ဆရာတစ်ယောက်ရဲ့စာအုပ်ထဲမှ....မှတ်သားထားတာပါ.........

10:24 AM Posted In Edit This 0 Comments »
- ခြေထောက်နှစ်ချောင်းဟာဟန်ချက်ညီဖို့လိုပါတယ်..........တစ်ချောင်းကရှေ့ကိုလှမ်း၇င်
နောက်တစ်ချောင်းက အလိုက်သင့်လိုက်ပေး၇ပါတယ်.
တစ်ချောင်းကေ၇ှ့ကိုလှမ်းပြီး
နောက်တစ်ချောင်းက
နောက်ကိုဆွဲနေ၇င်ဘယ်နေ၇ာမှမေ၇ာက်နိုင်ပါဘူး...........ဘ၀ခ၇ီးဖော်ဆိုတာ
တစ်ယောက်နဲ့တစ်ယောက်နားလည်မှု၇ှိပြီး
ဟန်ချက်ညီဖို့အေ၇းကြီးပါတယ်..........။

- ချစ်ခြင်းမေတ္တာဆိုတာ တန်ဖိုးထားတတ်သူတွေအတွက်
အသုံးပြုသင့်သောရတနာဖြစ်ပြီး ချစ်ခြင်းမေတ္တာကို အသုံးချဖို့သာ
နားလည်သူတွေအတွက်တော့ ထိုက်တန်မှုမရှိလှပေ................။

- အချစ်ဆိုတာပေးဆပ်ခြင်းလို့ ခံယူထားရင်တော
့စွန့်လွှတ်ရဲသူဖြစ်ရလိမ့်မည်......... ။

-ချစ်ဦးသူအပေါ်သစ္စာပျက်မိခြင်းသည်လည်းကောင်း
၊မိဘနှစ်ပါးအပေါ်ကျေးဇူးမဆပ်ဖြစ်ခဲ့ခြင်းသည်လည်းကောင်း
၊ကျေးဇူးရှိသူကိုကျေးစွပ်ခဲ့ခြင်းသည်လည်းကောင်း
၊ထိုအဖြစ်ကြောင့်ယခုဘ၀မှာလည်းမကောင်း နောင်ဘ၀မှာလည်းမကောင်း
သံသရာတစ်လျှောက်လုံး မကောင်းမှုအကျိုးများကိုသာ ရရှိပေ၏.........။

-ရေ့ကိုလှမ်းမည့်ခြေထောက်တစ်ချောင်းသည် နောက်ဘက်မှရပ်ပေးထားသော
ခြေထောက်မရှိပါဘဲနှင့် ဘယ်လိုမှရှေ့သို့ မရောက်နိုင်ပေ။
ထို့အတူပင်လူတစ်ယောက်၏
ဘ၀မှာလည်း နောက်မှရပ်ပေးသည့်အဖော်ကောင်းတစ်ယောက် လိုအပ်ပါသည် .........။

-ပန်းတစ်ပွင့်၏အလှတန်ဖိုးဟာအညှာတန်ပေါ်မှာသာရှိပြီးမိန်းကလေးတစ်ယောက်ရဲ့အလှကတော့သူ့ရဲ့ဆုံးဖြတ်ချက်ပေါ်မှာရှိပါတယ်.....။

-ကမ္ဘ္ဘ္ဘာလောက၌ ကောင်းမြတ်မှုများက ရယူပိုင်ဆိုင်နိုင်ဖို့အတွက်
ပေးအပ်ရသော အရာတစ်ခုသာရှိပါတယ်...ထိုအရာသည် "မေတ္တာ" ဖြစ်ပါသည်.......။

-အခြားသူ၏ ချစ်ခြင်းမေတ္တာကို လိမ်လည်လှည့်ဖျား၍ ယူလိုသူသည် မိမိကိုယ်ကို
လိမ်လည်ကောက်ကျစ်မှုအရင်ဆုံးပြုလေ့ရှိသည်.....ထိုကောက်ကျစ်မှုကြောင့်
ပေးသူရော ယူသူပါ ထိခိုက်နစ်နာမှုမျိုး ကြုံတွေ့ ရလေသည်......။

-တစ်ယောက်အကြောင်းတစ်ယောက် အမှန်အတိုင်းမသိဘဲနဲ့
တစ်ယောက်ကိုတစ်ယောက်နားမလည်ဘဲနဲ့ စစ်မှန်တဲ့မေတ္တာ
ဖြစ်နိုင်ဖို့တော်တော်ခဲယဉ်းပါတယ်.........။


-ကိုယ့်မေတ္တာကိုပဲ အင်မတန်လုံခြုံတဲ့ သံချပ်ကာအင်္ကျီလိုသဘောထားပြီးတော့ 
ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ ကိုယ့်ရဲ့မေတ္တာကိုပဲ
စည်းရိုးသဘောမျိုးနဲ့ထားပြီး နေမယ်ဆိုရင်စိတ်ထဲမှာ
လုံခြုံမှု ပြည့်စုံမှုသဘောမျိုး ခံစားရပါလိမ့်မယ်..............။


-မျက်လုံးဖြင့်ကြည့်ပါ....။ဦးနှောက်ဖြင့်ချိန်ဆပါ....။နှလုံးသားဖြင့်ခံစားကြည့်ပါ........။ပြီးရင်ဘာကိုမှမစဉ်းစားပဲမျက်လုံးမှိတ်ထားလိုက်ပါ.......ဆုံးဖြတ်ရမည့်အဖြေတစ်ခုပေါ်လာပါလိမ့်မည်......။


-ဆုံးရှုံးသွားသော အချစ်တစ်ခုအတွက် ဘ၀သည် ပို၍ရင့်ကျက်လာသည်............။


-"အမြတ်နိုးဆုံး" အရာကိုလက်လွှတ်ဆုံးရှုံးရခြင်းဟာ
"အကြီးမားဆုံးအောင်မြင်မှု" ဖြစ်တယ်............။


-အချစ်ရဲ့နိဒါန်းဟာ အသိဥာဏ်ရဲ့ နိဂုံးဖြစ်တယ်.............။


-မျက်ရည်ကျရပြီဆိုမှတော့
ရွှေပန်းကန်ပေါ်မှာပဲကျကျ.........ဖက်ရွက်ပေါ်မှာပဲကျကျ ဘ၀အတွက်
ထိခိုက်မှုရှိစေမှာ အမှန်ပါဘဲ...........။


-အချစ်ကို တန်ဖိုးမထားတတ်ပဲ အချစ်ရှာပါက စစ်မှန်သော
အချစ်စွမ်းအားများကို အကြောင်းမဲ့ဖြုန်းတီးပစ်ရာ
ရောက်ပါသည်.............။


-သိပ်ချစ်လို့ရပါတယ်.ဒါပေမယ့် သိပ်မျှော်လင့်ထားလွန်းရင်တော့
ကြေကွဲစရာတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်.............။


-ကိုယ့်ရဲ့ဂုဏ်သိက္ခာဟာကိုယ့်ရဲ့ဘ၀ပဲ..........သိက္ခာနဲ့ဘ၀ဟာတစ်ခုတည်းပေါင်းစပ်ထားတာ...........ဂုဏ်သိက္ခာမဲ့သွားလျှင်
ကိုယ့်ဘ၀လည်းနိဂုံးချုပ်သွားမည်..........။


-ချစ်သူကိုအသည်းနှလုံးနဲ့ရွေးချယ်ပါ........ဘ၀လက်တွဲဖော်ကိုဦးနှောက်နဲ့ရွေးချယ်ပါ..........။


-မဖိတ်ပဲရောက်လာ မရှာပဲတွေ့တဲ့အထဲမှာ အချစ်နဲ့ဒုက္ခက ထိပ်ဆုံးကပါ...........။


-ရင့်ဖွင့်ခွင့်မသင့်တဲ့ခံစားချက်တွေကို ဦးနှောက်ဖြင့်
ဖြေသိမ့်နိုင်ရမည်..........။


-တစ်ဦးအပေါ်တစ်ဦးထားတဲ့ စစ်မှန်တဲ့မေတ္တာ၊ လေးစားမှု၊
တန်ဖိုးထားမှုတွေဟာ ဘ၀မှာစိတ်ချမ်းသာမှုအများဆုံး
ပေးနိုင်တဲ့အရာဖြစ်တယ်.........။


-တစ်ကယ်မေတ္တာမှန်သွားရင် ကိုယ့်အတွက် ဘာအကောင်းဆုံးလဲလို့
တွေးမှာမဟုတ်တော့ဘူး..........သူ့အတွက်ဘာအကောင်းဆုံးဖြစ်မလဲဆိုတာကို
တွေးပြီးအဲတာကိုလိုလားတယ်...........။


-ကိုယ်ကစစ်မှန်တဲ့မေတ္တာကိုပေးနိုင်ဖို့အရေးကြီးပါတယ်..............ရဖို့တော့မမျှော်လင့်တာပဲကောင်းပါတယ်...........မမျှော်လင့်ပဲရမှပိုကောင်းပါတယ်.........။


-မေတ္တာရဲ့တကယ့်ပန်းတိုင်ဟာ
မြင့်မြတ်တဲ့စိတ်ဓာတ်နဲ့အသိဥာဏ်ဖြစ်ပေါ်ရေးပါ..............။


-တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်စိတ်ဓာတ်ရင့်ကျက်မှု ပိုရှိလာအောင်
အရည်အချင်းပိုရှိလာအောင် အထောက်အကူပေးတဲ့အချစ်မျိုးနဲ့ ချစ်နိုင်မှသာ
စိတ်ချမ်းသာမှုရတဲ့ ဆက်ဆံရေးဖြစ်တယ်..........။

သူရဲကောင်း

4:32 AM Posted In Edit This 0 Comments »
ပြင်သစ်စာရေးဆရာ Victor Hugo (1802.2.26-1885.5.22) က ဒီလိုစကားတစ်ခွန်း
ဆိုခဲ့ပါတယ်။

"ကျရှုံးခြင်းက ကျရှုံးသူကို ပိုပြီးမြင့်မြတ်စေခဲ့တယ်။ လဲနေတဲ့နပိုလီယံက
ရပ်နေတဲ့နပိုလီယံထက် ပိုမြင့်မြတ်ခဲ့ပါတယ်"

၁၈၁၅ခုနှစ် Waterlooစစ်ပွဲအပြီးမှာ နပိုလီယံတစ်ယောက်
နယ်နှင်ဒဏ်ခံရပြန်တယ်။ ဒီတစ်ခေါက်တော့ သူ့ကို ဝေးလံတဲ့
အတ္တလန္တိတ်သမုဒ္ဒရာနားက Saint Helenaကျွန်းကို နှင်လိုက်ပါတယ်။
၅နှစ်အကြာမှာ နပိုလီယံဟာ အဲဒီကျွန်းပေါ်မှာပဲ တစ်ယောက်တည်း
အထီးကျန်ဆန်စွာနဲ့ ကွယ်လွန်သွားခဲ့ရတယ်။

ဒါပေမယ့် ဒီကနေ့ရဲ့ Waterlooမှာတော့ နပိုလီယံရဲ့ရုပ်တုက မားမားမတ်မတ်ကြီး
ရှိနေခဲ့ပါတယ်။ မောက်မာဝင့်ကြွားတဲ့ ဂျပုဘုရင်နပိုလီယံဟာ
ချပ်ဝတ်တန်ဆာအပြည့်နဲ့ အားရကျေနပ်စွာ အောင်မြင်တဲ့ကိုယ်နေဟန်ထား
ပြနေခဲ့တယ်။

ဥရောပတိုက်သားတိုင်းရဲ့ရင်ထဲမှာ နပိုလီယံရဲ့
ရက်စက်ကြမ်းကြုတ်မှုတွေရှိခဲ့သလိ
ု မြင့်မြတ်တဲ့ နိုင်ငံခေါင်းဆောင်တစ်ဦး၊
ထက်မြက်တဲ့စစ်သူကြီး၊ သူရဲကောင်းတစ်ဦးအနေနဲ့လည်း ရှိခဲ့ပါတယ်။
ဝါတာလူးစစ်ပွဲမှာ နပိုလီယံဟာ လုံးဝရှုံးနိမ့်သူဖြစ်ခဲ့ပေမယ့် ပြိုင်ဖက်ကို
ပြားပြားဝပ်စေပြီး သူ့နာမည်ကို လူတွေထာဝရ စွဲမြဲမှတ်သားသွားစေအောင်
အကျိုးသက်ရောက်မှုရှိခဲ့တယ်။

သမိုင်းမှာ နာမည်ကြီးခဲ့သူတချို့၊ ယနေ့ထိ လူတွေစွဲစွဲမြဲမြဲ
မှတ်မိနေသူတချို့ဟာ အဖက်ဖက်က ကျရှုံးခဲ့ဖူးတယ်ဆိုပေမယ့် သူတို့ကို
သူရဲကောင်းမဟုတ်ဘူးလို့တော့ မပြောနိုင်ပါဘူး။

အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြသူတိုင်းက ရွှေတံဆိပ်ဆုကို
မျှော်မှန်းကြသူတွေချည်းပါ။ ဒါပေမယ့် ရွှေတံဆိပ်ဆုက တစ်ခုပဲရှိတဲ့အတွက်
အနိုင်အရှုံးဆိုတာကို အားကစားသမားတိုင်း ရင်ဆိုင်ကြုံတွေ့ရပါတယ်။

လူတချို့က ကြိုးစားအားထုတ်မှုကြောင့် ရွှေတံဆိပ်ဆုကို
အောင်မြင်စွာဆွတ်ခူးနိုင်ခဲ့ပြီး လူတွေရဲ့ လက်ခုပ်သံနဲ့ ပန်းစည်းကို
ရခဲ့ကြတယ်။ လူတချို့က ကြိုးစားအားထုတ်ခဲ့ပေမယ့် ငွေတံဆိပ်၊ ကြေးတံဆိပ်ပဲ
ရခဲ့တယ်။ တချို့က ဘာဆုမှ မရခဲ့ကြဘူး။ ဒါပေမယ့် သူတို့ကို လူတိုင်း
လက်ခုပ်သြဘာပေးကြတယ်။

လူတွေဟာ ဘဝအတွက် စစ်ပွဲတွေ အများကြီးတိုက်ရတယ်။ ဘဝအတွက် လူတိုင်း
ပေးဆပ်ရတယ်။ ဒါပေမယ့် ပေးဆပ်တိုင်း မျှော်မှန်းထားတဲ့ အကျိုးရလဒ်ကို
ခံစားကြရမှာ မဟုတ်ပါဘူး။ စိတ်ကူးအိပ်မက်တွေ ပြိုကွဲရင်လည်း ပြိုကွဲမယ်၊
ကျရှုံးခြင်းနဲ့ ရင်ဆိုင်ရင်လည်း ရင်ဆိုင်ရမယ်။ ဒါပေမယ့် တစ်ခါတလေမှာ
လူတစ်ယောက်ရဲ့တန်ဖိုးက သူလုပ်ဆောင်ခဲ့တဲ့အလုပ်ရဲ့ နောက်ဆုံးရလဒ်ပေါ်
မမူတည်ဘဲ ကြိုးစားအားထုတ်ခဲ့တဲ့ ဖြစ်စဉ်မှာပဲ မူတည်ခဲ့ပါတယ်။
ကြိုးစားနေဆဲမှာ ရှုံးနိမ့်တဲ့ဝေဒနာကိုလည်း ခံစားနိုင်သလို
အောင်မြင်တဲ့ပျော်ရွှင်မှုကိုလည်း ခံစားနိုင်မယ်။ ဇွဲရှိရှိနဲ့
ကြံ့ကြံ့ခံနိုင်ဖို့ပဲ လိုခဲ့ပါတယ်။

ဆင်းရဲဒုက္ခတိုင်းဟာ စိတ်ဓာတ်အတွက် ကြီးမားတဲ့ခွန်အားတစ်ရပ်ဖြစ်စေသလို
လူ့ဘဝအတွက် အဖိုးတန်တဲ့ အတွေ့အကြုံလည်းဖြစ်စေတယ်။ ဒါကြောင့်
သူရဲကောင်းတစ်ဦးကို ရူံးနိမ့်တာ၊ အောင်မြင်တာနဲ့ အဖိုးဖြတ်လို့ မရပါဘူး။
အောင်မြင်သည်ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ သူကြိုးစားအားထုတ်ခဲ့တယ်၊
ကြံ့ကြံ့ခံနိုင်ခဲ့တယ်ဆိုရင် လုံလောက်ပါပြီ။

သမိုင်းတစ်လျှောက်က သူရဲကောင်းတိုင်းဟာ အရာရာကို အောင်မြင်ခဲ့သူမဟုတ်သလို
ပြေပြေပြစ်ပြစ် ဖြတ်ကျော်ခဲ့သူတွေလည်း မဟုတ်ခဲ့ပါဘူး။ တချို့က
နှစ်ရှည်သမိုင်းတွေနဲ့ သက်သေပြပြီး၊ ရွေးချယ်ပြီးမှ
သူရဲကောင်းဆိုတဲ့ဂုဏ်ပုဒ်ကို ရရှိခဲ့သူတွေဖြစ်တယ်။ ဒါကြောင့် လူ့ဘဝမှာ
အရာရာတိုင်းကိုအောင်နိုင်တဲ့ စစ်သူကြီးဆိုတာ မရှိသလို
အောင်နိုင်သူတိုင်းမှ သူရဲကောင်းဖြစ်တာ မဟုတ်ပါဘူး။ ရှုံးနိမ့်သူလည်း
သုရဲကောင်း ဖြစ်ထိုက်ခဲ့ပါတယ်။

သူရဲကောင်းရဲ့ တကယ့်အဓိပ္ပာယ်က ဇွဲလုံ့လနဲ့ကြံ့ခိုင်မှုကို ပဓာနထားတဲ့
စိတ်ဓာတ်အာနိသင်ပဲဖြစ်တယ်။

ဆေးပညာနှင့်ပတ်သက်သောအယူအဆအမှားများ

3:33 AM Posted In Edit This 0 Comments »
ဆေးပညာနှင့်ပတ်သက်သောအယူအဆအမှာ
းများ
ပြည်သူလူထုအတွင်းအလွယ်တကူနှင့်ဖျောက်ဖျက်၍မရနိုင်သေးသော ဆေးပညာနှင့်
ပတ်သတ်သည့် အယူအဆအမှားများ များစွာရှိပါသည်။ ထိုများစွာသော
အယူအဆအမှားများမှ အချို
့ကိုဖော်ပြသွားပါမည်။

၁။အင်္ဂလိပ်ဆေးနှင့်သံပုရာရည်
အင်္ဂလိပ်ဆေးနှင့် သံပုရာရည် ၊သို့ မဟုတ် အချဉ်လုံးဝမတည့်ဟူသော အယူအဆအမှားမှာ လူ ၁၀၀
တွင် လူ ၉၀ ကျော်၏ စိတ်၌စွဲမြဲစွာ ယုံကြည်လျက်ရှိသည်။ အချဉ်စားမိလို့ 
ဆေးမသောက်ဖြစ်ဘူး အချဉ်စားထားမိလို့ ဆေးမထိုးပေးပါနဲ့ဆရာ အချဉ်စားပြီး ဘယ်လောက်ကြာ
ဆေးသောက်ရမလဲ စသည့်စကားမျိုးမကြာခဏကြားရသည်။
မည်သူမည်ဝါဖြင့်ဆေးထိုးပြီးသံပုရာရည်သောက်မိလို့ ဆေးရုံတင်လိုက်ရတယ် ။
သေသွားပြီဆိုသော
ကောလဟာလများပင်ကြားရတတ်သည်။
ရှေးနှစ်ပေါင်းများစွာက အင်္ဂလိပ်ဆေးအချို့ သည် အချဉ်နှင့်ဓာတ်မတည့်တာမျိုး
ရှိကောင်းရှိခဲ့နိုင်သည်။ ယနေ့ အချိန်တွင် အချဉ်နှင့်မတည့်သောဆေးဟူ၍ လုံးဝမရှိပါ။
ကုမ္ပဏီအမျိုးမျိုးမှ ထုတ်လုပ်လျက်ရှိသော သောက်ဆေးထိုးဆေး အမျိုးမျိုးတွင်
အချဉ်နှင့်မတည့်ပါဟု
တားမြစ်ချက်ရှိသောဆေးဟူ၍ မရှိပါ။ အချဉ်နှင့်အင်္ဂလိပ်ဆေး မတည့်ခြင်းဆိုသည်မှာ
အယူအဆမှားတစ်ခုသာဖြစ်ကြောင်း သိစေချင်သည်။

