၂၀၁၀ အာဖ၇ိကဖလား ၇ ကြိမ် မြောက် ချန်ပီယံ ဆု ကို အမှန် အ ကန် ဆွတ် ခူး သွားသော အာဖ၇ိက ဘုရင် အီဂျစ်၊၊

10:55 AM Posted In Edit This 0 Comments »
၂၀၁၀ အာဖ၇ိကဖလား ၇ ကြိမ် မြောက် ချန်ပီယံ ဆု ကို အမှန် အ ကန် ဆွတ် ခူး သွားသော အာဖ၇ိက ဘုရင် အီဂျစ်၊၊ http://nimg.sulekha.com/Others/Original700/south-africa-soccer-african-cup-of-nations-trophy-2009-11-17-9-12-58.jpg
Mohamed GedoMohamed Gedo celebrates his goalGo to fullsize image
Substitute Mohamed Gedo scored the game's only goal to secure the title

Egypt secured a record seventh Africa Cup of Nations title, after beating Ghana 1-0 in a tense final in Angola.

Substitute Mohamed Gedo scored the only goal of the game, curling a beautiful shot past Richard Kingson in the Ghana goal six minutes from time.

Gedo's winner came against the run of play, after a sustained period of pressure from Milovan Rajevac's young Ghana side.

The striker finished as top scorer and earned Egypt a third title in world

တားမြစ်အစားသောက် ၇ မျိုးထုတ်ပြန်ကြေငြာချက်။WHO

9:33 AM Posted In Edit This 0 Comments »
သင့်ရဲ့ကျန်းမာရေးပိုမိုကောင်းမွန်လာစေဖို့ အောက်ပါအစားအသောက် ၇ မျိုးကို
တတ်နိုင်သမျှရှောင်ကြဉ်သင့်ကြောင်း
ကမ္ဘာ့ကျန်းမာရေးပညာရှင်များကကြေငြာချက်ထုတ်ပြန်ထားပါတယ်။

(၁)ခရမ်းချဉ်သီးစည်သွပ်ဘူးများ(ခရမ်းချဉ်သီးဆော့စ်များပါဝင်သည်)
စည်သွပ်ဘူးတွေထုပ်ပိုးရာမှာ Bisphenol-A
(ဘစ်ဖီနော-အေ)လို့ခေါ်တဲ့ဓာတုပစ္စည်းကို သံဖြူဘူးတွေရဲ့နှုတ်ခမ်းသားမှာ
သုတ်လိမ်းအသုံးပြုကြပါတယ်။ဒီဓာတုဒြပ်ပေါင်းဟာမျိုးဆက်ပွားကျန်းမာရေးပြဿနာများ၊
နှလုံးရောဂါ၊ဆီးချိုနဲ့အ၀လွန်ရောဂါတွေကိုဖြစ်စေတယ်လို့
ဆေးပညာရှင်တွေအတည်ပြုပြီးသားဖြစ်ပါတယ်။ဒီလိုစည်သွပ်ဘူးတွေထဲမှာမှ
ခရမ်းချဉ်သီးတွေရဲ့ အက်ဆစ်ဓာတ်က ခန္ဓာကိုယ်ထဲကို ဘစ်ဖီနော-အေ
ပိုမိုရောက်ရှိစေတယ်လို့ ဆိုပါတယ်။
ဖြေရှင်းနည်း-သံဖြူစည်သွပ်ဘူးမဟုတ်တဲ့ ဖန်ပုလင်းတွေနဲ့လာတာတွေကို ရွေးချယ်ဝယ်ယူပါ။

(၂)ပြောင်းဖူးအဆန်ကျွေး၍မွေးမြူထားရာမှ ရရှိသောအမဲသား
နွားဆိုတဲ့သတ္တ၀ါမျိုးတွေဟာအရွက်စားတဲ့သဘာဝပဲရှိပြီးအဆန်တွေစားတဲ့သဘာဝမရှိပါဘူး။
ဒါပေမယ့် ယနေ့ခေတ်နွားမွေးမြူသူတွေက နွားတွေကို
ကြီးထွားမှုမြန်ဆန်လာအောင် ပြောင်းဖူး၊ပဲပိစပ်စတဲ့
သီးနှံတွေကျွေးလာကြပါတယ်။အရွက်စားတဲ့နွားတွေရဲ့အသားမှာ
အနှံစားတဲ့နွားတွေရဲ့အသားထက်
ဘီတာကယ်ရိုတင်း(ဗိုက်တာမင်အေ)၊ဗိုက်တာမင်အီး၊အိုမီဂါသရီးအဆီများ၊ CLA
လို့ခေါ်တဲ့အကျိုးပြုအဆီများနဲ့ ကယ်လစီယမ်၊မဂ္ဂနီစီယမ်၊ပိုတက်စီယမ်စတဲ့
သတ္တုဓာတ်များပေါများစွာပါဝင်တာကိုတွေ့ရပါတယ်။အနှံစားတဲ့နွားတွေမှာတော့
ဒါတွေနည်းပါးပြီး နှလုံးရောဂါဖြစ်စေတဲ့
ခန္ဓာကိုယ်အတွက်မကောင်းတဲ့ပြည့်ဝဆီ(Saturated Fats)များ
သာမန်ထက်ပိုမိုများပြားစွာပါဝင်တယ်လို့ ဆိုပါတယ်။
ဖြေရှင်းနည်း-စူပါမားကတ်တွေမှာရောင်းတဲ့အမဲသားတွေမှာအဆိုပါနွား၂
မျိုးရဲ့အသားတွေကိုခွဲခြားတံဆိပ်ကပ်ပြီးရောင်းချကြပါတယ်။မတွေ့ရင်
ဆိုင်တာဝန်ခံများကိုမေးနိုင်ပါတယ်။

(၃)မိုက္ကရိုဝေ့ဖ်နည်းဖြင့်ပြုလုပ်ထားသော ပေါက်ပေါက်
PerfluoroOctanoicAcid(PFOA) လို့ခေါ်တဲ့ ဓာတုဒြပ်ပေါင်းတစ်မျိုးဟာ
ပလတ်စတစ်အိတ်တွေထဲမှာပါဝင်ပါတယ်။မိုက္ကရိုဝေ့ဖ်နဲ့ပြုလုပ်ထားတဲ့
ပေါက်ပေါက်တွေကို ပလတ်စတစ်အိတ်တွေထဲထည့်လိုက်ရင်
အခြားစားစရာတွေထက်ပိုပြီးPFOAတွေကိုအငွေ့ပျံစေပြီး စုပ်ယူမှုပိုကောင်းကာ
ခန္ဓာကိုယ်ထဲ ပိုမိုရောက်ရှိစေတယ်လို့ဆိုပါတယ်။ဒီပစ္စည်းရဲ့ဆိုးကျိုးကတော့
သားသမီးရရှိရေးကို နှောင့်ယှက်တယ်လို့ စမ်းသပ်တွေ့ရှိထားပါတယ်။
ဖြေရှင်းနည်း-ဖြစ်နိုင်ရင်ပလတ်စတစ်အိတ်ထဲပေါက်ပေါက်တွေကို
ကြာကြာထည့်မထားပါနဲ့။ဒါမှမဟုတ်အခြားထည့်စရာတစ်ခုခုပြောင်းထည့်ပြီးစားပါ။

(၄)အော်ဂဲနစ်သီးနှံမဟုတ်သော အာလူး
အော်ဂဲနစ်နည်းနဲ့စိုက်ထားတာမဟုတ်တဲ့အာလူးတွေဟာကြီးထွားချိန်မှာ
မှိုသတ်ဆေးဖျန်းရလေ့ရှိပြီး အာလူးပေါ်ချိန်နီးရင်လဲ
ပေါင်းသတ်ဆေးဖျန်းရပြန်ပါတယ်။ဒါတွေကို အော်ဂဲနစ်မဟုတ်တဲ့အာလူးတွေက
အခြားသီးနှံတွေထက် စုပ်ယူထားကြလို့ တတ်နိုင်သမျှလျှော့စားသင့်ပါတယ်။
ဖြေရှင်းနည်း-တတ်နိုင်ရင် အော်ဂဲနစ်အာလူးတွေကိုပဲ
ရွေးချယ်ဝယ်ယူစားသုံးပါ(သို့)ရေထဲမှာစိမ်ထားပြီး အနည်းဆုံး၅
ခါလောက်အချိန်ကြာကြာဆေးသင့်တယ်လို့ဆိုပါတယ်။

(၅)မွေးမြူရေးဆယ်လမွန်ငါးများ
ဆယ်လမွန်ငါးတွေရဲ့ သဘာဝအရပင်လယ်မှာမကြီးပြင်းရဘဲ
ဒီလိုမွေးမြူရေးအနေနဲ့မွေးထားရင် ကြက်ငှက်တွေရဲ့
အညစ်အကြေး၊ကင်ဆာဖြစ်စေတဲ့ဓာတ်သတ္တုတွေ၊ပိုးသတ်ဆေးတွေကို
အလိုအလျောက်စုပ်ယူမိစေတယ်လို့ ဆိုပါတယ်။ပြီးတော့သူတို့ရဲ့
ဗိုက်တာမင်ဒီပါဝင်မှုပမာဏကိုလည်း လျော့နည်းစေတယ်လို့သိရပါတယ်။
ဖြေရှင်းနည်း-Alaska Salmon လို့တံဆိပ်ကပ်ထားတဲ့ငါးတွေကတော့
အကောင်းဆုံးသဘာဝငါးတွေဖြစ်ပါတယ်။ဒါပေမယ့် fresh Atlantic
လို့ကပ်ထားရင်တော့
လုံးဝမ၀ယ်ပါနဲ့။ဒါဟာမွေးမြူရေးငါးသာဖြစ်ပါတယ်။အတ္တလန္တိတ်ရေပြင်မှာ
ဘယ်သူ့ကိုမှ ဆယ်လမွန်ငါးဖမ်းခွင့်မပေးထားလို့ပါ။

(၆)ဟော်မုန်းများထိုး၍ထုတ်လုပ်ထားသော နို့နှင့်နို့ထွက်ပစ္စည်းများ
နို့ထုတ်လုပ်သူများဟာ
မျိုးရိုးဗီဇနည်းနဲ့ပြုလုပ်ထားသောနွားကြီးထွားရေးဟော်မုန်း(recombinant
Bovine Growth Hormone, rBGH)ကိုသုံးပြီး
သူတို့ရဲ့နို့စားနွားတွေကိုနို့ပိုထွက်အောင်လုပ်ပါတယ်။ဒီဟော်မုန်းရဲ့ဘေးထွက်ဆိုးကျိုးအနေနဲ့
နွားဆီကရောဂါပိုးများနဲ့ပြည်များ နွားနို့ထဲမှာပါလာနိုင်တယ်လို့
ဆိုပါတယ်။ဒါ့အပြင်ရေရှည်သောက်သုံးသွားရင် ဆီးကျိတ်၊ရင်သား နဲ့
အူမကြီးကင်ဆာများပါဖြစ်နိုင်ကြောင်းသိရပါတယ်။
ဖြေရှင်းနည်း-နို့နဲ့နို့ထွက်ပစ္စည်းတွေဝယ်ရင် rBGH-free, rBST-free
ဆိုတဲ့လေဘယ်များပါတာတွေကို ရှာဝယ်ရင် စိတ်ချရပါတယ်။

(၇)အော်ဂဲနစ်သီးနှံမဟုတ်သော ပန်းသီး
``အသီးအနှံများ၏ပိုးသတ်ဆေးနှင့်ထိတွေ့မှုအများဆုံးပြိုင်ပွဲ´´သာလုပ်ရင်ပန်းသီးပထမရမှာ
သေချာပါတယ်။သာမန်ပန်းသီးတွေ၊အထူးသဖြင့်ကိုင်းကူးကိုင်းဆက်နည်းနဲ့
စိုက်ထားတဲ့ ပန်းသီးတွေဟာ ရောဂါပိုးမွှားဒဏ်ကို ခံနိုင်ရည်နည်းလွန်းလို့
ခဏခဏပိုးသတ်ဆေးဖျန်းရလွန်းလို့ဖြစ်ပါတယ်။ဒီပိုးသတ်ဆေးတွေဟာ
ကင်ဆာအမျိုးမျိုးနဲ့ ပါကင်ဆန်ရောဂါလို့ခေါ်တဲ့
ဦးနှောက်ထိခိုက်တဲ့ရောဂါဖြစ်စေနိုင်လို့ ကြောက်စရာပါပဲ။
ဖြေရှင်းနည်း-နံပတ်(၄)ကအာလူးနဲ့ တူတူပါပဲ။

အီဂျစ် ထံ မ၇ှူမလှ ၇ှူံး နိမ့် သွား သော အယ်(လ)ဂျီး၇ီးယား

1:50 PM Posted In Edit This 0 Comments »

Algeria 0-4 Egypt

ကမ္ဘာ့ဖလား ခြေစစ်ပွဲ ရှူံး ကြွေး ကို ထိုက် ထိုက် တန်တန် ဆပ်လိုက် နိုင် ပြီး ၂၀၁၀ အာဖ၇ိကဖလား ဗိုလ် လု ပွဲ သို့ တက်ေ၇ာက်သွားသော အာဖ၇ိက 6 ကြိမ် ချန်ပီယံ ကန္တာ၇မုဆိုး အီဂျစ်၊၊
Hosni Abd Rabou (R) celebrates with teammate Emad Motaeb
Hosni Abd Rabou put Egypt ahead from the penalty spot

Egypt strolled through to their third successive Africa Cup of Nations final, overcoming Algeria 4-0, with their great rivals finishing with eight men.

