အဝေးထိန်းစနစ်ဖြင့် ဖုန်း Sim Card အား Lock ချနိုင်

3:10 PM Posted In Edit This 0 Comments »

မိုဘိုင်းဖုန်းများတွင် အဝေးမှထိန်းချုပ်မှုစနစ်တစ်ခုဖြင့် ဖုန်း၏ Sim Card အား Lock ချနိုင်မည်ဖြစ်ကြောင်း သိရသည်။


ယင်းကဲ့သို့ Sim Card အား Lock ချရာတွင် SMS စနစ်ဖြင့် Lock
ချခြင်းဖြစ်ခြင်းကြောင့် ဖုန်းနှင့် အကွာအဝေး
မည်မျှသို့ရောက်ရှိနေသည်ဖြစ်စေ ဖုန်းလိုင်းမိနိုင်သော နေရာမှန်သမျှမှနေ၍
မိမိဖုန်းအား လှမ်းကာ Lock ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ယင်းစနစ်မှာ
ဖုန်း၏ Sim Card အား Lock ပြုလုပ်ခြင်းဖြစ်သောကြောင့် ဖုန်းတစ်ခုလုံးအား
ပိတ် ထားနိုင်မည်ဖြစ်သည့်အပြင် ယင်းကဲ့သို့ Lock ချထားသော Sim Card အားAlign Center
အခြားမည်သည့်ဖုန်း များတွင်မဆို ထည့်သွင်းအသုံးပြု၍မရနိုင်ကြောင်း သိရသည်။
ထို့ကြောင့် မိမိတို့၏ဖုန်းများ ပျောက် ဆုံးခဲ့လျှင်သော်လည်းကောင်း၊
မေ့ကျန်နေခဲ့လျှင်သော်လည်းကောင်း အကောင်းဆုံး Security စနစ်တစ်ခုအဖြစ်
အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ ၎င်းစနစ်မှာ ဟန်းဆက်အတွင်းတွင်ပါဝင်သော
စနစ်တစ်ခုဖြစ်ပြီး Remote Lock ဟူသော စနစ်ဖြစ်ကာ Nokia ၏ N97
ဟန်းဆက်အတွင်းတွင်သာ ယင်းစနစ်ပါဝင်ကြောင်းသိရသည်။ ၎င်းစနစ်အား အသုံးပြုလိုပါက
ဖုန်းအတွင်းတွင်ရှိသော Remote Lock Function အတွင်းသို့ဝင်လိုက်ပါက ယင်း
စနစ်မှနေ၍ SMS စနစ်အတွင်းတွင် SMS တစ်စောင်အား ရိုက်ခိုင်းမည်ဖြစ်ပြီး ယင်း
SMS နေရာတွင် စာလုံးနှင့် ဂဏန်းအလုံးရေ နှစ်ဆယ်ထိရိုက်နိုင်မည်ဖြစ်ကာ
သတ်မှတ်ထားသော စာလုံးအရေအတွက်အတွင်းတွင် မိမိရိုက်လိုသော
မှတ်သားလိုသောစာလုံးနှင့် ဂဏန်းများအား Password အနေဖြင့်
မှတ်သားထားနိုင်မည်ဖြစ်သည်။ ယင်းကဲ့သို့ မှတ်သားပြီးပါက ယင်းစနစ်အား
ဖုန်းအတွင်းတွင်ဖွင့်ထားပြီး အသုံးပြုနိုင်မည်ဖြစ်ကာ
မိမိဖုန်းပျောက်ဆုံးခဲ့လျှင်သော်လည်းကောင်း၊
မေ့ကျန်နေခဲ့လျှင်သော်လည်းကောင်း ရောက်ရှိရာနေရာမှနေ၍ မိမိဖုန်းသို့ SMS
Message တစ်စောင်အား မိမိရိုက်ခဲ့စဉ်က မှတ်သားထားခဲ့သော စာလုံးများအတိုင်း
အခြားဖုန်းတစ်လုံးမှ ရိုက်ကာပို့လိုက်ပါက SMS လက်ခံသောဖုန်းမှ Message အား
Remote Lock စနစ်မှစစ်ဆေးကာ တူညီပါက ဖုန်းအားသူ့အလိုလို Lock
ချပစ်လိုက်နိုင်မည် ဖြစ်သည်။ ဖုန်းများအား Lock ချရာတွင် အဝေးမှနေ၍ Lock
ချနိုင်မည့်စနစ်တစ်ခုဖြစ်ကြောင်း သိရသည်။

ထိုက်တန်တဲ့ အောင်မြင်မှုဟု မော်ရင်ဟို ပြောဆို

2:29 AM Posted In Edit This 0 Comments »
ထိုက်တန်တဲ့ အောင်မြင်မှုဟု မော်ရင်ဟို ပြောဆို


အင်တာ အသင်း နည်းပြ ဖြစ်သူ မော်ရင်ဟိုက မိမိတို့ အနေဖြင့် ယမန်နေ့တွင် ဘာစီလိုနာ အသင်းကို ကျော်ဖြတ်ပြီး ချန်ပီယံလိဂ် ဖိုင်နယ် အဆင့်သို့ တက်ရောက် နိုင်ခြင်းမှာ ထိုက်တန်သည့် အောင်မြင်မှု တစ်ခုပင် ဖြစ်ကြောင်း ပြောဆို လိုက်သည်။
ယမန်နေ့ပွဲအပြီးတွင် အဆိုပါ ပေါ်တူဂီသား နည်းပြမှာ အင်တာ ပရိသတ်များ .... ကစားသမားများ .... နှင့်အတူ အလွန်အကျွံ အောင်ပွဲခံရင်း ဘာစီလိုနာမှ ဂိုးသမား ဖြစ်သူ ဗဲလ်ဒက်စ်နှင့် အချင်းများခဲ့သည်။ အင်တာ အသင်းမှာ ချန်ပီယံလိဂ် လက်ရှိ ချန်ပီယံ ဘာစီလိုနာကို ဆီမီးဖိုင်နယ် အဆင့်တွင် နှစ်ကျော့ပေါင်း ရလဒ် ၃း၂ ဖြင့် ကျော်ဖြတ် ပြနိုင်ခဲ့ကာ သမိုင်း တစ်လျှောက် နှစ်ပေါင်း ၄၀ ကျော် ကာလအတွင်း ဗိုလ်လုပွဲသို့ ပထမဆုံး အနေဖြင့် တက်ရောက် နိုင်ခဲ့ပြီ ဖြစ်သည်။
အင်တာဗျုး တစ်ခုတွင် မော်ရင်ဟိုက “ကျွန်တော်တို့ဟာ သွေး ... ချွေးနဲ့... ရင်းပြီး သူရဲကောင်းတွေ စုဝေးနေတဲ့ အသင်းပါ။ အခုလို ချန်ပီယံလိဂ် ဖိုင်နယ် အဆင့်အထိ တက်နိုင်တာဟာ ကျွန်တော့်ဘ၀မှာ အကောင်းဆုံး အောင်မြင်မှု တစ်ခုပဲ ဖြစ်ပါတယ်။ အင်တာ အသင်းရဲ့ ဂိုးသမား ဆီဇာဟာလည်း အရမ်းကို တော်ခဲ့ပါတယ်။ ကျွန်တော် အရင် ပေါ်တို အသင်းမှာ ရှိတုန်းကလိုမျိုး တစ်ခါ ပြန်ဖြစ်ဖို့ သေချာ နေပါပြီ။
ဘာစီလိုနာ ဂိုးသမား ဗဲလ်ဒက်စ်ဟာ ပွဲအပြီး ကျွန်တော်ရဲ့ အောင်ပွဲခံတဲ့ ပုံစံကို အပြစ်မြင် နေတဲ့ ပုံပဲ။ ဒါလုံးဝ မဟုတ်ပါဘူး။ အင်တာ ပရိသတ်တွေနဲ့ အတူ ပျော်ရွှင်မှုကို ကျွန်တော် ခံစားချင်တဲ့ ဆန္ဒတစ်ခုပဲ ရှိပါတယ်” ဟု ပြောဆို ခဲ့သည်။

ဆီမီးဖိုင်နယ် ချန်ပီယံလိဂ်ညများ (၂၈-၂၉ )

2:25 AM Posted In Edit This 0 Comments »
ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခဲ့ရသည့် ဘာစီလိုနာ


စပိန်ကလပ် ဘာစီလိုနာ အသင်းမှာ ယမန်နေ့က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယ အကျော့ အိမ်ကွင်း ပွဲစဉ်အဖြစ် အင်တာ အသင်းနှင့် ကစားခဲ့ရာ ၁းဝ ဖြင့် အနိုင် ရခဲ့သော်လည်း နှစ်ကျော့ပေါင်း ရလဒ် ၂း၃ အရ ပြိုင်ပွဲမှ ထွက်လိုက်ရပြီ ဖြစ်သည်။
ပြီးခဲ့သည့် ပထမအကျော့ အဝေးကွင်းတွင် ကစားစဉ်က ဘာစီလိုနာမှာ အိမ်ရှင် အင်တာအသင်းကို ၃း၁ ဖြင့် အပြတ်အသတ် အရေးနိမ့် ထားခဲ့သည်။ ယမန်နေ့ ဒုတိယအကျော့ အိမ်ကွင်း ပွဲစဉ်တွင် ဘာစီလိုနာ အသင်းမှာ အားပေးသူ ပရိသတ်ပေါင်း ၉၈၀၀၀ ရှေ့မှောက်ဝယ် အင်တာအသင်း ဘက်ကို ဖိအား ပေးခဲ့သော်လည်း ပြိုင်ဘက် အသင်း၏ မာကျောလှသည့် ခံစစ်ကြောင့် ဒုတိယပိုင်း ၈၄ မိနစ်မှသာ ဂိုးရရှိခဲ့ပြီး ယင်းဂိုးကို ခံစစ်မှူး ပီကေးက သွင်းယူခဲ့သည်။
ဧည့်သည် အင်တာအသင်းမှ ကွင်းလယ်လူ မော်တာမှာ ယမန်နေ့ ပွဲစဉ်၏ ပထမပိုင်း ၂၈ မိနစ်တွင် နှစ်ဝါ တစ်နီဖြင့် ထုတ်ပယ် ခံခဲ့ရသည်။ ယမန်နေ့ ပွဲရလဒ်အရ ဥရောပ ပြိုင်ပွဲ သမိုင်းတစ်လျှောက် နှစ်ပေါင်း ၄၀ ကျော် ကာလ အတွင်း ပထမဆုံး အနေဖြင့် ချန်ပီယံလိဂ် ဖိုင်နယ်သို့ တက်ရောက် နိုင်ခဲ့သည့် အင်တာ အသင်းမှာ လာမည့် မေလ ၂၂ ရက်နေ့၊ စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ ဘာနေဗျုး ကွင်းကြီးတွင် နောက်ဆုံး ဗိုလ်လုပွဲအဖြစ် ဂျာမန်ကလပ် ဘိုင်ယန်အသင်းနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

ဆီမီးဖိုင်နယ် ချန်ပီယံလိဂ် ညများ (၂၈-၂၉ )

2:22 AM Posted In Edit This 0 Comments »
ဘိုင်ယန် ဖိုင်နယ် တက်ပြီ


ဘိုင်ယန် အသင်းမှာ ယမန်နေ့က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယ အကျော့ ပွဲစဉ်အဖြစ် လိုင်ယွန် အသင်းနှင့် အဝေးကွင်းတွင် ကစားခဲ့ရာ ၀း၃ ဖြင့် အနိုင် ရရှိပြီး နှစ်ကျော့ပေါင်းရ လဒ် ၀း၎ အရ ဖိုင်နယ် အဆင့်သို့ တက်ရောက်သွားပြီ ဖြစ်သည်။
ယင်းမှာ အဆိုပါ ဂျာမန် ကလပ် အတွက် ၂၀၀၁ ခုနှစ်နောက်ပိုင်း ပထမဆုံး အောင်မြင်မှုလည်း ဖြစ်သည်။ ဘိုင်ယန် အသင်းမှာ ပြီးခဲ့သည့် ပထမ အကျော့ အိမ်ကွင်းတွင် ကစားခဲ့စဉ်က လိုင်ယွန်ကို ၁းဝ ဖြင့် အနိုင်ရရှိထားသည်။ ယမန်နေ့ ဒုတိယအကျော့ အဝေးကွင်း ပွဲစဉ်တွင် ဘိုင်ယန် အသင်း အတွက် ဂိုးများကို တိုက်စစ်မှူး အိုလစ်က ပထမပိုင်း ၂၆ မိနစ်၊ ဒုတိယပိုင်း ၆၇ မိနစ်နှင့် ၇၈ မိနစ်များတွင် သွင်းယူသွားခဲ့သည်။
ယမန်နေ့ ပွဲတွင် အိမ်ရှင် လိုင်ယွန် အသင်းမှ ဘရာဇီး နောက်ခံလူ ခရစ္စမှာ ပွဲကစားချိန် ဒုတိယပိုင်း ၅၉ မိနစ်တွင် နှစ်ဝါ တစ်နီဖြင့် ထုတ်ပယ် ခံခဲ့ရသည်။ ယခုနှစ်ရာသီ ချန်ပီယံလိဂ် ဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည့် ဘိုင်ယန်မှာ ယနေ့ညတွင် ယှဉ်ပြိုင် ကစားမည့် ဘာစီလိုနာ-အင်တာ ပွဲစဉ်မှ အနိုင်ရရှိလာမည့် အသင်းနှင့် လာမည့် မေလ ၂၂ ရက်နေ့တွင် ထိပ်တိုက် ရင်ဆိုင်ရမည် ဖြစ်သည်။
ဘိုင်ယန် အသင်းမှာ ပြီးခဲ့သည့် ၂၀၀၁ ခုနှစ် ချန်ပီယံလိဂ် ဖိုင်နယ်တွင် စပိန်ကလပ် ဗလင်စီယာကို ပင်နယ်တီဖြင့် အနိုင်ယူပြီး ဗိုလ်စွဲခဲ့ဖူးသည်။

"Strongest Man in Egypt"

1:27 PM Posted In Edit This 0 Comments »

Smoke grenades, eggs & tomatoes turn Ukraine parliament into battlefield

3:12 PM Posted In Edit This 0 Comments »

Climbing record

3:04 PM Posted In Edit This 0 Comments »

South Korean woman claims 14 peaks climbing record

South Korean female climber Oh Eun-sun on Mount Annapurna in Nepal - April 18 2010
Annapurna is a difficult and dangerous climb

A South Korean climber has reached the top of Annapurna in Nepal and claimed a record for becoming the first woman to scale the world's 14 highest peaks.

Oh Eun-sun was shown live on television planting a South Korean flag on the summit of the mountain.

But there is still a row over Ms Oh's 2009 ascent of another Himalayan peak, with some disputing whether she reached the top.

She is due to be questioned about that climb on her return from Annapurna.

Ms Oh threw her arms up in celebration after crawling on all fours for the final stretch to the summit, the Associated Press news agency reported.

DISPUTED ASCENT: KEY ISSUES
The summit photographs
Sherpas' accounts
Different types of rope
Timing of the ascent
The location of the flag

Poor weather last weekend prevented Ms Oh from reaching the summit of Annapurna, at 26,545 feet (8,091 metres) - a notoriously difficult peak to climb.

Her nearest rival in the 14-peaks quest, Spanish climber Edurne Pasaban, has expressed scepticism about her claim to have reached the summit of Kangchenjunga in 2009.

Ms Oh has denied all the allegations. Her sponsors called a press conference in December 2009 to reassert her claim to have reached the summit.

Graphic of race to top

All climbers who make an ascent from Nepal report to Elizabeth Hawley, an 86-year-old American based in Kathmandu, whose research is recorded in the Himalayan Database.

They have to answer her questions about the climb they have just undertaken.

