ရင့်ကျက်တယ်ဆိုတာ......

4:07 AM Posted In Edit This 1 Comment »
ရင့်ကျက်တယ်ဆိုတာ အသက်အရွယ်နဲ့ ဆုံးဖြတ်လို့မရပါဘူး။ အသက်အရွယ်ဆိုတာ
ကိုယ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုပါ စိတ်ပိုင်းဆိုင်ရာ
ရင့်ကျက်မှုမဟုတ်ပါဘူး။

ရင့်ကျက်တယ်ဆိုတာ တိုက်စားခြင်းမခံဘူး၊ သံယောင်မလိုက်ဘူး၊ တခြားသူရဲ့
အရိပ်အကဲကိုမကြည့်ဘူး၊ သွက်သွက်လက်လက် ပါးပါးနပ်နပ်ရှိတာကို မခေါ်ဘူး၊
လေသင့်ရာ ပဲ့ထိုးတာမဟုတ်ဘူး၊ ဉာဏ်နီဉာဏ်နက်များတာကို ခေါ်တာမဟုတ်ဘူး။

ရင့်ကျက်တယ်ဆိုတာ အခက်အခဲနဲ့ရင်ဆိုင်ရသည့်တိုင် မိမိကိုယ်ကိုယ်ယုံကြည်မှု
မဲ့မသွားဘူး၊ ဂုဏ်ပြုချီးမွမ်းခံရသည့်တိုင် မဝင့်ကြွား၊ မထောင်လွှားဘူး။

ရင့်ကျက်တယ်ဆိုတာ သူတစ်ပါးရဲ့ အလိုက်မသိတဲ့ နောက်ပြောင်မှုကို
သည်းခံနားလည်ပေးတယ်။ ထင်မှတ်မထားတဲ့ အနှောင့်အယှက်၊ ထိုးနှက်ချက်တွေမှာ
စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားနို
င်တယ်။

ရင့်ကျက်တယ်ဆိုတာ တဲစုတ်နဲ့နေလည်း မသိမ်ငယ်ဘူး၊ တိုက်တာကြီးနဲ့နေလည်း
မာန်မာနမခက်ထန်ဘူး၊ မဝင့်ကြွားဘူး။

ရင့်ကျက်တယ်ဆိုတာ နောက်ကွယ်မှာပြောခဲ့တဲ့စကားကို လူပုံအလည်မှာ ချပြရဲတယ်။

ရင့်ကျက်တယ်ဆိုတာ သူတစ်ပါးရဲ့ အချစ်၊ အမုန်းနဲ့ ကိုယ့်ခံစားချက်ကို
မထိန်းချုပ်ဘူး။ လူအများနဲ့နေလည်း ကိုယ့်အားကိုယ်ကိုးတယ်။

ရင့်ကျက်တယ်ဆိုတာ မိဘဆွေမျိုး၊ လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်းမိတ်ဆွေ၊
အလုပ်အကိုင်နဲ့ လူ့လောကကို ပိုတွယ်တာ၊ ပိုတာဝန်ယူပြီး ပိုတန်ဖိုးထား
မြတ်နိုးတာဖြစ်တယ်။

ရင့်ကျက်တယ်ဆိုတာ ချစ်ခြင်းမေတ္တာ၊ ခွင့်လွှတ်နားလည်ခြင်း၊
တည်ငြိမ်ရောင့်ရဲတာတွေ တိုးသထက်တိုးလာပြီး အမုန်းရန်ငြိုး၊
အမြင်ကျဉ်းတာတွေ၊ စိတ်လိုက်မာန်လိုက်လုပ်တာတွေ၊ မောက်မာထောင်လွှားတာတွေ
နည်းသထက်နည်းတာဖြစ်တယ်။

ရင့်ကျက်တယ်ဆိုတာ ဆင်းရဲဒုက္ခနဲ့ကြုံခဲ့လည်း မားမားရပ် ရင်ဆိုင်နိုင်တယ်။
အောင်မြင်ကျော်ကြားနေလည်း ဘဝ မမေ့တတ်တာဖြစ်တယ်။

ရင့်ကျက်တယ်ဆိုတာ ကျရှုံးခဲ့လည်း အသစ်ကပြန်စရဲတယ်။
အောင်မြင်ကျော်ကြားခဲ့လည်း အောက်ခြေက ပြန်စရဲတယ်။

ရင့်ကျက်တယ်ဆိုတာ အမှားမရှိတာ မဟုတ်ဘူး။ လုံးဝပြီးပြည့်စုံတာ မဟုတ်ဘူး။
ရင့်ကျက်တယ်ဆိုတာ မျက်စိစူးစေတဲ့ တောက်ပမှုမျိုး မဟုတ်ဘူး။
မလျော့တဲ့လုံ့လနဲ့ ကိုယ့်ကိုယ်ကို ကောင်းသထက်ကောင်းအောင်
ပြုစုပျိုးထောင်တာဖြစ်တယ်။ ကြံ့ကြံ့ခံတဲ့စိတ်ဓာတ်နဲ့ အောင်မြင်တဲ့လူ့ဘဝဆီ
အရောက်လှမ်းတာဖြစ်တယ်။

Jailed Iran brothers win global health prize Jun 17, 2011 at 17:59

5:15 AM Posted In Edit This 0 Comments »
By Kerry Sheridan, AFP
WASHINGTON, June 17, 2011 - Two Iranian doctors who were jailed three years ago for allegedly plotting to overthrow the government were awarded a global health prize on Thursday for their efforts to treat patients with HIV.

Kamiar and Arash Alaei were arrested in June 2008 and accused of communicating with the United States in a bid to unseat the regime of Iranian President Mahmoud Ahmadinejad.

Kamiar, 37, was released several months ago and was on hand to accept the award in Washington, but his elder brother Arash, 42, remains in Tehran's Evin prison where he is serving a six-year sentence.

Until Arash is set free, Kamiar said he cannot move forward with his life.

"I feel I am not released yet," he said in an interview with AFP before he accepted the Global Health Council's Jonathan Mann Award for Global Health and Human Rights.

"The majority of nights I go back to prison and I continue my life in prison," he said.

Kamiar served two and a half years -- a term he remembers as "870 days, 3,800 hours" -- and is hopeful that Arash will be eligible for release soon because he has now served half his sentence.

He declined to discuss the details of his detention, except that he was kept in solitary confinement for two months. After eight months in prison, he was allowed to see his brother, he said.

The pair, known for their efforts to help drug addicts infected with HIV and improve conditions for sick prisoners, were not allowed to work as doctors while behind bars.

Instead, Kamiar said they took on the role of peer counselors, teaching fellow prisoners about basics such as hand-washing, and holding informal talks with them about HIV, tuberculosis, and infectious diseases.

The Alaei brothers are regarded as pioneers of AIDS treatment in Iran, where discussions about sex and drugs are often taboo.

Data is scarce about the prevalence of HIV/AIDS in the Islamic republic, but according to UNAIDS there were 5,000-10,000 infections in 2009 and about nine percent of people with advanced HIV infection were being treated with antiretroviral drugs.

The brothers began treating HIV-positive patients in the late 1990s, and they developed a three-pronged program that integrated prevention, care and social support.

This "triangular" approach to AIDS care was first tried in a prison in their hometown of Kermanshah and later became recognized as a best practice model in the Middle East.

The Alaei brothers were not born in poverty but were taught by their father, a Persian literature teacher, to use their education to help others.

"He motivated us to do the public good, even if the community doesn't understand the situation," said Kamiar.


Physicians for Human Rights has helped organize a letter-writing campaign across 80 countries urging the brothers' release.

"The appeal has been to allow the brothers to do their work," said Susannah Sirkin, deputy director of PHR.

"This is not a political campaign. This is a campaign by colleagues, many of whom know the brothers and their work directly because they have worked in concert with them or been inspired by their pioneering efforts inside Iran."

Kamiar said he was detained when he took a summer break from his US studies and went to work in Iran for a few months, and has been unable to understand why he was jailed.

"When you do some good, you don't expect to be in prison," Kamiar said.

"But I never got disappointed because I believe what I did was right. I love my work, and until the last moment of my life I will do public health, specifically for neglected populations."

After his release, Kamiar quietly returned to Albany, New York where he lives with his sister and is finishing up his doctoral degree.

The dean of the school of public health at the State University of New York at Albany, Philip Nasca, told AFP that Kamiar used some of his time in jail to teach himself Spanish, and was able to speak it with local patients during a recent trip to the Dominican Republic.

"I think he kept his intellectual life alive and his mental life alive," said Nasca.

According to Jeff Sturchio, president of the US-based Global Health Council which gave out the $10,000 award, the brothers serve as a powerful symbol for health professionals worldwide.

"They really put themselves at risk in advocating for the rights of people living with HIV and AIDS," said Sturchio.

"If there are still places in the world where people are put in prison just because they are advocating for the rights of people with HIV, then that is a world that we would like to see changed."

India to witness darkest lunar eclipse June 15

6:25 AM Posted In Edit This 0 Comments »


Jun 14, 2011 at 14:42
Views (5496) | Print | 3 Discussion Forum | Send to friend | Add comment |
By IANS
Mumbai (IANS) The darkest total lunar eclipse of this century, which will be visible throughout India, will occur June 15, an official of the Nehru Centre said Friday.

On the night of June 15, the sun, earth and moon will come in a straight line and the earth's shadow will eclipse the full moon passing through it.

As the moon slips into the earth's "umbra" (dark shadow), it will slowly assume a coppery red colour, making it a not to be missed spectacle.

The lunar eclipse will start at 23:53 p.m. and end at 03:32 a.m. on June 16, and will be visible all over India, the Middle East, southern Europe and northern Africa.

This will be the darkest lunar eclipse over the Indian skies this century. The previous darkest lunar eclipse took place four decades back, on Aug 6, 1971.

The year's second and final lunar eclipse will occur Dec 10, but it will be visible only in Eurasia, Australia and north-western parts of North America.

Weather conditions permitting, since monsoon is just starting on the sub-continent, the Nehru Centre and other scientific organisations shall make special arrangement to enable people view the total lunar eclipse.

Earlier this year, two solar eclipses have also occurred but they were not visible in India.

ဘာပဲရှုံးရှုံး စိတ်ခံစားချက်ကို မရှုံးစေနဲ့

4:36 AM Posted In Edit This 0 Comments »
(၁) စိတ်ဝိညာဉ်ကို လှဲကျင်းပါ

လူအများက အိမ်ခန်းတွေရှင်းလင်းပြီးနောက် သန့်ရှင်းသွားတဲ့ခံစားမှုမျိုးကို
နှစ်သက်ကြတယ်။ အဲဒီလိုပဲ ဆံပင်ညှပ်ပြီးနောက် ပေါ့ပါးသပ်ရပ်သွားတဲ့
ခံစားမှုမျိုးကိုနှစ်သက်ကြတယ်။ အကြောင်းက ပိုလျှံတာတွေကို
ရှင်းထုတ်ပစ်လိုက်လို့ဖြစ်တယ်။

ကလေးဘဝက ပျော်စရာကောင်းပါတယ်။ သူတို့မှာ ဘာတွေးတောခံစားမှု၊
ဘာစိတ်ညစ်စရာမှ မရှိသေးလို့ဖြစ်တယ်။ အရွယ်ရောက်နေပြီဖြစ်တဲ့
ကျွန်တော်တို့မှာတော့ ဘဝရဲ့ဖိစီးမှုတွေ၊ တွေးတောမှုတွေက
ရှုပ်ထွေးများပြားပြီး နာကျင်ခံစားမှုတွေကို တိုးချဲ့နေကြပါတယ်။

ကွန်ပြူတာက Recycle Binကို မကြာခဏ ရှင်းပေးရတယ်ဆိုတာကို
ကွန်ပြူတာသုံးသူတိုင်း သိကြပါတယ်။ ဒါမှ နေရာလွတ်များများမယူဘဲ
ကွန်ပြူတာရဲ့အရှိန်ကို မြန်စေမှာဖြစ်တယ်။ လူရဲ့ဦးနှောက်ကလည်း
အဲဒီအတိုင်းဖြစ်တယ်။ အရာတိုင်းကို ချန်ထားလို့မရပါဘူး။
အသုံးမဝင်တော့တာတွေကို ပစ်ထုတ်ရပါတယ်။ ထက်မြက်သူတွေက အကောင်းအဆိုးကို
ရွေးချယ်နိုင်သူ၊ အချိန်အခါကို သိတဲ့လူဖြစ်တယ်။ စိတ်ခံစားမှုများတဲ့လူတွေက
ခရီးဝေးဝေး မတွင်သလို၊ စိတ်ခံစားချက် လုံးဝမရှိသူတွေက အများအားဖြင့်
ဆင်ခြင်တုံတရား ကင်းမဲ့ပါတယ်။

ဘဝမှာလည်း အဲဒီအတိုင်းပဲဖြစ်တယ်။ စိတ်ကို
အမြဲမပြတ်သန့်ရှင်းမှုတွေလုပ်ပြီး စွန့်သင့်တာကို စွန့်ရပါတယ်။ "ဘဝမှာ
သွပ်သိပ်ထိုးထည့်ထားတဲ့ ပစ္စည်းနည်းလေ စွမ်းရည်တွေကို
ပိုထုတ်ဖော်နိုင်လေဖြစ်တယ်"။ ပြဇာတ်တစ်ခုမှာ လူတစ်ယောက်
အခြားလူတစ်ယောက်ကို "သွားပါ.. နောက်မလှည့်ကြည့်စတမ်း ထွက်သွားပါ။
မဖြစ်မြောက်မချင်း မပြန်လာပါနဲ့"လို့ဆိုတယ်။ ဆိုလိုချင်တာက
လက်ရှိနေရာကခွာခိုင်းပြီး အတိတ်က ဖြစ်ခဲ့သမျှအရာတွေထဲ သူနစ်ဝင်
မနေစေချင်လို့ဖြစ်တယ်။

စိတ်ဝိညာဉ်ကို လှဲကျင်းတာဟာ ရုန်းကန်လှုပ်ရှားမှုတစ်မျိုးဖြစ်တယ်။
လူ့ဘဝဆိုတာ အမြဲတမ်း လက်ပြနှုတ်ဆက်နေတဲ့ ခရီးစဉ်တစ်ခုဖြစ်တယ်။
အရွယ်ရောက်ချိန်မှာ ဇာတိမြေကိုခွဲခွာရတယ်။ နာကျင်ကြေကွဲသူက
နာကျင်ကြေကွဲခဲ့ဖူးတဲ့နေရာကို နှုတ်ဆက်တယ်။ သိမ်းငှက်တွေက
ငြိမ်းအေးသက်သာတဲ့ဘဝကို နှုတ်ဆက်ရတယ်။ ပျော်ရွှင်ခြင်းက ကြေကွဲခြင်းကို
နှုတ်ဆက်ရတယ်။ နှုတ်ဆက်ခြင်းမရှိရင် ကြီးပြင်းခြင်းဆိုတာလည်း
ရှိမှာမဟုတ်ဘူး။ ကြံ့ခိုင်သန်မာဖို့အတွက် ခေါင်းငဲ့လှည့်ထွက်ရဲရတယ်။
ပိုကောင်းတဲ့တွေ့ဆုံခြင်းအတွက် ခွဲခွာတာဖြစ်တယ်။


(၂) လက်လွတ်တာဟာလည်း ခွင့်လွှတ်သည်းခံခြင်းတစ်မျိုး

လူတစ်ယောက်ကလည်း နိုင်ငံတစ်နိုင်ငံနဲ့တူပါတယ်။
ခွင့်လွှတ်သည်းခံခြင်းမရှိရင် ကြီးပြင်းဖြစ်ထွန်းတာတွေ ရှိမှာမဟုတ်ဘူး။
အောင်မြင်တဲ့အချက်တွေထဲမှာ စိတ်သဘောထားကြီးမြတ်တာက ပထမ၊ ဒါမှမဟုတ်
ခွင့်လွှတ်သည်းခံခြင်းက ပထမဆိုရင်လည်း မှားမယ်မထင်ပါဘူး။

တစ်ခါတလေမှာ တုန့်ပြန်တိုက်ခိုက်မယ့်စကားကို လက်လွတ်လိုက်တာ၊
ဒေါသထွက်တဲ့အပြုအမှုကို လက်လွတ်လိုက်တာ၊ ကလဲ့စားပြန်ချေမယ့်ဆန္ဒကို
လက်လွတ်လိုက်တာဟာလည်း ခွင့်လွှတ်ခြင်းတစ်မျိုးပဲဖြစ်တယ်။

ထက်မြက်တဲ့လူတွေက ဖြေရှင်းချက်ပေးတာကို အမြဲလက်လွတ်ကြတယ်။
ဖြေရှင်းချက်ဆိုတာ အကာအကွယ်လို့ လူအများက မြင်ကြတယ်။ "တချို့အချိန်အခါမှာ
ဖြေရှင်းချက်ဆိုတာ မလိုပါဘူး။ ရန်သူက သင့်ဖြေရှင်းချက်ကို မယုံဘူး။
သူငယ်ချင်းက သင့်ဖြေရှင်းချက်ကို မလိုဘူး"။ ဒါကြောင့်
ကိစ္စတော်တော်များများမှာ နဂိုကတည်းက ဖြေရှင်းချက်ဆိုတာ လိုကိုမလိုတာပါ။
ကောင်းကင်မကြည်လင်တာ မိုးသဲသဲမည်းမည်း ရွာမချလို့ပါ။
သဲသဲမည်းမည်းရွာချခဲ့ရင် ကောင်းကင်က ကြည်လင်သွားပါတယ်။