Hosni Abd Rabou put Egypt ahead from the spot, after Algeria's Rafik Halliche was sent-off for the foul.

Mohamed Zidan doubled the lead, before Mohamed Abdelshafi made it three and Mohamed Gedo completed the rout.

Algeria totally lost their discipline and saw Nadir Belhadj and keeper Fawzi Chaouchi also dismissed late on.



ကျောင်းတော်နဲ့ ခွဲခဲ့ရတာ

3:31 AM Posted In Edit This 0 Comments »
တစ်ခါ.............တစ်ခါ
သူငယ်ချင်းတွေနဲ့ အတူ
မတ်တပ်ရပ်ပြီး
နိုင်ငံတော်သီချင်းကို
အော်ဆိုချင်တယ်။

တစ်ခါ.............တစ်ခါ
ခေါင်းလေးငုံ့ ပြီး
လက်ကလေးပိုက်
ဆရာမရိုက်တာလေးတွေ
ပြန်ခံချင်သေးတယ်။

တစ်ခါ.............တစ်ခါ
အဖြူအစိမ်းလေးဝတ်ပြီး
လွယ်အိတ်လေးကို
ဘေးမှာလွယ်
ကျောင်းတော်ရဲ့ အငွေ့ အသက်လေးတွေ
ပြန်သယ်ချင်သေးတယ်။

တစ်ခါ.............တစ်ခါ
အင်း............
ဒါတွေဟာတစ်ခါကပေါ့လို့ 
ပြန်တွေးရင်း...
လွမ်းဆွေးငေးငိုင်
ကျောင်းတော်နဲ့ ခွဲခဲ့ရတာ
ဆောင်းဘယ်နှစ်ခုတိုင်ခဲ့ပြီလဲ..
..................။
AungNaingWin

အမှားမခံတဲ့ ဆပ်ကပ်ပြကွက်

3:22 AM Posted In Edit This 0 Comments »
ဒီစွန့်စားမှု့ပြကွက်ကတော့ အချိန်ခြောက်လကြာယူပြီး လေ့ကျင့်ခဲ့ရတာဖြစ်ပါတယ်။
ထိုင်ခုံ သုံးလုံးပေါ်မှာဘဲ ကျွမ်းကျင်စွာ ဟန်ချက်ညီအောင်ထိန်းပြီး
ကျောက်ကမ်းပါးအစွန်း မှာ ကင်းမှီးကောက်ထောင် သူကတော့ Eskil
Ronningsbakken ဖြစ်ပါတယ်။ ဒီပုံကတော့ မြေပြင်ထက် ပေ ၁ဝဝဝ လောက်မြင့်တဲ့
နော်ဝေးနိုင်ငံ Geiranger က Flydalsjuvet ကျောက်ကပါး ဘဲဖြစ်ပါတယ်။ အသက်
၃ဝ နှစ်ရှိပြီဖြစ်တဲ့ နော်ဝေးလူမျိုးဟာ ငယ်ငယ်ကတည်းက ဟန်ချက်ညီအောင်
ထိန်းနိုင်တဲ့ စွမ်းရည်မျိုးသူ့မှာရှိပါတယ်။

https://mail.google.com/mail/?ui=2&ik=9cf99e160d&view=att&th=1265b886ac8f4316&attid=0.1&disp=inline&realattid=f_g4shfl330&zwhttps://mail.google.com/mail/?ui=2&ik=9cf99e160d&view=att&th=1265b886ac8f4316&attid=0.2&disp=inline&realattid=f_g4shfoce1&zw

Examations of the facial nerve

1:35 AM Posted In Edit This 0 Comments »
[image[10].png]
Facial nerve

Examination of the facial nerve
  • Observe the patient as he talks & smiles; watch for:

    • Eye closure
    • Asymmetrical elevation of the one corner of the mouth
    • Flattening of nasalabial folds

  • Then the patient is instructed to:

    • Wrinkle the forehead (By looking upwards with still head) : Frontalis
    • Close eyes while examiner tries to open them : Orbicularis oculi
    • Purse lips while the examiner presses cheeks : Buccinator
    • Show teeth : Orbicularis oris

  • Taste : Place sugar & salt in the anterior 2/3 of the protruding తొన్గుఎ

Functions

Motor nucleus supplies:

  • Muscles of facial expression
  • Auricular muscles
  • Stapedius muscle
  • Posterior belly of the Digastric muscle
  • Stylohyoid m

အီဂျစ်က ၃-၁ ဖြင့် ကင်မ၇ွန်း ကို Can2010 ဖလားကွာတား ဖိုင်နယ် တွင်နိုင်ရရှိ

2:43 PM Posted In Edit This 0 Comments »

ဆရာဝန်နဲ့ ဆွေးနွေးကြDiscussWithDr

1:26 AM Posted In Edit This 0 Comments »
တစ်ခါက
ကလေးအရမ်းလိုချင်တဲ့လင်မယားနှစ်
ယောက်ရှိကြတယ်....
ဒါနဲ့ ဆရာဝန်နဲ့ ဆွေးနွေးကြတယ်
ဆရာဝန်။ ။ အင်း.... နှစ်ယောက်လုံးမှာ ချို့ယွင်းချက် မရှိကြပါဘူး။
ကြိုးစားကြည့်ကြပါ။ ရနိုင်ပါတယ်။
မိန်းမ။ ။ဟုတ်.....(ရှက်စနိုးဖြင့်)
ယောက်ျား။ ။တကယ်နော် ဆရာ..
နောက် (၃) လခန့်ကြာသော်….
ယောက်ျား။ ။ဆရာ.. ကျနော့်မိန်းမ ဗိုက်ကလေး ထွက်နေပြီဗျ..ကြည့်ပေးပါဦး..ဟီ
း ဟီး…
မိန်းမ။ ။ဟုတ်ပါတယ်ရှင်…လေ တွေလဲ ခဏခဏ ပျို့အန်နေပါတယ် ဆရာရယ်….(ရှက်စနိုးဖြင့်)
စမ်းသပ်ပြီးနောက်
ဆရာဝန်။ ။အာ..ဆန္ဒမစောပါနဲ့ဗျာ…
လေတွေပါဗျ..
ဒုတိယအကြိမ်
နောက်ထပ် (၃) လခန့်ကြာသော်….
ယောက်ျား။ ။ဆရာ.. ကျနော့်မိန်းမ ဗိုက်ထွက်နေပြန်ပြီ..ကြည့်ပေးပါ
ဦး..
မိန်းမ။ ။ဟုတ်ပါရှင်…
စမ်းသပ်ပြီးနောက်
ဆရာဝန်။ ။အော်..ဆန္ဒမစောပါနဲ့ဗျာ…
လေတွေပါပဲဗျ..
တတိယအကြိမ်……..
…………………………
ဆရာဝန်။ ။အော်…..လေတွေပါပဲဗျာ..ကြိုးစား
ကြပါဦး…
ယောက်ျား။ ။ဆရာ.. ခဏခဏ လေတွေလို့ ပဲ ပြောနေတယ်
ကျနော်က လေထိုးတံ မဟုတ်ဘူးဗျ……

MedicalQuiz Today

4:58 PM Posted In Edit This 0 Comments »

Case 1

This one is fairly straightforward:

A 17-year-old male comes to the clinic on a Friday afternoon, complaining of pain and swelling along the outer aspect of his right hand.

It seems that earlier that week, he had gotten into an argument with his girlfriend and, out of frustration, punched the wall.

X-rays were obtained.

What is the diagnosis?

သတိထားသင့်သည့် အချိုရည်SoftDrinks

6:51 PM Posted In Edit This 0 Comments »
သတိထားသင့်သည့် အချိုရည်

နွေနေပူမှာ အပူဒဏ်ကို သက်သာစေပြီး၊ ရင်ကို လန်းဆန်း အမောပြေ သွားစေ နိုင်တာ ကတော့ အချိုရည် အေးအေးလေး တစ်ခွက် ပါဘဲ။ ကျွန်တော်တို့ အားလုံး soft drinks လို့ ခေါ်တဲ့ အချိုရည် အမျိုးမျိုး သောက်ဖူး ကြတယ်။ Pepsi, Coke, Sprite, Fantasy, Lemon Soda စသည်ဖြင့် Brand အမျိုးမျိုး အရသာ အဖုံဖုံနဲ့ လူတွေရဲ့ အကြိုက်ကို ဆွဲဆောင် ခဲ့ကြ၊ ဆွဲဆောင် နေကြဆဲ ဖြစ်ပါတယ်။

အဲဒီ ကျွန်တော်တို့ ကြိုက်တဲ့ အချိုရည် တွေက ကျန်းမာရေး နဲ့ ပတ်သက်တဲ့ ပြဿနာ တွေကို ဖြစ်စေ နိုင်တယ် ဆိုတာ ကိုတော့ သတိ မပြုမိတဲ့ သူတွေ ရှိနိုင်မယ် လို့ ကျွန်တော် ထင်လို့ ဒီပို့စ်နဲ့ ဗဟုသုတ ဖြန့်ဝေ လိုက်ရ ပါတယ်။



ကြည့်ရတာ တော့ သောက်ချင်စရာ ကြီးပါဘဲ။ ဒါပေမယ့် ဒီအချိုရည် တွေထဲမှာ ပါတဲ့ အက်စစ်ဓာတ် ပမာဏကို ပြတဲ့ pH value တွေကို ကြည့်ကြည့် ရအောင် ... pH နည်းလေ အက်စစ်ဓာတ် ပြင်းလေ ဖြစ်ပါတယ်။


ဘက်ထရီတွေထဲမှာ ထည့်တဲ့ အက်စစ်ကို သိကြမယ် လို့ ထင်ပါတယ်။ pH တန်ဘိုး ၁ ရှိတဲ့ အက်စစ်ပြင်း မို့ မတော်တဆ အ၀တ်မှာ စင်သွားရင် ခဏ နေတာနဲ့ စားသွား ပေါက်သွားတာ ကြုံဖူးတဲ့ သူတွေ ရှိမှာပါ။ အခု ပြထားတဲ့ ဇယားအရ တချို့အချိုရည် တွေဟာ ဘက်ထရီ အက်စစ် နီးပါး ပြင်းတာ သတိထားမိ ပါလိမ့်မယ်။ ကဲ ... အချိုရည် တွေကို ကျွန်တော်တို့က အကြောဆေး သွင်းသလို ပိုက်နဲ့ မသွင်းကြ ပါဘူး။ သောက်ကြ ပါတယ်။ ဒါကြောင့် ခံတွင်းထဲမှာ ဘာဖြစ်နိုင်လဲ ကြည့်ကြ ရအောင်။

