Dementia

2:03 PM Posted In Edit This 0 Comments »

သူငယ်ပြန် ရောဂါ (၁)

Dementia Syndrome ကို online အင်္ဂလိပ်-မြန်မာ အဘိဓာန်မှာ ရှာကြည့်တာ မတွေ့လို့ “သူငယ်ပြန်ရောဂါ” လို့ပဲ မြင်သာတဲ့ နာမည် ပေးလိုက်ပါတယ်။ သက်ကြီးရွယ်အိုတွေမှာ ကလေးလို ပြန်ဖြစ်သွားပြီး ကလေးကဲ့သို့ ပြုမူနေထိုင်တာမျိုးကို လူတော်တော်များများ မြင်ဖူးကြားဖူးကြလို့ပါပဲ။ တကယ်ဆို အဲဒီအပြုအမူမျိုးဟာ ရောဂါနှောင်းပိုင်းမှာမှ ဖြစ်တာပါ။ အစပိုင်းဆိုရင် ရောဂါလက္ခဏာတွေက မသိသာပဲ သာမန်အသက်ကြီးခြင်း (normal ageing) နဲ့ ရောထွေး နေတတ်ပါတယ်။

အမှန်တော့ သူငယ်ပြန်ရောဂါ (Dementia Syndrome) ဟာ အသက်ကြီးခြင်းရဲ့ မလွှဲမရှောင်သာ နောက်ဆက်တွဲကိစ္စတစ်ခု မဟုတ်ပဲ အတိုင်းအတာတစ်ခုအထိ ကုသနိုင်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ အသက်ကြီးလို့ မေ့တတ်ခြင်းထက် ပိုမိုတဲ့ အထွေထွေ ဦးနှောက် စွမ်းရည် ကျဆင်းလာခြင်း (global impairment of cognitive functions) ပါ။ ဦးနှောက် တဖြည်းဖြည်း ပျက်စီးခြင်း (degenerative disease of the brain) ဖြစ်ပြီး၊ မပျောက်ကင်းနိုင်သလို တဖြည်းဖြည်းနဲ့လည်း ဆိုးလာတတ်ပါတယ်။ ဒါဆို ဘာလို့ ဆေးကုမလဲလို့ မေးရင် လူနာရဲ့ လက်ရှိ ဘ၀ အရည်အသွေးကို တတ်နိုင်သမျှ ထိန်းထားပေးဖို့ - လို့ ဖြေရပါလိမ့်မယ်။


ယေဘူယျ လက္ခဏာ တွေကတော့

  • ရေတို မှတ်ဉာဏ် မကောင်း တော့ခြင်း (ဥပမာ - ရှေး ပဝေသဏီက အကြောင်းအရာ တွေကို မှတ်မိပြီး ဒီနေ့ မနက်စာ ဘာ စားသလဲ မမှတ်မိ တာမျိုး)

  • အချိန် နဲ့ ပတ်ဝန်းကျင်ကို သတိ မရှိတော့ပဲ မှားယွင်း ကုန်ခြင်း (ဥပမာ - ညကြီး သန်းခေါင် အိပ်ရာက နိုးပြီး နေ့ည မှားကာ အပြင်ထွက်ဖို့ ပြင်ဆင် တာမျိုး)

  • လွယ်ကူသော ဆုံးဖြတ်ချက် များကိုပင် မချ နိုင်တော့ခြင်း (ဥပမာ - အ၀တ်အစား ရွေးချယ်ရာ မှာတောင် ခက်ခဲလာပြီး သူများက ကူနေ ရတာမျိုး)

  • အမှန်းအဆ လွဲချော် မှားယွင်းမှု များလာခြင်း (ဥပမာ - ကားလမ်း ကူးရာမှာ မလွတ်နိုင် တာကို လွတ်မယ်လို့ ယုံကြည်ပြီး ကူးတာမျိုး)

  • စကားလုံး ရှာမရပဲ စကားစများ ပြတ်တောက် ကုန်ခြင်း (ဥပမာ - ပြောချင်တာ သိလျက်နဲ့ လျှာဖျားမှာ ထစ်နေသလိုမျိုး ခဏခဏ ဖြစ်တာ ရှက်လာလို့ နောက်ဆုံး လူအများ စကားဝိုင်းဆို ရှောင် လာတာမျိုး)

  • နေ့စဉ် လုပ်နေကျ လွယ်ကူ နေကျ ကိစ္စများကို မလုပ်တတ်တော့ပဲ ခက်ခဲလာခြင်း (ဥပမာ - ဟင်းချက် နေကျလူက ဟင်းချက်တဲ့ အဆင့် အထာတွေ လွဲချော် ကုန်တာမျိုး)

  • လူရည် လူသွေး နဲ့ အမူ အကျင့် ပြောင်းလာခြင်း (ဥပမာ - အရင်က သိပ်အေးဆေး တဲ့လူက ဒေါသကြီး ဆဲဆို လာတာမျိုး)
  • -
    တို့ ဖြစ်ပါတယ်။

    ဒီလက္ခဏာတွေ အတော်များများ ခြောက်လထက် ပိုကြာကြာ ရှိပြီး၊ နေ့စဉ် ရပ်တည်လုပ်ကိုင်မှုတွေကို ထိခိုက်လာပြီ (ဆိုလိုတာက အရင်က အင်မတန် ကိုယ့်အားကိုယ်ကိုး ရပ်တည်နိုင်သူတစ်ယောက်ဟာ ရောဂါကြောင့် သာမာန် ကိစ္စလေးတွေကိုတောင် ကိုယ့်ဖာသာ ကိုယ် မလုပ်နိုင် တော့တာပဲ သူများအပေါ် မှီခိုရမှု များလာတာ) ဆိုရင်တော့ သူငယ်ပြန်ရောဂါ (Dementia Syndrome) ခံစား နေရတယ် လို့ ပြောလို့ ရနေပါပြီ။

    သူငယ်ပြန်ရောဂါ ဟုတ်၊ မဟုတ် အပ်ချမတ်ချ အဖြူအမည်း သိစေတဲ့ သွေးစစ်ခြင်း သို့မဟုတ် ဓာတ်မှန်ပုံရိပ်ရှာခြင်း မရှိသေးပါဘူး။ အသေချာဆုံးက လူနာသေဆုံးတဲ့အခါ ဦးနှောက်ကို ခွဲစိတ်ကြည့်မှပဲ သိနိုင်ပါတယ်။ လူနာ သက်ရှိထင်ရှားနေတုံး ရောဂါအမည် ရနိုင်ဖို့ကတော့ လူနာရှင်ကတဆင့် စုံစမ်းသိရတဲ့ ရောဂါလက္ခဏာတွေနဲ့ သူတို့ရဲ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းပေါ် အများကြီး တည်မှီပါတယ်။

    ပိုသေချာအောင်လို့ တခြား ဖြစ်တတ်တဲ့ ရောဂါများကို ရှာဖွေစစ်ထုတ်ရပါတယ်။ ဥပမာအားဖြင့် ဦးနှောက်တွင်း သွေးခဲခြင်း၊ ဦးနှောက် တွင်း အရည် စုအောင်းခြင်း၊ ဗိုက်တာမင် ဘီ-၁၂ နဲ့ ဖိုးလစ်အက်စစ် လျော့နည်းခြင်း၊ သိုင်းရွိုက် ဟော်မုန်း လျော့နည်းခြင်း တို့မှာလည်း သူငယ်ပြန်ရောဂါ အစပိုင်းနဲ့ ဆင်တဲ့ လက္ခဏာတချို့ ပြတတ်လို့ပါပဲ။ ဒီလို ဖြစ်နှုန်း သိပ်နည်းပေမယ့် ဟုတ်ခဲ့ရင် ကုသ ပျောက်ကင်း နိုင်တာမို့ မဖြစ်မနေ စစ်ဆေးရပါတယ်။