၂။အင်္ဂလိပ်ဆေးသောက်လျှင်မစာရှိမှသောက်ရမည်
အထက်ပါယူဆချက်မှာလည်း အမြဲမှန်ကန်မှုမရှိပါ ။ လူအများစုသည် ဆေးသောက်တော့မည်ဆိုလျှင်
အစာတစ်ခုခုအလျင်စားကြသည်။ ပြီးမှသောက်ကြသည်။ ဆေးများသည် အစာမစားမီသောက်ရသောဆေး၊
အစာစားပြီးသောက်ရသောဆေး ၊အစာနှင့်ဝေးအောင်နေပြီးမှသောက်ရသောဆေး
ဟူ၍အမျိုးမျိုးရှိသည်။
တချို့ သောဆေးများသည် အစာနှင့်ဝေးဝေးသောက်မှ အာနိသင်ကောင်းသည်။ အထူးသဖြင့်
ပဋိဇီဝပိုးသတ်ဆေးများ ဖြစ်ကြသည်။ အစားနီးလျှင်သို့ မဟုတ် အစာစားပြီးမှသောက်လျှင်
ဆေးအားစုပ်ယူနိုင်မှု စွမ်းအားမကောင်းသဖြင့် လိုသောအာနိသင်မရနိုင်ပေ ။
မည်သည့်ဆေးကို မည်သည့်အချိန်၌ သောက်ရမည်ဆိုခြင်းကို မိမိအားဆေးသောက်ရန်ညွှန်ကြားသော
ဆရာဝန်၊သို့ မဟုတ် ကျန်းမာရေးဝန်ထမ်းများအား သေသေချာချာမေးမြန်းသင့်ကြသည်။

၃။တက်သည့်ကလေးကို ၀ိုင်းဝန်းခြေမချိုးပေးကြ၊ ခြေမလက်မချိုးကြသည့်လုပ်ဆောင်မှု
ကလေးငယ်များသည် ကိုယ်အပူကြီးလျှင် တက်တတ်ကြသည်။ ကလေးငယ်တက်လျှင်
ဝိုင်းဝန်းနှိပ်ကြသည်။ ခြေမလက်မတို့ ချိုးတတ်ကြသည်။ ကလေးငယ်သည်
အလိုအလျောက်အတက်ကျသွားလျှင် နှိပ်လို့ ၊ ခြေမလက်မချိုးလို့  အတက်ကျသွားသည်ဟု
ထင်နေကြသည်။ ဤသို့ သော အယူအဆသည် မှားယွင်းပါသည်။ ကလေးငယ်တက်လျှင် နှိပ်ခြင်း
၊ခြေမလက်မချိုးခြင်း လုံးဝမပြုလုပ်သင့်ပါ ။ အပူကြီး၍ တက်သည်ဆိုလျှင်
ကိုယ်အပူချိန်ကျအောင် လုပ်ဆောင်ပေးရန်သာဖြစ်သည်။

၎။အကြောတက်ခြင်းနှင့်အကြောဆေးသွင်းခြင်း
အကြောတက်လျှင် အကြောဆေးသွင်းရမည် ဟူသောထင်မြင်ယူဆချက်မှာလည်း
အယူအဆမှားတစ်ခုသာဖြစ်သည်။
ဆေးဝါးများကိုထုတ်လုပ်ရာတွင် စားဆေး၊ထိုးဆေး၊လိမ်းဆေး ၊ရှူဆေးစသည်ဖြင့်
အမျိုးမျိုးထုတ်လုပ်ကြသည်။ ထိုဆေးများကိုပင်အသားဆေး ၊အကြောဆေး၊
အရေပြားအတွင်းထိုးဆေး၊ အရေပြားအောက်ကပ်လျက်ထိုးဆေး စသည်ဖြင့်ထိုးနည်းအလိုက်
ခွဲထားပေးသည်။
အကြောဆေးကို ဆေး၏အာနိသင် လျင်မြန်စွာလိုအပ်သောအခါ သုံးတတ်ကြသည်။ အကြောဆေးသည်
သွေးကြောအတွင်း တိုက်ရိုက်ထိုးသွင်းသဖြင့် ခေါ်ဝေါ်သောအသုံးအနှုန်းဖြစ်သည်။
အကြောရောဂါများကို ပျောက်စေသည့် သို့မဟုတ် အကြောတက်ပျောက်စေသည့်ဆေး မဟုတ်ပါ။
အကြောတက်ပျောက်ရန် လိမ်းဆေး၊ သောက်ဆေး၊အသားထိုးဆေး၊ စသည်တို့ဖြင့်လည်း
ပျောက်ကင်းအောင်ကုသနိုင်သည်။ အကြောတက်လို့ အကြောဆေးထိုးပေရန် တောင်းဆိုတတ်ကြသော
လူနာတစ်ချို့ သတိပြုကြရန်ဖြစ်သည်။

၅။ခွေးကိုက်သည့်ဒဏ်ရာမန်းမှုတ်ထားလျှင်ဆေးမထည့်ရ
ဆေးခန်းသို့ ခွေးကိုက်ဒဏ်ရာဖြင့် ရောက်လာသော လူနာတချို့ သည် အနာကိုမန်းမှုတ်ထားလို့
ဆေးမထည့်ပါနဲ့ ဆေးထိုးပြီးသောက်ဆေးပဲပေးပါ ဟုတားမြစ်မှုတောင်းဆိုမှုများ
ပြုလုပ်တတ်ကြသည်။ ခွေးကိုက်ဒဏ်ရာသည် မန်းမှုတ်ရုံဖြင့် ပျောက်မည်မဟုတ်ပါ။
ဒဏ်ရာမှပိုးဝင်နိုင်သည်၊ အနာပြည်တည်နိုင်သည်။ မေးခိုင်ရောဂါလည်း ၀င်နိုင်သေးသည်။
အနာကို စင်ကြယ်အောင်ရေဆေးပြီး ဆေးထည့်ရန် လိုမည်ဖြစ်သည်။ တစ်ခါတစ်ရံဒဏ်ရာကြီးလျှင်
ချုပ်ဖို့ လည်းလိုတတ်သည်။
ဤမှားယွင်းသောအယူအဆကိုလည်း သိရှိနားလည်ပြီး ပြုပြင်ရန် လိုအပ်ပြီဖြစ်သည်။

၆။အားဆေးမသောက်ရခြင်းများ
လူနာတချို့ သည် အားဆေးသောက်ရန် ဆရာဝန်ကညွှန်ကြားသောအခါ
သွေးတိုးရှိသည်ဟူသောအကြောင်းပြချက်ဖြင့် ဆေးသောက်ရန် ငြင်းဆိုတတ်ကြသည်။
အားဆေးသောက်လျှင် သွေးတိုးပိုဆိုးစေသည်ဟု လက်ခံနေကြသည်။ အချို့ နေထိုင်မကောင်းပြီး
ဖျားနေသောလူနာများသည်လည်း အားဆေးမသောက်ရဲကြချေ ။ အားဆေးသောက်လျှင်
ရောဂါပိုဆိုးမည်ဟု ယူဆကြသည်။အားဆေးဟုဆိုရာတွင် အများအားဖြင့် ဗီတာမင်များ၊
သတ္တုဓာတ်များ ၊အမိုင်နိုအက်ဆစ်များ အဓိကပါဝင်ကြသည်။ အားဆေးတွင်ပါဝင်သော
ဓာတ်ပစ္စည်းများသည် သွေးတိုးခြင်းကို ပိုမိုမဆိုးစေနိုင်ပါ။
သတ္တုဓာတ်တစ်မျိုးဖြစ်သော ဆိုဒီယမ်သည် သွေးတိုးနှင့်မတည့်ပါ သွေးတိုးရောဂါကို
ပိုဆိုးစေသည်။ သို့သော်အားဆေးတွင်ပါဝင်သော သတ္တုဓာတ်များမှာ သံဓာတ် ၊ ဇင့် ၊
ကိုဘော့ စသည်တို့သာဖြစ်သည်။ ဆိုဒီယမ်ကို မည်သည့်အားဆေးမျိုးတွင်မှ
ထည့်သွင်းထားခြင်းမရှိပေ ။ အားဆေးကြောင့် ဖျားနာခြင်းကိုလည်း
ပိုမိုဆိုးစေခြင်းမရှိပါ။
သွေးတိုးနေလျှင်ဖြစ်စေ နေထိုင်မကောင်း ဖျားနာနေလျှင်ဖြစ်စေ ဆရာဝန်၏
ညွှန်ကြားချက်ရှိလျှင် စိတ်ချယုံကြည်စွာ အားဆေးများကိုသောက်နိုင်ကြသည်။ အန္တရာယ်
တစ်စုံတစ်ရာမရှိနိုင်ကြောင်းသိစေလိုသည်။

ဆရာမ ဒေါက်တာစိန်စိန်သိန်း သို့ အိတ်ဖွင့်ပေးစာ

3:57 AM Posted In Edit This 0 Comments »

ဆရာမ ဒေါက်တာစိန်စိန်သိန်း သို့ အိတ်ဖွင့်ပေးစာ

၂၀၁၀ ခု၊ ဒီဇင်ဘာလ ၃ ရက်

ဆရာမ ခင်ဗျား -

၂၇ - ၁၀ - ၂၀၁၀ နေ့ထုတ် စောင့်ကြည့်သတင်းဂျာနယ် (News Watch)အတွဲ(၆)၊ အမှတ်(၁၅) စာမျက်နှာ ၃၀ မှာ ဒေါက်တာစိန်စိန်သိန်း အမည်နဲ့ရေးထားတဲ့ ''ပေးဆပ်ခဲ့သူသာ အလေးမြတ်ပြုခံရ'' ဆိုတဲ့ ဆရာမရဲ့ ဆောင်းပါး တစ်ပုဒ်ကို ဖတ်လိုက်ရပါတယ်။

ဆရာမ ရေးသားတဲ့ အဲဒီဆောင်းပါးရဲ့ ခေါင်းစဉ်က ထိမိလှပါတယ်။ ဆရာမတင်ပြချင်တဲ့ သဘောတရား အချို့ကိုလည်း နားလည်လိုက်ပါတယ်။ မဟတ္တမဂန္ဓီကြီးဟာ

''ဟိန္ဒူ၊ မွတ်စလင် လူမျိုးရေးအဓိကရုဏ်းတွေကို မလိုလားကြောင်း၊ မတူညီတဲ့ ဘာသာရေးကို အကြောင်းပြုပြီး နိုင်ငံသားအချင်းချင်း သတ်ဖြတ်နေကြတာကို အလုပ်မဟုတ်ဘူးလို့ ခံယူထားသူဖြစ်ကြောင်း

- တောင်အာဖရိကနိုင်ငံမှာ အိန္ဒိယလူမျိုးတွေအတွက် တရားမျှတမှုရဖို့ တိုက်ပွဲဝင်ခဲ့ရကြောင်း။

- အိန္ဒိယ လွတ်လပ်ရေးအတွက် ဗြိတိသျှအစိုးရကို တိုက်ပွဲဝင်တဲ့အခါ တားဆီးမှု ကြိမ်ဖန်များစွာ ခံခဲ့ရပြီး၊ ထောင်ထဲကို ၀င်လိုက်ထွက်လိုက်နဲ့ ဘ၀တစ်ခုလုံးအနစ်နာခံခဲ့ရကြောင်းတွေ ရေးထားတာ ဖတ်ရပါတယ်။

ကောင်းပါတယ်။ ခေါင်းစဉ်နဲ့လည်း ကိုက်ပါတယ်။ မဟတ္တမဂန္ဓီကြီးကိုလည်း ပိုပြီး ကရုဏာသက် ကြပါတယ်။ တစ်ချို့ ခေါင်းဆောင်တွေဆိုရင် မဟတ္တမဂန္ဓီကြီးကို စံနမူနာယူနေတာကိုလည်း တွေ့နေရပါတယ်။

မကောင်းတာတစ်ခုလည်း ဆရာမရေးထားတဲ့စာထဲမှာ ဖတ်လိုက်ရပါတယ်။ ဆွမ်းဆန်ထဲ ကြွက်ချေးရောသလို ဖြစ်သွားပါတယ်။ မကောင်းတာဆိုတာထက် သမိုင်းအမှားကြီးတစ်ခုလို့ဆိုရင် ပိုမှန်ပါလိမ့်မယ်။ အဲဒါကတော့ ကော်လံ(၃) ပထမပိုဒ် စာကြောင်းရေ(၄)နဲ့ ကော်လံ(၅) နောက်ဆုံးအပိုဒ်အစမှာ ရေးထားတဲ့ မဟတ္တမဂန္ဓီကြီးကို လုပ်ကြံသတ်ဖြတ်သူဟာ ''အလွန်အယူသည်းသော မွတ်စလင်လူငယ်တစ်ဦး''ဆိုပြီး ရေးထားတဲ့ အချက်ပါပဲ။ တကယ်တော့ အဲဒီအချက်ဟာ တက်တက်စင်အောင် လွဲသွားတာပါပဲ။

ဆရာမဟာ ဒေါက်တာဆိုတော့ ဆေးပညာဒေါက်တာပဲဖြစ်ဖြစ်၊ ပညာရေး Ph.D ဒေါက်တာပဲဖြစ်ဖြစ် အဲဒီပါရဂူမြောက်ဘွဲ့တွေရဖို့ သုတေသနကျမ်းအလီလီပြု၊ စာတမ်းအစောင်စောင် တင်ပြီးမှ ရခဲ့တာပါ။ အဲဒီလို ဒေါက်တာဘွဲ့ရဆရာမတစ်ဦးက စာရေးဆရာလည်းဖြစ်တော့ ပိုပြီး နှံ့စပ်သေချာဖို့လိုပါတယ်။ မရေမရာနဲ့ မစူးစမ်း မဆင်ခြင်မလေ့လာဘဲ စာတစ်ပုဒ်ဖြစ်ရင်ပြီးရောဆိုပြီး ရေးလိုက်တာကတော့ ဆရာမရဲ့ ဂုဏ်ပုဒ်သိက္ခာ ဒေါက်တာ ဆိုတာနဲ့ အလှမ်း အရမ်းကြီးကွာဝေးနေပါတယ်။ ဗရမ်းဗတာရေးတတ်တဲ့ သူတွေထဲမှာ ဆရာမဒေါက်တာစိန်စိန် သိန်း တစ်ယောက် မပါစေချင်ပါဘူး။

တကယ်တော့ ဆရာမရေးထားတဲ့အတိုင်း မဟတ္တမဂန္ဓီကြီးဟာ လူမျိုးရေးမုန်းတီးမှု၊ လူများစုက လူနည်းစု အပေါ် တစ်ဖက်သတ်ဖိနှိပ်မှု၊ ဘာသာရေးစော်ကားမှုတွေကို လိုလားသူမဟုတ်ပါ။ ဟိန္ဒူမွတ်စလင်တို့ အဓိကရုဏ်း တွေ အကြီးအကျယ်ဖြစ်တဲ့ ၁၉၄၇ ခုနှစ် ဇန်န၀ါရီမှာ အဓိကရုဏ်းတွေ ပပျောက်ဖို့နယ်လှည့်တရားဟော ခဲ့တယ်။ ဟိန္ဒူနဲ့ မွတ်စလင်တို့ သင့်တင့်လာစေရန် အစာငတ်ခံခဲ့တယ်။ နှစ်ဘက် ခေါင်းဆောင်တွေဆီက သင့်မြတ် ပါ့မယ်ဆိုတဲ့ ကတိရရင် အစာပြန်စားတယ်။ ၁၉၄၇ ခုနှစ် စက်တင်ဘာလမှာ တစ်ကြိမ်၊ ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့မှာ တစ်ကြိမ် အစာငတ်ခံပြန်တယ်။ အဲဒီလို အစာငတ်ခံပြီး နာရီပေါင်း ၁၇၁ နာရီနဲ့ ၄၅ မိနစ်စေ့တဲ့အခါ ဟိန္ဒူနဲ့မွတ်စလင်ခေါင်းဆောင်တွေက နှစ်ဖက် သင့်မြတ်ညီညွတ်ပါ့မယ်လို့ ဂတိပေးတဲ့အတွက် အစာကို ပြန်စား ပါတယ်။

နောက်ပိုင်း ဘာဖြစ်သွားသလဲ၊ ဂန္ဓီကို ဘယ်သူသတ်သလဲဆိုတဲ့ သမိုင်းအထောက်အထားတွေကို ကျွန်တော်အမြောက်အများ တင်ပြနိုင်ပါတယ်။ ဒါပေမယ့် အခိုင်လုံဆုံးအထောက်အထားတစ်ခုနဲ့တင် လုံလောက် လို့ အဲဒီတစ်ခုကိုပဲ ကျွန်တော်တင်ပြပါရစေ။

ဂန္ဓီကြီး ကျဆုံးပြီး (၈)နှစ်ပဲကြာသေးတဲ့ ၁၉၅၆ ခုနှစ်မှာ ရန်ကုန်မြို့ မြန်မာနိုင်ငံဘာသာပြန်စာပေ အသင်း၊ စာပေဗိမာန်ရဲ့ ရုပ်ပြဗဟုသုတဘဏ်အဖြစ်ထုတ်ဝေတဲ့ မြန်မာ့စွယ်စုံကျမ်း အတွဲ(၃)၊ စာမျက်နှာ (၉၁-၉၄)မှာ ဖော်ပြထားတဲ့ မဟတ္တမဂန္ဓီကြီးအကြောင်းကို ဖတ်ကြည့်ဖို့ မူရင်းအတိုင်း ဖော်ပြပေးလိုက်ပါတယ်။

(၁၉၄၈ ခုနှစ်) ''ဇန္န၀ါရီ ၂၁ ရက်နေ့တွင် ဟိန္ဒူလူငယ်တစ်ဦးသည် ဟိန္ဒူမွတ်စလင် ငြိမ်းချမ်းရေးကို မလိုလားသော ဆန္ဒကိုပြသည်အနေနှင့် ဂန္ဓီ၏ နေအိမ်အနီး၌ ဗုံးဖောက်ခွဲသည်။ ဂန္ဓီသည် ထိုလူငယ်အား အပြစ်မှ ခွင့်လွှတ်ပါရန် မေတ္တာရပ်ခံလေသည်။

ဇန္န၀ါရီ ၃၀ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်အချိန်တွင် ဂန္ဓီသည် ဒေလီမြို့ရှိ သူ၏နေအိမ် ဗီယာလာ နေအိမ်၌ ဘုရားဝတ်ပြုရန်အလာတွင် ဟိန္ဒူလူငယ်တစ်ဦးဖြစ်သော ဂတ်ဆေးဆိုသူသည် ဂန္ဓီကို ခြောက်လုံးပူး နှင့် သုံးချက်ပစ်သည်။ ဂန္ဓီသည် နာရီဝက်ခန့်ကြာသောအခါ အနိစ္စရောက်လေသည်။''

ဒါကြောင့် ဆရာမ စွပ်စွဲရေးသားထားသလို ဂန္ဓီကြီးကို သတ်တာ မွတ်စလင်လူငယ်မဟုတ်ပါဘူး။ ဟိန္ဒူ လူငယ်သာဖြစ်တယ်ဆိုတာ သိလောက်ပြီထင်ပါတယ်။ စာပေဗဟုသုတများကို ဆက်လက်လေ့လာပြီး အများအကျိုးပြု စာပေများ ရေးသားနိုင်ပါစေလို့ ဆန္ဒပြုလျက် -

ရွှင်လန်းချမ်းမြေ့ပါစေ

မောင်သဲနီ

တခြားလူကို ပြောင်းလဲဖို့.....

6:04 AM Posted In Edit This 0 Comments »
ကျွန်တော်ရဲ့ ငယ်ဘဝစိတ်ကူးအိပ်မက်က အသံလွှင့်ဌာနမှာ အသံလွှင့်သူ
တစ်ဦးဖြစ်ဖို့ပါပဲ။ တက္ကသိုလ်ပထမနှစ်မှာ ကျွန်တော့်ဇာတိဖြစ်တဲ့ South
Carolinaပြည်နယ် ကိုလံပီယာမြို့က အသံလွှင့်ဌာနတစ်ခုမှာ ကျွန်တော်ရဲ့
ပထမဆုံးအလုပ်ကို ရခဲ့တယ်။ အဲဒီအလုပ်ကို ကျွန်တော်အရမ်းနှစ်သက်ခဲ့တယ်။
တည်းဖြတ်သူဖြစ်တဲ့အထိ နှစ်အတော်ကြာ ကျွန်တော်အလုပ်လုပ်ခဲ့တယ်။
တည်းဖြတ်သူရဲ့ အလုပ်က တစ်မြို့လုံးအတွက် အကောင်းဆုံးအသံသွင်းထားသူရဲ့
ကြော်ငြာတွေကို လိုက်ဖက်တဲ့တီးလုံး သံစဉ်တွေ ထည့်ပေးတာဖြစ်တယ်။

Philက ကျွန်တော်ထက် အသက်(၂ဝ)နီးပါးကြီးတဲ့ အသံလွှင့်သူဖြစ်တယ်။ သူ့အသံက
ခပ်သြသြနဲ့ ဆွဲဆောင်မှုအပြည့်ရှိတယ်။ အစကသူဟာ တည်းဖြတ်သူပါ။
ကျွန်တော်ရောက်လာပြီးမှ သူ့နေရာမှာ ကျွန်တော့်ကို
အစားထိုးလိုက်တာဖြစ်တယ်။ Philအသံက တကယ့်ကို နားထောင်လို့ကောင်းပါတယ်။
အသံလွှင့်လောကရဲ့ စကားနဲ့ပြောရရင် "အသံပါရမီရှင်"လို့ ဆိုရလိမ့်မယ်။ သူဟာ
ကြော်ငြာစာသားတွေလည်း အင်မတန် ရေးတတ်သူဖြစ်တယ်။ သူရဲ့အထူးခြားဆုံးက
ကြော်ငြာတွေအတွက် လိုက်ဖက်တဲ့ သံစဉ်၊ တီးလုံးတွေကို ရွေးယူတာပဲဖြစ်တယ်။

Philဟာ (A M) အသံလွှင့်ခေတ်ကတည်းက ဒီအလုပ်လုပ်ကို လုပ်ခဲ့သူဖြစ်တယ်။ အခု
ကျွန်တော်တို့ရဲ့ အသံလွှင့်ဌာနက (F M) ဖြစ်တယ်။ Philရဲ့ တတ်ကျွမ်းမှုက
ခေတ်သစ်နည်းပညာနောက် အမှီမလိုက်နိုင်ခဲ့ဘူး။ သူတည်းဖြတ်တဲ့ ကြော်ငြာတွေက
A M လိုင်းမှာ အရမ်းနားထောင်လို့ ကောင်းပေမယ့် FMလိုင်းမှာတော့
ရိုးလွန်း၊ သာမန်လွန်းနေပါတယ်။

တည်းဖြတ်သူဖြစ်စမှာ ကျွန်တော်အရမ်း စိတ်လှုပ်ရှားမိတယ်။ Philနဲ့
တခြားအသံလွှင့်သူတွေနဲ့ အလုပ်အတူလုပ်ရမှာကို
ကျွန်တော်အရမ်းမျှော်လင့်ခဲ့တယ်။ သူတို့ဟာ ကျွန်တော်တို့နယ်မှာ နာမည်ကြီး
အသံလွှင့်သူတွေဖြစ်တယ်။ သူတို့ရဲ့အသံတွေနဲ့ ကျွန်တော်ကြီးပြင်းခဲ့တယ်။
ဒါပေမယ့် သိပ်မကြာပါဘူး။ Philနဲ့ ကျွန်တော့်ကြားမှာ အဖုအထစ်လေး
စလာခဲ့တယ်။ ကျွန်တော်လုပ်တဲ့ ကြော်ငြာတီးလုံးတွေ မချောမွတ်ဘူး။
ဘောင်မဝင်ဘူးလို့ သူကဆိုပါတယ်။ ကျွန်တော်တည်းဖြတ်တဲ့ သံစဉ်၊
တီးလုံးတွေကို သူမကြိုက်ဘူး။ ကျွန်တော်သိမ်းတဲ့ ဖိုင်ပုံစံတွေကို
သူမကြိုက်ဘူး။ ကျွန်တော်ဘာလုပ်လုပ် သူမနှစ်သက်ဘူး ဖြစ်နေပါတယ်။

ဒီလိုနဲ့ Philကို နှစ်သက်ခဲ့ဖူးတဲ့ ကျွန်တော်ရဲ့ကြည်ညိုလေးစားမှုတွေ
တဖြေးဖြေး ပျောက်ကွယ်လာခဲ့ပြီး သူ့ကို ကျွန်တော် အင်မတန်
မုန်းတီးလာခဲ့မိတယ်။ စစချင်းမှာ သူ့ဆူဆဲဒဏ်ကို
ကျွန်တော်ခေါင်းငုံ့ခံခဲ့ပြီး "sorry" လို့ ပြောတတ်ပေမယ့် နောက်ပိုင်းမှာ
ကိုယ့်ကိုကိုယ် ကာကွယ်ပြီး ကျွန်တော်ပြောတတ်လာခဲ့တယ်။ သူမှားတယ်လို့
ကျွန်တော်ထင်တဲ့အမှားတွေကို ထုတ်ဖော်ပြောတော့တယ်။ သိပ်မကြာပါဘူး။
ကျွန်တော်တို့ဟာ တစ်ဦးကိုတစ်ဦး ပေါ်တင်ငြင်းခုန် ဆဲဆိုတော့တယ်။
အချင်းချင်း ဝေဖန်ပြီး ပြစ်တင်ရှုံ့ချတော့တယ်။

တည်းဖြတ်ခန်းမှာ အသံလုံမှန်နံရံကြီးတစ်ခု ခြားထားပါတယ်။
ကျွန်တော်တို့နှစ်ယောက်ဟာ မှန်နံရံ တစ်ဘက်တစ်ချက်ကနေ အသံမကြားရဘဲ
အမူအရာနဲ့တင် အချင်းချင်း ဝေဖန်ဆဲဆိုကြပါတယ်။ လည်ပင်းကြောတွေ
ထောင်လာတဲ့အထိ၊ မျက်နှာတွေ နီးမြန်းလာတဲ့အထိ အော်ကြပါတယ်။ အသံမကြားဘဲ
အမှုအရာနဲ့ ဆဲဆိုနေကြတဲ့ ကျွန်တော်တို့နှစ်ယောက်ရဲ့ အပြုအမှုက
တခြားလုပ်ဖော်ကိုင်ဖက်ရဲ့ အမြင်မှာ ဘယ်လောက်ရယ်စရာ ကောင်းနေမလဲ!

တစ်နေ့မှာ ကျွန်တော်တို့နှစ်ယောက် ငြင်းခုန်ဆဲဆိုနေတုန်းမှာ Philဟာ
နာရီတစ်ချက်ကြည့်ပြီး "နင့်ရဲ့အပိုစကားတွေ နားထောင်ဖို့ ငါအချိန်မရှိဘူး။
မိတ်ဆွေတစ်ယောက်နဲ့ ထမင်းစားဖို့ ငါချိန်းထားတယ်" လို့ဆိုပြီး အခန်းထဲကနေ
ထွက်သွားပါတယ်။ မှန်ပြတင်းကနေ သူထွက်သွားရာဖက် ကျွန်တော်လိုက်ကြည့်မိတယ်။
ဧည့်ခန်းမှာ သူ့ကိုထိုင်စောင့်နေတဲ့ သူနဲ့အသက် မတိမ်းမယိမ်းအရွယ်
လူတစ်ယောက်ကို ကျွန်တော်တွေ့လိုက်တယ်။ အဲဒီလူဟာ Philကိုတွေ့တာနဲ့
ပြုံးရွှင်တဲ့မျက်နှာနဲ့ ဖက်လှဲတကင်း ပွေ့ဖက်နှုတ်ဆက်ပါတယ်။

Philနဲ့ သူ့မိတ်ဆွေထွက်သွားတာကို ကျွန်တော်ငေးကြည့်နေခဲ့မိတယ်။
ကျွန်တော်စိတ်ထဲ တွေးနေမိတာက "Philမှာလည်း သူငယ်ချင်းရှိတယ်?
ဒီလောက်အပေါက်ဆိုးတဲ့ သူ့မှာလည်း သူငယ်ချင်းရှိသေးတယ်?" လို့ဖြစ်တယ်။
ဒီအတွေးက ရယ်စရာဖြစ်ရင်လည်းဖြစ်မယ်။ ကျွန်တော်က ကျွန်တော်ကိုယ့်ကျွန်တော်
သိပ်ဟုတ်တယ် ထင်နေခဲ့မိတယ်။ Philမှာ သူငယ်ချင်းရှိလိမ့်မယ်လို့
ကျွန်တော်လုံးဝ ထင်မထားခဲ့မိဘူး။ ဘယ်လိုဖြစ်ပြီး Phil ကို
နှစ်သက်တဲ့လူလည်း ရှိပါလိမ့်?