သွားတွေရဲ့အပေါ်ဆုံး အလွှာမှာ Enamel လို့ ခေါ်တဲ့ ကြွေလွှာနဲ့ ကာထားပြီး၊ ကယ်လ်စီယမ် နဲ့ ဖော့စ်ဖိတ် တို့ ပေါင်းထားတဲ့ Hydroxyapatite လို့ ခေါ်တဲ့ ဓာတ်ပေါင်း ဖြစ်ပါတယ်။ အဲဒီ ကြွေလွှာဟာ မာကြော လှပေမယ့် အက်စစ် ဓာတ်ကို မခံနိုင် ပါဘူး။ ဘက်တီးရီးယား ပိုးတွေက စားကြွင်း စားကျန် တွေကို ဖောက်လိုက်လို့ ထွက်လာတဲ့ အက်စစ် ဓာတ်ကြောင့် ပိုးစားပေါက်တွေ ဖြစ်ရ တယ်။ ဒါကို dental caries- သွားပိုးစား ရောဂါ လို့ ခေါ်ပါတယ်။ သွားရဲ့ ကြွေလွှာ ကို အရည် ဖျော်ပစ်နိုင်တဲ့ အက်စစ် ပြင်းအား critical pH က ၅.၅ ဖြစ်ပါတယ်။ အဲဒီထက် ပိုပြီး အက်စစ် ဓာတ်ပြင်းတဲ့ (pH ၅.၅ အောက် လျော့တဲ့) အရည်နဲ့ ကြာရှည် ထိတွေ့မယ် ဆိုရင် သွားကြွေလွှာဟာ ၊ အ၀တ်ကို အက်စစ် စားသလို စားခံရပြီး ပြုန်းတီး ရပါတယ်။ ပိုးစားတာ မဟုတ်ဘဲ ပြင်ပက အက်စစ် ဓာတ်ကြောင့် သွားကြွေလွှာ စားသွားပြီး အပေါက်တွေ ဖြစ်တာကို erosion - အက်စစ်ကြောင့် တိုက်စားခြင်း လို့ ခေါ်ပါတယ်။

ဆေးခန်းမှာ ဒီလို သွားပေါက် တွေနဲ့ လာပြကြတဲ့ သူတွေ မနည်းလှ ပါဘူး။ တချို့လည်း အပူ အအေး၊ အချို အချဉ် ထိရင် ကျဉ်လာမှ သိလို့ လာပြကြ ပါတယ်။ မှန်ထဲမှာ ကြည့်ကြည့်ရင် ပိုးစားသလို မဲမနေဘဲ၊ ကြွေသွားလွှာက ပြောင်ချောချောနဲ့ ချိုင့်ဝင် နေတာ တွေ့နိုင်ပါတယ်။ သိပ်ဆိုး လာရင် ကြွေလွှာအောက်က dentine လို့ ခေါ်တဲ့ ဆင်စွယ် နှစ်လွှာ အညိုရောင်ပေါ်ပြီး သွားတိုက်တံနဲ့ ခြစ်ကြည့်ရင် ကျဉ်တာကို ခံစားရ ပါလိမ့်မယ်။


အချိုရည်ကို ပုလင်းလိုက် သောက်တာ၊ ခွက်နဲ့ တမျှင်းမျှင်း မော့သောက်တာ တွေက သွားတွေနဲ့ အချိုရည် ကြာရှည် ထိတွေ့စေလို့ ပိုပြီး ဆိုး ပါတယ်။ Straw - ပိုက်နဲ့ စုပ်သောက်ပြီး မြန်မြန် မျိုချ ရင် သွားမှာ ထိခိုက်တာ နဲနဲ သက်သာပါတယ်။ ဒီနေရာမှာ အချိုရည်လို့ soft drink တွေကို ဦးစားပေး ပြောထား ပေမယ့်၊ ဒိန်ချဉ်တို့၊ သံပရာ ရည်တို့၊ grapes fruits ဖျော်ရည် တို့ စသည်ဖြင့် ဖျော်ရည် တွေဟာ လည်း pH တန်ဘိုး နိမ့်တဲ့ ထဲမှာ ပါပါတယ်။

ဖျော်ရည် မဟုတ်တဲ့ ကိုကာကိုလာ တို့လို ဘူးသွပ် အချိုရည် တွေရဲ့ နောက်ထပ် ဆိုးကျိုး ကတော့၊ သူတို့မှာပါတဲ့ phosphoric acid - ဖော့စ်ဖိုရစ် အက်စစ်နဲ့ carbon dioxide - ကာဘွန်ဒိုင် အောက်ဆိုဒ် ကြောင့် ဖြစ်ပါတယ်။ ဒီဓာတ်တွေက အစာအိမ်ထဲ ရောက်တဲ့အခါ အစာခြေရည် ရဲ့ hydrochloric acid - ဟိုက်ဒြို ကလိုရစ် အက်စစ် အစာခြေတာ ကို ဟန့်တား တယ်။ ဒါကြောင့် အစာ မကြေတာ၊ ဗိုက်ထဲမှာ လေတွေ ပြည့်ပြီး ရင်ပြည့်ရင်ကယ်တာ ဖြစ်လာပါတယ်။ အစာခြေ လမ်းကြောင်းရဲ့ အက်စစ်ဓာတ်ကို ပိုများ စေတဲ့အတွက် အစာအိမ်၊ အူသိမ် ရောဂါ ရှိတဲ့ သူတွေ ပိုရှောင် သင့်ပါတယ်။

phosphoric acid က အရိုးတွေမှာ ရှိတဲ့ ထုံးဓာတ် - ကယ်လ်စီယမ် ကိုလည်း ဖျော်ထုတ် ပါတယ်။ ကြာရင် အရိုးပါး အရိုးပျော့ ဖြစ်စေပြီး၊ ဖျော်ထုတ် လိုက်တဲ့ ကယ်လ်စီယမ် တွေက ကျောက်ကပ်မှာ စုလို့ ကျောက်ကပ် ကျောက်တည် စေပါတယ်။

ဒါကြောင့် အချိုရည် တွေကို လျှော့ သောက်သင့်ပါတယ်။

ဗိုက်တာမင် စီ ဓာတ် ရတဲ့ အချဉ် သစ်သီး ဖျော်ရည် တွေကတော့ ကျန်းမာရေး အတွက် ကောင်းလို့ သောက်သင့် ပါတယ်။ သောက်တဲ့ အခါ ပိုက်နဲ့ မြန်မြန်စုပ် သောက်သင့် ပါတယ်။ သောက်ပြီးတာနဲ့ ရေနဲ့ ပလုတ်ကျင်း ပေးသင့် ပါတယ်။ ဂျပန် မှာတော့ Ocha လို့ခေါ်တဲ့ green tea လဘက်ရည် တွေကို ဘူးသွပ်၊ ပုလင်းသွပ်ပြီး ရောင်းတယ်။ နေရာတကာမှာ ၀ယ်လို့ ရတယ်။ ရေငတ်လည်း ပြေ၊ အိပ်ချင်လည်း ပြေ၊ ဥပါဒ်လည်း မဖြစ်ဘူး။ ကျန်းမာရေး အတွက် အထောက်အကူ ပေးတဲ့ ဓာတ်တွေပါတဲ့ green tea အကြောင်းကိုဖတ်ကြည့် ပါ်။

ကျန်းမာသုခ ပြည့်ဝကြပါစေ။

ဖတ်သင့်တဲ့စာညွှန်းများ..
Phosphoric acid in sodas nearly as damaging to teeth as battery acid
Diet soft drinks linked to health risks: study
Relationship between dental erosion, soft drink consumption, and gastroesophageal reflux among Icelanders

နှလုံးသွေးကြောကျဉ်းရောဂါ IshemiaHeartDisease

6:14 PM Posted In Edit This 0 Comments »
နှလုံးသွေးကြောကျဉ်းရောဂါ



နှလုံးဟာ ခန္ဓာကိုယ် တစ်ခုလုံးသို့ သွေးလည်ပတ် စီးဆင်းရန်အတွက် လုပ်ဆောင်ပေးသော သွေးညှစ်စက်
(Blood Pump Machine) တစ်ခု ပဲဖြစ်ပါတယ်..တစ်ရက်လျှင် ပျမ်းမျှ အကြိမ် ၁၀၀,၀၀၀ ခန့် ခုန်ရပြီး သွေး
ထုထည် ဂါလံ ၂,၀၀၀ ခန့် ညှစ်ထုတ် ပေးနေရပါတယ်.. လူ့သက်တမ်း တစ်လျှောက်လုံး မရပ်မနား စည်း
ချက်မှန်မှန် ညှစ်ထုတ်ပေး နေရပြီး အသက် ၇၀ အရွယ်ရောက်ပါက နှလုံးခုန်ခြင်း အကြိမ်ပေါင်း ၂.၅ ဘီလီ
ယံ ကျော် ခုန်ပြီး ဖြစ်ပါတယ်.. ဒီလို အချိန်ပြည့် လုပ်ဆောင်နိုင်အောင် နှလုံးကြွက်သားအတွက် အောက်စီ
ဂျင်နဲ့ အာဟာရကို နှလုံးသွေးကြော (Coronary Arteries) များက ထောက်ပံ့ပေးနေရပါတယ်.. အကြောင်း
အမျိုးမျိုးကြောင့် နှလုံးသွေးကြောများဟာ ကျဉ်းမြောင်းလာပြီး နှလုံးကြွက်သားအတွက် အောက်စီဂျင်နဲ့ အာ
ဟာရကို လုံလောက်စွာ မထောက်ပံ့နိုင်တော့တဲ့အခါ နှလုံးသွေးကြောကျဉ်း လက္ခဏာများ ပေါ်ပေါက်လာပါ
တယ်.. အမေရိကန်နိုင်ငံတွင် လူဦးရေ ၃သန်းမှ ၄သန်းခန့်ထိ ဘာလက္ခဏာမှမပြပဲ နှလုံးသွေးကြောကျဉ်း
ရောဂါ ဖြစ်ပေါ်နေပါတယ်..


နှလုံးသွေးကြော ကျဉ်းစေသော အဓိက အချက်(၃)ချက်မှာ

  1. သွေးတိုးရောဂါ (Hypertension)
  2. သွေးတွင်း ကိုလက်စထရော များခြင်း (Hypercholesterolaemia)
  3. ဆေးလိပ်သောက်ခြင်း (Smoking)
တို့ဖြစ်ပါတယ်...
နှလုံးသွေးကြော ကျဉ်းစေသော အခြား အကြောင်းများကတော့
  • ဆီးချိုသွေးချိုရောဂါ (Diabetes)
  • စိတ်ဖိစီးမှုများခြင်း (Stress)
  • အဝလွန်ခြင်း (Overweight)
  • လှုပ်ရှားမှုနည်းသော ထိုင်၍ အလုပ်လုပ်ကိုင်ရခြင်း (Sedentary Lifestyle)
တို့ဖြစ်ပါတယ်..



အထက်ပါ အကြောင်းများကြောင့် သွေးကြောရဲ့ အတွင်းနံရံဟာ အနည်ကျ စုပုံ ထူအမ်းလာပြီး (Athero-
sclerosis) ကျဉ်းမြောင်းလာပါတယ်.. အနည်ကျ စုပုံတဲ့ အထဲတွင် ကိုလက်စထရော (Cholesterol)၊ ကယ်
လ်စီယမ် (Calcium)၊ ဆဲလ်သေ အစအနများ (Cellular debris)၊ သွေးမွှားဥများ (Platelets) များ ပါဝင်ပါ
တယ်.. ၎င်း အနည်ကျစုပုံခဲသည် သွေးကြောနံရံမှ ပြုတ်ထွက်ပြီး သွေးကြော တစ်နေရာတွင် ပိတ်မိတတ်ပါ
တယ် (Embolism).. နှလုံးသွေးကြောတွင် ပိတ်မိပါက နှလုံးပုပ်ခြင်း (Myocardial Infarct)၊ ဦးနှောက်သွေး
ကြော ပိတ်မိပါက လေဖြတ်ခြင်း (Stroke)၊ ခြေလက်ရှိ သွေးကြောများ ပိတ်မိပါက နာကျင်ခြင်း၊ အသားပုပ်
ခြင်း (Gangrene) တို့ ဖြစ်တတ်ပါတယ်..