အောင်မြင်တဲ့လူတွေဟာ အဆူအဆဲခံရမှာကို မကြောက်ကြဘူး။ အကြောင်းက
အလုပ်လုပ်သူတိုင်းမှာ အမှားအယွင်းဆိုတာရှိတယ်၊ လူတွေနဲ့ ထိတွေ့ဆက်ဆံရတယ်၊
လူတချို့ရဲ့ မကြည်လင်တာကို ခံရတယ်။ တကယ်တော့ လောကမှာ
၁ဝဝ%အပြည့်ဆိုတဲ့အရာက နည်းပါးလို့ ၅ဝ%သောလူတွေက
သင့်ကိုအားပေးထောက်ခံရင်ပဲ မဆိုးတော့ပါဘူး။ ဆန့်ကျင်ဝေဖန်တာတွေကို
ခံနိုင်ဖို့ ကိုယ်တိုင်လေ့ကျင့်ယူရတယ်။ ဝေဖန်ချက်တွေထဲကနေ
အကြံဉာဏ်ယူရဲရတယ်။ ဆန့်ကျင်ဝေဖန်သူတွေကို မကျေမနပ် မဖြစ်ပါနဲ့။
သူတို့မှာလည်း သူတို့ရဲ့လွတ်လပ်တဲ့ အတွေးအမြင်တွေရှိနိုင်တယ်။ သူတို့နဲ့
ငြင်းခုန်ရန်ဖြစ်ဖို့ သင့်ခွန်အားကို မဖြုန်းတီးပါနဲ့။ သင်ရှေ့ဆက်
ခရီးနှင်ရဦးမယ်။


(၃) အချိန်က အလှတွေကို ဖန်တီးတယ်

လူတိုင်းလိုလိုမှာ နာကျင်ကြေကွဲရာနေရာတွေ ရှိကြတယ်။ ဒါကြောင့်
ကျွန်တော်တို့အတွက်လည်း အဆန်းတော့မဟုတ်ပါဘူး။
တချို့အရေးပါတယ်ဆိုတဲ့နေရာတွေ-- ဥပမာ-- ဇာတိမြေ၊ မိခင်ကျောင်း၊
အချစ်ဦးနဲ့တွေ့ခဲ့ရနေရာ.....စတဲ့.... စတဲ့နေရာတွေကို
စိတ်လိုလက်ရပြန်လာသူတွေ နည်းကြတယ်။ အဲဒီနေရာတွေမှာ ဇာတ်လမ်းတွေ၊
အတည်ဖြစ်ခဲ့တာတွေ အများကြီးရှိခဲ့လို့ဖြစ်တယ်။ အဲဒီနေရာကိုပြန်ရောက်ရင်
အတိတ်ကိုပြန်တမ်းတမိပြီး နာကျင်ကြေကွဲရတယ်။

အရာအားလုံးကို သိမြင်သွားတဲ့အချိန်က ဆုံးရှုံးစရာတွေ ဘာမှမရှိတော့ဘူးလို့
သိတဲ့အချိန်ဖြစ်တယ်။ အချိန်က အရာရာကိုတိုက်စားသွားပြီး လှပတဲ့
အမှတ်တရတွေ၊ နုပျိုတဲ့ အမှတ်တရတွေ၊ ကြီးပြင်းတဲ့ အမှတ်တရတွေ၊
ရုန်းကန်ခဲ့တဲ့ အမှတ်တရတွေကိုပဲ ချန်ခဲ့ပါတယ်။ ပုခုံးချင်းတိုက်သွားတဲ့
နှုတ်ဆက်အပြုံးတွေ၊ အထီးကျန်ညထဲက နွေးထွေးတဲ့အလင်းရောင်တွေ ဒါတွေကို
အမှတ်တရချန်ခဲ့ပါတယ်။ ကျောင်းအထိမ်းအမှတ်ပွဲ တော်တော်များများကို
ကျွန်တော်တက်ရောက်ခဲ့ဖူးပါတယ်။ ကျွန်တော့်မျက်စိကို စွတ်စိုစေခဲ့တာက
ငွေရောင်ဆံပင်တို့ရဲ့ ပြန်လည်တွေ့ဆုံခြင်း မျက်ရည်တွေပဲဖြစ်ပါတယ်။
အချိန်က သံမဏိလိုမာကျောတဲ့ အသဲဝိညာဉ်ကို ပျော့ပျောင်းစေခဲ့ပါတယ်။

မနာလိုဝန်တိုခြင်းဆိုတာ နီးစပ်တဲ့နေရာ၊ နီးစပ်တဲ့နယ်ပယ်မှာဖြစ်ပွားပြီး
သဘောထားကွဲလွဲမှုဆိုတာ စိတ်ဝင်စားမှုတူညီတဲ့အရာက စဖြစ်ပွားတယ်လို့
စိတ်ပညာရှင်တွေက ဆိုခဲ့ပါတယ်။ သက်ရှိသတ္တဝါအားလုံးက
ပြင်းထန်တဲ့ရုန်းဆန်မှုတွေမှာ ဇာတိရုပ်ပေါ်ပါတယ်။ သက်ရှိသတ္တဝါတွေက
မျိုးပွားမြန်ဆန်တဲ့ အလေ့အထဖြစ်ပြီး သဘာဝအရင်းအမြစ်တွေ အကန့်အသတ်ရှိတဲ့
အခြေအနေမှာ ရှင်သန်ဖို့ ရုန်းကန်ကြရတယ်။ အပြင်းထန်ဆုံး ရုန်းဆန်မှုတွေက
တူတဲ့မျိုးရိုးအုပ်စုအချင်းချင်းတွေမှာ ဖြစ်ကြတာများတယ်။ သူတို့က
တစ်နေရာတည်းမှာ အတူနေကြပြီး တူတဲ့စားနပ်ရိက္ခာတွေကို လိုအပ်လို့ဖြစ်တယ်။

ပြင်းထန်ထိတ်လန့်စရာ ဆက်ဆံရေးတချို့က အချိန်နဲ့အကွာအဝေးကို လိုပါတယ်။
အကွာအဝေးဝေးလေ ပြင်းထန်မှုက လျော့နည်းလေလို့ ခံစားရတယ်။ အဝေးကနေကြည့်ရင်
အရာရာတိုင်းက လှပနေတတ်ပါတယ်။

ဒါကြောင့် ဖြေရှင်းလို့မရတဲ့အရာတွေအတွက် ကျွန်တော်တို့
ဝမ်းနည်းစိတ်ညစ်နေစရာ မလိုပါဘူး။ ဒီ့ထက် ပိုဖြေရှင်းရခက်တဲ့အရာတွေလည်း
အချိန်ရဲ့တိုက်စားမှုနောက် မျောပါသွားကြပါတယ်။ မတော်တဆပဲဖြစ်ဖြစ်၊
အထင်လွဲတာပဲဖြစ်ဖြစ်၊ အရေးမလုပ်တာပဲဖြစ်ဖြစ်၊ တွေဝေတာပဲဖြစ်ဖြစ် ..
အရာအားလုံးကို အချိန်က တဖြည်းဖြည်း တိုက်စားသွားပါလိမ့်မယ်။

(၄) နောက်ဆုတ်တဲ့ အတတ်ပညာ

ဘယ်လောက်ကောင်းတဲ့ မျက်လုံးပဲဖြစ်ဖြစ် အရာတစ်ခုကို ကြာကြာကြည့်မိရင်
ညောင်းညာတတ်တာပါပဲ။ လူရဲ့ခန္ဓာကိုယ်၊ ခံစားချက်နဲ့ အသိပညာက လူတစ်ယောက်ကို
အမြင့်မှာကြာကြာရပ်နိုင်ဖို့ မစွမ်းသာခဲ့ပါဘူး။ ဘဝ
တပတ်လည်အချိန်အတွင်းမှာ အဆင်းနဲ့ မလွဲမသွေကြုံရတာလည်းရှိတယ်။
အချိန်တစ်နှစ်ဟာ ဘဝတပတ်လည်တဲ့အချိန်ဖြစ်တယ်။

"အချိန်အခါနဲ့လိုက်ပြီး လှလှပပရှေ့တိုးတတ်တာနဲ့ လှလှပပနောက်ဆုတ်တတ်တာတွေက
ဘဝမှာ အရေးပါတဲ့အရာဖြစ်တယ်။ လူတွေကိုကူညီဖန်များရင်
ကံကောင်းခြင်းနတ်သမီးကလည်း ပင်ပန်းတတ်သတဲ့"။ အရေးကြီးတာက စင်ပေါ်တက်ချိန်
လူတွေရဲ့ထောမနာသံကိုရဖို့ထက် စင်အောက်ဆင်း ခွဲခွာချိန်မှာ သင့်ကို
လူတွေလွမ်းဆွတ်နေဖို့ပဲဖြစ်တယ်။

နောက်ဆုတ်တဲ့ အတတ်ပညာက အစကောင်းရင် အဆုတ်ကောင်းတယ်ဆိုပေမယ့် စိတ်လိုလက်ရ
နောက်ဆုတ်ခြင်းက စိတ်လိုလက်ရ ရှေ့တိုးခြင်းထက် ခက်ခဲပါတယ်။
တောင်ထိပ်ပေါ်မှာ အရာရာကလှပနေပြီး တောင်ဆင်းတဲ့အချိန် လူက
ပင်ပန်းနှုံးချိနေခဲ့လို့ဖြစ်တယ်။ ဒီတစ်တောင်ကိုမဆင်းရင်
နောက်တစ်တောင်ကိုတက်ဖို့ အခွင့်မရပါဘူး။ လူ့ဘဝတစ်သက်မှာ
တောင်ပေါင်းများစွာ တက်ရပါတယ်။ တောင်တိုင်းတောင်တိုင်းမှာ
ထူးခြားမှုလေးတွေရှိပါတယ်။ ဒါပေမဲ့ ဘယ်တောင်ကမှ သင့်အမြဲရပ်နေဖို့
မထိုက်တန်ခဲ့ပါဘူး။ ကျောက်တုံးတွေက လှိမ့်နေမှ ရေညှိမကပ်မှာဖြစ်တယ်။

(၅) ဘာပဲရှုံးရှုံး စိတ်ခံစားချက်ကို မရှုံးစေနဲ့

"လူတစ်ယောက်ကို အပြုံးတစ်ပွင့်ပေးလိုက်ရလို့ သင့်မှာ
တစ်ခုခုဆုံးရှုံးသွားရတယ်ဆိုတာ မရှိပါဘူး။ အပြုံးက ရောင်ပြန်ဟပ်ပါတယ်"။
ကိုယ်ဘယ်လိုပေးဆပ်ရင် ဘယ်လိုပြန်ရတာပါပဲ.... ပြုံးရယ်တာကို
မကြိုက်တဲ့လူဆိုတာ မရှိပါဘူး။

ဒါပေမဲ့ ပြုံးရယ်နိုင်တဲ့အရာတွေက သင့်ကိုယ်ဘေးမှာ အမြဲမရှိနိုင်ဘူး။
သင့်ကို စိတ်ရှုပ်၊ စိတ်ညစ်စေတဲ့အရာက တော်ရုံနဲ့ မပျောက်ပျယ်သွားဘူး။
ကိုယ်ချစ်ခင်နှစ်သက်သူနဲ့ အမြဲအတူမနေရ၊ ကိုယ်သဘောကျတဲ့အရာကို
မပိုင်ဆိုင်ရတာတွေက လူတွေရဲ့မပျော်ရွှင်တဲ့ရင်းမြစ်ဖြစ်တယ်။
သူတို့နဲ့အတူမနေရရင် ပျော်ရွှင်ခြင်းဆိုတာလည်း မရှိလို့ဖြစ်တယ်။

တလောက ကျွန်တော့်စိတ်တွေ အရမ်းရှုပ်ထွေးခဲ့တယ်။
ကျွန်တော်ချစ်တဲ့ကောင်မလေးက ကျွန်တော့်ကို ဂရုမစိုက်လို့ဖြစ်တယ်။
ကျွန်တော်သေသေချာချာလုပ်ခဲ့တဲ့ စာမူကိုလည်း ဟိုပြင်လိုက် ဒီပြင်လိုက်၊
မကြာခဏ ကျွန်တော်ဖျားနာပြီး ကျန်းမာရေးလည်း ချွတ်ယွင်းခဲ့တယ်။
ကျွန်တော့်နေ့စဉ်ဘဝတွေ ပြောင်းဆန်ခဲ့တယ်။ အဲဒီအချိန်မှာ
သူငယ်ချင်းတစ်ယောက်က "ဘာပဲရှုံးရှုံး စိတ်ခံစားချက်တော့ မရှုံးစေနဲ့။
လက်လွတ်သင့်တာတွေ လက်လွတ်လိုက်ပါ"လို့ ကျွန်တော့်ကို အသိပေးတယ်။
ကျွန်တော့်ကိုယ်ကျွန်တော် ချက်ချင်းပြောင်းလိုက်တယ်။ အဲဒီကောင်မလေးကို
ကျွန်တော်မရှာတော့ဘူး။ စာမူကိုလည်း အဆုံးသတ်ပြီး
စာအုပ်တိုက်ပို့လိုက်တယ်။ ပျင်းရိငြီးငွေ့ပြီး မသပ်ရပ်တဲ့ဘဝကို
ကျွန်တော်စွန့်လွတ်လိုက်တယ်။ နေ့တိုင်း ဘောလုံးကစား၊ အပြေးလေ့ကျင့်တာတွေ
ကျွန်တော်လုပ်ခဲ့တယ်။ နောက်ဆုံးမှာ ကျွန်တော့်ကျန်းမာရေးတွေ
ကောင်းလာခဲ့တယ်။ စာမူလည်း အရွေးခံခဲ့ရတယ်။ အဲဒီကောင်မလေးကို
ကျွန်တော်ဂရုမစိုက်တော့ဘဲ ကျွန်တော့်ကိုယ်ကျွန်တော် စ,ဂရုစိုက်လာခဲ့တယ်။

လူတစ်ယောက် ဒါမှမဟုတ် အရာတစ်ခုက သင့်ကိုမပျော်ရွှင်စေတာဟာ
အကြောင်းရင်းတစ်ခုခုကြောင့် ဖြစ်တယ်။ တချို့အကြောင်းရင်းကို
သင်အချိန်အကြာကြီးသုံးပြီးမှ သိနားလည်ရသလို တချို့အကြောင်းရင်းက
သင်တစ်သက် နားမလည်ခဲ့တာလည်းရှိတယ်။ ဒါတွေဟာ အရေးမကြီးပါဘူး။ အရေးကြီးတာက
ဒါတွေဟာ သင့်ကို မပျော်ရွှင်စေဘူး၊ သင့်ခံစားချက်ကို နှောင့်ယှက်တယ်၊
သင့်ရဲ့ ဆင်ခြင်ဆုံးဖြတ်ဉာဏ်ကို အဟန့်အတားဖြစ်စေတယ်။ သင့်အချိန်ကို
ဖြုန်းတီးစေတယ်။

သင့်ကို အသစ်တဖန်နားလည်စေမယ့် အခွင့်အရေးတွေ တခြားလူကိုပေးလိုက်ပါ။
ကျယ့်ပြန့်တဲ့ လောကကြီးအကြောင်း နားလည်ဖို့ သင့်ကိုယ်သင်
အခွင့်အရေးပေးလိုက်ပါ။ ဘာပဲရှုံးရှုံး စိတ်ခံစားချက်ကိုတော့ မရှုံးပါစေနဲ့။

Saudi Prince Khalid bin Abdullah dies ( Jun 11, 2011 at 20:40 )

3:57 AM Posted In Edit This 0 Comments »

RIYADH, Saudi Arabia (AP) — Prince Khalid bin Abdullah bin Abdulaziz Al Saud, the eldest child of Saudi Arabia's King Abdullah, has died, state media reported Saturday. He was 54.

Prince Khalid died Friday and funeral rites were performed in the Saudi capital Riyadh, according to a statement by the Saudi royal court.

Prince Khalid was honorary head of the Jiddah-based football club Al-Ahli and was on the board of trustees at the King Abdullah University of Science and Technology. He was not in line for the throne.

Filipino declared world's shortest man

3:45 AM Posted In Edit This 0 Comments »
Filipino Junrey Balawing (C), who unofficially measures about 24 1/4 inches (61cm), poses for photographs with his family at a health centre in Sindangan town Zamboanga Del Norte in the southern Philippines on June 11, 2011. Photograph: AFP/ JAY DIRECTO
By AFP
SINDANGAN (AFP) - A Filipino blacksmith's son who stopped growing when he was a toddler was declared the world's shortest man Sunday as he celebrated his 18th birthday.

Measuring just 59.93 centimetres, or 23.5 inches, Junrey Balawing is the oldest of four siblings -- the rest all of normal stature -- born in the rural town of Sindangan on southern Mindanao island.

"Officially he is the world's shortest man," said Craig Glenday, editor-in-chief of the Guinness Book of World Records who measured Balawing in front of cheering relatives and villagers.

The previous record holder was Khagendra Thapa Magar of Nepal, who was measured in 2010 at just over 26 inches.

"Thank you to all of you for supporting my son, the world's shortest man," Junrey's father, Reynaldo, told a crush of reporters and photographers.

Junrey then blew out a candle on a cake specially made for him, before telling the crowd in a tiny voice in the local dialect: "Kapoy (I'm tired)."

A throng of wellwishers, including politicians, witnessed the official measurement then handed him wads of cash which his parents said would go towards the family's meagre savings.

Junrey's father said he had always believed his son to be special.

He said he had been sickly as a toddler and stopped growing when he was two years old, but all the local doctors who examined him could not diagnose the problem.

His mother, Concepcion, said Junrey has difficulty standing for long periods and has to be assisted when walking.

His uncle, Paulino Empag, who is the local village chief, said friends and relatives were very protective of Junrey and some considered his special condition a lucky charm for the rural, superstitious community.

"He is a very special boy. He has trouble speaking and standing up, but he is God's blessing to his family and to the community," he said.

After the official announcement, Empag said the family was expected to return to their modest home in the village and celebrate Junrey's birthday.

"Noodles and meat have been prepared. We're just happy for him," Empag said.

