အာရှဖလား ဖိုင်နယ် တက်ရောက် သွားသည့် သြစတြေးလျနှင့် ဂျပန

4:17 AM Posted In Edit This 0 Comments »
၂၀၁၁ အာရှဖလား ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်များအား ယမန်နေ့က ယှဉ်ပြိုင် ကစားခဲ့ရာ သြစတြေးလျနှင့် ဂျပန်တို့ ဖိုင်နယ်သို့ တက်ရောက် သွားခဲ့ကြောင်း သိရသည်။



သြစတြေးလျ အသင်းသည် ပြိုင်ဘက် ဥဇဘက် ကစ္စတန် အသင်းအား ၆ဂိုးပြတ် ပြတ်ပြတ်သားသား အနိုင်ရရှိကာ ဖိုင်နယ် တက်ရောက်ခဲ့ခြင်း ဖြစ်သော်လည်း ဂျပန် အသင်းမှာ တောင်ကိုရီးယား အသင်းအား အချိန်ပို ကစားအပြီး ၂ဂိုးစီ သရေကျကာ ပင်နယ်တီ ဆုံးဖြတ်ချက်ဖြင့် အနိုင်ရရှိ ခဲ့ခြင်း ဖြစ်သည်။

သြစတြေးလျ အသင်းသည် ကီးဝဲလ်၏ ၅မိနစ် အဖွင့်ဂိုးဖြင့် ဦးဆောင် နိုင်ခဲ့ပြီး ၃၅မိနစ်တွင် အွန်နန်နိုစကီးက ဒုတိယဂိုး သွင်းပေးခဲ့ရာ ပထမပိုင်းတွင် ၂ဂိုးပြတ် အနိုင်ရ နေခဲ့သည်။ ထို့နောက် ၆၆မိနစ်တွင် ကာနေးက တတိယဂိုး သွင်းပေးခဲ့ပြီး ၆၇မိနစ်တွင် ဥဇဘက် ကစားသမား ဘာကိဗ် နှစ်ဝါတစ်နီဖြင့် ထုတ်ပယ် ခံခဲ့ရသည်။ ထို့နောက်တွင် သြစတြေးလျ အသင်းက တစ်ယောက် အသာဖြင့် ဆက်လက် ဖိကစားခဲ့ကာ ၇၅မိနစ်တွင် အီမာတန်၊ ၈၂မိနစ်တွင် ဗယ်လာရီ၊ ၈၃တွင် ခရူဆေး တို့က အသီးသီး အနိုင်ဂိုးများ သွင်းယူကာ ၆ဂိုးပြတ် အနိုင်ရခဲ့သည်။

ဂျပန်နှင့် တောင်ကိုရီးယားတို့ ပွဲတွင်မူ ၂၃မိနစ်တွင် တောင်ကိုရီးယား အသင်းက ပင်နယ်တီမှ တဆင့် ဦးဆောင်ဂိုး စတင် ရရှိခဲ့ကာ ပထမပိုင်း ၃၆မိနစ်တွင် ဂျပန် အသင်းက မီဒါက ချေပဂိုး သွင်းခဲ့သည်။ ထို့ကြောင့် မိနစ် ၉၀ပြည့် ၁ဂိုးစီ သရေ ဖြစ်နေခဲ့ပြီး အချိန်ပို ဆက်လက် ကစားခဲ့ရာ ၉၇မိနစ်တွင် ဟိုဆိုဂါက ဂျပန် အတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့သည်။ ထို့နောက် အချိန်ပို ဒုတိယပိုင်း ကုန်ဆုံးချိန် အထိ ဂျပန် အသင်းက အနိုင်ရရန် နီးစပ်ချိန်တွင် မိနစ် ၁၂၀၌ လီက တောင်ကိုရီးယား အတွက် ချေပဂိုး သွင်းယူပေးခဲ့ရာ အချိန်ပို ကစားအပြီး ၂ဂိုးစီ သရေ ဖြစ်ခဲ့သည်။ ပင်နယ်တီတွင် ဂျပန် ဂိုးသမား ကာဝါရှီမာက လက်စွမ်းပြကာ ဂျပန် အသင်းအား ဖိုင်နယ် တက်ရောက် စေခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် သြစတြေးလျနှင့် ဂျပန်တို့သည် လာမည့် ဇန်န၀ါရီ ၂၉ရက်နေ့တွင် ဖိုင်နယ်ပွဲ အဖြစ် ဆက်လက် ယှဉ်ပြိုင် ကစားရမည် ဖြစ်ကာ ဥဇဘက် ကစ္စတန်နှင့် တောင်ကိုရီးယား အသင်းတို့မှာ တတိယ လုပွဲ အဖြစ် ဇန်န၀ါရီ ၂၈ရက်နေ့တွင် ကစားရမည် ဖြစ်သည်။

ကားလင်းဖလားဖိုင်နယ် တက်သည့် အာဆင်နယ်

4:09 AM Posted In Edit This 0 Comments »
အပ်ဆွစ်ခ်ျကို ဒုတိယ အကျော့တွင် ၃-၀ဖြင့် အနိုင်ယူကာ ဖိုင်နယ် တက်သည့် အာဆင်နယ်
ယမန်နေ့ ညက ယှဉ်ပြိုင် ကစားခဲ့သည့် ကားလင်းဖလား ဆီမီးဖိုင်နယ် ဒုတိယ အကျော့ ပွဲစဉ်တွင် အာဆင်နယ် အသင်းက အပ်ဆွစ်ခ်ျ အသင်းအား ၃ဂိုးပြတ် အနိုင်ရရှိခဲ့ကာ ဖိုင်နယ်သို့ တက်လှမ်း နိုင်ခဲ့သည်။



ပထမ အကျော့ ကစားစဉ်က အဝေးကွင်းတွင် ၀-၁ဖြင့် ရှုံးနိမ့် ထားခဲ့ခြင်းကြောင့် အာဆင်နယ် အသင်း အနေဖြင့် အိမ်ကွင်းတွင် မဖြစ်မနေ အနိုင်ရရန် လိုအပ် နေခဲ့ရာ ယခုကဲ့သို့ ၃-၀ဖြင့် ပြတ်ပြတ်သားသား အနိုင်ရခဲ့ သဖြင့် နှစ်ကျော့ပေါင်း ရလဒ် ၃-၁ဖြင့် ဖိုင်နယ်သို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

အာဆင်နယ် အသင်းအတွက် အနိုင်ဂိုး များအား ဒုတိယပိုင်းတွင်မှ ရရှိခဲ့ခြင်း ဖြစ်ကာ ၆၁မိနစ်တွင် ဘန့်တနာက ဘယ်ခြမ်းမှ ၀ီရှိုင်းယား ပေးပို့မှုမှ တဆင့် စတင် သွင်းယူ ပေးခဲ့သည်။ ထို့နောက် ၃မိနစ် အကြာတွင် အာဆင်နယ်တို့ ဒုတိယ ဦးဆောင်ဂိုး ရရှိခဲ့ကာ ကော့စီယယ်နီက ထောင့်ကန်ဘောမှ တဆင့် ခေါင်းတိုက် သွင်းယူ ပေးခဲ့သည်။ ၇၇မိနစ်တွင် အာဆင်နယ် အသင်း အတွက် နောက်ဆုံး အနိုင်ဂိုးအား အသင်းခေါင်းဆောင် ဖာဘရီဂတ်စ်က သွင်းယူ ပေးခဲ့ကာ ၃-၀ဖြင့် အနိုင်ရခဲ့သည်။

မချိုမြိန်လေသော ကြိုးကြာသံစဉ်

2:37 AM Posted In Edit This 0 Comments »
နည်းပြ ဟော့ဆန် ကိုင်တွယ်တဲ့ လီဗာပူး အသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ အိမ်ကွင်း ပရီးမီးယားလိဂ် ပွဲစဉ်မှာ တန်းတက် ဘလက်ပူးလ်ကို ၂း၁ နဲ့ ရှုံးနိမ့်ပြီး နောက်ဆုံး ၇ ပွဲ ကစားပြီးချိန်မှာ အမှတ်ပေး ဇယား အောက်ဆုံး တန်းဆင်းဇုန် အဆင့် ၁၈ ကို ရောက်သွားပြီတဲ့။ နားရှိလို့သာ ကြားရပြီး မြင်လိုက်ရတဲ့ ဒီအဖြစ်အပျက်ကို တော်တော်လေး အံ့သြခဲ့ရပါတယ်။ ဘယ်လို ငြင်းနေပါစေဦး...အခုဆိုရင် ဘလက်ပူးလ်က ချာလီအဒမ် နဲ့ ဗာနေးလ် ဆိုတဲ့ ပလေယာတွေကတော့ အန်းဖီးလ် ကွင်းမှာ လီဗာပူး ပရိသတ်တွေရဲ့ အသည်းကို ဆားနဲ့ပက်ပြီး ခွဲသွားခဲ့ပါပြီ။ သြော်... လီဗာပူး...လီဗာပူး။ ကျွန်တော်တို့ ပရိသတ်တွေရဲ့ အနှစ်ခြိုက်ဆုံး အသင်း ဖြစ်သလို ဥရောပ (ချန်ပီယံလိဂ်) မှာ ရီးရဲလ်၊ ဂျူဗင်တပ် ပြီးရင် အတောက်ပဆုံး စံချိန်တွေနဲ့ လျှမ်းလျှမ်းတောက် ဖြစ်ခဲ့တဲ့ အသင်းကြီးပါ။ အခုတော့ တစ်ခါက ပြိုင်ဘက်တွေ လေးစားခဲ့ရတဲ့ လီဗာပူးဟာ တန်းတက် အသင်းရဲ့ ပမာမခန့် ပြုတာကို အိမ်ကွင်း ပရိသတ်တွေ အကြားမှာ ခံခဲ့ရတဲ့ဘ၀ ရောက်နေပါပြီ။
ကျွန်တော်တို့လို အားပေးသူတွေတောင် ဒီလောက် ကြိတ်မနိုင်ခဲမရ ဖြစ်နေရင် ဘလက်ပူးလ်နဲ့ ပွဲအပြီး လီဗာပူးအသင်းရဲ့ ပရိသတ်တွေနဲ့ တာဝန်ရှိသူတွေလည်း ပွက်လော ရိုက်နေမှာဖြစ်သလို ကြိုးကြာတို့ရဲ့ ဒီရာသီ ပဲ့ကိုင် ဆရာ အသစ်စက်စက်ကြီး နည်းပြ ဟော့ဆန် ဟာလည်း ဒီလို အခြေအနေကြောင့် အခုလောက်ဆို အတော် မျက်နှာ ပူနေမှာ သေချာ ပါတယ်။ ပူလည်း ပူလောက် ပါတယ်လေ...ဘာကြောင့်လဲ ဆိုတော့ သူရောက်လို့မှ မကြာသေးဘူး။ လီဗာပူးဟာ ကားလင်း ဖလားကို အိမ်ကွင်းမှာ အသင်းငယ်လေး နော်တင်ပ်တန် အသင်းကို ပင်နယ်တီနဲ့ ရှုံးနိမ့် ခဲ့မှုကြောင့် ဒီရာသီမှာ ဦးဦးဖျားဖျား လက်လွှတ် ခဲ့ရတာကိုး။ လီဗာပူး အသင်းဟာ မနှစ်က ပရီးမီးယား အမှတ်ပေး ဇယား အဆင့် ၇ ရခဲ့လို့ ဖလား မပြောနဲ့...ချန်ပီယံလိဂ် ၀င်ခွင့်တောင် မရခဲ့ပါဘူး။ အဲဒီတုန်းက ဘင်နီတက်ဇ် ရှိပါ သေးတယ်။ သူဟာ လီဗာပူး အသင်းကို ၆ နှစ်ကြာ ကိုင်တွယ်ခဲ့ပေမယ့် နောက်ဆုံး ၄ နှစ် အတွင်းမှာတော့ အသင်းအတွက် ဘာဆုဖလားမှ မရခဲ့ပါဘူး။ အသင်းပိုင်ရှင် ဖြစ်သူ အမေရိကန် လူမျိုး နိုင်ငံသားတွေ ဖြစ်တဲ့ တွမ်ဟင့်စ် နဲ့ ဂျီလတ်တို့ရဲ့ မမှန်ကန်တဲ့ လုပ်ထုံးလုပ်နည်းတွေကြောင့် လီဗာပူးဟာ ဘဏ္ဍာရေး အဆင်မပြေ ဖြစ်လာပါတယ်။ ဒီလို အဆင်မပြေ ဖြစ်တာကို အသင်းပိုင်ရှင် အမေရိကန်သားတွေက ဖြေရှင်းဖို့ဆိုပြီး ဟိုကနေ ငွေချေး၊ ဒီကနေ ငွေယူနဲ့ လုပ်ခဲ့ကြတာ လီဗာပူး အသင်းဟာ အခုဆိုရင် အကြွေးတွေနဲ့ နင့်နေပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီ သတ်မှတ် ကာလ အတွင်း အကျေ မဆပ်နိုင်ရင် ဒေ၀ါလီ ခံရမယ့် အနေအထားတောင် ဖြစ်သွားနိုင်ပါတယ်။
ဒီရာသီ မတိုင်ခင်မှာ လီဗာပူးကို ကယ်တင်ဖို့ ဟောင်ကောင်သူဌေး ကင်နီဟောင် ရောက်လာပေမယ့် ပိုင်ရှင်ဖြစ်သူ တွမ်ဟင့်တို့က ငြင်းလွှတ် ခဲ့တာကြောင့် အဆင်မပြေ တော့ပါဘူး။ ဒီလိုနဲ့ နောက်ဆုံးမှာ လီဗာပူး အသင်းဟာ မနှစ်က ဖူလ်ဟမ် နဲ့ ယူရိုပါလိဂ် ဖိုင်နယ် ရောက်ခဲ့တဲ့ နည်းပြ ဟော့ဆန်ကို ခန့်အပ် ပြီးတော့ ဂျိုကိုးလ်၊ မီလန်ဂျိုဗစ် စတဲ့ ပလေယာ တွေ ခေါ်ယူခဲ့ပါတယ်။ ဒီလို လုပ်ရပ်တွေကြောင့် ကျွန်တော်တို့ ကတော့ လွန်ခဲ့တဲ့ ၁ နှစ် အတွင်းမှာ အပျက်ပျက်နဲ့ နှာခေါင်းသွေး ထွက်ခဲ့ရတဲ့ လီဗာပူး အဆင်ပြေပြီလို့ တွက်ထားခဲ့ကြပါတယ်။ ဒါပေမယ့် ထင်သလို မဖြစ်ခဲ့ ပါဘူး။ ဒီရာသီ ပရီးမီးယား အဖွင့်ပွဲ အိမ်ကွင်းမှာ လီဗာပူးဟာ အာဆင်နယ်ကို တစ်ဖက် ၁ ဂိုးစီ သရေ ကျခဲ့ပါတယ်။ အဲဒီ တုန်းကတော့ စာရေးသူရဲ့ စိတ်ထဲမှာ အေးလ...သူတို့ အခုလို အစောကြီး ပွဲကျပ် ကစားရတာ ဘယ်အဆင်ပြေပါ့မလဲ ဆိုပြီး ဖြေသိမ့် ခဲ့ရပေမယ့် မန်စီးတီးကို အဝေးကွင်းမှာ ၃းဝ နဲ့ ရှုံးခဲ့တဲ့ ပွဲစဉ်က စလို့ လီဗာပူး အသင်းကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ပွဲစဉ် အထိ ဘယ်လိုမှကို နားလည်လို့ မရတော့တာပါ။ ဒီကြားထဲ ကားလင်း ဖလားကိုပဲ လက်လွှတ် လိုက်ရပြီ ဆိုတော့ ပိုဆိုးပြီပေါ့။
လီဗာပူး အသင်းရဲ့ ဒီလို ရလဒ်တွေဟာ မနှစ်ကတည်းက အသင်း ပြောင်းမယ် တကဲကဲ ဖြစ်နေကြတဲ့ သူတို့ဆီက ပလေယာ ၂ ဦး ဖြစ်တဲ့ ဂျရတ်နဲ့ တောရက်စ် တို့အတွက် ပိုလို့တောင် အသင်း ပြောင်းချင် ကြမှာပါ။ ဒီရာသီ မတိုင်ခင် ဈေးကွက်မှာ လီဗာပူး အသင်းဟာ အဓိက ကွင်းလယ်အဖျက် ပလေယာ မာရှေယာနိုကို ဘာစီလိုနာ အသင်းဆီ ရောင်းပစ်လိုက်တာဟာ မဟာ အမှားပါ။ လီဗာပူး အတွက် နောက်ထပ် ထိုးနှက်ချက်ကတော့ သူတို့ရဲ့ အရင်နှစ်တွေက ဂိုးသွင်းစက်လို ဖြစ်ခဲ့တဲ့ တိုက်စစ်မှူး တောရက်စ်ဟာ ဒီနှစ် ကမ္ဘာ့ဖလား ဖိုင်နယ်မှာ ရခဲ့တဲ့ ဒဏ်ရာ ကစလို့ ယုံကြည်မှုတွေ ပျောက်နေပြီး ကြံ့ခိုင်မှု ကလည်း မပြည့်ဝ တော့တာကြောင့် ဒီရာသီ ပရီးမီးယားလိဂ်မှာ အသင်း အတွက် တစ်ဂိုးပဲ သွင်းနိုင်တဲ့ အခြေအနေမျိုး ရောက်သွား တာပါပဲ။
လီဗာပူး အသင်းဟာ မနှစ်က အမှတ်ပေးဇယား အဆင့် ၇ ရလို့ ဒီနှစ် ရာသီမှာ ကစားခွင့် ရတဲ့ ယူရိုပါလိဂ် အနေအထားကိုတော့ မဆိုးဘူး ဆိုပေမယ့် သေချာပေါက် စိတ်ချယုံကြည်ရတဲ့ အခြေအနေ မဟုတ်သေးပါဘူး။ ဒီရာသီ ပရီးမီးယားလိဂ် ဟာ အခုမှ ၇ ပွဲပဲ ကစားရသေးပြီး ၃၁ ပွဲတိတိ ကျန်ပါ သေးတယ်။ ဒါကြောင့် ဒီလို အချိန်မှာ တန်းဆင်း ဇုန်ထဲ ရောက်နေတဲ့ လီဗာပူးအတွက် လက်ကျန် ပွဲတွေကို ဖြေးဖြေးနဲ့ မှန်မှန် အခြေအနေကာင်းအောင် ကြိုးစားဖို့ လိုသလို လက်ရှိ အချိန်မှာ ဖိအားတွေအောက် ပြားပြား မှောက်နေရတဲ့ လီဗာပူး နည်းပြ ဟော့ဆန် ဟာလည်း အထူး ကြိုးစားဖို့ လိုလာ ပါပြီ။ ဒီလိုမှ မဟုတ်ရင် ဒီရာသီ အတွက် ပထမဆုံး ထုတ်ပယ် ခံရတဲ့ နည်းပြဟာ သူ ဖြစ်သွား နိုင်ပါတယ်။
ဒီရာသီမှာ အခုလို အခြေအနေ ဆိုးနေတဲ့ လီဗာပူး အတွက်တော့ ဒါဟာ လွန်ခဲ့တဲ့ ၅၆ နှစ်အတွင်း ရှားရှားပါးပါး ဖြစ်ရပ် တစ်ခု ဖြစ်ပါတယ်။ အခုဆိုရင် လီဗာပူး အသင်းမှာ နည်းပြ ဟော့ဆန်ကို ယခင် ကစားသမားဟောင်း လက်ရှိ အကြံပေး အရာရှိ ကင်နီဒယ်လ်ဂလစ်ရှ် နဲ့ အစားထိုးမယ် ဆိုတဲ့ သတင်းတွေ သိပ်ကို ပျံ့နှံ့နေပါပြီ။ ပရီးမီးယားလိဂ် အမှတ်ပေး ဇယား အဆင့် ၁၈ မှာ ရှိတဲ့ လီဗာပူး အသင်းရဲ့ အောက်မှာ ဆိုရင်တော့ ၀ုလ်ဖ် နဲ့ ၀က်စ်ဟမ်း ပဲ ရှိပါတော့တယ်။ ဒီနှစ်သင်း ဟာလည်း ရမှတ် ၅ မှတ်စီ ရထားတဲ့ အတွက် ရမှတ် ၆ မှတ် ရထားတဲ့ လီဗာပူး အတွက် ပြေးနိုင်မှ လွတ်မယ် ဆိုတဲ့ ပုံစံ ဖြစ်နေပါပြီ။ ဒါကြောင့် သူတို့အတွက် လက်ကျန် ပရီးမီးယားလိဂ်ပွဲစဉ်တွေဟာ အမှားခံလို့ မရတော့သလို သရေ / အရှုံး နဲ့လည်း မလုံလောက်တော့ပါဘူး။

အောင်မြင်စွာ ကျင်းပခဲ့သော ကမ္ဘာ့ဖလားပိတ်ပွဲ

6:44 AM Posted In Edit This 0 Comments »
အောင်မြင်စွာ ကျင်းပခဲ့သော ကမ္ဘာ့ဖလားပိတ်ပွဲ

၂၀၁၀ ကမ္ဘာ့ဖလား ပိတ်ပွဲ အခမ်းအနား ကို ယမန်နေ့က တောင်အာဖရိက နိုင်ငံ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့ Soccer City ကွင်းတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပ သွားခဲ့သည်။ အဆိုပါ အခမ်းအနား သို့ တောင်အာဖရိက သမ္မတ ဂျာကော့ဘ်ဇူးမား နှင့် ဇင်ဘာဘွေ သမ္မတ ရောဘတ်မူဂါဘီ အပါအ၀င် အာဖရိက ကိုယ်စားပြု တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက် ခဲ့ကြသည်။
ဖီဖာ အဖွဲ့မှ ယမန်နေ့ ပိတ်ပွဲ အခမ်းအနား သို့ တက်ရန် မျှော်လင့်ခဲ့ရသော ယခင် တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင်မန်ဒဲလ်လား မှာ ၎င်း၏ ဇနီးဖြစ်သူ ဂရေကာမာချယ် နှင့်အတူ ကြွရောက် ချီးမြှင့်ခဲ့သည်။ ယခင် တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင်မန်ဒဲလား မှာ ယမန်နေ့ အခမ်းအနား တွင် ပရိသတ် စုစုပေါင်း ၈ သောင်းကျော်ကို ၎င်း၏ ဇနီးဖြစ်သူနှင့်အတူ အမိုးဖွင့်ကားလေး တစ်စီးဖြင့် လိုက်လံ နှုတ်ဆက်ခဲ့သည်။ ထို့နောက် ၂၀၁၀ ကမ္ဘာ့ဖလား ပိတ်ပွဲ အခမ်းအနား စတင်သည့် အထိမ်းအမှတ် အဖြစ် Soccer City ကွင်းအတွင်း လှပသော လျှပ်စစ်မီး ရောင်စုံများ ထွန်းကာ မီးရှူးမီးပန်းများ လှပစွာ ပစ်ဖောက်ခဲ့ကြသည်။
ယင်းနောက် နာမည်ကြီးအဆိုတော် ရှက်ကီရာက တောင်အာဖရိက တူရိယာ တီးဝိုင်းနှင့်အတူ ၂၀၁၀ ကမ္ဘာ့ဖလား တရားဝင် သီချင်းဖြစ်သော Waka Waka (This Time for Africa) ကို အကောင်းဆုံး ဖျော်ဖြေ တင်ဆက်သွားခဲ့သည်။ ယင်းနောက် ပိတ်ပွဲ အခမ်းအနားဖျော်ဖြေရေး အစီအစဉ်များကို ဆက်လက် ကျင်းပသွားခဲ့သည်။ ယမန်နေ့ ပိတ်ပွဲ အခမ်းအနားသို့ ယခင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် အပြင် ဟော်လန်နှင့် စပိန် နိုင်ငံမှ တော်ဝင် မိသားစုဝင်များနှင့် အခြားသော နာမည်ကြီး အနုပညာရှင်များစွာ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းများအရ ပိတ်ပွဲ အခမ်းအနားအပြီး ၂၀၁၀ ကမ္ဘာ့ဖလား ဖိုင်နယ်ပွဲ မစတင်ခင် စပိန်နှင့် ဟော်လန် အသင်းတို့မှ ပရိသတ်များမှာ Soccer City ကွင်း အပြင်ဘက်တွင် အော်ဟစ် ဆူပူနေကြ၍ တာဝန်ကျရဲများက မနည်းပင် ထိန်းယူ ခဲ့ရကြောင်း သိရသည်။




