ပစိဖိတ်သမုဒ္ဒရာ၏ အနက်ဆုံးနေရာသည် (6.8) မိုင် (11) ကီလိုမီတာ ဖြစ်သည်။

7.Most ice-cream is eaten in the evening between 9:00 and 11:00 p.m.

ရေခဲမုန့်အား ည(9) နာရီ နှင့် (11) နာရီကြား အစားအများဆုံး ဖြစ်သည်။

8.Aristotle stuttered.

ဂရိ ပညာရှင်ကြီင်္း "Aristotle" သည် စကားထစ်၏။

9.Some insects are able to walk on water.

အချို့သော ပိုးမွှားများသည် ရေမျက်နှာ ပြင် ပေါ် လမ်းလျှောက်နိုင်စွမ်း ရှိသည်။

10.The Earth is 80 times the size of t he moon.

ကမ္ဘာကြီးသည် လကမ္ဘာထက် အဆ (80) ပို ကြီးသည်။

11.Bigger raindrops make brighter rainbows.

မိုးစက်ကြီးလေ သက်တံ ပိုအရောင် တောက်ပလေ ဖြစ်သည်။

12.There are eight species of bear in the world.

ကမ္ဘာပေါ်တွင် ၀က်ဝံ အမျိုးအစား ရှစ်မျိုးရှိသည်။

13.There are more chickens in the world than people.

ကမ္ဘာပေါ်တွင် လူဦးရေ ထက် ကြက်အကောင်ရေ ကပို များသည်။

14.Hippos can run faster than humans.

ရေမြင်းများသည် လူသားထက် အပြေးမြန်သည်။

15.In the Caribbean, there are oysters that can climb trees.

"ကာရီဘီယံ" ပင်လယ်တွင် သစ်ပင် တွယ်တက်နိုင်သော ကနုကမာ ကောင်များရှိသည်။

အမေရိကန်၏အချမ်းသာဆုံးစာရင်းတွင် ဘီလ်ဂိတ် ၁၇နှစ်ဆက်ထိပ်ဆုံး၌ ရပ်တည်..

12:08 PM Posted In Edit This 0 Comments »
နာမည်ကျော် Forbes မဂ္ဂဇင်းက အမေရိကန်အချမ်းသားဆုံးစာရင်းကို
ထုတ်ပြန်ခဲ့ရာ မိုက်ခရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ်က ထိပ်ဆုံးမှာ ၁၇နှစ်
ဆက်ရပ်တည်နိုင်ခဲ့ကြောင်း သိရပါသည်။

အမေရိကန်စီးပွားရေး ပြန်လည်ကောင်းမွန်တဲ့အခြေအနေ မရှိသေးပေမယ့်

အချမ်းသားဆုံး ၄၀၀ စာရင်းဝင် မဟာသူကြွယ်တွေကတော့ပိုမို
ကြွယ်ဝလာကြတယ်လို့ Forbes က ဖော်ပြခဲ့ပါသည်။ ပါဝင်သူဦးရေရဲ့
ထက်ဝက်ကျော်ဖြစ်တဲ့ ၂၁၇ ဦးက ပြီးခဲ့တဲ့နှစ်ကထက် ပိုမိုကြွယ်ဝလာကြပြီး
စုစုပေါင်းပိုင်ဆိုင်မှု ၈ ရာခိုင်နှုန်း တိုးလာကာ လူ ၄၀၀ ရဲ့
ပိုင်ဆိုင်မှုပေါင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၇ ထရီလျံအထိ
ရှိခဲ့ပါသည်။ဒါပေမယ့် ဒီပိုင်ဆိုင်မှုဟာ ၂၀၀၈ ခုနှစ်က
စုစုပေါင်းပိုင်ဆိုင်မှု ၁ ဒသမ ၅၇ ထရီလျံ ကိုတော့ မမီသေးပါဘူး

အသက် ၅၄ နှစ်အရွယ်ရှိ ဘီလ်ဂိတ်ဟာ အသားတင် အမေရိကန်ဒေါလာ ၅၄

ဘီလျံဝန်ကျင်းခန့်ကြွယ်ဝ ချမ်းသာတယ်လို့ Forbes က ဖော်ပြခဲ့ပါသည်။အသက် ၈၀
အရွယ် ၀ရန်းဘူဖေးက ဒုတိယမြောက် အချမ်းသာဆုံး အမေရိကန်လူမျိုးဖြစ်ပြီး ၄၅
ဘီလျံ ချမ်းသာတယ်လို့
ဆိုပါတယ်။ သူရဲ့နောက်မှာ ဒေါ်လာ ၂၄ ဘီလျံနဲ့ Oracle က
လောရင့်စ်အဲလစ်ဆင်နဲ့ Walmart ရဲ့ ခရစ္စတီဝေါ်လ်တန်တို့က ပူးတွဲရပ်တည်
နေကြပါသည်။

ထိပ်ဆုံး ၁၀ ဦးစာရင်းမှာ Koch Industries ပိုင်ရှင်တွေဖြစ်ကြတဲ့ အသက် ၇၄

နှစ်အရွယ် ချာလက်စ်ကော့ရှ်နဲ့ သူရဲ့ညီဖြစ်သူဒေးဗစ်ကော့ရှ်က ၂၁
ဘီလျံခွဲနဲ့ အသီးသီး ရပ်တည်နေကြပါသည်။

မြန်မာ့ပထမဆုံး ရေပန်းရုပ်ရှင

12:01 PM Posted In Edit This 0 Comments »
၂၀၁၀ နှစ်ဆန်းပိုင်းမှစတင်၍ ပြည်သူ့ဥယျာဉ်တွင်
တည်ဆောက်နေသော မြန်မာ့ပထမဆုံး ရေပန်းရုပ်ရှင်ရုံမှာ ပြီးစီးလုနီးပါး
ဖြစ်နေပြီဟု သိရသည်။ အဆိုပါ မြန်မာ့ ပထမဆုံး ရေပန်းရုပ်ရှင်သည်
စင်ကာပူနိုင်ငံ စန်တိုဆာကျွန်းရှိ ရေပန်းရုပ်ရှင်ကဲ့သို့ ပုံစံမျိုး
ဖြစ်ပြီး ရေပန်းကို နောက်ခံထားကာ ပရိုဂျက်တာဖြင့် ရုပ်ရှင်ပြကွက်၊ အလှအပ
ပုံများကို လူတစ်ထောင်ခန့်စာ ထိုင်ခုံနေရာများဖြင့် ရှုစားနိုင်မည်ဟု
သိရသည်။

အဆိုပါ ရေပန်းရုပ်ရှင်ကို မြို့တော်စည်ပင် သာယာရေး ကော်မတီ၏

လမ်းညွှန်ချက်ဖြင့် သဘာဝကမ္ဘာ ကုမ္ပဏီက တာဝန်ယူ တည်ဆောက်နေပြီး
ဒီဇိုင်းပိုင်းကို တရုတ်ပညာရှင်များမှ ရေးဆွဲသည်ဟု ကြားသိရသည်။
ရေပန်းခေါင်း ၃၀၀ ခန့်နှင့် မှန်မီးအိမ် ၃၂၀ တို့ဖြင့် လှပစွာ
တည်ဆောက်ထားကြောင်း သတင်းရရှိသည်။

ယခုအခါ ပြည်သူ့ဥယျာဉ်ကို အဆင့်မြှင့် တည်ဆောက်ရေး လုပ်ငန်းများ

လုပ်ဆောင်နေရာတွင် ၀င်ပေါက်မှ စတင်၍
အသစ်တည်ဆောက်ခြင်း၊ ပေ ၅၀ ကျော် ရိုလာကိုစတာ၊ ရေလွှာမိကျောင်း၊
ရေမြှုပ်ဘောလုံးကစားကွင်း၊ တိုက်ကားကစားကွင်း၊ လွှဲပုခက် ကစားကွင်း၊
မြင်းရထားကစားကွင်း နှင့် ထူးခြားမှု တစ်ခု အနေဖြင့် ကလေးငယ်များ
ယာဉ်စည်းကမ်း လမ်းစည်းကမ်း နားလည်စေရန် ပျော်ရွှင်ဖွယ် Traffic City တို့
ပါရှိကြောင်း သိရသည်။
အသက် ၅ နှစ်မှ ၁၂ နှစ်ကြား ကလေးများအတွက် Traffic City ကစားကွင်း တစ်ခု

ထိုသို့ စုံလင်၍ ပျော်ရွှင်ဖွယ် ပြည်သူ့ဥယျာဉ်ကို တည်ဆောက်ပြီးစီးသောအခါ အခြေခံ

လူတန်းစားများပါမကျန် လူတန်းစားအားလုံး လာရောက် အပန်းဖြေနိုင်စေရန်
ချိုသာသော ၀င်ကြေးသာ ကောက်ခံသွားမည်ဟု သိရသည်။
1.jpg1.jpg
128K View Download