ဘဝမှာ မရှိမဖြစ်တဲ့သူငယ်ချင်း

1:12 AM Posted In Edit This 0 Comments »
ဘဝမှာ မရှိမဖြစ်တဲ့သူငယ်ချင်း

သူငယ်ချင်း မိတ်ဆွေတွေနဲ့ပတ်သက်တဲ့ စကားတစ်ခွန်းက ဒီလိုဆိုထားပါတယ်။
"သူငယ်ချင်းမိတ်ဆွေများရင် လျှောက်တဲ့လမ်းက ဖြောင့်သွားတယ်"တဲ့။

သူငယ်ချင်း မိတ်ဆွေတွေ အသစ်တိုးတာ မင်္ဂလာတစ်ပါးပါ။ လူတိုင်း သူငယ်ချင်းအသစ်တွေနဲ့ ခင်မင်ရင်းနှီးနိုင်ဖို့ မျှော်လင့်ကြတယ်။ ဒါပေမဲ့ (American Sociological Review,ASR)က သူတို့လေ့လာဆန်းစစ်ခဲ့တဲ့ ဆန်းစစ်ချက်အရ အခုခေတ်လူတွေမှာ သူငယ်ချင်းတွေ နည်းသထက်နည်းခဲ့ကြတာကို တွေ့ရတယ်။ လေ့လာဆန်းစစ်ခံရသူ ၄ပုံ၁ပုံက သူတို့မှာ သူငယ်ချင်းနည်းရတဲ့အကြောင်းက ဘယ်သူ့ကိုမှ ယုံကြည်လို့မရကြောင်း ဆိုထားကြတယ်။

လျင်သူစားစတမ်း၊ သာသူမြတ်ဆိုတဲ့ ခေတ်ကာလကြောင့် လူအချင်းချင်းကြားမှာ ဘယ်သူက အစစ်အမှန်၊ ဘယ်သူက အတုအယောင်ဆိုတာကို ခွဲခြားဖို့ခက်ခဲသွားတယ်။ "သူငယ်ချင်း"ဆိုတဲ့ အခေါ်ကိုလည်း ကျွန်တော်တို့ ထိတ်လန့်လာခဲ့ကြတယ်။

ဒီလိုဆိုရင် ဘယ်လိုအရာမျိုးကို သူငယ်ချင်းအစစ်အမှန်လို့ ခေါ်သလဲ?
လူတစ်သက်မှာ အဲဒီလို သူငယ်ချင်းမျိုး ဘယ်နှယောက်လိုသလဲ?

အမေရိကန်စာရေးဆရာ Todd Parrက "အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်ဆီကနေ သင်လိုချင်တဲ့အရာတွေ ရလိမ့်မယ်လို့ မမျှော်လင့်ပါနဲ့"လို့ ဆိုထားတယ်။ အမေရိကန်စာရေးဆရာ Tom Rathက လူတစ်ယောက်မှာ မရှိမဖြစ်တဲ့ သူငယ်ချင်း(၈)မျိုး လိုအပ်တယ်ဆိုပြီး အခုလို့ရေးသားခဲ့ပါတယ်။

(၁) ဆရာနဲ့တူတဲ့ သူငယ်ချင်း

သူတို့က သင့်ကောင်းကွက်တွေ သင်ကိုယ်တိုင် သိမြင်နိုင်ဖို့ သင့်ကိုအမြဲကူညီအားပေးတယ်။ ဒီလို သူငယ်ချင်းမျိုးကို ဆရာအမျိုးအစားလို့ခေါ်တယ်။ သူတို့က သင့်ရဲ့ဆရာဖြစ်ချင်မှဖြစ်မယ်။ ဒါပေမဲ့ သူတို့မှာ အခြားဗဟုသုတ၊ အတွေ့အကြုံတွေနဲ့ ပြည့်စုံတယ်။ သင့်ရဲ့အလုပ်အကိုင်၊ မိသားစု၊ လူလူချင်း ပေါင်းသင်းဆက်ဆံရေးတွေမှာ သူတို့က သင့်ကို အကြံဉာဏ်တွေပေးနိုင်တယ်။ လူ့ဘဝမှာ ဒီလိုသူငယ်ချင်းမျိုးက သင့်စိတ်ကို ထောက်ကူပေးတဲ့သူဖြစ်တယ်။ သူတို့ဟာ သင့်အနားမှာ အမြဲရှိနေပြီး သင်အတုယူထိုက်သူလည်းဖြစ်တယ်။

(၂) ဖေးမကူညီတဲ့သူငယ်ချင်း

သင့်ကို ဆုံးမလမ်းညွှန်ပြီး လူတွေရှေ့မှာ သင့်ကိုချီးမွမ်းစကားပြောတဲ့ သူငယ်ချင်း... ဒီလိုသူငယ်ချင်းမျိုးက "နင့် ငါ့ကိုကူ၊ ငါ နင့်ကိုကူ"ဆိုတဲ့ အချင်းချင်း ကူညီအားပေးတဲ့သူဖြစ်တယ်။ ဘဝရှင်သန်ကြီးပြင်းရာ လမ်းတစ်လျှောက်မှာ သူငယ်ချင်းရဲ့ ဖေးမကူညီမှု၊ ချီးကျူးမှုတွေက အဖိုးတန်လွန်းတယ်။ ဆင်းရဲဒုက္ခ၊ အခက်အခဲတွေနဲ့ သင်ရင်ဆိုင်ရချိန် ဒီလိုသူငယ်ချင်းမျိုးက သင့်အခက်အခဲတွေကို ကူညီမျှဝေဖြေရှင်းပေးတယ်။ သင့်ရင်ထဲက ဖိအားကို လျော့ချပေးတယ်။ သူတို့ရဲ့ယုံကြည်မှုက သင့်အတွက် စိတ်ဓာတ်အားဆေးဖြစ်တယ်။

(၃) စိတ်တူကိုယ်တူ သူငယ်ချင်း

သင်နဲ့ ဝါသနာတူသူက သင်နဲ့ပေါင်းဖက်ဖို့ အသင့်တော်ဆုံး သူငယ်ချင်းဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးနဲ့ အတူနေချိန် သင့်စိတ်က သူတို့စိတ်နဲ့ အာရုံခံစားမှုချင်းတူတယ်။ ဒါကို "နားလည်မှု"လို့ခေါ်တယ်။ သင့်ပြောတဲ့စကား၊ သင့်တွေးတဲ့အတွေးတွေက သူတို့အတွေးတွေနဲ့ ထပ်တူနီးနီးကျတယ်။ စိတ်ချင်းကူညီအားပေးတဲ့ ခံစားမှုမျိုးကိုရတယ်။ ဒီလိုသူငယ်ချင်းမျိုးက သင့်ကိုယ်သင် အသိအမှတ်ပြုလာအောင် ကူညီပေးသလို သင့်ဝါသနာ၊ သင့်ရည်မှန်းချက်၊ သင့်အကြိုက်တွေကို သူတို့နဲ့အတူ မျှဝေခံစားနိုင်တယ်။ ဒီလို မျှဝေခံစားမှုမျိုးက သင့်စိတ်ကို လုံခြုံစေတယ်။ မိမိကိုယ့်ကို ယုံကြည်မှုရှိစေတယ်။ စိတ်ကူးကို အလွယ်တကူ အကောင်အထည်ပေါ်စေတယ်။ သင့်ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်သန်ကြီးပြင်းစေပါတယ်။

(၄) တံတားခင်းပေးတဲ့ သူငယ်ချင်း

ဒီလိုလူမျိုးက ကူညီတဲ့သူငယ်ချင်း အမျိုးအစားဖြစ်တယ်။ သင် အားရကျေနပ် ပျော်ရွှင်ချိန်မှာ သူတို့ရဲ့အရိပ်တွေက သင့်အနားမှာရှိမနေဘူး။ သင့် စိတ်ညစ်အားငယ် ကြေကွဲချိန်ကျမှ သင့်ရှေ့မှောက် ရောက်လာတတ်သူတွေဖြစ်တယ်။ သင်ယုံကြည်စိတ်ချရတဲ့ ကူညီမှုမျိုးကို သူတို့ပေးတယ်။ မျှော်လင့်ချက်နဲ့ အခွင့်အရေးကို သင်ပြန်မြင်ရဖို့ သူတို့စွမ်းဆောင်ပေးတယ်။ စိတ်ဓာတ်တွေ အရောင်တောက်အောင် သူတို့မပြတ်ကူညီပေးတတ်တယ်။

(၅) အားပေးဖော် သူငယ်ချင်း

ဒီလိုလူမျိုးက သင့်ကိုပေါ့ပါးလန်းဆန်းစေတဲ့ သူငယ်ချင်းဖြစ်တယ်။ တချို့သူငယ်ချင်းတွေက သင့်ကိုခင်မင်ရင်းနှီးပြီးတာနဲ့ သင့်ကို တခြားစိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးတယ်။ သင့်စိတ်တွေ မွန်းကြပ်တဲ့အခါ၊ စိတ်ညစ်တဲ့အခါ သူတို့က သင့်ရင်ဖွင့်သံကို ပထမဦးဆုံး နားထောင်ပေးသူတွေဖြစ်တယ်။ ဒီလို သူငယ်ချင်းမျိုးက သင့်အတွက် အကောင်းဆုံးနားထောင်သူဖြစ်တယ်။ သင့်စိတ်ကို ဖြေလျော့စေတယ်။ သူတို့နဲ့ပေါင်းသင်းရတာ သင့်ကို ဘာစိတ်ဖိအားမှ မရှိစေတဲ့အပြင် သင့်ရင်ထဲက မွန်းကြပ်နေတဲ့အရာတွေကို ထွက်ပေါက်ပေးစေတယ်။ သင့်ရဲ့ တည်ငြိမ်အေးချမ်းတဲ့စိတ်ကို အသစ်တစ်ဖန် မွေးဖွားစေပါတယ်။

(၆) အသိအမြင်တိုးပွားစေတဲ့ သူငယ်ချင်း

သင့်ကို ဆန်းသစ်တဲ့အမြင်၊ ဆန်းသစ်တဲ့အခွင့်အရေးတွေကို တွေ့မြင်စေတဲ့သူငယ်ချင်းဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးလည်း ဘဝမှာ မရှိလို့မဖြစ်ပါဘူး။ သူတို့ဟာ သင့်ရဲ့ "ကမ္ဘာ့စာကြည့်တိုက်"ဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးက သင့်အသိဉာဏ်၊ ဗဟုသုတ၊ ပေါင်းသင်းဆက်ဆံရေးကို ကျယ်ပြန့်စေတယ်။ သင့်ကို မတူတဲ့စိတ်ခံစားမှုမျိုးကို ခံစားစေတယ်။ သင့်ကို မြင့်မြင့်ရပ်၊ ဝေးဝေးလှမ်းကြည့်တတ်ဖို့ သင်ပေးသူတွေဖြစ်တယ်။

(၇) လမ်းပြသူ သူငယ်ချင်း

သင့်စိတ်ကူးအတွေးတွေကို သန့်ရှင်းကူညီပေးသူ၊ လမ်းပြအကြံပြုတဲ့ သူငယ်ချင်းမျိုးဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးက လမ်းပြမီး အမျိုးအစားဖြစ်တယ်။ လူတိုင်းမှာ လိုအပ်ချက်နဲ့ အကူအညီဆိုတာ လိုအပ်တယ်။ တချို့အခက်အခဲတွေကို သင့်ကိုယ်ပိုင်စွမ်းအားနဲ့ ဖြေရှင်းဖို့မလွယ်ကူတဲ့အခါ ဒီလိုသူငယ်ချင်းမျိုးက သင့်ကို စိတ်ပါလက်ပါကူညီပြီး အသင့်တော်ဆုံး အကြံတွေကိုပေးတယ်။ သင့်စိတ်ရှုပ်ထွေးတဲ့အခါ၊ စိတ်ညစ်တဲ့အခါပဲဖြစ်ဖြစ် သူတို့ကို သင်ရင်ဖွင့်နိုင်တယ်။ သူတို့က ရှုပ်ထွေးနေတဲ့ သင့်စိတ်ကို ကူညီသန့်ရှင်းပေးပြီး ကြည်လင်တဲ့ဖက်ကို လမ်းညွှန်ပေးတယ်။

(၈) သင့်ကိုအဖော်ပြုတဲ့ သူငယ်ချင်း

ကောင်းတဲ့သတင်းပဲဖြစ်ဖြစ်၊ ဆိုးတဲ့သတင်းပဲဖြစ်ဖြစ် သူတို့ကိုအရင် သင်ပြောပြတယ်။ သူတို့ဟာ သင်နဲ့ အမြဲအတူရှိနေတယ်။ ဒီလိုသူငယ်ချင်းမျိုးက ပင်လယ်ထက်ကျယ်တဲ့ ရင်ခွင်ရှိတယ်။ တောင်တန်းတွေလို မြင့်မားတဲ့ စိတ်သဘောထားရှိတယ်။ သူတို့ကို သင်ဘယ်အချိန်သွားရှာခဲ့ရှာခဲ့ သူတို့က သင့်ကိုနွေးနွေးထွေးထွေး ကြိုဆိုတယ်။ သူတို့က သင့်အတွက် စိတ်ပြည့်ဝ၊ တည်ငြိမ်စေတဲ့ သူငယ်ချင်းဖြစ်တယ်။ တစ်ခါတလေ ပြောစရာ စကားများများစားစား မရှိချင်နေ သင့်အနားမှာ သူတို့ရှိတယ်ဆိုရင်ပဲ သင့်စိတ်ကို တည်ငြိမ်အေးချမ်းစေပါတယ်။

သူငယ်ချင်းတွေနဲ့ အမြဲမဆက်သွယ်တိုင်း၊ အမြဲမတွေ့ဆုံမိတိုင်း မေ့သွားပြီလို့ မဆိုနိုင်ပါဘူး။
သူငယ်ချင်းဆိုတာ ဟောင်းနွမ်းသွားလို့ရပေမယ့် ခင်မင်ရင်းနှီးမှုက ယုတ်လျော့သွားလို့ မရဘူး။
သင့်ဘဝတစ်သက်မှာ စိတ်တူကိုယ်တူ သူငယ်ချင်းကောင်း ဘယ်နှယောက်ရှိနိုင်မလဲ?
တကယ်လို့ အထက်က သူငယ်ချင်းမျိုးနဲ့ သင်ကြုံဆုံလာတဲ့အခါ သူတို့ကို တန်ဖိုးထားမြတ်နိုးလိုက်ပါ။


နိုင်းနိုင်းစနေ ဘာသာပြန်သည်။

တစ်ကြိမ်အောင်မြင်ရင် ရပြီ....

