စပိန်နှင့် ဂျာမနီတွေ့ပြီ

6:02 AM Posted In Edit This 0 Comments »
စပိန်နှင့် ဂျာမနီတွေ့ပြီ
Post Date: 2010-07-04 03:28:59

၂၀၁၀ ကမ္ဘာ့ဖလား ပြိုင်ပွဲ ကွာတား ဖိုင်နယ် ပွဲစဉ် ၄ အဖြစ် ယူရို ၂၀၀၈ ချန်ပီယံ စပိန်နှင့် ပါရာဂွေး တို့ ယှဉ်ပြိုင် ကစားကြရာ စပိန်က ၁းဝ ဖြင့် အနိုင် ရရှိသွားခဲ့သည်။
၂ သင်းလုံးသည် အနိုင်ရရှိရေး အတွက် ကြိုးစား ကစားခဲ့ကြ သော်လည်း ပထမပိုင်းတွင် ဂိုးမရှိ သရေ ဖြစ်နေခဲ့သည်။
ဒုတိယပိုင်း ပြန်စပြီး ပွဲကစားချိန် ၅၉ မိနစ်တွင် ဂိုးရရန် အပိုင် အခွင့်အရေးကို စရသူမှာ ပါရာဂွေး ဖြစ်သည်။
သို့သော်လည်း ပါရာဂွေး အတွက် ပင်နယ်တီ ကန်ခွင့်ကို ဂိုးရအောင် မသွင်းနိုင်ပဲ လွဲချော် သွားစေခဲ့သူမှာ ကာဒိုဇိုဖြစ်သည်။
အလားတူ နောက် ၃ မိနစ်အကြာတွင် စပိန်ဘက်မှ ပင်နယ်တီကန်ခွင့် ပြန်လည် ရရှိခဲ့သည်။ သို့သော် အလွန်ဆို ကန်သွင်းသည့် ယင်း ပင်နယ်တီ မှာလည်း အချည်းနှီး ဖြစ်ခဲ့ရသည်။
ထို့နောက် ပွဲချိန် ၈၃ မိနစ် အရောက်တွင် ဂိုးမြူးနေသော စပိန် တိုက်စစ်မှူး ဒေးဗစ်ဗီလာက ဆီးမီးရောက် စေမည့် ဂိုးကို သွင်းယူ သွားနိုင် ခဲ့သည်။ ဗီလာမှာ ယခုအခါ ပြိုင်ပွဲ တစ်လျှောက် ၅ ဂိုး သွင်းယူ ထားနိုင်ခဲ့ပြီ ဖြစ်သည်။
စပိန်မှာ ဆီမီး ဖိုင်နယ်တွင် အာဂျင်တီးနားကို ၄ ဂိုးပြတ်ဖြင့် နိုင်ခဲ့သည့် ဂျာမနီနှင့် တွေ့ဆုံရမည် ဖြစ်သည်။


