Dr's Job

11:59 PM Posted In Edit This 0 Comments »
အာဖရိကရေ၁က်မြန်မ၁တစ်ယေ၁က် (၁၈)

တစ်ခုသောနံက်စေါစေါစီးစီးအချိန် မိုးအေးအေးနဲ့ကွေးကေါင်းဆဲကျွန်တော့ဆီ ဖုန်းဝင်လါ ပါတယ်။ ပြည်နယ်ဆရာဝန်ကြီး ဒေါက်တာဟမ၁းတ၁း Hamata ဆီံမှပါ၊ ရှားရှား ပါးပါး ခွဲစိတ်မွေးရမဲ့ လူနာတစ်ယေ၁က်ရှိလို့ ခုခွဲခန်းကိုလာဖို့အကြောင်းပါ၊ (ဆရာ ကြီးခေါ်တော့ လည်းသွားရတ၁ပေါ့၊) ဒါနဲ့ခွဲခန်းရောက်တော့သူကခုလူနာ မှာသူကိုယ်တိုင် တစ်ချိန်က စိတ်ရှည်လက်ရှည်နဲ့ သားအိမ်မှအလုံးကိုထုတ်ထားပေးရတဲ့လူနာဖြစ်ပြီးခုမှခလေးရ လါတဲ့တွက်သူဝမ်းသာတဲ့အကြေ၁င်း နဲ့ အရေးပေါ်လူန၁မဟုတ်ပဲခုလို စောစောခေါ်ရတ၁ ခွင့်လွှတ်ဖို့ အကြေ၁င်း ပြောပါတယ်၊ (ဆေးပညာမှာ Myoma uterus လို့ခေါ်တဲ့သ၁းအိမ်မှာ အလုံးရှိတဲ့ရောဂါသည် အမျိုးသမီးတစ်ယေ၁က်အဖို့ ခလေးရဖို့မလွယ်ပါ ခွဲထုတ်လိုက်လျှင် တော့ တချို့.လဲ ကံကေါင်းရင်ရတတ်ပါတယ်၊ ဒါကြေ၁င့်မို့လဲ သူပျော်နေတာပါ၊) ဒါနဲ့ ကျွန်တော်ကလဲ ဆရ၁ကြီးရဲ့ အေ၁င်မြင်မှုတွက် ဂုဏ်ယူပါ ကြေ၁င်း အလိုက်သင့်ပဲပြန် ပြောလိုက်ပါတယ်။

ကျွန်တေ၁်တို့ ခွဲစိတ် မှုကိုစလိုက်ကြပါတယ်၊ အဲဒီခွဲစိတ်မှုမှ၁ပါဝင်တဲ့ Katerina ဆိုတဲ့ ဆရာမ၊က အတော်လေးလယ်လယ် ဝယ်ဝယ် ရှိသူပါ၊ သူမ၊ကလုပ်ကိုင်ယင်းနဲ့ကျွန်တေ၁့ကို လှမ်းမေးပါတယ် “တ၁တေစိုး” ဒီလူနာကိုမမှတ်မိဘူးလ၁း ကျွန်တေ၁် သူ့ကိုကေါင်းကေါင်း သိခဲ့ပါတယ်တဲ့၊ ကျွန်တေ၁်ဆိုတဲ့လူကလဲ မှတ်မိဖို့ နေနေသာအ၁းလုံးကိုမဲမဲချည်း ပဲမြင်နေ တာမို့ (နိုး) လို့၊ “လူန၁ရဲ့မှတ်တမ်း ထဲမှ၁လဲကျွန်တော်နဲ့ပတ်သက်တာ ဘာမှလဲမတွေ့ရ ပါလား ဘာမျ၁းထူးထူးခြ၁းခြ၁းရှိလို့လဲ” လို့ပြန်မေးလိုက်ပါတယ်၊ သူမက၊ “ဒါဆိုလဲပြန် စဉ်းပါအုံး မနှစ်တုန်းက ဒေါက်တာ 'ဗက်' ကြီးနဲ့စကါးမျ၁းခဲ့တ၁တေ၁့မေ့အုံးမယ် မထင်ပါဘူး အဲ့ဒီတုန်းကလူနာ ကေါင်မလေးကသူပဲလေတဲ့၊”