2:37 AM Edit This 0 Comments »
*
မစ္စတာ ရောဘတ် အက်ဒ်ဝါ့ဒ်စ်။
ဓာတ်ပုံ AP

မစ္စတာ ရောဘတ် အက်ဒ်ဝါ့ဒ်စ်။

IVF လို့ အတိုကောက်ခေါ်တဲ့ ခန္ဓာကိုယ်ပြင်ပမှာ သန္ဓေအောင်အောင် လုပ်တဲ့နည်းကို လေ့လာတွေ့ရှိခဲ့သူ ဗြိတိန်က သိပ္ပံပညာရှင် ရောဘတ် အက်ဒ်ဝါ့ဒ်စ် (Robert Edwards) ကို ၂၀၁၀ နိုဘယ်လ် ဆေးသိပ္ပံဆု ပေးအပ်လိုက်ပါတယ်။

သန္ဓေမအောင်နိုင်တဲ့ စုံတွဲပေါင်း သန်းနဲ့ချီကို ကလေးရအောင် လုပ်ပေးခဲ့တဲ့ သိပ္ပံပညာရှင် အက်ဒ်ဝါ့ဒ်စ်ရဲ့ တွေ့ရှိမှုဟာ ခေတ်သစ် ဆေးပညာမှာ မှတ်ကျောက်တင်နိုင်ခဲ့တယ်လို့ ဆွီဒင်က နိုဘယ်လ်ဆု ရွေးချယ်ရေး ကော်မတီက ပြောပါတယ်။

မ မျိုးဥကိုယူပြီး ခန္ဓာကိုယ် အပြင်မှာ သန္ဓေအောင်အောင် လုပ်ပေးပြီးတော့မှ အဲဒီသန္ဓေကို သားအိမ်ထဲ ပြန်ထည့်ပေးတဲ့ တီထွင်မှုကို အခု အသက် ၈၅ နှစ် ရှိပြီဖြစ်တဲ့ မစ္စတာ အက်ဒ်ဝါ့ဒ်စ်က လေ့လာ စမ်းသပ် အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

ပြင်ပမှာ သန္ဓေအောင်တဲ့နည်းကို ၁၉၈၈ ခုနှစ်မှာ ကွယ်လွန်သွားသူ သူ့ရဲ့ လုပ်ဖော်ကိုင်ဘက် ပက်ထရစ် စတက်ပ်တိုး (Patrick Steptoe) နဲ့အတူ ၁၉၅၀ ပြည့်လွန်နှစ်တွေ ကတည်းက မစ္စတာ အက်ဒ်ဝါ့ဒ်စ် စတင် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ဖန်ပြွန်သန္ဓေသားလို့ ခေါ်ကြတဲ့ ပထမဆုံး ကလေးကို ၁၉၇၈ ခုနှစ်မှာ စတင် မွေးဖွားနိုင်ခဲ့ပြီးချိန်ကတည်းက ပြင်ပမှာ မျိုးအောင်တဲ့ ကလေးပေါင်း ၄,၀၀၀,၀၀၀ လောက်အထိ ဖွားမြင်နိုင်ခဲ့ပြီလို့ နိုဘယ်လ်ဆု ရွေးချယ်ရေး ကော်မတီက ပြောပါတယ်။

ဆုရရှိတဲ့အတွက် ဆုကြေး ဒေါ်လာ ၁,၅၀၀,၀၀၀ နဲ့ ရွှေတံဆိပ်ဆု ချီးမြှင့်ခံရမှာ ဖြစ်ပါတယ်။ နှစ်စဉ်ပေးနေတဲ့ ကဏ္ဍစုံ နိုဘယ်လ်ဆုတွေအတွက် ဆေးသိပ္ပံကို အမြဲတမ်း ပထမ ကြေညာလေ့ ရှိပါတယ်။

ဖန်ပြွန်သန္ဓေသား တည်ထွင်သူ နိုဘယ်လ်ဆုရ

2:35 AM Posted In Edit This 0 Comments »
*
မစ္စတာ ရောဘတ် အက်ဒ်ဝါ့ဒ်စ်။
ဓာတ်ပုံ AP

မစ္စတာ ရောဘတ် အက်ဒ်ဝါ့ဒ်စ်။

IVF လို့ အတိုကောက်ခေါ်တဲ့ ခန္ဓာကိုယ်ပြင်ပမှာ သန္ဓေအောင်အောင် လုပ်တဲ့နည်းကို လေ့လာတွေ့ရှိခဲ့သူ ဗြိတိန်က သိပ္ပံပညာရှင် ရောဘတ် အက်ဒ်ဝါ့ဒ်စ် (Robert Edwards) ကို ၂၀၁၀ နိုဘယ်လ် ဆေးသိပ္ပံဆု ပေးအပ်လိုက်ပါတယ်။

သန္ဓေမအောင်နိုင်တဲ့ စုံတွဲပေါင်း သန်းနဲ့ချီကို ကလေးရအောင် လုပ်ပေးခဲ့တဲ့ သိပ္ပံပညာရှင် အက်ဒ်ဝါ့ဒ်စ်ရဲ့ တွေ့ရှိမှုဟာ ခေတ်သစ် ဆေးပညာမှာ မှတ်ကျောက်တင်နိုင်ခဲ့တယ်လို့ ဆွီဒင်က နိုဘယ်လ်ဆု ရွေးချယ်ရေး ကော်မတီက ပြောပါတယ်။

မ မျိုးဥကိုယူပြီး ခန္ဓာကိုယ် အပြင်မှာ သန္ဓေအောင်အောင် လုပ်ပေးပြီးတော့မှ အဲဒီသန္ဓေကို သားအိမ်ထဲ ပြန်ထည့်ပေးတဲ့ တီထွင်မှုကို အခု အသက် ၈၅ နှစ် ရှိပြီဖြစ်တဲ့ မစ္စတာ အက်ဒ်ဝါ့ဒ်စ်က လေ့လာ စမ်းသပ် အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

ပြင်ပမှာ သန္ဓေအောင်တဲ့နည်းကို ၁၉၈၈ ခုနှစ်မှာ ကွယ်လွန်သွားသူ သူ့ရဲ့ လုပ်ဖော်ကိုင်ဘက် ပက်ထရစ် စတက်ပ်တိုး (Patrick Steptoe) နဲ့အတူ ၁၉၅၀ ပြည့်လွန်နှစ်တွေ ကတည်းက မစ္စတာ အက်ဒ်ဝါ့ဒ်စ် စတင် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ဖန်ပြွန်သန္ဓေသားလို့ ခေါ်ကြတဲ့ ပထမဆုံး ကလေးကို ၁၉၇၈ ခုနှစ်မှာ စတင် မွေးဖွားနိုင်ခဲ့ပြီးချိန်ကတည်းက ပြင်ပမှာ မျိုးအောင်တဲ့ ကလေးပေါင်း ၄,၀၀၀,၀၀၀ လောက်အထိ ဖွားမြင်နိုင်ခဲ့ပြီလို့ နိုဘယ်လ်ဆု ရွေးချယ်ရေး ကော်မတီက ပြောပါတယ်။

ဆုရရှိတဲ့အတွက် ဆုကြေး ဒေါ်လာ ၁,၅၀၀,၀၀၀ နဲ့ ရွှေတံဆိပ်ဆု ချီးမြှင့်ခံရမှာ ဖြစ်ပါတယ်။ နှစ်စဉ်ပေးနေတဲ့ ကဏ္ဍစုံ နိုဘယ်လ်ဆုတွေအတွက် ဆေးသိပ္ပံကို အမြဲတမ်း ပထမ ကြေညာလေ့ ရှိပါတယ်။