ဝမ်းမလျှောခင် ကြိုသိထားဖို့

5:23 PM Posted In Edit This 0 Comments »
ရာသီတစ်ခုကုန်ဆုံးလို့ နွေအကုန် မိုးအကူးကို ရောက်ပါတော့မယ်။ သရက်သီးပေါ်ချိန် ဖြစ်သလို ၀မ်းပျက် ၀မ်းလျော ရောဂါတွေ ထကြွချိန်လည်းဖြစ်တယ်။ နောက်တစ်ခုကတော့ သွေးလွန်တုတ်ကွေးပေါ့။ သွေးလွန်တုတ်ကွေး ကာကွယ်ရေး ခြင်နှိမ်နင်းရေး အစီအစဉ်တွေကို အခုကတည်းက စလုပ်ရတော့မှာပါ။ အခုဝမ်းပျက်ဝမ်းလျှောရောဂါ ကုသမှုနဲ့ ပတ်သက်ပြီး အနည်းငယ် ဆွေးနွေးလိုပါတယ်။

antibiotic သောက်သင့်သလား

ဖြစ်ပွားတဲ့ case အများစုဟာ virus ပိုးကြောင့် ဖြစ်တာပါ။ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တာရှားပါတယ်။ ဖြစ်ရင်လည်း ပြင်းထန်တတ်တယ်။ virus ကြောင့် ဖြစ်တယ်ဆိုရင်တော့ သူ့အလိုလို ပြန်ကောင်းသွားတတ်တယ်။ ဖြစ်လို့ရှိရင် လူအများစုက ပိုးသတ်ဆေး (antibiotic) သောက်တတ်ကြတယ်။ ပိုးသတ်ဆေးဆိုတာက ဘက်တီးရီးယားကြောင့် ဖြစ်မှာသာ အစွမ်းထက်တာပါ။ virus ကြောင့်ဖြစ်တာဆိုရင် ဘာမှ ထူးမှာ မဟုတ်ပါဘူး။ အဲဒီတော့ ၀မ်းလျှောပြီး မဖျားရင် ဗိုက်က ရစ်ပြီးနာတာမျိုး မရှိရင် ပိုးသတ်ဆေး မသောက်သင့်ပါဘူး။ မလိုအပ်ဘဲ ပိုးသတ်ဆေးယဉ်သွားတာမျိုး ဖြစ်နိုင်လို့ပါ။ အမှန်တကယ်လိုအပ်လာလို့ သောက်မယ်ဆိုရင် ဆေးမတိုးတော့ဘူးပေါ့။ အထူးသဖြင့် ကလေးတွေမှာ ၀မ်းလျောတာရဲ့ ၉၅ ရာခိုင်နှုန်းလောက်ဟာ rota virus နဲ့ သူ့အနွယ်ဝင်တွေကြောင့် ဖြစ်တာပါ။ အဲဒီတော့ ပိုးသတ်ဆေးမတိုက်မိအောင် ပိုပြီး သတိထားသင့်ပါတယ်။ ဆေးဆိုင်ကဆေးစပ်ပြီး တိုက်မယ်ဆိုရင်လည်း ပိုးသတ်ဆေးမပါအောင် ပြောပြဖို့ လိုပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အချို့ ပိုးသတ်ဆေးတွေက ကလေးတွေမှာ ကောင်းကျိုးထက် ဆိုးကျိုးကို ပိုများစေလို့ပါ။ overdose ဖြစ်ဖို့ ပိုများပါတယ်။


ဝမ်းပိတ်ဆေးသောက်သင့်သလား


virus တွေနဲ့ ဘက်တီးရီးယားပိုးတွေဟာ အစာနဲ့အတူ ပါသွားပြီးရင် အူသိမ် (small intestine) ကို ရောက်သွားပါတယ်။ အူသိမ်ရဲ့ အတွင်းဘက်နံရံတွေကို ရောင်ရမ်းစေပါတယ်။ ဆေးပညာအ၇ enteritis လို့ ခေါ်ပါတယ်။ အူတွေဟာ ရောင်လာရင် အစပိုင်းမှာ လှုပ်ရှားမှု မြန်လာတယ်။ စားလိုက်တဲ့ အစာနဲ့ ရေတွေကို မစုပ်ယူနိုင်သေးခင်မှာဘဲ လျင်လျင်မြန်မြန် စွန့်ထုတ်လိုက်တယ်။ ဒါ့အပြင် အချို့သော ပိုးတွေဟာ အဆိပ်တစ်မျိုးကို ထုတ်လွှတ်တယ်။ အဲဒီ အဆိပ်က အူနံရံမှာ ရှိတဲ့ ဆဲလ်တွေဆီကနေ ရေတွေထွက်စေတယ်။ ထွက်သွားတဲ့ ရေတွေကို ပြန်ပြီး မစုပ်နိုင်သေးခင် စွန့်ထုတ်လိုက်တဲ့အတွက် ခန္ဒာကိုယ်မှာ ရေဓာတ်ဆုံးရှုံးမှုဆိုတာ ဖြစ်လာတယ်။ အဆိပ်တကာ့ အဆိပ်ထဲမှာ ကာလ၀မ်းရောဂါ (cholera) ပိုးရဲ့ အဆိပ်က အမြန်ဆုံးနဲ့ အပြင်းဆုံးပဲ။ အဲဒီပိုးပါတဲ့ အစာကို စားမိပြီး ၂၄ နာရီအတွင်း အသက်ဆုံးရှုံးနိုင်လောက်သည်အထိ ရေတွေ ထွက်စေပါတယ်။ သို့ပေမယ့် ရေတွေအများကြီး မစင်နဲ့ အတူပါသွားခြင်းဟာ ကိုယ်ခန္ဒာကို ကာကွယ်ခြင်းတစ်မျိုးလည်း ဖြစ်ပါတယ်။ အူလမ်းကြောင်းအတွင်း သန့်စင်ပြီး ပိုးတွေအပြင်ထွက်သွားအောင် လုပ်ဆောင်ပေးတာကြောင့် ဖြစ်ပါတယ်။ အူအတွင်းက ရေတွေက အပြင်ကိုမထွက်လည်း ကိုယ်အတွင်းကို ပြန်မ၀င်နိုင်တော့ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ရောင်ရမ်းနေတဲ့ အူသိမ်ဟာ ရေတွေကို မစုပ်နိုင်တော့ပါဘူး။ ဘာ့ကြောင့် ကျွန်တော် ဒါကို ရေးရသလဲဆိုတော့ လူအများစုက ၀မ်းလျောရင် ၀မ်းပိတ်ဆေး သောက်တတ်လို့ပါ။ အပြင်မှာ lomotil တို့ decotil တို့ဆိုတဲ့နာမည်တွေနဲ့ ရှိပါတယ်။ ပါဝင်တာက loperamide လို့ ခေါ်တဲ့ ၀မ်းပိတ်ဆေးဖြစ်ပါတယ်။ ဆေးဆိုင်တွေမှာ မြန်မာနိုင်ငံ FDA က မရောင်းရဘူးဆိုပြီး ပိတ်ပင်ထားတဲ့ ဆေးပါ။ ဒါပေမယ့် ရောင်းနေကြတာပဲ။ ပိုက်ဆံတစ်ခုတည်းကြည့်တဲ့ ဆ၇ာဝန်တွေကလည်း ပေးနေကြတာပါ။ အချို့ကတော့ ကျောင်းတုန်းက စာမကျေခဲ့လို့ ဒါမှမဟုတ် ဆက်လက်မလေ့လာလို့ ပေးနေကြသေးတယ်။ ခန္ဒာကိုယ်အတွက် မသင့်တော်လို့ အပြင်ကိုထုတ်ပစ်တဲ့ အရေတွေကို ကိုယ့် body အတွင်းမှာ ဘာ့ကြောင့် သိမ်းထားမှာလဲ။ စွန့်ပစ်လိုက်ပါ။ မနှမြောပါနဲ့။ ဆေးသောက်လိုက်လို့ ၀မ်းပိတ်သွားလည်း ရေဓာတ်ဆုံးရှူံးတာက ရပ်သွားတာမှ မဟုတ်တာ။ စအိုပေါက်က မထွက်တာပဲရှိတာကို။ ပိုးတွေပါဝင်တဲ့ ရေတွေက အပြင်ကိုမထွက်ရတော့ အထဲမှာပဲ အောင်းနေပြီး ကြာလာရင် အူတွေက အဲဒီမသန့်တဲ့ အရည်တွေနဲ့ တင်းကားလာတယ်။ လှုပ်ရှားမှု မကောင်းတော့ဘူး။ အူတွေ မလှုပ်တော့ရင် အဲဒီပိုးတွေဟာ သွေးကြောတွေထဲကို တဆင့်ဝင်သွားဖို့ ပိုလွယ်သွားပြီ။ ကိုယ်ခံအားသိပ်မကောင်းတဲ့ ကလေးတွေမှာဆိုရင် အရမ်းကြောက်ဖို့ ကောင်းလို့ လုံးဝမပေးဖို့ တောင်းဆိုလိုပါတယ်။ မဟုတ်လို့ ကိုယ့်ကလေးအသက် ဆုံးရှုံးရင် တရားခံဟာ ရောဂါပိုးမဟုတ်ဘဲ ကိုယ့်ကြောင့်ဆိုတာ ကြိုတင် သတိရှိသင့်ပါတယ်။

Justify Full

ဓာတ်ဆားရည် ဘယ်လောက်သောက်ရမလဲ


ဝမ်းလျောလို့ ဆုံးရှုံးသွားတဲ့ ရေတွေထဲမှာ အူလမ်းကြောင်းက အစာခြေဖို့ ထုတ်လွှတ်လိုက်တဲ့ အစာခြေရည်တွေလည်းပါဝင်ပါတယ်။ ဆားဓာတ်ကြွယ်ဝတဲ့အတွက် ဆားဓာတ်ပါဝင်တဲ့ အရေတွေ ပြန်သောက်ဖို့ လိုပါတယ်။ MPF က ထုတ်တဲ့ ဓာတ်ဆားရည်ဟာ အကောင်းဆုံးပါပဲ။ ဆားဓာတ်နဲ့ အခြားဓာတ်ပေါင်းကို ခန္ဒာကိုယ်က အမြန်ဆုံး စုပ်ယူနိုင်တဲ့ အချိုးအစားနဲ့ ထုတ်လုပ်ထားတာပါ။ အချိုဓာတ်များတဲ့ သီးစုံ ဓာတ်ဆားတွေ ဟာ သောက်လို့တော့ ကောင်းပါလိမ့်မယ်။ သို့ပေမယ့် အလျင်အမြန် ရေဓာတ်လိုအပ်နေတဲ့ ၀မ်းလျောနေတဲ့ အချိန်မှာ မသင့်တော်ပါဘူး။ ဒီအချိန်မှာ အရသာက အရေးမကြီးတော့ပါဘူး။ ကျန်းမာရေးက ပိုအရေးကြီးတယ်။ ဘယ်လောက်ပမာဏ သောက်ရမလဲဆိုတော့ တစ်နေ့ကို အနည်းဆုံး ၂ ပုလင်းစာ သောက်ရပါမယ်။ အဲဒါမှ မနုံးချိဘဲ နေနိုင်မှာ ဖြစ်ပါတယ်။ တစ်နေ့ကို လူတစ်ယောက်က ရေ ၂ ပုလင်းလိုတဲ့အတွက် အနည်းဆုံး ၂ပုလင်းသောက်ဖို့ လိုတာ ဖြစ်ပါတယ်။


ဇီဝက (ဆေး-၂)

hard talk in U.K election.

10:30 AM Posted In Edit This 0 Comments »

မြန်မာပြည်လုပ်ငန်းရှင်ဘ၀မှ အမေရိကန်ပြည်ထောင်စု သမ္မတကြီးသို့ ((Herbert Clark Hoover))

7:42 AM Posted In Edit This 0 Comments »

မြန်မာပြည်တွင် ထင်ရှားကျော်ကြားပြီး အမေရိကန်ပြည်ထောင်စုတွင်လည်း
သမ္မတကြီးဖြစ်လာသူမှာအမေရိကန်ပြည်ထောင်စု၏၃၁ယောက်မြော
က်သမ္မတကြီးHerbert Hooverဖြစ်ပါသည်။သမ္မတကြီးHerbert Hooverအား သြဂုတ်လ၁၀ရက်၊၁၈၇၄ခုနှစ်တွင်IowaStateတွင်မွေးဖွားခဲ့သည်။အစ်က
ိုကြီး၁ယောက်နှင့်ညီမငယ်၁ယောက်ရှိသည်။ငယ္စဥ္ကပင္မိဘမ်ားကြယ္လြန္သြားေ
သာကြောင့်ဆွေမျိုးများနှင့်ကြီးပြင်းခဲ့ရသူဖြစ်သည်။SanFranciscoမြို့တောင
်ဖက်မိုင်၃၀ခန့်အကွာရှိ StanfordUniversityစတင်ဖွင့်လှစ်စဉ် ပထမဆုံးသောကေ
ျာင်းသားအဖြစ်တက်ရောက်ခဲ့သည်။ဘူမိဗေဒနှင့်အင်ဂျင်နီယာဘာသာရပ်ဖြင့်ဘွဲ့ ကို
၁၈၉၅ခုနှစ်တွင် ရရှိခဲ့သည်။သူနှင့် Standford Universityကျောင်းနေဖက် Lau
Menryနှင့် ၁၈၉၉တွင်လက်ထပ်ခဲ့သည်။သြစတြေးလျ၊တရုတ်စသောနိုင်ငံအသီးသီးတွင်တာဝန်
ထမ်းဆောင်ခဲ့သည်။ထိုသို့တာဝန်ထမ်းဆောင်ရင်း တရုတ်ရာဇ၀င်တွင်ဖော်ပြထားသော
ယနေ့မြန်မာနိုင်ငံနမ္မတူမြို့အနီးရှိဘော်တွင်း(ငွေတွင်း)အကြောင်းကိုသိရှိလာခဲ့သည်ဆို
ပါသည်။

အင်္ဂလိပ်တို့ အုပ်ချုပ်ထားသောထိုစဉ်ကမြန်မာနိုင်ငံ၊ရန်ကုန်မှတဆင့်၊မန္တလေးသို့လည်းကောင်း၊
မန္တလေးမှမိုင်၁၅၀ခန့်ဝေးသောနမတူမြို့သို့လည်းကောင်းမြင်းများဖြင့်သွားရောက်ခဲ့သည်။
ဘော်တွင်းသို့ရောက်သောအခါဟိုးယခင်တရုတ်တို့စွန့်ပစ်ထားခဲ့သောဘော်တွင်းဟောင်းများ
ကိုမြင်ခဲ့ရသည်ဆိုသည်။တရုတ်တို့သည် အဆိုပါဘော်တွင်းများအားစွန့်ပစ်သွားရခြင်းအ
ကြောင်းမှာ

ဒေသတွင်းပန်းသေးတရုတ်တို့ဆူပူပုန်ကန်ခြင်း၊ထိုစဉ်ကတရုတ်တို့၏သတ္ထုတူးဖော်
ရေးနှင့်စင်