ရေဘ၀ဲကို ယုံတဲ့ ရှာကီယာနှင့် တွေ့ဆုံခြင်း


၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ဖလား ပွဲကြီးမှာ နောက်ဆုံး ဗိုလ်လုပွဲ နေ့သို့ ရောက်ရှိ လာခဲ့ပြီ ဖြစ်သည်။ တစ်လတိတိ ကျင်းပခဲ့သော ယင်း ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးသို့ ကမ္ဘာ့အနှံ့မှ ပရိသတ်ပေါင်း သန်းနှင့် ချီကာ လာရောက် ကြည့်ရှုခဲ့ကြသည်။
ယင်းကမ္ဘာ့ဖလား ပြိုင်ပွဲကြီး၏ ဖွင့်ပွဲတွင် ယခုပြိုင်ပွဲ၏ အထိမ်းအမှတ် သီချင်းဖြစ်သော WaKa WaKa (This Time for Africa) သီချင်းကို မြူးမြူးကြွကြွ လှလှ ပပ သီဆိုပြသွားသူမှာ ကိုလံဘီယာသူ ရှာကီယာပင် ဖြစ်သည်။
ရှာကီယာမှာ နာမည်ကြီး အဆိုတော် တစ်ဦးဖြစ်ပြီး ပုရိသ ပရိသတ်များစွာကို ဖမ်းစားနိုင်ခဲ့သူဖြစ်သည်။ ယနေ့ ပိတ်ပွဲ တွင်လည်း ရှာကီယာမှာ ယင်းသီချင်းဖြင့် သီဆိုဖျော် ဖြေရဦးမည် ဖြစ်သည်။
ရှာကီယာ၏ အခု ကမ္ဘာ့ဖလား ပွဲအပေါ်အမြင်များကို မေးမြန်းထားခဲ့ရာ .....
မေး ကဲ .... ဒီတစ်လ အတွင်း အတွေ့အကြုံလေး ပြောပါဦး ...?
ဖြေ ပြီးခဲ့တဲ့ နှစ်တော်တော်များများ ကာလတွေနဲ့ နှိုင်းယှဉ်လိုက်ရင် ဒီလဟာ ကျွန်မအတွက် အပျော်ရဆုံးလ တစ်လပါပဲ .... ဒီတစ်လလုံး နီးပါး ကျွန်မ တောင်အာဖရိက မြေပေါ်မှာပဲ ရှိနေခဲ့ပါတယ် .... မနက်တိုင်း လမ်းလျှောက်ထွက်တိုင်း၊ ဘောလုံးပွဲကြည့်ဖို့ သွားရတိုင်း .... သတင်းစာထဲက အားကစား စာမျက်နှာတွေကို ဖတ်ရတိုင်း .... စိတ်လှုပ်ရှားစရာ အပြည့်ပါပဲ .... တောင်အာဖရိကသားတွေက ဒီ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးနဲ့ ပတ်သက်ပြီး သိပ်ဂုဏ်ယူနေကြသလို ပျော်လည်း သိပ်ပျော်တတ်ကြသူတွေပါ .... ကျွန်မ ဒီရောက်တဲ့နေ့ကတည်းက ချစ်ခြင်းမေတ္တာနဲ့ ပျော်ရွှင်စရာတွေကို တစ်နေ့ထက် တစ်နေ့ ပိုပိုပြီး ခံစားလာမိပါတယ် .... ပြောရဦးမယ် ဒီကိုအလာ လေဆိပ်မှာ လူဝင်မှု ကြီးကြပ်ရေး အရာရှိနဲ့တွေ့တော့ သူက WaKa WaKa သီချင်းနဲ့အတူ စည်းချက်ကျကျ ဆိုက နေတာ တွေ့ခဲ့ရပါသေးတယ် .... အံ့သြစရာအတွေ့ အကြုံ တွေ မထင်ထားတဲ့ မြင်ကွင်းတွေ .... အများမှ အများကြီးကို တွေ့ကြုံရပါတယ်။
မေး ဘယ်ပွဲတွေကို ကြည့်ခဲ့သေးလဲ ...?
ဖြေ ဖွင့်ပွဲ လုပ်ပြီးတဲ့နောက် စကစားကြတဲ့ တောင်အာဖရိက - မက္ကဆီကို ပွဲကို ကြည့်ခဲ့ပါတယ် .... ပြီးတော့ အာဂျင်တီးနား-နိုင်ဂျီးရီးယားပွဲ၊ စပိန် - ပါရာဂွေး ပွဲတွေကိုလည်း ကြည့်ဖြစ်ပါတယ် .... ဒီကနေ့ ဟော်လန် - စပိန်ပွဲကို လည်း အားပေးဦးမှာပါ။
မေး ဘယ်အသင်းတွေကို ကြိုက်လဲ ...?
ဖြေ ကျွန်မ လက်တင် အမေရိက အသင်းတွေကို ကြိုက်တယ် .... ဒီကမ္ဘာ့ဖလားပွဲမှာ သူတို့ ကစားပုံဟာ အံ့သြစရာ ခြေစွမ်းတွေနဲ့ပေါ့ .... အာဂျင်တီးနား၊ ဥရုဂွေး၊ ပါရာဂွေး၊ ဘရာဇီး အသင်းတွေပေါ့ .... ဒါပေမယ့် စပိန်အသင်းဟာလည်း ချီးကျူးဖို့ကောင်းပါတယ်။
မေး ဘယ်သူ ဗိုလ်စွဲမလဲလို့ ခန့်မှန်းပေးနိုင်မလား ...?
ဖြေ ဘယ်သူတွေ ဘယ်နှဂိုး ရကြေမယ် သွင်းကြမယ်ဆိုတာတွေကို ကျွန်မ သိပါဘူး .... ဒါပေမယ့် ရှင်ဟာ ရေဘ၀ဲလေး ပေါလ်ကို ယုံကြည်နေမယ်လို့ ထင်ပါတယ် .... ဒီတော့ သူပြောတဲ့ အသင်းဟာ ကျွန်မနိုင်မယ်လို့ ထင်တဲ့ အသင်းပဲဖြစ်ရမှာပေါ့ .... စပိန် လေ ....

ကမ္ဘာ့ဖလား ရွှေဘောလုံးဆုကို ဖော်လန် ရရှိ

6:40 AM Posted In Edit This 0 Comments »
ကမ္ဘာ့ဖလား ရွှေဘောလုံးဆုကို ဖော်လန် ရရှိ

ဥရုဂွေးအသင်းမှ တိုက်စစ်မှူးဖြစ်သူ ဖော်လန်မှာ ယခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲ၏ အကောင်းဆုံး ဘောလုံး သမား ရွှေဘောလုံး ဆုကို ရရှိသွားကြောင်း သိရသည်။ အသက် ၃၁ နှစ်အရွယ်ရှိ အက်သလက်တီကို တိုက်စစ်မှူး ဖော်လန်မှာ ဥရုဂွေး အသင်းအတွက် ယခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ၅ ဂိုး သွင်းယူခဲ့သူ ဖြစ်သည်။
ဂျာမနီ အသင်းမှ တိုက်စစ်မှူး မူလာမှာလည်း ယခုနှစ် ကမ္ဘာ့ဖလားတွင် အသင်း အတွက် ၅ ဂိုး သွင်းယူခဲ့ပြီး အသင်းဖော်များ ဂိုးကန်သွင်းခွင့် ရရန် ဖန်တီးပေးပို့မှု ၃ ကြိမ် ပြုလုပ်နိုင်ခဲ့၍ ဖီဖာမှ ချီးမြှင့်သော အကောင်းဆုံး လူငယ် ကစားသမား ဆု အပြင် ဂိုးသွင်း အများဆုံး ရွှေဖိနပ်ဆုကိုပါ ရရှိခဲ့သည်။ ၎င်းမှာ အကောင်းဆုံး လူငယ်ကစားသမား ဆုအတွက် မက္ကဆီကိုမှ ဒေါ့ဆန်းတို့စ်နှင့် ဂါနာမှ အင်ဒရီအရူးတို့ကို ကျော်ဖြတ်ကာ ရရှိခဲ့ပြီး ရွှေဖိနပ်ဆုကို စပိန်မှ ဒေးဗစ်ဗီလာနှင့် ဟော်လန်မှ ရှနိုက်ဒါတို့ကို ကျော်ဖြတ်၍ ရရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဆုအတွက် စစ်တမ်းများအရ ဖော်လန်မှာ ၂၃.၄ ရာခိုင်နှုန်းဖြင့် ရှေ့ဆုံးမှ ဦးဆောင်နိုင်ခဲ့ပြီး ဟော်လန် ကွင်းလယ်လူ ရှနိုက်ဒါနှင့် စပိန် တိုက်စစ်မှူး ဒေးဗစ်ဗီလာတို့ကို ကျော်ဖြတ် နိုင်ခဲ့ခြင်း ဖြစ်သည်။
ယမန်နေ့တွင် ကစားခဲ့သော ဗိုလ်လု ပွဲစဉ်တွင် ဟော်လန်အသင်းမှ ရော်ဘင်၏ အပိုင်ကန်သွင်းခွင့် ၂ ကြိမ်ကို အကောင်းဆုံး ကာကွယ်ခဲ့သည့် စပိန်ဂိုးသမား ကားဆီးလက်စ်မှာလည်း ယခုနှစ် ကမ္ဘာ့ဖလား၏ ရွှေလက်အိတ်ဆုကို ရရှိခဲ့သည်။
အဆိုပါ စပိန် ဂိုးသမားမှာ ယခုနှစ် ကမ္ဘာ့ဖလား နောက်ဆုံး ၇ ပွဲတွင် ၂ ဂိုးသာ အသွင်း ခံထားရသူ ဖြစ်သည်။ ယခုနှစ် ကမ္ဘာ့ဖလားအတွက် ငွေဘောလုံးဆုကို စပိန်မှ ဒေးဗစ်ဗီလာက ရရှိသွားပြီး ကြေးဘောလုံးဆုကို ဟော်လန်မှ ရှနိုက်ဒါက ရရှိ သွားခဲ့သည်။


