အာရှဖလား ဖိုင်နယ် တက်ရောက် သွားသည့် သြစတြေးလျနှင့် ဂျပန

4:17 AM Posted In Edit This 0 Comments »
၂၀၁၁ အာရှဖလား ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်များအား ယမန်နေ့က ယှဉ်ပြိုင် ကစားခဲ့ရာ သြစတြေးလျနှင့် ဂျပန်တို့ ဖိုင်နယ်သို့ တက်ရောက် သွားခဲ့ကြောင်း သိရသည်။



သြစတြေးလျ အသင်းသည် ပြိုင်ဘက် ဥဇဘက် ကစ္စတန် အသင်းအား ၆ဂိုးပြတ် ပြတ်ပြတ်သားသား အနိုင်ရရှိကာ ဖိုင်နယ် တက်ရောက်ခဲ့ခြင်း ဖြစ်သော်လည်း ဂျပန် အသင်းမှာ တောင်ကိုရီးယား အသင်းအား အချိန်ပို ကစားအပြီး ၂ဂိုးစီ သရေကျကာ ပင်နယ်တီ ဆုံးဖြတ်ချက်ဖြင့် အနိုင်ရရှိ ခဲ့ခြင်း ဖြစ်သည်။

သြစတြေးလျ အသင်းသည် ကီးဝဲလ်၏ ၅မိနစ် အဖွင့်ဂိုးဖြင့် ဦးဆောင် နိုင်ခဲ့ပြီး ၃၅မိနစ်တွင် အွန်နန်နိုစကီးက ဒုတိယဂိုး သွင်းပေးခဲ့ရာ ပထမပိုင်းတွင် ၂ဂိုးပြတ် အနိုင်ရ နေခဲ့သည်။ ထို့နောက် ၆၆မိနစ်တွင် ကာနေးက တတိယဂိုး သွင်းပေးခဲ့ပြီး ၆၇မိနစ်တွင် ဥဇဘက် ကစားသမား ဘာကိဗ် နှစ်ဝါတစ်နီဖြင့် ထုတ်ပယ် ခံခဲ့ရသည်။ ထို့နောက်တွင် သြစတြေးလျ အသင်းက တစ်ယောက် အသာဖြင့် ဆက်လက် ဖိကစားခဲ့ကာ ၇၅မိနစ်တွင် အီမာတန်၊ ၈၂မိနစ်တွင် ဗယ်လာရီ၊ ၈၃တွင် ခရူဆေး တို့က အသီးသီး အနိုင်ဂိုးများ သွင်းယူကာ ၆ဂိုးပြတ် အနိုင်ရခဲ့သည်။

ဂျပန်နှင့် တောင်ကိုရီးယားတို့ ပွဲတွင်မူ ၂၃မိနစ်တွင် တောင်ကိုရီးယား အသင်းက ပင်နယ်တီမှ တဆင့် ဦးဆောင်ဂိုး စတင် ရရှိခဲ့ကာ ပထမပိုင်း ၃၆မိနစ်တွင် ဂျပန် အသင်းက မီဒါက ချေပဂိုး သွင်းခဲ့သည်။ ထို့ကြောင့် မိနစ် ၉၀ပြည့် ၁ဂိုးစီ သရေ ဖြစ်နေခဲ့ပြီး အချိန်ပို ဆက်လက် ကစားခဲ့ရာ ၉၇မိနစ်တွင် ဟိုဆိုဂါက ဂျပန် အတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့သည်။ ထို့နောက် အချိန်ပို ဒုတိယပိုင်း ကုန်ဆုံးချိန် အထိ ဂျပန် အသင်းက အနိုင်ရရန် နီးစပ်ချိန်တွင် မိနစ် ၁၂၀၌ လီက တောင်ကိုရီးယား အတွက် ချေပဂိုး သွင်းယူပေးခဲ့ရာ အချိန်ပို ကစားအပြီး ၂ဂိုးစီ သရေ ဖြစ်ခဲ့သည်။ ပင်နယ်တီတွင် ဂျပန် ဂိုးသမား ကာဝါရှီမာက လက်စွမ်းပြကာ ဂျပန် အသင်းအား ဖိုင်နယ် တက်ရောက် စေခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် သြစတြေးလျနှင့် ဂျပန်တို့သည် လာမည့် ဇန်န၀ါရီ ၂၉ရက်နေ့တွင် ဖိုင်နယ်ပွဲ အဖြစ် ဆက်လက် ယှဉ်ပြိုင် ကစားရမည် ဖြစ်ကာ ဥဇဘက် ကစ္စတန်နှင့် တောင်ကိုရီးယား အသင်းတို့မှာ တတိယ လုပွဲ အဖြစ် ဇန်န၀ါရီ ၂၈ရက်နေ့တွင် ကစားရမည် ဖြစ်သည်။

0 comments: