အရက်နာ....

9:25 PM Posted In Edit This 0 Comments »

ယမကာ နှင့် ရေဓါတ်ခန်းခြောက်ခြင်း


အရက်မှာပါဝင်တဲ့ Alcohol ဓါတ်မှာ လူတွေကို ဆီးသွားစေတဲ့ ဓါတ်တစ်မျိုး ပါဝင်တာကြောင့် အရက်သောက်ပြီးတဲ့ သူဟာ မကြာခဏ ဆီးသွားချင်စိတ် ဖြစ်ပေါ်နေတာကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့် အရက်သောက်ပြီး နောက်နေ့မှာ ဆီးသွားများတာရဲ့ အကျိုးဆက်တခုကို အရက်နာကျ လက္ခဏာတွေထဲက တခုအနေနဲ့ ခံစားရတာဖြစ်ပါတယ်။ ရေဓါတ် ခန်းခြောက်ခြင်းနဲ့ အတူ ခန္ဓာကိုယ်မှာရှိတဲ့ ဗိုက်တာမင် (အထူးသဖြင့် ဗိုက်တာမင် B12) ကိုပါ ဆုံးရှုံးစေပါတယ်။ ဒါကြောင့် အရက်များများသောက်လေ သင့်ခန္ဓာကိုယ်က Alcohol ကို ချေဖျက်နိုင်စွမ်းနည်းလေ ဖြစ်ပါလိမ့်မယ်။ အဲဒီအခါ အရက်နာကျရင် ဖြစ်တတ်တဲ့ လက္ခဏာများဖြစ်တဲ့ ခေါင်းကိုက်ခြင်း၊ နုံးနယ်နေခြင်း၊ ခံတွင်းမကောင်းခြင်း တို့ကိုဖြစ်စေပါတယ်။

ယမကာနှင့် Enzymes များ ၏ အကျိုးဆက်
Alcohol မှာ ရှုပ်ထွေးလှတဲ့ ဇီဝဖြစ်စဉ်ကိုပိုင်ဆိုင်ပြီး ခန္ဓာကိုယ်မှ ယင်းအားမည်သို့မည်ပုံ ချေဖျက်သည်တို့မှာလည်း သင့်အား စိတ်ရှုပ်ထွေးစေနိုင်တဲ့အတွက် အရက်ရဲ့ ဖြစ်စဉ်များကို မပြောပြဘဲ ချန်လှပ်ထားချင်ပါတယ်။

ယမကာများ ခန္ဓာကိုယ်ထဲကို ရောက်လာတာနဲ့တပြိုင်နက် ခန္ဓာကိုယ်မှ enzymes များက ယင်းအား ချေဖျက်ရန် ကြိုးပမ်းကြတာကြောင့် သူတို့ နေ့စဉ် ပုံမှန် လုပ်နေကျဖြစ်တဲ့ ဇီဝကမ္မလုပ်ငန်းများကို အရင်ကလို မလုပ်နိုင်တာတော့တာမို့ သွေးထဲမှာ သကြားဓါတ်နည်းခြင်း၊ ယင်းမှတဆင့် ဦးဏှောက်မှလည်း သူရဲ့လုပ်ငန်းကို အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့ စွမ်းအင်များ မရရှိတာကြောင့် မူးဝေခြင်း၊ အာရုံမစူးစိုက်နို်င်ခြင်း၊ စတဲ့ လက္ခဏာများ ဖြစ်ပေါ်တတ်ပါတယ်။

ယမကာနှင့် Congeners


Alcohol မှာ ခန္ဓာကိုယ်ကို တန်ပြန်နိုင်တဲ့ ဓာတု ပစ္စည်းတချို့ပါဝင်ပြီး ၎င်းတို့ကို congeners လို့ခေါ်ပါတယ်။ ဒီဓာတုပစ္စည်းတွေဟာ ယမကာရဲ့ သန့်စင်မှုတဲ့ ဒါမှမဟုတ် ယမကာ အမျိုးအစား အပေါ်မူတည်ပြီး ပါဝင်မှုကွာခြားတာကိုတွေ့ရပါတယ်။ ယင်းဓာတုပစ္စည်းများ ဟာ ယမကာရဲ့အရသာကို ပိုမိုကောင်းမွန်စေပြီး ပမာဏနည်းတဲ့အခါ သူ့ရဲ့ မကောင်းတဲ့အချက်တွေကို ခံစားရမှာမဟုတ်ပေမယ့် congeners ပမာဏများစွာပါတဲ့ အရက်ကိုများစွာ သောက်သုံးမိမယ်ဆိုရင်တော့ သူ့ရဲ့ အကျိုးဆက်ကို ခံစားရမှာဖြစ်ပါတယ်။ အချို့သော ယမကာများဟာ သန့်စင်စွာထုတ်လုပ်ထားတာမို့ congeners ရဲ့။ vodka နဲ့ gin စတဲ့ ယမကာများမှာ ethanol နှင့် ရေတို့ပါဝင်ရောစပ်ထားတာကြောင့် အရက်နာကျခြင်းကို ဖြစ်ပေါ်စေတဲ့ congeners ကို သန့်စင်ထားသင့်သလောက် သန့်စင်ပြီးဖြစ်ပါသည်။ ပုံမှန်အားဖြင့်တော့ ယင်းသို့သော အဆင့်မှီဖော်စပ်ထားတဲ့ ယမကာကို သောက်သုံးပြီး ဖြစ်ပေါ်လာတဲ့ အရက်နာကျခြင်းဟာ ဓာတုပစ္စည်းများ ထက် ရေဓါတ်ခမ်းခြောက်ခြင်းနှင့် ဗိုက်တာမင် ဆုံးရှုံးခြင်းကြောင့်သာ အဖြစ်များတာ ဖြစ်ပါတယ်။