အောက်တိုဘာဖွား ကံမကောင်းပါလား

6:00 AM Posted In Edit This 0 Comments »
အောက်တိုဘာဖွား ကံမကောင်းပါလား

၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးအတွက် အိမ်ရှင် တောင်အာဖရိက ကလွဲလို့ ကျန်တဲ့ ၃၁ သင်း စာရင်းဝင် အဖြစ် သေချာသွားတဲ့ အချိန်မှာ ပထမဆုံး ထွက်လာတဲ့ အသံကတော့ ချန်ပီယံဟာ ဘရာဇီး ဒါမှမဟုတ် အာဂျင်တီးနားသာ ဖြစ်နိုင်တယ်တဲ့ ...
သူတို့ ပြောတော့လည်း ဟုတ်နေတာပဲလေ ခြေစစ်ပွဲ ရလဒ်တွေကို ကြည့်ပါလား .... နိုင်ပွဲတွေကများ ကစားသမားတွေ ကလည်းတော် .... နာမည် ကျော်တွေ အများစုနဲ့ကိုး ....
ဒါပေမယ့် ဘရာဇီးနဲ့ အာဂျင်တီးနား တို့ရဲ့ ကံကြမ္မာဟာ ကွာတား အထိသာ ခံခဲ့ပါတယ်။
ဘယ်သူ့ရဲ့ အထင်ကြီးခြင်းကိုမှ သိပ်မခံ ထားရတဲ့ ဟော်လန်နဲ့ ဂျာမနီတို့ဟာ အဲဒီ တောင်အမေရိက ထိပ်သီး ၂ သင်းကို တပ်ခေါက် သွားစေ ခဲ့ပါပြီ ...
ဘရာဇီးဟာ ဟော်လန်ကို ရော်ဘင်ဟိုရဲ့ဂိုးနဲ့ ဦးဆောင် နိုင်ခဲ့ပြီးကာမှ နောက်ဆုံးမှာ ၂း၁ နဲ့ ရှုံးပြီး ပြည်တော် ပြန်လိုက် ရသလို မာရာဒိုနာဆိုတဲ့ ကမ္ဘာကျော် ဂန္တ၀င် ဘောလုံးသမားကြီး နည်းပြပေးခဲ့တဲ့ အာဂျင်တီးနားဟာလည်း အရှက်တကွဲ အကျိုး နည်းလို့ ဆိုရလောက်အောင် ဂျာမနီကို ၄ ဂိုးပြတ်နဲ့ ရှုံးသွားခဲ့ပါပြီ။
အဲဒီပွဲတွေအပြီးမှာ ထွက်ပေါ်လာတဲ့ အရှုံးသမားနည်းပြ ၂ ယောက်လုံးရဲ့ စကားကတော့ တစ်လေသံတည်းပါပဲ (ကျွန်တော် ထွက်တော့မယ် .... ) တဲ့ ..
ကစားသမား ကောင်းတွေ ရှိလျက်သားနဲ့ အရှုံးကို ရင်ဝယ်ပိုက် ခဲ့ရတဲ့နောက်မှာ တာဝန်ရှိသူဟာ ... ငါလို့ ယူဆခဲ့ကြတဲ့ အတွက် ဒွန်ဂါနဲ့ မာရာဒိုနာ တို့က လက်ရှိ ရာထူးတွေက ထွက်ကြမယ်လို့ ဆိုခဲ့ကြတာပါ။
တကယ်တော့ သူတို့ ၂ ယောက်လုံးဟာ နာမည်ကြီး ကစားသမားတွေဖြစ်ခဲ့ကြပါတယ် ....
မာရာဒိုနာဟာ ၁၉၇၆ ကနေ ၁၉၉၇ အထိ ၂၁ နှစ်ကြာ တိုက်စစ်မှူး အဖြစ် ကစားခဲ့သူပါ။ ကလပ်ပေါင်း ၇ ခုမှာ စုစုပေါင်း ပွဲ ၄၉၀ ကစားခဲ့ပြီး ၃၁၁ ဂိုး ရခဲ့သလို အာဂျင်တီးနား လက်ရွေးစင် အသင်းအတွက်လည်း ၁၉၇၇ ကနေ ၁၉၉၄ အထိ ကစားခဲ့ပြီး ၉၁ ပွဲမှာ ၃၄ ဂိုး ရခဲ့သူပါ။ အဲဒီ ၃၄ ဂိုးထဲမှာ ပြောစမှတ် အပြုရဆုံးကတော့ ၁၉၈၆ ကမ္ဘာ့ဖလားပွဲမှာ အင်္ဂလန် ဘက်ကို လက်နဲ့ ပုတ်သွင်းခဲ့တဲ့ (Hand of God) ဂိုးပါပဲ ....