မှုနည်းပညာချို့တဲ့မှုကြောင့် စီးပွားရေးတွက်ချေမကိုက်ဖြစ်လာခြင်းတို့ကြောင့်ပင်
ဖြစ်သည်။သို့ရာတွင်Stanford UniversityမှFirst Batchဖြင့်ကျောင်းဆင်းလာ
သောHerbertHooverအတွက်မှာကား စီးပွားဖြစ်လုပ်ကိုင်ဆောင်ရွက်ရန်အတွက် အခွင့်ကောင်း၊အခြေအနေကောင်းများပင်ဖြစ်သည်။သူပထမဆုံးရင်ဆိုင်ရသောပြသနာမှာ
သတ္ထုတွင်းဟောင်းများထဲတွင်သားပေါက်နေသောကျားမိသားစုများကိုရှင်းလင်းရေးဖြစ်သည်။
သူသည်သတ္ထုတွင်းဟောင်းအဦးသစ်ပင်ပေါ်တွင်လင့်စင်ထိုးပြီး ရက်အနည်းငယ်ကြာအောင်စောင့်နေခဲ့ရသည်။တနေ့ကျားထွက်လာသောအခါ
ရိုင်ဖယ်သေနတ်ဖြင့်ပစ်သတ်ခဲ့ပြီး သတ္ထုတွင်းဟောင်းများအား ခေတ်မီစနစ်တ
ကျလုပ်ဆောင်ပြုပြင်ခဲ့ရာထိုစဉ်ကကမ္ဘာ့အကြီးဆုံးဘော်မိုင်း(ငွေသတ္ထုတွင်းကြိး)ဖြစ်လာခဲ့သည်။
Hooverသည်လည်းသန်းကြွယ်သဌေးကြီးဖြစ်လာခဲ့သည်။မြန်မာပြည်မှာတင်မဟုတ်
ကမ္ဘာတ၀ှမ်းကျော်ကြားသူတဦးဖြစ်လာသည်။
Hooverသည် နေရာမျိုးစုံ၊ဘ၀မျိုးစုံကြုံတွေ့ခဲ့ရပြီး Satand Ford
Universityမှသင်ယူခဲ့သောပညာ၊မြန်မာပြည်တွင်ရှာဖွေခဲ့သော ဥစ္စာဓန နှင့်
လုပ်ငန်းအသီးသီးမှရခဲ့သောအတွေ့အကြုံတို့ကို
အခြေခံပြီးနိုင်ငံရေးနယ်ပယ်ထဲခြေစုံပစ်ဝင်ခဲ့ရာ ၁၉၂၈တွင်
အမေရိကန်ပြည်ထောင်စု၏ ၃၁ယောက်မြောက်သမ္မတဖြစ်လာခဲ့သည်။
သမ္မတကြီးHooverအုပ်ချုပ်စဉ်
အမေရိကန်ပြည်ထောင်စုသည်ကြီးစွာသောအခက်အခဲကြုံခဲ့ရသည်။ယင်းအခက်အခ
ဲမှလွတ်မြောက်ရန်Hooverသည် stimulateစီမံကိန်းများစွာ
ချမှတ်လုပ်ဆောင်ခဲ့ရာ Arizona Stateနှင့်Nevada Stateအစပ်ရှိ
ကမ္ဘာ့အကြီးဆုံရေကာတာကြီးလည်းပါဝင်ခဲ့သည်။အဆိုပါရေကာတာကြီးကို
သမ္မတကြီးHooverအားဂုဏ်ပြုသောအားဖြင့် Hoover
Damဟုယနေ့တိုင်ခေါ်ဆိုနေကြဆဲဖြစ်သည်။
နေစကြ၀ဠာထဲရှိ ဂြိုလ်သိမ်ဂြိုလ်မွှား(Astroid)တခုအားလည်းသမ္မတကြီးကိုဂုဏ်ပြု သောအားဖြင့်
Hoover၏အမည်ကိုပေးခဲ့သည်။
သမ္မတကြီးHooverသည် စီးပွားရေးအခက်အခဲမှလွတ်မြောက်စေရန်နှင့်
အစားအသောက်မပြတ်လတ်စေရန်အစားအစာများအား
သိုမှီးထိန်းချုပ်ဖြန့်ချိပေးသည်။နောင်အခါ
တွင် အစားအသောက်များအားထိန်းချုပ်သိုမှီးသည်ဟူသောစကားကို Hooveriseလုပ်သည်ဟု
ဗန်းစကားအဖြစ်ပြောလာကြသည်။
သမတကြီးHooverသည် တက္ကသိုလ်များစွာမှ ဂုဏ်ထူးဆောင်ဘွဲ့ပေါင်း၇၅ခုကို ရရှိခဲ့ပြီး အောက်တိုဘာ၂၀၊၁၉၆၄တွင်ကွယ်လွန်ခဲ့သည်။

လူသားဆန်တဲ့သွေးလှူရှင်များ..

12:44 PM Posted In Edit This 0 Comments »
သွေးလှူရှင်များအနေနဲ့ သွေးလိုနေတဲ့ လူနာအတွက် သွေးလှူလိုက်ရလို့ ကျေနပ်ပီတိတွေ ခံစားရတာအပြင် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကျိုးကျေးဇူးများလည်း ရရှိစေပါသေးတယ်။

လူရဲ့ခန္ဓာကိုယ်က ထုတ်လုပ်ပေးနေတဲ့ သွေးကို ပုံမှန်လှူဒါန်းပေးခြင်းဟာ သွေးထဲက ကိုလက်စထရော ပမာဏကို ထိန်းထားနိုင်စေပါတယ်။ အထူးသဖြင့် ပုံမှန်သွေးလှူဒါန်းတဲ့ အမျိုးသားများအတွက် ကျန်းမာရေး အကျိုးကျေးဇူး များစေပါတယ်။ ထုတ်လှူလိုက်တဲ့သွေးနဲ့အတူ ပါသွားတဲ့ သံဓါတ်တွေကြောင့် သွေးလှူရှင်ရဲ့ ခန္ဓာကိုယ်ထဲက သံဓါတ်တွေ လျှော့နည်းစေပါတယ်။ အမျိုးသမီးတွေအနေနဲ့ ရာသီဓမ္မတာကြောင့် လစဉ် ခန္ဓာကိုယ်ထဲကနေ သွေးတွေ ဆုံးရှုံးထွက်ရှိလို့ သံဓါတ်ပမာဏ လျှော့နည်းကြပေမယ့် အမျိုးသားများအနေနဲ့ သွေးလှူဒါန်းမှုကနေပဲ ကိုယ်တွင်းက သံဓါတ်ပမာဏကို လျှော့နည်းစေတာပါ။


သွေးလှူရှင်တွေမှာ လေဖြတ်တာနဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေ အလားအလာဟာ သွေးမလှူတဲ့ လူထက် သုံးပုံတစ်ပုံ နည်းပါးတယ် ဆိုတာကို Kansas University Medical Centerက လေ့လာတွေ့ရှိခဲ့ပါတယ်။ ခန္ဓာကိုယ်ထဲမှာ သံဓါတ်ပမာဏ များလွန်းနေတာဟာ မကောင်းပါဘူး။ သံဓါတ်တွေဟာ ကိုလက်စထရော ဖြစ်စေတဲ့အရာမှာ တစ်ခုအပါအဝင်ပေါ့။ ကိုလက်စထရော များလွန်းနေရင် နှလုံးရောဂါနဲ့ လေဖြတ်တာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်သွေးလှူဒါန်းတဲ့ သွေးလှူရှင်တွေမှာ သွေးလှူခြင်းဖြင့် သံဓါတ်ပမာဏ လျှော့ချနိုင်ပြီး ကိုလက်စထရောကိုလည်း လျှော့စေပါတယ်။


သွေးလှူပြီးတဲ့နောက်ပိုင်း ကိုယ်အလေးချိန်တိုးပြီး ဝ လာမယ်ဆိုတဲ့ အယူအဆ အမှားတွေလည်း ရှိပါတယ်။ တကယ်တမ်းမှာတော့ ထုတ်ယူလိုက်တဲ့ သွေးတစ်အိတ်ကြောင့် သွေးလှူရှင်မှာ ကယ်လိုရီ ၆၅၀-စာ လျော့ကျစေပါတယ်။ သွေးလှူလိုက်လို့လည်း အားနည်းမယ်ဆိုတာလည်း မဟုတ်ပါဘူး။


ထုတ်လှူလိုက်တဲ့ သွေးတွေကို အစားထိုးပေးဖို့အတွက် ခန္ဓာကိုယ်က သွေးအသစ်တွေကို အချိန်ပိုင်းအတွင်း ပြန်လည် ထုတ်လုပ်ပေးပါတယ်။ အဲဒီလို ထုတ်လုပ်ပေးတဲ့အတွက် သွေးဆဲလ်အသစ်တွေကို ရရှိစေပါတယ်။ ဒါကြောင့် သွေးလှူဒါန်းတာဟာ လတ်ဆတ်တဲ့ သွေးသစ်တွေ ရရှိစေပြီး ကျန်းမာ လန်းဆန်းစေပါတယ်။


သွေးလှူဒါန်းတဲ့အခါ သွေးမလှူခင်မှာ သွေးလှူရှင်ကို ကျန်းမာရေး စစ်ဆေးပါတယ်။ သွေးပေါင်ချိန်၊ သံဓါတ် ပမာဏ၊ ကိုယ်အလေးချိန် စတာတွေကို စစ်ပေးပါတယ်။ ဒါကြောင့် သွေးလှူရှင်အနေနဲ့ ပုံမှန် ကျန်းမာရေး စစ်ဆေးခံရသလို ဖြစ်စေပါတယ်။ အဲဒါ့တွေအပြင် သွေးထဲမှာ အိတ်ခ်ျအိုင်ဗွီ၊ အသည်းရောင် အသားဝါ ဘီပိုး စီပိုး၊ ကာလသားရောဂါပိုး၊ ငှက်ဖျားပိုး ပါ မပါကိုပါ စစ်ပေးပါသေးတယ်။ ဒါပေမယ့် အဲဒီလို ရောဂါပိုးတွေ ရှိမရှိ သိချင်လို့ သွေးလှူဒါန်းတာမျိုးတော့ မဖြစ်သင့်ပါဘူး။


ပုံမှန် သွေးလှူဒါန်းတာဟာ လူသားဆန်တဲ့ ကျေနပ်ပီတိတွေအပြင် ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူး များတယ်...ဆိုတာ သိပြီးတဲ့နောက်မှာ ကျန်းမာရေးကောင်းမွန်တဲ့ အရွယ်ရောက်ပြီးသူတိုင်း သွေးလှူပေးကြဖို့ တိုက်တွန်းလိုက်ပါရစေ...


Reference:


http://edition.cnn.com/2000/HEALTH/04/26/give.blood.wmd/

http://www.rotarybloodbank.org/press/reports.htm

http://en.wikipedia.org/wiki/Blood_donor#Benefits

http://www.mayoclinic.org/donateblood/know.html

UNSELFISH GARDENER

8:25 AM Posted In Edit This 0 Comments »
Commemorative to our beloved Gardener...


G A R D E N E R

A Gardener who plants in the Cool,Sweet earth,

Seeds and Bulbs are so small,so dry......

He dreams, as he gentle tuck them there

of the day they will blossom and beautify the World....

His garden, bringing vibrant colors for all to see,

rich perfume to fill the air.....

No selfish Gardener "He",His hope,His wish,

for all he love his garden sweet,fair and brighten.....!!!

Courtesy of 19th anniversary..!!!! Waer

Stresssssssssssssss

2:33 AM Posted In Edit This 0 Comments »

စိတ်ဖိစီးမှုလို့ခေါ်တဲ့ mental stress ဒါမှ မဟုတ် psychological stress ကို ဖြေရှင်းနည်းတွေကတော့ online မှာကော စာအုပ်တွေထဲမှာပါ အများကြီးတွေ့ရပါတယ်။ လိုက်လုပ်နိုင်ရင်တော့ ကောင်းတာပေါ့။ ခက်တာက သူတို့ ပြောသလို မလုပ်နိုင်လို့ စိတ်ဖိစီးမှုဝင်တာပေါ့။ မဟုတ်ရင် ဘယ်သူမှ အလုပ်ရှုပ်ခံပြီး ဒီစာတွေ ဖတ်နေမှာ မဟုတ်ဘူး။ အဲဒီတော့ စကြည့်ရအောင်။

ပထမဆုံးနှလုံးသွင်းထားဖို့ လိုတဲ့ အချက်ကတော့ stress ဆိုတာ အခက်အခဲကြုံလာရင် အသုံးဝင်အောင် ပြုလုပ်ထားတာပါ။ လူအတွက် အကျိုးရှိအောင်ပါ။ အဲဒီတော့ သူ့ကို လုံးဝပျောက်အောင် လုပ်လို့မရပါဘူး။ ဘယ်သူမဆို stress ကိုယ်စီ ရှိကြတာပဲ။ သူက ပုံစံမျိုးစံနဲ့ ရှိနေတာ။ ဥပမာ။ ။ စာမေးပွဲကြောင့် စိတ်ဖိစီးတယ်ဆိုပါတော့။ စာမေးပွဲလည်းပြီးရော စိတ်ထဲမှာ ပေါ့သွားသလို ဖြစ်သွားတယ်။ ဖိစီးမှု လျော့နည်းသွားတယ်ပေါ့။ လျော့ပဲလျော့သွားတာပါ။ အပြီးပျောက်မသွားဘူး။ စာမေးပွဲပြီးလို့ ပျော်ပွဲစားထွက်မယ်လို့ စိတ်ကူးလိုက်တာနဲ့ ဖိစီးမှုအသစ်တစ်ခုက ထပ်ပေါ်လာပြန်တယ်။ အဲဒီတော့ စိတ်နေစိတ်ထားနဲ့လည်း အများကြီးဆိုင်တယ်။ လွယ်လွယ်ပြောရရင် တာဝန်ယူစိတ်ရှိတဲ့သူတွေက စိတ်ဖိစီးမှုဒဏ်ကို ပိုခံရလေ့ရှိတယ်။ ကျောင်းသားချင်းယှဉ်ကြည့်လေ။ စာမတတ်မှာ စာမေးပွဲကျမှာ ကြောက်တဲ့ ကျောင်းသားက စာမေးပွဲနီးလာရင် အလိုလိုနေရင်း စာတွေနဲ့ ပိပြီး ဖိစီးလာတယ်။ အလေနတ်တော ကျောင်းသားတွေကတော့ အေးအေးဆေးဆေးပဲ။ မအောင်လည်း ဘာဖြစ်လဲ။ နောက်နှစ်ထပ်နေမှာပေါ့ အစရှိ သဖြင့် နေလေ့ရှိကြတယ်။



စိတ်ဖိစီးမှုကို ဖြစ်စေတဲ့အကြောင်းအရာအပေါ်မူတည်ပြီး အရင်ဆုံး ၂ ပိုင်း ပိုင်းကြည့်ရအောင်။


(၁) ကိုယ်ပြုပြင်၍ရသော အလုပ်ကြောင့် ဖြစ်သည့် စိတ်ဖိစီးမှု

(၂) ကိုယ်ဘာမှ မတတ်နိုင်သည့် ဖြစ်ရပ်များကြောင့် ဖြစ်သော စိတ်ဖိစီးမှု ဟူ၍ ဖြစ်ပါသည်။


(၁) ကိုယ်ပြုပြင်၍ရသော အလုပ်ကြောင့် ဖြစ်သည့် စိတ်ဖိစီးမှု


ဒီအထဲမှာ ပါတာတွေကတော့ အလုပ်ကြောင့် ဖြစ်သော၊ ကျောင်းစာကြောင့် ဖြစ်စေသော၊ လူမှုဆက်ဆံရေးကြောင့် ဖြစ်သော စိတ်ဖိစီးမှုတွေ ပါဝင်ပါသည်။ Management ဂုရုတွေပြောတဲ့ စိတ်ဖိစီးမှု ပပျောက်နည်းတွေက သူ့အတွက် အသုံးဝင်ပါတယ်။ သူ့ကို ပပျောက်အောင်လုပ်ဖို့ ပထမဆုံးအဆင့်ကတော့ အလုပ်ကြောင့်ဖြစ်စေ ကျောင်းစာကြောင့်ဖြစ်စေ ကိုယ့်ဆီမှာ စိတ်ဖိစီးမှုဖြစ်တယ်ဆိုတာ အရင်ဆုံးလက်ခံရပါမယ်။ လက်ခံရသည့်အပြင် သတိလည်းရှိဖို့လိုတယ်။ ငါဘယ်လိုအလုပ်တွေလုပ်ရင် ငါနဲ့ သင့်တော်ပါ့မလား။ ငါစာမဖတ်ဘဲနေရင် ငါစာမေးပွဲနီးတဲ့အခါ စိတ်ပူရမှာလား အစရှိတဲ့ မေးခွန်းတွေကို အလုပ်တစ်ခုခုလုပ်မယ်ကြံတိုင်း ကိုယ့်ကိုယ်ကိုမေးပြီး သတိနဲ့ ဆုံးဖြတ်ဖို့ လိုပါတယ်။ planning မရှိဘဲ လုပ်ချင်တာလျောက်လုပ်ရင်တော့ မလိုလားအပ်တဲ့ စိတ်ဖိစီးမှုတွေ ၀င်လာမယ်ဆိုတာ လက်ခံထားရပါမယ်။ အခုလောလောဆယ်ရှိနေတဲ့ စိတ်ဖိစီးမှုကို မလျော့ဘဲထားရင် ကိုယ့်အတွက်မကောင်းဘူးဆိုတာ လက်ခံရပါမယ်။ တချို့က အဲဒီလိုဝန်ခံတာကို အားနည်းချက်လို့ ယူဆကြတယ်။ အဲဒါမှားပါတယ်။ အရှိအတိုင်းမြင်ခြင်းသာ ဖြစ်တဲ့အတွက် ဆိုးကျိုးမရှိနိုင်ပါဘူး။


အခုဖြစ်နေတဲ့ စိတ်ဖိစီးမှုတွေဟာ ဘာကြောင့်ဖြစ်လာတာလဲ ဆိုတာ ကို ဆင်ခြင်ကြည့်ပါ။ ကိုယ့်ဘက်က ဘာအချက်တွေ ပြုပြင်ရမှာလဲ။ ဥပမာ။ ။အလုပ်မှာ ကိုယ်မကျွမ်းကျင်တဲ့ နေရာမှာ တာဝန်ထမ်းဆောင်နေရလို့လား။ အဲဒါဆိုရင် အဲဒီ role နဲ့ ပတ်သက်တဲ့ သင်တန်းတွေ တက်ပြီး ဖြေရှင်းမလား။ ဒါမမဟုတ် senior တွေ ကို မေးမြန်းပြီး ဖြေရှင်းမလား။ အစရှိတဲ့ မေးခွန်းတွေကို ပြန်မေးပါ။ စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ မူလအကြောင်းအရာကို မသိဘဲနဲ့ လျော့ချလို့မရပါဘူး။ အချိန်ကုန်လူပန်းဖြစ်ပါလိမ့်မယ်။ ဒီအဆင့်က အရေးအကြီးဆုံးပါပဲ။ တစ်ခါတစ်လေကျရင် ကိုယ်သတိမထားမိတဲ့ ကိုယ့်ရဲ့ အားနည်းချက်တွေကြောင့် ဖြစ်နေတတ်တယ်။ အဲဒီအချက်တွေကို သေချာသိချင်ရင် ၀ိပဿနာ ရှုမှတ်ပါ။ ၀ိပဿနာ အားကောင်းလာရင် သတိအားကောင်းလာမယ်။ သတိအားကောင်းလာရင် ကိုယ်အရင်က မမြင်မိ မတွေးမိတာတွေကို သတိထားမိလာမယ်။ အနာသိရင် ဆေးကရှိမှာပါ။ အောက်မှာ နာမည်အကြီးဆုံးဖြေရှင်းနည်းတွေကို ဖော်ပြပေးပါမယ်။


အချိန်ကို အကောင်းဆုံးနဲ့ အထိရောက်ဆုံး အသုံးချပါ။ (Proper Time Management)


အချိန်ကို ထိရောက်အောင် သုံးဆိုလို့ တစ်နေ့မှာ ၄ နာရီလောက်ပဲ အိပ်ပြီး နာရီ ၂၀ လောက်အလုပ်လုပ်တာကို ပြောတာမဟုတ်ပါဘူး။ အချိန်ဆိုတာ resource တစ်မျိုးဖြစ်တယ်။ resource ရဲ့သဘောက ဘယ်တော့မှ ပေါတယ်မရှိတယ်။ လူတိုင်းကို မေးကြည့်လေ အချိန်တွေ ပေါနေတဲ့သူတွေရှိလားလို့။ အချိန်မလုံလောက်မှုက အလုပ်လုပ်နေတဲ့လူတိုင်းမှာ ဖြစ်နေတာပါ။ ကန့်သတ်ချက်ရှိနေတဲ့ ဘောင်အတွင်းမှာ အလုပ်ပြီးအောင်နဲ့ အကောင်းဆုံးဖြစ်အောင် လုပ်မယ်ဆိုရင် အရင်ဆုံး စာရင်းတစ်ခုပြုစုပါ။ အရေးကြီးတဲ့အပေါ်မူတည်ပြီး ကြီးစဉ်ငယ်လိုက်စီပါ။ အရေးကြီးတာချင်းတူရင် ကိုယ်မလုပ်ချင်တာကို ရှေ့ကထားပါ။ နေ့တိုင်းနေ့တိုင်းမှာ လုပ်စရာရှိတဲ့အလုပ်တွေကို အဲဒီလို စီပြီးလုပ်ကြည့်လိုက်ရင် အလုပ်ပြီးနှုန်းက အလိုလိုနေရင်းတက်လာပါလိမ့်မယ်။ အလုပ်ပြီးရင် စားဝင်အိပ်ပျော်တာပေါ့။ ကိုယ်တွေ့စမ်းသပ်ထားပြီးသား ဖြစ်တဲ့အတွက် ကျွန်တော်ကတော့ အခုလောလောဆယ် အဲဒီနည်းလမ်းကို သုံးနေပါတယ်။


လိုအပ်တဲ့အချိန်မှာ အနားယူပါ။


ကျောင်းမှာတုန်းက စာဂျပိုးတွေကို တွေ့ရင် ကျွန်တော်ပြောလေ့ရှိတဲ့ စကားတစ်ခွန်းရှိတယ်။ အဲဒါကဘာလည်းဆိုတော့ "ကျောင်းသားဆိုတာ စာရဖို့လိုတယ်။ စာကျက်ဖို့မလိုဘူး" လို့ ပြောပြီး နောက်လေ့ရှိတယ်။ သူတို့က အားရင် စာတွေကို ကြက်တူရွေးလို အချိန်တိုင်းရွတ်နေကြတာ။ မြန်မာပြည်မှာတော့ လုပ်စားလို့ရမှာပေါ့။ အပြင်ထွက်ရင် ဒုက္ခလှလှတွေ့တော့မှာ။ ဘယ့်နဲ့ဗျာ။ ဆေးကျောင်းေ၇ာက်နေပြီး အထက်တန်းတုန်းက မဟုတ်မဟတ်နည်းတွေကို ကျင့်သုံးနေကြတုန်း။ ပြောချင်တာက ကျောင်းသားဆိုတာ စာဖတ်ရမယ်။ သို့သော် နားနားပြီးဖတ်၊ ကြားထဲမှာ သီချင်းနားထောင်ချင်ထောင်၊ အပြင်သွားချင်သွား၊ စာကိုတော့ပုံမှန်ဖတ်။ စာသေချာ ကြေညက်ဖို့ အာမခံတယ်။ ဆေးကျောင်းကို အမှတ်လိမ်ပြီး ရောက်လာရင်တော့ မပြောတတ်ဘူးပေါ့။ အဲဒီလို အနားယူပြီး စာဖတ်တဲ့သူနဲ့ စာကိုတစ်ချိန်လုံးဖတ်နေတဲ့သူနဲ့ ယှဉ်ပြီး discussion လုပ်ကြေးဆိုရင် ပထမလူက အနိုင်ရမှာ။ ဘာဖြစ်လို့လဲဆိုတော့ သူ့ခေါင်းက အနားရတဲ့ အတွက် ကြည်လင်တယ်။ မှတ်သားထားတာကို ပြန်လည်အသုံးချတဲ့နေရာမှာ မြန်ဆန်တယ်။ တစ်ချိန်လုံးစာ မှ စာလုပ်နေတဲ့သူက ဟုန်ပြီး ချက်ချင်းထွက်မလာဘူး။ ထွက်ရင်လည်း စာအကြောင်းလိုက်တွေဖြစ်နေတတ်တယ်။ ဖြတ်တောက်ပြီး ကောက်နုတ်ဖို့ ခေါင်းထဲမှာ ချန်မထားတော့ဘူး။ အလုပ်မှာလည်း ဒီလိုပဲ။ အဲဒီလို လိုအပ်တဲ့အချိန်မှာ အနားယူခြင်းက ကိုယ့်ရဲ့ productivity ကို တက်စေတဲ့အတွက် အလုပ်ကြောင့်ဖြစ်တဲ့ စိတ်ဖိစီးမှုကိုလည်း လျော့စေမှာ အမှန်ပါပဲ။


လက်တွေ့ကျပါ။


လောကကြီးမှာ ကိုယ့်အရည်အချင်းနဲ့ လုပ်လို့ရတဲ့အရာတွေ ရှိသလို ကိုယ်လက်လှမ်းမမှီတာ တွေ လည်း ရှိပါတယ်။ ကြိုးစားရင် ဘုရားတောင်ဖြစ်နိုင်တယ် ဆိုတဲ့စကားရှိပေမယ့် ဘယ်လိုကြိုးစားရမယ် ဘယ်လောက် ကြိုးစားမှ ဘုရားဖြစ်မယ်ဆိုတာကို တော့ ထည့်မပြောထားပါဘူး။ အဲဒါကိုထောက်ခြင်းအားဖြင့် လက်တွေ့ဆန်တဲ့ ရည်မှန်းချက်တွေ သာထားတာ အကောင်းဆုံးပါပဲ။


အားမနာပါနဲ့။


အားနာတယ်ဆိုတာ ပျော့ညံ့ခြင်းရဲ့ လက္ခဏာပဲလို့ ကျွန်တော်ကတော့ ယူဆပါတယ်။ လုပ်စရာရှိတာလုပ်ပါ။ သူတပါးကျေးဇူးသိတတ်ပါ။ ငြင်းဆိုစရာရှိရင် ပြတ်ပြတ်သားသား ငြင်းဆိုပါ။ စီးပွားရေးပဲဖြစ်ဖြစ် ပညာရေးပဲဖြစ်ဖြစ် လူမှုရေးပဲဖြစ်ဖြစ် အားနာလို့ လိုက်လျောရတယ် လုပ်ပေးလိုက်တယ်ဆိုရင် မအောင်မြင်ဖို့က တော်တော်သေချာနေပြီ။ ကိုယ်က သူတစ်ပါးဆီက တောင်းဆိုစရာရှိရင် ပြတ်ပြတ်သားသားတောင်းဆိုဖို့ လိုသလို ပေးကမ်းစရာရှိရင်လည်း ရက်ရက်ရောရော ပေးကမ်းတတ်စေလိုတယ်။ သူငယ်ချင်းတွေကို အားနာလို့ လက်ဖက်ရည်ဆိုင်ပါသွားတာ၊ အဲဒီတော့ အလုပ်မပြီးတာ စတာတွေဟာ ကျရှုံးဖို့ လမ်းစတွေပါ။ အဲဒီတော့ စိတ်မဖိစီးချင်ရင် အားမနာနဲ့။ လုပ်စရာရှိတာသာလုပ်။


အခက်အခဲကို ဆွေးနွေးတိုင်ပင်ပါ။


ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ကျွန်တော်တို့ကို ချစ်တဲ့ မိသားစု တွေ မိတ်ဆွေတွေ သူငယ်ချင်းတွေရှိတတ်ပါတယ်။ ကိုယ့်အခက်အခဲတွေ ပြဿနာတွေကို သူတို့ကို ပြောပြပါ။ သူတို့ကအကြံဥာဏ်မပေးနိုင်တောင် ကိုယ့်ကို နှစ်သိမ့်မှုတော့ ပေးနိုင်ပါလိမ့်မယ်။ ကိုယ့်လောက်မှ မတတ်တာ၊ ပြောတော့လည်း ဘာထူးမှာ မို့လို့လဲ လို့ မတွေးပါနဲ့။ ကိုယ်မတွေးမိတာ ကိုယ်က ပညာရူးရူးပြီး ခပ်မြင့်မြင့်တွေးလို့ အဖြေမထွက်တာတွေဟာ တခါတရံမှာ သာမန်လူတစ်ယောက်ဆီက အကြံဥာဏ်ကြောင့် အဖြေရသွားတာမျိုးတွေ ရှိပါတယ်။ ကိုယ့်ရဲ့ မိဘတွေ ဆရာတွေနဲ့လည်း တိုင်ပင်ကြည့်ပါ။ သူတို့ရဲ့ အတွေ့အကြုံတွေ ကိုယ်ရလာမယ်။ သူတို့ရဲ့ အဆက်အသွယ်တွေကြောင့် ကိုယ့်လုပ်ငန်းအဆင်ပြေနိုင်ပါတယ်။ အဲဒီတော့ နှုပ်ဆိတ်မနေဘဲ ဖွင့်ပြောခြင်းဟာ အနည်းဆုံးတော့ စိတ်ထဲမှာ ပေါသွားစေမှာပေါ့။


ဝါသနာအတွက် မိသားစုအတွက် အချိန်ပေးပါ။


ဒီနေ့ဒီခေတ် အိမ်တိုင်းလိုလို မိသားစုအားလုံး အလုပ်လုပ်ကြရတယ်။ မိသားစု ဆုံညီတွေ့ဆုံတဲ့အချိန်ဆိုတာ အတော်နည်းသွားပါပြီ။ ရလဒ်အဖြစ် လူတိုင်းလူတိုင်းမှာ အထီးကျန်တဲ့ ခံစားချက်ကလေးတွေ ရှိလာမှာပါ။ လူဆိုတာ အထီးကျန်လာရင် စိတ်ဖိစီးမှုဒဏ်ကို ပိုခံစားရတတ်ပါတယ်။ အဲဒီလိုမဖြစ်အောင် တစ်နေ့မှာ တစ်နာရီလောက်တော့ မိသားစု ကို အချိန်ပေးသင့်တယ်။ အချိန်ပေးတယ်ဆိုလို့ လူကြီးတွေကိုပဲ ပြောတာမဟုတ်ဘူး။ လူငယ်တွေကလည်း မိသားစုနဲ့ ရှိတဲ့အချိန်ကို သူငယ်ချင်းတွေထက် ပိုပြီး တန်ဖိုးထားရပါမယ်။ နောက်တစ်ချက်က ကိုယ်ဝါသနာပါတာကို လုပ်ဖို့ နေ့စဉ်အချိန်ပေးပါ။ အားကစားဖြစ်စေ ဘောလုံးပွဲဖြစ်စေ နောက်ဆုံး ဖဲရိုက်တာဖြစ်စေ အချိန်ပေးပြီး ခဏလေးဖြစ်ဖြစ် စိတ်ကို နှစ်ထားလိုက်ပါ။ အလုပ်အကြောင်း ကျောင်းစာအကြောင်း လုံးဝမစဉ်းစားနဲ့။ ဒါဆိုရင် စိတ်ဖိစီးမှုကနေ တော်တော်လေး သက်သာရာ ရပါလိမ့်မယ်။ နောက်ပြီး တစ်နှစ်မှာ အနည်းဆုံး တစ်ခေါက်တော့ ကိုယ်မရောက်ဖူးတဲ့ ဒေသကို ခရီးထွက်ပါ။ ရန်ကုန်က သူတွေကို အားရင် ချောင်းသာ သွားသလို မဟုတ်ဘူး။ ဒီနှစ် ချောင်းသာ သွားရင်၊ နောက်နှစ် အညာ၊ နောက်နှစ်ကျတော့ မြစ်ဆုံ စသည်ဖြင့် မတူညီတဲ့ဒေသတွေကို သွားလည်ခြင်းကသာ ကိုယ့်စိတ်ကို လန်းဆန်းစေမှာ ဖြစ်ပါတယ်။



(၂) ကိုယ်ဘာမှ မတတ်နိုင်သည့် ဖြစ်ရပ်များကြောင့် ဖြစ်သော စိတ်ဖိစီးမှု


တချို့အကြောင်းအရာတွေက ကိုယ်ဘာမှ ပြုပြင်လို့မရတော့ဘဲ ကိုယ့်ကို စိတ်အနှောက်အယှက်ပေးတာမျိုးတွေ ရှိတတ်ပါတယ်။ လူတော်တော်များများက အဲဒီလိုဖြစ်ရင် တ၇ားထိုင်လို့ ပြောလေ့ရှိကြတယ်။ ဟုတ်ပါပြီ။ တရားက ဘယ်လိုထိုင်ရမှာလဲ မေးရင် ၀ိပဿနာလား။ အာနာပါန သမ္မထလားလို့ မေးရင် သေချာမပြောတတ်ကြဘူး။ စိတ်ပညာအမြင်အရပြောရရင် ၀ိပဿနာနည်းက စိတ်ထဲက အပူတွေကို ကင်းစင်စေတဲ့နေရာမှာ ပိုကောင်းပါတယ်။ သို့သော်သူက အစပိုင်းမှာ ထိုင်ရတာ ပိုခက်ပါလိမ့်မယ်။ ဒါပေမယ့် ထိုင်ကျင့်ရသွားရင် ဘယ်နေရာမှာမဆို အသုံးချလို့ရတယ်။ မျက်စိကိုစုံမှိုတ်ပြီး ၀င်သက်ထွက်သက်မှတ်နေမှ မဟုတ်ဘူး။ အလုပ်မှာလည်း မှတ်လို့ရတယ်။ ကျောင်းမှာလည်း မှတ်လို့ရတယ်။ ကားမောင်းရင်းလည်း မှတ်လို့ရတယ်။ ဘာသာရေးက ကျွန်တော် ကျွမ်းကျင်တဲ့ နယ်ပယ်မဟုတ်တဲ့အတွက် အသေးစိတ်မရေးတော့ပါ။


ဒါလေးတွေကတော့ ကျွန်တော် စုတုပြုထားတဲ့ စိတ်ဖိစီးမှု ပြေပျောက်နည်းလေးတွေပါ။ စာဖတ်သူတို့ သိရှိပြီး စာထဲမှာ မပါတဲ့ နည်းလမ်းတွေရှိရင်လည်း comment မှာ တဆင့် မျှဝေပေးဖို့ တောင်းဆိုလိုပါတယ်။


- ဇီဝက (ဆေး-၂)

Study: Exercise in Pregnancy Benefits Babies

5:17 PM Posted In Edit This 0 Comments »
Go to fullsize image

For most pregnant women, exercise is the last thing on their minds. After all, keeping slim while you're expecting isn't exactly the top priority — rather, it's making sure your baby gets enough nutrients to grow. But in a small new study, researchers at the University of Auckland in New Zealand report that a mother's regular aerobic exercise may be good for a growing fetus' health — and may even help a baby get a healthier start in life.