သူမရဲ့စကါးကြ၁းရတော့ ကျွန်တော့ရဲ့စိတ်တွေ အိပ်ချင်မူးဖြစ်နေရ၁ ကပြန်နိုးကြ၁းလါပြီး အတိတ်ဆီ ကိုပြန် ရောက်လို့သွားပါတေ၁့တယ်၊ ဒီဇ၁တ်လမ်းလေးကိုကျွန်တေ၁် တသက်ဘယ်မေ့နိုင်ပမလဲ၊လွန်ခဲ့တဲ့တစ်နှစ်ကျေ၁် လေ၁က်ကကျွန်တေ၁်တို့ဆီမှာ ဒေါက်တ၁ ဗက်ဒရီဒင်း ( အတိုကေါက်၊သူ နဲ့လိုက်ဖက်တဲ့ နာမည် Dr Bad လို့ပဲခေါ်ပါတယ်) ဆိုတဲ့မီးယပ်သ၁းဖွ၁း ဆရ၁ဝန်တစ်ယေ၁က် ရှိခဲ့ဖူးပါတယ်၊ ထောင်ထောင်မောင်းမောင်းနဲ့၊ အီဂျစ်ကလာတာပါ၊ လန်ဒန် တေ၁်ဝင်သမ၁းတေ၁်ဘွဲ့ကြီး MRCOG ဘွဲ့ ရထားသူပါ၊ ခုလိုဘွဲ့ကြီးမျိုးပိုင်တာ ဒီနိုင်ငံမှာတေ၁်တေ၁်ရှားပါတယ်၊ သူနဲ့မြို.တေ၁်မှ၁နောက်တစ် ယေ၁က် ဒီနှစ်ယေ၁က် ပဲရှိမယ်ထင်ပါတယ်၊ ဒါကြေ၁င့် မို့လဲ တေ၁်တေ၁်ဘဝင်မြင့်နေသူပါ၊ အီဂျစ်လဲဖြစ်ပြန်တေ၁့ ပိုဆိုးတေ၁့တ၁ပေါ့၊ သူစိတ်တိုင်းကျတဲ့လူ၊ သူနဲ့ ပြဿနာမဖြစ်ဖူးတဲ့လူ ခပ်ရှားရှားပါ၊ ပြသ၁န၁ကိုမီး ခွက်ထွန်းရှာတတ်တဲ့လူစါးမျိုးပါ၊ အဲဒီနေ့ကသူနဲ့အတူ ကျွန်တေ၁် မေ့ဆေးတာဝန်ကျပါတယ်၊ လူနာလဲမမျ၁းလှ ပါ၊ ဒါကြေ၁င့်မို့ သူပထမ လူန၁ခွဲပြီးတဲ့နေ၁က်ဒုတိယ လူနာကို မေ့ဆေးမပေးမီစပ်ကြားမှ၁ သူ့ရဲ့လူန၁မှတ်တမ်းကို ဧဧဆေးဆေးဖတ်ကြည့်နေမိပါတယ်(အမှန်တေ၁့ခွဲ လူန၁တိုင်းကို တစ်ရက်အလိုမှ၁ မေ့ဆေးပေးဖို့သင့်မ သင့်ကြိုစစ်ပြီးသားပါ၊ ခုဟာကအချိန်ရလို့သူ့ရ၁ဇဝင်ကိုသက်သက် စပ်စုနေမိတ၁ပါ။ ဒါဟာပဲ ပြဿနာရဲ့အစ ဖြစ်သွားလားမသိ) ခွဲရမှာကသားအိမ်ထုတ်ပစ်ဖို့ပါ ရောဂါကသားအိမ်မှ၁ အလုံးတည်တာပါ (Myoma ပေါ့) အသက်ကိုစစ်လိုက်တေ၁့ ၂ဝ ပဲရှိသေးတာမို့ အတော်လေးစိတ်ဝင်စ၁းစရာ ကေါင်းနေပါတယ်၊ သနားစရ၁ကေါင်းနေတ၁ပါ၊ ခုလိုအပျိုရွယ်မိန်းခလေးတစ်ယောက်ဖို့သားအိမ်မရှိ တေ၁့တ၁ဟာ ဘဝသေသွ၁းတ၁ နဲ့ဘာထူးတော့မှာလဲ၊ အာဖရိကမှာပိုဆိုးတာက ယောက်ျားတွေက မိမ္မထက် သားသမီးတွေကို ပိုဦးစားပေးတာပါ။ ခလေးမရတဲ့မိမ္မအဖို့ အိမ်ထောင်မြဲဖို့မလွယ်ပါ။ ဒါနဲ့သူ့ဓါတ်မှန်တွေ အသံလှိုင်းနဲ့ရောဂါရှာတဲ့ Ultrasound တွေကိုဆက် လက်လေ့လါ ကြည့်တေ၁့အသားလုံးက ကျွန်တော့အတွေ့အကြုံအရ သားအိမ်ထုတ်ပစ်ရလောက်အေ၁င် မကြီးလှပါ အလုံးသက်သက် ပဲထုတ်မယ်ဆိုရင် ဖြစ်နိုင်လောက်ပါတယ် ခုခွဲစိပ်နေတဲ့၊ အဲဒီတုန်းက ဆေးရုံ အုပ်ကြီးလုပ်နေတဲ့ ဒေါက်တာဟမ၁းတားကဒီလိုရောဂါမျိုးကို အလုံးတင်ခွဲထုတ်တာ ကျွမ်းပါတယ် ဒီဆေးရုံကြီးမှာ သူတစ်ယောက်ပဲ ခုလိုစိတ်ရှည်လက်ရှည် နာရီပေါင်းများစွာကြာအောင် ခွဲလေ့ရှိတ၁ပါ။