လွယ်ခြင်း၊ ခက်ခြင်း

6:22 AM Posted In Edit This 0 Comments »
♥ သူတပါးရဲ့ အမှားကို မြင်ဖို့ လွယ်ပေမယ့် ကိုယ်ပိုင်အမှားကို သိဖို့က
ခက်ပါတယ်။
♥ မစဉ်းစားဘဲ ပြောဖို့ လွယ်ပေမယ့် လျှာကို ထိန်းနိုင်ဖို့က ခက်ပါတယ်။
♥ ကျနော်တို့ ချစ်တဲ့ သူတွေကို ထိခိုက်အောင် လုပ်ဖို့ လွယ်ပေမယ့် အဲဒီ
ဒါဏ်ရာကို ဖြေဖျောက်ဖို့က ခက်ပါတယ်။
♥ သူတပါးကို ခွင့်လွှတ်ဖို့ လွယ်ပေမယ့် ခွင့်လွတ်မှုကို တောင်းဆိုဖို့က ခက်ပါတယ်။
♥ စည်းမျဉ်းတွေက ချမှတ်ဖို့ လွယ်ပေမယ့် လိုက်နာဖို့က ခက်ပါတယ်။
♥ ညတိုင်း အိပ်မက်မက်ဖို့ လွယ်ပေမယ့် ကိုယ့်အိပ်မက်ကို အကောင်အထည် ဖော်ဖို့က
ခက်ပါတယ်။
♥ အောင်မြင်မှုကို ထုတ်ပြဖို့ လွယ်ပေမယ့် ဂုဏ်သိက္ခာရှိရှိ ရှုံးနိမ့်တယ်လို့
လက်ခံဖို့က ခက်ပါတယ်။
♥ လပြည့်ညရဲ့ လရောင်ကို ခံစားဖို့ လွယ်ပေမယ့် လရဲ့ တခြားဘက်အခြမ်းကို မြင်ဖို့က
ခက်ပါတယ်။
♥ ခလုတ်တိုက် ချော်လဲဖို့ လွယ်ပေမယ့် ပြန်ထနိုင်ဖို့က ခက်ပါတယ်။
♥ နေ့စဉ်ဘဝမှာ ခံစားပျော်ပါးဖို့ လွယ်ပေမယ့် စစ်မှန် တန်ဖိုးတစ်ခု ဖြစ်ဖို့က
ခက်ပါတယ်။
♥ တစ်စုံတစ်ယောက်ကို ကတိပေးဖို့ လွယ်ပေမယ့် အဲဒီကတိကို ဖြည့်ဆည်းပေးဖို့က
ခက်ပါတယ်။
♥ ချစ်တယ်လို့ ပြောဖို့ လွယ်ပေမယ့် အချိန်တိုင်း သက်သေပြနိုင်ဖို့က ခက်ပါတယ်။
♥ ဝေဖန်ရှုံ့ချဖို့ လွယ်ပေမယ့် သူတစ်ဦးကို မြှင့်တင်ပေးဖို့က ခက်ပါတယ်။
♥ အမှားလုပ်ဖို့ လွယ်ပေမယ့် အမှားကနေ သင်ခန်းစာယူဖို့က ခက်ပါတယ်။
♥ ဆုံးရှုံးသွားတဲ့ အချစ်အတွက် ကြေကွဲဖို့ လွယ်ပေမယ့် လက်မလွတ်ရအောင်
စောင့်ရှောက်ဖို့က ခက်ပါတယ်။
♥ ကိုယ့်ဘဝ တိုးတက်ဖို့အတွက် တွေးတောစဉ်းစားရတာ လွယ်ပေမယ့် စိတ်ကူးယဉ်တာ
အရှိန်သတ်ဖို့နဲ့ အကောင်အထည်ဖော်ဖို့က ခက်ပါတယ်။
♥ လက်ခံဖို့ လွယ်ပေမယ့် ပေးဖို့က ခက်ပါတယ်။
♥ ခင်မင်မှု၊ အပေါင်းအသင်း ဆိုတာကို တော်ကီနဲ့ ပွားဖို့ လွယ်ပေမယ့် သူရဲ့
အဓိပ္ပာယ်ကိုတော့ ထိန်းသိမ်းဖို့က ခက်လိမ့်မယ်။
♥ သူတပါးရဲ့ အားနည်းချက်ကို မြင်ဖို့ လွယ်ပေမယ့် ကိုယ့်မှာကော ရှိလေမလားလို့
တွေးကြည့်မိဖို့က ခက်ပါတယ်။
♥ အပြောလွယ်ပေမယ့် အလုပ်ခက်ပါတယ်။
♥ အမြင်လွယ်ပေမယ့် အသိခက်ပါတယ်။
♥ အသိလွယ်ပေမယ့် အကျင့်ခက်ပါတယ်။
ဒီစာတွေ ဖတ်လိုက်တာတော့ လွယ်လွယ်လေးနော်။ လိုက်နာဖို့ကတော့ အတော်ခက်သားဗျ။

ရုပ်လှစရာမလို အနေလှဖို့သာလို

6:18 AM Posted In Edit This 0 Comments »
မိန်းကလေးတစ်ယောက်ဟာ မွေးရာပါ ရုပ်မလှချင်နေ ဒါပေမဲ့ ဘ၀မှာ လှလှပပတော့
ရှင်သန်သင့်တယ်။ ဘယ်အချိန်အခါပဲဖြစ်ဖြစ် ပြည့်စုံတဲ့အသိပညာ၊
ကောင်းမွန်တဲ့စရိတ္တ၊ ထက်မြက်တဲ့ အပြုအမူ၊ သိမ်မွေ့တဲ့အပြောအဆို၊
ကြီးမြတ်တဲ့ စိတ်သဘောထားနဲ့ မေတ္တာနဲ့ပြည့်တဲ့ နှလုံးသားတစ်စုံရှိတဲ့
မိန်းကလေးတစ်ယောက်ဟာ ရုပ်ရည်မလှသည့်တိုင် ဘ၀ကို အမှန်တကယ်
လှပစေနိုင်ပါတယ်။ ဘ၀မှာ လှလှပပရှင်သန်နိုင်သူဟာ လှပတဲ့စိတ်ခံစားမှု၊
အဆင့်တစ်ခု၊ စိတ်ဝိညာဉ်တစ်ခုကို ပိုင်ဆိုင်နိုင်မှာဖြစ်တယ်။
ကိုယ့်ကိုယ်ကို မစွန့်လွတ်သရွေ့ ဘယ်သူကမှ ကိုယ့်တက်လှမ်းကို
တားဆီးပိတ်ပင်နိုင်မှာ မဟုတ်ဘူး။

တချို့က မိန်းကလေးတွေဟာ "တောင်တန်း"ပါတဲ့။ ခန့်ညားဝင့်ထည်ပြီး သဘောထားကြီးသတဲ့။

တချို့က မိန်းကလေးတွေဟာ "ရေ" ပါတဲ့။ နူးညံ့ပျော့ပျောင်းပြီး ညင်သာသတဲ့။

မိန်းမကောင်းဆိုတာ စာအုပ်ဖြစ်တယ်။ အသိပညာတွေနဲ့ ပြည့်နှက်လို့နေတယ်။

မိန်းမကောင်းဆိုတာ ဆိပ်ကမ်းဖြစ်တယ်။ ဘေးဒုက္ခကြုံသူကို လုံလုံခြုံခြုံ
နားခိုခွင့်ပေးတယ်။
မိန်းမကောင်းဆိုတာ အရက်ဖြစ်တယ်။ မွှေးကြိုင်ခြင်းနဲ့ ပြည့်စုံတယ်။
မိန်းမကောင်းဆိုတာ ရေနွေးကြမ်းဖြစ်တယ်။ အရသာခံသောက်လေ မွှေးလေဖြစ်တယ်။
မိန်းမကောင်းဆိုတာ တက်မဖြစ်တယ်။ အိမ်ထောင်ရေးလမ်းကြောင်းကို ပဲ့ကိုင်ပေးတယ်။
မိန်းမကောင်းဆိုတာ ရူခင်းဖြစ်တယ်။ ရာသီအလိုက် ရောင်စုံပန်းမန်တွေနဲ့ လှပစေတယ်။

မိန်းမကောင်းဆိုတိုင်း ရုပ်ရှည်လှပနေမှ မဟုတ်ဘူး။ ဖြူစင်ရိုးသားတဲ့စိတ်

ရှိတယ်။ ကျော်ကြားခြင်းနဲ့ ကြွယ်ဝခြင်းရဲ့ ဖြားယောင်းမြူဆွယ်မှုကြောင့်
စိတ်ကို မညစ်နွမ်းစေဘဲ ကိုယ့်လမ်းကိုယ်ဆက်လျှောက်သူ၊ လုပ်သင့်တာကို
ဆက်လုပ်သူဖြစ်တယ်။ အနေနိမ့်ကျ၊ ဆင်းရဲဒုက္ခနဲ့ ရင်ဆိုင်ရသည့်တိုင်
ရင်ကိုကော့ ခေါင်းကိုမော့ပြီး အပြုံးမပျက်သူဖြစ်တယ်။

ရိုးသားကြင်နာခြင်းဆိုတာ လောကမှာ အလှဆုံးပန်းတစ်ပွင့်ဖြစ်တယ်။

ဘယ်သူတစ်ဦးတစ်ယောက်ကမှ အဲဒီပန်းဖူးပွင့်ဖို့ မငြင်းဆန်တတ်ကြဘူး။
မိန်းမကောင်းဆိုတာ မိခင်ကောင်း၊ ဇနီးကောင်းတစ်ဦးဖြစ်တယ်။
မိန်းမကောင်းဆိုတာ အဲဒီအလှဆုံးပန်းဖြစ်တယ်။ မိန်းမကောင်းတွေဟာ
ကိုယ့်ဘ၀ခရီးတစ်လျောက်ကို ပန်းတစ်ပွင့်ရဲ့ ကြန်အင်လက္ခဏာတွေနဲ့
ပြည့်စုံစေတယ်။