    လူနာတွေရော၊ လူနာရှင်တွေပါ အများဆုံး ပြောတဲ့ အစောပိုင်း ရောဂါလက္ခဏာကတော့ ပြောပြီးသားစကား၊ မေးပြီးသားမေးခွန်းကို ခဏခဏ ပြန်ပြော၊ ပြန်မေးတာပါပဲ။ တချို့ဆို မိနစ်ပိုင်းအတွင်း ထပ်ကာတလဲလဲ ပြောနေ၊မေးနေတတ်လို့ အိမ်ထောင်ဖက်ကို တော်တော် စိတ်အနှောက်အယှက် ဖြစ်စေပါတယ်။ သူလည်း ကြာတော့ စိတ်တိုလာတာပေါ့လေ။

    ရောဂါလက္ခဏာ အတော်များများကို ကာယကံရှင်ထက် မိသားစုအသိုင်းအ၀ိုင်းက ပိုသတိထားမိတာ များပါတယ်။ ဒီရောဂါ ရှိတယ် ထင်လို့ အထူးကုဆေးခန်းဆေးရုံကို လာပြတဲ့ လူနာတွေကို သူတို့ရဲ့ မိသားစုဝင်(တွေ)နဲ့ ကြည့်ရပါတယ်။ ကာယကံရှင်က ရောဂါ လက္ခဏာကို ပြဿနာလို့ မမြင်တတ်လို့ပါ။ သနားဖို့ ကောင်းတာက ရောဂါမှန်း မသိလို့ မကုတော့ ဆေးသောက်ပြီး ခဏထိန်းထားနိုင်တဲ့ အခွင့်အရေး၊ ရောဂါဆိုးလာရင် ဘာတွေ ဖြစ်နိုင်တယ်ဆိုတာ ကြိုသိပြီး ပြင်ဆင်ထားနိုင်တဲ့ အခွင့်အရေး မရတော့ဘူးပေါ့။ အန္တရာယ် ဆိုတာ ဘယ်အချိန်မှာ ဘယ်လို ကျရောက်မယ်မှန်း မသိနိုင်တာ မှန်ပေမယ့် မှန်းလို့ ရတာ လေးတွေ ကို ကြိုပြင် ထားနိုင် တာကိုး။

    အိမ်သားတွေခမျာလည်း တစ်ခါတစ်ခါ သူတို့ ခင်ပွန်း၊ ဇနီး၊ အဖေ၊ အမေ၊ ယောက္ခမ (လူနာ) အရှေ့မှာ သူတို့ (လူနာ) အကြောင်း အမှန်တွေ ပြောရတာ သိပ်တော့ မလွယ်လှဘူး။ လူနာက လျှော့ပေါ့မြင်ထား၊ ပြောထားတာတွေကို ဆန့်ကျင်ပြီး၊ ဆရာဝန်ကို အရှိ အတိုင်း သတင်းပေးရတာကိုး။ ဆေးခန်းက အပြင်ထွက်တာနဲ့ ရန်ဖြစ်ဖို့၊ အဆူခံရဖို့ အကြောင်းရှိပါတယ်။ ဒီလို အခြေအနေကို ဆရာဝန် က ညင်ညင်သာသာ ကိုင်တွယ်ဖြေရှင်းတတ်ဖို့ အရေးကြီးပါတယ်။ အဲဒီလိုမှ မဟုတ်ရင် မိသားစုတွင်း စိတ်ကသိကအောက်တွေ ဖြစ်၊ စိတ်တွေဆိုးနဲ့ နောက်ဆုံးတော့ လူနာခမျာ ဂရုစိုက် ကူညီမယ့် အဓိက ကျောထောက်နောက်ခံ (မိသားစု) မရှိပဲ ဖြစ်သွားတတ်လို့ပါ။

    ယေဘူယျ ရောဂါ လက္ခဏာတွေ တူပေမယ့်၊ ရောဂါဇစ်မြစ်ပေါ် မူတည်လို့ သူငယ်ပြန်ရောဂါ အမျိုးမျိုး (Different types of Dementia) ရှိပါတယ်။

  • အယ်လ်ဇိုင်းမား သူငယ်ပြန် ရောဂါ (Dementia in Alzheimer's Disease)

  • ဦးနှောက်ထဲ သွေး အရောက် နည်းခြင်း နဲ့ လေဖြတ်ခြင်း ကြောင့် ဖြစ်တဲ့ သူငယ်ပြန် ရောဂါ (Vascular Dementia)

  • အထက်ပါ နှစ်မျိုး ရောနေသော သူငယ်ပြန်ရောဂါ (Mixed Dementia)

  • “လျူဝီဘော်ဒီ” ခေါ် ဦးနှောက် ဆဲလ်တွင်း စွန့်ထုတ် ပစ္စည်း တစ်မျိုး ကြောင့် ဖြစ်သော သူငယ်ပြန် ရောဂါ (Dementia with Lewy Bodies)

  • “ပါကင်ဆင် ရောဂါ” ခေါ် အကြော ရောဂါ တစ်မျိုးကို ကြာရှည် ခံစားရာမှ ဖြစ်လာသော သူငယ်ပြန် ရောဂါ (Dementia in Parkinson's Disease)

  • အခြား ရှားပါးသော သူငယ်ပြန် ရောဂါတစ်ချို့
  • တို့ ဖြစ်ပါတယ်။

    အယ်လ်ဇိုင်းမား သူငယ်ပြန်ရောဂါ (Dementia in Alzheimer's Disease) ကတော့ အတွေ့အများဆုံး သူငယ်ပြန်ရောဂါ ဖြစ်ပါတယ်။ အသက်ကြီး သူတွေမှာ ဖြစ်တတ်တဲ့ သူငယ်ပြန်ရောဂါအားလုံးရဲ့ ၅၅-၇၀% ဟာ အယ်လ်ဇိုင်းမား သူငယ်ပြန် ရောဂါ ဖြစ်ပါတယ်။ အနောက်နိုင်ငံ သုတေသန ပြုချက်များ အရ အသက်(၆၅)နှစ်ကျော်သူတွေရဲ့ ၅%ဟာ ဒီရောဂါ ခံစားရဖို့ အလားအလာ အန္တရာယ် ရှိပြီး၊ အသက် ငါးနှစ်ကြီးလာတိုင်း ဒီအလားအလာက နှစ်ဆ တက်သွားတတ်ပါတယ်။ အသက် (၈၅) နှစ်ကျော်ပြီ ဆိုရင်တော့ ဒီရောဂါ ဖြစ်နိုင်ချေ ၄၀% ရှိနေပါပြီ။ လူငါးယောက်မှာ နှစ်ယောက် ဖြစ်တဲ့ သဘောပေါ့။ လက်ရှိ ကိန်းဂဏန်းများ အရ ယူကေမှာ အယ်လ်ဇိုင်းမား သူငယ်ပြန် ရောဂါ (Dementia in Alzheimer's Disease) ဝေဒနာရှင်ပေါင်း ငါးသိန်း ရှိပြီး ကမ္ဘာတလွှားမှာ သန်းသုံးဆယ် ရှိတယ်လို့ ခန့်မှန်း ပါတယ်။

    ဆက်လက် ရေးသားပါမယ်.....

    Reference:
    1. World Health Organisation (1992) The ICD-10 Classification of Mental and Behavioural Disorders, Geneva: WHO
    2. Semple, D., Smyth, R., Burns, J., Darjee, R. & McIntosh, A. (2005). Oxford Handbook of Psychiatry, Oxford: University Press.