3:37 PM Posted In Edit This 0 Comments »
ဘဝမှာ ၁ဝဝ၉ ကြိမ် ကျရှုံးခဲ့ဖူးတဲ့ လူတစ်ယောက်က ဒီလိုပြောခဲ့ပါတယ်။ "တစ်ကြိမ်အောင်မြင်ရင် ရပြီ" ၅နှစ်အရွယ်မှာ သူ့ဖခင်ရုတ်တရက် ကွယ်လွန်သွားခဲ့တယ်။ ဘာအမွေမှ ချန်မထားခဲ့လို့ မိခင်အလုပ်ထွက်လုပ်ရတယ်။ ငယ်စဉ်ကတည်းက အိမ်မှာနေပြီး မောင်နှမတွေကို သူပြုစုစောင့်ရှေ...ာက်ခဲ့ရတယ်။ ချက်ပြုတ်ကျွေးမွေးခဲ့ရတယ်။ ၁၂နှစ်အရွယ်မှာ မိခင် နောက်အိမ်ထောင်ပြုတယ်။ ပထွေးက သူ့အပေါ်တင်းကြပ်ပြီး မိခင်ကွယ်ရာမှာ ရိုက်နှက်တတ်တယ်။ ၁၄နှစ်အရွယ်မှာ ကျောင်းထွက်ပြီး လေလွင့်တဲ့ဘဝကို သူစတင်ခဲ့တယ်။ ၁၆နှစ်အရွယ်မှာ အသက်လိမ်ပြီး သူစစ်ထဲဝင်ခဲ့တယ်။ မကြာခဏသဘောင်္မူးတဲ့အတွက် ပြန်ပို့ခံလိုက်ရတယ်။ ၁၈နှစ်အရွယ်မှာ သူအိမ်ထောင်ပြုတယ်။ ဒါပေမယ့် မကြာပါဘူး... သူပိုင်ဆိုင်သမျှကို ဇနီးက ရောင်းစားပြီး မိဘအိမ်ပြန်ပြေးခဲ့တယ်။ ၂ဝ အရွယ်မှာ မီးပြင်ဆရာ၊ ကူးတို့သမားလုပ်ခဲ့တယ်။ အဲဒီနောက် ရထားသံလမ်းဝန်ထမ်း လုပ်ခဲ့တယ်။ ဒါပေမယ့် ဘာအလုပ်မှ အဆင်ပြေတယ်ဆိုတာ မရှိခဲ့ဘူး။ ၃ဝ အရွယ်မှာ အာမခံကုမ္ပဏီတစ်ခုမှာ အရောင်းမြှင့်တင်သူ လုပ်ခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အပိုဆုကြေးနဲ့ ပတ်သက်ပြီး သူဌေးနဲ့ ရန်ဖြစ်စကားများပြီး အလုပ်မှ နုတ်ထွက်ခဲ့တယ်။ ၃၁ အရွယ်မှာ ဥပဒေပညာကို ကိုယ်တိုင်လေ့လာသင်ယူပြီး သူငယ်ချင်းရဲ့ အားပေးမှုနဲ့ ရှေ့နေအလုပ်ကို သူလုပ်ခဲ့တယ်။ ဒါပေမယ့် အမှုတစ်ခုနဲ့ တရားရုံးမှာ အမှုအပ်သူနဲ့ သူထိုးကြိတ်ခဲ့တယ်။ ၃၂ အရွယ်မှာ အလုပ်လက်မဲ့ဖြစ်ခဲ့ပြီး ပင်ပန်းဆင်းရဲခဲ့ရတယ်။ ၃၅ အရွယ်မှာ ကံမကောင်းခြင်းက သူ့အပေါ်ကျရောက်ခဲ့ပြန်တယ်။ ကားမောင်းပြီး တံတားတစ်စင်းပေါ် သူဖြတ်တဲ့အချိန် တံတားကျိုးကျပြီး ကားရောလူပါ ချောင်းထဲကျသွားခဲ့တယ်။ တစ်ကိုယ်လုံး ဒဏ်ရာအထပ်ထပ်နဲ့ ကားဘီးအရောင်းမြှင့်တင်တဲ့ အလုပ်ကို သူဆက်မလုပ်နိုင်ခဲ့တော့ဘူး။ ၄ဝ အရွယ်မှာ မြို့တစ်မြို့မှာ ဓာတ်ဆီဆိုင်တစ်ဆိုင် သူဖွင့်ခဲ့တယ်။ ဆိုင်းပုဒ်တင်ချိန်မှာ စီးပွားဖက်နဲ့ ရန်ဖြစ်ခဲ့တဲ့အတွက် အမှုဖြစ်ပွားခဲ့ရတယ်။ ၄၇ အရွယ်မှာ ဒုတိယအိမ်ထောင်နဲ့ သူကွာရှင်းခဲ့တယ်။ သားသမီး သုံးဦးကျန်ခဲ့တယ်။ ၆၁ အရွယ်မှာ အထက်လွတ်တော်အမတ် ဝင်ရွေးခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ၆၅ အရွယ်မှာ လမ်းချဲ့တဲ့အစိုးရကြောင့် နာမည်ထွက်စပြုနေတဲ့ သူ့ (fast food) စားသောက်ဆိုင်လေး ဖျက်သိမ်းခံလိုက်ရတယ်။ ရှိမဲ့စုမဲ့ ပစ္စည်းတွေကို အဖိုးနည်းနည်းနဲ့ သူရောင်းချခဲ့ရတယ်။ ၆၆နှစ်အရွယ်မှာ ရှင်သန်ဖို့အတွက် အနယ်နယ်အရပ်ရပ်က စားသောက်ဆိုင်မှာ သူတတ်တဲ့ ကြက်ကြော်အတတ်နဲ့ အလုပ်ရှာခဲ့တယ်။ ၇၅နှစ်အရွယ်မှာ ကိုယ်တိုင်လုပ်နိုင်တဲ့ အင်အားမရှိတာကြောင့် ကိုယ်စတည်ထောင်ခဲ့တဲ့ အမည်နဲ့အတတ်ကို လွဲပြောင်းလိုက်တယ်။ ပိုင်ရှင်အသစ်က သူ့ကို စတော့ပ်ရှယ်ယာတစ်သောင်းပေးပြီး အပြီးဝယ်ယူဖို့ လုပ်ခဲ့ပေမယ့် သူငြင်းပယ်ခဲ့တယ်။ နောက်ပိုင်း ကုမ္ပဏီစတော့ပ်တွေ ဈေးတက်လာခဲ့ပြီး အလုပ်လက်မဲ့ သူ့အတွက် သူဌေးဖြစ်ဖို့ အခွင့်အလမ်းရခဲ့တယ်။ ၈၃နှစ်အရွယ်မှာ (fast food) နောက်စားသောက်ဆိုင်တစ်ဆိုင်ကို သူထပ်ဖွင့်လိုက်တယ်။ ဒါပေမယ့် ကုမ္ပဏီအမှတ်တံဆိပ်နဲ့ ပတ်သက်ပြီး အမှုဖြစ်ခဲ့ရတယ်။ ၈၈နှစ်အရွယ်မှာ သူအောင်မြင်ခဲ့တယ်။ သူ့နာမည် ကမ္ဘာကျော်ခဲ့ပါတယ်။ သူကတော့ Kentucky Fried Chicken (KFC) ကို စတင်တည်ထောင်ခဲ့သူ Harland David Sanders Colonel Sanders (September 9, 1890 – December 16, 1980)ပဲ ဖြစ်ပါတယ်။ "လူတွေက ရာသီဥတုမကောင်းဘူးလို့ အမြဲပြစ်တင်ပြောဆိုကြတယ်။ တကယ်တော့ ရာသီဥတုမကောင်းတာ မဟုတ်ဘူး။ မိမိကိုယ်ကိုယ် ယုံကြည်မယ်၊ အကောင်းဖက်ကို တွေးမြင်မယ်ဆိုရင် ရာသီဥတုက နေ့တိုင်းကောင်းနေမှာပါပဲ" လို့ Sanders က ပြောခဲ့ပါတယ်။ မူရင်းရေးသားသူ... Wang Jin Yao http://en.wikipedia.org/wiki/Harland_Sanders နိုင်းနိုင်းစနေ (Thursday, July 23, 2009)

'ဘ၀..သင်ရိုးညွန်းတမ်း'

3:25 PM Posted In Edit This 0 Comments »
ဘ၀ရဲ့ နေနည်းထိုင်ပုံတွေကို
သင်ရိုးတစ်ခုလိုသာ ရေးပေးထားခဲ့ရင် . . .
အခုဆို ကျွန်တော့်မှာ ပြန်ထုတ်ကြည့်လို့ အဆင်ပြေတာပေါ့အမေ . . .

အစကတည်းက မကောင်းခဲ့တော့
အနှောင်းကလည်း အလဲလဲ အကွဲကွဲပါအမေ . . .
အမေမရှိတော့တဲ့နောက်
ကျွန်တော်လျှောက်ရတဲ့ ဟောဒီလမ်းတွေ
ရှည်လျားေ၀၀ါးနေလိုက်ပုံများ
မိုးကုတ်စက်ဝိုင်းနားက တိမ်ခိုးသက်တန့် တံတားပါ အမေ . . .။

အမေသင်ခဲ့တဲ့ အမေ့ရဲ့ကျောင်း
ဘ၀ကို စာလုံးပေါင်းနည်းက စ
ကျွန်တော်ကလည်း နည်းနည်း အ တော့
ကျွန်တော့်ကို အမေအားမရခဲ့ဘူးမဟုတ်လား . .

ပညာတွေ မတတ်ပေမယ့်
သားတစ်ယောက်ရဲ့  စိတ်ကို အမေဖတ်ခဲ့တာ . . .
ဗေဒင်ဆရာတွေ ခန့်မှန်းတွက်ချက်တာထက်
ပိုလို့တောင် သေသပ်လှပခဲ့ပါတယ် အမေ . . .


ဒီသားရဲ့  ဒီစိတ်ဓာတ်
ငယ်ထိပ်ကို တက်နေတဲ့ ဒေါသတရားတွေ . . .

ဒီသားကို အနေခက်စေတဲ့
သူများထက်ပိုတဲ့ လောဘတရားတွေ . . .

နေ နေရတာက တောအုံ ချုံကြား
ကျွန်တော်မှန်းခဲ့တာက ဘုံဖျားရဲ့ အထက်
ဒီသားကို အသေသတ်မှာက
ဒီသားရဲ့ အတ္တတွေပဲတဲ့လား . . .

နားလည်ဖို့ . . . အားမငယ်ဖို့ . . .
စိတ်ရှည်ဖို့ . . . သိပ်မတေဖို့ . . .
သည်းခံဖို့ . . . နည်းမှန်ဖို့ . . .
.............................. ............
.................................................
ရွှေဥတဲ့ ဘဲ . . .
ရဦးမယ်လို့ ထင်နေသေးရင်
ရင်ကိုခွဲပြီး ရှာချင်ရှာတတ်တဲ့ လူမိုက်တွေရဲ့ အကြောင်း . . .
လူဆိုတဲ့ နာမည်တပ်ပြီး
လူတွေကြားထဲမှာနေ
အဆီကိုစားပြီး အသားကို မျိုတတ်လေတဲ့
လူ့ သဘတ်ကြီးတွေရဲ့ အကြောင်း . . .
ဟိုး ... အမြင့်ကို ရောက်ဖို့အတွက်
တက်ဖို့မသင့်တဲ့ အချို့ သောလှေကားတွေအကြောင်း . . .
အမေကတော့ ထောင်းထောင်းထအောင်
ပြောပြခဲ့တာပါပဲ အမေ . . .


သိရဲ့ လား အမေ . . .
ရေခံမြေခံက ကောင်းပေမယ့်
အမေစိုက်တဲ့ မျိုးစေ့က မမှန်ဘူး . . .
ကျွန်တော်ရှင်သန်ချင်ခဲ့တာက
ခေါင်းစဉ်တစ်မျိုးနဲ့ ဘ၀ အမေရဲ့  .........


“ချမ်းမြေ့ သာယာတဲ့ ဘ၀တစ်ခုအတွက်
ဟောသည့်တောင်ယာက သားတစ်သက်စားမကုန်ဘူး
ဟောသည့်မှာ ခိုင်းနွားတစ်ရှဉ်း
လယ်ထဲဆင်းဖို့မပူရဘူး
ဟောသည့်မှာ ၀က်မိတစ်အုပ်
သားတစ်သက်လုံး ထုတ်စားလို့ရတယ်
ဟောသည့်မှာ လှေငယ်တစ်စင်း
သားခင်းငါးခင်းပဲ ရှာရှာ
ဘယ်ရွာကို ဘယ်လိုသွားသွား
ငါ့သား မျက်နှာမငယ်ဘူးပေါ့”

“ဟား..ဟား....ဟား....ဟား.....
ရွှေပြည်အေးတရားတွေလား အမေ
အမေပေးတဲ့ တောင်ယာအလုပ်
ကျွန်တော်ဖတ်တဲ့ တက်ကျမ်းစာအုပ်မှာ မပါဘူး
နွားတွေနဲ့နေရင် ရွှံ့ စင်တာထက် ဘာများတိုးတက်မလဲ . .
အမေပေးတဲ့ ၀က်မိတစ်အုပ်
တစ်သက်လုံး ဟင်းစားလုပ်လို့ မရဘူး . . .
အမေပေးမယ့် လှေငယ်တစ်စင်း
ကျွန်တော်က မြစ်ထဲဆင်းပြီး ငါးရှာရမလား . . .
ကြည့်စမ်းပါ့အမေ . .
ဒီကောင်က တံငါနားလည်း မနေဘူး
မုဆိုးနားလည်း မသွားဘူး
အနာဂတ်ကို ဖွင့်ထားတဲ့ အိပ်မက်တံတားကို လျှောက်ပြီး
ပန်းတိုင်ကို အရောက်သွားမယ့် ကောင်ဗျ”


“တောမှာနေ ...တောမှာကြီး
ကျွန်တော့်ဘ၀က တောမှာမပြီးဘူး
လင်ကွန်းကို အမေသိသလား
သစ်လုံးအိမ်ကို အမေသိသလား
အိမ်ဖြူတော်ကို အမေသိသလား
ကျွန်တော်ကတော့ သွားမှာပဲအမေ . . .”



ခွင့်လွှတ်အမေ . . .
အဲဒီတုန်းက အိပ်မက်တွေ တစ်နင့်တစ်ပိုးကို
မျှော်လင့်ချက်တစ်ပွေ့တစ်ပိုက် နဲ့ လွယ်ပိုးထားတာဆိုတော့
အမေ့ရဲ့  ငိုခြင်းတရားတွေလဲ
ကျွန်တော့်နားထဲ ဘယ်ဝင်ပါတော့မလဲ အမေရယ် . . .

အမြင့်ကို မှန်းတော့
အကျကလည်း ကြမ်းတယ်အမေ . . .
ကျွန်တော်တက်တဲ့ အဲဒီလှေကားမှာ
လက်ရန်းက မပါဘူးအမေ . . .။


အခုတော့ ကျွန်တော်
ကျားရဲတောထဲမှာပါ အမေ . .
နွားသင်းကွဲလေး ကျွန်တော့်အတွက်
ချိုမြိန်မယ်ထင်တဲ့ အိပ်မက်တွေကလည်း
ခါးသက်လို့ သွားခဲ့ပါပြီ အမေ . . .


မြို့ ကြီးကြီး ပြကြီးကြီး
မာယာမီးတွေ ထိန်ထိန်ညီးနေတဲ့ ညနက်တွေမှာ
ကျရာဇာတ်ရုပ်ကို ကြုံသလို ကရင်း
ဖောင်းတာက တစ်ခါ
ပိန်တာက အခါတစ်သောင်း
ပါလာတဲ့ တက်ကျမ်းစာအုပ်တွေတောင်
ကျွန်တော်ရောင်းစားလို့ ကုန်ပြီကော အမေ . . .


သမုဒ္ဒရာ ၀မ်းတစ်ထွာတဲ့လားအမေ. . .
တစ်ကယ်တမ်း ဗိုက်ဆာတဲ့အခါ
စကြ၀ဠာတောင် မကပါဘူးအမေရယ်
ငတ်တာကို ရှက်စရာနဲ့ လဲစားရတာလဲ အခါခါ . . .
အမေ့ကိုတော့ အားနာပါတယ် . . .


ပတ်ဝန်းကျင် ကျွန်တော့်အနားမှာလဲ
အမြီးကျက်ရင် အမြီးဝါး
ခေါင်းကျက်ရင် ခေါင်းစားမယ့်သူတွေ များလွန်းလို့
အားကုန်ထုတ်ပြီးသွားခဲ့တာတောင်
ဟောဒီနေရာထက်ပိုပြီး
ဘယ်ခရီးမှ မနီးသေးဘူး အမေ. . .

" ဒီမယ်ငါ့သား . . .
ချမ်းသာချင်လွန်းအားကြီးတာဟာ
ငရဲပြည်ကို အလည်သွားဖို့
နဖူးကို ထုံးတို့တာနဲ့ အတူတူပဲ" ဆိုတဲ့စကား
အခုမှ ပြန်ကြားယောင်မိတယ် အမေ . . .



အမေသင်ခဲ့တဲ့ အမေ့ရဲ့ကျောင်း
ဘ၀ကို စာလုံးပေါင်းနည်းက စ
ကျွန်တော်က နည်းနည်း အ တော့
အဲဒီကတည်းက အမေ ကျွန်တော့်ကို
အားမရခဲ့တာ မဟုတ်လားအမေ . . .


ငယ်ငယ်တုန်းက တက်ခဲ့ရတဲ့
အမေ့ရဲ့ဘ၀စာသင်ကျောင်းမှာ
ပျော်အောင်လည်း မနေတက်
သင်ရိုးမကုန်ခင် ကျောင်းထွက်ချင်ခဲ့တဲ့ အမေ့ရဲ့ကျောင်းသား
တကယ်တော့ . . .
ကျောင်းပျက်ရက်ကလည်း များတယ် မဟုတ်လား အမေ . . .


ဘ၀ရဲ့ နေနည်းထိုင်ပုံတွေကို

သင်ရိုးတစ်ခုလိုသာ ရေးပေးထားခဲ့ရင် . . .

အခုဆို ကျွန်တော့်မှာ ပြန်ထုတ်ကြည့်လို့ အဆင်ပြေတာပေါ့အမေ . . .။ ။

၂၀၀၉ ခုနှစ် January တွင် အဖြူရောင်သံစဉ်

http://www.apytz.net/forum/showthread.php?t=5740&page=8

တွင် ဖော်ပြဖူးသည်ကို ပြန်လည်ခံစားလျှက်

အချိန်မရွေး အသစ်ကပြန်စမယ်

12:06 PM Posted In Edit This 0 Comments »
တစ်ခါက လူမျိုးစုတစ်စုမှာ အကြီးအကဲသေဆုံးပြီးနောက် သားဖြစ်သူက
အကြီးအကဲအဖြစ် ဆက်လက်တာဝန်ယူ ဦးဆောင်ခဲ့တယ်။ ဒါပေမယ့် သားဖြစ်သူဟာ
နေ့ရှိသရွေ့ ပျော်ပါးသောက်စားနေခဲ့လို့ ရွာဟာ တိုးတက်သင့်သလောက်
မတိုးတက်တဲ့အပြင် အဖွဲ့အင်အားပါ ယုတ်လျော့လာခဲ့တယ်။
အဖွဲ့အင်အားနည်းခဲ့လို့ တိုက်ပွဲတစ်ခုမှာ တစ်ဘက်ရန်သူရဲ့
အတိုက်အခိုက်ကို အလူးအလှိမ့်ခံရတဲ့အပြင် ရွာပျက်ပြီး အကြီးအကဲပါ
အဖမ်းခံလိုက်ရတယ်။ ရန်သူတွေက အကြီးအကဲကို နောက်တစ်နေ့မှာ အဆုံးစီရင်ဖို့
ဆုံးဖြတ်လိုက်ကြတယ်။ ဒါပေမယ့် မသတ်ခင်မှာ သတ်မှတ်ထားတဲ့
ကွင်းပြင်ကျယ်အတွင်း လွတ်လွတ်လပ်လပ် သွားလာနိုင်ဖို့ သူ့ကို
တစ်ရက်ခွင့်ပြုလိုက်တယ်။

အကြီးအကဲဟာ ကျယ်ပြန့်တဲ့ကွင်းပြင်ထဲ အနှင်ခံလိုက်ရသလို ခံစားရပြီး
လောကကြီးတစ်ခုလုံးက သူ့ကို စွန့်ပစ်ထားတယ်လို့ ထင်မိတယ်။ သူဟာ
သေမင်းလက်ထဲ မကြာခင်ရောက်မယ့်သူလို့လည်း သတ်မှတ်မိတယ်။ အရင်က အစစအရာရာ
ပြည့်စုံခဲ့တဲ့နေ့ရက်တွေကို သူတမ်းတမိတယ်။ တပြိုင်တည်းမှာပဲ ကျေးရွာအတွက်
ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့သူတွေ၊ သတ္တိရှိတဲ့ စစ်သည်ရဲမက်
သူရဲကောင်းတွေ၊ ကျေးရွာကို အသက်ပေးခဲ့ကြသူတွေကို သူသတိရပြီး
နောင်တရမိတယ်။