မိန်းမကောင်းတွေက မျက်ရည်နဲ့အပြုံးကို ကွယ်ဝှက်ထားစရာမလိုဘူး။

ရိုးသားကြင်နာခြင်းဟာ သာမန်မိန်းကလေးတစ်ဦးကို ပိုလှပစေတယ်။
ပိုနှစ်လိုစေတယ်။ ကိုယ့်ကိုယ်တိုင်ကို ချစ်ခင်နှစ်သက်မယ်၊
ဆွေမျိုးသားချင်းတွေကို ချစ်မယ်၊ သူငယ်ချင်း မိတ်ဆွေတွေကိုချစ်မယ်၊ သဘာဝ၊
သက်ရှိအားလုံး လောကမှာ ချစ်လို့ရတဲ့အရာတွေကို ချစ်ခင်နှစ်သက်မယ်။
နှလုံးသားထဲ ချစ်ခြင်းမေတ္တာရှိတဲ့ မိန်းကလေးတစ်ယောက်ဟာ ဘယ်လောက်ပဲ
ရုပ်ဆိုးနေပါစေ သူ့မျက်ဝန်းထဲကနေ နွေးထွေး၊ ကြင်နာတဲ့ အရိပ်တွေကို
တွေ့နိုင်တယ်။ လင်းလက်တဲ့အပြုံးကို တွေ့မြင်နိုင်တယ်။

မိန်းမကောင်းဆိုတာ စားပွဲပေါ်မှာ အလှထားတဲ့ ပန်းအိုးမဟုတ်ဘူး။ သူတစ်ပါး

တန်ဆာဆင်မှ လှပတာမဟုတ်ဘူး။ မိန်းမကောင်းဆိုတာ ကိုယ့်ကိုယ်လေးစားမှုရှိတယ်၊
ပျော့ညံ့သူမဟုတ်ဘူး။ ယောက်ျားတွေကို မှီခိုသူမဟုတ်ဘူး။ ဘုရားသခင်က
အာဒံကို ဖန်ဆင်းခဲ့တယ်။ ဧ၀ကိုလည်း ဖန်ဆင်းခဲ့တာဟာ ယောက်ျားသားတွေနဲ့အတူ
ဒီလောကကို ကူညီထမ်းပိုးဖို့ဖြစ်တယ်။ မိန်းကလေးတိုင်း ထူးချွန်ထက်မြက်မှာ
မဟုတ်ဘူး။ ထင်ရှားမှာမဟုတ်ဘူး။ ဒါပေမဲ့ ရိုးရှင်းတဲ့ဘ၀မှာ သမီးက
သမီးဝတ္တရား၊ မယားက မယားဝတ္တရား၊ မိခင်က မိခင်ဝတ္တရားနဲ့ ကိုယ့်ဝတ္တရားကို
အတတ်နိုင်ဆုံး၊ အကောင်းဆုံး ကျေကျေပွန်ပွန် ဆောင်ရွက်ပြီး နားလည်မှုနဲ့
လေးစားမှုကို အောင်နိုင်ရယူသူတွေဖြစ်တယ်။

မွေးဖွားရာဒေသကို ကျွန်မတို့ ရွေးချယ်ခွင့်မရှိခဲ့ဘူး။

မွေးရာပါရုပ်ရှည်လှပဖို့လည်း ကျွန်မတို့ မစွမ်းသာခဲ့ဘူး။
ဆင်းရဲသားမိသားစု၊ ချမ်းသာတဲ့မိသားစုမှာ မွေးဖွားနိုင်ဖို့လည်း
ကျွန်မတို့ ရွေးချယ်ခွင့်မရှိခဲ့ဘူး။ ဒါပေမဲ့ ရုပ်ရှည်မလှပလို့၊
မချမ်းသာလို့ ကျွန်မတို့ သိမ်ငယ်စရာမလိုဘူး။ စိတ်လှဖို့ကိုတော့
ကျွန်မတို့ကိုယ်တိုင် ဖမ်းဆုပ်နိုင်ပါတယ်။

တကယ့် မိန်းမချော၊ မိန်းမလှဆိုတာ ပိန်တာ၊ ၀တာနဲ့မဆိုင်ဘူး။ မျက်နှာပေါက်

လှတယ်၊ မလှဘူးနဲ့ မဆိုင်ဘူး။ သဘာဝနဲ့ဆိုင်တယ်။ ဆွဲဆောင်နိုင်တဲ့
အရည်အချင်းနဲ့ ပိုဆိုင်တယ်။ ပြင်ပအလှဖြစ်တဲ့ ရုပ်ဆိုးတယ်၊ ၀တယ်၊
ပိန်တယ်ဆိုတာကို ပြောင်းလဲဖို့ခက်ပေမယ့် တကယ့်စိတ်ထဲကဖြစ်လာတဲ့
နှစ်လို့ဖွယ်အလှကိုတော့ လူတိုင်းလုပ်နိုင်တယ်၊ ကျင့်ကြံနိုင်ပါတယ်။

(၁) နာလိုစိတ်မရှိတဲ့ မိန်းကလေးတွေဟာ အေးဆေးတည်ငြိမ်တယ်။ မျက်နှာက

လမင်းလို ကြည်လင်ဝင်းပတယ်။

(၂) အမုန်းရန်ငြိုးမရှိတဲ့ မိန်းကလေးတွေဟာ နူးညံ့သိမ်မွေ့တယ်။

မျက်ဝန်းထဲမှာ စစ်မှန်တဲ့ ရိုးသားမှုတွေရှိတယ်။

(၃) စကားပြော ညင်သာပျော့ပျောင်းပြီး စကားကြမ်းမပြောတဲ့ မိန်းကလေးတွေဟာ

ပန်းလေးတစ်ပွင့်နဲ့တူတယ်။ ခူးယူသူရဲ့လက်ကို ရနံ့တွေနဲ့ မွှေးကြိုင်စေတယ်။

(၄) ရမ္မက်လောဘ ကင်းရှင်းတဲ့ မိန်းကလေးတွေဟာ မြင့်မြတ်တဲ့ရုပ်ကိုဆောင်တယ်။

ရည်မွန်ကျော့ရှင်းတယ်။

(၅) စိတ်ကြီးမ၀င်တဲ့ မိန်းကလေးတွေဟာ ရိုးသားစစ်မှန်တယ်။ စိမ့်စမ်းရေလို အေးမြတယ်။


(၆) သက်ရှိတွေအပေါ် ချစ်ခင်နှစ်သက်တဲ့ မိန်းကလေးတွေဟာ တန်းတူမေတ္တာနဲ့

ပေးဆပ်တဲ့မိခင်လို မေတ္တာရောင်ခြည်မျိုး ထွန်းတောက်တယ်။ ညှာတာကြင်နာတယ်။

(၇) အလိုမကြီး၊ မငြီးတွားတဲ့ မိန်းကလေးတွေဟာ ကြည်လင်ပြီး စိတ်ရောကိုယ်ပါ

ကျန်းမာတယ်။

(၈) အာရုံစိုက်ပြီး လုပ်တတ်တဲ့၊ စိတ်ရိုးရှင်းတဲ့ မိန်းကလေးတွေဟာ

အသားအရည်ဝင်းပပြီး တည်ကြည်တယ်။ လရဲ့အလင်းတန်းလို ကြည်လင်ပြီး
ဆွဲဆောင်မှုနဲ့ပြည့်လို့နေပါတယ်။

မိန်းကလေးတိုင်း မွေးရာပါ ရုပ်ရှည်မလှပချင်နေပါစေ ဘ၀ကိုတော့ လှလှပပ

ရှင်သန်နေထိုင်သင့်တယ်။

တင်ပါးနှစ်ခုရဲ့ အကျယ

6:12 AM Posted In Edit This 0 Comments »
အမေရိကန်က ရထားသံလမ်းနှစ်ခုရဲ့ အကွာအဝေးဟာ ၄.၈၅ ပေ ကွာဝေးတယ်။
ဒါဟာ အခြေခံအကျဆုံး စံနှုန်းဖြစ်တယ်။ ဒီ သတ်မှတ်ချက်က ဘယ်လိုဖြစ်ပေါ်လာခဲ့တာလဲ?