နှလုံးသွေးကြောကျဉ်း ရောဂါလက္ခဏာများမှာ (Angina Pectoris)
  • ရင်ဘတ်အောင့်ခြင်း၊ ရင်ဘတ် အလယ်တွင် တင်းကျပ်စွာ ခံစားရခြင်း၊ လေးလံနေခြင်း၊ ရင်ပူခြင်း
    • ရင်ဘတ်အောင့်ခြင်းသည် ရံဖန်ရံခါ ဘယ်ဘက်ပုခုံးနှင့် ဘယ်ဘက်လက်မောင်းသို့၎င်း၊ လည်ပင်းနှင့် မေးစေ့တစ်ဝိုက် သို့၎င်း ပြန်နှံ့နာကျင် တတ်ပါတယ်.. ရင်ဘတ်အောင့်ခြင်းသည် ရုတ်တရက် ပြေးလွှားခြင်း၊ အားစိုက်အလုပ် လုပ်ရခြင်းကြောင့် ဖြစ်ပေါ်တတ်ပြီး အများအားဖြင့် စက္ကန့်(၃၀)မှ (၅)မိနစ်ထိ ကြာတတ်ပါတယ်.. အနားယူပါက သက်သာလာပါတယ်..
  • အသက်ရှူမြန်ခြင်း၊ အသက်ရှူကြပ်သကဲ့သို့ ခံစားရခြင်း၊ မူးဝေလာခြင်း၊
  • ပျို့အန်ခြင်း၊
  • အလွန်အမင်း ချွေးထွက်လာခြင်း၊
  • အနားယူသော်လည်း ရင်ဘတ်အောင့်ခြင်း မသက်သာပါက နှလုံးသွေးကြောပိတ်ခြင်း (Heart Attack) ဖြစ်နိုင်သဖြင့် သတိထားရန် လိုအပ်ပါတယ်..

ရောဂါစမ်းသပ်စစ်ဆေးချက်များ
  • Exercise Electrocardiogram (ECG) ရိုက်ခြင်း၊
  • Cardiac Catheterization
    • Tube အသေးစား တစ်မျိုးအား ခြေထောက် (သို့) လက်မောင်း သွေးကြောမှတစ်ဆင့် နှလုံးသွေးကြောသို့ ရောက်အောင်လုပ်ပြီး Special dye တစ်မျိုးအား ထုတ်လွှတ်၍ ဓါတ်မှန်ရိုက်ကြည့်ခြင်းဖြင့် သွေးကြောကျဉ်းတဲ့နေရာ သိနိုင်ပါတယ်..
  • ရင်ဘတ်ဓါတ်မှန် (Chest X-ray) ရိုက်ခြင်းဖြင့် နှလုံးအခြေအနေကို ကြည့်ခြင်း၊
  • သွေးတွင်း ကိုလက်စထရော စစ်ဆေးခြင်း၊ ဆီးချိုသွေးချို စစ်ဆေးခြင်း၊
တို့ ပြုလုပ်ရန် လိုအပ်ပါတယ်..
လိုက်နာရမည့်အချက်များ
  • တိရိစ္ဆာန်အဆီများ၊ နီသောအသား၊ ကြက်ဥ၊ မလိုင်ပါ နွားနို့နှင့် နို့ထွက်ပစ္စည်းများ အစရှိသည့် ကိုလက်စထရော ကြွယ်ဝသော အစားအစာများကို ရှောင်၍ ဟင်းသီးဟင်းရွက် အသီးအနှံများ၊ မလိုင်ထုတ်ထားသော နွားနို့၊ ငါး၊ ကြက်ဘဲအသားများ၊ ဂျုံ ပြောင်း လူး ဆပ် ကဲ့သို့အနှံများ စားသုံးပါ
  • ဆေးလိပ်သောက်ခြင်းသည် နှလုံးသွေးကြောတွင်း အောက်စီဂျင် ပို့ဆောင်မှုကို အဟန့်အတား ဖြစ်စေသဖြင့် လုံးဝရှောင်ကြဉ်ရန်
  • သင့်တင့်သော ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဆောင်ရန်
  • သွေးတိုးနှင့် ဆီးချိုသွေးချို ရောဂါ ရှိပါက ရောဂါအတွက် ညွှန်ကြားထားသည်များကို လိုက်နာရန်
  • စိတ်ဖိစီးမှုများကို ရှောင်ကြဉ်ရန်

ဆေးဝါးကုသမှု
ဆေးဝါများကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း လိုက်နာသောက်သုံးရပါမယ်..
  • Nitrates (Nitroglycerin..), Betablockers (propranolol, metoprolol...), Calcium channel blockers (Amlodipine, diltiazem...) စသည့် နှလုံးသွေးကြောကျယ်စေရန်နှင့် နှလုံးခုန်နှုန်း၊အောက်စီဂျင် လိုအပ်မှုကို ထိန်းချုပ်ပေးသောဆေးများ
  • သွေးခဲခြင်းကိုတားဆီးပေးသောဆေးများ ie. Aspirin (Aspilet),.....
  • သွေးတွင်းကိုလက်စထရော များနေပါက ကျစေသောဆေးများ ie. Statins (Atorvastatin, Simvastatin,....)
  • ခွဲစိတ်ကုသမှု-နှလုံးသွေးကြောလမ်းလွှဲတည်ဆောက်ခြင်း (Coronary Bypass) နှလုံးသွေးကြောချဲ့ခြင်း (Angioplasty) စသည့် ခွဲစိတ်နည်းများဖြင့်လည်း နှလုံးသွေးကြောကျဉ်းရောဂါကို ကုသနိုင်ကြောင်း ရေးသားဖော်ပြလိုက်ပါတယ်..
  • DRTWIN

ြGoldenGlobeAwardsေရြုကမၻာလံုးရုပ္ရွင္ဆု

12:02 AM Posted In Edit This 0 Comments »

(L-R) Sandra Bullock (Steve Granitz/WireImage); James Cameron (Kevin Winter/Getty Images); Monique (Kevin Winter/Getty Images)James Cameron (Paul Drinkwater/NBC)

James Cameron

GoldenGlobeAwardsေရြုကမၻာလံုးရုပ္ရွင္ဆု ကို အဗတ္တာ ၇ုပ်၇ုင်ကား ကြီး မှ၇ရှိခဲ့ပြီး အကောင်းဆုံးdirectorဆု ကိုလည်း၎င်းသုံးဘက်မြင်ဇတ်ကားကို ၇ိုက်ကူးခဲ့သူ TitanicDirectorJamesCameronမှပင်ဆွတ်ခူးခဲ့သည်။

၂၀၁၀ခုနှစ် ကုန်ကျမှုအများ ဆုံးဇတ်ကား ဖြစ် ပြီး ယနေ့ထိပြသလျှက်၇ှိကာကမ္ဘာ.၀င်ငွေ စံချိန် တင်လျှက် ၇ှိ သည်။

BEVERLY HILLS, Calif. - The science-fiction blockbuster "Avatar" won best drama at the Golden Globes and picked up the directing honor for James Cameron on Sunday, raising the "Titanic" filmmaker's prospects for another Academy Awards triumph.

It was a repeat of Cameron's Globes night 12 years ago, when "Titanic" won best drama and the directing prize on its way to dominating the Oscars.

This time, though, instead of being "king of the world," as Cameron declared at the Oscars, he has become king of an alien landscape, elevating space fantasy to enormous critical acclaim.

"'Avatar' asks us to see that everything is connected, all human beings to each other, and us to the Earth. And if you have to go four and a half light years to another, made-up planet to appreciate this miracle of the world that we have right here, well, you know what, that's the wonder of cinema right there, that's the magic," Cameron said.


England premier league (16/17.01.2010)

12:37 PM Posted In Edit This 0 Comments »
အဝေးကွင်းမှာသေ၇တစ်မှတ်နဲ.ကျေနပ်လိုက်၇တဲ.လီဗာပူလ်း
Stoke C. 1 - 1 Liverpool

အိမ်ကွင်းမှာဂိုးမိုး၇ွာတဲ.ချဲလ်ဆီး
Chelsea 7 - 2 Sunderland


အိမ်ကွင်းမှာအမှတ်ပြည်.၇လိုက်တဲ.မန်ယူ
Manchester U. 3 - 0 Burnley


အဝေးကွင်းမှာအမှတ်ပြည်.၇လိုက်တဲ.အာဆင်နယ်
Bolton W. 0 - 2 Arsenal


သဘာဝ ရာသီဥတုဖောက်ပြန်လို့ ပင်လယ်ပြင်ကြီး အနီရောင်တွေ စွန်းထင်းနေတာ မဟုတ်ပါဘူး။

10:44 AM Posted In Edit This 0 Comments »
Denmark is a big shame.
ဒိန်းမတ်နိုင်ငံအတွက် သိပ်ကို ရှက်ဖို့ကောင်းတဲ့ လုပ်ရပ်တခုပါ။

The sea is stained in red and it’s not because of the climate effects of nature.

သဘာဝ ရာသီဥတုဖောက်ပြန်လို့ ပင်လယ်ပြင်ကြီး အနီရောင်တွေ စွန်းထင်းနေတာ မဟုတ်ပါဘူး။

??? ???????
It's because of the cruelty that the human beings (civilised human) kill hundreds of the famous and intelligent Calderon dolphins.

လိမ္မာပြီး ဥာဏ်ရှိ ယဉ်ပါးတဲ့ လင်းပိုင်ရာပေါင်းများစွာကို အသိဥာဏ်တွေရော နည်းပညာတွေပါ တိုးတက်နေပါတယ်ဆိုတဲ့ လူသားတွေက ရက်ရက်စက်စက် သတ်ဖြတ်လိုက်လို့ သူတို့ရဲ့သွေးတွေနဲ့ ပင်လယ်ပြင်ကြီး နီစွေးနေတာပါ။

??? ???????
This happens every year in Feroe island in Denmark . In this slaughter the main participants are young teens. WHY?
To show that they are adults and mature.

ဒီလိုမျိုး အဖြစ်အပျက်က ဒိန်းမတ်နိုင်ငံ ဖဲဖိုးကျွန်းမှာ နှစ်စဉ်ဖြစ်နေကျပါ။ ဒီလိုမျိုး လင်းပိုင်တွေကို သတ်တဲ့ပွဲမှာ လူငယ်အဖွဲ့တွေက အဓိကပါဝင်လုပ်ဆောင်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ အရွယ်ရောက်ကြောင်းကို ပြသဖို့ အတွက် လင်းပိုင်တွေကို သတ်ပြဖို့ လိုအပ်တယ်လေ။


??? ???????
In this big celebration, nothing is missing for the fun. Everyone is participating in one way or the other, killing or looking at the cruelty “supporting like a spectator”

ဒီပွဲကြီး ကျင်းပနေဆဲအချိန်တော့ ဘယ်သူမှ အပေါင်းအသင်းကို သတိရလေ့မရှိဘူး။ လူတိုင်းက ကိုယ်တိုင်သတ်ရင်သတ် ဒါမှမဟုတ် တခြားလူနဲ့ပေါင်းပြီး သတ်၊ မသတ်ရဲတဲ့လူက သူများသတ်တာကို ဘောလုံးပွဲလိုပဲ စိတ်ဝင်တစားနဲ့ ကြည့်လေ့ရှိကြတယ်။

??? ???????
Is it necessary to mention that the dolphin calderon, like all the other species of dolphins, it’s near instinction and they get near men to play and interact. In a way of PURE friendship

လင်းပိုင်ဆိုတာ လူတွေနဲ့အတူနေပြီး ဆော့ကစားဖို့ စိတ်ဝင်စားတဲ့ လူသားတွေရဲ့ ဖြူစင်တဲ့သူငယ်ချင်းတွေဆိုတာ ပြောဖို့ လိုသေးသလားဗျာ။

??? ?????????? ???????
They don’t die instantly; they are cut 1, 2 or 3 times with thick hocks. And at that time the dolphins produce a grim extremely compatible with the cry of a new born child.