အဲဒီညမှာ ကုတင်ပေါ်လဲရင်း ကျွန်တော်စဉ်းစားခန်း ဝင်နေမိတယ်။ အဲဒီလူဟာ
Philကိုတွေ့တာနဲ့ ဘာဖြစ်လို့ အားရဝမ်းသာဖြစ်ပြီး ကျွန်တော်က
Philကိုတွေ့တာနဲ့ ဘာဖြစ်လို့ စိတ်ပျက်ဒေါသဖြစ်ရတာပါလိမ့်? Philဟာ
အမြင်ကပ်ဖို့ကောင်းသူပါ ---- ဟုတ်ပါတယ် ကျွန်တော်ကိုယ့်ကျွန်တော် ဒီလိုပဲ
ပြောပြဖြစ်တယ်။ ဒါပေမယ့် Philဟာ အမြင်ကပ်ဖို့ကောင်းတယ်လို့
ကျွန်တော်ထင်သလို လူတိုင်းက ဘာလို့မထင်ပါလိမ့်?

Philနဲ့ သူ့မိတ်ဆွေရဲ့ ပေါင်းသင်းဆက်ဆံရေးက ကျွန်တော်နဲ့
Philရဲ့ပေါင်းသင်းဆက်စပ်ရေးနဲ့ မတူခဲ့ဘူး။ Philကိုဖော်ညွန်းတဲ့
ကျွန်တော်ရဲ့ဖော်ညွန်းချက်နဲ့ သူ့မိတ်ဆွေရဲ့ဖော်ညွန်းချက်တွေက
ခြားနားနေတယ်။ Philကိုယ်Philပြောတဲ့ ရင်ထဲစကားတွေက သူ့မိတ်ဆွေကို
သူနှစ်သက်တယ်ဆိုတဲ့ စကားဖြစ်သလို သူ့မိတ်ဆွေကိုယ်တိုင်ပြောတဲ့
ရင်ထဲကစကားဟာလည်း Philရဲ့ ကောင်းကွက်တွေပဲဖြစ်တယ်။

ကျွန်တော်မှာတော့ Philအကြောင်းတွေးမိတာနဲ့ ကျွန်တော်ရင်ထဲမှာ
သူ့ဆိုးကွက်၊ သူ့ဝေဖန်အပြစ်တင်သံတွေပဲ ရှိနေခဲ့တယ်။ "Philဟာ
တကိုယ်ကောင်းဆန်သူ၊ ဘဝင်မြင့်သူ၊ လူအမြင်ကပ်ဖို့ကောင်းသူ" ဒါတွေဟာ
Philကို ဖော်ညွန်းတဲ့ ကျွန်တော်ရဲ့ဖော်ညွှန်းချက်ဖြစ်တယ်။ ဒါဟာ
ကျွန်တော်ရင်ထဲမှာရှိတဲ့ Philရဲ့ ပုံပန်းသဏ္ဍာန်ဖြစ်တယ်။ နောက်ဆုံးမှာ
ဒီလိုသဏ္ဍာန်ရှိတဲ့ လူတစ်ယောက်နဲ့ ကျွန်တော့်ဆက်ဆံရေးကို စခဲ့တယ်။

Philနဲ့ သူ့မိတ်ဆွေရဲ့ ဆက်ဆံရေးက ကျွန်တော်နဲ့မတူခဲ့ဘူး။ ဒါဟာ
ဘာကြောင့်လဲဆိုတော့ သူ့ရင်ထဲမှာဖော်ညွန်းတဲ့ Philနဲ့ ကျွန်တော့်ရင်ထဲမှာ
ဖော်ညွန်းတဲ့Philရဲ့ ဖော်ညွန်းချက်တွေ မတူလို့ဖြစ်တယ်။

"တခြားလူကို ငါ ဘယ်လိုပြောင်းလဲရမလဲ?" ဒါဟာ ကျွန်တော့်ကို လူအများကမေးတဲ့
မေးခွန်းဖြစ်တယ်။ Philနဲ့ကျွန်တော့်ရဲ့အတွေ့အကြုံက ဒီမေးခွန်းကို
ဖြေနိုင်ဖို့ ကျွန်တော့်ကို အဖြေပေးခဲ့ပါတယ်။

"တခြားလူကို ပြောင်းလဲဖို့ တစ်ခုတည်းသောနည်းက သူ့အပေါ်ထားတဲ့ ကိုယ့်အထင်၊
ကိုယ့်အတွေးကို ပြောင်းလဲဖို့ပါပဲ"

"Relationship" (ပေါင်းသင်းဆက်ဆံခြင်း)ဆိုတဲ့ စာလုံးထဲမှာ
"relate"ဆိုတဲ့စာလုံးက "ပြောပြတယ်" ဒါမှမဟုတ် "ဆက်သွယ်ပုံကိုပြတယ်"လို့
အဓိပ္ပာယ်ရတယ်။

တနည်းပြောရရင် "ပေါင်းသင်းဆက်ဆံရေးဆိုတာ လူတစ်ဦးနဲ့တစ်ဦး
ဆက်ဆံပြောဆိုခြင်းဖြစ်တယ်။ ဒီလိုဆက်ဆံပြောဆိုတဲ့ အခြေခံက
တစ်ဘက်လူအပေါ်ထားတဲ့ ကိုယ့်အမြင်ကို ကိုယ့်ကိုယ်ကို
ပြန်ပြောပြနေတာဖြစ်တယ်။ ဒီလိုပြန်ပြောပြတဲ့အရာတွေက
ဒီပေါင်းသင်းဆက်ဆံရေးကို အဆုံးအဖြတ်ပေးတယ်" (ရှင်းရှင်းပြောရရင်
တစ်ဘက်လူအပေါ်မြင်တဲ့ ကိုယ့်အမြင်က ဆိုးနေရင် ဒီပေါင်းသင်းဆက်ဆံရေးက
ဒီမှာတင်ပြီးသွားမယ် ဒါမှမဟုတ် ပိုဆိုးလာနိုင်တယ်။ တကယ်လို့ ကောင်းနေရင်
ရှေ့ဆက်ဒီထက်ပိုကောင်းတဲ့ ပေါင်းသင်းဆက်ဆံရေးတွေ ရှိလာနိုင်တယ်)