ရွှေလက်အိတ်ဆင်မြန်းခွင့် ရသွားတဲ့ ကားဆီးလက်စ်


၂၀၁၀ ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ သုံးကြိမ်မြောက် အဖြစ် ပါဝင်ခွင့် ရခဲ့တဲ့ စပိန် ဂိုးသမား ကားဆီးလက်စ်ဟာ သူ့ရဲ့ ကစားသမား သက်တမ်း တစ်လျှောက်ရဲ့ အထွက်အထိပ်ကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ကားဆီးလက်စ်ဟာ စပိန်အသင်း နဲ့အတူ ကမ္ဘာ့အဆင့်မြင့်ဆုံး ပြိုင်ပွဲကြီးမှာ ဗိုလ်စွဲနိုင်ခဲ့သလို ပြိုင်ပွဲကြီးရဲ့ အထူးချွန်ဆုံး ဂိုးသမား အဖြစ် အက်ဒီးဒက်စ် ကုမ္ပဏီက ချီးမြှင့်တဲ့ ရွှေလက်အိတ်ဆု ကိုလည်း ရရှိခဲ့ပါတယ်။
ဂိုးသမား ကားဆီးလက်စ် အနေနဲ့ ဒီလို အောင်မြင်မှုတွေ ရလာဖို့အရေး အဆိုးရွားဆုံး အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရ ပါတယ်။ အုပ်စုအဆင့် ဆွစ်ဇာလန်နဲ့ပွဲမှာ သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ မီဒီယာတွေက ၀ိုင်းပြီး ဝေဖန်ခဲ့ပါသေး တယ်။ ဒါပေမယ့် စပိန်အသင်း ခေါင်းဆောင်ရဲ့ ပြိုင်ပွဲအပေါ် အာရုံစူးစိုက်မှုနဲ့ ပတ်သက်ပြီး မေးခွန်း ထုတ်မှုတွေဟာ သိပ်မကြာခင်မှာပဲ တိတ်ဆိတ် သွားခဲ့ပါတယ်။ အဲဒီ နောက်ပိုင်းမှာတော့ ကားဆီးလက်စ်ဟာ ချီလီအသင်းနဲ့ ပွဲကလွှဲပြီး ဗိုလ်လုပွဲအထိ ပွဲစဉ်တိုင်းမှာ ပေးဂိုး မရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့တာ တွေ့ခဲ့ရပါတယ်။
စပိန် အသင်းဟာ ဗိုလ်လုပွဲအထိ နောက်ဆုံး လေးပွဲမှာ ပေးဂိုးမရှိနဲ့ အောင်ပွဲ ဆင်နိုင်ခဲ့တာဟာ စပိန် ဂိုးပေါက်ဝမှာ ရှိခဲ့တဲ့ ကားဆီးလက်စ်ရဲ့ စွမ်းဆောင်မှုဟာ အဓိက ပဓာန ဆိုတာ ငြင်းစရာ မလိုပါဘူး။
ကားဆီးလက်စ်ရဲ့ အကောင်းဆုံး လက်စွမ်းပြ ကာကွယ်ခဲ့ရမှုများအနက် တစ်ခုကို တင်ပြရရင် ကွာတားဖိုင်နယ်မှာ ပါရာဂွေး ကစားသမား ကာဒိုဇိုသွင်းယူတဲ့ ပင်နယ်တီ ပြစ်ဒဏ် ဘောလုံးကို အမှားအယွင်းမရှိ ကာကွယ်နိုင်ခဲ့ခြင်း ပါပဲ။ ဒါဟာပွဲရဲ့ အရေးကြီးတဲ့ အလှည့်အပြောင်း တစ်ခုလို့ ပြောရင်လည်း ရနိုင်ပါတယ်။ ဒါ့အပြင် ဂျာမနီအသင်းနဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်မှာလည်း ရီးရဲလ်ဂိုးသမား တစ်ဦးဖြစ်တဲ့ ကားဆီးလက်စ်ဟာ ဂျာမနီကွင်းလယ်လူတွေဖြစ်တဲ့ ထရိုချောစကီးနဲ့ တိုနီခရူးခ်တို့ရဲ့ ကန်သွင်းချက်တွေကို အကောင်းဆုံး ကာကွယ် သွားနိုင်ခဲ့ပါတယ်။
အခုဆိုရင် အသက် ၂၉ နှစ် ရှိပြီဖြစ်တဲ့ ကားဆီးလက်စ်ဟာ နယ်သာလန် အသင်းနဲ့ ဗိုလ်လုပွဲမှာ သူ့ရဲ့ မိခင်နိုင်ငံ စပိန်အတွက် အစွမ်းကုန် ကြိုးစား စွမ်းဆောင် ပေးနိုင်ခဲ့ပါပြီ။ ပြိုင်ဘက် တိုက်စစ်မှူး ရော်ဘင်နဲ့ နှစ်ယောက် ရင်ဆိုင်အတွေ့ မိမိအသင်း ဂိုးမပေးရအောင် ထူးထူးချွန်ချွန်နဲ့ ကာကွယ်သွားနိုင်ခဲ့သလို အရေးကြီးတဲ့ ဂိုး နှစ်ဂိုးကိုလည်း ကာကွယ်ပေးခဲ့ ပြန်ပါတယ်။
ကမ္ဘာ့ဖလား သရဖူကြီးကို လက်မောင်းကြားမှာပွေ့ပြီး ရွှေလက်အိတ်ဆုကို လက်ခံခဲ့တဲ့ ကားဆီးလက်စ်ရဲ့ ရင်ထဲက ပျော်ရွှင်မှုတွေဟာ မျက်နှာမှာ အတိုင်းသားတွေ့ခဲ့ရပါတယ်။ သူက ”တကယ့်ကို ဂုဏ်ယူစရာ တစ်ခုပါပဲ။ ဘယ်တုန်းကမှ မျှော်လင့်မထားတဲ့ ဆုကို ရခဲ့ပါပြီ။ ဒီအတွက် ပျော်ရွှင်မိပါတယ်” လို့ ၀မ်းသာအဲလဲ ရင်ဖွင့်ခဲ့ပါတယ်။
ဗိုလ်လုပွဲမှာ နယ်သာလန် အသင်းနဲ့ အကြိတ်အနယ်ကစားကာ အနိုင်ရယူပြီး ကမ္ဘာ့ဖလား ဆုဖလားကြီးကို သိမ်းပိုက် နိုင်ခဲ့ရာမှာ ကားဆီးလက်စ်ဟာ သူ့ရဲ့ စိတ်ခံစားမှုတွေကို မြိုသိပ် မထားနိုင်ခဲ့ပါဘူး။ ဒါဟာ အဲ့သြစရာတော့ မဟုတ်ပါဘူး။ အင်နီယေစတာ အနိုင်ဂိုး သွင်းယူခဲ့ပြီးချိန်မှာ ကားဆီးလက်စ် တစ်ယောက် ၀မ်းသာလွန်းအားကြီးလို့ ၀ဲတက်လာတဲ့ မျက်ရည်တွေဟာ ပါးပြင်တစ်ဝှက်စီးကျလာခဲ့ပါတယ်။ ပွဲပြီးတဲ့အထိလည်နေတဲ့ မျက်ရည်တွေအကြား သူက “အိပ်မက် တစ်ခုလိုပါပဲ ... ဘရာဇီး၊ ပြင်သစ်၊ အီတလီ အသင်းတွေရခဲ့ဖူးတဲ့ ဖလားတစ်လုံးကို ရယူနိုင်ခဲ့ပါပြီ။ ရုပ်မြင်သံကြားတွေ၊ ဗွီဒီယိုဂိမ်းတွေမှာ တွေ့နေရတဲ့ အရာတစ်ခုပါ။ နေရာတိုင်းမှာလည်း တွေ့မြင်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ်တွေ့ကြုံဆုံ လာတာမျိုးတော့ ဘယ်လိုမှ စိတ်ကူး ပုံဖော်ကြည့်လို့ မရနိုင်တဲ့ အရာတစ်ခုပါ။ ရိုးရိုးသားပြောရရင် ခုထိ ကိုယ့်ကိုကိုယ် မယုံချင်သေးဘူးဗျာ” လို့ ရင်ဖွင့်သွားကြောင်းပါ ခင်ဗျာ....

ကမ္ဘာ့ဖလားကို ယူရိုချန်ပီယံတို့ ဆွတ်ခူး

6:34 AM Posted In Edit This 0 Comments »
ကမ္ဘာ့ဖလားကို ယူရိုချန်ပီယံတို့ ဆွတ်ခူး

ယမန်နေ့က ၂၀၁၀ ကမ္ဘာ့ဖလား ဖိုင်နယ်ပွဲစဉ်အဖြစ် စပိန်အသင်းနှင့် ဟော်လန် အသင်းတို့ ကစားခဲ့ရာ ယူရို ၂၀၀၈ ချန်ပီယံ စပိန် အသင်းက ဟော်လန်ကို ၁းဝ ဖြင့် အနိုင် ရရှိခဲ့ပြီး ဗိုလ်စွဲသွားပြီဖြစ်သည်။
ယင်းမှာ စပိန် အသင်းအတွက် သမိုင်း တစ်လျှောက် ပထမဆုံး အကြိမ် ကမ္ဘာ့ဖလားကို ရယူ နိုင်ခဲ့ခြင်း ဖြစ်သည်။ ဟော်လန်မှာ ယခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲ တစ်လျှောက်တွင် အုပ်စု ပွဲစဉ်မှ စ၍ ရှုံးပွဲမရှိ ကစား နိုင်ခဲ့သော်လည်း ယခု ဖိုင်နယ်တွင် စပိန်မှ ကွင်းလယ်လူ အင်နီယေစတာ၏ နောက်ကျ ဂိုးကြောင့် အရှုံးပေး ခဲ့ရသည်။ ပွဲစသည်နှင့် တစ်ပြိုင်နက် နှစ်သင်း စလုံး အလျင်အမြန် တိုက်စစ်ဆင်ကာ ကစား ခဲ့သောကြောင့် ပွဲမှာ ကြည့်ကောင်းခဲ့ပြီး ကစားပုံ ကြမ်းတမ်းမှု များဖြစ်ပေါ်ခဲ့၍ အ၀ါကဒ်များနှင့် အနီကဒ်တို့ ပြသ ခံခဲ့ရသည်။ ဒုတိယပိုင်း မိနစ် ၉၀ ပြီးဆုံးသည် အထိ ဟော်လန်နှင့် စပိန်တို့မှာ ဂိုးမရှိ သရေကျနေ၍ အချိန်ပိုမိနစ် ၃၀ ကစားရာတွင် စပိန်တို့ အခွင့်အရေး ရရှိခဲ့ပြီး ပွဲကစားချိန် ၁၁၇ မိနစ်တွင် ကွင်းလယ်လူ အင်နီယေစတာ က အနိုင်ဂိုး သွင်းယူသွားခဲ့သည်။
ဟော်လန်မှာ ပွဲကစားချိန် ၁၁၀ မိနစ်တွင် နောက်ခံလူ ဟိုက်တင်ဂါ တိုက်ရိုက် အနီကဒ်ဖြင့် ထုတ်ပယ်ခံရ၍ ကစားသမား ၁၀ ယောက် တည်းဖြင့် ယူရို ချန်ပီယံ စပိန်အသင်းကို အတတ်နိုင်ဆုံး ဖိအားပေး ကစားခဲ့သော်လည်း နောက်ဆုံးတွင် ၁းဝ ဖြင့် အရှုံးပေးခဲ့ရပြီး ယခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲ၏ ဒုတိယနေရာကိုသာ ရရှိခဲ့ရသည်။
နည်းပြ ဗန်မာဝှစ်၏ ဟော်လန်အသင်းမှာ ၁၉၇၄၊ ၁၉၇၈ ကမ္ဘာ့ဖလား ဖိုင်နယ် ပွဲစဉ်များကဲ့သို့ပင် ယခုနှစ်တွင်လည်း ထပ်မံ၍ ရှုံးပွဲတွေ့ခဲ့ရပြီဖြစ်သည်။
စပိန်အသင်းမှာ လွန်ခဲ့သည့် ၂ နှစ်က ဥရောပ ချန်ပီယံဖြစ်ခဲ့သကဲ့သို့ ယခု ၂၀၁၀ တွင် ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့သည့် စံချိန်တင်နိုင်ခဲ့ပြီး အထူးခြားဆုံးမှာ ပွဲဦးထွက် ပွဲစဉ်တွင် ရှုံးပွဲတွေ့ခဲ့သော်လည်း ဗိုလ်လုပွဲတွင် အနိုင်ရခဲ့သည့် ပထမဦးဆုံးသော အသင်းအဖြစ် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ ယခင်က ပွဲဦးထွက် ပွဲစဉ်တွင် ရှုံးပွဲတွေ့ခဲ့သော အသင်းများမှာ မည်သည့် အခါကမျှ ချန်ပီယံ ဖြစ်ခဲ့ကြခြင်း မရှိပေ။

တတိယဆုနဲ ကျေနပ်လိုက်ရတဲ့ ဂျာမဏီ

6:31 AM Posted In Edit This 0 Comments »
ဂျာမနီ ၃း၂ ဥရုဂွေး


၂၀၁၀ ကမ္ဘာ့ဖလား တတိယ နေရာလုပွဲ အဖြစ် ဂျာမနီနှင့် ဥရုဂွေးတို့ ယှဉ်ပြိုင် ကစားကြရာ ဂျာမနီ ၃း၂ ဖြင့် အနိုင် ရရှိ သွားခဲ့သည်။
ဂျာမနီအသင်းမှာ ကမ္ဘာ့ဖလား ၃ ကြိမ်ရဘူးသည့် အသင်း ဖြစ်ပြီး ဥရုဂွေးက ၂ ကြိမ် ရခဲ့ဘူးသည်။ ၎င်းအသင်း များသည် ဆီမီး ဖိုင်နယ်တွင် စပိန်၊ ဟော်လန်တို့ကို ရှုံးနိမ့်ခဲ့၍ တတိယ နေရာ အတွက်သာ ကစားကြရခြင်း ဖြစ်သည်။
ဂျာမနီ အသင်းတွင် ပုံမှန်ကစားနေကျ တိုက်စစ်မှူး များဖြစ်သော ကလိုဆေးနှင့် ပိုဒေါစကီးတို့ မပါဝင်ခဲ့ပဲ အိုဇီးလ်၊ မူလာ၊ ကာကာယူ တို့ကို ထည့်သုံးခဲ့သည်။
ဂျာမနီ အသင်းမှာ ပွဲအစ ၁၈ မိနစ်တွင်ပင် ဂိုးစရခဲ့ပြီး လူငယ် ကစားသမား မူလာက သွင်းယူခဲ့ခြင်း ဖြစ်သည်။ သို့သော် ဥရုဂွေး ဘက်မှ ကာဗာနီက ၂၈ မိနစ်တွင် ချေပဂိုး သွင်းယူခဲ့၍ ပထမပိုင်းတွင် သရေကျနေခဲ့သည်။
ဒုတိယပိုင်းတွင် ဥရုဂွေးမှ ဖော်လန်က ၅၁ မိနစ်၌ ဦးဆောင်ဂိုး သွင်းယူ နိုင်ခဲ့သေးသည်။ သို့သော် ဂျာမနီမှ ဂျန်ဆန်က ၅၆ မိနစ်တွင် ပြန်လည် ချေပခဲ့ပြီး ၈၂ မိနစ်၌ ခီဒီရာက ဂျာမနီအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပြန်သည်။ ဥရုဂွေးအသင်းမှာ အရှုံးဂိုးကို ချေပနိုင်ရန် ကြိုးစားခဲ့သော်လည်း ပွဲချိန်စေ့သည်အထိ ချေပဂိုးသွင်းနိုင်ခြင်း မရှိ၍ ဂျာမနီက ၃း၂ ဖြင့် အနိုင်ရရှိ သွားခဲ့သည်။
ယခုပွဲသို့ ပရိသတ်ပေါင်း ၃ သောင်း ၆ ထောင်ကျော် လာရောက် ကြည့်ရှုခဲ့ကြသည်။