သူတို့ကို သတ်တဲ့အချိန်မှာ ချက်ချင်း မသေကြပါဘူး။ လူတွေက သံမဏိအချွန်ကြီးတွေနဲ့ တချက်ပြီးတချက် ထိုးနေတဲ့အချိန်မှာ လင်းပိုင်တွေဟာ မွေးကင်းစကလေးတွေငိုတဲ့အသံနဲ့ ညီးတွားအော်ဟစ်နေကြတယ်။

??? ???????
But he suffers and there’s no compassion till this sweet being slowly dies in its own blood

ဒါပေမယ့် အဲဒီကလူတွေဟာ ဝေဒနာခံစားနေတဲ့လင်းပိုင်ကိုတော့ အသေသတ်လေ့မရှိဘဲ သူတို့ရဲ့သွေးရဲရဲတွေကြားမှာပဲ တဖြည်းဖြည်း သေအောင် ထားလိုက်ကြတယ်။

??? ?????????? ???????
Its enough! We will send this mail until this email arrives in any association defending the animals, we won’t only read.

ဒီလောက်ဆို တော်လောက်ပါပြီ။ ဒီမေးလ်ကို ဖတ်ရုံဘဲ မလုပ်ပါနဲ့ သနားစရာ အပြစ်မဲ့တဲ့ တိရိ စ္ဆာန်တွေကို သတ်နေတဲ့ဖြစ်ရပ်ကြီး ပျောက်ကွယ်သွားဖို့ တိရိစ္ဆာန်အခွင့်အရေး ကာကွယ်တဲ့ အဖွဲ့ထိရောက်သွားအောင် ဒီမေးလ်ကို ဆက်ဖြန့်ဝေပေးကြပါ။

??? ???????
Take care of the world, it is your home!
Assine contra essa crueldade:

ကမ္ဘာဟာ မင်းရဲ့အိမ်ဖြစ်တယ်။ ဒါကြောင့် ဂရုစိုက်ပါ။ စောင့်ရှောက်ပါ။


တစ်ခါတုန်းက စစ်သားတွေဟာ တောထဲမှာ စစ်တိုက်ရင်း လူသားစား လူရိုင်းတစ်ယောက်ကို မိလာပါတယ်....
သူတို့အထဲက ဗိုလ်လုပ်တဲ့လူက ပြောတယ်... “မင်းက တော်တော် ရက်စက်တာပဲကွ.... လူကိုတောင် စားတယ်”တဲ့
ဒီတော့ လူသားစားတဲ့ ကောင်က ပြောတယ်... “ငါက အသားစားချင်လို့သတ်တာကွ....မင်းတို့ကတော့ အသားလည်းမစားဘဲနဲ့ အလကားလျှောက်သတ်နေကြတာ”တဲ့...

ဒီစာကြောင်းလေးတွေက ဟာသစာအုပ်တစ်အုပ်ထဲမှာ ဖတ်ရတာပါ.... သင်ဘယ်လို မြင်ပါသလဲ....


တကယ်တော့ လူသားတွေဟာ အသိဥာဏ် အကြီးဆုံးဖြစ်တဲ့အတွက် အသိဥာဏ်နည်းပါးတဲ့ သတ္တဝါတွေကို စောင့်ရှောက်သင့်ပါတယ်။ အခုလို ကိုယ်အရွယ်ရောက်ကြောင်း သက်သေပြချင်တဲ့ရည်ရွယ်ချက်တစ်ခုတည်းအတွက် သတ္တ၀ါတွေကို ညှင်းဆဲနှိပ်စက် သတ်ဖြတ်တာဟာ ရက်စက်ယုတ်မာရာရောက်ပါတယ်.... လောကနိယာမမှာ အသားစားသတ္တ၀ါ နဲ့ အသီးအရွက်စားတဲ့ သတ္တ၀ါတွေရှိကြပါတယ်.... လူဟာ အသားရော အသီးရော စားနိုင်တဲ့ အစုံစားသတ္တ၀ါပါ.... အသားချည်းပဲ စားနေရင် စိတ်ပိုင်းဆိုင်ရာ ရုန့်ရင်းကြမ်းတမ်းနိုင်သလို... အသီးအရွက်ချည်းပဲစားမယ်ဆိုရင်လည်း ခန္ဓာကိုယ်မှာ လိုအပ်တဲ့ သက်စောင့်ဓာတ် (ပရိုတိန်း) မရှိရင် အသက်အန္တရာယ်ထိခိုက်နိုင်ပါတယ်.... လူရဲ့ သွားကိုကြည့်ခြင်းအားဖြင့် အသီးအရွက်ကိုလည်း စားနိုင်တဲ့သွားတွေ၊ အသားကိုလည်း စားနိုင်တဲ့သွားတွေ ပါတာတွေ့ရပါတယ်... ဒါ ဟာ လိုအပ်လို့ကို သဘာဝတရားက တပ်ဆင်ပေးလိုက်တဲ့ သွားတွေပါ။ အဲ့ဒါကြောင့် အသားမစားတာဟာလည်း ကိုယ့်ကိုယ်ကိုယ် ညှင်းဆဲရာရောက်တယ်လို့ သဘောပေါက်ပါတယ်.... လူတွေဟာ တိရစ္ဆာန်တွေဆီက အသား၊ နို့၊ သားရေ၊ အဆီ၊ စတဲ့ စားသောက်နိုင်စရာ အဟာရအမျိုးမျိုးကို သင့်တော်သလို သုံးစွဲခွင့်ရှိပါတယ်..... အစီးအနင်းပြုလို့လည်း ရပါတယ်။ သို့သော် လွန်လွန်ကျူးကျူးတော့ မလုပ်သင့်ပါဘူး...
အခု သူငယ်ချင်းတို့ အပေါ်မှာ မြင်ခဲ့ရတဲ့ ပုံတွေမှာကတော့ အသားစားဖို့ ရည်ရွယ်ပြီး သတ်ဖြတ်နေတာမဟုတ်ဘဲ.... အရွယ်ရောက်ကြောင်း၊ သတ္တိရှိကြောင်း၊ ယောက်ျားပီသကြောင်း သက်သေပြဖို့ သက်သက်အတွက် ဒီလူတွေ ဒီလို လုပ်နေကြတာဖြစ်ပါတယ်....
ဒါကို ဘယ်လို သဘောရလဲ.....? ဘယ်လို မြင်လဲ.... ? ဘယ်လို ခံစားရလဲ.....?



အားလုံးပဲ ကိုယ့်အိမ်ကို ကိုယ် ထိန်းသိမ်းနိုင်ပါစေ....

world is our home...
we are a family....

Egypt vs Mozambique 2-0 CAN 2010

3:04 PM Posted In Edit This 0 Comments »

မိန်းမများ Girls

2:53 PM Posted In Edit This 0 Comments »
View Image

ရုပ်ရည်ချောမောလွန်းသည့် မိန်းမ= သင့်အား အလှ ဗန်းပြပြီး တစ်သက်လုံး
ညှင်းပန်း နှိပ်စက်မည်ဖြစ်သည်။

ရုပ်ဆိုးသောမိန်းမ= ရုပ်ရည် မလှ လှအောင် ကြိုးပမ်းနေခြင်းဖြင့်
သင့်အားနှိပ်စက်မည်ဖြစ်သည်။

ပညာတတ်လွန်းသောမိန်းမ=တတ်သည့်
ပညာများကို အကုန် ထုတ်ထုတ်ပြ နေခြင်းဖြင့်
သင့်အား နှိပ်စက် မည်ဖြစ်သည်။

ပညာမတတ်သော မိန်းမ= ပညာတတ်ယောင်ဆောင်၍ တဇွတ်ထိုးလုပ်ခြင်းများဖြင့်
သင့်အား နှိပ်စက်နေ မည်ဖြစ်သည်။

ဥစ္စာကြွယ်ဝသော မိန်းမ= အတောမတတ်နိုင်သည့် ၄င်း၏လောဘ၊မောဟများဖြင့်
သင့်အားနှိပ်စက် နေမည်ဖြစ်သည်။

ဥစ္စာနည်းသော မိန်းမ=ဥစ္စာဓန အလိုရှိနေသရွေ့  တိုးပွါးမလာခြင်းကို
အကြောင်းပြုကာ သင့်ကိုနှိပ်စက်မည် ဖြစ်သည်။

မိန်းမများနှင့် ကင်းအောင်နေခြင်း= သင်သည် အလကားလူ ဖြစ်သည်။

မိန်းမများနှင့်သာ နေထိုင်ခြင်း=သင်သည် အလွန်မိုက်မဲသော သူဖြစ်သည်။AungNaingWin

တရုတ်နိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၌ သတို့သမီး ၂၄ သန်းခန့် လိုလာမည်။

2:47 PM Posted In Edit This 0 Comments »
တရုတ်နိုင်ငံ၏ ''တစ်အိမ်ထောင် ကလေးတစ်ဦး'' မူဝါဒကြောင့် လာမည့် ၂၀၂၀
ပြည့်နှစ်၌ အိမ်ထောင်ပြုရမည့် အရွယ်ရောက်နေသော တရုတ်အမျိုး သား ၂၄
သန်းကျော်သည် အိမ်ထောင်ဖက်ရှာဖွေ၍ ရနိုင်တော့မည် မဟုတ်ကြောင်း
တရုတ်လူမှုသိပ္ပံအကယ်ဒမီ က ပြောကြားခဲ့သည်။ မွေးကင်းစကလေး အချိုးအစား တွင်
ကျား၊ မ အချိုးမညီမျမှု ပြဿနာ သည် တရုတ်ရင်ဆိုင်နေသော အရေးကြီးသည့်
ဒီမိုဂရက်ဖစ်(လူဦးရေ) ပြဿနာဖြစ်ကြောင်း Chinese Academy of Social
Sciences ကပြောကြား ခဲ့သည်။ ထို့ပြင် ကျေးလက်ဒေသများ တွင်
လူပျိုများပိုလျံနေသောကြောင့် ရာဇ၀တ်မှုများနှင့် လူမှုရေးမတည်
ငြိမ်မှုများကို မြင့်တက်စေနိုင်ကြောင်း အဆင့်မြင့်အရာရှိများက
ပြောကြားခဲ့သည်။ လူဦးရေတိုးတက်မှုကို ထိန်းချုပ် ရန်အတွက်''ကလေးတစ်ဦး''
မူဝါဒကို ၁၉၇၈ ခုနှစ်မှစ၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင်
ထည့်သွင်းခဲ့ပြီးနောက် ယောက်ျားလေးကို ပိုမိုလိုလားသော
တရုတ်ဓလေ့ထုံးစံကြောင့် ကျားမအချိုး မညီမျမှုဖြစ်ပေါ်စေခဲ့သည်။ ၁၉၈၀
ပြည့်နှစ်များတွင် မွေး ဖွားလာမည့် ကလေးကို ကြိုတင်သိနိုင်မည့်
ultrasound စနစ်စတင်ကျင့် သုံးခဲ့ပြီးနောက် အမျိုးသမီးသန္ဓေသား ဖျက်ချမှု
မြင့်တက်ခဲ့သည်။ ကလေးတစ်ဦးသာ ယူရမည်ဖြစ်သောကြောင့် မျိုးရိုးကို
ဆက်လက်ထိန်းသိမ်းရန် အတွက် ယောက်ျားလေးမျိုးဆက်ကို သာမိဘများက
ရရှိရန်ကြိုးပမ်းကြတော့သည်။