တကယ်လို့ ဘဝကိုအသစ်တဖန် ပြန်စခွင့်ရရင်၊ ဘုရားသခင်သာ သူ့ကို
အသစ်တဖန်ပြန်စမယ့် အခွင့်အရေးပေးခဲ့ရင် ဒီနေ့လိုမျိုး စစ်ရှုံးပြီး
အဖမ်းခံနေရမှာ မဟုတ်ဘူးလို့ သူတွေးမိတယ်။ နောက်ဆုံးမှာ
၂၄နာရီသာကျန်တော့တဲ့ သူ့ဘဝကို မှားခဲ့သမျှတွေအတွက် ပေးဆပ်ဖို့
သူဆုံးဖြတ်လိုက်တယ်။

ကွင်းပြင်ထဲမှာ သူဖြေးဖြေးချင်း လမ်းလျှောက်နေခဲ့တယ်။ သနားစရာ
ဆင်းရဲသားတွေတွေ့တော့ ဦးခေါင်းထက်က ပတ္တမြားကို သူဖြုတ်ပေးခဲ့တယ်။
လမ်းမှားနေတဲ့ ဆိတ်တစ်ကောင်ကို သူခေါ်ဆောင်ခဲ့တယ်။ လဲကျသွားတဲ့ ကလေးလေးကို
သူဆွဲခေါ်ထူပေးခဲ့တယ်။ နောက်ဆုံး သူ့ကိုယ်ပေါ်က အဖိုးအတန်ဆုံး အနွေးထည်ကို
သူ့ကိုစောင့်ကြပ်တဲ့ စစ်သားကိုပေးလိုက်တယ်။ အရင်က မလုပ်ခဲ့ဖူးတဲ့
အလုပ်တွေကို သူလုပ်ခဲ့မိတယ်။ လုပ်ချင်တာတွေ စိတ်ပါလက်ပါလုပ်ခဲ့ရလို့
သေဆုံးဖို့ကို သူကျေကျေနပ်နပ် လက်ခံလိုက်တယ်။

နောက်တစ်နေ့ သူ့ကိုအဆုံးစီရင်ဖို့ အချိန်ရောက်လာခဲ့တယ်။ အဆုံးစီရင်မယ့်
စင်မြင့်ပေါ် သူပေါ့ပေါ့ပါးပါး တက်ခဲ့တယ်။ မျက်စိမှိတ်ပြီး ဓားချက်အကျကို
သူစောင့်နေခဲ့တယ်။ ဒါပေမယ့် တအောင့်ကြာတဲ့အထိ သူ့လည်ပင်းပေါ်
ဓားချက်ကျမလာခဲ့ဘူး။ တအံ့တသြနဲ့ မျက်စိကို သူအသာအယာ ဖွင့်ကြည့်လိုက်တယ်။
အရက်ခွက်ကိုင်ပြီး သူ့ကိုပြုံးပြုံးလေး ရပ်ကြည့်နေတဲ့ ရန်သူအကြီးအကဲကို
သူတွေ့လိုက်တယ်။

အဲဒီအကြီးအကဲက "မိတ်ဆွေ... မနေ့က ခင်ဗျားလုပ်ခဲ့သမျှအတွက်
ကျုပ်ခံစားရတယ်။ ခင်ဗျားကို ပိုနားလည်စေခဲ့တယ်။ ကျုပ်တို့
ရွာသူရွာသားအချင်းချင်း ချစ်ချစ်ခင်ခင်၊ ပျော်ပျော်ရွှင်ရွှင်
နေထိုင်ကြမယ်။ အသေးအဖွဲ့ကိစ္စတွေနဲ့ ကျုပ်တို့ အချင်းချင်း
မသတ်ဖြတ်ကြတော့ဘူး။ ဒီနေ့ ခင်ဗျားကို အရက်တစ်ခွက်နဲ့
ကျုပ်ကောင်းချီးပေးမယ်။ နှောင်နောက် ညီအစ်ကိုတွေလို ကျုပ်တို့
နေထိုင်သွားကြရအောင်"

အဲဒီနောက် အကြီးအကဲဟာ သူ့နေရပ်ကို ပြန်ရောက်လာခဲ့တယ်။ နေရပ်ကို
ပြန်ရောက်တယ်ဆိုရင်ပဲ အရင်ကလို သူသောက်စားမူးယစ် မနေတော့ဘဲ
ရွာသူရွာသားတွေနဲ့အတူ ချစ်ခင်ရင်းနှီးအောင်နေပြီး ကျေးရွာတိုးတက်ဖို့
ကြိုးပမ်းဆောင်ရွက်ခဲ့တယ်။ ထက်မြက်တဲ့ ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်ဖို

သူဆုံးဖြတ်လိုက်တယ်။ တစ်ဘက်ကျေးရွာနဲ့လည်း မတိုက်ခိုက်တော့ဘဲ
သင့်မြတ်ချစ်ကြည်အောင် နေထိုင်ခဲ့တယ်။

လူ့ဘဝကို အချိန်မရွေး စလို့ရတယ်။ ဘဝမှာ အချိန်၂၄နာရီသာ
ကျန်တော့တယ်ဆိုရင်လည်း စနိုင်တယ်။

လူတစ်ယောက်မှာ တွေးတောနိုင်စွမ်းရှိသေးတယ်၊ မျှော်လင့်ချက်အိပ်မက်တွေ
ရှိသေးတယ်ဆိုရင် သူဟာ သူ့ဘဝကို အသစ်တဖန် ပြန်စနိုင်တယ်။

တစ်ခါတလေ ကျွန်တော်တို့ဟာ မှားနေမှန်းသိသိနဲ့ ဆက်မှားနေတတ်ကြတယ်။
နာကျင်နေမှန်းသိလျက်နဲ့ အဲဒီနာကျင်မှုထဲကနေ ရုန်းမထနိုင်ကြဘူး။
"မလုပ်ရဲတဲ့ အနေအထား" ဒါမှမဟုတ် "မစွန့်ဝံ့တဲ့ အနေအထား"က
ကျွန်တော်တို့ကို အခက်အခဲကြား ပိုနစ်မွန်းစေခဲ့တာလား? ဒီလမ်းဟာ
ကိုယ်နဲ့မသင့်တော်တဲ့လမ်းမှန်း သိလျက်နဲ့၊ ရှေ့ဆက်လျှောက်ရင်လည်း
အကျိုးမရှိမှန်းသိလျှက်နဲ့ အသစ်တဖန်ပြန်စဖို့ ဘာဖြစ်လို့ ချက်ချင်း
မစွန့်လွတ်နိုင်ခဲ့တာလဲ?

ဂျပန်စာရေးဆရာ "Kaoru Nakajima"က "ကိုယ်မလုပ်နိုင်ဘူးလို့ ထင်တာဟာ
အထင်မှားတွေဖြစ်တယ်။ ကျွန်တော်တို့ဟာ အလုပ်တစ်ခုကို စလုပ်တာနဲ့
ဒီအလုပ်ကို လုပ်နိုင်မလုပ်နိုင် အရင်တွေးတောတယ်။
ပြီးရင်ကိုယ့်အရည်အချင်းကို သင်္ကာမကင်းဖြစ်လာတယ်။ ဒါဟာ
မှားယွင်းတဲ့အတွေးတွေဖြစ်တယ်"

လူ့ဘဝဟာ အချိန်မရွေး အသစ်တဖန် ပြန်စနိုင်တယ်။ အဲဒီလိုပြန်စဖို့ အသက်အရွယ်
အကန့်အသတ်မရှိဘူး။ ယောက်ျား မိန်းမ မခွဲခြားဘူး။ ကျွန်တော်တို့မှာ
ယုံကြည်ချက်၊ ဆုံးဖြတ်ချက်နဲ့ မျှော်လင့်ချက်တွေရှိနေသရွေ့
အသက်(၇ဝ)ဆိုလည်း အသစ်ပြန်စနိုင်ပါတယ်။

ရုပ်ရှင်ကားတစ်ကားမှာ လူငယ်တစ်ယောက်ဟာ သူနဲ့နှစ်ရှည်လကြာ
ချစ်ကြိုက်ခဲ့တဲ့ ကောင်မလေးတစ်ယောက်ကြောင့် ဝမ်းနည်းပူဆွေးခဲ့တယ်။
အကြောင်းက အဲဒီကောင်မလေးကို သူ့မိဘတွေက သူဌေးတစ်ဦးနဲ့
လက်ထပ်ပေးတော့မှာမို့ဖြစ်တယ်။ ဒါကိုလူငယ်က ကြိတ်ခဲမရဖြစ်ပြီး
တွေ့သမျှပစ္စည်းတွေကို ရိုက်ခွဲဖောက်ကွဲပစ်တယ်။ နေ့တိုင်း အရက်ကို
လူမှန်းသူမှန်းမသိအောင် သောက်တယ်။ လူသေကောင်နဲ့ မခြားခဲ့ဘူး။ ဘယ်သူမှ
သူနဲ့ မျက်နှာချင်းမဆိုင်ရဲကြဘူး။ သူနဲ့ ထပ်တိုက်တွေ့ခဲ့ရင်တောင် လူတွေက
ရှောင်သွားကြတယ်။

သူ့အဖြစ်ကို အတွေ့အကြုံရင့်ကျက်တဲ့ အဘိုးအိုတစ်ဦးကမြင်တော့ "မင်းမှာ
အစွမ်းအစရှိရင် သူ့ကိုရအောင် ပြန်ခေါ်ပါ" လို့ ကရုဏာသောသောပြောတယ်။

"ဒါပေမယ့် တခြားသူနဲ့ မကြာခင် သူလက်ထပ်တော့မယ်" လို့ ကောင်လေးက
ဝမ်းနည်းပက်လက်ပြောတယ်။

"တကယ်လို့ မင်းမှာ လုပ်နိုင်စွမ်းရှိရင် မင်းအတွက်
အခွင့်အရေးဆိုတာရှိတယ်။ မင်းမှာ အချိန်တွေရှိသေးတယ်။ မင်းစိတ်ဓာတ်တွေ
မာကျောနေဖို့တော့ လိုလိမ့်မယ်"

"ကျွန်တော့်မှာ ဘာမှမရှိတော့ဘူး။ မျှော်လင့်ချက်ဆိုတာလည်း ရှိတော့မှာ မဟုတ်ဘူး"

"မင်းမှာ ဒီနေ့ဆိုတာရှိတယ်။ မနက်ဖြန်ဆိုတာ ရှိတယ်။ ပြီးတော့
မင်းခန္ဓာကိုယ်မှာ အင်အားဆိုတာ ရှိသေးတယ်"

အဘိုးအိုရဲ့ လမ်းညွှန်ဆုံးမမှုအောက်မှာ လဲကျနေရာကနေ လူငယ်တဖြေးဖြေး
ရုန်းထလာခဲ့တယ်။ ကျေးရွာကခွာပြီး တခြားနေရပ်တစ်ခုကို
သူထွက်ခွာသွားခဲ့တယ်။

သုံးနှစ်လွန်ပြီးနောက် ရွာကိုသူပြန်ရောက်လာတယ်။ သူ့ကို ဆိုဆုံးမခဲ့တဲ့
အဘိုးအိုကိုတွေ့တော့ အဘိုးအိုက သူချစ်ကြိုက်ခဲ့တဲ့ ကောင်မလေး
သူဌေးနဲ့ယူလိုက်ပြီဆိုတဲ့အကြော
င်း ပြောပြတယ်။ အဘိုးအိုစကားကြားတော့
လူငယ်ကရယ်ပြီး "အရာအားလုံးက ပြီးသွားခဲ့ပြီ။ တကယ်တော့ ကျွန်တော့်ကို
အဘိုးသင်ပေးလိုက်တာဟာ မိန်းမတစ်ယောက်ကို ဘယ်လိုယူရမယ်ဆိုတာ မဟုတ်ဘဲ ဘဝမှာ
ဘယ်လိုနေထိုင်ရမယ်ဆိုတာကို သင်ပြလိုက်တာပါ။ ဒါဟာ အရေးကြီးဆုံးအချက်ပါ"
လို့ ပြောလိုက်တယ်။

ဒီနေ့ဟာ အရာတစ်ခုကို ကုန်ဆုံးစေသလို အသစ်တဖန်လည်း ပြန်စစေတယ်။ မနေ့က
အောင်မြင်ခဲ့သည်ဖြစ်စေ၊ ကျရှုံးခဲ့သည်ဖြစ်စေ ဒီနေ့မှာ အရာအားလုံးကို
အသစ်တဖန်ပြန်စနိုင်တယ်။ လူ့ဘဝကို အသစ်တဖန် ပြန်စလို့ရတယ်။

မနေ့က ကျရှုံးခဲ့တာကို ဒီနေ့မှာ မေ့လိုက်ပါ။ ကျရှုံးခြင်းရဲ့သင်ခန်းစာနဲ့
အသစ်တဖန် ပြန်စပါ။ မနေ့က အောင်မြင်ခဲ့ရင်လည်း ဒီနေ့အသစ်တဖန် ပြန်စပြီး
အောင်မြင်မှုအပေါ် ကြိုးစားမှုတွေ ထပ်လောင်းပြီး ပိုတောက်ပြောင်တဲ့
စိတ်ဓာတ်နဲ့ ရှေ့ကိုတိုးပါ။

လူ့ဘဝဆိုတာ အသစ်တဖန်ပြန်စခြင်းတွေနဲ့ မပြတ်လည်ပတ်နေတဲ့ ဖြစ်စဉ်ဖြစ်တယ်။
အချိန်မရွေး မျှော်လင့်ချက်အသစ်၊ ကောင်းကင်အသစ်နဲ့
အသစ်တဖန်ပြန်စနိုင်ပါတယ်

ယှဉ်ပြိုင်မှုတွေဟာ မျက်ရည်တွေကို မလိုလားဘူး" ဆိုတာပါပဲ.

5:38 AM Posted In Edit This 0 Comments »
ဆေးပညာရပ်မှာ ဒီလိုအချက်အလက်လေးတစ်ခု ရှိခဲ့တယ်။ တစ်နှစ်ပတ်လုံးမှာ
တစ်ခါမှမဖျားနာသူရဲ့ ကင်ဆာဖြစ်နှုန်းဟာ မကြာခဏဖျားနာသူရဲ့(၆)ဆလို့
ဆိုပါတယ်။ ဒါဟာ ထူးခြားတယ်ဆိုပေမယ့် အမှန်တကယ်ဖြစ်ပါတယ်။

ဇီဝဗေဒပညာရှင်တွေရဲ့ ဆန်းစစ်ချက်တစ်ခုမှာ ငါးကန်ထဲ
တစ်ကောင်တည်းထားတဲ့ငါးဟာ ရက်အနည်းငယ်အကြာမှာ သေဆုံးသွားတာတွေ့ရပြီး
သုံးလေးကောင် အတူထည့်ထားတဲ့ငါးဟာ တစ်နှစ်ကြာမျှ အသက်ရှင်နေနိုင်တာကို
တွေ့ရပါတယ်။ ဒါဟာ "ယှဉ်ပြိုင်မှုဝန်းကျင်"မှာ သူတို့ကို
"တိုက်ရည်ခိုက်ရည်" ပိုရှိစေခဲ့လို့ဖြစ်တယ်။

ကမာကောင်လို အထည့်ခံရတဲ့သဲကို လှပတဲ့ပုလဲဖြစ်အောင် ပြောင်းလဲလိုက်တာဖြစ်တယ်။

ဘဝမှာလည်း ဆင်းရဲဒုက္ခ၊ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရတယ်။
ယှဉ်ပြိုင်မှုတွေ ရှိကြတယ်။ အဲဒီအခက်အခဲ၊ ယှဉ်ပြိုင်မှုတွေကို ခွန်အားအဖြစ်
ကျွန်တော်တို့ ပြောင်းလဲသင့်တယ်။ အခက်အခဲနဲ့ကြုံလို့ ငိုညည်းနေရုံနဲ့
မပြီးဘူး။ အထူးသဖြင့် ယှဉ်ပြိုင်ချိန်မှာ တွေ့ကြုံရတဲ့ ကျဆုံးခြင်း၊
ဆုံးရှုံးခြင်းတွေအတွက် ကိုယ့်ကိုကိုယ် စွန့်လွတ်တာမျိုး
ပိုမလုပ်သင့်ပါဘူး။ ယှဉ်ပြိုင်မှုတွေမှာ မျက်ရည်ဆိုတာ မရှိသင့်ပါဘူး။

အောင်မြင်ခြင်းဆိုတာ ကျရှုံးခြင်းတွေ စုပုံပြီးဖြစ်လာတယ်ဆိုတာ
ကျွန်တော်တို့သိထားသင့်တယ်။ အောင်မြင်တဲ့ ယှဉ်ပြိုင်သူတစ်ယောက်ဟာ
လေဒဏ်မိုးဒဏ်တွေကို ခံနိုင်ရည်ရှိရတယ်။ ဆင်းရဲဒုက္ခတွေကို
တွန်းလှန်နိုင်တဲ့ အင်အားရှိရတယ်။ ယှဉ်ပြိုင်မှုတွေမှာ မျက်ရည်ဆိုတာ
အားပျော့သူပါ။