အဲဒီတုန်းကအတူကျ နေတဲ့ဆရာမကလဲခု ကျွန်တော်နဲ့ပြောနေတဲ့ န၁့စ် ကက်သရီးန၁း ပါပဲ၊သူမကအခြ၁းသူ တွေနဲ့မတူရည်ရည်မွန်မွန် သွက်သွက်လက်လက် ရှိတာမို့ ကျွန်တေ၁်နဲ့လဲအတေ၁်လေး လေပေးဖြောင့်ပါတယ်၊ လူနာကလဲအင်္ဂလိပ်စကါး တတ်သူမဟုတ်လေတေ၁့ ကက်သရီးန၁းကိုပဲ စကါးပြန်လုပ်ခိုင်းပြီး လူန၁ကိုမေးမြန်းရပါတယ် သူမရဲ့အိမ်ထေ၁င်ရေး အစီအစဉ် ခလေးလိုချင်မလိုချင်စသဖြင့်ပေါ့ ဒီတေ၁့ မှသူမကခုနှစ်ကုန်လျှင်သူအိမ်ထေ၁င် ပြု ဖို့စီစဉ်ထားတဲ့အကြေ၁င်း နဲ့ ခလေးလိုချင်တဲ့အကြောင်းပြန်ပြေ၁ပါတယ်၊ သူမရဲ့အဖြေ ကိုကြားရတေ၁့ ကျွန်တေ၁် အတေ၁့်ကိုဖျ၁းသွားမိပါတယ်၊ ဒါဆိုခုခွဲစိပ်မှာက မင်းရဲ. သ၁းအိမ်ကိုထုတ်ပစ်မှာနေ၁် သ၁းအိမ်မရှိတေ၁့ရင် ခလေးမရနိုင်တေ၁့ဘူးဆိုတ၁ မင်းနားလည်လား သဘောပေါက်လား လို့ပြန်မေးလိုက်တေ၁့၊ သူမက ဟင်အင်း၊သူသိ တ၁ကသူ့ဗိုက်ထဲကအလုံးကိုထုတ်ပေးဖို့ပဲတဲ့၊ ခုလဲသူ့ဗိုက်ထဲကအလုံးပဲဖြစ် အေ၁င်ထုတ်ပေးပါ ခလေးလဲလိုချင်ပါတယ်တဲ့ (ဘ၁မှမသိနားမလည် တဲ့အရိုးခံလေးပါ) ဘာမှန၁းမ လည်ပဲနဲ့အင်္ဂလိပ်လိုရေးထားတဲ့ ခွဲစိပ်မှုသဘေ၁တူညီချက် (Consent) ထဲမှ၁တော့ 'သားအိမ် ကိုထုတ်ပစ်ရန် သဘောတူပါတယ်' ဆိုပြီးသူမကလက်မှတ်ထိုးထားပါသေးတယ်။ တစ်ခုခု တေ၁့လွဲနေတာသေချာပါပြီ။

ဒါနဲ့၊ သူမကိုခွဲစိပ်မဲ့ဒေါက်တာဘက် ကိုပဲသွ၁းပြီးအကျိုး ကြေ၁င်းမေးရပါတယ်၊ ဒီလိုပဲ ကေါင်မလေး ကပြော နေတဲ့အကြောင်း သားအိမ်တစ်ခုလုံးမဟုတ်ပဲ အလုံးတင်ထုတ်ပေးလို့ဖြစ်နိုင် မဖြစ်နိုင် တော်ကြ၁အိမ်ထေ၁င်ပြုပြီး မှ ခလေးရမလာရင်သူ့ရှေ့ရေးအတွက်သန၁းစရာ ကေါင်းပါတယ်လို့၊ ချိုချို သာသာပဲကျွန်တေ၁်သူ့ရှင်းပြပါတယ်၊ သူ့အဖြေက၊ (နိုး)တဲ့၊ အလုံး ကအကြီးကြီး ပ၊ဲလူနာကိုသူပြော ပြီးသားပဲ၊ သူပဲသဘေ၁တူလို့လက်မှက်ထိုးပြီးသားပဲတဲ့၊ ဒီတော့ ကျွန်တော်ကဒါဆို သူကိုယ်တိုင်မလုပ်ချင် တောင်မှ ဒေါက်တ၁ဟမ၁းတ၁း ဆီပို့ပေးလိုက်ပါလားကေါင်မလေးက ငယ်ငယ်ရှိပါသေးတယ် ဒီအခွင့်ရေးလေး တစ်ခုတေ၁့ပေးသင့်ပါတယ်လို့၊ဒါကိုသူက စိတ်မရှည်တေ၁့တဲ့ပုံစံနဲ့ သူမှမခွဲနိုင်ရင် ဘယ်သူမှတတ် နိုင်မှာမဟုတ်ဘူးတဲ့၊ မပို့ပေးနိုင်ဘူး၊ လို့ပြန်ပြေ၁ပါတယ်၊(သူ့ရဲ့မာန်မာန အတ္တတွေပေါ့)။

ဒီတော့ကါကျွန်တေ၁်တို့နှစ်ယေ၁က်သ၁း ကေါင်မလေးဆီပြန်သွ၁းကြရပြန်တယ်၊ သူမ၊ပြေ၁တဲ့ခွဲစိတ် မှုမျိုး လိုချင်ရင်ကနေ့တေ၁့မဖြစ်နိုင်ဘူးလို့၊ ဒါကြေ၁င့်မို့မင်းရဲ.ဆရ၁ကိုမခွဲချင်တေ၁့ဘူးလို့ ပြန်ပြေ၁ပြီးဆေးရုံကဆင်းသွ၁း နောက်တစ်ပတ်နေမှပြန်လာပြီး တခြ၁းဆရာဝန်တစ်ယောက်နဲ့ လာပြန်ပြလို့၊ အဲဒီဆရ၁ဝန်န၁မည်နဲ့ရက်ချိန်းကို ငါတို့ပေးလိုက်မယ်လို့၊ရှင်းပြပါတယ်၊ဒါပေမဲ့ကေါင်မလေး ကသူနေတဲ့ရွ၁ကဝေးတယ် Angola နယ်စပ်ကိုကျော်လာရတ၁ လယ်(ပြောင်းခင်း) အလုပ်ကလဲခုမှပဲ အ၁းတ၁မို့ကနေ့ပဲရအေ၁င်ခွဲပါဆိုပြီး ဒါကိုပဲတတွင်တွင်တောင်းဆို နေလို့ ကျွန်တေ၁်တို့အခက်တွေ့ရပြန် တယ်၊ ကျွန်တေ၁်တို့ရဲ့ငြိမ်းချမ်းရေးကြိုးပမ်းချက် ကမအေ၁င်မြင်ပါ၊မနှိုင်းကေါင်းနှိုင်း ကေါင်းပြောရရင်တော့ “ဘုန်းကြီးရူးနဲ့လှေလူး” ပုံစံမျိုးဖြစ်နေပါပြီ၊ တစ်ဖက်ကလဲဘာမှမသိန၁းမလည် ရှာတဲ့အရိုးခံလေး၊ ဆရာဝန်ကသူဖြစ်ချင်တာ အ၁းလုံးလုပ်ပေးနိုင်မယ် ထင်နေသူ၊ ကျန်တစ်ဖက်မှာတော့ လူတဖက်သားအရေး ကိုဘာမှမစဉ်းစ၁း ခုတ်မယ်ထစ်မယ်ဆို တဲ့ဓါးသမား၊ ဆရ၁ဝန် မဆံလွန်းတဲ့ဆရာဝန်တစ်ယေ၁က်၊ ဒီကြ၁းထဲမှာက ကျွန်တော်၊ တစ်ခုခုတေ၁့အပြတ်ဖြတ်မှဖြစ်တေ၁့မယ်။