လူမှုရေးဖွဲ့စည်းပုံနှင့် ကျေးလက်တွင် လူမှုဖူလုံရေးစနစ်မရှိသောကြောင့်
ယင်းပြဿနာမှာ ကျေး လက်တွင် ပိုမိုဆိုးရွားလာခဲ့သည်။ မိန်းကလေး ၁၀၀
ဦးလျင် ယောက်ျားလေး ၁၀၃ ဦးမှ ၁၀၇ ဦး ကြား ကျားမအချိုးသည် ၁၉၈၀
ပြည့်နှစ် မှစ၍ စတင်ပြောင်းလဲလာခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် ကျား ၁၀၈ မ ၁၀၀
အချိုးဖြစ်လာခဲ့ပြီး ၁၉၉၀ ပြည့်တွင် ကျား ၁၁၁ ဦးထိ မြင့်တက်ခဲ့သည်။ ၂၀၀၀
ပြည့်နှစ်တွင် ကျား ၁၁၆၊ မ ၁၀၀ အချိုးဖြစ်လာခဲ့သည်။ ၂၀၀၆ ခုနှစ်ကုန်တွင်
ယင်းအချိုး သည် မ ၁၀၀ ၊ ကျား ၁၂၀ ဒသမ ၄၉ ထိမြင့်တက်ခဲ့ကြောင်း တရုတ်
ကျွမ်းကျင်သူတစ်ဦးက ပြောကြားခဲ့ သည်။ ထို့ကြောင့် ၁၉၈၀ ပြည့်နှစ်
နောက်ပိုင်းမွေးဖွားသူ ယောက်ျားလေး အရေအတွက်သည် ၂၀၀၈ ခုနှစ်ကုန် တွင်
ထိုကာလအတွင်းမွေးဖွားသူ မိန်းကလေးဦးရေထက် ၃၈သန်းကျော် လွန်သွားခဲ့သည်ဟု
ဆိုနိုင်သည်။

အချို့သော တရုတ်ပညာရှင်များက မိသားစုစီမံကိန်း မူဝါဒကိုပြောင်းလဲရန်
အချိန်ကျပြီဖြစ်ကြောင်း ပြောကြား လာကြသည်။ ကိုယ်ဝန်ဖျက်ချမှုမှာ
တရုတ်နိုင်ငံ တွင် တရားဝင်ဖြစ်ပြီး သန္ဓေသား ကျား၊ မသိရှိရန်အတွက်
စစ်ဆေးခြင်း ကို ဆေးဘက်ဆိုင်ရာ အကြောင်းပြချက် မရှိပါက ပိတ်ပင်ထားသည်။
သို့သော် ကျေးလက်ဒေသများတွင် တရားမ၀င် ဆေးခန်းများ၌ ကျား၊မ စစ်ဆေးခြင်း
ကို ဆောင်ရွက်ကြဆဲဖြစ်သည်။ (part) ကျေးလက်ဒေသများတွင် အချို့
မိသားစုများက သမီးမိန်းကလေးမွေး ဖွားလာပါက မှတ်ပုံမတင်ကြပေ။သို့မှသာ
သားယောက်ျားလေးရရှိရန် တရားဝင်ကြိုးပမ်းနိုင်မည်ဖြစ်
သည်။ ယခုအခါ
ကျေးလက်ဒေသများတွင် သမီးမိန်းကလေးတစ်ဦးရှိသော လယ်သမားမိသားစုများကို
ဒုတိယကလေး ထပ်မံရယူခွင့်ပြုထားပြီ ဖြစ်သည်။ သို့သော်လည်း ဆင်းရဲသောဒေသ
များရှိ အမျိုးသားများသည်၂၀၂၀ ပြည့်နှစ်နောက်ပိုင်းတွင် ဇနီး ရှာဖွေ ရာ၌
အခက်အခဲနှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း တရုတ်လူမှုသိပံ္ပအကယ် ဒမီမှ
သုတေသနပညာရှင်Wang Yuesheng က ပြောကြားခဲ့သည်။ ''ကျေးလက်မှာရှိတဲ့ အသက်
၄၀ ကျော် အမျိုးသားတစ်ဦးဟာ လက်ထပ်နိုင်ဖို့ အခွင့်အရေးနည်းသွားမှာပါ။
သူတို့က လူမှုဖူလုံရေးစနစ်အပေါ် ပိုမှီခိုလာရမှာ
ပါ''ဟုဝမ်ယွီရှန်ကပြောကြားခဲ့
သည်။

လောလောဆယ်တွင် တရုတ် လူဦးရေသည် ၁ ဒသမ ၃ ဘီလျံ ရှိနေပြီး ၀ ဒသမ ၆
ရာခိုင်နှုန်းဖြင့် တိုးတက်နေကာ ၂၀၅၀ ပြည့်နှစ်တွင် ၁ ဒသမ ၆
ဘီလျံထိရှိလာမည်ဟု အမေရိကန်နိုင်ငံခြားရေးဌာနက ပြော ကြားခဲ့သည်။ ကျား၊ မ
အချိုးမညီမျလာသော အခါ တရုတ်နိုင်ငံ၏ အချို့အစိတ် အပိုင်းများတွင်
လူကုန်ကူးမှုများ၊ ဖိအားပေး ပြည့်တန်ဆာလုပ်ခိုင်းမှုများ
ထူပြောလာခဲ့ကြောင်း သုတေသန ပညာရှင်များက
ပြောကြားခဲ့သည်။ဖွံ့ဖြိုးမှုနိမ်
့ကျသောတရုတ် အနောက်တောင် ဘက် ယူနန်ပြည်နယ်
နယ်စပ်တွင် လူကုန်ကူးမှုမြင့်တက်လာနေသည်။ ပေကျင်းရှိ အပြည်ပြည်ဆိုင်ရာ
အလုပ်သမားအဖွဲ့ရုံးမှ နည်းပညာအကြံ ပေး Kathleen Speake က ''အမျိုး
သမီးတွေကို အတင်းအကြပ် လက်ထပ်ဖို့အတွက်၊ မွေးစားဖို့အတွက် တရားမ၀င်
လူကုန်ကူးတာကို ကျွန်တော်တို့စောင့် ကြည့်နေပါတယ်''ဟုပြောကြားခဲ့သည်


၂၀၀၀ ပြည့်နှစ်မှ ၂၀၀၇ ခုနှစ် အတွင်းလူကုန်ကူးမှု ၄၄၀၀၀ ကို
စုံစမ်းစစ်ဆေးခဲ့ပြီး အမျိုးသမီးနှင့် ကလေး ၁၃၀၀၀၀ ကို ကယ်ဆယ်ခဲ့ ကြောင်း
ပေကျင်းရှိ UNICEF အရာ ရှိ Kirsten di Martino ကပြောကြား ခဲ့သည်။
နယ်စပ်တွင် အိမ်ထောင်ရေး အောင်သွယ်ပွဲစားများ အမြောက်အမြားရှိနေပြီး
အချို့မှာလူကုန်ကူး သူများဖြစ်သည်။ ဒေသခံတရုတ်အမျိုးသမီး တစ်ဦးလျင်
ဒေါ်လာ ၇၃၀၀ ခန့် စရိတ်ကုန်ကျပြီး မြန်မာမိန်းကလေးတစ်ဦး လျင်ဒေါ်လာ ၃၀၀၀
အောက် ကုန်ကျ ကာ ပွဲစားခ ဒေါ်လာ ၄၄၀ ခန့်ရရှိ ကြောင်း
အိမ်ထောင်ရေးအောင်သွယ် အမျိုးသမီးတစ်ဦးက ပြောကြားခဲ့သည်။ တရုတ်၏ ကျား၊ မ
အချိုးမညီမျမှု သည် အိမ်နီးချင်းနိုင်ငံများမှ အမျိုး သမီးများကို
လူကုန်ကူးမှုပိုမိုဖြစ်ပေါ် စေသော အကြောင်းရင်းတစ်ခုဖြစ် သည်။ တရုတ်အစိုးရက
လူကုန်ကူးမှု ကို တိုးမြှင့်နှိမ်နှင်းနေပြီး ယမန်နှစ် ဧပြီလမှစ၍
ကိုးလနီးပါးအတွင်း ကလေးငယ် ၃၄၅၅ ဦးနှင့် အမျိုး သမီး ၇၃၆၅ ဦးကို
လွှတ်ပေးနိုင်ခဲ့ ကြောင်း တရုတ်ပြည်သူ့လုံခြုံရေး ၀န်ကြီးဌာနမှ
တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ AungNaingWin

အချစ်နဲ့အချစ်ကြား အကွာအဝေးAffectionsOfOldFather

2:43 PM Posted In Edit This 0 Comments »
သူ့အသက် (၁ဝ)နှစ်

အရက်သောက်မထားရင် အဖေက စကားနည်းပြီး ဆိတ်ဆိတ်နေတတ်သူဖြစ်တယ်။
သူ(၁ဝ)နှစ်အရွယ်မှာ အဖေကို သူစမုန်းတတ်ခဲ့တယ်။ အဲဒီနှစ်က
အရက်တွေသောက်ပြီး အမူးလွန်နေတဲ့အဖေဟာ အမေကို ရက်ရက်စက်စက်
ရိုက်နှက်ခဲ့တယ်။ အမေအရိုက်ခံရတာကို သူနဲ့မောင်လေး
ထောင့်တစ်နေရာမှာရပ်ပြီး ကြည့်နေခဲ့တယ်။ နုနယ်တဲ့သူ့ရဲ့စိတ်ထဲမှာ
ထူထည်းတဲ့အနာတရတွေက မုန်းတီးခြင်းအဖြစ် အရေပြားမွေးညင်းတွေအထိ
ကူးစက်ရှင်သန်ခဲ့တယ်။

အဖေက ရွာသူကြီးပါ။ သာမန်ရွာသူရွာသားတွေရဲ့ အမြင်မှာ အဖေက
အကြီးအကဲတစ်ဦးဆိုပေမယ့် စာဖတ်များတဲ့ သူ့အမြင်မှာတော့ အဖေက
အဆင့်တစ်ဆင့်မြင့်တဲ့ ခေါင်းဆောင်ပဲဖြစ်ခဲ့တယ်။ အဖေထက် ရာထူးကြီးသူတွေ
အများအပြားရှိကြောင်း သူသိထားလို့ဖြစ်တယ်။ ဒါကြောင့် ရွာထဲက
ကိစ္စသေးသေးမွှားမွှားလေးလုပ်ပြီး အာ.. ဒါက ဥပဒေအရ၊ ဒါက အထက်အမိန့်အရနဲ့
ဂုဏ်ယူဝင့်ကြွားတတ်တဲ့အဖေကို သူကြည့်မရခဲ့ဘူး။

"အဖေဟာ ဘာမှနားမလည်တဲ့ ရွာသူကြီးတစ်ဦးဖြစ်တယ်။ သူ့ကိုမုန်းတယ်" လို့
နေ့စဉ်မှတ်တမ်းမှာ သူရေးမှတ်ခဲ့တယ်။

အဖေက အရက်ကြိုက်သူဖြစ်တယ်။ ရွာထဲမှာ တစ်ခုခုလုပ်ရင် အဖေကိုအရင်ဖိတ်ကြတယ်။
ဒီလိုကိစ္စမျိုးမှာ အဖေက တတပ်တအား ပါဝင်ကူညီတတ်တယ်။ အရက်သောက်ထားတဲ့အဖေဟာ
ရွာသားတွေနဲ့ဝိုင်းဖွဲ့ပြီး မျက်ထောင့်နီကြီးနဲ့
ရှုံးသူအရက်သောက်စတမ်းဆိုတဲ့ ကစားနည်းတွေ ကစားနေတတ်တယ်။ ကစားနည်းတွေကို
သူနားမလည်ပေမယ့် အဲဒီအပြုအမှုတွေကို ရွံမုန်းစရာကောင်းတယ်လို့
သူထင်ခဲ့တယ်။