ကြွေးဟောင်း မဆပ်နိုင်ခဲ့သော ဂျာမနီ

3:57 AM Posted In Edit This 0 Comments »
ကြွေးဟောင်း မဆပ်နိုင်ခဲ့သော ဂျာမနီ


ဂျာမနီ အသင်းမှာ ယမန်နေ့က ၂၀၁၀ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် ပွဲစဉ် အဖြစ် စပိန် အသင်းနှင့် ကစားခဲ့ရာ ၁းဝ ဖြင့် ရှုံးနိမ့် ခဲ့ပြီး နောက်ဆုံး ဖိုင်နယ်ပွဲနှင့် လွဲခဲ့ရပြီဖြစ်သည်။
ပြီးခဲ့သည့် ယူရို ၂၀၀၈ ဖိုင်နယ် တွင်လည်း ဂျာမနီမှာ စပိန်ကို ယခုကဲ့သို့ပင် ၁းဝ ဖြင့် အရေးနိမ့်ခဲ့ဖူးသည်။ ယမန်နေ့ ပွဲစဉ်တွင် စပိန် အသင်း အတွက် တစ်လုံးတည်းသော ဂိုးကို ဒုတိယပိုင်း ၇၃ မိနစ်တွင် နောက်ခံလူ ပူယိုးလ်က ထောင့်ကန် ဘောမှ တစ်ဆင့် ခေါင်းတိုက် သွင်းယူသွားခဲ့သည်။
ဂျာမနီ အသင်းမှာ ယင်းပွဲစဉ်တွင် ယခင် အင်္ဂလန်၊ အာဂျင်တီးနား တို့ကို အနိုင်ယူစဉ်က ခြေစွမ်းမျိုးကဲ့သို့ မဟုတ်တော့ပဲ အားနည်း ချက်များ ဖြစ်ပေါ်ခဲ့ပြီး ခက်ခက်ခဲခဲ ရုန်းကန် ခဲ့ရသည်။ အဓိက တိုက်စစ်မှူး မူလာ မပါဝင်ခြင်းမှာ ဂျာမနီ အသင်း၏ တိုက်စစ် ကို သိသိသာသာ အားနည်း စေခဲ့သည်။ နောက်ဆုံးပွဲသိမ်း ခရာမှုတ်ချိန်တွင် ဂျာမနီမှာ စပိန်ကို မည်သို့မျှ မတတ်နိုင် တော့ပဲ ၁းဝ ဖြင့် အရှုံးပေး ခဲ့ရသည်။ သို့ဖြစ်၍ ဂျာမနီမှာ ယခုလ ၁၀ ရက်နေ့တွင် ဟော်လန် အသင်း နှင့် ဆီမီးဖိုင်နယ် ပထမပွဲကို အရေးနိမ့် ထားသည့် ဥရုဂွေး အသင်းနှင့် တတိယ နေရာလုပွဲ အဖြစ် ရင်ဆိုင် ရမည်ဖြစ်ပြီး နောက်ဆုံး ဖိုင်နယ် အဆင့်သို့ တက်ရောက် သွားခဲ့သည့် စပိန်မှာ ယခုလ ၁၁ ရက်နေ့တွင် ဟော်လန် အသင်းနှင့် ရင်ဆိုင် ရမည်ဖြစ်သည်။


ဆီမီးဖိုင်နယ်ေ၇ာက် ဟော်လန်

3:54 AM Posted In Edit This 0 Comments »
အသင်း အောင်မြင်မှုအတွက် ဟော်လန်နည်းပြ ကျေနပ်

ဟော်လန် အသင်းမှ နည်းပြ ဖြစ်သူ ဗန်မာဝစ်က ၎င်း အနေဖြင့် ယမန်နေ့တွင် ဥရုဂွေး အသင်းကို ၃း၂ ဖြင့် အနိုင်ယူကာ ယခုနှစ် ကမ္ဘာ့ဖလား ဖိုင်နယ်သို့ တက်ရောက် နိုင်ခဲ့သည့် အသင်း အောင်မြင်မှု အတွက် ကျေနပ် ဂုဏ်ယူ မိကြောင်း ပြောကြား လိုက်သည်။
၎င်းက “ သိပ်ကို ကောင်းတဲ့ ပွဲလေးတစ်ခုပါ။ နှစ်ပေါင်း ၃၂ နှစ်ကြာ နောက်ပိုင်းမှာ ကျွန်တော်တို့ဟာ ဖိုင်နယ် အဆင့်ထိ ရောက်အောင် ကြိုးစား နိုင်ခဲ့ပါပြီ။ နိုင်ငံအတွက် ဂုဏ်ယူ ပါတယ်။ ကျွန်တော်တို့ဟာ စပိန် ဒါမှမဟုတ် ဂျာမနီနဲ့ ဖိုင်နယ်မှာ တွေ့ရမှာပါ။ ကြည့်ရ သလောက် ဒီ ၂ သင်းရဲ့ ခြေဟာ သိပ်မကွာ ပါဘူး။ စပိန်နဲ့ ဂျာမနီ အသင်းတွေဟာ သူ့ အရည်အချင်းနဲ့ သူ ကောင်းကြပါတယ်။ တကယ်လို့ ဂျာမနီသာ ဖိုင်နယ် တက်လာမယ် ဆိုရင်တော့ ၁၉၇၄ ကမ္ဘာ့ဖလား မကြေပွဲ ဖြစ်လာ မှာပါ။ ဒါပေမယ့် ကျွန်တော်တို့ဟာ လက်စားချေမယ်ဆိုတဲ့ စိတ်ရှိနေတာ မဟုတ်ပါဘူး။ အဲဒီတုန်းက အသင်းဟာ အကောင်းဆုံး ကစားခဲ့ပေမယ့် နောက်ဆုံး သူတို့ကို ရှုံးခဲ့တာပါ ” ဟု ပြောဆိုခဲ့သည်။


စပိန်နှင့် ဂျာမနီတွေ့ပြီ

6:02 AM Posted In Edit This 0 Comments »
စပိန်နှင့် ဂျာမနီတွေ့ပြီ
Post Date: 2010-07-04 03:28:59

၂၀၁၀ ကမ္ဘာ့ဖလား ပြိုင်ပွဲ ကွာတား ဖိုင်နယ် ပွဲစဉ် ၄ အဖြစ် ယူရို ၂၀၀၈ ချန်ပီယံ စပိန်နှင့် ပါရာဂွေး တို့ ယှဉ်ပြိုင် ကစားကြရာ စပိန်က ၁းဝ ဖြင့် အနိုင် ရရှိသွားခဲ့သည်။
၂ သင်းလုံးသည် အနိုင်ရရှိရေး အတွက် ကြိုးစား ကစားခဲ့ကြ သော်လည်း ပထမပိုင်းတွင် ဂိုးမရှိ သရေ ဖြစ်နေခဲ့သည်။
ဒုတိယပိုင်း ပြန်စပြီး ပွဲကစားချိန် ၅၉ မိနစ်တွင် ဂိုးရရန် အပိုင် အခွင့်အရေးကို စရသူမှာ ပါရာဂွေး ဖြစ်သည်။
သို့သော်လည်း ပါရာဂွေး အတွက် ပင်နယ်တီ ကန်ခွင့်ကို ဂိုးရအောင် မသွင်းနိုင်ပဲ လွဲချော် သွားစေခဲ့သူမှာ ကာဒိုဇိုဖြစ်သည်။
အလားတူ နောက် ၃ မိနစ်အကြာတွင် စပိန်ဘက်မှ ပင်နယ်တီကန်ခွင့် ပြန်လည် ရရှိခဲ့သည်။ သို့သော် အလွန်ဆို ကန်သွင်းသည့် ယင်း ပင်နယ်တီ မှာလည်း အချည်းနှီး ဖြစ်ခဲ့ရသည်။
ထို့နောက် ပွဲချိန် ၈၃ မိနစ် အရောက်တွင် ဂိုးမြူးနေသော စပိန် တိုက်စစ်မှူး ဒေးဗစ်ဗီလာက ဆီးမီးရောက် စေမည့် ဂိုးကို သွင်းယူ သွားနိုင် ခဲ့သည်။ ဗီလာမှာ ယခုအခါ ပြိုင်ပွဲ တစ်လျှောက် ၅ ဂိုး သွင်းယူ ထားနိုင်ခဲ့ပြီ ဖြစ်သည်။
စပိန်မှာ ဆီမီး ဖိုင်နယ်တွင် အာဂျင်တီးနားကို ၄ ဂိုးပြတ်ဖြင့် နိုင်ခဲ့သည့် ဂျာမနီနှင့် တွေ့ဆုံရမည် ဖြစ်သည်။