The finding is a bit surprising, because exercise is known to lower the risk of insulin resistance — the precursor condition to diabetes. Although insulin resistance is a detriment in healthy adults, it turns out to be helpful for proper fetal development. Insulin-resistant individuals gradually lose their ability to respond to changing glucose levels in the blood; in pregnant women, the condition, which occurs when hormones produced by the placenta interfere with the proper function of insulin in the body, means nutrients get shunted to the growing baby. (If the condition gets severe, however, it can result in a temporary condition called gestational diabetes in the mother, which is associated with heavier babies and a higher risk of obesity in childhood.) (See iPhone apps for new moms.)

The question is, Could a mother's exercise put her developing baby's food supply at risk? Past studies looking at the effect of exercise on birth weight have been inconclusive, and none have really investigated the influence of exercise on the mother's sensitivity to insulin. So the University of Auckland's Dr. Paul Hofman and his team decided to study 84 first-time mothers, who were of normal weight on average, and track any effects aerobic exercise might have on their insulin sensitivity and, ultimately, on their babies' birth weight. (Comment on this story.)

Researchers asked some women to exercise on a stationary bicycle for at least 40 minutes per session, up to five times each week, starting in the 20th week of pregnancy; the other women were not specifically asked to exercise. When the two groups and their babies were compared, the team found that women who bicycled regularly gave birth to babies who were on average 150 g (about 5 oz.) lighter than those born to the nonexercising mothers. In both groups, however, the babies were of healthy weight, and there was no difference in the mothers' weights. (See pictures of pregnant-belly art.)

Generally speaking, babies on the lower end of the normal weight range are considered healthier and less prone to developing diabetes and obesity than heavier ones, so this was an encouraging result. (Read "Is There an Obesity Tipping Point in Infancy?")

Even more reassuring was that regular exercise did not seem to affect the flow of nutrients to the growing babies in the womb. Over the course of the 15-week regimen, there was no additional exercise-related impact on mothers' insulin-sensitivity measures. Both exercising and nonexercising moms showed the same, expected increase in insulin resistance that accompanies pregnancy. "This suggests that the hormonal regulation of insulin resistance is incredibly strong and occurs irrespective of other environmental factors such as exercise," says Hofman. "I speculate that it's an important survival mechanism to make sure that moms maintain insulin resistance so the baby receives enough food." (See 10 cool ways to get into shape.)

Hofman's theory is supported by previous studies that have documented normal-weight babies born to mothers experiencing famine, says Dr. Raul Artal, chairman of obstetrics and gynecology at St. Louis University. "The fetus is actually quite protected, and there may be a preferential diversion of nutrients to the fetus regardless of how much the mother gains during pregnancy," he says.

He was encouraged by the new study's findings, which support the importance of exercise for expectant moms, in particular those who are overweight or obese. Indeed, pregnant women should not be afraid of exercising and should be careful not to gain too much weight, especially if they are already overweight or obese, says Artal. "We've published a study on the benefits of lifestyle interventions such as exercise for obese women and found that they deliver normal-size babies, with fewer complications, and often don't require a C-section," he says. (See 10 myths about dieting.)

Artal and several of his colleagues are concerned about current guidelines that they believe allow too much weight gain during pregnancy. The latest recommendations from the Institute of Medicine (IOM), released last September, allow normal-weight women to gain up to 25 lb. (7.3 kg) while they are expecting, which Artal feels is too much. The women in the New Zealand study gained an average of 16 lb. and gave birth to babies within a healthy weight range. "I am excited by these findings, because here you have normal-size women who engaged in daily exercise and did not gain weight as per the IOM recommendations, and their babies were of normal weight," he says. "That strengthens the argument that the current recommendations for weight gain during pregnancy are too lax." (See the top 10 medical breakthroughs of 2009.)

It's an even more important message for overweight and obese mothers-to-be, who tend to deliver heavier babies (anything over about 8 lb. 12 oz., or 4 kg, is considered a high birth weight), who are then at higher risk of diabetes and obesity later in life. Those heavier children are then more likely to become overweight adults and in turn give birth to bigger babies. The goal, says Hofman, is to break the cycle of ever bigger generations of babies. According to his latest findings, exercise during pregnancy may be a safe and reliable first step; the American Congress of Obstetricians and Gynecologists recommends 30 minutes a day for pregnant women, for as long as they are physically able.

ဘာစီလိုနာနှင့် ပြန်ဆုံရမည့် ပွဲအတွက် မော်ရင်ဟို အသင့်ဖြစ်နေ

10:15 AM Posted In Edit This 0 Comments »
ဘာစီလိုနာနှင့် ပြန်ဆုံရမည့် ပွဲအတွက် မော်ရင်ဟို အသင့်ဖြစ်နေ


အင်တာ အသင်း နည်းပြ မော်ရင်ဟိုမှာ လာမည့် ဘာစီလိုနာ အသင်းနှင့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်အတွက် ဆန်းကြယ်သည့် နည်းဗျူဟာများကို စီစဉ်ထားကာ ရင်ဆိုင်ရန် အသင်ြ့ဖစ်နေပြီ ဖြစ်သည်။
အင်တာ နှင့် ဘာစီလိုနာတို့မှာ ယခုရာသီ ချန်ပီယံလိဂ် အုပ်စု အဆင့်တွင် တွေ့ဆုံခဲ့ကြဖူးသည့် အသင်းများ ဖြစ်သည်။ နည်းပြ မော်ရင်ဟိုက “ ကျွန်တော့် အနေနဲ့ ဘာစီလိုနာ အသင်းနဲ့ ပြန်ဆုံရမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲမှာ အသင်းရဲ့ နည်းဗျူ ဟာကို အပြောင်းအလဲ လုပ်ဖို့ ရှိပါတယ်။ ဘာစီလိုနာဟာ လာမယ့် ဒုတိယအကျော့ ကျရင် သူတို့ကွင်းမှာ ကစားရ မယ်ဆိုတော့ သူတို့အတွက် အခွင့်အရေး ပေါ့ဗျာ။ ဒါကို ကျွန်တော်တို့ သိထားဖို့ လိုပါတယ်။ ကျွန်တော်တို့ အနေနဲ့ သမိုင်းမှာ မော်ကွန်းတင်လောက်တဲ့ ချန်ပီယံလိဂ် အောင်မြင်မှုမျိုး ရအောင် ကြိုးစားသွားမှာပါ။ တကယ်လို့ ကျွန်တော်တို့ အနေနဲ့ ဒီနှစ်မှာ ချန်ပီယံလိဂ် ဖလား မရရင် နောက်နှစ်ပေါ့ဗျာ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ အသင်းရဲ့ အားကောင်းတဲ့ ယုံကြည် မှုနဲ့ စိတ်ဓါတ်တွေကို အများသိအောင် ပြသနိုင်ဖို့က ပိုအရေးကြီးပါတယ် ” ဟု ပြောဆိုခဲ့သည်။
အင်တာ အသင်းမှာ ချန်ပီယံလိဂ် ဖလားကို သမိုင်းတစ်လျှောက် ၁၉၆၄ ခုနှစ် နှင့် ၁၉၆၅ ခုနှစ်များတွင် ၂ နှစ်ဆက်တိုက် ရယူခဲ့ဖူးသည်။

ချန်ပီယံလိဂ် ဒုတိယည ပွဲစဉ်များ ( ၇-၄-၂၀၁၀ )

10:04 AM Posted In Edit This 0 Comments »
မန်ယူ ၃-၂ ဘိုင်ယန်

မန်ယူ အသင်းမှာ ယမန်နေ့က ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ အိမ်ကွင်း ပွဲစဉ်အဖြစ် ဘိုင်ယန် အသင်းနှင့် ကစားခဲ့ရာ ၃း၂ ဖြင့် အနိုင်ရခဲ့သော်လည်း နှစ်ကျော့ပေါင်းရလဒ် ၄း၎ အရ ပြိုင်ပွဲမှ ထွက်လိုက်ရပြီဖြစ်သည်။
ပြီးခဲ့သည့် ပထမအကျော့ အဝေးကွင်းပွဲတွင် မန်ယူမှာ ဘိုင်ယန်အသင်းကို ၂း၁ ဖြင့် ရှုံးနိမ့်ထားခဲ့သည်။ ယမန်နေ့ ဒုတိယအကျော့ အိမ်ကွင်း ပွဲစဉ်တွင် မန်ယူ အသင်းအတွက် ဂိုးများကို ပထမပိုင်း ၃ မိနစ်တွင် ဂစ်ဘ်ဆင်၊ ၇ မိနစ်နှင့် ၄၁ မိနစ်တွင် နာနီတို့က အသီးသီးသွင်းယူသွားခဲ့ပြီး ဧည့်သည် ဘိုင်ယန် အသင်းအတွက် ဂိုးများကို ပထမပိုင်း ၄၃ မိနစ်တွင် အိုလစ်နှင့် ဒုတိယပိုင်း ၇၄ မိနစ်တွင် ရော်ဘင်တို့က သွင်းယူခဲ့သည်။
မန်ယူ အသင်းမှ နောက်ခံလူ ရာဖေးလ်မှာ ယမန်နေ့ပွဲ၌ ပွဲကစားချိန် ဒုတိယပိုင်း မိနစ် ၅၀ တွင် နှစ်ဝါတစ်နီဖြင့် ထုတ်ပယ် ခံခဲ့ရသည်။ လာမည့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်တွင် ဘိုင်ယန်အသင်းမှာ ပြင်သစ်ကလပ် လိုင်ယွန် အသင်းနှင့် အားစမ်းရမည် ဖြစ်သည်။

http://www.youtube.com/watch?v=Fi4DJJ5_9F4


ဘော်ဒိုး ၁းဝ လိုင်ယွန်

လိုင်ယွန် အသင်းမှာ ယမန်နေ့က ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယ အကျော့ အဝေးကွင်း ပွဲစဉ် အဖြစ် ဘော်ဒိုး အသင်းနှင့် ကစားခဲ့ရာ ၁းဝ ဖြင့် ရှုံးနိမ့်ခဲ့သော်လည်း နှစ်ကျော့ပေါင်း ရလဒ် ၂း၃ အရ သမိုင်း တစ်လျှောက် ပထမဆုံး အကြိမ် အဖြစ် ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်သွားပြီ ဖြစ်သည်။
ပြီးခဲ့သည့် ပထမ အကျော့ အိမ်ကွင်း ပွဲစဉ်တွင် လိုင်ယွန် အသင်းမှာ ဘော်ဒိုးကို ၃း၁ ဖြင့် အနိုင်ရထားခဲ့သည်။ ယမန်နေ့ ဒုတိယ အကျော့ အိမ်ကွင်း ပွဲစဉ်တွင် ဘော်ဒိုး အသင်း အတွက် ဂိုးကို ပထမပိုင်း ၄၅ မိနစ်တွင် ချာမက်ခ်က သွင်းယူသွားခဲ့သည်။
လိုင်ယွန် အသင်းမှာ လာမည့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်တွင် ပြီးခဲ့သည့် ကွာတားဖိုင်နယ် အဆင့်၌ မန်ယူ အသင်းကို အဝေးဂိုး စည်းမျဉ်း အရ အနိုင်ရခဲ့သည့် ဘိုင်ယန် အသင်းနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

၇င်ခုန်စ၇ာ ချန်ပီယံလိဂ် ကွါတဖိုင်နယ် ညများ ( ၆-၄.၂၀၁၀ )

9:43 AM Posted In Edit This 0 Comments »
ဘာစီလိုနာ ၄း၁ အာဆင်နယ်


ဘာစီလိုနာ အသင်းမှာ ယမန်နေ့က ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ အိမ်ကွင်း ပွဲစဉ်အဖြစ် အာဆင်နယ် အသင်းနှင့် ကစားခဲ့ရာ ၄း၁ ဖြင့် အနိုင်ရရှိခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၆း၃ အရ နောက်တစ်ဆင့် တက်သွားပြီ ဖြစ်သည်။
ပြီးခဲ့သည့် ပထမအကျော့ အဝေးကွင်းတွင် ကစားစဉ်က ဘာစီလိုနာမှာ အာဆင်နယ် အသင်းနှင့် ၂ ဂိုးစီ သရေကျထားခဲ့သည်။ ယမန်နေ့ ဒုတိယအကျော့ ပွဲစဉ်တွင် လက်ရှိချန်ပီယံ ဘာစီလိုနာတို့အတွက် ဂိုးများကို ပထမပိုင်း ၂၁ မိနစ်၊ ၃၇ မိနစ်၊ ၄၂ မိနစ်နှင့် ဒုတိယပိုင်း ၈၈ မိနစ်တို့တွင် မက်ဆီက တစ်ဦးတည်း ၄ ဂိုး သွင်းယူခဲ့သည်။ ယင်းကြောင့် အာဂျင်တီးနားသား မက်ဆီမှာ ယခု ၂၀၁၀ ခုနှစ်အတွင်း ဘာစီလိုနာ အသင်းအတွက် ၄ ကြိမ်မြောက် ဟက်ထရစ် သွင်းယူနိုင်ခဲ့သည့် တိုက်စစ်မှူးတစ်ဦး ဖြစ်လာခဲ့သည်။
အာဆင်နယ် အသင်းမှာ ပထမပိုင်း ၁၈ မိနစ်တွင် သွင်းယူခဲ့သည့် တိုက်စစ်မှူး ဘန်တနာ၏ ဂိုးဖြင့်သာ ကျေနပ်ခဲ့ရသည်။
ဘာစီလိုနာအသင်းမှာ ဆီမီးဖိုင်နယ်တွင် မော်ရင်ဟို၏ အင်တာနှင့် ဆုံတွေ့ရမည်ဖြစ်သည်။

http://www.youtube.com/watch?v=vS6dhImqp1M



CSKA မော်စကို ၀း၁ အင်တာ
Post Date: 2010-04-07 00:02:43

အင်တာ အသင်းမှာ ယမန်နေ့က ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ် ဒုတိယ အကျော့ပွဲ အဖြစ် ရုရှားကလပ် CSKA မော်စကို အသင်းနှင့် အဝေးကွင်းတွင် ကစားခဲ့ရာ ၀း၁ ဖြင့် အနိုင်ရပြီး နှစ်ကျော့ပေါင်းရလဒ် ၀း၂ အရ ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်သည်။
ယင်းကြောင့် အင်တာနည်းပြ မော်ရင်ဟိုမှာ မတူညီသော ကလပ်အသင်း ၃ သင်းနှင့်အတူ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်သို့ ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့သည့် နည်းပြ ဖြစ်လာခဲ့ပြီး အင်တာ အသင်းမှာလည်း ပြီးခဲ့သည့် ၂၀၀၃ ခုနှစ် နောက်ဆုံး ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
အင်တာ အသင်းမှာ ပြီးခဲ့သည့် ပထမအကျော့ အိမ်ကွင်းတွင် ကစားစဉ်က CSKA မော်စကို အသင်းကို ၁းဝ ဖြင့် အနိုင်ရထားသည်။ ယမန်နေ့ ဒုတိယအကျော့ အဝေးကွင်းပွဲတွင် အင်တာ အသင်းအတွက် တစ်လုံးတည်းသောဂိုးကို ပထမပိုင်း ၆ မိနစ်တွင် ရှနိုက်ဒါက သွင်းယူသွားခဲ့ပြီး CSKA မော်စကို အသင်းမှာ ဒုတိယပိုင်း ၄၉ မိနစ်တွင် အိုဒီရာ နှစ်ဝါတစ်နီဖြင့် ထုတ်ပယ် ခံရ၍ ကစားကွက်ပျက်ပြီး ယခုကဲ့သို့ ရှုံးနိမ့်ခဲ့ရကာ ချန်ပီယံလိဂ် ပြိုင်ပွဲမှ ထွက်ခဲ့ရပြီ ဖြစ်သည်။
ယင်းပွဲစဉ်နှင့် ပတ်သက်၍ အင်တာနည်းပြ မော်ရင်ဟိုက “ ကျွန်တော်တို့ အနေနဲ့ CSKA မော်စကို အသင်းဘက်ကို အစောဆုံး ဂိုးသွင်းနိုင်ဖို့ မျှော်လင့်ခဲ့တာပါ။ မီလန်မှာတုန်းကလိုပဲ ကျွန်တော်တို့ဟာ မနေ့က အဝေးကွင်းမှာ ပထမပိုင်းမှာတင်ပဲ အစောဆုံး ဂိုးသွင်းနိုင်ခဲ့ပါတယ်။ စိတ်လှုပ်ရှားစရာပွဲတော့ မဟုတ်ပေမယ့် အသင်း အခုလို ဆီမီးဖိုင်နယ် ရောက်ပြီဖြစ်တဲ့အတွက် ကျွန်တော်ကျေနပ်ပါတယ်။ မော်စကိုအထိ လိုက်ပြီး အားပေးခဲ့ကြတဲ့ ကျွန်တော်တို့ အသင်း ပရိသတ် စုစုပေါင်း ၅၀၀ ခန့်ကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ အသင်းရဲ့ စစ်မှန်တဲ့ ခြေစွမ်းတွေကို ပြိုင်ဘက် အသင်းတွေ သိအောင် တင်ဆက်ပြနိုင်ခဲ့ပါပြီ ” ဟု ပြောဆိုခဲ့သည်။