    Medical Care For All

    1:44 PM Posted In Edit This 0 Comments »

    မေးတစ်ခုပါ....ဒီနေ့ခေတ်မှာကွန်
    ပြူတာသုံးတဲ့သူငယ်ချင်းတွေသိထားသင့်တယ်ထင်လို့ပါ
    ကွန်ပျူတာတစ်စုံ ရှိ Keyboard မှာ Office တခုရဲ့ အများသုံး Toilet ထက်
    ၅ ဆ ပိုညစ်ပတ်ပါသတဲ့ ။

    မယုံမရှိကြပါနဲ့ ။ London National Laboratory တစ်ခုရဲ့ တိကျသေချာသော
    သုသေသန လုပ်ဆောင်ချက်တစ်ခုကနေ ရရှိလာတဲ့ Reslut တစ်ခုပါ၊

    Computer တခုရဲ့  Keyboard တခုတွင် Bacteria သန်းနှင့်ချီပြီး ပေါက်ဖွား
    ရှင်သန်နိုင်ကြောင်း လေ့လာတွေ့ ရှိရသည်။

    ထို Bacteria များသည် လူတို့ အား အစာအဆိပ်သင့်ခြင်း (ဗိုက်ထဲ
    တွင်မအီမသာဖြစ် ပြီး ၀မ်းလျောခြင်း ) မှ အစ သေစေနိုင်လောက်သည့် ရောဂါ
    များ အထိ ဖြစ်ပွား ပျံ့ နှံ့ စေနိုင်သည်။


    ပြီးခဲ့ သည့် မကြာသေးမီ ကာလက ရန်ကုန်မြို့တွင် လူမသိသူမသိ
    အဖြစ်အပျက်လေးတစ်ခုဖြစ်ပျက်ခဲ့ သည်။


    တခြားတော့ မဟုတ်ပါ Computer Keyboard မှ Bacteria များက မွေးကင်းစကလေးငယ်
    တစ်ဦးကို ဆုံးပါးသွားစေခဲ့ သည်။


    အသက်ကြီးမှာ အိမ်ထောင်ကျသော ဇနီးမောင်နှံ နှစ်ဦး တို့ တွင် အသက် ၃၀
    ကျော်မှ ရသောကလေးလေး ဖြစ်သည်။

    အသက်ကြီးမှ ရသောကလေးမို့ မိဘများက တအားတန်ဖိုးထားသည့် (Precious Baby )
    လေး ဖြစ်သည်။


    အဖေဖြစ်သူက Computer Programmer - တနေကုန် Computer ရှေ့ တွင် အလုပ်ရှုပ်နေသူ

    ရုံးကပြန်လာတိုင်း လုပ်လေ့လုပ်ထရှိသည့် အကျင့်လေးတစ်ခုက သားလေးကို
    ချီပြီး နမ်း တတ်သည်။


    ကလေးက မွေးကင်းစ (Baby ) လေး ။ ၁၀ ရက်သားခန့် သာရှိသေးသည့်
    တအားနုနယ်သည့်ကလေးလေးပေါ့။

    သိပ်မကြာ ကလေးက ဖျားပြီး ခန္ဒာကိုယ်တစ်ခုလုံးနီရဲ ရောင်ရမ်းလာကာ
    ဆေးရုံတက်ရက်သည်။ ဆရာဝန်များက မွေးကင်းစကလေးပိုးဝင်ရောဂါ(Neonatal
    Sepsis) ဟုဆိုသည်။ ၂ ရက်မြောက် ဆေးရုံပေါ်တွင် ကလေးမှာ သေသွားရှာသည်။

    မိဘတွေက လည်း ဘယ်နေမလဲ။ သူတို့ ကလေး ဘယ်လို သေရသလဲ ?
    အကြောင်းအရင်းကိုရှာသည်။ မိခင်ဖြစ်သူမှာ ကလေးကို နို့ တိုက်သည် မှအပ
    တခြားအချိန်တွင်အထိအတွေ့ နည်းသည်။
    နို့ တိုက်ကျွေးသည့်အချိန်တွင်လည်း တကယ့် သန့်သန့် ရှင်းရှင်း
    စနစ်တကျရှိလှသည်။ တခြားထိတွေ့ သူမှာ အဖေဖြစ်သူသာလျှင်ရှိတော့သည်။
    တနေကုန်ရုံးမှာ အလုပ်လုပ် ပြန်ရောက်ရောက်ချင်း လက်တောင်မဆေးပဲ ကလေးကို
    ချီ ပြီးနမ်း ရှုတ်တတ်သည့်အဖေ ။ သူ့ ကိုသူ သံသယ၀င်ပြီး
    သူငယ်ချင်းဖြစ်သူ ဆရာဝန်၏ အကူ အညီဖြင့် ဓာတ်ခွဲ ခန်း တစ်ခု တွင် သူ
့လက်မှာ ရှိတဲ့ Bacteria တွေကို
    Culture လုပ်ကြည့်တော့ တွေ့ လိုက်ရသည်မှာ သူ လက်တွင် ကပ်ငြိနေသည့်
    Bacteria က အမျိုးပေါင်း များစွာပင်။ ထို Bacteria တွေ က နုနယ်သည့်
    (immature baby) လေး ကို သေသွားစေခဲ့ ရလေသည်။

    ထို ဥပမာလေးကို သင်ခန်းစာယူ ပြီး Computer သုံးပြီးတိုင်း လက်ကို ဆပ်ပြာ
    ဖြင့် သေချာစွာဆေးကြောကြပါ။
    ဒီနေ့ ခေတ်တွင် အင်တာနက်ဆိုင်တွေများပြားလာပြီး ထိုဆိုင်များရှိ
    စက်များမှာ လူတန်းစားပေါင်းစုံ ကသုံးစွဲနေကြတော့ ညစ်ပတ်မှာက
    အသေအချာပင်။
    ထို ကြောင့် မည်သူ မဆို Computer သုံးပြီးတိုင်းလက်ဆေးသည့်အကျင့်ကို
    ဂရုတစိုက်လုပ်ဆောင်သင့်သည်။ တစ်ချို့ အင်တာနက်ဆိုင်တွေ ရဲ့ သန်
့စင်ခန်းတွေမှာ လက်ဆေးရန်စနစ်တကျလုပ်ထားပေးသည်များရှိသည်။
    ဆိုင်တိုင်းမှာလည်း လုပ်ထားပေးသင့်သည်။

    မြန်မာနိုင်ငံ မှာရှိနေသည့် Foreigner အများစုမှာ Hand Sanitizer ခေါ်
    Spray ဘူးလေးများဆောင်ထားကြသည်။
    သူတို့ အင်တာနက်ဆိုင်မှာ သုံးပြီးတိုင်း လက်ကို Hand Spray ဖြင့် သန်
့စင်ကြသည်ကိုတွေ့ ဖူးသည်။
    ထိုနည်းကတော့ ပို ပြီးကောင်းသည်။ ရေကိုင်စရာမလို ဆပ်ပြာကိုင်စရာမလို ပဲ
    သန့် စင်နိုင်သည်။
    ထိုကဲ့သို့  ပစ္စည်းမျိုးကို မသုံးနိုင်ရင်တောင်မှ ဆပ်ပြာနှင့်
    သေချာစွာဆေးကြောသင့်သည်။


    သင်တို့၏လက်ကိုသန်
့ရှင်းစင်ကြယ်စွာထားခြင်းဖြင့် သင်တို့ ဘ၀တွေပိုပြီး လှပသာယာနိုင်ကြပါစေ။

    Useful Methods For Medical officer

    1:23 PM Posted In Edit This 0 Comments »