congeners များ ပမာဏပါဝင်တဲ့ ယမကာများကတော့ Whiskey, Rum, Brandy, Red Wine, and Beer ဖြစ်ပြီး ၊ congeners ပမာဏအနည်းငယ်သာပါဝင်တဲ့ ယမကာများ က Vodka, Gin, and White Wine ဖြစ်ပါတယ်။

ယမကာ အမျိုးအစား


တစ်ချို့သော သူများက ဘီယာဟာ တခြားသော အခြားအခြားသော ယမကာများထက် အရက်နာကျမှုကို နည်းပါးစေတယ်တို့ ထင်မြင်တတ်ကြပါတယ်။ ဘီယာမှာ ပါဝင်တဲ့ ရေဓါတ် ပမာဏဟာ အခြား သော ယမကာများထက် များပြားတာကြောင့် ရေဓါတ်ခမ်းခြောက်မှုကို နည်းစေတာမို့ အများအပြားသောက်ပေမယ့် အရက်နာကျမှုကို အနည်းငယ်သာ ဖြစ်စေတယ်ဆိုတဲ့ ဒီအချက်ဟာ အတိုင်းအတာတစ်ခုထိ မှန်ကန် နေတုန်းဘဲဖြစ်ပါတယ်။ သို့သော်လည်း ဘီယာဟာ congeners ကို သန့်စင်ထားတာ မဟုတ်တာကြောင့် ယင်းတို့များပြားစွာ ပါဝင်နေတဲ့ ဘီယာကို သောက်ပြီးတဲ့အခါ ဖြစ်တတ်တဲ့ အရက်နာဟာ ဓာတုပစ္စည်းများကြောင့် ဖြစ်ဖို့အခွင့်အလမ်း များလာပါတယ်။

ဒါကြောင့် သင်ဟာ စံချိန်မှီ သန့်စင်ထားတဲ့ ယမကာတခုခုကို ဗိုက်တာမင်ပါဝင်တဲ့ ဖျော်ရည်တစ်ခုခု ဒါမှမဟုတ်တခြား သော အရည်တခုခုနဲ့ ရောသောက်တဲ့အခါ ယင်းတို့မှာပါဝင်တဲ့ ဗိုက်တာမင်ဟာ သင့်ဆီးသွားများတာကြောင့် ဆုံးရှုံးသွားတဲ့ ဗိုက်တာမင်ကို ပြန်လည် နေရာယူဖြည့်စွက် ပေးနေမှာဖြစ်တာကြောင့် အရက်နာကျမှုကို သက်သာစေမှာဖြစ်ပါတယ်။

ယမကာနှင့် ဈေးနှုန်း


ဈေးချိုတဲ့ ယမကာများဟာ အရက်နာကျမှုကိုပိုပြီးဖြစ်စေတယ်ဆိုတာ လူအတော်များများ သိပြီးဖြစ်တဲ့ မှန်ကန်သင့်သလောက် မှန်တဲ့အချက်ဖြစ်ပါတယ်။ အဆင့်အတန်းမှီ ယမကာများဟာ သန့်စင်ခြင်းများကို အကြိမ်များစွာ ပြုလုပ်ထားပြီး ဖြစ်တာမို့ congeners ပါဝင်မှုက အလွန်ကိုနည်းပါးနေတာကို တွေ့ရပါတယ်။ ဈေးချိုတဲ့ ယမကာများဟာ များသောအားဖြင့် အဆင့်တန်းမှီမှီသန့်စင်ထားလေ့ မရှိတတ်တာကြောင့် အရက်နာကျဖို့ ပိုပြီး အခွင့်အလမ်းများစေပါတယ်။

ယမကာနှင့် ရေချိန်ကိုက်မှု


သင်ဟာ ဘယ်လို ယမကာကိုဘဲ သောက်သုံးပါစေ နောက်ဆုံးမှာတော့ ယမကာကြောင့် ဖြစ်ပေါ်တဲ့ အရက်နာကျမှုကိုတော့ အနည်းနဲ့အများ ခံစားရမှာဖြစ်ပါတယ်။ အဲဒီရေချိန်ကိုက်မှုဟာ လူတယောက်ချင်း ပေါ်မှာမူတည်ပြီး ပြောင်းလဲနေတာမို့ လူတိုင်းအတွက် အတိအကျု မပြောနိုင်ပေမယ့် သင်ရဲ့သောက်သုံးမှု ပေါ်မှာ မူတည်တာကိုတွေ့ရပါမယ်။

တကယ်လို့ သင်ဟာ တစ်နာရီအတွင်းမှာ အမြောက်အများ သောက်ဖြစ်မယ်ဆိုရင်တော့ အရက်နာကျဖို့ အခွင့်အရေးများမှာ ဖြစ်သလို တစ်နေ့မှာ များများ သောက်ရင်လည်း အရက်နာကျဖို့ အခွင့်အလမ်းများမှာဖြစ်ပါတယ်။

အရက်နာကျခြင်းမှ ကာကွယ်ခြင်းများ


အရက်နာ ကျခြင်းကို ကာကွယ်ခြင်းက ကုသခြင်းထက်ပိုလို့ ထိရောက်ပါတယ်။ ဒါကြောင့် သင်မသောက်ခင်မှာ ကြိုတင် ပြင်ဆင်ထားခြင်းဟာ သင့်အတွက် ကောင်းမွန်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါလိမ့်မယ်။

၁။ အရက်နာကျတာကို အကောင်းဆုံးကာကွယ်တဲ့နည်းက တော့ ယမကာကို သောက်သုံးခြင်းမှ ရှောင်ကျဉ်တာပါပဲ ။

၂။ နှစ်သစ်ကူးမှာဘဲဖြစ်ဖြစ် အခြေအနေမှာဘဲ ဖြစ်ဖြစ်မသောက်ဘဲ မနေနိုင်သူတွေကတော့ ယမကာ တစ်ခွက်နဲ့ တစ်ခွက်ကြားမှာ ရေတခွက်စီသောက်ပေးခြင်းဖြင့် ယမကာကြောင့်ဖြစ်တဲ့ သင့်ကိုယ်မှ ရေဓါတ်ဆုံးရှုံးမှုကို ကာကွယ်သင့်သလောက် ကာကွယ်နိုင်မှာဖြစ်ပါတယ်။

၃။ ယမကာ မသောက်ခင်နဲ့ သောက်ပြီးချိန်မှာ ဗိုက်တာမင်ပါတဲ့အစားအသောက် ဆေးများ စားပေးခြင်း (အထူးသဖြင့် ဗိုက်တာမင် B12 ပါတဲ့ အားဆေးကိုသောက်ပေးခြင်း) အားဖြင့် သင့်ခန္ဓာမှ ဗိုက်တာမင်ဆုံးရှုံးမှုကို ကာကွယ်ပေးပါလိမ့်မယ်။

၎။ သင်သောက်နိုင်သော ပမဏကို ချင့်ချိန်ပါ။ ရေချိန်ကိုက်ချိန်မရောက်ခင်မှာ ယမကာ သုံးဆောင်တာကို ရပ်ထားသင့်ပါတယ်။ မူးပြီးမှောက် သွားတာဟာ သင့်ကို ဘယ်လို ပျော်ရွှင်မှုကိုမှ ပေးနိုင်တာမဟုတ်တဲ့အပြင် နောက်နေ့မှာလည်း အရက်နာကျတာကို ခံရမှာမို့ သင့်သောက်နိုင်တဲ့ ပမာဏကို သင်သိထားနိုင်မယ်ဆိုရင် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

ဒါကြောင့်မို့ သင့်ရဲ့ ယမကာသောက်သုံးမှုပမာဏ ကို တစ်နာရီမှာ 1 drink သာ သောက်သုံးခြင်းဖြင့် သင့်ခန္ဓာကိုယ်က ယင်းတို့ကို အချိန်မှီချေဖျက်နိုင်မှာဖြစ်ပါပြီး အရက်နာကျမှုကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

1 drink ဟု ဆိုရာတွင် အကြမ်းဖျင်းအားဖြင့် အောက်ပါ အတိုင်းအဆများကို ဆိုလိုပါတယ်။
1 drink = အရက်အပြင်းစား 44.36 ml (လက်ဘက်ရည်ကြမ်းတခွက်)
1 drink= ၀ိုင် 147.8676 ml (ဘက်ဘက်ရည်အချိုပုဂံတလုံး)
1 drink= alcohol ပမာဏ ၆ %မှ ၉ %ထိပါဝင်သည့် ဘီယာ 207.015ml (ပုံမှန်ဖန်ခွက် မပြည့်တပြည့် )
1 drink= အိမ်တွင် လုပ်သောဝိုင် 295.735 ml
1 drink= ဘီယာ 354.882 ml စသည်ဖြင့် အကြမ်းဖျင်း တွက်ချက်နိုင်ပါတယ်။