ကမ္ဘာပေါ်က အငြိမ်းချမ်းဆုံးတိုင်းပြည်

8:14 AM Posted In Edit This 0 Comments »
E-mail Print PDF
Sailboat  with City in Background, Auckland, New Zealand

Sailboat with City in Background, Auckland, New Zealand

နယူးဇီလန်

“ သေဒတခုသည် 'ရွာ' ဖြစ်ချင်ဖြစ်မည်၊'တော' ဖြစ်ချင်ဖြစ်မည်၊ 'ချိုင့်ဝှမ်း' ဖြစ်ချင်ဖြစ်မည်၊ ' ကြည်းကုန်း' ဖြစ်ချင်ဖြစ်မည်။ မည်သို့ပင်ဖြစ်စေ သူတော်စင်များနေထိုင်ရာ ဖြစ်ရိုးမှန်ပါက ထိုဒေသသည် ကမ္ဘာ့မြေပြင်တွင် ပျော်မွေ့ဖွယ်အကောင်းဆုံးဖြစ်၏”

(ဓမ္မပဒ ဂါထာ အပိုဒ် - ၉၈)

နယူးဇီလန်နိုင်ငံသည် ကမ္ဘာပေါ်၌ အငြိမ်းချမ်းဆုံးနိုင်ငံဖြစ်ကြောင်း (The Australian Newspaper) သြစတြေးလျှ သတင်းစာကြီးမှ Global Peace Index(http://visionofhumanity) မှထုတ်ပြန်သော နှစ်ပတ်လည်စစ်တမ်းအား ကိုးကား၍ ဖေါ်ပြလိုက်ပါသည်။

ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၄၄ နိုင်ငံတို့၏ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ လာဒ်ပေးလာဒ်ယူစသည့် အခြေအနေ များအပေါ် လေ့လာဆန်းစစ်မှုအရ နယူးဇီလန်နိုင်ငံသည် ကမ္ဘာပေါ်၌ နေချင်စဖွယ် အငြိမ်းချမ်းဆုံးနိုင်ငံဖြစ်ကြောင်း အဆိုပါ သတင်းစာကြီး၌ ဖေါ်ပြထားပါသည်။

သြစတြေးလျှနိုင်ငံသည် ကမ္ဘာ့ အဆင့်(၁၉) ရှိပြီး၊ ဇွစ်ဆာလန်နိုင်ငသည် အဆင့်(၁၈)နှင့် ချီလီနိုင်ငံသည် အဆင့်(၂၀) ရှိပြီး လွန်ခဲ့သောနှစ်ကထက် အဆင့် (၈)ဆင့် တိုးတတ်လာခဲ့ကြောင်းသိရပါသည်။

နယူးဇီလန်နိုင်ငံသည် သွေးထွက်သံယိုအဓိကရန်းဖြစ်ပွါးမှု အလွန်နည်းပါးအောင်ဆောင်၇ွက်နိုင်ခြင်း၊ နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ အသုံးစရိတ် လျော့ချသုံးစွဲခြင်းတို့အား လက်ရှိ ကွန်ဆာဗေးတစ်ညွှန့်ပေါင်းအစိုးရမှ ကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်းတို့ကြောင့် တိုင်းပြည်သည် အလွန်အေးချမ်းသာယာ၍ ဖွံ့ဖြိုးတိုးတတ်လျှက်ရှိပါသည်။

အလယ်အလတ်လက်ယာ အမျိုးသားပါတီသည် ပါလီမန်အတွင်း လူကြိုက်များပြီး ပါလီမန်အတွင်းလည်း အင်အာ ကောင်းမွန်လာခဲ့အောင်ဆောင်ရွက်နိုင်ငခဲ့ခြင်းတို့ကြောင့် ၀န်ကြီးချုပ် Mr. John Key မှ သူ၏အတွေးနှင့် လုပ်ငန်း အစီအစဉ်များကို အကောင်းဆုံးဖြစ်ဆောင်ရွက်နိုင်ခဲ့ကြောင်း နိုင်ငံတော်အစီရင်ခံစာ၌လည်း ဖေါ်ပြထားပါသည်။

ကီဝီသတ္တါပုံလေးအားနိုင်ငံတော်တံဆိပ်အဖြစ် အသုံးပြုသော နယူးဇီလန်နိုင်ငံ၌ ရာဇ၀တ်မှု၊ လူသတ်မှုနှင့် လူ့အခွင့် အရေး ချိုးဖေါက်ခံရမှုများ ကင်းရှင်းသော ကမ္ဘာ့ထိတ်တန်းနိုင်ငံအဖြစ် ထင်ရှားကျော်ကြားလှပါသည်။

ယခင်က အိုင်စလန်နိုင်ငံမှ ဦးဆောင်နေခဲ့သော်လည်း ပြီးခဲ့သော စက်တင်ဘာလမှစ၍ စီးပွါးရေးကျဆင်းမှုနှင့် ဘဏ်များပြိုကျမှုတို့ကြောင့် နိုင်ငံအ၀န်း ဆန္ဒပြမှုများ၊ အဓိကရုန်းများ သွေးထွက်သုံယိုဖြစ်ပေါ်ခဲ့သောကြောင့် နယူးဇီလန် သည် ကမ္ဘာ့အဆင့် (၄)မှ အဆင့် (၁) အဖြစ်သို့ရောက်ရှိခဲ့ခြင်းဖြစ်ပါသည်။

နော့်ဒစ်(Nordics) နိုင်ငံများဖြစ်ကြသော ဒိန်မက်သည် ကမ္ဘာ့ ဒုတိယ၊ နော်ဝေးသည် တတိယနှင့် အိုင်စလန်သည် စတုတ္ထအဆင့် နှင့် သြစတီးယားနှင့် ဆွီဒင်တို့သည့် ပဉ္စမနှင့် ဆဌမနေရာအဆင့် စသည်ဖြင့် အသီးသီးရှိကြပါသည်။ နယူးဇီလန် ငြိမ်းချမ်းရေးနှင့် ပဋိပက္ခများလေ့လာရေးအမျိုးသားဌာနကြီးမှ ဒါရိုက်တာ ( Professor Kevin Clements က “ ဒါယာ တိုင်းပြည်တွင်းနေထိုင်ကြသော ပြည်သူလူထုတွေရဲ့ အလွန်ချစ်စရာကောင်းတဲ့ ဓလေ့စရိုက် လက္ခဏာတွေကို ညွှန်ပြနေတဲ့ သဘောပါဘဲ” လို့ ပြောကြားခဲ့ပါသည်။

တဆက်တည်းမှာဘဲ “ ခင်ဗျားတို့လည်းတွေ့မှာပါ ထုတ်ပြန်တဲ့စာရင်းအရဆို ကမ္ဘာ့ အငြိမ်းချန်းဆုံး နိုင်ငံပေါင်း (၂၀) ကိုကြည့်ရင် နိုင်ငံငယ်လေးချည်းပါဘဲဗျာ.. သို့ပေမယ့် သူတို့မှာ ချစားမှု၊ အကျင့်စာရိတ္တပျက်ပြားမှုတွေနဲ့ဆက်စပ်တဲ့ ပဋိပက္ခတွေမဖြစ်ရအောင် ပြည်သူ့ဘ၀လုံခြုံရေး၊ လူမှု့ဖူလှုံရေးနှင့် သက်သာချောင်ချိရေး အတွက် အလွန်ခိုင်မာတဲ့ လုပ်ငန်းစဉ်တွေ အပေါ်အခြေခံ၍ ဆောင်ရွက်နိုင်ခဲ့ကြပါတယ်” လို့ Professor Kevin Clements ကဆိုပါသည်။

Global Peace Index စစ်တမ်းအရ ဂျပန်နိုင်ငံသည် အဆင့်(၇)၌ တွေ့ရပြီး မနှစ်ကထက် (၂) ဆင့်လျော့ကျသွားကြောင်း တွေ့ရပါသည်။ ကနေဒါသည် အဆင့် (၈)၊ ဂျာမဏီ အဆင့်(၁၆)၊ ပြင်သစ် အဆင့် (၃၀)၊ အီတလီ အဆင့်(၃၆)၊ ဗြိတိန်မှာ အဆင့် (၃၅)ရှိပြီး ယခင်နှစ်ကထက် အဆင့် (၁၄)ဆင့်တိုးတတ်လာကြောင်းတွေ့ရပြီး၊ အမေရိကန် ပြည်ထောင်စုသည် အဆင့် (၈၃) ရှိပြီး ယခင်နှစ်ကထက် အဆင့်(၁၃)ဆင့်တိုးတတ်လာကြောင်း Global Peace Index စစ်တမ်း၌ ဖေါ်ပြထားပါသည်။

မြန်မာနိုင်ငံကတော့ မနှစ်ကနှင့်အတူတူ အဆင့် (၁၂၆)၌ ရှိကြောင်းတွေ့ရပါသည်။

အီရက်နိုင်ငံကတော့ သုံးနှစ်တာကလအတွင်း နိုင်ငံအတွင်း၌ သွေးထွက်သံယိုမှုများအပြည့်နှင့် ပြည်သူ့ဘ၀ လုံခြုံမှု မရှိသောကြောင့် အောက်ဆုံးအဆင့်(၁၄၄) ၌ရှိပါသည်။ `၎င်းမှစတင်ရေတွက်သော် အာဖဂန်နစ္စတန်(၁၄၃) ဆိုမာလီယာ (၁၄၂)၊ အစ္စရေး(၁၄၁)၊ ဆူဒန်(၁၄၀)၊ ကွန်ဂို(၁၃၉)၊ ချဒ်(၁၃၈)၊ ပါကစ္စတန်(၁၃၇)၊ ရုရှား(၁၃၆)၊ ဇင်ဘာဘွေ (၁၃၅) စသည့်နိုင်ငံများသည် ငြိမ်းချမ်းသာယာမှုကင်းမဲ့နေသော နိုင်ငံများဖြစ်ကြောင်း Global Peace Index လေ့လာဆန်း စစ်ချက်များက ညွှန်းဆိုနေပါကြောင်း တင်ပြလိုက်ရပါသည်။

ဝမ်းအိုဝမ်း

၃.၅.၂၀၀၉

Ref:

http://www.visionofhumanity.org/index.php

http://www.visionofhumanity.org/gpi/results/rankings.php

The Australian Newspaper

ကင်ဆာနှင့် ပတ်သက်၍ သိထားသင့်သော အချက်များ

3:19 AM Posted In Edit This 0 Comments »
ကင်ဆာရောဂါလို့ ဆိုလိုက်တာနဲ့ ၀မ်းနည်းဖွယ်ရာ နိဂုံးအတော်များများ ရှိနေတဲ့ လူတိုင်းလိုလို သတ်မှတ်ထားတဲ့ ရောဂါဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ ၂၀၀၉ ခုနှစ်မှာ ကင်ဆာရောဂါဖြစ်ပွားသူ ၁.၅ သန်း ရှိမယ်လို့ ခန့်မှန်းကြပါတယ်။ ထို့ပြင် ကင်ဆာရောဂါနဲ့ သေဆုံးသူတွေဟာ တစ်ရက်ကို အယောက် ၁၅၀၀ ခန့် ရှိပါနေတယ်။ တနည်းအားဖြင့် ဆိုရင်တော့ သေဆုံးသူ လေးယောက်မှာ တစ်ယောက်ဟာ ကင်ဆာ ရောဂါကြောင့်လို့ ဆိုရပါလိမ့်မယ်။

ဒါဆို အဲဒီလို ဆိုးရွားတဲ့ ကင်ဆာရောဂါဆိုးကြီးကို တိတိကျကျမသိရှိဘဲနဲ့ မှန်းပြီး ကြောက်နေရမှာလား ဆိုတာ မေးစရာ ရှိလာပါတယ်။ ကင်ဆာရောဂါ အများစုမှာ သက်ဆိုင်ရာ နေရာကိုလိုက်ပြီး ဖြစ်ပေါ်တတ်တဲ့ လက္ခဏာ တချို့ရှိပါတယ်။ ဒီအချက်လေးတွေကို သတိထားခြင်းဖြင့် ကိုယ့်မှာ ကင်ဆာရောဂါရှိနေမလား ဆိုတာကို သတိထားနိုင်ပြီး အချိန်မနှောင်းခင်မှာ ကျွမ်းကျင်တဲ့ ဆေးပညာရှင်များနဲ့ ပြသဆွေးနွေးပြီးတော့ လိုအပ်တဲ့ ကုသမှုတွေကို ခံယူဖို့လိုအပ်ပြီလို့ ဆိုနိုင်ပါတယ်။

ကင်ဆာရောဂါမှာ တွေ့ရတတ်တဲ့ အချို့သော အချက်တွေဟာ တခြားရောဂါတွေမှာလည်း တွေ့နိုင်တာမို့ ဒီလက္ခဏာရှိတဲ့သူတိုင်းကို ကင်ဆာရောဂါဖြစ်နေပါပြီလို့ ပြောလို့မရပါဘူး။ သို့သော် ဒီအချက်တွေကို တွေ့တဲ့သူတွေဟာ ကင်ဆာဖြစ်ဖို့ အလားအလားရှိတဲ့ အုပ်စုမှာ ဆိုရင်တော့ ပိုမိုသတိထားသင့်တဲ့ အချက်တွေ ဖြစ်ပါတယ်။ ဥပမာ ဆိုရရင်တော့ ဆေးလိပ်သောက်သုံးသူ၊ ဟော်မုန်းဆေးများ သောက်သုံးသူ၊ ဓာတ်ရောင်ခြည်များနှင့် အလုပ်လုပ်ရသူ၊ စက်ရုံအလုပ်ရုံများမှာ အလုပ်လုပ်သူ၊ ဓာတုဗေဒပစ္စည်းများကို အစဉ်မပြတ်ကိုင်တွယ် သုံးစွဲနေရသူ၊ ကင်ဆာမျိုးရိုးဗီဇရှိသူနှင့် အသက်အရွယ်ကြီးရင့်သူ စသည်ဖြင့်ပေါ့။

သတိထားမိသင့်တယ်ဆိုတဲ့ အချက်လေးတွေကတော့…

၁။ ချွဲသလိပ်များကြောင့် အသက်ရှုာကြပ်ခြင်း သို့မဟုတ် အသက်ရှုရပ်ခြင်း။
ဒီလက္ခဏာကို သာမန် အဆုတ်ရောဂါများမှာလည်း တွေ့နိုင်ပါတယ်။ထို့အပြင် အဆုတ်ကင်ဆာရောဂါရဲ့ လက္ခဏာများထဲက တစ်ခုအနေနဲ့လည်း တွေ့နိုင်ပါတယ်။ ကာလကြာရှည်စွာ ချောင်းဆိုးခြင်း နဲ့ ရင်ဘတ်အောင့်ခြင်း၊ သွေးကင်ဆာ၊ အဆုတ်ကင်ဆာသမားတွေမှာ ဆိုရင်တော့ ချောင်းကို ဆိုးဆိုးရွားရွား ဆိုးတာမျိုးတွေ တွေ့ရတတ်ပါတယ်။