    Disease/Illness ရောဂါ = Treatment ဆေး


    Medicine for Diseases of Eye မျက်စိရောဂါဆေးများ
    Hordeolum (Sty) မျက်စိစွန်ခြင်း၊ = I & D + Erythromycin or Bacitracin ointment every 3 hours ခွဲစိတ်ရန်၊
    Blepharitis မျက်ခွံရောင်ခြင်း၊ = Tetracycline 250 mg BD, Doxycycline 100 mg daily, Erythromycin 250 mg TDS + Prednisolone 0.125% BD
    Dacrycystitis မျက်ရည်လမ်း ရောင်ခြင်း၊ = Ciprofloxacin 0.3% Eye ointment; Antibiotics + Surgery ခွဲစိတ်ရန်၊
    Allergic Eye diseases အလာဂျီ ကြောင့်မျက်စိနာခြင်း၊ = Antihistamine + Corticosteroid
    Bacterial Keratitis မျက်စိ အကြည်လွှာရောင်ခြင်း၊ = Cefazolin 100 mg/ml and Tobamycin 15 mg/ml, Ciprofloxacin 3 mg/ml, Ofloxacin 3 mg/ml
    Gonococcal Corneal ulcer ဂနိုပိုးကြောင့် မျက်ကြည်လွှာရောင်ခြင်း၊ = Ceftriaxone 1-2 Gm IM x 5 days + Erythromycin or Bacitracin E/o
    Herpes Simplex Keratitis ရေယုံပိုးကြောင့် မျက်စိနာခြင်း၊ = Acyclovir 200-400 mg 5 times a day Orally ကော်တီဇုန်းမပေးရ၊
    Acute Angle-closure Glaucoma (extreme pain and blurred vision + nausea) မျက်စိရေတိမ်၊ Acetazolamide 500 mg IV followed by 250 mg QID Orally; 4% Pilocarpine Eye drop 1 drop every 15 minutes x 1 hour and QID; Open-angle Glaucoma (No symptom but increase intraocular pressure) = Timolol 0.25-0.5% or Carteolol 1% or Levobunol 0.5% or Metipranolol 0.3% BD
    Gonococcal Conjunctivitis ဂနိုးပိုးကြောင့်မျက်စိနာခြင်း၊ = Ceftriaxone 1 Gm IM + Erythromycin or Bacitracin E/o; Chalamydial (Trachoma) = Tetracycline/Erythromycin 250 mg QID Orally or Doxycycline 100 mg BD x 3-5 weeks or Azythromycin 20 mg/kg stat + Surgery for Entropion မျက်တောင်မွှေးစိုက်ခြင်းအတွက်ခွဲစိတ်ရန်၊
    Viral Conjunctivitis ဗိုင်းရပ်စ်ကြောင့် မျက်စိနာခြင်း၊ = Sulfonamide + Prednisolone 0.125% QID

    Medicine for Diseases of Ear နားရောဂါဆေးများ
    Acute Otitis Media ရက်တို နားပြည်ယိုခြင်း၊ = Carbamazepine 100-300 mg TDS; Amoxacillin 250-500 mg TDS x 7 days or Erythromycin 50 mg/kg/day + Sulfonamide 150 mg/kg/day x 10 days or Cefaclor 20-40 mg/kg/day; or Augmentin (Amoxacillin + Clavulanic acid) 500 mg TDS or Cefuroxime 500 mg Orally BD or Cefpodoxime 200-400 mg daily or Doxycycline 100 mg BD or (TMP 160 mg+SMZ 800 mg) BD x 10 days
    Chronic Otitis Media နာတာရှည် နားပြည်ယိုခြင်း၊ = Ciprofloxacin 500 mg BD x 1-6 week
    Serous Otitis Media နားရည်ယိုခြင်း၊ = Prednisolone 40 mg/day + Amoxacillin 250 mg TDS x 7 days

    Medicine for Diseases of Urinary Tract ဆီးလမ်းကြောင်းရောဂါဆေးများ
    Urethritis and Cervicitis caused by Chlamydia (ကလာမိုင်ဒီယား)ကြောင့်ဖြစ်သော သားအိမ်အဝ-ဆီးပြွန်အဝ ရောင်ခြင်း၊ Erythromycin 250-500 mg QID, Doxycycline 100 mg BD or Azithromycin 500 mg OD
    Acute Pylonephritis ကျောက်ကပ်ပြွန်ရက်တိုရောင်ခြင်း၊ = Ciprofloxacin 400 mg IV BD or 750 mg BD Orally or Levofloxacin 500 mg IV OD or Ampicillin 1 Gm QID and Gentamycin 1 mg/kg TDS IV x 21 days Ciprofloxacin 500-750 mg BD Orally x 21 days or Ofloxacin 200-300-400 mg BD Orally x 21 days or Trimethoprim-Sulpfamethoxazole 160/800 mg BD x 21 days
    Acute Cystitis and Acute Prostatitis ရက်တိုဆီးလမ်း၊ ဆီးအိမ်ရောင်ခြင်း၊ ကျား-ဆီးကြိတ် ရောင်ခြင်း၊ = Cephalexin 250-500 mg QID Orally x 1-3 days; Ciprofloxacin 250-500 mg BD x 1-3 days; Nitrofurantoin 100 mg BD-QID PC x 7 days; Ofloxacin 200 mg BD x 1-3 days; Trimethoprim-Sulfamethoxazole 160/800 mg stat
    Chronic Prostatitis နာတာရှည် ဆီးလမ်း၊ ကျား-ဆီးကြိတ် ရောင်ခြင်း၊ = Ciprofloxacin 250-500 mg BD Orally x 1-3 months; Ofloxacin 200-400 mg BD Orally x 1-3 months; Trimethoprim-Sulfamethoxazole 160/800 mg BD x 1-3 months
    Urethritis ဆီးလမ်းပြွန်အဝ ရောင်ခြင်း၊ = Cefixime 400 mg Orally once; Ciprofloxacin 500 mg Orally once; Ceftriaxone 250 mg IM once
    Acute Interstitial Nephritis (Penicillins, Cephalosporins, Sulfonamides, NSAIDs, Rifampin, Phenytoin, Allopurinol) ဆေးများ နှင့် Infections ကြောင့် ကျောက်ကပ်ရောင်ခြင်းများ၊ = Methylprednisolone 0.5-1 Gm/day x 1-4 days or Prednisolone 60 mg/day x 1-2 weeks; Acute Glomerulonephritis (Hypertension, Edema, urinary RBC and Albumin) = High-dose Steroids
    Urethritis and Cervicitis caused by Chlamydia (ကလာမိုင်ဒီယား)ကြောင့်ဖြစ်သော သားအိမ်အဝ-ဆီးပြွန်အဝ ရောင်ခြင်း၊ Erythromycin 250-500 mg QID, Doxycycline 100 mg BD or Azithromycin 500 mg OD
    Acute Pylonephritis ကျောက်ကပ်ပြွန်ရက်တိုရောင်ခြင်း၊ = Ciprofloxacin 400 mg IV BD or 750 mg BD Orally or Levofloxacin 500 mg IV OD or Ampicillin 1 Gm QID and Gentamycin 1 mg/kg TDS IV x 21 days Ciprofloxacin 500-750 mg BD Orally x 21 days or Ofloxacin 200-300-400 mg BD Orally x 21 days or Trimethoprim-Sulpfamethoxazole 160/800 mg BD x 21 days