ကွာတားပွဲဖြစ်တဲ့ အဲဒီပွဲမှာ နိုင်ခဲ့တဲ့ နောက် ဘယ်လ်ဂျီယံကို ဆီမီးမှာ ကျော်ဖြတ်ပြီး ဖိုင်နယ်မှာ အနောက် ဂျာမနီကိုပါ ကျော်လွှားပြီးတဲ့အဆုံး ပရိသတ်ပေါင်း ၁၁၅၀၀၀ ရှေ့မှောက်မှာ မာရာဒိုနာဟာ ကမ္ဘာ့ဖလားကြီးကို ကိုင်မြှောက် သွားနိုင်ခဲ့ပါတယ်။
ကပ္ပတိန် အဖြစ်နဲ့ ဆက်ပြီး ကစားခဲ့တဲ့ ၁၉၉၀ ကမ္ဘာ့ဖလားမှာလည်း မာရာဒိုနာဟာ ဗိုလ်လုပွဲအထိ ရောက်ခဲ့ပါ သေးတယ်။ ဒါပေမယ့် အဲဒီပွဲမှာတော့ အနောက် ဂျာမနီက ၁းဝ နဲ့ ရှုံးကြွေးဆပ်သွားခဲ့ပါတယ်။
ဘရာဇီး သားကြီး ဒွန်ဂါကတော့ ၁၉၈၀ မှာမှ ကစားသမားဘ၀စခဲ့ပြီး ၂၀၀၀ ပြည့်နှစ်အထိ နှစ်ပေါင်း ၂၀ အတွင်းမှာ ကလပ် ၁၀ ခုကိုကိုယ်စားပြုလို့ ၃၇၇ ပွဲကစားခဲ့ပါတယ်။ အဲဒီပွဲတွေမှာ ၃၉ ဂိုးရခဲ့ပါတယ် .... ဂိုးအရနည်းတာကတော့ ဒွန်ဂါဟာ ကွင်းလယ် အဖျက် တာဝန်ကို ယူရသူမို့ပါ။
ဒွန်ဂါဟာ ဘရာဇီး လက်ရွေးစင် အဖြစ်ကို ၁၉၈၂ မှာ ရရှိခဲ့ပြီး ၁၉၉၈ အထိ ၉၁ ပွဲကစားပေးခဲ့ပါတယ်။
သူဟာလည်း မာရာဒိုနာလိုပဲ ကမ္ဘာ့ဖလားကြီးကို ကိုင်မြှောက်ခွင့် ရခဲ့သူ ဖြစ်ပြီး ၁၉၉၄ ကမ္ဘာ့ဖလားမှာ ဖြစ်ပါတယ်။
မာရာဒိုနာဟာ မန်ဒီယူ အသင်းနဲ့ ရေးဆင်း အသင်းတွေကို ၁၉၉၄၊ ၁၉၉၅ တွေမှာ ကိုင်တွယ်ခဲ့ဖူးပြီး ၂၀၀၈ မှာ အာဂျင်တီးနားကို တာဝန်ယူခဲ့တာပါ။
ဒွန်ဂါကတော့ ကလပ်နည်းပြ အဖြစ် တာဝန်မယူခဲ့ဖူးပဲ ၂၀၀၆ မှာ ဘရာဇီး နည်းပြ ဖြစ်ခဲ့သူပါပဲ။
အခုတော့ သူတို့ ၂ ယောက်လုံးဟာ ကမ္ဘာ့အကောင်းဆုံး အသင်းတွေလို့ ပြောစမှတ်ပြုရတဲ့ ဘရာဇီး၊ အာဂျင်တီးနား တို့နဲ့အတူ အိမ်အပြန် လမ်းခရီးကို နှင်နေကြပါပြီ ...
ကစားသမားဘ၀မှာ အောင်မြင်မှုရခဲ့ပေမယ့် လက်ရွေးစင် နည်းပြဘ၀မှာတော့ ကွာတားကနေပဲ လှည့်ပြန်ခဲ့ရတဲ့ ဘ၀တူ ဖြစ်ခဲ့ပါတယ်။
တိုက်ဆိုင် တာကတော့ သူတို့ ၂ ယောက်လုံးဟာ ခုနှစ်သာ ခြားပေမယ့် မွေးလက အတူတူပါ ....
အောက်တိုဘာ .... တဲ့ ....
ဆီမီးဖိုင်နယ် ပွဲကစားရဦးမယ့် မေလဖွား ဗန်မာဝစ်ရဲ့ ဟော်လန်၊ မတ်လဖွား တာဘာရက်ဇ်ရဲ့ ဥရုဂွေး၊ ဖေဖော်ဝါရီဖွား ဂျိုအာချင်လိုရဲ့ ဂျာမနီ၊ ဒီဇင်ဘာဖွား ဒဲလ်ဘော့စကေးရဲ့ စပိန် အသင်းတွေထဲက ဘယ်အသင်းကများ ကမ္ဘာ့ဖလားကြီးကို ယူဆောင်သွားနိုင်မယ် ..... ဆိုတာ စောင့်ကြည့်ကြပါဦးစို့ .....