အဖေက ရပ်ရွာအဖွဲ့ဝင်တွေကို အိမ်မှာ ထမင်းဖိတ်ကျွေးတတ်တယ်။ အဲဒီအခါ အမေက
အိမ်ထဲအိမ်ပြင် အလုပ်များပြီး အဲဒီလူတွေကို ကျွေးမွေးဧည့်ခံရတယ်။
အဲဒီလူတွေကို သူကြည့်မရခဲ့ဘူး။ သူတို့တွေက သူစာကျက်၊ စာရေးလို့မရအောင်
လာဖျက်ဆီးသူလို့ သူထင်ခဲ့တယ်။ ဒါကြောင့် ကြီးလာရင် အဖေ့လိုဘယ်တော့မှ
မလုပ်ဘူးလို့ သူဆုံးဖြတ်ခဲ့တယ်။

အဖေကို မုန်းတီးတဲ့စိတ်နဲ့ ငယ်ငယ်လေးတည်းက အဖေကို သူပြန်ပြောတတ်ခဲ့တယ်။
တစ်ခွန်းမကျန် ခွန်းတုန့်ပြန်တတ်ခဲ့တယ်။ အဲဒီအပြုအမှုတွေက
အကျင့်တစ်ခုအဖြစ် သူသွေးကြောထဲမှာ စီးဆင်းနေခဲ့တယ်။ အဖေပြောတာတွေကို
ဆင်ခြေရှာပြီး သူငြင်းဆန်ခဲ့တယ်။ အဖေက သူ့ကိုစူးစိုက်ကြည့်ပြီး "ငါ
ရိုက်လိုက်ရ" လို့ အော်တဲ့အချိန် ခေါင်းမော့ပြီး အဖေကို
သူပြန်အာခံကြည့်တတ်ခဲ့တယ်။ ဒါပေမယ့် အဖေမျက်လုံးထဲက သူနားမလည်တဲ့၊
သူ့ကိုကြောက်ရွံစေတဲ့အရာတွေက သုံးလေးစက္ကန့်အတွင်းမှာ သူ့ခေါင်းကို
ပြန်ခေါင်းငုံ့စေခဲ့တယ်။

အိမ်နီးချင်းတွေက အဖေ့ကို "ခင်ဗျားသမီးက ငယ်ငယ်လေးနဲ့ ထက်တယ်နော်"
လို့ပြောရင် အဖေက "အသုံးကျမှာ မဟုတ်ဘူး... ပြန်အာခံဖို့ပဲတတ်တယ်" လို့
ကြမ်းကြမ်းတမ်းတမ်းပြောတယ်။ ဒါကို သူကြားတော့ အဖေကို ပိုမုန်းခဲ့မိတယ်။

သူ့အသက်(၁၈)နှစ်

မြို့ပေါ်မှာ သူအထက်တန်းတက်ခဲ့တယ်။ တစ်ပတ်ဒါမှမဟုတ် နှစ်ပတ်နေမှ
သူအိမ်တစ်ခေါက်ပြန်တယ်။

အဖေက ရွာထဲမှာ ရွာသူကြီးလုပ်နေဆဲမို့ အိမ်ပြန်တိုင်း အဖွဲ့ဝင်တွေနဲ့
အရက်ဝိုင်းသောက်နေတတ်တဲ့အဖေကို သူတွေ့ရတယ်။ ဒါကို ရွံရှာတဲ့သူက
အိမ်ထဲမှာအောင်းနေရတာက အိမ်ပြင်မှာ အရက်သောက်ပြီးနီမြန်းတဲ့ မျက်နှာနဲ့
ပြုံးရယ်နေတဲ့ အဖေမျက်နှာကို မြင်ရတာထက် ကောင်းတယ်လို့ သူတွေးထင်ခဲ့တယ်။

အဖေအရက်သောက်လေ အမေကို သူသနားလေဖြစ်ခဲ့တယ်။ အမေက အမြဲတမ်း
အဖေခိုင်းသမျှကို ဘာတစ်ခွန်းမှ ပြန်မပြောရဲဘဲ မငြိုမငြင်လုပ်ပေးခဲ့ရတယ်။
သူကြီးလာရင် အမေလိုမဖြစ်စေရဘူး၊ အဖေလိုယောက်ျားမျိုးကို မရှာဘူး၊
အပြင်မှာ မကျေနပ်ခဲ့တာတွေကို အမေ့အပေါ်ဒေါသတွေ စုပုံတတ်တဲ့လူမျိုးကို
မရှာဘူးလို့ သူ အဓိဋ္ဌာန်ချခဲ့တယ်။

ကျောင်းပိတ်ရက်ရောက်တိုင်း စာကျက်စရာရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့
သူအိမ်မပြန်ခဲ့တော့ဘူး။ အသုံးစရိတ်ပြတ်မှ အိမ်တစ်ခေါက် သူပြန်တတ်ခဲ့တယ်။
အဖေနဲ့ သူစကားပြောနည်းခဲ့သလို အဖေကလည်း သူနဲ့စကားသိပ်မပြောခဲ့ဘူး။
အိမ်ပြန်တဲ့အချိန် အိမ်မှာအမေရှိမနေခဲ့ရင် ဆင်ခြေတစ်ခုခုရှာပြီး အိမ်ကနေ
သူချက်ချင်းပြန်ထွက်ခဲ့တတ်တယ်။ အမေမရှိတဲ့အချိန် အဖေနဲ့အိမ်ထဲမှာ
သူအတူရှိမနေချင်ခဲ့ဘူး။

တစ်ခါတလေ အလုပ်ကိစ္စနဲ့ အဖေမြို့တက်ခဲ့ရင် ကျောင်းမှာသူ့ကိုလာကြည့်တတ်တယ်။
ဧည့်ခန်းဆောင်မှာ နေ့ဝက်လောက်ထိ သူ့ကိုထိုင်စောင့်တတ်တဲ့ အဖေကို
သူတွေ့ပေမယ့် ဝမ်းသာအားရနှုတ်ဆက်တာမျိုး သူ့မှာ မရှိခဲ့ဘူး။
စာသင်ခန်းထဲကနေ လေးလေးသွဲ့သွဲ့ထွက်လာပြီး "အော်.. အဖေ ရောက်နေတာလား"
လို့ပဲ သူပြောတတ်ခဲ့တယ်။

အဖေကလည်း သူ့ကိုတွေ့ပေးမယ့် ရင်းနှီးဟန်မပြခဲ့ဘူး။ "အေး... နင့်အမေက
လာကြည့်ခိုင်းလို့ လာခဲ့တယ်။ အဆင်ပြေရဲ့လား"လို့ ဝတ်ကျေတမ်းကျေပြောပြီး
တံခါးစောင့်အဘိုးအိုနဲ့ ပြောလက်စ စကားကို ဆက်ပြောနေတတ်တယ်။

သမီးနဲ့အမေ စိတ်ချင်းဆက်ဆိုသလို အမေကို သူသတိရလိုက်မိတယ်။
အဖေသူ့ကိုလာတွေ့တာက အမေခိုင်းလိုက်လို့ပဲဖြစ်မယ်။ သူအိမ်ပြန်တိုင်း
တံခါးဝမှာ သူပြန်အလာကို စောင့်မျှော်နေတတ်တဲ့ အမေကို သူမြင်ယောင်မိတယ်။
ဒီလိုအချိန်မျိုးမှာ သူ့မျက်ထောင့်က စိုစွတ်လာတတ်တယ်။

"အေး.. စာကြိုးစား ငါပြန်တော့မယ်"

အဖေရဲ့စကားက ဒီလောက်ပဲလွယ်ကူလွန်းခဲ့ပါတယ်။ အဖေ့စိတ်ထဲမှာ ဒီသမီးအတွက်
နေရာရှိခဲ့မှာ မဟုတ်ဘူးလို့ သူထင်တယ်။ ကားပေါ်တက်ပြီး
တံခါးစောင့်အဘိုးအိုကို လက်ပြပြီး အဖေအားရပါးရ နှုတ်ဆက်တယ်။ သူ့ကိုတော့
တစ်ချက်ပဲကြည့်ပြီး အဖေထွက်သွားခဲ့တယ်။ တစ်ခါတလေ အဖေက အမေထည့်ပေးလိုက်တဲ့
အသုံးစရိတ်တွေ သူ့ကိုပေးတတ်တယ်။ အမေကို သူပိုကျေးဇူးတင်မိပြီး အဖေကိုတော့
သူတော်ကောင်းယောင်ဆောင်သူလို့ နေ့စဉ်မှတ်တမ်းမှာ သူရေးမှတ်ခဲ့တယ်။

တက္ကသိုလ်ဝင်ခွင့်စာရွက် အမေကိုသူပြတော့ အမေက စိတ်လှုပ်လှုပ်ရှားရှားနဲ့
စာရွက်ကို ပွတ်သပ်ကြည့်နေခဲ့တယ်။ အဖေ့ကိုအမေပြတော့ အဖေမျက်နှာပေါ်က
ပြောင်းလဲမှုတချို့ကို သူသတိထားမိလိုက်တယ်။ အဖေ့အတွက်
ဂုဏ်ယူဝင့်ကြွားစရာတစ်ခု ရသွားပြီလို့ သူထင်လိုက်တယ်။ တုန်ယင်နေတဲ့
နှုတ်ခမ်းထောင့်စွန်းနဲ့ အဖေစကားတစ်ခွန်း ပြောလိုက်တယ်။

"တကယ်ပဲကွာ!"

အဖေရဲ့စကားကို သူသဘောမပေါက်ခဲ့ဘူး။ နောက်ရက်တွေမှာတော့
အိမ်နီးချင်းတွေနဲ့ ဂုဏ်ပြုစားပွဲလေးတစ်ခု လုပ်ခဲ့ကြတယ်။

"ခင်ဗျားသမီး ထက်တယ်လို့ ကျုပ်ပြောခဲ့တာ မှန်တယ်မဟုတ်လား!"
အိမ်နီးချင်းရဲ့ အပြောစကားကြားမှာ အဖေရဲ့ချီးမြှောက်သံကို
သူကြားချင်နေခဲ့မိတယ်။ ဒါပေမယ့် အဖေရယ်သံကိုပဲ မျှော်လင့်ချက်မဲ့စွာ
သူကြားခဲ့ရတယ်။

ကျောင်းတက်ဖို့ ကားဂိတ်အထိ သူ့ကိုအဖေလိုက်ပို့ခဲ့တယ်။ ကားထွက်ခါနီး အဖေက
"ကားထွက်တော့မယ်။ စကားတွေ သိပ်မပြောတော့ဘူး။ ကျောင်းရောက်တာနဲ့
ဖုန်းချက်ချင်းဆက်ခဲ့နော်.. နင့်အမေ သတိရနေလိမ့်မယ်" လို့ပဲပြောခဲ့တယ်။

နှုတ်ခမ်းကို ပြတ်မတတ်သူကိုက်မိတယ်။ သမီးဆိုတာ အမေရဲ့အသားတစ်တုံးပဲလေ
မလွမ်းဘဲနေပါ့မလား?