    Medicine for Diseases of Liver အသဲရောဂါဆေးများ
    Pyogenic Hepatic Abscess အသဲပြည်တည်နာ၊ = 3rd generation Cephalosporin and Metronidazole
    Alcoholic Hepatitis အရက်ကြောင့် အသဲရောင်ခြင်း၊ = Good Nutrition, vitamin supplement (40 kcal/kg with 1.5-2 G/kg as protein + Folic acid and B 1), Methylprednisolone 32 mg/day x 1 month
    Cirrhosis Liver အသဲခြောက်ရောဂါ၊ = Nutrition (Adequate calories and protein (75-100 G/day) + Ascies treatment (Protein 60-80 G/day only + Low sodium intake + Spironolactone 100 mg daily every 3-5 days/Frurosemide 40-160 mg/day + Large volume paracentesis (4-6 L/day) + Surgery
    Amebic Liver abscess အမီးဘား ပိုးကြောင့် အသဲရောင်ခြင်း၊ = Metronidazole [750 mg TDS x 10 days] or Tinidazole [800 mg TDS x 3-5 days] plus Diloxanide furoate [500 mg TDS PC x 21 days] or Idoquinol [650 mg TDS x 21 days] followed by Chloroquine [500 mg daily x 14 days]

    Pneumonias and Respiratory Tract Diseases နူမိုးနီးယားအမျိုးမျိုးနှင့် အသက်ရှူလမ်းရောဂါဆေးများ
    Pneumonia နူမိုးနီးယား၊ = Erythromycin 500 mg IV QID or Doxycycline 100 mg IV or Orally BD + Cefotaxime 1-2 Gm IV TDS ; Clindamycin 600 mg IV QID or Amoxacillin 500 mg TDS Penicillin G 1.2 million units IV QID + Metronidazole 500 mg IV or Orally; Doxycycline 100 mg BD or Erythromycin 500 mg QID or Azithromycin 500 mg on day 1 and 250 mg on days 2-5; Amoxicillin 500 mg QID x 7-10 days or Fluoroquinolone (Levofloacin) 500 mg OD/Gatifloxacin 400 mg OD/Sparfloxacin 400 mg on day 1 and 200 mg OD/Moxifloxacin 400 mg OD x 10-14 days; Clarithromycin 500 mg BD x 10 days or Doxycycline 200 mg BD x 10 days; Cefotaxime or Cefipime 1-2 g IV 8-12 hourly
    Anaerobic Pneumonia and Lung Abscess (လေမကြိုက်သည့်ပိုး) နူမိုးနီးယား၊ အဆုပ်ပြည်တည်ခြင်း၊ (1) Penicillins (Penicillin G 1-2 million units IV 4-6 hourly or Amoxacillin 500 mg TDS) + Metronidazole 500 mg IV or Orally BD/TDS (2) Clindamycin 600 mg IV TDS followed by 300 mg QID Orally or Amoxacillin 875 mg BD
    Pneumonia နူမိုးနီးယား၊ = Erythromycin 500 mg IV QID or Doxycycline 100 mg IV or Orally BD + Cefotaxime 1-2 Gm IV TDS ; Clindamycin 600 mg IV QID or Amoxacillin 500 mg TDS Penicillin G 1.2 million units IV QID + Metronidazole 500 mg IV or Orally; Doxycycline 100 mg BD or Erythromycin 500 mg QID or Azithromycin 500 mg on day 1 and 250 mg on days 2-5; Amoxicillin 500 mg QID x 7-10 days or Fluoroquinolone (Levofloacin) 500 mg OD/Gatifloxacin 400 mg OD/Sparfloxacin 400 mg on day 1 and 200 mg OD/Moxifloxacin 400 mg OD x 10-14 days; Clarithromycin 500 mg BD x 10 days or Doxycycline 200 mg BD x 10 days; Cefotaxime or Cefipime 1-2 g IV 8-12 hourly
    Aspiration Pneumonia အန်ဖတ်ဝင်၍ဖြစ်သော နူမိုးနီးယား = Clindamycin 300 mg Orally TDS or (TMP 160 mg + SMZ 800 mg) BD x 10 days or Phenoxymethyl Penicillin 500 mg Orally QID x 10-14 days
    Community-acquired Pneumonia လူစုလူဝေးမှ ရသော နူမိုးနီးယား (1) Clarithromycin 500 mg BD or Azithromycin 500 mg stat and 250 mg OD x 4 days (2) Doxycycline 100 mg BD (3) Fluroquinolones such as Gatifloxacin 400 mg OD or Moxifloxacin 400 mg OD, Eruthromycin 250-500 mg QID, Cefuroxime axetil 250-500 mg BD, Cefpodoxime proxetil 100-200 mg BD or Cefprozil 250-500 mg BD (4) Erythromycin (Azithromycin, Clarthromycin) 500 mg Orally or IV QID or Doxycycline 100 mg IV or Orally BD + Cefotaxime 2 Gm IV TDS or Ceftriaxone 1 Gm IV OD or Fluoroquinolone alone
    Upper Respiratory Tract infections, Pneumonias အသက်ရှူလမ်း အပေါ်ပိုင်း ပိုးဝင်ခြင်း၊ နူမိုးနီးယား၊ = Penicillin G, Amoxacillin, Doxycycline, Cefotaxime, Ceftriaxone, Azithromycin, TMP-SMZ, Clindamycin, Ciprofloxacin, Erythromycin
    Chest infection အသက်ရှူလမ်းရောင်ခြင်း၊ Penicillin 2 million units IV every 4 hours followed by Amoxacillin 500 mg TDS Orally
    Aphthous ulcer (အက်ဖ်သပ်စ်-အာလ်ဆာ)၊ Herpatic Stomatitis လျှာနာခြင်း၊ = Fluocinonide ointment 0.05% or Triamcinolone acetate 0.1% ointment; Diclofenic 3%; Acyclovir 200-800 mg x 5 times daily x 7-14 days; Ulcerative Gingivitis = Penicillin 250 mg TDS x 10 days
    Laryngitis လည်ချောင်းနာ၊ = Erythromycin 250 mg QID; Benzarthine penicillin G 1.2 million units IM as a single dose; Penicillin VK 500 mg QID or Amoxacillin 750 mg BD
    Acute Sinusitis ဆိုင်းနပ်စ်၊ = Amoxacillin 500 mg Orally TDS or (TMP 160 mg + SMZ 800 mg) BD x 10 days or Augmentin (Amoxacillin + Clavulanic acid) 500 mg TDS or Cefuroxime 500 mg Orally BD or Cefpodoxime 200-400 mg daily or Doxycycline 100 mg BD; Pseudoephedrine 30-120 mg + Nasal Oxymetazoline 0.5% or Xylometazoline 0.05-0.1% sprays TDS/QID; Amoxacillin 500 mg TDS or (4 mg/kg TMP- 20 mg/kg SMZ) one double strength tablet = 80-160 mg TMP + 160-800 mg SMZ) BD x 10 days; Cephalexin 250-500 mg QID, Cefuroxime 250 mg BD, Cefaclor 250 mg TDS, Cefixime 400 mg/day, Ciprofloxacin 500 mg BD, Azithromycin 500 mg OD
    Tonsillitis and Pharyngitis အာသီးရောင်၊ အာခေါင်ရောင်၊ = Benzathine Penicillin 1.2 million units IM or Procaine Penicillin Inj. 600,000 units IM x 5-10 days (or) Orally Penicillin V potassium 250 mg TDS (or) 500 mg BD x 5-10 days (or) Cefaclor 250-750 mg TDS (or) Erythromycin 500 mg Orally QID x 10 days (or) Azithromycin 500 mg on day 1 and 250 mg on days 2-5 or Clarithromycin 500 mg BD x 10 days
    Allergic Rhinitis, Hay fever, Viral rhinitis အလာဂျီရပြီး နှာစေးခြင်း၊ = Chlorpheniramines 4 mg BD/TDS; Cetirizine 10 mg OD