၂။ မကြာခဏ ဖျားနာခြင်းနှင့် ရောဂါပိုးဝင်လွယ်ခြင်း။
ဖျားနာခြင်းဟာ ယေဘုယျ လက္ခဏာ တစ်ခုဖြစ်သလို ဒါဟာ သွေးကင်ဆာရဲ့ လက္ခဏာ တစ်ခုဖြစ်နေနိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ သွေးကင်ဆာ ဖြစ်ပွားသူတွေမှာ ရိုးတွင်းခြင်ဆီကနေ ထုတ်လုပ်တဲ့ သွေးဖြူဥတွေကို ပုံစံပျက်စေပါတယ်။ ခုခံအားစနစ်မှာ ပုံစံမမှန်တဲ့ သွေးဖြူဥတွေကြောင့် ခုခံအားစနစ်ကို ထိခိုက်စေပါတယ်။ ဒါကြောင့် သွေးကင်ဆာရှိသူတွေမှာ မကြာခဏ ဖျားနာတတ်တာ ဖြစ်ပါတယ်။

၃။ အစားအသောက်များ မျိုချရာတွင် အခက်အခဲဖြစ်ခြင်း။
အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ဖြစ်တတ်တဲ့ ကင်ဆာတချို့နဲ့ လည်ပင်း ကင်ဆာတွေမှာ အစားသောက် မျိုချရတာ ခက်ခဲတတ်ပါတယ်။

၎။ သနံ အကြိတ်လေးများ ရောင်ရမ်းခြင်း (သို့မဟုတ်) လည်ပင်းပေါင်ခြံ တို့မှအဖုအကြိတ်များ။
သနံကြိတ်လေးများ ရောင်ရမ်းခြင်းဟာ သနံအဖွဲ့အစည်းရဲ့ အလုပ်လုပ်ဆောင်မှု မမှန်ကန်ခြင်းကို ဖြော်ပပါတယ်။ ဒါဟာ ကင်ဆာတစ်မျိုးမျိုးရဲ့ ရှေ့ပြေး လက္ခဏာ ဖြစ်နေနိုင်ပါတယ်။

၅။ အတွင်းကြေအနာ ဆိုးဆိုးဝါးဝါးဖြစ်ခြင်း (သို့မဟုတ်) သွေးတိတ်ရန်ကြာမြင့်ခြင်း။
သွေးကင်ဆာဖြစ်တဲ့သူတွေမှာ ဒီလိုလက္ခဏာတွေကို တွေ့ရတတ်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ သွေးဖြူဥနဲ့ သွေးဥမွှားတွေမှာ ပြဿနာရှိခြင်းကြောင့်လို့ပဲ အကြမ်းဖျင်းပြောနိုင်ပါတယ်။

၆။ အလိုလို အားနည်းနေခြင်းနှင့် မောပန်းလွယ်ခြင်း။
ဒါကတော့ အမျိုးမျိုးသော ကင်ဆာတွေမှာ တွေ့ရတတ်ပါတယ်။ အကြောင်းပြချက်မရှိဘဲ မောပမ်းလွယ်နေမယ်၊ အားနည်းနေမယ် ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

၇။ အစားအသောက်ပျက်ခြင်း။
“ငါ ဆာလဲ မစားဘူး။ စားလဲ မစားနိုင်ဘူး” ဆိုတဲ့ စကားသံများကို တခါတလေ ကျွန်တော်တို့ ကြားရတတ်ပါတယ်။ ဒီလက္ခဏာကို သားအိမ်ကင်ဆာသမားတွေမှာ တွေ့ရတတ်ပါတယ်။

၈။ တင်ပါးနှင့် ၀မ်းဗိုက်တစ်ဝိုက်တွင် နာကျင်ခြင်း။
လေပွခြင်းနှင့် တွဲပြီး ၀မ်းဗိုက်နှင့် တင်ပါးတ၀ိုက်တွင် နာကျင်ကိုက်ခဲပါက သားအိမ်ကင်ဆာကို ထည့်ပြီး စဉ်းစားသင့်ပါတယ်။ ဒါ့အပြင် ၀မ်းဗိုက်တ၀ိုက် နာကျင်ခြင်းဟာ ဆိုရင်ဖြင့် သွေးကင်ဆာကြောင့် ထိခိုက်ခံရတဲ့ သရက်ရွက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

၉။ စအိုမှ သွေးကျခြင်းနှင့် ၀မ်းသွားရာမှာသွေးပါခြင်း။
လိပ်ခေါင်းနဲ့ စအိုကွဲနာတွေမှာ ၀မ်းသွားလျှင် သွေးပါတတ်သလို အူမကြီး နဲ့ စအိုကင်ဆာတွေမှာ တွေ့တတ်ပါတယ်။ ဒါကြောင့် ဆရာဝန်တွေက အိမ်သာမှာ သွေးတွေ့ပြီဆိုတာနဲ့ ဆေးခန်းပြသင့်ကြောင်းနဲ့ လိုအပ်ပါက ၀မ်းစစ်ဆေးခြင်း၊ အစာအိမ်နဲ့ အူလမ်းကြောင်းကို မှန်ပြောင်းဖြင့် ကြည့်ရှုခြင်းများကို လိုအပ်သလို လုပ်သင့်ကြောင်း အကြံပြုထားပါတယ်။

၁၀။ အကြောင်းအရင်း ခိုင်ခိုင်မာမာမတွေ့ရှိဘဲ ကိုယ်အလေးချိန် ရုတ်တရက်ကျခြင်း။
အူမကြီး၊ အစာအိမ်နဲ့ အူလမ်းကြောင်း ကင်ဆာတချို့မှာ ကိုယ်အလေးချိန် ကျတတ်ပါတယ်။ အသည်းကို ပျံ့နှံ့သွားတတ်တဲ့ ကင်ဆာမျိုးတွေမှာလည်း စားချင်စိတ်ကို လျော့နည်းစေတာကို တွေ့ရပါတယ်။

၁၁။ အစာအိမ်မှာ မသက်မသာခံစားရခြင်း။
အစာအိမ်နာခြင်း နဲ့ ဗိုက်အောင့်တတ်ခြင်းတွေကိုလည်း အူမကြီးကင်ဆာမှာ တွေ့ရတတ်ပါသေးတယ်။

၁၂။ သားမြတ် နီရဲ ရောင်ရမ်း နာကျင်ခြင်း။
သားမြတ်ကင်ဆာသမားတွေမှာ ဒီလိုလက္ခဏာတွေကို တွေ့ရတဲ့အတွက် အဲဒီလို အခြေအနေကို ကြုံလာခဲ့ပြီဆိုရင်တော့ တတ်ကျွမ်းတဲ့ ဆရာဝန်ကို သွားရောက် ဆွေးနွေးသင့်ပါတယ်။

၁၃။ သားမြတ်ခေါင်း ပုံစံပြောင်းလဲခြင်း။
သားမြတ်ကင်ဆာကတော့ ဆရာဝန်ဆီ မရောက်ခင်ကတည်းက အမျိုးသမီးတွေ သတိထားမိနိုင်တဲ့ အမျိုးအစားပါလို့ ပြောရင် မမှားပါဘူး။ သားမြတ်ခေါင်း ပုံစံနဲနဲ ပြောင်းတာနဲ့ ရောဂါ ရှာဖွေရေးလုပ်သင့်ပြီဆိုတဲ့ အချက်ကိုတော့ မမေ့အပ်ပါဘူး။

၁၄။ ဓမ္မတာမမှန်တော့ခြင်း။
တခါတလေမှာ အချိန်အခါမဟုတ် ရာသီသွေးလာတာ ကိုတွေ့ရပါတယ်။ ဒါ့အပြင် အလွန်အမင်း နာကျင်ခြင်းကိုလည်း ခံစားရတတ်ပါတယ်။ ဒါဟာဆိုရင်ဖြင့် သားအိမ်နဲ့ဆိုင်တဲ့ ကင်ဆာတွေရဲ့ လက္ခဏာပါပဲ။ ဒါကြောင့် ရောဂါရှာဖွေကုသနိုင်ဖို့အတွက် ဆေးပညာရှင်များနဲ့ ဆွေးနွေးသင့်ပါတယ်။

၁၅။ မျက်နှာ ရောင်ရမ်း ဖေါသွပ်ခြင်း။
တခါတရံ မျက်နှာမှာ ရောင်ရမ်းဖောသွပ်ခြင်းနဲ့ နီမြန်းခြင်းတွေကို အဆုတ်ကင်ဆာရဲ့ ရှေ့ပြေး အနေနဲ့ တွေ့ရတတ်ပါတယ်။

၁၆။ အရေပြားတွင် အဖုအကြိတ်နှင့် အနီကွက်များ ပေါ်လာခြင်း။
အရေပြားမှာ တစ်ခုခု အပြောင်းအလဲ ဖြစ်မဖြစ်ကို အမြဲတစေ စောင့်ကြည့်နေဖို့လိုအပ်ပါတယ် ။ ဒါမှသာလျှင် အရေပြားနဲ့ဆိုင်တဲ့ ကင်ဆာအမျိုးမျိုးကို ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

၁၇။ လက်သည်းခြေသည်းခွံများတွင် ပြောင်းလဲခြင်း။
လက်သည်း ခြေသည်းများ ညိုမည်းလာခြင်းနှင့် အမည်းစက်လေးများ ပေါ်လာခြင်းကို အရေပြားကင်ဆာတွေမှာ တွေ့ရပါတယ်။ လက်ချောင်းထိပ်လေးတွေမှာ တင်းပုတ်ပုံစံကဲ့သို့ ကြီးလာခြင်းကတော့ အဆုတ်ကင်ဆာရဲ့ လက္ခဏာတစ်ခုပါ။ ဒါ့အပြင် လက်သည်းခြေသည်း အရောင်များဖျော့ခြင်း၊ ဖြူခြင်းများကိုတော့ အသည်းကင်ဆာမှာ တွေ့ရတတ် ပြန်ပါတယ်။

၁၈။ ခါးနာခြင်း။
အသည်းကင်ဆာခံစားရသူ အများစုကတော့ ခါးနာတယ် လို့ပြောကြပါတယ်။ ဒါ့အပြင် သားမြတ်ကင်ဆာသမားတွေမှာလည်း ခါးနာတာကို တွေ့ရတတ်ပါတယ်။ ဘာလို့လည်းဆိုတော့ ကင်ဆာဆဲလ်တွေက နံရိုးတွေနဲ့ ကျောရိုးတွေကိုပါ ပျံ့နှံ့သွားနိုင်လို့ပါပဲ။

အမှန်တကယ်ကတော့ လူတိုင်းလူတိုင်း မိမိတို့ကိုယ်မှာ ဘာတွေ ပြောင်းလဲနေတယ်ဆိုတာကို အစဉ်မပြတ် စောင့်ကြည့်နေဖို့ လိုအပ်ပါတယ်။ အားလုံး သိတဲ့အတိုင်းပါပဲ ရောဂါတစ်ခုဟာ စောစော သိတယ်ဆိုရင် ကုသရေးမှာ အောင်မြင်ဖို့ အခွင့်အလမ်း ပိုများပါတယ်။ နောက်ထပ်သိထားသင့်တဲ့ အချက်ကတော့ ကျန်းမားရေးနဲ့ ညီညွတ်စွာ နေထိုင်တတ်ခြင်းဟာ ကင်ဆာရောဂါကို ကာကွယ်ရာမှာ ထိရောက်တဲ့ နည်းတစ်ခု ဖြစ်ပါတယ်။ အိပ်ရေး၀၀အိပ်ခြင်း၊ သင့်တင့် မျှတစွာစားသုံးခြင်း၊ လေ့ကျင့်ခန်း၊ မှန်မှန်လုပ်ခြင်းနဲ့ စိတ်ဖိစီးမှုကို တတ်နိုင်သလောက် လျှော့ချခြင်းတို့ကို လုပ်ဆောင်ကြည့်ပါ။ အမှန်တကယ် အကျိုးရှိကြောင်း သိလာပါလိမ့်မယ်။

တကယ်ဆိုရင်တော့ ကင်ဆာရောဂါဟာ ကာကွယ်လို့ရပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကင်ဆာရောဂါ အများစုဟာ အ၀လွန်မှု၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ အစာအဟာရ ချို့တဲ့ခြင်းတွေနဲ့ ဆက်စပ်နေလို့ပါပဲ။ နောက်ကျွန်တော်တို့ သတိမထားမိတဲ့ အချက်ကတော့ ဗိုက်တာမင်ဒီ ချို့တဲ့ခြင်းပါပဲ။ အခု သိလာရတဲ့ အချက်တစ်ခုကတော့ ဗိုက်တာမင်ဒီကိုသာ ကောင်းကောင်း ဖြည့်တင်းထားမယ်ဆိုရင် ကင်ဆာရဲ့ ၅၀ရာခိုင်နှုန်းလောက်ကို ကာကွယ်နိုင်တယ်ဆိုတဲ့ အချက်တစ်ခုပါပဲ။

ကင်ဆာရောဂါ ဖြစ်ပွားမှု့ လျော့နည်းအောင် ဘယ်လိုကာကွယ်မလဲ ...

၁။ ဗိုက်တာမင်ဒီ ပမာဏကို မလျော့ကျအောင်ထိန်းထားခြင်း။
အထက်မှာ ဖော်ပြခဲ့တဲ့ အတိုင်းပါပဲ။ ဗိုက်တာမင်ဒီ ပမာဏကို လျော့ကျမနေအောင် ထိန်းထားဖို့ လိုအပ်ပါတယ်။ ဆိုတော့ ဘယ်နည်းတွေနဲ့ ဗိုက်တာမင်ဒီကို ရယူမလဲ။ အကောင်းဆုံးနဲ့ သဘာဝအကျဆုံးကတော့ နေရောင်ခြည်ကနေ ရယူခြင်းပါပဲ။ နေရောင်ခြည်ကို ထိတွေ့ခြင်းနဲ့ ကျွန်တော်တို့ဟာ ဗိုက်တာမင်ဒီကို ရယူနိုင်ပါတယ်။ မလုံလောက်ခဲ့ရင်တော့ ဗိုက်တာမင်ဒီ ပါတဲ့ ဆေးဝါးများကနေ တဆင့် ဗိုက်တာမင်ဒီ ပမာဏကို ဖြည့်တင်းနိုင်ပါတယ်။

၂။ အ၀လွန်မှုမှ ကာကွယ်ခြင်း။
နောက်တစ်ခုကတော့ ကာဗိုဟိုက်ဒြိတ် ပမာဏကို တက်စေမယ့် ဆန်၊ ပြောင်း၊ အာလူး စတာတွေကို တတ်နိုင်သလောက် လျှော့စားဖို့ပါပဲ။ ဒီအစားသောက်တွေဟာ အ၀လွန်ခြင်းနဲ့ ဆက်စပ်နေပါတယ်။ ဒါ့အပြင် ကင်ဆာဟာ အ၀လွန်မှုနဲ့ ဆက်စပ်နေတဲ့အတွက် ဒီအစားအသောက်တွေကို လျှော့ချခြင်းအားဖြင့် ကင်ဆာရောဂါဖြစ်ပွားနိုင်မှုကို လျော့ကျစေမှာ ဖြစ်ပါတယ်။

၃။ လေ့ကျင့်ခန်း မှန်မှန်လုပ်ခြင်း။
လေ့ကျင့်ခန်း မှန်မှန်လုပ်မယ်ဆိုရင်တော့ ကင်ဆာရောဂါကို အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ လေ့ကျင့်ခန်း လုပ်ခြင်းအားဖြင့် အ၀လွန်မှုကနေ ကာကွယ်ပေးတဲ့ အပြင် ဆဲလ်ထဲက ဆက်သွယ်ရေးစနစ်ကိုပါ ကောင်းမွန်စေတဲ့အတွက် ထိရောက်တဲ့ ကာကွယ်နည်း တစ်ခုလို့ ဆိုနိုင်ပါတယ်။

၎။ မျှတစွာစားသုံးပြီး အိပ်ရေးဝအောင် အိပ်စက်ခြင်း။
ကင်ဆာရောဂါကို အဓိက ကုသတဲ့ ဆေးရုံတစ်ခုကနေ လုပ်ထားတဲ့ သုသေသန တစ်ခုအရ ကျန်မာရေးနဲ့ ညီညွတ်စွာ စားသုံးပြီး အိပ်စက်ချိန် မှန်ကန်ခြင်းဟာ ကင်ဆာရောဂါကို ထိန်းချုပ်နိုင်တဲ့ နည်းတစ်ခုပဲဖြစ်တယ်လို့ သူတို့က အခိုင်အမာ ဆိုပါတယ်။

၅။ အဆိပ်တောက်များ ဓါတုဗေဒပစ္စည်းများမှ တတ်နိုင်သမျှရှောင်ရှားခြင်း။
ဖြစ်နိုင်သမျှတော့ အဆိပ်တောက်ဖြစ်စေသော အရာများမှ ရှောင်ရှားသင့်ပါတယ်။ ဥပမာဆိုရရင်တော့ ပိုးသတ်ဆေးများ၊ လေထုညစ်ညမ်းခြင်း၊ အိမ်သန့်ရှင်းရေးလုပ်ရာမှာ အသုံးပြုတဲ့ ဓာတုဗေဒဆေးများပါပဲ။

ု၆။လက်ကိုင်ဖုန်း အသုံးပြုမှုကို လျှော့ချုခြင်း။
လက်ကိုင်ဖုန်းတွေဟာ ဓာတ်ရောင်ခြည်ဖြာထွက်မှုကို ဖြစ်စေတဲ့ အကြောင်းတစ်ချက်ပါပဲ။ ဓာတ်ရောင်ခြည် ဖြာထွက်မှုဟာ ကင်ဆာရောဂါကို ဖြစ်ပွားစေနိုင်တဲ့ အတွက် တတ်နိုင်သလောက် လက်ကိုင်ဖုန်း အသုံးပြုမှုကို လျှော့ချသင့်ပါတယ်။

အထက်မှာ ဖော်ပြထားတဲ့ အချက်တွေကို လိုက်နာမယ် ဆိုရင်တော့ ကင်ဆာရောဂါ ဖြစ်ပွားနိုင်တဲ့ အန္တရာယ်ကို တော်တော်လေး တားဆီး ပေးနိုင်ပါလိမ့်မယ်။

ကင်ဆာဖြစ်လာရင် ဘာလုပ်ကြမလဲ.....