သူ့အသက် (၂၇)နှစ်

ကျောင်းပြီးတော့ မြို့က ကုမ္ပဏီတစ်ခုမှာ သူအလုပ်ဝင်ခဲ့တယ်။ အလုပ်ဝင်ပြီး
ကျောင်းတုန်းကချစ်သူနဲ့ သူလက်ထပ်ခဲ့တယ်။ သူလက်ထပ်တော့ အဖေက ရွာအိမ်အထိ
သူ့ကိုလာတောင်းဖို့ ကောင်လေးကို ပြောခဲ့တယ်။ ကောင်လေးအိမ်က
မချမ်းသာတဲ့အပြင် ကားလည်းမရှိတာကြောင့် မိုင်(၂ဝဝ)ကျော်ဝေးတဲ့ ရွာအထိ
သူမသွားစေချင်ခဲ့ဘူး။ ဒါကို အဖေကိုပြောပြတော့ အဖေကလက်မခံခဲ့ဘူး။
ရိုးရာအတိုင်း မိဘအိမ်အထိ သမီးရှင်ကိုလာတောင်းဖို့ပဲ ပြောခဲ့တယ်။

ချစ်သူကောင်လေးကို ဒီအကြောင်းပြောပြတော့ သူတို့က ပျော်ပျော်ရွှင်ရွှင်နဲ့
"အင်း.. ပိုက်ဆံနည်းနည်း ပိုကုန်သွားတာလေးပဲ ဒါကောင်းတယ်" လို့
လက်ခံခဲ့တယ်။

သူ့ကိုလာတောင်းတဲ့နေ့က အဖေအစောကြီးနှိုးနေခဲ့တယ်။ သတိုးသမီးကြိုတဲ့ကားပေါ်
သူရောက်တော့ အဖေ့ကို သူမတွေ့ခဲ့တော့ဘူး။ အမေတစ်ယောက်ပဲ
သူ့ကိုကားပေါ်ပို့ခဲ့တယ်။ ကားပေါ်ရောက်လို့ မောင်လေးကို "အဖေရော" လို့
သူမေးတော့ "အဖေလား မျက်ရည်တစမ်းစမ်းနဲ့ အိမ်နောက်ဖေးထဲ
ဝင်သွားလိုက်တာတွေ့တယ်" လို့ ပြောတယ်။ သူ့ရင်ထဲ စူးခနဲဖြစ်သွားမိတယ်။
သူတို့ရှေ့မှာ အဖေမျက်ရည်ကျတာကို သူတို့တစ်ခါမှ မတွေ့ခဲ့ဖူးဘူး။

မင်္ဂလာကားပေါ်ရောက်သွားတဲ့ သတိုးသမီးက ကားအောက်ပြန်မဆင်းရဘူးဆိုတဲ့
အယူထုံးစံကြောင့် အဖေကို သူမတွေ့ခဲ့ရဘူး။ ခြံပြင်ဘက်
ဝေးဝေးတစ်နေရာရောက်မှ အိမ်နောက်ဖေးမှာ ကျုံ့ကျုံ့လေးထိုင်နေပြီး
မျက်နှာကို လက်ဖဝါးနဲ့ပွတ်သပ်နေတဲ့ အဖေရဲ့ခပ်ပါးပါးအရိပ်ကို
သူလှမ်းမြင်လိုက်တယ်။ ကားတဖြေးဖြေးဝေးသွားတော့ အဖေ့အရိပ်ကလည်း
မှုန်ဝါးဝါးအဖြစ်နဲ့ ကျန်ရစ်ခဲ့တယ်။

အိမ်ထောင်ကျစရက်တွေမှာ သူပျော်ရွှင်နေခဲ့လို့ အိမ်ပြန်တဲ့ရက်တွေ
ပိုနည်းသွားခဲ့တယ်။ အိမ်ကိုဖုန်းဆက်ခဲ့ပေမယ့် အမေကပဲ ဖုန်းလာကိုင်တယ်။
တစ်ခါတလေ ဖုန်းတစ်ဘက်မှာ "သမီးရဲ့ဖုန်း သမီးနဲ့ပြောအုန်းမလား" ဆိုတဲ့
အဖေကို လှမ်းမေးတဲ့အသံ ကြားတတ်ရတယ်။

အဖေက ဖုန်းကောက်ကိုင်ပြီး စက္ကန့်ပိုင်းလောက်တော့ တိတ်ဆိတ်နေတတ်တယ်။
ပြီးမှာ "အလုပ်အကိုင် အဆင်ပြေရဲ့လား? နေထိုင်လို့ ကောင်းရဲ့လား?"
လို့မေးတတ်တယ်။ အဖေ့အမေးကို "ကောင်းတယ်"လို့ တစ်ခွန်းပဲ သူဖြေတတ်ခဲ့တယ်။
အဖေ့အသံတွေ တစ်နေ့တစ်ခြား အိုစာသွားတာကို သူစိတ်မကောင်းစွာ
သတိထားခဲ့မိတယ်။

"အဖေအိုပြီ။ ကျွန်မကြီးပြင်းခဲ့ပြီ။ အဖေကို အရင်က ကျွန်မမုန်းခဲ့ဖူးတယ်။
ခုချိန်မှာတော့ အဖေ့ခေါင်းပေါ်က ပိုဖြူလာတဲ့ဆံပင်တွေကို ကြည့်ရင်း
ဘယ်ဆံပင်ဖြူကများ အနားမှာမရှိတဲ့ ဒီသမီးကို လွမ်းဆွတ်ပြီးဖြူတာလဲလို့
ကျွန်မတွေးခဲ့ဖူးတယ်" လို့ နေ့စဉ်မှတ်တမ်းမှာ သူရေးမှတ်ခဲ့တယ်။

သူ့အသက် (၃၂)နှစ်

မောင်လေးလည်း တက္ကသိုလ်ရောက်တော့ အိမ်ကလယ်တွေလည်း လျှော့နည်းကုန်တယ်။
ဆောင်းဦးမှာ အဖေက သူနဲ့မြေးကိုလာကြည့်မယ်လို့ ဖုန်းဆက်တယ်။
လင်ယောက်ျားခရီးထွက်နေတာကြောင့် အိမ်မှာသူတစ်ယောက်တည်း ရှိနေခဲ့တယ်။
မနက်ရောက်မယ်ဆိုတဲ့ အဖေက နေ့လယ်ရောက်တဲ့အထိ ပေါ်မလာခဲ့သေးဘူး။ ကလေးကို
ဘေးအိမ်မှာအပ်ခဲ့ပြီး အဖေ့ကို ကားဂိတ်မှာသူသွားရှာခဲ့တယ်။
ကားဂိတ်ရောက်တာနဲ့ လူတွေဝိုင်းအုံ့နေတဲ့ တစ်နေရာကို သူတွေ့မိတယ်။

"တောကတက်လာတဲ့ အဘိုးအိုတစ်ယောက် ကားပွတ်မိလို့တဲ့" လူတွေရဲ့စကားကြောင်း
လူအုပ်ကြားထဲ သူအတင်းတိုးဝင်ကြည့်မိတယ်။ ကားသမားနဲ့
လျှော်ကြေးကိစ္စငြင်းခုန်နေတဲ့ အဘိုးအိုကိုတွေ့တော့ သူအော်ငိုပြီး
ပြေးဝင်သွားမိတယ်။ ငိုနေတဲ့သူ့ကို ကြောင်ကြည့်နေတဲ့ အဘိုးအိုကိုတွေ့တော့
သူရယ်မိပြန်တယ်။

"ဒီမိန်းမ ဘာဖြစ်တာလဲ?" လူတွေရဲ့အမေးကို သူရှက်ရယ်ရယ်ရင်း လူအုပ်ကြားထဲက
ပြန်တိုးထွက်လာတော့ တစ်နေရာမှာရပ်နေတဲ့ အဖေကို သူလှမ်းမြင်လိုက်တယ်။

"အဖေ.. အဖေ ဘာမှမဖြစ်ဘူးနော်" ပါးပေါ်က မျက်ရည်တွေကိုသုတ်ရင်း သူမေးခဲ့တယ်။

သူမျက်ရည်ကျတာကိုတွေ့တော့ အဖေက အားနာဟန်နဲ့ လက်ထဲကလက်ဆောင်တွေကို
ကိုင်မြှောက်ပြီး....

"တစ်မနက်လုံး ဈေးထဲပတ်နေတာ.. ဘာလက်ဆောင်ဝယ်ရမလဲ မသိဘူး။ ဒါကို
ငါ့မြေးလေး ကြိုက်မယ်ထင်တယ်" လို့မေးတယ်။ အဖေ့လက်ထဲက
အထုပ်ကြီးငယ်တွေကိုကြည့်ပြီး သူရယ်မိတယ်။

"အဖေ.. လက်ဆောင်တွေ ဝယ်စရာမလိုဘူးလေ" သူ့ရင်ထဲ နာကျင်နေမိတယ်။ သူ့ရှေ့က
ရှက်ရယ်ရယ်နေတဲ့ အဖေကို သူအားရပါးရဖက်ပြီး ငိုချင်ခဲ့မိတယ်။

လမ်းမဘက်ရောက်တော့ နေရောင်ထိုးနေတဲ့ အဖေ့နောက်ကျောကိုကြည့်ပြီး
ဘယ်အချိန်ကစပြီး အဖေ့ရဲ့ခါးတွေကုန်းခဲ့မှန်း သူမသိခဲ့ဘူး။ လမ်းပေါ်ကကားတွေ
သတိထားစွာ အဖေရှောင်နေခဲ့ပေမယ့် မျက်စိက သူ့ဆီရောက်နေခဲ့တယ်။ ပါးစပ်ကလည်း
"သတိထား... ကြည့်စမ်း ကြည့်စမ်း .. လမ်းလျှောက်တာတောင် ကားတွေကို
သတိမထားဘူး" လို့ သူ့ကို သတိပေးနေခဲ့တယ်။

"အဖေ... တောကလူတွေ ခွေးမကြောက်သလို မြို့ကလူတွေက ကားမကြောက်ဘူး" လို့
သူပြောတော့ မျက်ထောင့်စွန်းတွေ ကွေးညွှတ်တဲ့အထိ အဖေရယ်တယ်။
အဖေ့မျက်ထောင့်မှာ ကြိုးစသဏ္ဍာန် အရစ်အကြောင်းတွေက စွန်းထင်းလို့....

မြေးကိုတွေ့တော့ အဖေက ကလေးနဲ့တူသွားပြန်တယ်။ မြေးကို ရင်ခွင်ထက်မှာ
ထွေးပွေ့ပြီး "ငါ့မြေးလေး.. ငါ့မြေးလေးကို အဘိုးအချစ်ဆုံးပဲ" လို့ဆိုတယ်။
အဖေ့မျက်လုံးအိမ်ထဲက မေတ္တာရည်တွေဟာ အပြင်ကို စီးကျလုလုဖြစ်နေခဲ့တယ်။

မြင်ကွင်းကြောင့် သူတစ်ချက်ငေးကြောင်သွားမိတယ်။ ငယ်ငယ်တုန်းက သူ့ကိုလည်း
ရင်ခွင်ထဲဆွဲသွင်းပြီး အဖေပွေ့ဖက်တာကို မြင်ယောင်မိတယ်။
မုတ်ဆိတ်မွေးတွေနဲ့ သူ့မျက်နှာကို အဖေပွတ်သပ်ကျီစယ်ခဲ့တာကို သူသတိရမိတော့
ရင်ထဲနာကျင်လာပြန်တယ်။ အိပ်မက်မကောင်းရင် သူ့ဆီဖုန်းမြန်မြန်ဆက်ဖို့
အမေကို အဖေပြောတတ်တယ်ဆိုတဲ့ အမေ့စကားကိုလည်း သူကြားယောင်လာမိတယ်။

"သမီးအဖေက သမီးကိုသတိရတိုင်း အမေကိုပဲ လွဲချတတ်တယ်" ဆိုတဲ့ အမေစကားကို
ကြားယောင်ရင်း မျက်ရည်တွေ ပါးပြင်ပေါ် စီးကျမလာခင် အဖေ့အတွက်
ထမင်းပြင်ပေးမယ်ဆိုတဲ့ဆင်ခြေနဲ့ မီးဖိုဘက် သူလှည့်ထွက်လာခဲ့ပြီး အားရပါးရ
ငိုချခဲ့မိတယ်။

"အချစ်နဲ့အချစ်ကြား အကွာအဝေးကို အမြဲမမြင်နိုင်ခဲ့ဘူး။
ရုတ်တရက်မြင်နိုင်ခဲ့ရင်လည်း အဲဒီအကွာအဝေးက
ဖခင်ရဲ့ချစ်ခြင်းမေတ္တာပဲဖြစ်တယ်
။ ဒါမှမဟုတ် ထုတ်ဖော်မပြောတတ်တဲ့
ဂရုစိုက်မှုပဲဖြစ်မယ်" လို့ အဲဒီည နေ့စဉ်မှတ်တမ်းမှာ သူချရေးဖြစ်ခဲ့တယ်။
aungNaingwin