ဂျာမဏီရူပဗေဒပညာရှင် Wilhelm Conrad Röntgen ဟာ ငယ်စဉ်အခါမှာ
စာတော်သူဖြစ်တယ်။ ဒါပေမယ့် အစအနောက်သန်သူဖြစ်တယ်။ တစ်ခါမှာ ဆရာကို
ပမာမခန့်လုပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျောင်းထုတ်ခံခဲ့ရတယ်။ အထက်တန်း
အောင်လက်မှတ်မရှိတာကြောင့် သူ တက္ကသိုလ်တက်ခွင့် မရခဲ့ဘူး။ ဒါပေမယ့်
သူကြိုးစားမှုကြောင့် နောက်ဆုံးမှာ အမှတ်ကောင်းကောင်းနဲ့ Zürich
ကောလိပ်ကို တက်ခွင့်ရခဲ့တယ်။ ကျောင်းပြီးတော့
သူ့ရဲ့ကိုယ်ရေးအကျဉ်းကြောင့် လက်ထောက်ဆရာလုပ်ဖို့ ငြင်းဆန်ခံခဲ့ရတယ်။
အခက်အခဲ၊ ဆင်းရဲဒုက္ခနဲ့ အကြိမ်ကြိမ်ကြုံခဲ့သည့်တိုင် Röntgenဟာ
မျက်ရည်တစ်စက်မှ မကျခဲ့ဘူး။ လက်မမြောက်ခဲ့ဘူး။ အမြဲတမ်း ရှေ့တိုးပြီး
အခက်အခဲနဲ့ရင်ဆိုင်ခဲ့တယ်။ အနှစ်(၂ဝ)ကြာ ကြိုးပမ်းခဲ့တဲ့သူရလဒ်က
Julius-Maximilians တက္ကသိုလ်မှာ ကျောင်းအုပ်ကြီးဖြစ်ခဲ့တယ်။ နောက်ဆုံးမှာ
X-rayကို ရှာဖွေနိုင်ခဲ့လို့ ပထမဆုံး နိုဘယ်ဆုရ ရူပဗေဒပညာရှင်ဖြစ်ခဲ့တယ်။

Röntgenဟာ ဒုက္ခအခက်အခဲကြားက ရုန်းထပြီး အောင်မြင်သူတစ်ဦးဖြစ်အောင်
လုပ်ဆောင်နိုင်ခဲ့တယ်။ လူတစ်ယောက်ဟာ ဆင်းရဲဒုက္ခကို ခံနိုင်ရည်ရှိဖို့
စိတ်စွမ်းအား၊ စိတ်ဓာတ်အရည်အချင်းတွေလိုပါတယ်။ ဘဝမှာ ဆင်းရဲဒုက္ခ၊
အခက်အခဲတွေကို ကျွန်တော်တို့ မကြာခဏတွေ့ကြုံရပါတယ်။ ဘယ်သူကမှ
ရှောင်လွဲလို့ မရခဲ့ပါဘူး။ ယှဉ်ပြိုင်ခြင်းမှာ
ကျရှုံးမှုတွေလည်းရှိနိုင်ပါတယ်။ အဓိက,က ကျရှုံးခြင်းနဲ့ကြုံချိန်
အခက်အခဲတွေကို အင်အားအဖြစ် ပြောင်းလဲနိုင်မှသာလျှင်
အောင်နိုင်ခြင်းကိုရမှာဖြစ်တယ်။ မှတ်ထားဖို့က "ယှဉ်ပြိုင်မှုတွေဟာ
မျက်ရည်တွေကို မလိုလားဘူး" ဆိုတာပါပ

ကိစ္စသုံးရပ်

1:00 PM Posted In Edit This 0 Comments »

(၁) တံခါးပိတ်တတ်ရမယ်

"မနေ့က"နဲ့ "မနက်ဖြန်"ရဲ့ တံခါးနှစ်ချပ်ကိုပိတ်ပြီး "ဒီကနေ့"တိုင်းကို
ကောင်းကောင်းမွန်မွန် ကျော်ဖြတ်တတ်ရမယ်။ "ဒီကနေ့"တိုင်းကို
ကောင်းကောင်းမွန်မွတ် ဖြတ်ကျော်တာဟာ "ဒီတစ်သက်"ကို ကောင်းကောင်းမွန်မွန်
ဖြတ်ကျော်တာနဲ့ အတူတူဖြစ်တယ်။

(၂) တွက်ချက်တတ်ရမယ်

ကိုယ့်ရဲ့ပျော်ရွှင်ခြင်းနဲ့ ကိုယ်လုပ်တဲ့ မှန်ကန်တဲ့အလုပ်ကို
တွက်ချက်တတ်ရမယ်။ ပျော်ရွှင်ခြင်းကို တွက်ချက်လေ
ကိုယ့်ကိုပျော်ရွှင်လေဖြစ်သလို မှန်ကန်တဲ့အလုပ်ကို တွက်ချက်လေ
ကိုယ့်ကိုယ်ယုံကြည်မှုတွေ ရှိစေလေဖြစ်တယ်။

(၃) လက်လွတ်တတ်ရမယ်

လက်လွတ်တတ်ရမယ်ဆိုတဲ့ စကားက အရင်ဆုံး "လက်လွတ်တတ်"မှ နောက်"ရမှာ"ဖြစ်တယ်။
လောကမှာရှိတဲ့အရာတချို့က လက်လွတ်တတ်မှ ပိုင်ဆိုင်ရတယ်။ ဒါမှမဟုတ်
လက်လွတ်ပြီးမှ ပိုင်ဆိုင်ရတယ်။ နည်းနည်းလေးမှ လက်မလွတ်တတ်ဘဲ အရာရာကို
ပိုင်ဆိုင်ချင်လို့ မရနိုင်ပါဘူး။


စကားသုံးခွန်း

(၁) ထားလိုက်တော့!

ဘယ်လိုမှ ပြောင်းလဲလို့မရတဲ့ ဖြစ်ရပ်မှန်တစ်ခုအတွက် အကောင်းဆုံးနည်းက
အဲဒီဖြစ်ရပ်ကို လက်ခံတာပဲဖြစ်တယ်။

(၂) ကိစ္စမရှိဘူး!

ဘာပဲဖြစ်နေဖြစ်နေ ကိစ္စမရှိဘူးလို့ ကိုယ့်ကိုကိုယ် ပြောတတ်ရမယ်။
မှတ်ထားရမှာက အပြုသဘောဆောင်တဲ့၊ အကောင်းမြင်တဲ့ စိတ်ဓာတ်ဟာ
ပြဿနာတိုင်းကို ဖြေရှင်းနိုင်တဲ့၊ အခက်အခဲတိုင်းကို အောင်မြင်နိုင်တဲ့
ပထမခြေလှမ်းဖြစ်တယ်ဆိုတာကိုပဲ။

(၃) ပြီးသွားမှာပါ!

မိုးတွေ ဘယ်လောက်ကြီးကြီးရွာပါစေ၊ ဘယ်နှစ်ရက်ဆက်တိုက် ရွာပါစေ....
မိုးစဲပြီး နေရောင်ဖြာမယ့်ရက် ရှိတယ်ဆိုတာကို ယုံကြည်ထားရမယ်။
မိုးတွေအမြဲ မအုံ့နိုင်ပါဘူး။ မိုးအုံ့လိုက် နေသာလိုက်နဲ့ သဘာဝက
ဒီအတိုင်းပဲဖြစ်တယ်။ ဘဝဟာလည်း ဒီအတိုင်းပဲဖြစ်တယ်။


ပျော်ရွှင်ခြင်း (၃)မျိုး

(၁) သူတစ်ပါးကို ကူညီတဲ့ ပျော်ရွှင်ခြင်း
(၂) ရောင့်ရဲတဲ့ ပျော်ရွှင်ခြင်း
(၃) ပျော်စရာကို ရှာဖွေတတ်တဲ့ ပျော်ရွှင်ခြင်း

တနည်းပြောရရင် အဆင်ပြေချိန် သူတစ်ပါးကိုကူညီပြီး ပျော်ရွှင်ခြင်းကိုရှာတတ်ရမယ်။
အဆင်သိပ်မပြေချိန် ရောင့်ရဲခြင်းနဲ့ ပျော်ရွှင်ခြင်းကို ရှာတတ်ရမယ်။
အခက်အခဲနဲ့ကြုံချိန် အခက်အခဲကြားထဲကနေ ပျော်ရွှင်ခြင်းကို ရှာတတ်ရမယ်။


မ...... နဲ့ (၃)ခု

(၁) တခြားသူရဲ့အမှားနဲ့ ကိုယ့်ကိုကိုယ် အပြစ်မပေးနဲ့။

လက်တွေ့ဘဝမှာ လူအများစုဟာ ပင်ပန်းဒဏ်ကို မကြောက်ကြဘူး။
သေမှာမကြောက်ကြဘူး။ ဘယ်လောက်ပဲ လေးတဲ့ဝန်ဖြစ်ဖြစ် ထမ်းရမှာ မကြောက်ကြဘူး။
ဘာအခက်အခဲဖြစ်ဖြစ် မတွန့်ဆုတ်ကြဘူး။ ဒါပေမယ့် အမှားအယွင်း၊
မတရားခံရတာကိုတော့ မခံနိုင်ကြဘူး။ အမှားအယွင်း၊ မတရားခံရတယ်ဆိုတာ
ကိုယ်လုပ်တာမဟုတ်တဲ့ တခြားသူလုပ်တဲ့ အမှားတွေဖြစ်တယ်။ အဲဒီတခြားလူလုပ်တဲ့
အမှားနဲ့ ကိုယ့်ကိုကိုယ် အပြစ်မပေးနဲ့။

(၂) ကိုယ့်အမှားနဲ့ တခြားသူကို အပြစ်မပေးနဲ့

ကိုယ်မတရားခံရသလို တခြားသူကိုလည်း မတရားဆက်ဆံတယ်။ ဒါဟာ တခြားသူကို
ထိခိုက်နာကျင်စေတဲ့နည်းတူ ကိုယ့်ကိုကိုယ်လည်း ပြန်ထိခိုက်နာကျင်စေတယ်။

(၃) ကိုယ့်အမှားနဲ့ ကိုယ့်ကိုကိုယ် အပြစ်မပေးနဲ့

လူကောင်းဆိုတာ ဘာလဲ? တကယ်လို့ လူတစ်ယောက်ကို အလုပ်(၁ဝ)ခု လုပ်ခိုင်းတယ်။
အလုပ် (၇)ခု (၈)ခုကို သူမှန်မှန်ကန်ကန် လုပ်နိုင်တယ်။ ဒါဆို
သူဟာလူကောင်းဖြစ်တယ်။ ဒီစကားထဲမှာ နောက်ထပ်အဓိပ္ပာယ်တစ်မျိုး ဝှက်ထားတယ်။
လူကောင်းလည်း အမှားလုပ်နိုင်တယ်။ ဒါကြောင့် လူကောင်းအမှားလုပ်တာ
ကိစ္စမရှိဘူး။ ဘယ်လောက်ပဲကြီးတဲ့ အမှားဖြစ်ဖြစ် ကိစ္စမရှိဘူး။ ဒါပေမယ့်
အမှားလုပ်မိတာနဲ့ အမှားရဲ့ရင်းမြစ်ကို ရှာတတ်ရမယ်။ ပြုပြင်တတ်ရမယ်။
သင်ခန်းစာယူတတ်ရမယ်။ ပြောင်းလဲတတ်ရမယ်။ ကိုယ့်အမှားနဲ့ ကိုယ့်ကိုကိုယ်
အပြစ်မပေးနဲ့။ အဲဒီအမှားကို ဘယ်လိုပြုပြင် ပြောင်းလဲရမလဲဆိုတာကိုပဲ
ရှာဖွေပါ။A N Win

ကျရှုံးတာကို မကြောက်နဲ့

12:37 PM Posted In Edit This 0 Comments »
ဘဝဆိုတာ ရှည်လျားတဲ့ ခရီးလမ်းတစ်ခုဖြစ်တယ်။ ဒီလမ်းပေါ်မှာ ဖြောင့်ဖြူးတဲ့
လမ်းရှိသလို၊ ကွေးကောက်တဲ့ လမ်းလည်းရှိတယ်။ ပန်းတွေနဲ့ဝေတဲ့ လမ်းရှိသလို၊
ချိုင့်ခွက်တွေနဲ့ပြည့်တဲ့ လမ်းလည်းရှိတယ်။ ဒီလမ်းခရီးပေါ်မှာ လူတိုင်း
လူတိုင်း အခက်အခဲ၊ ဒုက္ခတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရတတ်တယ်။ ဘဝရဲ့တန်ဖိုးဟာ
ဒုက္ခတွေကို ကြံ့ကြံ့ခံအံတုရင်ဆိုင်ဖို့လို့ ကျွန်တော်တို့ ယုံကြည်ထားရင်
ချိုင့်ဝှမ်းတွေကို ဖြတ်ကျော်ပစ်လိုက်ပါ။ လဲကျသွားခဲ့ရင်
ဘယ်သူ့အကူမှမယူဘဲ ထရပ်ပါ။ ဆုံးရှုံးသွားခဲ့ရင် ဘယ်သူ့ဆီမှ အလျော်အစား
ပြန်မတောင်းပါနဲ့.....

ကျရှုံးတာနဲ့ ပတ်သက်ကြီး လူတိုင်းမှာ မတူတဲ့အမြင်လေးတွေရှိကြတယ်။ ဘဝမှာ
လူတိုင်း အခက်အခဲ၊ ဒုက္ခတွေကို မလွဲမသွေရင်ဆိုင်ကြရပါတယ်။ တစ်ခါတလေ
အဲဒီလိုရင်ဆိုင်ရချိန် ရှေ့မတိုး နောက်မဆုတ်သာ၊ ဖြေရှင်းဖို့လမ်းစ
ရှာမရခဲ့တဲ့အခါ မြူနှင်းမှုန်ကြား မားမားရပ်နေတဲ့ ထင်းရှူးပင်ကို
သတိရလိုက်ပါ။ ပိန်းပိတ်မှောင်နေတဲ့ညမှာ လမ်းမီးသဖွယ် လင်းလက်နေတဲ့
ကြယ်လေးတွေကို မြင်ယောင်လိုက်ပါ။ ကြံ့ခိုင်တဲ့ယုံကြည်မှုတွေက
ကျရှုံးခြင်းတွေကို ဖြတ်ကျော်နိုင်ပါတယ်။

ကျရှုံးတယ်ဆိုတာ တစ်ခြားလူထက် ညံ့လို့မဟုတ်ဘူး။
ကျရှုံးတယ်ဆိုတိုင်း သင်မအောင်မြင်နိုင်တာ မဟုတ်ဘူး။
ကျရှုံးတယ်ဆိုတာ လူ့ဘဝရဲ့ ဆုံးမှတ်မဟုတ်ဘူး။
ကျရှုံးခြင်းရဲ့ဆုံးမှတ်ဟာ အောင်မြင်ခြင်းရဲ့ စမှတ်ဖြစ်တယ်။
ကျရှုံးခြင်းကို သင်ရင်ဆိုင်ရဲရင်၊ ဖြတ်ကျော်ရဲရင် ပန်းခင်းထားတဲ့
အောင်မြင်လမ်းဆီ သင်အရောက် လှမ်းနိုင်မှာဖြစ်တယ်။

လူ့ဘဝဆိုတာ ပင်လယ်ကြီးနဲ့တူတယ်။ ကျောက်ဆောင်၊ ကျောက်စွန်းတွေမရှိခဲ့ရင်
လှပတဲ့ရေလှိုင်းတွေ ဖြစ်လာနိုင်မှာမဟုတ်ဘူး။ ကျရှုံးခဲ့ရင်
အဲဒီကျရှုံးခဲ့တာကို အင်အားအဖြစ် ပြောင်းပစ်ရမယ်။ နုပျိုတက်ကြွတဲ့
လူငယ်လူရွယ်တွေရဲ့ ကြီးမြတ်တဲ့ရင်ခွင်ဟာ မပြောပလောက်တဲ့ ထိခိုက်မှုတွေကို
သွားဂရုစိုက်နေစရာ မလိုဘူး....

ဘဝမှာ သင့်ကိုမျက်ရည်ကျစေတဲ့ အကြောင်းပြချက် အကြိမ်တစ်ထောင်ရှိခဲ့ရင်
သင်ကလည်း အကြောင်းပြချက် အကြိမ်တစ်သောင်းနဲ့ ရယ်မောတတ်ရမယ်။

"မိုးသက်လေပြင်းကျနေပါစေ အောင်မြင်ခြင်းဆီသွားတဲ့ ခြေလှမ်းဟာ
ဘယ်တော့မှမတွန့်ဆုတ်ဘူး" ဒါမှ တည်ငြိမ်တဲ့ စိတ်ဓာတ်ကိုရတယ်။

ဆူးခင်းလမ်းပဲဖြစ်ဖြစ်၊ ပန်းခင်းလမ်းပဲဖြစ်ဖြစ် ရင်ဆိုင်တတ်ရမယ်။
ရယူနိုင်တာပဲဖြစ်ဖြစ်၊ ဆုံးရှုံးသွားတာပဲဖြစ်ဖြစ် တည်ငြိမ်တဲ့စိတ်နဲ့ လက်ခံတတ်ရမယ်။
ဒါကမှ လူငယ်လူရွယ်တွေရဲ့ ရှင်သန်နည်းလို့ ကျွန်တော်ထင်တယ်။

လမ်းဆိုတာ ကျွန်တော်တို့ရဲ့ ခြေဖဝါးအောက်မှာပါ။ အတိတ်မှာ
မှောင်မှိတ်တဲ့လမ်းတွေ ဖြတ်ခဲ့ဖူးပါစေ၊ အနာဂတ်မှာ လင်းလက်တဲ့လမ်းတွေ
စောင့်မျှော်နေပါစေ..... အတိတ်ကို ယခုလက်ရှိရဲ့ဆုံးမှတ်လို့ သဘောထားပြီး
အနာဂတ်ကို ယခုလက်ရှိရဲ့စမှတ်လို့ သဘောထားလိုက်ပါ။

ကျရှုံးတာဟာ ကြောက်ဖို့ မကောင်းပါဘူး။ ကိုယ့်ရည်မှန်းချက်အတွက်
ကျွန်တော်တို့ ပျံသန်းရတယ်။ လေဒဏ်မိုးဒဏ်တွေကို ကျွန်တော်တို့ ခံကြရတယ်။
ရည်မှန်းချက်တွေ အကောင်အထည်ဖော်ဖို့ ကျွန်တော်တို့ ပျံသန်းရတယ်။
နွေးထွေးတဲ့နေရောင်ခြည်နဲ့ လေပြေလေညင်းတွေကို ကျွန်တော်တို့ ခံကြရတယ်။
ပျံသန်းစဉ်မှာ ကျွန်တော်တို့ရဲ့မကြံ့ခိုင်တဲ့
အတောင်ပံတွေက
ထိခိုက်ဒဏ်ရာရကောင်း ရတတ်တယ်။ ဒါပေမယ့် အဝေးကို ကျွန်တော်တို့
ပျံသန်းရတယ်။ ငယ်ရွယ်နုပျိုတဲ့အချိန်ဟာ တဟုန်းဟုန်း တောက်နေတဲ့
မီးတောက်နဲ့တူတယ်၊ ရဲရဲနီနေတဲ့ နေလုံးကြီးနဲ့တူတယ်.... လှပတဲ့အနာဂတ်ကို
ပုံဖော်ရေးဆွဲဖို့၊ တကယ့်လူ့ဘဝကို အရသာခံဖို့၊ ဘဝရဲ့ပျော်စရာတွေကို
သီကုံးရေးသားဖို့ ကျွန်တော်တို့ကို ခွန်အားဖြည့်ခဲ့တယ်။

That is life :)

6:40 AM Posted In Edit This 0 Comments »
We never get what we want,
We never want what we get,
We never have what we like,
We never like what we have.
And still we live & love.
That's life...