ဒီ သတ်မှတ်စံနှုန်းက အင်္ဂလန်ရဲ့စံနှုန်းဖြစ်တယ်။ အစောဦးပိုင်းကာလ

အမေရိကန်ရဲ့ ရထားလမ်းတွေကို အင်္ဂလိပ်တွေက ပြုလုပ်ခဲ့တာဖြစ်တယ်။ ဘာဖြစ်လို့
အင်္ဂလိပ်တွေ ဒီစံနှုန်းကို သုံးခဲ့တာလဲ?

တကယ်တော့ ရထားပြုလုပ်သူတွေဟာ ရထားမလုပ်ခင်မှာ မြင်းလှည်း

ပြုလုပ်သူဖြစ်ခဲ့တယ်။ မြင်းလှည်းပြုလုပ်ရမှာ သူတို့ဟာ
မြင်းလှည်းဘီးအကျယ်နဲ့ စံထားပြီး ပြုလုပ်ခဲ့ကြတယ်။ ဘာဖြစ်လို့
မြင်းလှည်းဘီးအကျယ်ကို စံထားခဲ့ကြသလဲ? တကယ်လို့ အဲဒီခေတ်က
မြင်းလှည်းဘီးကို စံမထားဘဲ တခြားဘီးနဲ့ စံထားခဲ့ရင် သူတို့ရဲ့မြင်းလှည်းက
ချိုင့်ခွက်၊ ကျောက်ခဲများတဲ့ အင်္ဂလန်ရဲ့ လမ်းအိုတွေပေါ်မှာ အလွယ်တကူ
ပျက်ဆီးကုန်လို့ဖြစ်တယ်။

ဘာဖြစ်လို့လဲဆိုတော့ လမ်းရဲ့ မြောင်းအကျယ်တွေဟာ ၄.၈၅ပေရှိလို့ဖြစ်တယ်။ ဒီ

မြောင်းအကျယ်က ဘယ်လိုဖြစ်လာရသလဲ?

ဒီအကျယ်ကို ရှေးရောမလူမျိုးတွေ သတ်မှတ်ခဲ့တာဖြစ်တယ်။ ၄.၈၅ပေအကျယ်က

ရောမတို့ရဲ့စစ်ရထားဘီး တစ်ဘီးနဲ့တစ်ဘီးကြား အကွာအဝေးဖြစ်တယ်။ ဘီးတွေကို
ဒီလိုအကွာအဝေးနဲ့ အသုံးပြုမှသာ ဘီးရဲ့သက်တမ်းက ကြာရှည်မှာဖြစ်တယ်။

ရောမလူမျိုးတွေက ဘာဖြစ်လို့ ၄.၈၅ ပေ အကွာအဝေးနဲ့ စစ်ရထားဘီးတွေ လုပ်ခဲ့ကြသလဲ?


အဖြေက ရှင်းပါတယ်။ ဒီအကွာအဝေးက စစ်ရထားကိုဆွဲတဲ့ မြင်းနှစ်ကောင်ရဲ့

တင်ပါး(ဖင်)အကျယ်ဖြစ်လို့ပါပဲ။

အမေရိကန် အာကာသက ဒုံးကျည်တွေ လွှတ်တင်တဲ့အခါ ထောင်ထားတဲ့ဒုံးကျည်ဘေးက

လောင်စာသေတ္တာကို သတိထားကြည့်ပါ။ အဲဒီသေတ္တာဘေးနှစ်ဘက်မှာ ဒုံးကျည်ကို
တွန်းအားပေးတဲ့ အ၀ိုင်းသဏ္ဍာန် စက်ပစ္စည်းပါတယ်။ အဲဒီပစ္စည်းကို Utahစက်ရုံက
ပြုလုပ်ထားတာဖြစ်တယ်။

ဖြစ်နိုင်ရင် Utah စက်ရုံက အင်ဂျင်နီယာတွေဟာ တွန်းအားပေးတဲ့ပစ္စည်းကို

ပိုတွန်းအားပေးနိုင်အောင် ခပ်ကြီးကြီးလေးလုပ်သင့်တယ်။ ဒါပေမယ့်
သူတို့မလုပ်ခဲ့ဘူး။ အကြောင်းက တွန်းအားပေးပစ္စည်းကို ပြုလုပ်ပြီးနောက်
လွှတ်တင်မယ့်နေရာကို မီးရထားနဲ့ တင်ပို့ကြတယ်။ လမ်းမှာ လိုဏ်ခေါင်းတွေကို
ဖြတ်ရတယ်။ လိုဏ်ခေါင်းတွေရဲ့ အကျယ်က မီးရထားသံလမ်းထက်
နည်းနည်းလေးပဲကျယ်တယ်။ မီးရထားသံလမ်းရဲ့အကျယ်က
မြင်းဖင်ရဲ့အကျယ်နဲ့သတ်မှတ်ထားတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်ကျော်က ကမ္ဘာ့ဦးဆုံး

ဆက်သွယ်ရေးစနစ်ပုံစံကို မြင်းနှစ်ကောင်ရဲ့ ဖင်အကျယ်နဲ့စံထားခဲ့တယ်။ ဒါဟာ
ဘောကဗေဒမှာရှိတဲ့ "Path Dependence"ပဲဖြစ်တယ်။ ဒါဟာ ရယ်စရာကောင်းနေပေမယ့်
တကယ့်အမှန်ဖြစ်တယ်။

ပြုံးပါ

6:07 AM Posted In Edit This 0 Comments »
လူတွေ အထင်လွဲတာကို ခံရတဲ့အခါ ပါးပါးလျလျလေး ပြုံးပါ။ ဒါဟာ
အသိပညာနဲ့ပြည့်စုံခြင်း တစ်မျိုးပါ။

မတရားသဖြင့် ခံရတဲ့အခါ တည်တည်ငြိမ်ငြိမ် ပြုံးပါ။ ဒါဟာ သဘောထားကြီးခြင်း

တစ်မျိုးပါ။

နစ်နာဆုံးရှုံးမှုနဲ့ ကြုံတဲ့အခါ ဆန္ဒရှိရှိ ပြုံးပါ။ ဒါဟာ လူတွေကို

ခွင့်လွတ်နားလည်ခြင်းတစ်မျိုးပါ။

ရှေ့မတိုး နောက်မဆုတ်သာတဲ့ အခက်အခဲနဲ့ ကြုံတဲ့အခါ ခပ်ယဲ့ယဲ့လေး ပြုံးပါ။

ဒါဟာ ထက်မြက်ခြင်းတစ်မျိုးပါ။

အကူအညီမဲ့တဲ့အခါ ခပ်ပွင့်ပွင့်လေး ပြုံးပါ။ ဒါဟာ စိတ်ကို

လှုံ့ဆော်ပေးခြင်းတစ်မျိုးပါ။

ဘေးဒုက္ခကြုံတဲ့အခါ ငြိမ်ငြိမ်သက်သက် ပြုံးပါ။ ဒါဟာ စိတ်တည်ငြိမ်ခြင်းတစ်မျိုးပါ။


အပြစ်တင်တာကို ခံရတဲ့အခါ အေးအေးဆေးဆေး ပြုံးပါ။ ဒါဟာ ကိုယ့်ကိုယ်ကို

ယုံကြည်ခြင်းတစ်မျိုးပါ။

အသဲကွဲတဲ့အခါ ခပ်ပေါ့ပေါ့လေးပြုံးပါ။ ဒါဟာ တင်းမာမှုကင်းတဲ့ လွတ်လပ်ခြင်းတစ်မျိုးပါ။


စိတ်ထိခိုက်ကြွေကွဲချိန်မှာ ပြုံးပါ။ ဒါဟာ ကိုယ့်ကိုယ်ကို

နှစ်သိမ့်ခြင်းတစ်မျိုးပါ။

ကဲ့ရဲ့လှောင်ပြောင်ခံရချိန်မှာ ပြုံးပါ။ ဒါဟာ ကိုယ့်ကိုယ်ကို

အားပေးခြင်းတစ်မျိုးပါ။

ဝမ်းနည်းအားငယ်ချိန်မှာ ပြုံးပါ။ ဒါဟာ ကိုယ့်ကိုယ်ကို

အားအင်းတိုးစေခြင်းတစ်မျိုးပါ။

ဘယ်လိုအချိန်အခါ၊ ဘယ်လိုအခက်အခဲမှာဖြစ်ဖြစ် နေ့တိုင်း ပြုံးနိုင်ဖို့ ကြိုးစားပါ။

ဖတ်ဖို့

5:40 AM Posted In Edit This 0 Comments »
တိတ်ဆိတ်ခြင်းကို ရွေးပါ

တစ်ခါတလေ သင်ဟာ တစ်ပါးသူရဲ့ အထင်လွဲမှုကို ခံရတယ်။ ဒါကို
မဖြေရှင်းချင်တဲ့အခါ တိတ်ဆိတ်ခြင်းကို သင်ရွေးလိမ့်မယ်။ အစကတည်းက
လူတိုင်းဟာ သင့်ကိုနားလည်သူတွေ မဟုတ်ဘူး။ ဒါကြောင့် လောကကြီးကို
ကိုယ့်ဒုက္ခတွေ ကြော်ညာစရာမလိုဘူးလို့ သင်ထင်တယ်။