အောက်တိုဘာဖွား ကံမကောင်းပါလား

6:00 AM Posted In Edit This 0 Comments »
အောက်တိုဘာဖွား ကံမကောင်းပါလား

၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးအတွက် အိမ်ရှင် တောင်အာဖရိက ကလွဲလို့ ကျန်တဲ့ ၃၁ သင်း စာရင်းဝင် အဖြစ် သေချာသွားတဲ့ အချိန်မှာ ပထမဆုံး ထွက်လာတဲ့ အသံကတော့ ချန်ပီယံဟာ ဘရာဇီး ဒါမှမဟုတ် အာဂျင်တီးနားသာ ဖြစ်နိုင်တယ်တဲ့ ...
သူတို့ ပြောတော့လည်း ဟုတ်နေတာပဲလေ ခြေစစ်ပွဲ ရလဒ်တွေကို ကြည့်ပါလား .... နိုင်ပွဲတွေကများ ကစားသမားတွေ ကလည်းတော် .... နာမည် ကျော်တွေ အများစုနဲ့ကိုး ....
ဒါပေမယ့် ဘရာဇီးနဲ့ အာဂျင်တီးနား တို့ရဲ့ ကံကြမ္မာဟာ ကွာတား အထိသာ ခံခဲ့ပါတယ်။
ဘယ်သူ့ရဲ့ အထင်ကြီးခြင်းကိုမှ သိပ်မခံ ထားရတဲ့ ဟော်လန်နဲ့ ဂျာမနီတို့ဟာ အဲဒီ တောင်အမေရိက ထိပ်သီး ၂ သင်းကို တပ်ခေါက် သွားစေ ခဲ့ပါပြီ ...
ဘရာဇီးဟာ ဟော်လန်ကို ရော်ဘင်ဟိုရဲ့ဂိုးနဲ့ ဦးဆောင် နိုင်ခဲ့ပြီးကာမှ နောက်ဆုံးမှာ ၂း၁ နဲ့ ရှုံးပြီး ပြည်တော် ပြန်လိုက် ရသလို မာရာဒိုနာဆိုတဲ့ ကမ္ဘာကျော် ဂန္တ၀င် ဘောလုံးသမားကြီး နည်းပြပေးခဲ့တဲ့ အာဂျင်တီးနားဟာလည်း အရှက်တကွဲ အကျိုး နည်းလို့ ဆိုရလောက်အောင် ဂျာမနီကို ၄ ဂိုးပြတ်နဲ့ ရှုံးသွားခဲ့ပါပြီ။
အဲဒီပွဲတွေအပြီးမှာ ထွက်ပေါ်လာတဲ့ အရှုံးသမားနည်းပြ ၂ ယောက်လုံးရဲ့ စကားကတော့ တစ်လေသံတည်းပါပဲ (ကျွန်တော် ထွက်တော့မယ် .... ) တဲ့ ..
ကစားသမား ကောင်းတွေ ရှိလျက်သားနဲ့ အရှုံးကို ရင်ဝယ်ပိုက် ခဲ့ရတဲ့နောက်မှာ တာဝန်ရှိသူဟာ ... ငါလို့ ယူဆခဲ့ကြတဲ့ အတွက် ဒွန်ဂါနဲ့ မာရာဒိုနာ တို့က လက်ရှိ ရာထူးတွေက ထွက်ကြမယ်လို့ ဆိုခဲ့ကြတာပါ။
တကယ်တော့ သူတို့ ၂ ယောက်လုံးဟာ နာမည်ကြီး ကစားသမားတွေဖြစ်ခဲ့ကြပါတယ် ....
မာရာဒိုနာဟာ ၁၉၇၆ ကနေ ၁၉၉၇ အထိ ၂၁ နှစ်ကြာ တိုက်စစ်မှူး အဖြစ် ကစားခဲ့သူပါ။ ကလပ်ပေါင်း ၇ ခုမှာ စုစုပေါင်း ပွဲ ၄၉၀ ကစားခဲ့ပြီး ၃၁၁ ဂိုး ရခဲ့သလို အာဂျင်တီးနား လက်ရွေးစင် အသင်းအတွက်လည်း ၁၉၇၇ ကနေ ၁၉၉၄ အထိ ကစားခဲ့ပြီး ၉၁ ပွဲမှာ ၃၄ ဂိုး ရခဲ့သူပါ။ အဲဒီ ၃၄ ဂိုးထဲမှာ ပြောစမှတ် အပြုရဆုံးကတော့ ၁၉၈၆ ကမ္ဘာ့ဖလားပွဲမှာ အင်္ဂလန် ဘက်ကို လက်နဲ့ ပုတ်သွင်းခဲ့တဲ့ (Hand of God) ဂိုးပါပဲ ....
ကွာတားပွဲဖြစ်တဲ့ အဲဒီပွဲမှာ နိုင်ခဲ့တဲ့ နောက် ဘယ်လ်ဂျီယံကို ဆီမီးမှာ ကျော်ဖြတ်ပြီး ဖိုင်နယ်မှာ အနောက် ဂျာမနီကိုပါ ကျော်လွှားပြီးတဲ့အဆုံး ပရိသတ်ပေါင်း ၁၁၅၀၀၀ ရှေ့မှောက်မှာ မာရာဒိုနာဟာ ကမ္ဘာ့ဖလားကြီးကို ကိုင်မြှောက် သွားနိုင်ခဲ့ပါတယ်။
ကပ္ပတိန် အဖြစ်နဲ့ ဆက်ပြီး ကစားခဲ့တဲ့ ၁၉၉၀ ကမ္ဘာ့ဖလားမှာလည်း မာရာဒိုနာဟာ ဗိုလ်လုပွဲအထိ ရောက်ခဲ့ပါ သေးတယ်။ ဒါပေမယ့် အဲဒီပွဲမှာတော့ အနောက် ဂျာမနီက ၁းဝ နဲ့ ရှုံးကြွေးဆပ်သွားခဲ့ပါတယ်။
ဘရာဇီး သားကြီး ဒွန်ဂါကတော့ ၁၉၈၀ မှာမှ ကစားသမားဘ၀စခဲ့ပြီး ၂၀၀၀ ပြည့်နှစ်အထိ နှစ်ပေါင်း ၂၀ အတွင်းမှာ ကလပ် ၁၀ ခုကိုကိုယ်စားပြုလို့ ၃၇၇ ပွဲကစားခဲ့ပါတယ်။ အဲဒီပွဲတွေမှာ ၃၉ ဂိုးရခဲ့ပါတယ် .... ဂိုးအရနည်းတာကတော့ ဒွန်ဂါဟာ ကွင်းလယ် အဖျက် တာဝန်ကို ယူရသူမို့ပါ။
ဒွန်ဂါဟာ ဘရာဇီး လက်ရွေးစင် အဖြစ်ကို ၁၉၈၂ မှာ ရရှိခဲ့ပြီး ၁၉၉၈ အထိ ၉၁ ပွဲကစားပေးခဲ့ပါတယ်။
သူဟာလည်း မာရာဒိုနာလိုပဲ ကမ္ဘာ့ဖလားကြီးကို ကိုင်မြှောက်ခွင့် ရခဲ့သူ ဖြစ်ပြီး ၁၉၉၄ ကမ္ဘာ့ဖလားမှာ ဖြစ်ပါတယ်။
မာရာဒိုနာဟာ မန်ဒီယူ အသင်းနဲ့ ရေးဆင်း အသင်းတွေကို ၁၉၉၄၊ ၁၉၉၅ တွေမှာ ကိုင်တွယ်ခဲ့ဖူးပြီး ၂၀၀၈ မှာ အာဂျင်တီးနားကို တာဝန်ယူခဲ့တာပါ။
ဒွန်ဂါကတော့ ကလပ်နည်းပြ အဖြစ် တာဝန်မယူခဲ့ဖူးပဲ ၂၀၀၆ မှာ ဘရာဇီး နည်းပြ ဖြစ်ခဲ့သူပါပဲ။
အခုတော့ သူတို့ ၂ ယောက်လုံးဟာ ကမ္ဘာ့အကောင်းဆုံး အသင်းတွေလို့ ပြောစမှတ်ပြုရတဲ့ ဘရာဇီး၊ အာဂျင်တီးနား တို့နဲ့အတူ အိမ်အပြန် လမ်းခရီးကို နှင်နေကြပါပြီ ...
ကစားသမားဘ၀မှာ အောင်မြင်မှုရခဲ့ပေမယ့် လက်ရွေးစင် နည်းပြဘ၀မှာတော့ ကွာတားကနေပဲ လှည့်ပြန်ခဲ့ရတဲ့ ဘ၀တူ ဖြစ်ခဲ့ပါတယ်။
တိုက်ဆိုင် တာကတော့ သူတို့ ၂ ယောက်လုံးဟာ ခုနှစ်သာ ခြားပေမယ့် မွေးလက အတူတူပါ ....
အောက်တိုဘာ .... တဲ့ ....
ဆီမီးဖိုင်နယ် ပွဲကစားရဦးမယ့် မေလဖွား ဗန်မာဝစ်ရဲ့ ဟော်လန်၊ မတ်လဖွား တာဘာရက်ဇ်ရဲ့ ဥရုဂွေး၊ ဖေဖော်ဝါရီဖွား ဂျိုအာချင်လိုရဲ့ ဂျာမနီ၊ ဒီဇင်ဘာဖွား ဒဲလ်ဘော့စကေးရဲ့ စပိန် အသင်းတွေထဲက ဘယ်အသင်းကများ ကမ္ဘာ့ဖလားကြီးကို ယူဆောင်သွားနိုင်မယ် ..... ဆိုတာ စောင့်ကြည့်ကြပါဦးစို့ .....

၁၉၇၀ နောက်ပိုင်း ပထမဆုံး အောင်ပွဲနှင့်အတူ

2:16 AM Posted In Edit This 0 Comments »
၁၉၇၀ နောက်ပိုင်း ပထမဆုံး အောင်ပွဲနှင့်အတူ

၂၀၁၀ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ဒုတိယ ပွဲစဉ်အဖြစ် ဥရုဂွေး အသင်းနှင့် ဂါနာ အသင်းတို့ ကစားခဲ့ရာ ဥရုဂွေးက ဂါနာကို ပင်နယ်တီဖြင့် အနိုင်ယူပြီး ၁၉၇၀ နောက်ပိုင်း ပထမဆုံး အကြိမ် ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက် သွားပြီ ဖြစ်သည်။
ယင်းပွဲစဉ်တွင် ဂါနာအသင်း အတွက် ဦးဆောင်ဂိုးကို ပထမပိုင်း ၄၅ မိနစ်တွင် မွန်တာရီက သွင်းယူ သွားခဲ့ပြီး ဥရုဂွေး အသင်း အတွက် ချေပဂိုးကို ဒုတိယပိုင်း ၅၅ မိနစ်တွင် ဖော်လန်က သွင်းယူ သွားခဲ့သည်။
ဤသို့ဖြင့် ပွဲကစားချိန် မိနစ် ၉၀ ပြည့်ရုံသာမက နာကျင်အချိန်ပို မိနစ် ၃၀ ပြည့်သည်အထိ ဥရုဂွေးနှင့် ဂါနာတို့မှာ တစ်ဖက် တစ်ဂိုးစီ သရေကျနေ၍ ပင်နယ်တီ အဆုံးအဖြတ် ခံယူရာတွင် ဥရုဂွေးက ၄း၂ ဖြင့် အနိုင်ရပြီး ဆီမီးဖိုင်နယ် အဆင့်သို့ ထိုက်တန်စွာ တက်ရောက် သွားနိုင်ခဲ့သည်။
ယင်းပွဲစဉ်တွင် ဥရုဂွေးမှ တိုက်စစ်မှူး ဆွာရက်ဇ်မှာ ပွဲကစားချိန် အချိန်ပို ဒုတိယပိုင်းတွင် တိုက်ရိုက် အနီကဒ်ဖြင့် ထုတ်ပယ် ခံခဲ့ရသည်။


ဘရာဇီးကို အနိုင်ယူပြီး ဟော်လန်တို့ ဆီမီးတက်

2:13 AM Posted In Edit This 0 Comments »
ဘရာဇီးကို အနိုင်ယူပြီး ဟော်လန်တို့ ဆီမီးတက်


ယမန်နေ့က ၂၀၁၀ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပထမ ပွဲစဉ်အဖြစ် ဟော်လန်အသင်းနှင့် ဘရာဇီး အသင်းတို့ ကစားခဲ့ရာ ဟော်လန်က ဘရာဇီးကို အမှတ်မထင်ပဲ ၂း၁ ဖြင့် အနိုင်ရရှိပြီး ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်သွားပြီဖြစ်သည်။
ယင်းပွဲစဉ်တွင် ဟော်လန်အသင်းမှာ ဘရာဇီးကို နောက်မှ လိုက်ကစားခဲ့ရပြီး ဒုတိယပိုင်း ၅၃ မိနစ်တွင် ရှနိုက်ဒါ ကန်တင်သော ဘောလုံးမှာ ပြိုင်ဘက် ကွင်းလယ်လူ မယ်လိုနှင့် ထိပြီး ဂိုး ၀င်သွားသဖြင့် ကံကောင်းစွာ ချေပဂိုး ရရှိခဲ့သည်။ ထိုသို့ ချေပဂိုးသွားခြင်းကြောင့် ဟော်လန်တို့မှာ ကစားအား တက်လာပြီး ဒုတိယပိုင်း ၆၈ မိနစ်တွင် ကွင်းလယ်လူ ရှနိုက်ဒါက ခေါင်းတိုက်ပြီး အသင်း အတွက် အနိုင်ဂိုး သွင်းယူသွားခဲ့သည်။
ဘရာဇီးမှာ ဒုတိယပိုင်း ၇၃ မိနစ်တွင် မယ်လို တိုက်ရိုက် အနီကဒ်ဖြင့် ထုတ်ပယ် ခံရခြင်းကြောင့် လက်ကျန် မိနစ် များတွင် ၁၀ ယောက်တည်းနှင့် ခက်ခဲစွာ ကစား ခဲ့ရသည်။ ဘရာဇီး အသင်း အတွက် ဂိုးကိုမူ ပထမပိုင်း ၁၀ မိနစ်တွင် ရော်ဘင်ဟိုက သွင်းယူသွားခဲ့သည်။ ယခုကဲ့သို့ ဆီမီးဖိုင်နယ် အဆင့် အထိ တက်ရောက် သွားသော ဟော်လန်အသင်းမှာ ယခုလ ၆ ရက်နေ့တွင် ဥရုဂွေးအသင်းနှင့် နောက်ဆုံး ဖိုင်နယ်ပွဲ အဆုံးအဖြတ်အတွက် ရင်ဆိုင်ရမည်။



Champion League final ( 22-5-2010 )

3:53 AM Posted In Edit This 0 Comments »

ဘိုင်ယန်မြူးနစ် အသင်းအား (၂-၀)ဂိုးဖြင့် အနိုင်ရခဲ့ပြီး အင်တာမီလန်တို့ ၄၅နှစ်ကြာမှ ချန်ပီယံလိဂ် ဖလားအား တတိယ အကြိမ်မြောက် ရရှိ PDF Print E-mail
Share



ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ပြိုင်ပွဲ၏ နောက်ဆုံး ဗိုလ်လုပွဲကို မေလ ၂၂ရက်နေ့ က စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ ရီးရဲယ်မင်ဒရစ် အသင်း၏ ကွင်းဖြစ်သော ဘာနေဗျူးကွင်းတွင် ကျင်းပခဲ့ရာ စီးရီးအေ ချန်ပီယံအသင်းဖြစ်သော အင်တာမီလန် အသင်းက ဘွန်ဒစ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ် အသင်းကို (၂-၀)ဂိုး ဖြင့် အနိုင်ရခဲ့ပြီး ဂျာမနီအသင်းများ မှ အီတလီအသင်းများ အပေါ် အသာစီးရမှုကို ချေဖျက်ကာ (၄၅)နှစ်ကြာမှ ချန်ပီယံလိဂ် ဖလားအား တတိယအကြိမ်မြောက် ရရှိသွားခဲ့ကြောင်း သိရသည်။


နှစ်သင်းစလုံးတွင် ပွဲပယ်ပြစ်ဒဏ် ကျခံနေရာသော ရီဘာရီနှင့် မော်တာတို့မှအပ ကျန်အားကစားသမားများ အစုံပါဝင်ခဲ့သည်ကို တွေ့ရသည်။ ဘောလုံးပိုင်ဆိုင်မှုတွင် ဘိုင်ယန်မြူးနစ် အသင်းက အသာရခဲ့သော်လည်း မော်ရင်ဟို၏ အင်တာအသင်းသည် ခံစစ်ကိုအားပြု၍ တန်ပြန် တိုက်စစ်ဖြင့် အနိုင်ကစားသွားခဲ့သည်ကို တွေ့ရသည်။ ယခုပွဲတွင် အင်တာမီလန်အသင်းမှ တိုက်စစ်မှူး ဖြစ်သူ အာဂျင်တီးနားသား မီလီတိုသည် သူရဲကောင်းတစ်ဦးဖြစ်ခဲ့ပြီး အသင်းအတွက် အဖိုးတန် အနိုင်ဂိုးများကို ပထမပိုင်း ၃၅မိနစ်နှင့် ဒုတိယပိုင်းမိနစ် ၇၀တို့တွင် သွင်းယူပေးနိုင်ခဲ့သည်ကို တွေ့ရသည်။


အင်တာမီလန် အသင်းသည် ၁၉၆၄ ခုနှစ်နှင့် ၁၉၆၅ ခုနှစ်များ တွင် ချန်ပီယံလိဂ်၌ ဗိုလ်စွဲထားခဲ့ရာ ယခုတစ်ကြိမ် ဗိုလ်စွဲခြင်းမှာ ကလပ်အသင်း၏ သက်တမ်းတစ်လျှောက် တတိယ အကြိမ်မြောက် ဗိုလ်စွဲခြင်း ဖြစ်သည်။ ထို့ပြင် အင်တာမီလန် အသင်းသည် ဘောလုံးရာသီ တစ်ရာသီတည်းတွင် ဖလားသုံးလုံးရခဲ့သဖြင့် တစ်ရာသီတည်း ဖလားသုံးလုံး ရခဲ့သည့် ဆဌမမြောက် အသင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီ ဖြစ်သည်။ ထို့ပြင် မော်ရင်ဟိုသည် အသင်းနှစ်သင်း နှင့် ချန်ပီယံလိဂ် ဗိုလ်စွဲခဲ့သည့် နည်းပြအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီး ၂၀၀၄ ခုနှစ်က ပေါ်တိုအသင်းအား ချန်ပီယံလိဂ်ဖလား ရယူပေးခဲ့သည်/

Champion League final ( 22-5-2010 )

3:48 AM Posted In Edit This 0 Comments »
Bayern Munich 0 - 2 Inter Milan
Champions League winners Inter Milan
Inter Milan celebrate their first European Cup victory since 1965

By Sam Lyon

Jose Mourinho wrote his name into the history books as Diego Milito inspired Inter Milan to Champions League glory against Bayern Munich at the Bernabeu.

Milito set Inter on their way against the run of play with a clipped finish.

And he wrapped up a win built on the foundations of a solid defence with a solo effort that saw Inter become the first Italian side to win the Treble.

It means Mourinho, who won the cup with Porto in 2004, becomes the third man in history to win it with two clubs.

He joins Ernst Happel and Ottmar Hitzfeld in earning that remarkable accolade - at the age of only 47 - and, in doing so, ends a wait of more than 45 years for the Nerazzurri to regain Europe's top prize.

That he did so by overcoming his mentor Louis van Gaal, with whom he worked at Barcelona in the 1990s, in the process only served to complete the ultimate season of personal vindication for the Portuguese.

606: DEBATE
They never looked like losing. Controlled football

jimdoom

If reports are to be believed, it is a triumph that will earn Mourinho the manager's position at arguably the world's biggest club, Real Madrid, this summer.

How fitting, then, that this triumph was earned at Real's magnificent Bernabeu stadium - and as Mourinho waved to the Inter fans after watching his side lift the trophy, it looked every inch a wave goodbye and confirmation this will prove the denouement of his career in Italy.

As for the match itself, while it might not have been one for the purists, as an occasion it was spectacular.

The decision to switch the match to a Saturday evening was fully justified as both sets of supporters rocked the Bernabeu from the first minute to the last.

And on the field, the fare was no less enthralling.

The build-up had been dominated by Van Gaal's and Arjen Robben's description of Mourinho as a defensive tactician - but if their hope was that such taunts would prompt a more ambitious approach from the Italian champions, they were to be disappointed.

The first couple of minutes aside, when Inter hinted at an expansive approach, Mourinho's side's tactics were clearly to stay strong defensively and pounce on the counter attack.

For a long time, though, it played right into Bayern's hands. With Robben giving left-back Christian Chivu a torrid time and Mark van Bommel pulling the strings in midfield, the Germans almost completely dominated.

Playing with an air of expression and invention, Bayern probed the Inter backline time and again. Robben beat Chivu down the right to set up Ivica Olic, the Croatian slamming wide, Hamit Altintop saw a right-foot shot deflected wide and Robben then skewed wide when well placed 18 yards out.
Jose Mourinho
Mourinho salutes the Inter Milan supporters after his side's triumph

At the other end, Wesley Schneider saw a deflected 40-yard free-kick beaten away by Bayern keeper Hans-Jorg Butt and Esteban Cambiasso had a firm volley blocked.

But Inter's attacking personnel were largely anonymous in the face of the Germans' control.

Then, on 34 minutes, came Inter's ambush, Milito nodding Inter keeper Julio Cesar's long clearance down to Schneider and then dashing on to the Dutchman's smart return to clip home a delightful finish.

Mourinho's muted celebrations highlighted his awareness that it was a lead his side barely deserved.

It could - and should - however, have been 2-0 moments before the break when, racing into the box, Schneider shot tamely from Milito's lay-off and Butt palmed away his effort from 16 yards out.

Still, having watched Inter repel pass-masters Barcelona with 10 men in the semi-final, Bayern boss Van Gaal will have been all too mindful of the Italians' ability to defend a lead and he sent his team out flying in the second half.

Just moments after the restart, the German champions should have been level, Thomas Mueller failing to connect smartly enough with a sliding finish with just the keeper to beat, allowing Cesar to beat his shot away.

It was a miss he was almost made to rue within minutes as Milito burst down Bayern's left, cut the ball back to Pandev, only for Butt to brilliantly tip the Macedonian's clipped effort past the post.

Predictably, though, the pattern for the second half had been set - Bayern controlling possession and Inter sitting deep and breaking.

Robben remained far and away Bayern's most potent weapon, his pace and skill down the right prompting almost continuous volleys from an increasingly frustrated Mourinho on the sidelines.
Bayern's Bastian Schweinsteiger and Thomas Muller show their dismay
Bayern's Bastian Schweinsteiger and Thomas Muller show their dismay

A free-kick from the Dutchman almost led to an equaliser when it fell to Mueller, only for the German's snap-shot to be blocked, before a fine curler again brought the best out of Cesar in the Inter goal minutes later.

But, just as in the first half, for all their considered build-up Bayern were always vulnerable on the counter attack, and another moment of Milito magic settled it.

The Argentine - a constant thorn in the Germans' side - had it all to do when he collected a pass from Samuel Eto'o on 70 minutes.

But Milito was not to be denied and turned defender Mark van Buyten brilliantly - though far too easily - before side-footing a sensational 30th goal of his season.

The goal was effectively game, set and match, Bayern's sting very much drawn and Inter allowed to coast to victory thereafter.

The final whistle prompted a warm embrace between Mourinho and Van Gaal, before the Portuguese enjoyed the celebrations with his team. But he then stalked the Inter end a lone figure, waving deadpanned towards the Nerazzurri faithful.

Having beaten the English, Spanish and German champions en route to European club football's most sought-after trophy, few could deny Mourinho his moment - nor his place in history.

ထိုက်တန်တဲ့ အောင်မြင်မှုဟု မော်ရင်ဟို ပြောဆို

2:29 AM Posted In Edit This 0 Comments »
ထိုက်တန်တဲ့ အောင်မြင်မှုဟု မော်ရင်ဟို ပြောဆို


အင်တာ အသင်း နည်းပြ ဖြစ်သူ မော်ရင်ဟိုက မိမိတို့ အနေဖြင့် ယမန်နေ့တွင် ဘာစီလိုနာ အသင်းကို ကျော်ဖြတ်ပြီး ချန်ပီယံလိဂ် ဖိုင်နယ် အဆင့်သို့ တက်ရောက် နိုင်ခြင်းမှာ ထိုက်တန်သည့် အောင်မြင်မှု တစ်ခုပင် ဖြစ်ကြောင်း ပြောဆို လိုက်သည်။
ယမန်နေ့ပွဲအပြီးတွင် အဆိုပါ ပေါ်တူဂီသား နည်းပြမှာ အင်တာ ပရိသတ်များ .... ကစားသမားများ .... နှင့်အတူ အလွန်အကျွံ အောင်ပွဲခံရင်း ဘာစီလိုနာမှ ဂိုးသမား ဖြစ်သူ ဗဲလ်ဒက်စ်နှင့် အချင်းများခဲ့သည်။ အင်တာ အသင်းမှာ ချန်ပီယံလိဂ် လက်ရှိ ချန်ပီယံ ဘာစီလိုနာကို ဆီမီးဖိုင်နယ် အဆင့်တွင် နှစ်ကျော့ပေါင်း ရလဒ် ၃း၂ ဖြင့် ကျော်ဖြတ် ပြနိုင်ခဲ့ကာ သမိုင်း တစ်လျှောက် နှစ်ပေါင်း ၄၀ ကျော် ကာလအတွင်း ဗိုလ်လုပွဲသို့ ပထမဆုံး အနေဖြင့် တက်ရောက် နိုင်ခဲ့ပြီ ဖြစ်သည်။
အင်တာဗျုး တစ်ခုတွင် မော်ရင်ဟိုက “ကျွန်တော်တို့ဟာ သွေး ... ချွေးနဲ့... ရင်းပြီး သူရဲကောင်းတွေ စုဝေးနေတဲ့ အသင်းပါ။ အခုလို ချန်ပီယံလိဂ် ဖိုင်နယ် အဆင့်အထိ တက်နိုင်တာဟာ ကျွန်တော့်ဘ၀မှာ အကောင်းဆုံး အောင်မြင်မှု တစ်ခုပဲ ဖြစ်ပါတယ်။ အင်တာ အသင်းရဲ့ ဂိုးသမား ဆီဇာဟာလည်း အရမ်းကို တော်ခဲ့ပါတယ်။ ကျွန်တော် အရင် ပေါ်တို အသင်းမှာ ရှိတုန်းကလိုမျိုး တစ်ခါ ပြန်ဖြစ်ဖို့ သေချာ နေပါပြီ။
ဘာစီလိုနာ ဂိုးသမား ဗဲလ်ဒက်စ်ဟာ ပွဲအပြီး ကျွန်တော်ရဲ့ အောင်ပွဲခံတဲ့ ပုံစံကို အပြစ်မြင် နေတဲ့ ပုံပဲ။ ဒါလုံးဝ မဟုတ်ပါဘူး။ အင်တာ ပရိသတ်တွေနဲ့ အတူ ပျော်ရွှင်မှုကို ကျွန်တော် ခံစားချင်တဲ့ ဆန္ဒတစ်ခုပဲ ရှိပါတယ်” ဟု ပြောဆို ခဲ့သည်။

ဆီမီးဖိုင်နယ် ချန်ပီယံလိဂ်ညများ (၂၈-၂၉ )

2:25 AM Posted In Edit This 0 Comments »
ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခဲ့ရသည့် ဘာစီလိုနာ