ကမ္ဘာ့ဖလား ဂုဏ်ပြု့ Miss World Cup 2010 အလှမယ် ရွေးချယ်ပွဲ ကျင်းပ

8:21 AM Posted In Edit This 0 Comments »
၂၀၁၀ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ကမ္ဘာ့နိုင်ငံ
အသီးအသီးမှ ဘောလုံးအသင်း ၃၂ သင်းကို ကိုယ်စားပြုသော နိုင်ငံအသီးသီးမှ
အလှမယ်လေးများ ပါဝင်သည့် Miss World Cup 2010 အလှမယ် ရွေးချယ်ပွဲကို
ဇွန်လ ၅ ရက်နေ့က ဂျာမနီနိုင်ငံတွင် ကျင်းပခဲ့သည်။Miss World Cup 2010
အလှမယ် ရွေးချယ်ပွဲ တွင် အသက် ၁၇ နှစ်အရွယ် အာဂျင်တီးနားမယ် Jennifer
Scherman က Miss World Cup 2010 ကိုရရှိခဲ့ပြီး ဂရိမယ် Katerina
Giannoglou က ဒုတိယနှင့် နယ်သာလန်မယ် Avalon-Chanel Weijzig က တတိယ
အသီးသီး ရရှိခဲ့ကြသည်။ အာဂျင်တီးနားမယ် Jennifer Scherman သည်
နိုင်ငံတကာ အလှမယ်ပေါင်း ၉၅၀ အနက် မှ နောက်ဆုံး Miss World Cup 2010
ဆွတ်ခူရရှိသူ ဖြစ်ပြီး ဆုငွေအဖြစ် ယူရို ၅၀၀၀ နှင့် အီဂျစ်နိုင်ငံသို့
ခရီးသွားခွင့် ရရှိသည်မည်ဖြစ်သည်။
11.png11.png
162K View Download
12.jpg12.jpg
42K View Download
13.jpg13.jpg
41K View Download
14.jpg14.jpg
26K View Download
15.jpg15.jpg
34K View Download

အိန္ဒိယနိုင်ငံမှ ဆက်လက်ကြီးထွားနေသော သက်ရှိတံတား

8:13 AM Posted In Edit This 0 Comments »
ယနေ့လို ခေတ်ကြီးထဲမှာ ကိရိယာ တန်ဆာပလာမပါပဲနဲ့ လူတွေအတွက် အသေးငယ်ဆုံး
တံတားလေးတစ်ခု တည်ဆောက် မယ်ဆိုရင်တောင်မှ လွယ်ကူလှတဲ့ အလုပ်တစ်ခုတော့
မဟုတ်ပါဘူး ။ သဘာဝတရားကြီးက ကျွန် တော် တို့ကို အံ့သြဖွယ်ရာတွေ
ဆောင်ယူလာပေးပါတယ် ။ အိန္ဒိယနိုင်ငံမှ မိုးသစ်တောတွေထဲမှာ သဘာဝ အ
လျောက်ရှင်သန်ကြီးထွားနေတဲ့ တံတားတစ်စင်းကို ဖော်ပြပေးလိုက်ပါတယ် ။
အိန္ဒိယမှ Cherraphunji ,
Meghalaya မှာ သဘာဝအလျောက် ရှင်သန်ကြီးထွားနေတဲ့ သက်ရှိတံတားရဲ့ ပုံတွေ
ကို သင်တွေ့မြင်နိုင်ပါတယ် ။ Ficus elastica ဆိုတာကတော့ သဘာဝအလျောက်
ဒုတိယအမြစ် (secondary roots) တွေကို ပွားများစေတဲ့ အပင်တစ်မျိုး ဖြစ်ပြီး
အဲဒီအပင်တွေ စုပေါင်းခြင်းအားဖြင့် တံတားတစ်စင်း ဖြစ်ပေါ် နေတာကို
အံ့သြဖွယ်ရာ တွေ့မြင်ရပါလိမ့်မယ် ။ အချို့သော လူမျိုးစုတွေဟာ မိုးရသီ
ရေလွှမ်းမှုတွေနဲ့ ကြုံတွေ့ ရတဲ့အခါ ဒီအပင်တွေကို အသုံးပြုပြီး တကယ့်တံတား
ဖြစ်အောင်လည်း ပြုလုပ်ကြပါသေးတယ် ။
1.jpg1.jpg
52K View Download
2.jpg2.jpg
45K View Download
3.jpg3.jpg
55K View Download
4.jpg4.jpg
52K View Download
5.jpg5.jpg
45K View Download
6.jpg6.jpg
50K View Download
7.jpg7.jpg
40K View Download