    Medicine for Diseases of Women အမျိုးသမီးရောဂါဆေးများ
    Breast abscess/Puerperal Mastitis ရင်သားရောင်ခြင်း၊၊ ရင်သားပြည်တည်ခြင်း၊ = Cloxacillin, Dicloxacilin, Oxacillin 250 mg QID x 7-10 days or Cephalosporin 500 mg QID x 5-7 days + Surgery
    Dysmenorrhea ရာသီဆင်းချိန်နာခြင်း၊ = NSAID (Ibuprofen 400-800 mg QID, Mefenamic acid 250-500 mg TDS/QID) ± Oral contraceptives
    Premenstrual Tension ရာသီမဆင်းမီ ခံစားရသည့် လက္ခဏာများ = High carbohydrate/sugar, no alcohol, low caffeine diet + Vitamin B6 100 mg/day +Exercise + Fluoxetine 20 mg/day

    Medicine for Sexually Transmitted Diseases (STDs) လိင်မှတဆင့် ကူးစက်သည့် ရောဂါဆေးများ
    Gonococcal Cervicitis, Urethritis, Pharyngitis ဂနိုရီးယားကြောင့်ဖြစ်သော ဆီးပြွန် အဝရောင်ခြင်း၊ သားအိမ်အဝ ရောင်ခြင်း၊ အာခေါင်ရောင်ခြင်း၊ = Ciprofloxacin 500 mg stat or Ofloxacin 400 mg stat
    Uncomplicated Gonorrhea သာမန်ဂနိုရောဂါ၊ = Ceftriaxone 125 mg IM or Cefixime 400 mg Orally as single dose or Ciprofloxacin 500 mg or Ofloxacin 400 mg or Levofloxacin 250 mg or for Penicillin Allergic patients = Spetinomycin 1 Gm IM stat (or) Cefpodoxime 400 mg, (or) Levofloxacin 250 mg daily
    Complicated Gonorrhea ရှုတ်ထွေးသော ဂနိုရောဂါ၊ = Penicillin G 10 million units IV daily x 5 days; Ceftriaxone 1 Gm IV daily x 5 days; Ciprofloxacin 500 mg BD or Levofloxacin 500 mg OD x 5 days; Endocarditis = Ceftriaxone 1 Gm BD IV x 3 weeks
    Gonococcal Cervicitis, Urethritis, Pharyngitis ဂနိုရီးယားကြောင့်ဖြစ်သော ဆီးပြွန် အဝရောင်ခြင်း၊ သားအိမ်အဝ ရောင်ခြင်း၊ အာခေါင်ရောင်ခြင်း၊ = Ciprofloxacin 500 mg stat or Ofloxacin 400 mg stat
    Uncomplicated Gonorrhea သာမန်ဂနိုရောဂါ၊ = Ceftriaxone 125 mg IM or Cefixime 400 mg Orally as single dose or Ciprofloxacin 500 mg or Ofloxacin 400 mg or Levofloxacin 250 mg or for Penicillin Allergic patients = Spetinomycin 1 Gm IM stat (or) Cefpodoxime 400 mg, (or) Levofloxacin 250 mg daily
    Complicated Gonorrhea ရှုတ်ထွေးသော ဂနိုရောဂါ၊ = Penicillin G 10 million units IV daily x 5 days; Ceftriaxone 1 Gm IV daily x 5 days; Ciprofloxacin 500 mg BD or Levofloxacin 500 mg OD x 5 days; Endocarditis = Ceftriaxone 1 Gm BD IV x 3 weeks
    Primary Syphilis ပဌမဆင့် ဆစ်ဖလစ် = Benzathine penicillin G 2.4 million units IM once or for nonpregnant Penicillin Allergic patient Doxycycline 100 mg BD x 2 weeks or Tetracycline 500 mg QID x 2 weeks or Erythromycin 500 mg QID x 2 weeks Benzathine penicillin G 2.4 million units IM once a week x 3 weeks; Procaine penicillin G 2-4 million units IM 10-14 days
    Secondary Syphilis (Skin, Mucosal lesions; Memnigitis) ဒုတိယဆင့် ဆစ်ဖလစ်၊ အရေပြား-ဦးနှောက်မြှေး၊ = Benzathine penicillin G 2.4 million units IM once or Doxycycline for non-pregnant Penicillin Allergic patient 100 mg BD x 2 weeks or Tetracycline 500 mg QID x 2 weeks or Erythromycin 500 mg QID x 2 weeks
    Tertiary Syphilis (Skin, Mucous Membranes, Eyes, Skeltal, Respiratory, GI, Cardiovascular) တတိယဆင့် ဆစ်ဖလစ်၊ မျက်စိ၊ အရေပြား-ဦးနှောက်မြှေး၊ အရိုး၊ အစာလမ်း၊ အသက်ရှူလမ်း၊ သွေးလှည့်လမ်း၊ = Benzathine penicillin G 2.4 million units IM once or for non-pregnant Penicillin Allergic patient Doxycycline 100 mg BD x 2 weeks or more or Tetracycline 500 mg QID x 2 weeks or more or Erythromycin 500 mg QID x 2 weeks or more
    Neurosyphilis ဦးနှောက်-အာရုံကြော ဆစ်ဖလစ် = Benzathine Penicillin 2.4 million units weekly x 3 weeks or Crystalline Penicillin G 3-4 million units IV 4 hourly x 10-14 days or Procaine Penicillin 2.4 million units IM OD + Probenacid 500 mg QID x 10-14 days (or) Chloramphenicol 2 Gm daily x 30 days, Doxycycline 200 mg BD x 21 days and Ceftriaxone 1 Gm daily x 14 days
    Prostatitis ကျားဆီးကြိတ် ရောင်ခြင်း၊ = Ceftriaxone 250 mg IV single dose + Doxycycline 100 mg Orally BD x 10 days
    Chlamydia (ကလာမိုင်ဒီးယာ) = Azithromycin 1 Gm Orally (or) Doxycycline 100 mg BD Orally x 7 days
    Lymphogranuloma Venereum (LGV) (လင်ဖိုဂရင်နူလိုမား) = Doxycycline 100 mg twice per day by mouth for 21 days
    Genital Herpes လိင်လမ်းရေယုံ၊ First Episode ဖြစ်ခါစ၊ Recurrent Infection ပြန်ဖြစ်ခြင်း၊ = Acyclovir 400mg three times/day or 200mg five times/day x 7-10 days; Acyclovir 400mg three times/day or 800mg three/day for 2 days x 3-5 days
    Chancroid ရှန်ကာရွိုက်ရောဂါ၊ = Azithromycin 1 Gm stat or a single injection of Ceftriaxone (or) Ciprofloxacin 500 mg BD Orally x 3 days, or Erythromycin, 500 mg QID Orally x 7 days
    Gonococcal pharyngitis ဂနိုကြောင့် အာခေါင်ရောင်ခြင်း၊ = Ceftriaxone 125 Gm IM, Ciprofloxacin 500 mg orally, and Ofloxacin 400 mg orally
    Systemic gonorrheal infections involving the skin and/or joints အရိုး-အဆစ်-အရေပြား ဂနိုပိုးဝင်ခြင်း၊ = Ceftriaxone 1 Gm IM/IV every 24 hours, or Cefotaxime or Ceftizoxime 1 Gm IV TDS (or) Ciprofloxacin 500 mg BD or Orofloxacin 400 mg OD x 14 days, along with the treatment for Chlamydia. Human Immunodeficiency Virus (HIV); Hepatitis B = Hepatitis C; Human Herpes Virus 8 (HHV-8)