တစ်ခါတလေမှာ သင့်အချစ်ဆုံးသူတွေက သင့်အပေါ် သဘောထားလွဲမယ်။
ဒီလိုအချိန်မျိုးမှာ သင်နာကျင်ခံစားရပြီး မဖြေရှင်းချင်တဲ့အခါ
တိတ်ဆိတ်ခြင်းကို သင်ရွေးပါ။ လောကတစ်ခုလုံး သင့်ကို နားမလည်ချင်နေပါစေ။
သင့်အချစ်ဆုံးသူက သင့်ကို နားလည်သင့်တယ်။ တကယ်လို့ သူပါ သင့်ကို
နားမလည်ခဲ့ရင် ဘာများပြောစရာ ရှိတော့မလဲ? ဒါကြောင့် တစ်ခါတလေ
စကားမပြောချင်တော့တဲ့အခါ မပြောပါနဲ့။ ပြောဖန်များလည်း အရာမထင်တော့တဲ့အခါ
ဆိတ်ဆိတ်နေခြင်းက အကောင်းဆုံး ဖြေရှင်းနည်းဖြစ်လိမ့်မယ်။


တည်ငြိမ်ခြင်းကို ရွေးပါ

လူ့ဘဝရဲ့ ချောက်ကမ်းပါးထဲ သင်ပြုတ်ကျသွားတဲ့အချိန်
သင့်ဘေးမှာရှိတဲ့လူတွေက သင့်ကို စိတ်ဓာတ်ကြံ့ခိုင်ဖို့၊ ပျော်ရွှင်ဖို့
အားပေးလိမ့်မယ်။ ဒီလိုအချိန်မျိုးမှာ စိတ်ဓာတ်ကြံ့ခိုင်ဖို့ဆိုတာ
မရှိမဖြစ်လိုအပ်ပေမယ့် ပျော်ရွှင်ဖို့ဆိုတာ ခက်ခဲလိမ့်မယ်။
ဆုံးရှုံးခြင်းတွေနဲ့ ရင်ဆိုင်နေရချိန် ဘယ်သူကမှ ပျော်ရွှင်နိုင်ကြမှာ
မဟုတ်ဘူး။ ဒါပေမယ့် အနည်းဆုံးတော့ တည်ငြိမ်ရမယ်။ တည်တည်ငြိမ်ငြိမ်ရဲ့
ပြဿနာရဲ့ အတိမ်အနက်ကို ကြည့်ရမယ်။ ဖြေရှင်းရမယ်။ တည်ငြိမ်ခြင်းဆိုတာ
ပျော်ရွှင်ခြင်းလဲ မဟုတ်သလို မပျော်ရွှင်ခြင်းလဲ မဟုတ်ဘူး။

အတိတ်ထဲမှာ တဝဲမလည်ပါနဲ့

လူ့ဘဝဆိုတာ လမ်းခွဲတွေများတဲ့ အဆုံးမရှိလမ်းမကြီးဖြစ်တယ်။ မပြတ်တဲ့
ရွေးချယ်ခြင်းတွေနဲ့ ခရီးဆက်နေရတယ်။ နေ့တိုင်းစားတဲ့ အစားအစာကို
ရွေးချယ်တာက သက်ရောက်မှု သိပ်မရှိပေမယ့် အလုပ်အကိုင်၊ အိမ်ထောင်ဖက်၊
အိမ်ထောင်ပြု မပြု၊ ကလေးယူ မယူ စတဲ့ ရွေးချယ်မှုတိုင်းက ဘဝတစ်ခုလုံးကို
သက်ရောက်စေတယ်။ မတူတဲ့ရွေးချယ်မှုက မတူတဲ့ဘဝကို တည်ဆောက်ပေးတယ်။ ဘဝမှာ
သည်းမခံနိုင်အရာက လူ့ဘဝကို အသစ်ပြန်စစေတဲ့ အခွင့်အရေး မရှိတာပဲ။

"တကယ်လို့ အစတည်းက ဒီလိုရွေးခဲ့ရင် အခုချိန်မှာ ဒီလိုဖြစ်နေမှာ
မဟုတ်ဘူး"လို့ ညည်းတွားမနေနဲ့။ သင်ရွေးချယ်တဲ့ ဘဝလမ်းခွဲတိုင်းမှာ
အကောင်းဆုံးဆိုတာ မရှိသလို အဆိုးဆုံးဆိုတာလည်း မရှိဘူး။
ရွေးချယ်ခဲ့တဲ့လမ်းကို အကောင်းဆုံးဖြစ်အောင် သင်လျှောက်လှမ်းဖို့ပဲ
လိုတယ်။ ဖြောင့်ဖြူးအောင် ဖန်တီးဖို့ပဲလိုတယ်။ ဒါမှ ရွေးခဲ့တဲ့လမ်း
မှားတယ်လို့ အတိတ်ထဲ သင်တဝဲလည်နေတော့မှာ မဟုတ်ဘူး။


ရိုးရှင်းတာကို လက်ကိုင်ထားပါ

စိတ်ရှုပ်စရာ တွေးတောမှုတွေက သင့်ဘဝကို ရှုပ်ထွေးစေသလို လက်ရှိပစ္စုပန်မှာ
သင် အသက်ရှင်နေထိုင်နေပေမယ့် အတိတ်ကို သင်တမ်းတနေတတ်တယ်။ ဒါမှမဟုတ်
အနာဂတ်အတွက် တွေးပြီး စိုးရိမ်ပူပန်နေတတ်တယ်။ အတိတ်ကို
ပစ္စုပန်နဲ့အနာဂတ်ထိ သယ်ဆောင်လာတာဟာ သင့်ဘဝကို မသပ်ရပ်စေဘူး။
ရှုပ်ထွေးပွေလီစေတယ်။

ရိုးရှင်းခြင်းဆိုတာ တင့်တယ်ခြင်းဖြစ်တယ်။ ဥပမာ-- ရာသီဥတုအပြောင်းအလွဲကို
အရေပြားနဲ့ ရိုးရိုးရှင်းရှင်း ခံယူမယ်။ မိုးရွာပြီးစ မြက်ရနံ့တွေကို
နှာခေါင်းနဲ့ ရိုးရိုးရှင်းရှင်း ရှုရှိုက်မယ်။ အဝေးက လှပတဲ့ရှုခင်းကို
ပန်းချီကားတစ်ချပ်လို မျက်လုံးနဲ့ ရိုးရိုးရှင်းရှင်း အရသာခံမယ်။
ရိုးရှင်းခြင်းက ဒီလောက် လွယ်ကူပါတယ်။

ပစ္စုပန်မှာ ရိုးရိုးရှင်းရှင်းနေထိုင်မယ်။ ရိုးရိုးရှင်းရှင်းနေထိုင်ရင်
စိတ်ရှုပ်စရာတွေ တွေးတောဖို့မလိုဘူး။ အတိတ်ကိုလည်း တမ်းတဖို့မလိုဘူး။
အနာဂတ်အတွက်လည်း စိုးရိမ်ပူပန်စရာမလိုဘူး။ ရိုးရှင်းတာကို
လက်ကိုင်ထားပြီး ဘဝကို သက်တောင့်သက်သာ ဖြတ်သန်းနိုင်ပါတယ်။


ခံစားချက်ကို အလဟသမဖြုန်းနဲ့

သင့်အကြောင်း လူတွေမဟုတ်မမှန်ပြောလို့ ဒီနေ့ သင်မပျော်ဘူး။ လူတွေနဲ့လည်း
သင်ရန်မဖြစ်ချင်လို့ လူတွေနားက သင်ခွာခဲ့တယ်။ ခန္ဓာကိုယ်သာ လူတွေဆီက
သင်ခွာခဲ့ပေမယ့် သင့်စိတ်က နာကျင်ခြင်းထဲကနေ မခွာနိုင်ခဲ့လို့ တွေးလေ
သင်ဒေါသထွက်လေဖြစ်မယ်။ ဒေါသဖြစ်ပြီဆိုတာနဲ့ တခြားအလုပ်ပေါ်မှာ
သင်အာရုံမစိုက်နိုင်တော့ဘူး။ စိတ်ပါလက်ပါ သင်အလုပ်မလုပ်နိုင်တော့ဘူး။
စိတ်အနှောင့်အယှက်ဖြစ်ပြီး အရေးပါတဲ့အရာတွေကို သင်လျစ်လျူရှုမိတတ်တယ်။
သင့်စိတ်ကို သူတစ်ပါးရဲ့အမှားတွေနဲ့ လွှမ်းမိုးထားလို့ဖြစ်တယ်။