အဲဒီအပြင်ကို တစ်နေ့မှာ သင်ဘယ်လောက်သောက်မယ်ဆိုတာ ကို အမှတ်အသားတစ်ခု လုပ်ထားခြင်းဖြင့် သင့်ရဲ့ သောက်သုံးမှုကို ထိန်းနိုင်မှာဖြစ်ပါတယ်။

၅။ သင်အိပ်ပျော်စဉ်မှာ သင့်ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်များ နှေးကွေးသွားတာကြောင့် ယမကာသောက်ပြီးတဲ့ အချိန်မှာ ချက်ခြင်းမအိပ်သေးဘဲ နေခြင်းအားဖြင့် သင်အိပ်ပျော်ချိန်မှာ သွေးထဲမှာအရက်ပမာဏ သိပ်များမနေနိုင်တော့ပါဘူး။ ဒါကြောင့် သင်အိပ်ရာမ၀င်ခင် ၁နာရီအလိုမှာ အရက်သောက်ခြင်းကို ရပ်ဆိုင်းခြင်း၊ မူးပြီး အိပ်ပျော်ခြင်းမရှိအောင် နေခြင်းတို့ ပြုလုပ်သင့်ပါတယ်။ ယျေဘူယျအားဖြင့်တော့ သင်မူးပြီး အိပ်ပျော်သွားမယ်ဆိုရင် နောက်နေ့မနက်မှာ အရက်နာကျတဲ့ဒါဏ်ကို ပိုမိုခံစားရမှာ ဖြစ်ပါတယ်။

၆။ အိပ်ရာမ၀င်မှာ paracetamol တစ်လုံးကို ရေတစ်ခွက်နှင့် သောက်အိပ်ပေးပါ။ အကိုက်အခဲပျောက်ဆေးကို ရေးများများနဲ့သောက်ခြင်းဖြင့် သင့်ရဲ့ ရေဓါတ်ဆုံးရှုံးမှုကို ကာကွယ်နိုင်မှာဖြစ်တဲ့အပြင် နောက်နေ့မှာ အရက်နာကျခြင်းကြောင့် ခေါင်းကိုက်တာကို ကာကွယ်ပေးမှာဖြစ်ပါတယ်။

၇။ ယမကာမသောက်ခင်နဲ့ သောက်ပြီးတဲ့ အခါမှာ အစားအစာ တခုခုစား ခြင်းအားဖြင့် သင့်အား အကျိုးဆက်တစ်ချို့ကို ရစေမှာဖြစ်ပါတယ်။ ပထမတစ်ခုကတော့ ယင်းအစားအစာများက alcohol ရဲ့ပြင်းအားကို လျော့ကျစေပြီး သွေးထဲသို့ အရက်ရောက်နိုင်တဲ့ ပမာဏကို နည်းစေပါတယ်။ ဒုတိယအချက်အနေနဲ့ ကတော့ အရက်ကြောင့် ဆုံးရှုံးသွားတဲ့ ဗိုက်တာမင်ကို ထိုအစာများမှ အစားထိုးပေးပါတယ်။ တတိယအချက်အနေနဲ့ကတော့ စားထားတဲ့အစားအစာတွေက သင့်ရဲ့ ဇီဝဖြစ်စဉ်ကို မြန်စေတာကြောင့် alcohol ကို ပမာဏကိုလည်း ကျစေပါတယ်။ ဒါပေမယ့် အစာများကို အလွန်အကျွံစားခြင်းဟာလည်း သင့်ကို ပိုလို့အနေရခက်တဲ့ အခြေအနေများ ဖြစ်စေတာကြောင့် အတန်အသင့်သာ စားသုံးသင့်ပြန်ပါတယ်။

၈။ အိပ်ရေး၀၀ အိပ်ပေးပါ။

၉။ နောက်နေ့မနက်အိပ်ရာထတဲ့အချိန်မှာတော့ caffeine နဲ့ သကြားဓါတ် များများပါတဲ့ အစားအစာတွေဟာ သင့်ရဲ့ သွေးပေါင်ချိန်ကို တက်စေတာမို့ ထိုအစားအစာတွေကို ရှောင်သင့်ပါတယ်။ အဲဒီအစားအစာတွေကို စားမိတယ်ဆိုရင်တော့ သင့်ရဲ့ အရက်နာကျခြင်း ရဲ့ လက္ခဏာတစ်ခုဖြစ်တဲ့ အနည်းငယ် ခေါင်းကိုက်ခြင်း ကနေ အပြင်းအထန် ခေါင်းကိုက်ခြင်းကို ပြောင်းလဲသွားနိုင်ပါတယ်။