    Medicine for Diseases of Digestive Tract အစာလမ်း လေနာရောဂါအမျိုးမျိုးဆေးများ
    A type of bacteria called Helicobacter pylori (H. pylori) causes many ulcers အစာလမ်း လေနာရောဂါ၊ = Treatment to get rid of H. pylori usually takes about 2 to 3 weeks ; Antacids = Aluminium Hydroxide and Oxide 250-1500 mg TDS; Bismuth Salts 530 mg QID; Calcium Carbonate 1250-1500; Magnesium Oxides and Hydroxides 200-400 mg TDS; H2 blockers = Ranitidine 150 mg TDS Oral/IV/IM; Cimetidine (HCl) 400 mg BD Oral; Proton Pump Inhibitor = Omeprazole; Amisulpride 0.714-4.285 mg/kg Daily Oral; Atropine (Sulphate) 0.5 to 1.0 mg IV/IM; Diclofenac (Na) 75 mg deep IM or 25-75 mg BD Oral
    Duodenal ulcer အစာလမ်း အူသိမ်၏ အစပိုင်းရှိ လေနာရောဂါ၊ = Bismuth Salts 530 mg QID; Cimetidine (HCl) 400 mg BD Oral; Famotidine 20-40 mg Oral; Lansoprazole 15-30 mg Daily Oral; Nizatidine 150 mg OD or BD; Omeprazole 20-40 mg Daily Oral; Pirenzepine (di HCl) 0.238-0.714 mg/kg TDS; Propantheline (Br) 15 mg TDS; Ranitidine 150 mg TDS Oral/IV/IM
    Esophagitis, Heartburn, Gastroesophageal Reflux အစာလမ်း အစာမြိုပြွန်ရောင်ခြင်း၊ ရင်ပတ်ပူခြင်း။ အစာခြေရည် အထက်တက်ခြင်း။ Mild cases = Antacids, Cemetidine 200-400 mg, Ranitidine and Nizatidine 75-150 mg, Famotidine 10-20 mg; Moderate cases = Ranitidine and Nizatidine 150 mg, Famotidine 20 mg or Cemetidine 400-800 mg BD; Omeprazole or Rabeprazole 20 mg, Lansoprazole 40 mg OD; Severe cases = Omeprazole or Rabeprazole 20 mg, Lansoprazole 30 mg OD, Pantoprazole or Esomeprazole 40 mg OD or BD
    Stress Gastritis အစာလမ်း-အစာအိမ်ရောင်ခြင်း၊ စိတ်-အလုပ် ရှုပ်၍ရောင်ခြင်း၊ = Cimetidine 900-1200 mg, Ranitidine 150 mg or Famotidine 20 mg infusion
    Active ulcers and NSAID Gastric/Duodenal Ulcers အကိုက်ပျောက်ဆေးများကြောင့် ဖြစ်သော အစာအိမ်လေနာ၊ ရုတ်တရက်ဖြစ်သည့် လေနာ၊ = (1) Omeprazole 20 mg or Rabeparzole 20 mg, Lansoprazole 15-30 mg, Pantoprazole 40 mg 30 minutes before meals BD; Clarithromycin 500 mg BD Amoxacillin 1 Gm BD or Metronidazole 500 mg BD (2) Omeprazole 20 mg, Rabeparzole 20 mg, Lansoprazole 30 mg, Pantoprazole 40 mg 30 minutes before meals; Bismuth subsalicylate 2 QID (3) Trtracycline 500 mg QID/Metronidazole 250 mg QID Ranidine Bismuth citrate 400 mg BD; Claithromycin 500 mg BD (4) Amoxacillin 1 Gm/Tretracycline 500 mg/Metronidazole 500 mg BD; After 10-14 days course of above; Omeprazole 20 mg or Rabeparzole 20 mg, Lansoprazole 15-30 mg, Pantoprazole 40 mg 30 minutes before meals OD (or) Ranitidine and Nizatidine 300 mg, Famotidine 40 mg and Cimetidine 800 mg HS x 4-8 weeks

    Medicine for Diseases of GI Tract ဝမ်းနှင့်ပတ်သက်သောရောဂါဆေးများ
    ဝမ်းလျောခြင်း၊ = Diphenoxylate (Lomotil) 5 mg TDS for adult; For children 0.166 mg/kg TDS
    ခရီးသွားဝမ်းလျောခြင်း၊ = Fluoroquinolones, e.g. Ciprofloxacin 500 mg Ofloxacin 400 mg Norfloxacin 400 mg BD; Trimethoprim-Sulfamethoxazole 160/800 mg BD; Erythromycin 250-500 mg QID; Metronidazole 250 mg TDS
    Bacillary Dysentery, Diarrhea caused by E-coli, Salmonella, Shigella, Giardia, Traveler's diarrhea (ဗက်ဆလရီ) ဝမ်းကိုက် ရောဂါ၊ ခရီးသွားဝမ်းပျက်ခြင်း-ဝမ်းကိုက်ခြင်း၊ = Furazolidone 25-50 mg QID
    Amebic Dysentery (အမီးဘားပိုး) ဝမ်းကိုက်ခြင်း၊ = Metronidazole 500-750 mg TDS x 10 days or Tinidazole 800 mg TDS x 3-5 days (plus) Diiodohydroxyquin 650 mg TDS x 21 days or Paromomycin 25-30 mg/kg (max. 3 Gm) in divided doses after meal x 7 days
    Shigella Dysentery (Shigellosis) (ရှီဂဲလား) ကြောင့် ဝမ်းပျက်ခြင်း-ဝမ်းကိုက်ခြင်း၊ = TMP-SMZ 160/800 mg BD x 7-10 days or Ciprofloxacin 750 mg BD x 7-10 days
    Food Poisoning and Traveler’s Diarrhea အစာဆိပ်သင့်ခြင်း၊ ခရီးသွားဝမ်းပျက်ခြင်း၊ = Clostridium = Vancomycin, Metronidazole; E. Coli and Salmonella = Fluoroquinolone ; Yersinia = Tetracycline or Gentamycin
    Giardiasis (ဂိုင်ယာဒီးယား) ပိုးဝင်၍ ဝမ်းပျက်ခြင်း၊ = Tinidazole 2 Gm stat or Metronidazole 250 mg TDS x 5-7 days or Furazolidone 100 mg QID x 7-10 days or Quinacrine 100 mg TDS PC x 5-7 days or Albendazole 400 mg daily x 5 days
    Gastroenteritis (GE) အစာလမ်း (အူ) ရောင်ခြင်း၊ = For Salmonella TMP-SMZ double strength BD x 5 days or Ampicillin 500 mg QID x 5 days or Ciprofloxacin 500 mg BD x 5 days or For E histolytica Metronidazole 750 mg TDS x 5-10 days followed by Diiodohydroxyquin 600 mg TDS x 3 weeks