ခံစားချက်ကို အကျယ်ချဲ့တာဟာ သင်ရဲ့ဖြုန်းတီးမှုဖြစ်တယ်။ အဆိုးဝါးဆုံး
ဖြုန်းတီးမှုဖြစ်တယ်။ ဒေါသထွက်ဖို့ အားစိုက်ရတယ်။ ဒေါသထွက်ရင်
ခန္ဓာကိုယ်ကို ထိတယ်၊ ခွန်အားဗလကို ထိတယ်။ ဒါကြောင့် ထက်မြက်တဲ့သင်ဟာ
ခံစားချက်ရဲ့ အထိန်းအချုပ်ကို မခံရပါစေနဲ့။ ဒေါသမထွက်ခင် သင့်ကိုယ်သင်
"ခံစားချက်ကို အလဟသမဖြုန်းနဲ့" လို့ ညင်ညင်သာသာ သတိပေးပါ။

အချိန်ကောင်းကို ဖမ်းဆုပ်ပါ

သင်ကြိုက်တဲ့ အင်္ကျီတစ်ထည်ကို ဝယ်ခဲ့ပြီး မဝတ်ရက်ဘဲ ဗီရိုထဲ ဒီအတိုင်း
သင်သိမ်းထားတယ် ဆိုပါစို့။ ကာလကြာမှ အဲဒီအင်္ကျီကို ဝတ်ဖို့ သင်သတိရချိန်
အင်္ကျီဟာ ခေတ်ကုန်နေပြီဆိုတာကို သင်သတိထားမိလိမ့်မယ်။

အရသာရှိပြီး လှပတဲ့ကိတ်မုန့်တစ်တုံးကို ဝယ်ခဲ့ပြီး မစားရက်ဘဲ ရေခဲသေတ္တာထဲ
သင်ထည့်ထားမိတယ် ဆိုပါစို့။ ကာလကြာမှ ကိတ်မုန့်စားဖို့ သင်သတိရချိန်
ကိတ်မုန့်ဟာ ဒိတ်လွန်နေပြီဆိုတာကို သင်သတိထားမိလိမ့်မယ်။

နှစ်သက်ချိန်မှာ မဝတ်လိုက်ရတဲ့ အင်္ကျီ၊ စားချင်တဲ့အချိန်မှာ မစားလိုက်ရတဲ့
ကိတ်မုန့်၊ ဆန္ဒရှိတဲ့အချိန်မှာ မလုပ်လိုက်ရတဲ့ အလုပ် ... ဒါတွေဟာ
ဝမ်းနည်းခြင်းတွေဖြစ်တယ်။

ဘဝမှာလည်း ဒိတ်လွန်နေ့စွဲတွေရှိတယ်။ လုပ်ချင်တာကို အချိန်မနှောင်းခင်
အရွယ်ကောင်းခင် လုပ်သင့်တယ်။ တကယ်လို့ လုပ်ချင်တာကို စိတ်ထဲမှာပဲထားပြီး
အကောင်အထည် မဖော်ခဲ့ရင် နောက်ဆုံးရလဒ်က မဝတ်လိုက်ရတဲ့ အင်္ကျီလို၊
မစားလိုက်ရတဲ့ ကိတ်မုန့်လို နောင်တနဲ့ဝမ်းနည်းခြင်းတွေပဲ
ကျန်ခဲ့လိမ့်မယ်။

သင့်ကိုယ်သင် အကောင်းဆုံးဖြစ်အောင် လုပ်ပါ။ ဘာပူဆွေး ဝမ်းနည်းစရာမှ
ချန်မထားခဲ့ပါနဲ့။