The best kind of friend,
Is the kind you can sit on a porch and swing with,
Never say a word,
And then walk away feeling like it was the best conversation you've ever had.

It's true that we don't know
What we've got until it's gone,
But it's also true that we don't know
What we've been missing until it arrives.

Giving someone all your love is never an assurance that they'll love you back!
Don't expect love in return;
Just wait for it to grow in their heart,
But if it doesn't, be content it grew in yours.

It takes only a minute to develop a crush on someone,
An hour to like someone,
And a day to love someone,
But it takes a lifetime to forget someone..

Don't go for looks; they can deceive.
Don't go for wealth; even that fades away.
Go for someone who makes you smile,
Because it takes only a smile to
Make a dark day seems bright.
Find the one that makes your heart smile!

May you have
Enough happiness to make you sweet,
Enough trials to make you strong,
Enough sorrow to keep you human,
And enough hope to make you happy.

Always put yourself in others' shoes.
If you feel that it hurts you,
It probably hurts the other person, too.

The happiest of people
Don't necessarily have the best of everything;
They just make the most of everything that comes along their way.

Happiness lies for
Those who cry,
Those who hurt,
Those who have searched,
And those who have tried,
For only they can appreciate the importance of people
Who have touched their lives.

When you were born, you were crying
And everyone around you was smiling.
Live your life so that when you die,
You're the one who is smiling
And everyone around you is crying.


my sentiments

11:40 AM Posted In Edit This 0 Comments »
I am broken
Pieces of me scattered all over
I can’t find the reason to move on
I feel so alone

I am feeling blue
Don’t know what to do
Tears won’t stop to fall
Pain remains unbrearable

I am nowhere to go.
Can’t find my safe refuge
I feel like floating on air
Don’t know where to fall.

Is it I to blame?
For this agony in me
Teach me to move on
So that I can go along

maykha

အမေရိကန်ချွေးမ

1:07 AM Posted In Edit This 0 Comments »
အမေရိကားမှာ ကျောင်းသွားတက်ခဲ့တဲ့သား ကျောင်းပြီးတော့ ကျွန်မအတွက်
စူစန်လို့ခေါ်တဲ့ အင်္ဂလိပ်ချွေးမတစ်ယောက် ရှာပေးခဲ့တယ်။ ဒီကနေ့မှာ
မြေးလေးထော်ဘီတောင် (၃)နှစ်ရှိခဲ့ပါပြီ။ ဒီနှစ်နွေရာသီမှာ သားက ကျွန်မကို
အမေရိကားအလည်လာဖို့ ခေါ်ခဲ့တယ်။ အမေရိကားမှာနေခဲ့တဲ့ (၃)လအတွင်း
ချွေးမစူစန်ရဲ့ သားသမီးကို ဆုံးမသွန်သင်နည်းတွေက ကျွန်မကို အတွေးအမြင်
ပိုကျယ်စေခဲ့ပါတယ်။

(၁) မစားရင် အဆာခံပါ

မနက်တိုင်း ထော်ဘီအိပ်ရာထလာတာနဲ့ စူစန်က မနက်စာကို
စားပွဲပေါ်တင်ပေးခဲ့ပြီး သူ့အလုပ်ကို သူဆက်လုပ်နေခဲ့တယ်။

ထော်ဘီဟာ ကိုယ်တိုင် ကုလားထိုင်ပေါ်တက်၊ ကိုယ်တိုင်နွားနို့သောက်၊
ကိုယ်တိုင်ပေါင်မုန့်တွေ စားနေခဲ့တယ်။ စားပြီးတဲ့နောက်
ကိုယ့်အခန်းထဲဝင်ပြီး အဝတ်ဘီရိုထဲကနေ အဝတ်အစား၊ ဖိနပ်တွေကို
ကိုယ်တိုင်ဝတ်ဆင်ခဲ့တယ်။

(၃)နှစ်ပဲရှိတဲ့ ထော်ဘီလေးဟာ ခြေအိတ်ရဲ့အရှေ့အနောက်၊ ဘယ်ဖိနပ်၊
ညာဖိနပ်ကို ခွဲတတ်သေးသူ မဟုတ်ပါဘူး။ တစ်ခါက ထော်ဘီဟာ ဘောင်းဘီကို
ရှေ့နဲ့နောက် ပြောင်းပြန်ဝတ်ထားခဲ့တယ်။ ဒါကို ကျွန်မက လဲပေးဖို့ပြင်တော့
စူစန်က ကျွန်မကိုတားတယ်။ တကယ်လို့ ဝတ်ရတာ သက်တောင့်သက်သာ မရှိဘူးဆိုရင်
သူ့ဘာသာသူ ချွတ်ပြီးပြန်လဲလိုက်မယ်လို့ ဆိုပါတယ်။ တကယ်လို့ သူနေရ
သက်တောင့်သက်သာရှိတယ်ဆိုရင်
ဒီအတိုင်းထားလိုက်ပါလို့ စူစန်ကပြောပါတယ်။

အဲဒီနေ့က ထော်ဘီတစ်ယောက် ဘောင်းဘီရှေ့နောက် ပြောင်းပြန်ဝတ်ပြီး
ပြေးလွှားဆော့ကစားနေခဲ့တယ်။ ဒါကိုစူစန်က ဘာမှမမြင်ခဲ့သလို ဘာသိဘာသာ
နေခဲ့ပါတယ်။

တစ်ခါက ထော်ဘီတစ်ယောက် ဘေးအိမ်က ကလေးတွေနဲ့ဆော့ကစားနေခဲ့တယ်။
တအောင့်ကြာတော့ မောမောပန်းပန်းနဲ့ အိမ်ကို အပြေးပြန်လာပြီး
"မေမေ...မေမေ.. လူစီကပြောတယ်။ သားဘောင်းဘီ
ရှေ့နောက်ပြောင်းပြန်ဖြစ်နေတယ်
တဲ့။ တကယ်လားဟင်!" လူစီဆိုတာ ဘေးအိမ်က
အသက်(၅)နှစ်အရွယ် ကောင်မလေးပါ။

သားအမေးကို စူစန်ကရယ်ပြီး "ဟုတ်တာပေါ့သား... သားပြန်လဲမယ်မဟုတ်လား!"
လို့ပြောတော့ ထော်ဘီခေါင်းညိတ်ပြတယ်။ ပြီးတော့ ဘောင်းဘီချွတ်ပြီး
သေချာကြည့်တယ်။ ပြန်ဝတ်တယ်။ အဲဒီနောက်ပိုင်း ထော်ဘီ ဘယ်တော့မှ
ဘောင်းဘီကိုပြောင်းပြန် မဝတ်ခဲ့မိတော့ဘူး။

ဒီအဖြစ်ကိုကြည့်ပြီး မြေးမလေးကို ကျွန်မသတိရလိုက်မိတယ်။ မြေးမလေးဟာ
အသက်(၅)နှစ်(၆)နှစ်ထိ ဇွန်းမကိုင်တတ်ခဲ့သေးဘူး။ ဖိနပ်ကြိုး
မချည်တတ်ခဲ့ဘူး။ ဒီကနေ့မှာ အလယ်တန်းတက်နေတဲ့အထိ ကျောင်းဆောင်ကနေ
အိမ်ကိုပြန်လာတိုင်း လျှော်စရာအဝတ်တွေ သယ်ပြန်လာတတ်သေးတယ်။

တစ်နေ့ နေ့လယ်မှာ ထော်ဘီတစ်ယောက် စိတ်ကောက်ပြီး ထမင်းမစားတော့ဘူး။
စူစူန်တစ်ခွန်းနှစ်ခွန်းပြောလိုက်တာကို စိတ်တိုပြီး ထမင်းပန်းကန်ကို
မှောက်ပစ်လိုက်တယ်။ ပန်းကန်ထဲကအစာတွေ ကြမ်းပြင်ပေါ် ပြန့်ကျဲသွားခဲ့တယ်။

စူစန်က ထော်ဘီကိုကြည့်ပြီး သေချာပြောတယ်။

"ကြည့်ရတာ သား တကယ်ထမင်းစားချင်ပုံမရဘူး။ မှတ်ထား... အခုချိန်ကစပြီး
မနက်ဖြန်မနက်အထိ သားဘာမှ မစားရဘူး။ သိလား"

ထော်ဘီခေါင်းညိတ်ပြီး ခိုင်ခိုင်မာမာနဲ့ ပြန်ဖြေတယ်။

"ဟုတ်ကဲ့..."

သားအမိနှစ်ယောက်ရဲ့အဖြစ်ကို ကြည့်ပြီး ကျွန်မစိတ်ထဲရယ်နေမိတယ်။

ညနေရောက်တော့ ညနေစာအတွက် စူစန်နဲ့ကျွန်မ တိုင်ပင်နေခဲ့တယ်။ ညနေစာကို
တရုတ်အစားအစာပြင်ဆင်ဖို့ စူစန်ကပြောတယ်။ ထော်ဘီတရုတ်အစားအစာ
သိပ်ကြိုက်မှန်း ကျွန်မချက်ချင်း သတိရလိုက်တယ်။ ကြည့်ရတာ
နေ့လယ်စာသေချာမစားခဲ့တဲ့ ထော်ဘီကို ညနေမှာ စူစန်ပိုစားစေချင်ခဲ့ပုံ ရတယ်။

အဲဒီနေ့ ညနေစာကို ထော်ဘီအကြိုက် ကျွန်မချက်ပြုတ်ခဲ့တယ်။ အီတလီခေါက်ဆွဲနဲ့
တရုတ်စတိုင်လ် ချက်ခဲ့တယ်။ ဒါဟာ ထော်ဘီအကြိုက်ဆုံးပါ။ ကလေးဆိုပေမယ့်
ပန်းကန်ပြားတစ်ချပ်အပြည့် သူစားနိုင်ပါတယ်။

ညနေစာ စစားတော့ ထော်ဘီတစ်ယောက် အားရဝမ်းသာ ကုလားထိုင်ပေါ် တက်ထိုင်တယ်။
ဒါကို စူစန်က သူ့ရဲ့ပန်းကန်နဲ့ ခက်ရင်းတွေကိုသိမ်းပြီး "ဒီနေ့
သားထမင်းမစားဘူးလို့ မေမေတို့ ပြောထားကြတယ်မဟုတ်လား? သားလည်း
ဝန်ခံဂတိပြုထားတယ်လေ" လို့ပြောတယ်။

လေးလေးနက်နက်ပြောနေတဲ့ မေမေ့မျက်နှာကြောင့် ထော်ဘီ ဝါးခနဲထငိုတယ်။
ငိုနေရင်းက "မေမေ... သားဆာလို့ပါ.. သားဗိုက်ဆာလို့ပါ" လို့ပြောတယ်။

"ဝန်ခံခဲ့တဲ့ ဂတိအတိုင်း လိုက်နာရမယ်လေ" စူစန်ကလည်း နည်းနည်းမှ စိတ်မပျော့ခဲ့ဘူး။

မြေးအဖြစ်ကိုကြည့်ပြီး ကျွန်မစိတ်မကောင်းဖြစ်မိတယ်။ ထော်ဘီအတွက်
အသနားခံဖို့ပြင်တော့ သားက မျက်ရိပ်မျက်ခြေပြတယ်။ ကျွန်မအမေရိကားရောက်စက
သားပြောခဲ့တဲ့စကားကို ကျွန်မ သတိရလိုက်မိတယ်။ အမေရိကားမှာ မိဘတွေ
သားသမီးကို သွန်သင်ဆုံးမနေချိန်မှာ တခြားသူတွေ လုံးဝ
ဝင်မပါရဘူးလို့ဆိုတယ်။ လူကြီးပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ဝင်မပါရပါဘူးတဲ့။
အဲဒီလိုနဲ့ ကျွန်မလည်း အကူအညီမဲ့စွာ ခပ်ဆိတ်ဆိတ်ပဲ နေခဲ့တော့တယ်။

အဲဒီနေ့ ညစာစားပြီးချိန်ထိ သနားစရာ ထော်ဘီတစ်ယောက် ကစားစရာကားလေးထဲမှာ
ထိုင်ပြီး လူကြီးတွေ အားရပါးရစားတာကို ပါးစပ်အဟသားနဲ့ ကြည့်နေခဲ့တယ်။
ကျွန်မကို တရုတ်အစားအစာ ချက်ခိုင်းခဲ့တဲ့ စူစန်ရဲ့ ဦးတည်ချက်ကို
ကျွန်မနားလည်လိုက်ပါတယ်။

နောင်တစ်ချိန်မှာ ထော်ဘီတစ်ယောက် စိတ်တိုပြီး
ထမင်းပန်းကန်လွင့်ပစ်ဖို့ကြံတိုင်း ဖေဖေမေမေ ဘွားဘွားတို့စားတာကို
ဗိုက်အဟောင်းသားနဲ့ ထိုင်ကြည့်ခဲ့ရတဲ့အဖြစ်ကို သူသတိရမိလိမ့်မယ်လို့
ကျွန်မယုံကြည်မိတယ်။ ဆာတဲ့အရသာဟာ ခံရခက်ကြောင်းနဲ့ သူကြိုက်တဲ့အစားအစာတွေ
မစားရတာဟာ ပိုခံရခက်ကြောင်း ထော်ဘီနားလည်သွားပါလိမ့်မယ်။

မအိပ်ခင် ထော်ဘီကို ကျွန်မနဲ့စူစန်တို့ ဂွတ်နှိုက်သွားနှုတ်ဆက်ခဲ့ကြတယ်။

အဲဒီမှာ ထော်ဘီက သတိလေးနဲ့ "မေမေ... သားအရမ်းဆာနေတယ်။ သား
ခေါက်ဆွဲစားလို့ ရနိုင်မလား?" လို့ မေးတယ်။ စူစန်က ခပ်ပြုံးပြုံးလေးနဲ့
ခေါင်းခါပြပြီး

"မရဘူး သား..."

"ဒီလိုဆိုရင် သားအိပ်ပြီး နိုးလာတဲ့အချိန် စားလို့ရလား?"