၁၀။ ထို့အပြင် အရက်နာကျတာကို ကာကွယ်ပေးနိုင်တဲ့ ဆေးတချို့ ရှိပေမယ့် သိပ္ပံပညာရှင်များရဲ့ ငြင်းခုန်မှုက ခုထိရှိနေသေးတာမို့ အကျိုးသက်ရောက်မှုကိုအတိအကျ မပြောနိုင်သေးပေမယ့် အမှန်တကယ်သာ အကျိုးပြုနိုင်မယ်ဆို သင့်အတွက် သတင်းကောင်းဖြစ်ပါလိမ့်မယ်။

အရက်နာကျခြင်းဟာ များသောအားဖြင့် အရက်ရဲ့ ဆိုးကျိုးတခုသာဖြစ်ပြီး သင့်အနေနဲ့ တစ်ခါတစ်ရံ မှသာခံစားရမယ် ဆိုရင် အရေးမကြီးလှ ပေမယ့် မကြာခဏ ခံစားရမယ်ဆိုရင်တော့ သင့်အတွက် ပြသနာတစ်ခု ဖြစ်လာပါလိမ့်မယ်။ အချို့သော လူများဟာ ယမကာမှာပါတဲ့ ပစ္စည်းတစ်ချို့နဲ့ ဓါတ်မတည့်တဲ့ ရောဂါရှိတာမို့ တကယ်လို့ သင်ဟာလည်းအဲလို ပြသာမျိုးရှိခဲ့မယ်ဆိုရင် မသောက်တာဟာသင့်အတွက် အသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်။

ဒါကြောင့် မြန်မာ့နှစ်ကူးဖြစ်တဲ့ အတာသင်္ကြန်ပွဲမှာ အပျော်အပါးဖြစ်ရုံ အရက်သေစာ သောက်စား ကြသူများအတွက် နောက်နေ့မနက်မှာ အရက်နာကျတဲ့ ဝေဒနာမှ ကင်းဝေးစေဖို့ တင်ပြရင်း အားလုံးအတွက် မင်္ဂလာနှစ်သစ်အဖြစ် ဆုတောင်းပေးပါတယ်ရှင်။

မွန်းသက်ပန်

လောကအလှအွန်လိုင်း မဂ္ဂဇင်း

၂၀၀၉ ခုနှစ် ဧပြီလ ၁၁ ရက်

Brain works more like internet

6:27 AM Posted In Edit This 0 Comments »
Neurons The way neurons are connected could shed light on how their collective behaviour arises

The brain appears to be a vastly interconnected network much like the Internet, according to new research.

That runs counter to the 19th-Century "top-down" view of brain structure.

A novel technique to track signals across tiny brain regions has revealed connections between regions associated with stress, depression and appetite.

The research, in Proceedings of the National Academy of Sciences, may lead to a full map of the nervous system.

Larry Swanson and Richard Thompson from the University of Southern California in Los Angeles, US, isolated a small section of a rat's brain in the nucleus accumbens - a brain region long associated with pleasure and reward.

Their technique hinges on the injection of "tracers" at precise points in the brain tissue. These are molecules that do not interfere with the movement of signals across the tissue, but can be illuminated and identified using a microscope.

Loops not lines

What is new is that the researchers injected two tracers at the same point at the same time: one that showed where signals were going, and one that showed where they were coming from. The approach can show up to four levels of connection.

If the brain has a hierarchichal structure like a large company, as neurology has long held, the "to" and "from" diagram would show straight lines from independent regions up towards a central processing unit: the company's boss.

But instead, the researchers saw loops between differing regions, feeding back to and directly linking regions that were not known to communicate with one another. This is a better fit with the model of vast networks such as the internet.

The region of the brain studied by the researchers displays a network connecting regions associated with stress, appetite and depression.

Artist's conception of signal in a network One model of the mind describes its powers as arising from a vastly interconnected network

Such a highly interconnected structure has been hypothesised for some time, and could prove to be a powerful tool in analysing how the brain processes information. But it had not, until now, been demonstrated experimentally.

"You would be amazed at how much of the current experimental neuroscience literature is dominated by 'top down-bottom up thinking', which goes back to the 19th Century, especially in neurology," Professor Swanson told BBC News.

"The bottom line is that no matter what you might think, the circuitry we've shown - that specific set of structural connections - has not been demonstrated before."

The work illuminates just one tiny corner of the vast number of connections present even in a small mammal's brain. But by slightly overlapping one mapped region with another, and mapping that, a far greater picture could emerge.

"This method is repeatable in a sensible way so that neural networks can be followed as far as they go - ultimately to the whole wiring diagram of the brain," Professor Swanson said.

Such a diagram would be boundlessly complex, and the degree to which it could shed light on the more slippery questions of consciousness and cognition is still up for debate.

"We have no idea right now, but the direct analogy is with the Human Genome Project: taking on faith that knowing the complete sequence of human DNA would be a foundation stone for biology, no matter how long the understanding may take to realise in practical terms."

The Rumi Collection

2:14 AM Posted In Edit This 0 Comments »
You are happy, happy, but I am a thousand times happier!
Whom have I encountered in my dream last night? I know not.
I am so happy, I cannot be contained in the world;
But like a spirit, I am hidden from the eyes of the world.
If the foot of the trees were not tied to earth, they would be pursuing me;
For I have blossomed so much, I am the envy of the gardens.(Divan 1740:1-3)

THROUGH LOVE all that is bitter will sweet
Through Love all that is copper will be gold.
Through Love all dregs will turn to purest wine
Through Love all pain will turn to medicine.
Through Love the dead will all become alive.
Through Love the king will turn into a slave!

—

ONCE a beloved asked her lover: "Friend,
You have seen many places in the world!
Now - which of all these cities was the best?
He said: "The city where my sweetheart lives!"

—

FROM MYSELF I am copper,
through You, friend, I am gold.
From myself I'm a stone, but
through You I am a gem!

Rumi




A Jewish joke

1:51 AM Posted In Edit This 0 Comments »

Conversation with God

Man: God?
God: Yes?
Man: Can I ask you something?
God: Of course!
Man: What's a million years for you?
God: A second.
Man: And a million dollars?
God: A penny.
Man: God, Could I have a penny?

God: Wait for a second.

နာခေါင်းသွေးလျှံတာဘာကြောင့် လဲ

3:21 PM Posted In Edit This 0 Comments »
နာခေါင်းက သွေးယိုတာကို Epistaxis (Nosebleed) လို့ခေါ်တယ်။ Epistasis ဆိုတဲ့ မျိုးဗီဇရောဂါနဲ့ စာလုံးပေါင်း အတော် ဆင်တယ်။ နာခေါင်းက သွေးယိုတာက နှာခေါင်းရှေ့ယိုတာနဲ့၊ နောက်ကယိုတာ အမျိုးအစား ၂ ခုရှိတယ်။ ရှေ့ဖြစ်တာက အများဆုံးပါ။ နှာခေါင်း နောက်ကနေ ယိုတာက ကြာတတ်ပြီး ကုရခက်တယ်။ သိပ်ဆိုးရင် မျက်စိကနေယိုတာလဲ ဖြစ်တတ်တယ်။ ယိုတဲ့သွေးက အထဲဝင်သွားပြီး၊ အစာအိမ်ထဲရောက်၊ များရင် အန်ထွက်တာမျိုးလည်း ဖြစ်တတ်တယ်။ အမေရိကားမှာ မှတ်တမ်းတခုအရ လူပေါင် ၂ သန်းခွဲ ဖြစ်တာမှာ ၄ ယောက်က သေဆုံးတဲ့အထိ ဆိုးတယ်လို့ ဆိုပါတယ်။ ရှေးခေတ် (ဟွန်) လူမျိုးတွေရဲ့ ဧကရာဇ် (အတီလာ) ဆိုသူဟာ မင်္ဂလာဦးညမှာ အရက်တွေ အလွန်အကြွံသောက်တော့၊ အိပ်ရာထဲ နှာခေါင်းသွေးတွေ ယိုရာကနေ၊ အသက်ရှူလမ်းပိတ်ပြီး၊ နတ်ရွာစံခဲ့ဘူးပါတယ်။

ယောက်ျားတွေက ပိုဖြစ်တယ်။ အသက်ကြီးရင် ပိုဖြစ်တတ်တယ်။ နှာခေါင်းက သွေးယိုတာဟာ သွေးကြောမျှင်လေးတွေ ပေါက်လို့ပါ။ အကြောင်းရင်း နှစ်ရပ်ရှိတယ်။ ခန္ဓာကိုယ်စနစ်ကြောင့်နဲ့ နှာခေါင်းမှာ ပြဿနာ ရှိတာတို့ ဖြစ်တယ်။ တခါတလေလဲ ဘာ့လို့မှန်း မသိဘဲလည်း ယိုသေးတယ်။ Nasal packing နှာခါင်းကို ခဏခဏ ကိုင်တတ်သူများ အဖြစ် များတယ်။ နှာခေါင်းကို ထိခိုက်မိတာက အများဆုံးဖြစ်စေတယ်။ အသက်ရှူလမ်း ရောဂါပိုးဝင်ရာကနေလဲ ဖြစ်နိုင်သေးတယ်။ ရှားရှားပါးပါး မွေးရာပါ ရောဂါတခုကြောင့်လဲ ဖြစ်တယ်။ နှာခေါင်းထဲ တခုခုဝင်တာနဲ့ ရောဂါအကြိတ် တခုခု ဖြစ်တာတွေကလည်း အကြောင်းခံတွေ ဖြစ်တယ်။

ရှူရတဲ့လေဟာ ဆောင်းတွင်း ကာလတွေမှာလို Low relative humidity ရေငွေ့ဓါတ် နည်းလွန်းနေရင်လဲ၊ ယိုတတ်တယ်။ သိပ်အေးပြီး သိပ်ခြောက်သွေ့တဲ့အခါ အဖြစ်များတယ်။ နှာခါင်းကနေ ရှူရတဲ့ဆေးနဲ့ ဆေးသွင်း ပစ္စည်း ကရိယာတွေ ကြောင့်နဲ့ နှာခါင်းခွဲစိတ်တာလည်း ထည့်မပြောရင် ပြည့်စုံမှာ မဟုတ်ဘူး။

နှာခေါင်းကမဟုတ်တဲ့ အကြောင်းခံတွေကတော့ (အလာဂျီ)၊ အအေးမိရောဂါ၊ သွေးတိုး၊ သွေးအားနည်းရောဂါ၊ တွယ်ဆက်-တစ်ရှူး ရောဂါ၊ Blood dyscrasias ခေါ် သွေးရောဂါ၊ နှလုံးအလုပ်မလုပ်တော့တဲ့ ရောဂါ၊ တိုက်ဖွိုက်၊ နူမိုးနီးယား၊ ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ ၀က်သက်၊ နှာခေါင်း ဆုံဆို့နာ၊ အအေးမိရောဂါ၊ ဆိုင်းနပ်စ်၊ သွေးကင်ဆာ၊ ဗီတာမင် စီ နဲ့ ကေ နည်းရောဂါ၊ နောက်ပြီး Aspirin, Ibuprofen, Ginseng စတဲ့ဆေးတွေ၊ Anticoagulant သွေးမခဲဆေး၊ အရက်သောက်သုံးတာ၊ ကိုယ်ဝန်ဆောင်ချိန်၊ သိပ်ပူတဲ့ အစား စားတာတွေ ပါဝင်တယ်။ (ကိုကိန်း) လို မူးယစ်ဆေး ကြောင့်လဲ ယိုတတ်တယ်။

သွေးဆိုတာ သွေးကြောထဲက ထွက်ရရင် ခဲတတ်တဲ့ သဘော ရှိလို့ သူထွက်လာတဲ့ သွေးကြောမှာ အပိတ်လိုဖြစ်ပြီး နောက်ထပ် သွေးထွက်မှာကို တားနိုင်တယ်။ ဒါ့ကြောင့် သွေးခဲဘို့ အားပေးတဲ့အနေနဲ့ရော သွေးကြောကို ဖိအားနဲ့ ပိတ်တဲ့ သဘောလည်းဖြစ်အောင် သွေးထွက်တဲ့ နေရာကို ဖိနှိပ် ပေးထားတာက အကောင်းဆုံး ရှေးဦးသူနာပြုနည်းဖြစ်တယ်။ နှာခေါင်းဆိုရင်တော့ အပြော့ပိုင်းကို လက်မနဲ့ လက်ညှိုး သုံးဖိပေးရမှာပါ။ ဒီလိုလုပ်ရင် အကျိုးများစေလို့ နှာခေါင်းရဲ့ ရှေ့ပိုင်း တရိဂံပုံနေရာကို Kiesselbach's area, Little's area လို့ခေါ်တယ်။ ဖိတယ်ဆိုတာက တင်းတင်း ဖိရမှာ၊ ၅ မိနစ်လောက် ကြာသင့်တယ်။ ခေါင်းကို နဲနဲ ရှေ့ငုံ့ထားရင် အသက်ရှူလမ်းထဲ သွေး-သွေးခဲ မ၀င်အောင်ကာကွယ်ရာ ရောက်စေတယ်။ Trotter နည်းခေါ်တယ်။ ထိုင်နေစေပါ၊ ပါးစပ်နဲ့အသက်ရှူစေပါ။ သွေးယိုတာ မြိုမချစေနဲ့။ နှာခေါင်းထဲက သွေးခဲကို အတင်းရှင်းထုတ်ဘို့ မကြိုးစားရ။

နှာခေါင်းနား၊ ဂုတ်ပိုး၊ နဖူးတ၀ှိုက်ကို ရေခဲ တင်ပေးသင့်တယ်။ ရေခဲကိုလဲ ပါးစပ်ထဲငုံတာမျိုး လူတွေ လုပ်နေကြဖြစ်ပေမဲ့ သုတေသန ကိန်းဂဏန်းနဲ့ ဘယ့်လောက် အကျိုးများတယ် ဆိုတာတော့ မပြောနိုင်ဘူး။