မချိုမြိန်လေသော ကြိုးကြာသံစဉ်

2:37 AM Posted In Edit This 0 Comments »
နည်းပြ ဟော့ဆန် ကိုင်တွယ်တဲ့ လီဗာပူး အသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ အိမ်ကွင်း ပရီးမီးယားလိဂ် ပွဲစဉ်မှာ တန်းတက် ဘလက်ပူးလ်ကို ၂း၁ နဲ့ ရှုံးနိမ့်ပြီး နောက်ဆုံး ၇ ပွဲ ကစားပြီးချိန်မှာ အမှတ်ပေး ဇယား အောက်ဆုံး တန်းဆင်းဇုန် အဆင့် ၁၈ ကို ရောက်သွားပြီတဲ့။ နားရှိလို့သာ ကြားရပြီး မြင်လိုက်ရတဲ့ ဒီအဖြစ်အပျက်ကို တော်တော်လေး အံ့သြခဲ့ရပါတယ်။ ဘယ်လို ငြင်းနေပါစေဦး...အခုဆိုရင် ဘလက်ပူးလ်က ချာလီအဒမ် နဲ့ ဗာနေးလ် ဆိုတဲ့ ပလေယာတွေကတော့ အန်းဖီးလ် ကွင်းမှာ လီဗာပူး ပရိသတ်တွေရဲ့ အသည်းကို ဆားနဲ့ပက်ပြီး ခွဲသွားခဲ့ပါပြီ။ သြော်... လီဗာပူး...လီဗာပူး။ ကျွန်တော်တို့ ပရိသတ်တွေရဲ့ အနှစ်ခြိုက်ဆုံး အသင်း ဖြစ်သလို ဥရောပ (ချန်ပီယံလိဂ်) မှာ ရီးရဲလ်၊ ဂျူဗင်တပ် ပြီးရင် အတောက်ပဆုံး စံချိန်တွေနဲ့ လျှမ်းလျှမ်းတောက် ဖြစ်ခဲ့တဲ့ အသင်းကြီးပါ။ အခုတော့ တစ်ခါက ပြိုင်ဘက်တွေ လေးစားခဲ့ရတဲ့ လီဗာပူးဟာ တန်းတက် အသင်းရဲ့ ပမာမခန့် ပြုတာကို အိမ်ကွင်း ပရိသတ်တွေ အကြားမှာ ခံခဲ့ရတဲ့ဘ၀ ရောက်နေပါပြီ။
ကျွန်တော်တို့လို အားပေးသူတွေတောင် ဒီလောက် ကြိတ်မနိုင်ခဲမရ ဖြစ်နေရင် ဘလက်ပူးလ်နဲ့ ပွဲအပြီး လီဗာပူးအသင်းရဲ့ ပရိသတ်တွေနဲ့ တာဝန်ရှိသူတွေလည်း ပွက်လော ရိုက်နေမှာဖြစ်သလို ကြိုးကြာတို့ရဲ့ ဒီရာသီ ပဲ့ကိုင် ဆရာ အသစ်စက်စက်ကြီး နည်းပြ ဟော့ဆန် ဟာလည်း ဒီလို အခြေအနေကြောင့် အခုလောက်ဆို အတော် မျက်နှာ ပူနေမှာ သေချာ ပါတယ်။ ပူလည်း ပူလောက် ပါတယ်လေ...ဘာကြောင့်လဲ ဆိုတော့ သူရောက်လို့မှ မကြာသေးဘူး။ လီဗာပူးဟာ ကားလင်း ဖလားကို အိမ်ကွင်းမှာ အသင်းငယ်လေး နော်တင်ပ်တန် အသင်းကို ပင်နယ်တီနဲ့ ရှုံးနိမ့် ခဲ့မှုကြောင့် ဒီရာသီမှာ ဦးဦးဖျားဖျား လက်လွှတ် ခဲ့ရတာကိုး။ လီဗာပူး အသင်းဟာ မနှစ်က ပရီးမီးယား အမှတ်ပေး ဇယား အဆင့် ၇ ရခဲ့လို့ ဖလား မပြောနဲ့...ချန်ပီယံလိဂ် ၀င်ခွင့်တောင် မရခဲ့ပါဘူး။ အဲဒီတုန်းက ဘင်နီတက်ဇ် ရှိပါ သေးတယ်။ သူဟာ လီဗာပူး အသင်းကို ၆ နှစ်ကြာ ကိုင်တွယ်ခဲ့ပေမယ့် နောက်ဆုံး ၄ နှစ် အတွင်းမှာတော့ အသင်းအတွက် ဘာဆုဖလားမှ မရခဲ့ပါဘူး။ အသင်းပိုင်ရှင် ဖြစ်သူ အမေရိကန် လူမျိုး နိုင်ငံသားတွေ ဖြစ်တဲ့ တွမ်ဟင့်စ် နဲ့ ဂျီလတ်တို့ရဲ့ မမှန်ကန်တဲ့ လုပ်ထုံးလုပ်နည်းတွေကြောင့် လီဗာပူးဟာ ဘဏ္ဍာရေး အဆင်မပြေ ဖြစ်လာပါတယ်။ ဒီလို အဆင်မပြေ ဖြစ်တာကို အသင်းပိုင်ရှင် အမေရိကန်သားတွေက ဖြေရှင်းဖို့ဆိုပြီး ဟိုကနေ ငွေချေး၊ ဒီကနေ ငွေယူနဲ့ လုပ်ခဲ့ကြတာ လီဗာပူး အသင်းဟာ အခုဆိုရင် အကြွေးတွေနဲ့ နင့်နေပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီ သတ်မှတ် ကာလ အတွင်း အကျေ မဆပ်နိုင်ရင် ဒေ၀ါလီ ခံရမယ့် အနေအထားတောင် ဖြစ်သွားနိုင်ပါတယ်။
ဒီရာသီ မတိုင်ခင်မှာ လီဗာပူးကို ကယ်တင်ဖို့ ဟောင်ကောင်သူဌေး ကင်နီဟောင် ရောက်လာပေမယ့် ပိုင်ရှင်ဖြစ်သူ တွမ်ဟင့်တို့က ငြင်းလွှတ် ခဲ့တာကြောင့် အဆင်မပြေ တော့ပါဘူး။ ဒီလိုနဲ့ နောက်ဆုံးမှာ လီဗာပူး အသင်းဟာ မနှစ်က ဖူလ်ဟမ် နဲ့ ယူရိုပါလိဂ် ဖိုင်နယ် ရောက်ခဲ့တဲ့ နည်းပြ ဟော့ဆန်ကို ခန့်အပ် ပြီးတော့ ဂျိုကိုးလ်၊ မီလန်ဂျိုဗစ် စတဲ့ ပလေယာ တွေ ခေါ်ယူခဲ့ပါတယ်။ ဒီလို လုပ်ရပ်တွေကြောင့် ကျွန်တော်တို့ ကတော့ လွန်ခဲ့တဲ့ ၁ နှစ် အတွင်းမှာ အပျက်ပျက်နဲ့ နှာခေါင်းသွေး ထွက်ခဲ့ရတဲ့ လီဗာပူး အဆင်ပြေပြီလို့ တွက်ထားခဲ့ကြပါတယ်။ ဒါပေမယ့် ထင်သလို မဖြစ်ခဲ့ ပါဘူး။ ဒီရာသီ ပရီးမီးယား အဖွင့်ပွဲ အိမ်ကွင်းမှာ လီဗာပူးဟာ အာဆင်နယ်ကို တစ်ဖက် ၁ ဂိုးစီ သရေ ကျခဲ့ပါတယ်။ အဲဒီ တုန်းကတော့ စာရေးသူရဲ့ စိတ်ထဲမှာ အေးလ...သူတို့ အခုလို အစောကြီး ပွဲကျပ် ကစားရတာ ဘယ်အဆင်ပြေပါ့မလဲ ဆိုပြီး ဖြေသိမ့် ခဲ့ရပေမယ့် မန်စီးတီးကို အဝေးကွင်းမှာ ၃းဝ နဲ့ ရှုံးခဲ့တဲ့ ပွဲစဉ်က စလို့ လီဗာပူး အသင်းကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ပွဲစဉ် အထိ ဘယ်လိုမှကို နားလည်လို့ မရတော့တာပါ။ ဒီကြားထဲ ကားလင်း ဖလားကိုပဲ လက်လွှတ် လိုက်ရပြီ ဆိုတော့ ပိုဆိုးပြီပေါ့။
လီဗာပူး အသင်းရဲ့ ဒီလို ရလဒ်တွေဟာ မနှစ်ကတည်းက အသင်း ပြောင်းမယ် တကဲကဲ ဖြစ်နေကြတဲ့ သူတို့ဆီက ပလေယာ ၂ ဦး ဖြစ်တဲ့ ဂျရတ်နဲ့ တောရက်စ် တို့အတွက် ပိုလို့တောင် အသင်း ပြောင်းချင် ကြမှာပါ။ ဒီရာသီ မတိုင်ခင် ဈေးကွက်မှာ လီဗာပူး အသင်းဟာ အဓိက ကွင်းလယ်အဖျက် ပလေယာ မာရှေယာနိုကို ဘာစီလိုနာ အသင်းဆီ ရောင်းပစ်လိုက်တာဟာ မဟာ အမှားပါ။ လီဗာပူး အတွက် နောက်ထပ် ထိုးနှက်ချက်ကတော့ သူတို့ရဲ့ အရင်နှစ်တွေက ဂိုးသွင်းစက်လို ဖြစ်ခဲ့တဲ့ တိုက်စစ်မှူး တောရက်စ်ဟာ ဒီနှစ် ကမ္ဘာ့ဖလား ဖိုင်နယ်မှာ ရခဲ့တဲ့ ဒဏ်ရာ ကစလို့ ယုံကြည်မှုတွေ ပျောက်နေပြီး ကြံ့ခိုင်မှု ကလည်း မပြည့်ဝ တော့တာကြောင့် ဒီရာသီ ပရီးမီးယားလိဂ်မှာ အသင်း အတွက် တစ်ဂိုးပဲ သွင်းနိုင်တဲ့ အခြေအနေမျိုး ရောက်သွား တာပါပဲ။
လီဗာပူး အသင်းဟာ မနှစ်က အမှတ်ပေးဇယား အဆင့် ၇ ရလို့ ဒီနှစ် ရာသီမှာ ကစားခွင့် ရတဲ့ ယူရိုပါလိဂ် အနေအထားကိုတော့ မဆိုးဘူး ဆိုပေမယ့် သေချာပေါက် စိတ်ချယုံကြည်ရတဲ့ အခြေအနေ မဟုတ်သေးပါဘူး။ ဒီရာသီ ပရီးမီးယားလိဂ် ဟာ အခုမှ ၇ ပွဲပဲ ကစားရသေးပြီး ၃၁ ပွဲတိတိ ကျန်ပါ သေးတယ်။ ဒါကြောင့် ဒီလို အချိန်မှာ တန်းဆင်း ဇုန်ထဲ ရောက်နေတဲ့ လီဗာပူးအတွက် လက်ကျန် ပွဲတွေကို ဖြေးဖြေးနဲ့ မှန်မှန် အခြေအနေကာင်းအောင် ကြိုးစားဖို့ လိုသလို လက်ရှိ အချိန်မှာ ဖိအားတွေအောက် ပြားပြား မှောက်နေရတဲ့ လီဗာပူး နည်းပြ ဟော့ဆန် ဟာလည်း အထူး ကြိုးစားဖို့ လိုလာ ပါပြီ။ ဒီလိုမှ မဟုတ်ရင် ဒီရာသီ အတွက် ပထမဆုံး ထုတ်ပယ် ခံရတဲ့ နည်းပြဟာ သူ ဖြစ်သွား နိုင်ပါတယ်။
ဒီရာသီမှာ အခုလို အခြေအနေ ဆိုးနေတဲ့ လီဗာပူး အတွက်တော့ ဒါဟာ လွန်ခဲ့တဲ့ ၅၆ နှစ်အတွင်း ရှားရှားပါးပါး ဖြစ်ရပ် တစ်ခု ဖြစ်ပါတယ်။ အခုဆိုရင် လီဗာပူး အသင်းမှာ နည်းပြ ဟော့ဆန်ကို ယခင် ကစားသမားဟောင်း လက်ရှိ အကြံပေး အရာရှိ ကင်နီဒယ်လ်ဂလစ်ရှ် နဲ့ အစားထိုးမယ် ဆိုတဲ့ သတင်းတွေ သိပ်ကို ပျံ့နှံ့နေပါပြီ။ ပရီးမီးယားလိဂ် အမှတ်ပေး ဇယား အဆင့် ၁၈ မှာ ရှိတဲ့ လီဗာပူး အသင်းရဲ့ အောက်မှာ ဆိုရင်တော့ ၀ုလ်ဖ် နဲ့ ၀က်စ်ဟမ်း ပဲ ရှိပါတော့တယ်။ ဒီနှစ်သင်း ဟာလည်း ရမှတ် ၅ မှတ်စီ ရထားတဲ့ အတွက် ရမှတ် ၆ မှတ် ရထားတဲ့ လီဗာပူး အတွက် ပြေးနိုင်မှ လွတ်မယ် ဆိုတဲ့ ပုံစံ ဖြစ်နေပါပြီ။ ဒါကြောင့် သူတို့အတွက် လက်ကျန် ပရီးမီးယားလိဂ်ပွဲစဉ်တွေဟာ အမှားခံလို့ မရတော့သလို သရေ / အရှုံး နဲ့လည်း မလုံလောက်တော့ပါဘူး။