    Medicine for Emergencies and Acute Diseases ရုတ်တရက် နှင့် အရေးပေါ်ရောဂါဆေးများ၊
    Seizures and Epilepsy အတက်ရောဂါ၊ ဝက်ရူး ပြန်ရောဂါ၊ = Phenytoin 200-400 mg , Carbamazepine 600-1200 mg, Phenobarbital 100-200 mg
    Peritonitis ဝမ်းတွင်းမြှေး ရောင်ခြင်း၊ = Ampicillin 1-2 Gm QID + Gentamycin 2 mg/kg TDS + Metronidazole 500 mg IV TDS; Cefotaxime 2 Gm IV BD/TDS
    Intra-Abdominal Sepsis ဝမ်းဗိုက်အတွင်း ပိုးဝင်ခြင်း၊ = Ampicillin 1-2 Gm QID + Gentamycin 2 mg/kg TDS + Metronidazole 500 mg IV TDS
    Intra-Abdominal Anaerobic infections ဝမ်းဗိုက်ထဲ လေမကြိုက်သည့် ပိုးဝင်ခြင်း၊ = Ciprofloxacin 750 mg BD + Metronidazole 500 mg TDS
    Septic Thrombophlebitis သွေးပြန်ကြောရောင်ခြင်း၊ = Vancomycin 15 mg/kg BD + Gentamycin 2 mg/kg TDS or Tobamycin 5 mg/kg or Amikacin 15 mg/kg
    Tetanus မေးခိုင်ရောဂါ၊ = Tetanus Immune Globulin 5,000 units IM followed by ATT 2 doses and symptomatic treatments
    ခွဲစိတ်လူနာများအား ရောဂါပိုးမဝင် စေရန် ကြိုတင်ပေးမည့်ဆေး၊ = Cefazolin 1-2 Gm IV (Head & Neck, Neurologic, Thoracic, Orthopedic, LSCS, Hysterectomy, Gastroduodenal, Biliary, Urologic, Appendectomy, Breast, Hernia); Neomycin + Erythromycin 1 Gm Orally each at 19, 18, 9 hours before surgery (or) Cefotetan or Cefoxtin 1-2 Gm IV
    Heart attack or Stroke (Myocardial infarction) နှလုံး သွေးကြောပိတ်ခြင်း၊ = Alteplase 0.75 mg/kg; Aspirin 300-600 mg QID; Atenolol 5 mg IV or 50-100 mg Oral Daily; Atropine (Sulphate) 0.5 to 1.0 mg IM/IV; Camylofin 0.285-0.857 mg/kg TDS Oral; Diltiazem (HCl) 30-60 mg TDS Oral; Glyceryl Trinitrate 0.5 to 1.0 mg Sublingual; Heparin (Na) and Heparin (Cl) 5,000 IU IV, 20,000-30,000 IU IV Infusion, 5,000 IU TDS S/C; Metoprolol (Tartrate) Orally and IV. 100-200 mg BD Oral; Mexiletine (HCl) 2.857-5.714 mg/kg TDS Oral; Morphine 5-15 mg 4 hourly IM; Nadolol 40-240 mg Oral; Nicoumalone 0.114 to 0.171 mg/kg Oral; Sodium Nitroprusside 20-400 ug/min IV Infusion; Streptokinase 250,000 IU IV or 1.0 mlU/hour IV Infusion
    Acute Endocarditis နှလုံး အတွင်းသား ရောင်ခြင်း၊ = Vancomycin 15 mg/kg BD + Gentamycin 2 mg/kg TDS
    Acute Pancreatitis (Severe pain, nausea and vomiting, weakness, sweating, anxiety, tender and distended abdomen absence of bowel sounds, mild jaundice) ရုတ်တရက် သရက်ရွက်ရောင်ခြင်း၊ = Meperidine 100-150 mg IM every 3-4 hours + Calcium Gloconate IV if tetany is present + Serum or plasma albumin infusion + IV fluids + Tube feeding + Imipenem 500 mg TDS or Cefuroxime 1.5 Gm IV followed by 250 mg Orally BD + No alcohol, low fat, no narcotics
    Meningitis bacterial ဦးနှောက်မြှေးရောင်ခြင်း၊ = Cefotaxime (Cetriaxone 4 Gm, Ceftazidime or Ceftizoxime) 2-3 Gm IV QID or Ceftrixone 2 Gm IV BD + Vancomycin 10 mg/kg TDS ± Rifampin; Meningitis bacterial age > 50 = Ampicillin 2 Gm IV every 4 hours + 2-3 Gm IV QID or Ceftrixone 2 Gm IV BD + Vancomycin 10 mg/kg TDS; Meningitis postoperative = Vancomycin 10 mg/kg TDS + Ceftazidime 3 Gm IV TDS; Dexamethasone 0.15 mg/kg IV QID for coma cases; TB Meningitis = Rifampin, INH, Pyrazinamide + Dexamethasone 0.15 mg/kg QID x 1-2 weeks
    Brain abscess ဦးနှောက်ပြည်တည်ခြင်း၊ = (1) Penicillin G 4 million units IV every 4 hours or Penicillin G 2 million units every 2 hours IV + Metronidazole 750 mg IV every 6 hours (or) + Chloramphenicol 1-2 Gm IV every 6 hours x 6-8 weeks plus Dexamethasone 4-25 mg QID + Surgery; (2) Cefotaxime 2-3 Gm IV QID or Ceftriaxone 2 Gm IV BD + Metronidazole 500 mg IV/Orally TDS + Surgery
    Bell’s Palsy မျက်နှာတခြမ်း အကြောသေခြင်း၊ = Prednisolone 60-80 mg daily in divided doses x 4-5 days followed by tapering of dose x next 7-10 days
    Acute Cholecystitis ရုတ်တရက် သဲခြေလမ်းရောင်ခြင်း၊ = Morphine for pain + Surgery ခွဲစိတ်ရန်၊
    Cholangitis & Choledocholithiasis (Pain/colic over RHC, Fever and chills, history of jaundice, Hepatomegaly) သဲခြေအိပ် ရောင်ခြင်း၊ = Surgery + Ciprofloxacin 250 mg IV BD or Mezlocillin 3 Gm IV every 4 hours plus Metronidazole 500 mg IV QID and or Gentamycin 2 mg/kg IV loading dose followed by 1.5 mg/kg TDS; Post-operative = Ampicillin 500 mg IV QID or Ciprofloxacin 250 mg IV BD or Cefoperazone 1-2 Gm IV BD
    Dr.T S;;;

    New Release Thermometer

    5:22 PM Posted In Edit This 1 Comment »

    kidz-med-thermometer

    American Scientific Resources, better known as ASR for short, has just announced that they will be rolling out a new range of affordable yet revolutionary, 5-in-1 non-contact thermometers that were specially designed to meet the needs of consumers and healthcare workers globally. Instead of the usual glass-and-mercury combination, these new non-contact thermometers are a snap to use, where it is able to provide instant temperature reading that is accurate as well, while making kids (and some adults) more comfortable since they no longer need to have something probing their orifice – whether it is from the top or at the bottom. Too bad for the little ones, as I clearly remember be paedatrician offering me lollipops after taking my temperature as a form of goodwill.

    Some of the advantages for this new thermometer line will include :-

    • Affordability
    • Quick results, enabling immediate care
    • Time saver for large groups
    • Trusted clinical approval for accuracy
    • The ability to take a trauma-free, non-invasive temperature
    • Completely hygienic
    • Back-lit display to be seen in dark when the patient is sleeping

    Apart from that, the medical health industry will also learn to go green in some ways and save on costs, since there won’t be any more additional expenses associated with other thermometers such as probe covers and disinfection methods. You won’t find these thermometers out so soon as the consumer model will enter production in February next year, with full production capability exceeding 5,000 units per day. As for the new Kidz-Med 5-in-1 Non-Contact consumer model pictured above, it is expected to retail for $49.95 in the US while folks living outside of the US will have to fork out nearly $80.00 instead. Expect the thermometer to be widely available for purchase sometime in Q3 2010. While it is going to be manufactured in China, we hope that there will be sufficient quality control methods employed. What other non-invasive medical advances would you like to see happen in the future?

    Brain (DBS)

    5:13 PM Posted In Edit This 0 Comments »

    brain_090407_Wdk6L_15921

    Deep Brain Stimulation (DBS) using implants is an emerging research frontier in psychiatry and neuromedicine. DBS technique blocks tremors using implants in brain has already been tried on Parkinson’s patients. More than 40,000 Parkinson’s patients worldwide have these implants and have shown positive results. Now scientists are exploring options to manipulate brain circuits with these implants for other illnesses such as chronic depression and obsessive compulsive disorder as well. The idea is to explore whether these implants can act as antidepressant by changing how the basic brain circuitry fires in patients with severe untreatable symptoms.