စပိန်ကလပ် ဘာစီလိုနာ အသင်းမှာ ယမန်နေ့က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယ အကျော့ အိမ်ကွင်း ပွဲစဉ်အဖြစ် အင်တာ အသင်းနှင့် ကစားခဲ့ရာ ၁းဝ ဖြင့် အနိုင် ရခဲ့သော်လည်း နှစ်ကျော့ပေါင်း ရလဒ် ၂း၃ အရ ပြိုင်ပွဲမှ ထွက်လိုက်ရပြီ ဖြစ်သည်။
ပြီးခဲ့သည့် ပထမအကျော့ အဝေးကွင်းတွင် ကစားစဉ်က ဘာစီလိုနာမှာ အိမ်ရှင် အင်တာအသင်းကို ၃း၁ ဖြင့် အပြတ်အသတ် အရေးနိမ့် ထားခဲ့သည်။ ယမန်နေ့ ဒုတိယအကျော့ အိမ်ကွင်း ပွဲစဉ်တွင် ဘာစီလိုနာ အသင်းမှာ အားပေးသူ ပရိသတ်ပေါင်း ၉၈၀၀၀ ရှေ့မှောက်ဝယ် အင်တာအသင်း ဘက်ကို ဖိအား ပေးခဲ့သော်လည်း ပြိုင်ဘက် အသင်း၏ မာကျောလှသည့် ခံစစ်ကြောင့် ဒုတိယပိုင်း ၈၄ မိနစ်မှသာ ဂိုးရရှိခဲ့ပြီး ယင်းဂိုးကို ခံစစ်မှူး ပီကေးက သွင်းယူခဲ့သည်။
ဧည့်သည် အင်တာအသင်းမှ ကွင်းလယ်လူ မော်တာမှာ ယမန်နေ့ ပွဲစဉ်၏ ပထမပိုင်း ၂၈ မိနစ်တွင် နှစ်ဝါ တစ်နီဖြင့် ထုတ်ပယ် ခံခဲ့ရသည်။ ယမန်နေ့ ပွဲရလဒ်အရ ဥရောပ ပြိုင်ပွဲ သမိုင်းတစ်လျှောက် နှစ်ပေါင်း ၄၀ ကျော် ကာလ အတွင်း ပထမဆုံး အနေဖြင့် ချန်ပီယံလိဂ် ဖိုင်နယ်သို့ တက်ရောက် နိုင်ခဲ့သည့် အင်တာ အသင်းမှာ လာမည့် မေလ ၂၂ ရက်နေ့၊ စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ ဘာနေဗျုး ကွင်းကြီးတွင် နောက်ဆုံး ဗိုလ်လုပွဲအဖြစ် ဂျာမန်ကလပ် ဘိုင်ယန်အသင်းနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

ဆီမီးဖိုင်နယ် ချန်ပီယံလိဂ် ညများ (၂၈-၂၉ )

2:22 AM Posted In Edit This 0 Comments »
ဘိုင်ယန် ဖိုင်နယ် တက်ပြီ


ဘိုင်ယန် အသင်းမှာ ယမန်နေ့က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယ အကျော့ ပွဲစဉ်အဖြစ် လိုင်ယွန် အသင်းနှင့် အဝေးကွင်းတွင် ကစားခဲ့ရာ ၀း၃ ဖြင့် အနိုင် ရရှိပြီး နှစ်ကျော့ပေါင်းရ လဒ် ၀း၎ အရ ဖိုင်နယ် အဆင့်သို့ တက်ရောက်သွားပြီ ဖြစ်သည်။
ယင်းမှာ အဆိုပါ ဂျာမန် ကလပ် အတွက် ၂၀၀၁ ခုနှစ်နောက်ပိုင်း ပထမဆုံး အောင်မြင်မှုလည်း ဖြစ်သည်။ ဘိုင်ယန် အသင်းမှာ ပြီးခဲ့သည့် ပထမ အကျော့ အိမ်ကွင်းတွင် ကစားခဲ့စဉ်က လိုင်ယွန်ကို ၁းဝ ဖြင့် အနိုင်ရရှိထားသည်။ ယမန်နေ့ ဒုတိယအကျော့ အဝေးကွင်း ပွဲစဉ်တွင် ဘိုင်ယန် အသင်း အတွက် ဂိုးများကို တိုက်စစ်မှူး အိုလစ်က ပထမပိုင်း ၂၆ မိနစ်၊ ဒုတိယပိုင်း ၆၇ မိနစ်နှင့် ၇၈ မိနစ်များတွင် သွင်းယူသွားခဲ့သည်။
ယမန်နေ့ ပွဲတွင် အိမ်ရှင် လိုင်ယွန် အသင်းမှ ဘရာဇီး နောက်ခံလူ ခရစ္စမှာ ပွဲကစားချိန် ဒုတိယပိုင်း ၅၉ မိနစ်တွင် နှစ်ဝါ တစ်နီဖြင့် ထုတ်ပယ် ခံခဲ့ရသည်။ ယခုနှစ်ရာသီ ချန်ပီယံလိဂ် ဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည့် ဘိုင်ယန်မှာ ယနေ့ညတွင် ယှဉ်ပြိုင် ကစားမည့် ဘာစီလိုနာ-အင်တာ ပွဲစဉ်မှ အနိုင်ရရှိလာမည့် အသင်းနှင့် လာမည့် မေလ ၂၂ ရက်နေ့တွင် ထိပ်တိုက် ရင်ဆိုင်ရမည် ဖြစ်သည်။
ဘိုင်ယန် အသင်းမှာ ပြီးခဲ့သည့် ၂၀၀၁ ခုနှစ် ချန်ပီယံလိဂ် ဖိုင်နယ်တွင် စပိန်ကလပ် ဗလင်စီယာကို ပင်နယ်တီဖြင့် အနိုင်ယူပြီး ဗိုလ်စွဲခဲ့ဖူးသည်။

ဘာစီလိုနာနှင့် ပြန်ဆုံရမည့် ပွဲအတွက် မော်ရင်ဟို အသင့်ဖြစ်နေ

10:15 AM Posted In Edit This 0 Comments »
ဘာစီလိုနာနှင့် ပြန်ဆုံရမည့် ပွဲအတွက် မော်ရင်ဟို အသင့်ဖြစ်နေ


အင်တာ အသင်း နည်းပြ မော်ရင်ဟိုမှာ လာမည့် ဘာစီလိုနာ အသင်းနှင့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်အတွက် ဆန်းကြယ်သည့် နည်းဗျူဟာများကို စီစဉ်ထားကာ ရင်ဆိုင်ရန် အသင်ြ့ဖစ်နေပြီ ဖြစ်သည်။
အင်တာ နှင့် ဘာစီလိုနာတို့မှာ ယခုရာသီ ချန်ပီယံလိဂ် အုပ်စု အဆင့်တွင် တွေ့ဆုံခဲ့ကြဖူးသည့် အသင်းများ ဖြစ်သည်။ နည်းပြ မော်ရင်ဟိုက “ ကျွန်တော့် အနေနဲ့ ဘာစီလိုနာ အသင်းနဲ့ ပြန်ဆုံရမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲမှာ အသင်းရဲ့ နည်းဗျူ ဟာကို အပြောင်းအလဲ လုပ်ဖို့ ရှိပါတယ်။ ဘာစီလိုနာဟာ လာမယ့် ဒုတိယအကျော့ ကျရင် သူတို့ကွင်းမှာ ကစားရ မယ်ဆိုတော့ သူတို့အတွက် အခွင့်အရေး ပေါ့ဗျာ။ ဒါကို ကျွန်တော်တို့ သိထားဖို့ လိုပါတယ်။ ကျွန်တော်တို့ အနေနဲ့ သမိုင်းမှာ မော်ကွန်းတင်လောက်တဲ့ ချန်ပီယံလိဂ် အောင်မြင်မှုမျိုး ရအောင် ကြိုးစားသွားမှာပါ။ တကယ်လို့ ကျွန်တော်တို့ အနေနဲ့ ဒီနှစ်မှာ ချန်ပီယံလိဂ် ဖလား မရရင် နောက်နှစ်ပေါ့ဗျာ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ အသင်းရဲ့ အားကောင်းတဲ့ ယုံကြည် မှုနဲ့ စိတ်ဓါတ်တွေကို အများသိအောင် ပြသနိုင်ဖို့က ပိုအရေးကြီးပါတယ် ” ဟု ပြောဆိုခဲ့သည်။
အင်တာ အသင်းမှာ ချန်ပီယံလိဂ် ဖလားကို သမိုင်းတစ်လျှောက် ၁၉၆၄ ခုနှစ် နှင့် ၁၉၆၅ ခုနှစ်များတွင် ၂ နှစ်ဆက်တိုက် ရယူခဲ့ဖူးသည်။

ချန်ပီယံလိဂ် ဒုတိယည ပွဲစဉ်များ ( ၇-၄-၂၀၁၀ )

10:04 AM Posted In Edit This 0 Comments »
မန်ယူ ၃-၂ ဘိုင်ယန်

မန်ယူ အသင်းမှာ ယမန်နေ့က ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ အိမ်ကွင်း ပွဲစဉ်အဖြစ် ဘိုင်ယန် အသင်းနှင့် ကစားခဲ့ရာ ၃း၂ ဖြင့် အနိုင်ရခဲ့သော်လည်း နှစ်ကျော့ပေါင်းရလဒ် ၄း၎ အရ ပြိုင်ပွဲမှ ထွက်လိုက်ရပြီဖြစ်သည်။
ပြီးခဲ့သည့် ပထမအကျော့ အဝေးကွင်းပွဲတွင် မန်ယူမှာ ဘိုင်ယန်အသင်းကို ၂း၁ ဖြင့် ရှုံးနိမ့်ထားခဲ့သည်။ ယမန်နေ့ ဒုတိယအကျော့ အိမ်ကွင်း ပွဲစဉ်တွင် မန်ယူ အသင်းအတွက် ဂိုးများကို ပထမပိုင်း ၃ မိနစ်တွင် ဂစ်ဘ်ဆင်၊ ၇ မိနစ်နှင့် ၄၁ မိနစ်တွင် နာနီတို့က အသီးသီးသွင်းယူသွားခဲ့ပြီး ဧည့်သည် ဘိုင်ယန် အသင်းအတွက် ဂိုးများကို ပထမပိုင်း ၄၃ မိနစ်တွင် အိုလစ်နှင့် ဒုတိယပိုင်း ၇၄ မိနစ်တွင် ရော်ဘင်တို့က သွင်းယူခဲ့သည်။
မန်ယူ အသင်းမှ နောက်ခံလူ ရာဖေးလ်မှာ ယမန်နေ့ပွဲ၌ ပွဲကစားချိန် ဒုတိယပိုင်း မိနစ် ၅၀ တွင် နှစ်ဝါတစ်နီဖြင့် ထုတ်ပယ် ခံခဲ့ရသည်။ လာမည့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်တွင် ဘိုင်ယန်အသင်းမှာ ပြင်သစ်ကလပ် လိုင်ယွန် အသင်းနှင့် အားစမ်းရမည် ဖြစ်သည်။

http://www.youtube.com/watch?v=Fi4DJJ5_9F4


ဘော်ဒိုး ၁းဝ လိုင်ယွန်

လိုင်ယွန် အသင်းမှာ ယမန်နေ့က ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယ အကျော့ အဝေးကွင်း ပွဲစဉ် အဖြစ် ဘော်ဒိုး အသင်းနှင့် ကစားခဲ့ရာ ၁းဝ ဖြင့် ရှုံးနိမ့်ခဲ့သော်လည်း နှစ်ကျော့ပေါင်း ရလဒ် ၂း၃ အရ သမိုင်း တစ်လျှောက် ပထမဆုံး အကြိမ် အဖြစ် ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်သွားပြီ ဖြစ်သည်။
ပြီးခဲ့သည့် ပထမ အကျော့ အိမ်ကွင်း ပွဲစဉ်တွင် လိုင်ယွန် အသင်းမှာ ဘော်ဒိုးကို ၃း၁ ဖြင့် အနိုင်ရထားခဲ့သည်။ ယမန်နေ့ ဒုတိယ အကျော့ အိမ်ကွင်း ပွဲစဉ်တွင် ဘော်ဒိုး အသင်း အတွက် ဂိုးကို ပထမပိုင်း ၄၅ မိနစ်တွင် ချာမက်ခ်က သွင်းယူသွားခဲ့သည်။
လိုင်ယွန် အသင်းမှာ လာမည့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်တွင် ပြီးခဲ့သည့် ကွာတားဖိုင်နယ် အဆင့်၌ မန်ယူ အသင်းကို အဝေးဂိုး စည်းမျဉ်း အရ အနိုင်ရခဲ့သည့် ဘိုင်ယန် အသင်းနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။