ကင်ဆာ ဖြစ်လာပြီဆိုရင်တော့ ကင်ဆာရောဂါကို ကျွမ်းကျင်တဲ့ ဆရာဝန်များနဲ့ပြသပြီး ဓာတုဗေဒ ဆေးသွင်း ကုသခြင်း (chemotherapy)၊ ဓာတ်ရောင်ခြည်ပေး ကုသခြင်း (radiation therapy) နဲ့ ခွဲစိပ်ကုသခြင်း (surgical operation) များကို လိုအပ်သလို လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

ကာကွယ်ခြင်းဟာ ကုသခြင်းထက် ထိရောက်တယ်ဆိုတဲ့ စကားအတိုင်း တတ်နိုင်သမျှ ကင်ဆာ မဖြစ်အောင် ကာကွယ်ကြပါစို့။

ရဲဝင့်ဦး (ဇီဝကမ္မဗေဒ)

ကျွန်ုပ်နားလည် သော အစ္စလာမ်.ဥပဒေ သဘောတရား-၂

1:28 PM Posted In Edit This 0 Comments »
ကမ္ဘ္ဘာပေါ်မှာ လူတွေအများဆုံးဖတ်တဲ့စာအုပ်ကြို
ပပါဆို၇င် ကျမ်းမြတ်ကု၇်အာန်ကို ပြ၇မှာဖြစ်ပါတယ် ။ နှစ်ပေါင်း ၁၄၀၀ ကျော်ထိ
မူ၇င်းအတိုင်း၇ှိနေတာလဲ ဒီကျမ်တော်မြတ်ကု၇်အာန်ပဲဖြစ်ပါတယ်။ အလ္လာဟ်အသျှင်မြတ်ကိုယ်တော်တိုင်ထိန်းသိမ်းစော်င့်ေ၇ှာက်
်မယ်လို့ ကတိပေးထားတာလဲဒီကျမ်းမြတ်ကု၇်အာန်ပဲဖြစ်ပါတယ်။ ဒီလိုအဖက်ဖက်ကနေပြည့်စုံနေတဲ့ကျမ်းမြတ်ကု၇်အာန်ထဲကနေ
၇လာတဲ့အသိတွေဟာ မွတ်ဆလင်တွေထဲမှာဘာလို့ကွဲပြားနေ၇တာလဲ။ ဒီမေးခွန်းဟာမွတ်ဆလင်အိမ်ထောင်စုကြီးတခုလုံး၇ဲ့စည်း
လုံးညီညွတ်ေ၇းအတွက်အလွန်အေ၇းကြီးတဲ့မေးခွန်တစ်ခုလည်းဖြစ်နေပါတယ်။

လူတယောက်ဟာ အလ္လာဟ်၇ဲ့ ၇ည်၇ွယ်ချက်တော်အတိုင်း ကျမ်းမြတ်ကု၇်အာန်ကိုနားလည်နို
င်၇န်အတွက်ဘာတွေလိုအပ်ပါသလဲ။
ပညာေ၇း၊ ယဉ်ကျေးမှု၊ အာ၇ဗီသဒ္ဒါကျွမ်းကျင်မှု၊ ဒါတွေဟာကျမ်းမြတ်ကု၇်အာန်ကိုနားလည်ခြင်း၇ဲ့အဓိကအကြောင်း၇င်း
တွေလား။ ဒီလိုအခြေခံတွေမရှိဘဲကျမ်းမြတ်ကု၇်အာန်ကိုနားမလည်နိုင်ဘူးလား။ အဖြေမရှိတဲ့မေးခွန်းပေါင်းများစွာဟာ ကျွန်
တော်တို့တစ်ဦးချင်းမှာရှိနေမှာအမှန်ဘဲ။ ဒီမေးခွန်းတွေ၇ဲ့ အဖြေမှန်ကိုနားလည်နိုင်ဖို့၊ ကျမ်းမြတ်ကု၇်အာန်ကိုအလ္လာဟ်အသျှင်
မြတ်ဆီက လက်ခံ၇၇ှိခဲ့တဲ့တမန်တော်မြတ်မိုဟမ္မဒ်(ဆွ)၇ဲ.ဘ၀၊ အလှနဲ့ ဒဿနတွေကိုခြေ၇ာခံ၇မှာဖြစ်ပါတယ်။
သမိုင်းအထောက်အထားအ၇အာ၇ဗ်အမျိုးသားတစ်ယောက်ဖြစ်တဲ့ တမန်တော်မြတ်(ဆွ)ဟာအာ၇္ဘဗ္ဗီစာပေကိုမတတ်မြောက်ဘူး။
သို့သော် လူသားထုတ၇ပ်လုံးအတွက် ကျမ်းမြတ်ကု၇်အာန်ကိုဖန်ဆင်းရှင်အလ္လာဟ်၇ဲ့ ၇ည်၇ွယ်ချက်တော်အတိုင်းသဘောတ၇ားနဲ့ လက်တွေ့ နှစ်၇ပ်လုံးပေါင်းပြီးကျင့်သုံးပြခဲ့တယ်။
အဲဒီအချိန်က ကမ္ဘာကျော်ပညာ၇ှင်ကြီးတွေတောင်မလုပ်နိုင်ခဲ့တဲ့ ဒီလိုကြီးကျယ်မြင့်မြတ်တဲ့အလုပ်ကိုတမန်တော်မြတ်(ဆွ)ဟာ ဟောပြော
နေ၇ုံတင်မကဘဲ၊ လက်တွေ့အကောင်အထည်ဖေါ်ပြီး အောင်
ပွဲပါ ခံပြခဲ့တယ်။ ဒါကိုကောက်ချက်ဆွဲကြည့်မယ်ဆို၇င် အလ္လာဟ်
အသျှင်မြတ်ကိုယ်တော်တိုင် ကြပ်မတ်လမ်းညွှန်ပေးမှုနဲ့ တမန်တော်မြတ်(ဆွ)ဟာ ဒီလုပ်ငန်းကိုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်
ကျမ်းမြတ်ကု၇်အာန်ကိုယေဘုယျ နားလည်နိုင်၇န်အတွက် လောကီပညာ အ၇ပ်၇ပ်လိုအပ်ပေမယ့် ဖန်ဆင်းရှင်၇ဲ့ ၇ည်၇ွယ်ချက်
တော်အတိုင်း နားလည်နိုင်၇န်နှင့် တဆင့်ဖြန့်ဖြူးနိုင်၇န်အတွက် အလ္လာဟ်အသျှင်မြတ်ထံပါးမှ တိုက်၇ိုက်ပေးအပ်တဲ့ (အသိပညာ)
လိုအပ်ပါတယ်။ ဒီ(အသိပညာ)ကို၇၇ှိနိုင်၇န်အတွက်အခြေခံအကျဆုံးက အလ္လာဟ်အသျှင်မြတ်အား(သိ)ဖို့လိုအပ်ပါတယ်။
သမတကြီးအဗူဘကာ၇်က....‘‘ဆင်ခြင်ခြင်းစနစ်ကိုဖျက်သိမ်းပြစ်နိုင်သောအ၇ည်အသွေးသည်ပင် အလ္လာဟ်အသျှင်မြတ်အား

သိ၇ာစင်စစ်ဖြစ်ပေသည်” လို့ သွန်သင်ပြခဲ့ပါတယ်။
အစ္စလာမ်၏၀ါဒေ၇း၇ာများနဲ့ ပတ်သက်ပြီး ဟောပြောပို့ချနေတဲ့ ပုဂ္ဂိုလ်များအနေနဲ့ အလ္လာဟ်အသျှင်မြတ်၇ဲ့ ၇ည်၇ွယ်
်ချက်တော်အတိုင်း သွေဖယ်ယိမ်းယိုင်မှုမ၇ှိဘဲ ဖြန့်ဝေသင့်ပါတယ်။ လူသားများအနေနဲမည်သို့ပင်၇ိုးသားစေကာမူမိမိဟောပြော

ပို့ချမှု အတွင်းဓလေ့စ၇ိုက်များ အနည်းအများဆိုသလိုေ၇ာနှောပါဝင်နိုင်တဲ့အတွက် မိမိ၇ဲ့ဟောပြောချက်များကိုထာ၀၇အ
မှန်တ၇ားအဖြစ်မခံယူသင့်ပေ။ အလ္လာဟ်အသျှင်မြတ်ထံတော်မှချီးမြှင့်ထားတဲ့ (အသိပညာ)မ၇၇ှိသေးတဲ့တစ်စုံတစ်ဦ
အနေနဲ့ မိမိ၇ဲ့ ဆင်ခြင်တုံတ၇ားနဲ့ သင်ညာတွေအပေါ်အားပြုနေ၇တဲ့အတွက်မိမိ၇ဲ့ သွန်သင်ချက်များသည်အသျှင်၇ဲ့၇ည်

၇ွယ်ချက်တော်ကို ခြုံငုံမိနိုင်မှာမဟုတ်ပါဘူး။
သာမန်မွတ်ဆလင်တစ်ဦး အနေနဲ့ မိမိပတ်ဝန်းကျင်အတွင်းဆက်စပ်ပတ်သက်နေ၇တဲ့ (တ၇ားဟောဆ၇ာ)များ

နဲ့ ပတ်သက်ပြီး ဝေခွဲနိုင်၇န်အတွက် အောက်ပါစံနှူန်းများကိုသတိထားသင်
့ပါတယ်။
‘‘အိုလူသားအပေါင်းတို့ ၊သင်တို့အနက် အလ္လာဟ်အသျှင်မြတ်နဲ့နောက်ဆုံးနေ့တော်ကြီးကိုမျှော်လင့်ကိုး
စား၍ အလ္လာဟ်အသျှင်မြတ်ကိုမကြာခဏ အာ၇ုံပြုသူတို့ အဘို့၇ာ အသျှင်မြတ်၏တမန်တော်သည် အလွန်မွန်မြတ်သော
စံနမူနာမုချအမှန်ဖြစ်၏” ။ (စူ၇ာဟ် ၃၃- အာယာတ်၂၂)

”အသျှင်မြတ်၇ဲ့ စွန္နတ်တော်နိယာမတွေကို လူသား၇ဲ့ကြိုးပမ်းမှုတွေနဲ့ ပေါင်းစပ်ပြီး အညီအညွတ်ဖြစ်အောင်
ထိန်းသိမ်းခြင်းကို (တက္က၀ါ) လို့ ခေါ်တယ်” ။ (မောင်လာနာနေဇွာမွဒ္ဒင်)

အလ္လာဟ်အသျှင်မြတ်၏ စံ ပေတံအရ လူသားတို.အထဲတွင်တက္က၀ါတ၇ားအ၇ှိဆုံးသူ သာလျှင် အမြင်.မြတ်ဆုံးသူ ဖြစ် လေတော.ကျမ်းမြတ်ကု၇်အာန်ကိုမရွဲ.မစောင်းမှန်ကန်စွာနား လည် ဖွင်.ဆို ရှင်း လင်း ရန်နိုင် အတွက် ပညာရပ်များတတ်ကျွမ်းမှူတစ်ခုတည်းနှင်.မပြည်.စုံနိုင် တော.ပေ။ ဖွင်.ဆိုရှင်းလင်းသူ(တ၇ားဟောဆ၇ာ)များ ၏ အလ္လာဟ်သိစိတ်၊တမန်တော်သိစိတ်
ကြောက်ရွံ.ရို ကြိုးစိတ်တက္က၀ါတ၇ားများကို ဆန်း စစ်ရ ပေ တော.မည်။


”အကြင်သူသည် အလ္လာဟ်အသျှင်မြတ်က တမန်တော်အဆက်ဆက်တို့ထံ ပို့ချခဲ့သောကျမ်းတ၇ားတို့တွင်

နှံ့စပ်၏၊ လူသားတို့၏ စွန့်လွတ်ကြိုးပမ်းမှုဖြင့် တည်ဆောက်ထားသောလူ့သမိုင်းကို ဖြစ်ပေါ်တိုးတက်ေ၇းလမ်းကြေင်း၊
သဘာဝလောကနဲ မိမိ၏လူ့ဘ၀ကို လွတ်လပ်စွာလေ့လာ စူးစမ်း သုတေသနပြုမှုနှင့်ကျယ်ဝန်းနက်ရှိုင်းသောစင်္ကြာဝဠာများ

အတွင်းတွင် ထူးခြားစွာအသက်၇ှင်၇ပ်တည်နေ၇သော မိမိ၏အဖြစ်တို့ကိုလည်း တတ်ကျွမ်းနားလည်၏၊ ထိုပညာ
၇ပ်များသည် အလာဟ်အသျှင်မြတ်ထံတွင် အခြေခံနေမှန်းကိုလည်းသိနားလည်၏၊ထိုသူကိုပညာ၇ှိဟုခေါ်၏”။ (ဒေါက်တာ-

မိုဟမ္မဒ်ဘာဟေ....အလ်-အဇ်ဟာတက္ကသိ
ုလ်-အီဂျစ်)

ပြည့်စုံမင်းသိမ်း (M.A.S.C)

The original letters Of Prophet Muhammed (invitations to right path)

6:55 PM Posted In Edit This 0 Comments »
Go to fullsize image Go to fullsize image Go to fullsize image
IstanbulIslamicMuseum
“In the name of Allah, the Beneficent, the Merciful। This letter is from Muhammad the slave of Allah and his Apostle to Heraclius, the ruler of the Byzantines. Peace be upon him who follows the right path. Furthermore, I invite you to Islam and if you become a Muslim you will be safe, and Allah will double your reward, and if you reject this invitation of Islam you will be committing a sin by misguiding your subjects. And I recite to you Allah's statement:

“O People of the Scriptures! Come to a word common to you and us that we worship none but Allah and that we associate nothing in worship with Him, and that none of us shall take others as Lords beside Allah. Then if they turn away, say: Bear witness that we are Muslims (those who have surrendered to Allah). (Qur’an: Surah 3, Ayah 64).”

All the Prophet's letters were stamped with the words: “Muhammad Rasul-ullah" (Muhammad the Messenger of Allah). Three of the Prophet’s letters have been preserved.


Allah: Allah is the proper name in Arabic for The One and Only God, The Creator and Sustainer of the universe. It is used by the Arab Christians and Jews for the God (Eloh-im in Hebrew; 'Allaha' in Aramaic, the mother tongue of Jesus). The word Allah does not have a plural or gender. Allah does not have any associate or partner, and He does not beget nor was He begotten. SWT is an abbreviation of Arabic words that mean 'Glory Be To Him.'
s or pbuh: Peace Be Upon Him. This expression is used for all Prophets of Allah.
ra: Radiallahu Anhu (May Allah be pleased with him).