ကမ္ဘာ့အံ့သြဖွယ်ရာ ယဉ်လမ်းကြော

8:07 AM Posted In Edit This 0 Comments »
သဲကန္တာရထဲမှာ ဖောက်ထွင်းဆောက်လုပ်ထားတဲ့ ကားလမ်းမကို
တစ်ချက်လောက်ခံစားကြည့်ပါဦး ။ Jebel Hafeet Mountain
လမ်းမကြီးဟာ United Arab Emirates မှာတည်ရှိပြီး အံ့သြဖွယ်ရာ လမ်းမတစ်
ခုဖြစ်ပါတယ် ။ ၇.၃ မိုင်ခန့်ရှည်လျားပြီး ပေ ၄၀၀၀ လောက်နီးပါး
ကုန်းတက်လမ်းကို ဖောက်လုပ်ထား တာဖြစ်ပါတယ် ။ အကောက်အကွေ့ပေါင်း ၆၀
ခုပါရှိပြီး မာကျောတဲ့ မျက်နှာပြင်မှာပြုလုပ်ထားတဲ့ ချောမွတ်တဲ့
လမ်းမကြီးဖြစ် ပါတယ် ။ ကမ္ဘာ့ အံ့ဖွယ် ရှစ်ခုထဲမှာ တစ်ခုပါဝင်တယ်လို့
ဖော်ပြခြင်းခံရပြီး သူ့ကို ဘယ်လို ဖန်တီး တည်ဆောက်ခဲ့တယ်ဆိုတာ ကိုတော့
မဖော်ပြထားပါဘူး ။

ဒီလမ်းကြောင်းက

Jebel Hafeet တောင်ကို ဖြတ်သန်းဖောက်လုပ်ထားပြီး UAE မှာ အမြင့်ဆုံးလမ်း
ကြောင်းဖြစ်ပြီး ရေနံပေါများတဲ့ Persian Gulf ပြည်နယ်မှာတည်ရှိပါတယ် ။
အရှေ့တောင်ဖက်ကို ၃၀ ဒီဂရီမျှ မတ်စောက်ပြီး ဒီတောင်ကြီးဟာ Oman ရဲ့
နယ်နိမိတ်မှာ တည်ရှိပြီး ဒူဘိုင်း ပြည်နယ်နဲ့ မိနစ်ကိုးဆယ်မျှ
ကားမောင်းသွားရင် ရောက်ရှိနိုင်ပါတယ် ။ ဒီကားလမ်းမကြီးပေါ်ကနေ သဲကန္တာရတွေရဲ့
မြင်ကွင်းတွေကို ခံစားနိုင်သလို အံ့သြဖွယ်ရာ သဘာဝပါတ်ဝန်းကျင်တွေကို
ခံစားကြည့်ရှုနိုင်ပါတယ် ။
110.jpg110.jpg
25K View Download
111.jpg111.jpg
13K View Download
112.jpg112.jpg
22K View Download
113.jpg113.jpg
29K View Download