သွေးကြောတွေကို ကြုံ့စေတဲ့ဆေး Oxymetazoline, Phenylephrine တွေကိုလည်းသုံး နိုင်ပါတယ်။ ဒီဆေးမျိုးတွေက အအေးမိ နှာစေးအတွက်ပေးတဲ့ ရှူဆေးတွေထဲမှာ ပါတယ်။ သွေးခဲစေတဲ့ ဆေးတွေကတော့ Coalgan (France), Stop Hemo (Sweden, Italy, Switzerland) and NasalCEASE (US and Australia) တွေဖြစ်တယ်။ ဒီနည်းတွေနဲ့ မရရင် ဆရာဝန်ဆီ ရောက်ရတော့မယ်။

နား-နှာခေါင်း-လည်ချောင်း ဆရာဝန်ကနေ မီးရှို့ပြီး သွေးကြောပိတ်တာ လုပ်ချင်လုပ်မယ်။ နှာခေါင်းထဲ ပတ္တီးရှည် ထည့်ပေးချင် ပေးမယ်။ Gauze ပိတ်ကျဲစကို Vaseline or liquid paraffin ဆီတခုခုထဲစိမ်၊ Betadine Solution (10% povidone-iodine) ပိုးသန့်ဆေးရည် နည်းနည်းရောပြီး နှာခေါင်းထဲကို တင်းကြပ်နေအောင် ထိုးသွင်းထားရင် အတော် များများ ကောင်းသွားပါတယ်။ နှာခေါင်းရောဂါ ခွဲစိတ်ပြီးသူများကိုလည်း ဒီနည်းနဲ့ သွေးမထွက်အောင် လုပ်တယ်။ ၂၄ နာရီ နေရင် ပြန်ထုတ်ကြည့်၊ လိုအပ်ရင် တခါ ထပ်ထည့်တယ်။ Silver nitrate ဆေးထည့်ပေးချင်ပေးမယ်။ နာမယ်ထင်ရင် ထုံဆေးသုံးပြီး လုပ်ပါတယ်။ ထုံဆေးထဲကို Injection Adrenaline ပါထည့်တယ်။ သိပ်ဆိုးရင် မေ့ဆေးနဲ့ ကရိယာထည့် စစ်ဆေးပြီး သွေးကြောကို ပိတ်ပေးတယ်။

နှာခေါင်းဖုံးအလွှာ Nasal mucosa ခြောက်နေလို့ ခဏခဏဖြစ်တတ်သူများ Saline spraying ဆားရည်ဖြန်းတာ တနေ့ ၃ ခါ လုပ်ရတယ်။ နှာခါင်းကိုလည်း Vaseline လိုမျိုးနဲ့ ချောမွေ့စေအာင်လုပ်ရတယ်။ အိမ်မှာလဲ ရေငွေ့ဓါတ်ပေးတဲ့ Humidifier တပ်ဆင်ထားရမယ်။ မကြာမကြာ ပြန်ဖြစ်သူများကို ပဋိဇီဝလိမ်းဆေးပေးတာ အကျိုးရှိစေတာ တွေ့ရတယ်။ နှာခေါင်သွေးယိုတာ များသူ၊ ခဏခဏ ဖြစ်သူတွေမှာ သွေးအားနည်းရောဂါ ၀င်လာတတ်တယ်။

သူများနိုင်ငံတွေမှာ Juice of flower of pomegranate သလဲသီးပန်းကို အရည်လုပ်ပြီး၊ ခပ်ပြင်းပြင်း ရှူစေတယ်။ Juice of fresh green grass မြက်ပင်သန့်သန့်ကို အရည်လုပ်ပြီး၊ နှာခါင်းတဖက်စီထဲကို ၅-၁၀ စက် ထည့်ခိုင်းတယ်။

မေးခွန်းမေးတဲ့သူအတွက် အဲလို တိုင်းပြည်ဒေသတွေမှာ နေရရင် ဆားရည်ကို နှာခေါင်းထဲ ဖြန်းဖြန်းပေးသင့်တယ်။ ကောင်းတာကတော့ Normal saline ခေါ်တဲ့ သွေးကြောထဲ သွင်းပေးရတဲ့ ပုလင်းထဲက ဆားရည်ဖြစ်တယ်။ ၀ယ်ရတာ ခက်ရင် ရေသန့်သန့်ထဲမှာ အိမ်သုံးဆား ၀့၉% ရအောင် ဖျော်ပြီး၊ သုံးနိုင်ပါတယ်။ ဗီတာမင် စီ ဆေးရှာမရရင် သုံပရာသီး၊ ရှောက်သီး၊ ဆီးဖြူသီး စားပါလေ။

Dr. တင့်ဆွေ