"ရတာပေါ့..." နူးနူးညံ့ညံ့ပြန်ဖြေတဲ့ စူစန်ရဲ့အဖြေကြောင့်
ထော်ဘီဝမ်းသာသွားခဲ့တယ်။ အစာအရပ်ခံလိုက်လို့ ခံစားရတဲ့ဝေဒနာမျိုး
ထော်ဘီနောက်ထပ် ခံရဲတော့မယ် မထင်ပါဘူး။

အဲဒီနောက်ပိုင်း ပါးစပ်ဘေးမှာ အစာတွေကပ်ပြီး ထမင်းကို
မြိန်ရည်ယှက်ရည်စားနေတဲ့ ထော်ဘီကိုကြည့်ရင်း မြေးမလေးကို ကျွန်မ
သတိရမိတတ်တယ်။

မြေးမလေး ထော်ဘီအရွယ်တုန်းက ထမင်းစားတိုင်း ချော့မော့ရတယ်။ လူကြီးတွေက
ထမင်းပန်းကန်ကိုကိုင်ပြီး သူ့နောက်လိုက်ပြေးရတယ်။ ဒါတောင် သူက
ဈေးဆစ်သေးတယ်။ ဒီထမင်းစားပြီးရင် ကစားစရာအရုပ်တစ်ရုပ် ဝယ်ပေးရမယ်။
နောက်ထပ်ထမင်းစားရင် နောက်ထပ် အရုပ်တစ်ရုပ်ဝယ်ပေးရမယ်လို့ ဆိုပါတယ်။

(၂) သူတစ်ပါးကို နာအောင်လုပ်ပြီးရင် ပြန်လျော်ရတယ်

တစ်နေ့မှာ ထော်ဘီကိုခေါ်ပြီး ကျွန်မတို့ ပန်းခြံထဲရောက်ခဲ့ကြတယ်။
သိပ်မကြာပါဘူး.. ထော်ဘီတစ်ယောက် တခြားကောင်မလေးနှစ်ယောက်နဲ့
သူငယ်ချင်းဖြစ်သွားပြီး အတူဆော့ကစားနေကြတယ်။ ပလတ်စတစ်နဲ့လုပ်ထားတဲ့
အိုးတွေ၊ ခွက်တွေ၊ ပန်းကန်တွေက မြက်ခင်းပြင်တစ်ခုလုံးမှာ
ခင်းကျင်းထားတယ်။

ရုတ်တရက် ထော်ဘီတစ်ယောက် အိုးတစ်လုံးယူပြီး
ကောင်မလေးတစ်ယောက်ရဲ့ခေါင်းကို ခေါက်ထည့်လိုက်တယ်။ စစချင်းမှာ
ထင်မှတ်မထားတဲ့အဖြစ်ကြောင့် ကောင်မလေးကြောင်သွားတယ်။ အဲဒီနောက်
အသံကုန်အော်ငိုတော့တယ်။ အငယ်တစ်ယောက်ငိုတော့ အကြီးတစ်ယောက်ကလည်း
လန့်ပြီးထငိုတော့တယ်။ ဒီလောက်ထိ ကြီးကျယ်သွားမယ်မှန်း မထင်ခဲ့တဲ့
ထော်ဘီဟာ ဘေးမှာရပ်ပြီး ကောင်မလေးတွေငိုတာကို ကြောင်ကြည့်နေခဲ့တယ်။

အခင်းဖြစ်ရာကို စူစန်ရောက်သွားခဲ့တယ်။ အကျိုးအကြောင်းကို
ခန့်မှန်းမိတဲ့စူစန်ဟာ စကားတစ်ခွန်းမှမပြောဘဲ အိုးယူပြီး ထော်ဘီခေါင်းကို
အားနဲ့ခေါက်ထည့်လိုက်တယ်။ ထော်ဘီ ကာကွယ်ချိန်မရလိုက်ဘူး။ မြက်ခင်းပြင်ပေါ်
ဖင်ထိုင်လဲကျသွားပြီး တဝါးဝါးနဲ့ အော်ငိုတော့တယ်။ ဒါကို စူစန်က "နာလား!
နောက်တစ်ခါ ထပ်လုပ်ရဲသေးလား?" လို့ မေးတယ်။ ထော်ဘီ ငိုရင်း
ခေါင်းခါပြတယ်။ နောက်တစ်ကြိမ် သူလုပ်ရဲတော့မှာ မဟုတ်မှန်း ကျွန်မ
ယုံကြည်မိပါတယ်။

ထော်ဘီရဲ့ဦးလေးက ထော်ဘီကို အပြာနုရောင်စက်ဘီးလေးတစ်စီး
လက်ဆောင်ပေးခဲ့တယ်။ အဲဒီစက်ဘီးကို ထော်ဘီအရမ်းနှစ်သက်ခဲ့ပြီး တခြားလူတွေ
အထိမခံခဲ့ပါဘူး။ ဘေးအိမ်က သူငယ်ချင်းဖြစ်တဲ့ လူစီဟာ စက်ဘီးလေးခဏစီးရဖို့
ထော်ဘီကို အကြိမ်ကြိမ်တောင်းဆိုခဲ့တယ်။ ဒါကို ထော်ဘီ လက်မခံခဲ့ဘူး။

တစ်ခါမှာ သူငယ်ချင်းတချို့နဲ့ ထော်ဘီကစားနေခဲ့တယ်။ လူစီဟာ
ထော်ဘီသတိမထားမိချိန်မှာ စက်ဘီးလေးကို တိတ်တိတ်စီးထွက်သွားတော့တယ်။ ဒါကို
ထော်ဘီတွေ့တော့ ဒေါသတကြီးနဲ့ စူစန်ဆီအပြေးလာပြီး တိုင်ပါတော့တယ်။

ကော်ဖီသောက်ရင်း ကလေးမိဘတွေနဲ့ စကားပြောနေခဲ့တဲ့စူစန်က
ထော်ဘီကိုပြုံးပြပြီး "သားတို့ကိစ္စ သားတို့ရှင်းနော်။ မေမေနဲ့ မဆိုင်ဘူး"
လို့ ပြောလိုက်တယ်။ ထော်ဘီတစ်ယောက် ခေါင်းငိုက်စိုက်နဲ့ စူစန်ဘေးကနေ
ထွက်သွားခဲ့တယ်။

တအောင့်အကြာမှာ လူစီစက်ဘီးလေးစီးပြီး ပြန်လာတယ်။ လူစီကိုတွေ့တာနဲ့
ထော်ဘီဟာ လူစီကိုပြေးတွန်းပစ်ပြီး စက်ဘီးကိုပြန်လုလိုက်တယ်။
မြေပေါ်ထိုင်ပြီး လူစီအော်ငိုတော့တယ်။ ဒါကိုတွေ့တော့ စူစန်က
လူစီကိုအပြေးပွေ့ပြီး ချော့မော့လိုက်တယ်။ သိပ်မကြာပါဘူး... လူစီတစ်ယောက်
တခြားကလေးတွေနဲ့ ပျော်ပျော်ပါးပါး ကစားနေတော့တယ်။

ထော်ဘီဟာ စက်ဘီးစီးရင်းစီးရင်း ပျင်းလာပုံရတယ်။ တခြားကလေးတွေ
ပျော်ပျော်ပါးပါး ကစားနေတာတွေ့တော့ သူလည်း ပါချင်လာခဲ့တယ်။ ဒါပေမယ့်
ခုနားက လူစီကိုတွန်းထားတဲ့စိတ်က မနေသာခဲ့ပြန်ဘူး။ စူစန်ဆီလာပြီး
စူပုပ်ပုပ်လေးနဲ့ "မေမေ...သားလည်း လူစီတို့နဲ့ ကစားချင်တယ်" လို့ဆိုတယ်။

"ကစားချင်ရင် သူတို့ကို သွားရှာလေ..."

"မေမေပါ လိုက်ခဲ့ပေးပါ..." ထော်ဘီက တောင်းတောင်းပန်ပန်နဲ့ဆိုတယ်။

"မရဘူး... ခုနားက လူစီကိုငိုအောင် သားလုပ်ခဲ့တယ်။ ခုတော့ သူတို့နဲ့
သားကစားချင်ပြန်တယ်။ ဒါကို သားကိုယ်တိုင် သွားဖြေရှင်းမှရမယ်"

ထော်ဘီတစ်ယောက် စက်ဘီးလေးစီးပြီး လူစီတို့အနား တဖြေးဖြေးချည်းကပ်သွားတယ်။
လူစီနားရောက်ခါးနီး စက်ဘီးကို နောက်ပြန်လှည့်ပြန်တယ်။ အဲဒီလို
အကြိမ်ကြိမ်လုပ်တာ ဘယ်လောက်ကြာသွားမှန်း မသိပါဘူး... ထော်ဘီနဲ့လူစီ
ပြုံးပြုံးရယ်ရယ်နဲ့ ဆော့ကစားနေတာကို တွေ့လိုက်ပြန်ပါတယ်။

(၃) သားသမီးတွေကို သွန်သင်ဆုံးမတာ မိဘတွေရဲ့အလုပ်

စူစန်ရဲ့မိဘတွေက ကယ်ရီဖိုးနီးယားမှာ နေပါတယ်။ ကျွန်မရောက်လာသံကြားတော့
နှစ်ယောက်သား ကားမောင်းပြီး ကျွန်မဆီ အလည်လာကြတယ်။ အိမ်ကို
ဧည့်သည်တွေလာတော့ ထော်ဘီတစ်ယောက် မြူးတူးခုန်ပေါက်နေတော့တယ်။

ထော်ဘီဟာ သဲထည့်တဲ့ ပုံးငယ်လေးထဲ ရေအပြည့်ထည့်ပြီး တစ်အိမ်လုံး
ပြေးလွှားဆော့ကစားနေခဲ့တယ်။ ကြမ်းပြင်ပေါ် ရေမဖိတ်မိစေဖို့ စူစန်အထပ်ထပ်
သတိပေးခဲ့ပေမယ့် ထော်ဘီ ဂရုမစိုက်ခဲ့ဘူး။

နောက်ဆုံးတော့ ရေတွေဖိတ်ပြီး ကြမ်းပြင်စိုရွဲသွားရုံမက ထော်ဘီဟာ
အမှားလုပ်လိုက်မိမှန်း မသိဘဲ ဘောင်းဘီတွေ ရွဲရွဲစိုတဲ့အထိ
ရေတွေကိုခြေထောက်နဲ့ နင်းဆော့ကစားနေခဲ့တယ်။

ကြမ်းတိုက်အဝတ်ယူပြီး ကြမ်းတိုက်ဖို့ ကျွန်မအမြန်ပြင်တော့ စူစန်က
ကြမ်းတိုက်တံကို ကျွန်မလက်ထဲကလုပြီး ထော်ဘီကို ကမ်းပေးလိုက်တယ်။

"ထော်ဘီ... ကြမ်းကို ခြောက်အောင်တိုက်လိုက်။ ပြီးတော့ အဝတ်စိုတွေကို
ချွတ်ပြီး ကိုယ်တိုင်လျှော်လိုက်ပါ"

စူစန်အပြောကို ထော်ဘီမနာခံဘဲ အော်လိုက် ငိုလိုက်လုပ်နေခဲ့တယ်။ စူစန်ဟာ
စကားတစ်ခွန်းမှ မပြောဘဲ ထော်ဘီကိုဆွဲပြီး စတိုခန်းထဲထည့်
သော့ခတ်ထားလိုက်တော့တယ်။ အကြောက်အလန့်အော်ငိုနေတဲ့ ထော်ဘီအသံကိုကြားတော့
ကျွန်မစိတ်တွေ နာကျင်ခဲ့မိတယ်။ စတိုခန်းထဲကနေ သူ့ကို
ခေါ်ထုတ်ချင်ခဲ့မိတယ်။ ဒါကို စူစန်မိခင်က "ဒါ စူစန်ရဲ့ကိစ္စ" ဆိုပြီး
ကျွန်မကိုတားခဲ့တယ်။

တအောင့်နေတော့ ထော်ဘီ့ဆီက ငိုသံမကြားရတော့ဘူး။ စတိုခန်းထဲကနေ "မေမေ...
သားမှားပြီ" လို့ သူဆိုတယ်။

စတိုခန်းအပြင်ဘက်ကရပ်ပြီး စူစန်က "ဒီလိုဆိုရင် ဘာလုပ်ရမလဲဆိုတာ
သားသိတယ်နော်" လို့မေးတယ်။

"သိပါတယ်"လို့ ထော်ဘီဆီက ဖြေသံကြားမှ တံခါးကို စူစန်ဖွင့်လိုက်တယ်။
စတိုခန်းထဲကနေ ထွက်လာတဲ့ ထော်ဘီ့မျက်နှာပေါ်မှာ
မျက်ရည်စီးကြောင်းနှစ်ခုကို တွေ့လိုက်တယ်။ သူ့ထက်နှစ်ဆမြင့်တဲ့
ကြမ်းတိုက်တံကို မနိုင်မနင်းကိုင်ရင် ထော်ဘီကြမ်းတိုက်နေခဲ့တယ်။
အဲဒီနောက် ဘောင်းဘီချွတ်ပြီး ရေချိုးခန်းထဲဝင်ပြီး လျှော်ဖွတ်နေခဲ့ပါတယ်။

တအံ့တသြဖြစ်နေတဲ့ ကျွန်မကိုကြည့်ပြီး စူစန်မိဘတွေက ရယ်ပါတယ်။ ဒီလိုအဖြစ်က
ကျွန်မရင်ထဲ နက်နက်နဲနဲ ဝင်ရောက်ခဲ့ပါတယ်။ ကျွန်မတို့ အရှေ့တိုင်းက
မိသားစုအများဟာ သားသမီးတွေကို သွန်သင်ဆုံးမချိန်မှာ "ကမ္ဘာစစ်ဖြစ်အောင်"
ဖန်တီးနေခဲ့သလိုပါပဲ။ ကလေးကို ဆိုဆုံးမချိန်မှာ အမေဘက်က အဘိုးအဘွားက
တားလိုက်၊ အဖေဘက်က အဘိုးအဘွားက ကာကွယ်ပေးလိုက်၊ လင်မယားချင်း
ရန်ဖြစ်လိုက်နဲ့ ဆူညံ့ဗွက်လောရိုက်နေတတ်ပါတယ်။

အဲဒီနောက် စူစန်မိဘတွေနဲ့ စကားပြောဆိုကြရင်း ကလေးတွေကို
ဆိုဆုံးမတဲ့အကြောင်းတွေ ပြောဖြစ်ခဲ့ကြတယ်။ စူစန်မိဘပြောခဲ့တဲ့
စကားတချို့က ကျွန်မရင်ထဲ နက်နက်ရှိုင်းရှိုင်း တိုးဝင်စေခဲ့ပါတယ်။

"ကလေးကို မိဘတွေကပိုင်တယ်။ ဒါကြောင့် ကလေးကို သွန်သင်ဆုံးမတဲ့ မိဘတွေရဲ့
သွန်သင်ဆုံးမမှုကို ကျွန်မတို့လေးစားရမယ်။ ကလေးက ငယ်တယ်ဆိုပေမယ့်
ပါးနပ်ကြတယ်။ သူ့ကိုသွန်သင်တဲ့ မိဘတွေ စိတ်ဝမ်းကွဲတာ၊ အမြင်မတူတာတွေ့ရင်
သူ့အတွက် လွတ်ပေါက်၊ ကယ်ပေါက်ဖြစ်သွားမယ်ဆိုတာကို သူသိတယ်။ ဒါဟာ
သူရဲ့အပြုအမှု တိုးတက်ကောင်းမွန်ဖို့ အကျိုးမရှိစေတဲ့အပြင် သွန်သင်ဆုံးမလေ
ရှုပ်လေဖြစ်ပြီး ပြဿနာတွေ ပိုကြီးလာတတ်တယ်။ မိသားစုအချင်းချင်း
စိတ်ဝမ်းကွဲတာတွေ၊ ငြင်းခုန်တာတွေဖြစ်ပြီး ကလေးကို
ပိုမလုံခြုံစေဖြစ်တတ်တယ်။ ကလေးငယ်ရဲ့ စိတ်ဓာတ်ဖွံ့ဖြိုးမှုကို
ဆိုးကျိုးသက်ရောက်စေပါတယ်"

"ဒါကြောင့် အဘိုးအဘွားပဲဖြစ်ဖြစ်၊ မိဘတွေပဲဖြစ်ဖြစ် ကလေးတွေကို
ဆိုဆုံးမရာမှာ စိတ်ဝမ်းကွဲတာတို့၊ မိဘချင်း သွန်သင်ဆုံးမပုံ
ကွဲပြားတာတို့ဟာ ကလေးရှေ့မှာ မငြင်းခုန်သင့်ဘူး။ မဖြစ်သင့်ဘူး"

စူစန်ရဲ့မိဘတွေ အိမ်မှာတစ်ပတ်ကြာနေပြီး ကယ်ရီဖိုးနီးယားကို
ပြန်ဖို့ပြင်ဆင်ခဲ့တယ်။ မပြန်ခင်နှစ်ရက်မှာ စူစန်အဖေ့က စူစန်ကို
လေးလေးနက်နက်နဲ့ "သမီး.. ထော်ဘီက ကစားစရာမြေကော်စက်လေး လိုချင်သတဲ့။ ဖေဖေ
ဝယ်ပေးလို့ရမလား?" လို့မေးတယ်။

ဒါကို စူစန်က စဉ်းစားပြီး "ဖေဖေတို့ ဒီတစ်ခေါက်လာတာ သူ့ကို
နှင်းစီးဖိနပ်တစ်ရံ လက်ဆောင်ပေးခဲ့တယ် မဟုတ်လား? ခရစ္စမတ်ရောက်ခါနီးမှပဲ
မြေကော်စက်လေး ဝယ်ပြီး လက်ဆောင်ပေးလိုက်ပေါ့" လို့ဆိုတယ်။

အဲဒီနောက် ထော်ဘီကို သူ့အဘိုးဘာပြောလိုက်သလဲ ကျွန်မ မသိပါဘူး။ ထော်ဘီကို
ကျွန်မ မောလ်(mall)ခေါ်သွားတိုင်း ထော်ဘီဟာ မြေကော်စက်ရုပ်လေးကို
လက်ညှိုးထိုးပြီး "ဘိုးဘိုးကပြောတယ်။ ခရစ္စမတ်ရောက်ရင် သားကို
မြေကော်စက်လေး လက်ဆောင်ပေးမယ်တဲ့"လို့ ဝမ်းသာအားရ ပြောတတ်ပါတယ်။

စူစန်ဟာ ထော်ဘီ့အပေါ်မှာ စည်းကမ်းတင်းကျပ်တယ်ဆိုပေမယ့် ထော်ဘီဟာ
သူ့မေမေကို အရမ်းချစ်ခဲ့တယ်။ အပြင်ထွက်ကစားတိုင်း ပန်းပွင့်လေးတွေ
ဒါမှမဟုတ် လှတယ်လို့သူထင်တဲ့ သစ်ရွက်လေးတွေကို ခူးပြီး တလေးတစားနဲ့
စူစန်ကို သူလက်ဆောင်ပေးတတ်တယ်။ တခြားလူတွေဆီက လက်ဆောင်ရရင်လည်း စူစန်ကို
သူနဲ့အတူ ဖောက်ကြည့်ဖို့ခေါ်တတ်တယ်။ စားလို့ကောင်းတဲ့အရာကို စူစန်အတွက်
သူတစ်ဝက်ချန်ထားတတ်တယ်။

အရှေ့တိုင်းက သားသမီးတချို့ မိဘအပေါ် အေးစက်၊ လျစ်လျူရှူတတ်တာကို
ကြည့်ပြီး အမေရိကားက အင်္ဂလိပ်ချွေးမကို ကျွန်မ မချီးကျိုးဘဲ
မနေနိုင်ခဲ့ပါဘူး။ ကလေးတွေကို သွန်သင်ဆုံးမရာမှာ၊ ဖြေရှင်းရမှာ
အမေရိကားမိခင်တွေဆီကနေ ကျွန်မတို့ သင်ယူလေ့လာဖို့ အများကြီးရှိသေးကြောင်း
ကျွန်မကောက်ချက်ချမိပါတယ်။