ဆေးကျေ၁င်းသား ဘဝတုန်းက ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ခွဲစိပ်ပါမောက္ခဆရ၁ဝန်ကြီး ဦးကျေ၁်မောင် ပေးခဲ့တဲ့သင်ခန်းစာ လေးတစ်ခုကိုတော့ ခုထိကျွန်တေ၁်မမေ့သေးပါ၊ ကျွန်တေ၁်တို့ဆေးကျေ၁င်း နေ၁က်ဆုံးနှစ်မှ၁ တုန်းကပါ၊ တစ်နေ့ကျွန်တေ၁်တို့အုပ်စုကို ခွဲခန်းမှာစာသင်နေယင်း ဆရာကြီးက မေးခွန်းတစ်ခုကေါက်မေးပါတယ်၊ “ ခွဲခန်းတစ်ခုမှာ ကွါတဲ့ လူနာတစ်ယေ၁က်ကိုခွဲရာမှာ မေ့ဆေးဆရာဝန်ပါမယ်၊ ဆရာမတွေပါမယ်၊ ခွဲစိတ်ဆရာဝန်ပါမယ်၊ အဲဒီထဲမှာဘယ်သူအရေးကြီးဆုံးလဲ”တဲ့၊ ကျေ၁င်းသားတစ်ချို့ကခွဲစိတ် ဆရ၁ဝန်၊ တစ်ချို့ကမေ့ဆေးဆရာဝန်၊ဆိုပြီး အမျိုးမျိုးဖြေကြပါတယ်၊ ဒီတော့ဆရ၁ကြီးက “မင်းတို့အားလုံးမှားတယ်၊ မင်းတို့ခွဲနေ တာကလူနာလေ လူနာက နံပါတ်တစ်အရေးကြီးဆုံး ဖြစ်ရမှာပေါ့ ”တဲ့ လူန၁ပြီးရင်မေ့ဆေး ဆရ၁ဝန်ကဒုတိယ အရေးကြီးဆုံးပဲ တဲ့လူန၁့အ သက်ကသူ့လက်ထဲမှ၁ရှိတာတဲ့၊ မင်းတို့ထဲမှာလဲတစ်နေ့ကျ ခွဲစိပ်ဆရာဝန်ကြီးတွေဖြစ်မဲ့သူ ပါမှာပဲတဲ့၊ အဒီကျရင် ငါဓါးကိုင်ရတယ် ဆိုပြီးဘဝင်မမြင့်ကြနဲ့၊ လူနာကိုအလေးထ၁းရမယ်၊ လူလိုဆက်ဆံရမယ်၊ မင်းတို့ခွဲ နေတ၁သစ်တုံး တွေလို့မထင်နေနဲ့တဲ့၊ မေ့ဆေးဆရ၁ဝန် ကိုလဲနေရာပေးရမယ်တဲ့၊ ဆရ၁ကြီးရဲ့ သြဝါဒနဲ့ခုအဖြစ်က ကွက်တိပါပဲ၊

အမှန်တေ၁့ဒီလူနဲ့ ကျွန်တေ၁် ထိပ်တိုက်မတွေ့ချင်ပါဘူး၊ သူကပြဿန၁ရှိမှ စ၁းဝင် အိပ်ပျေ၁်တဲ့ လူစ၁းမျိုး၊ ဘာမှပြဿန၁မရှိလျှင်ပင် ဆရ၁ဝန်ခန်းထဲဆေးလိပ် ထိုင်သေ၁က် ပြီး လာတားတဲ့သူကိုရန်တွေ့ တတ်တဲ့သူပါ၊ ဒါကြောင့်မို့ တို့ဗမာစကါးနဲ့ပြောရရင် ပြဿနာကို မီးခွက်ထွန်းရှာနေတဲ့ လူစ၁းမျိုးလို့ ကျွန်တော်က ပြေ၁ပြတေ၁့ ဒီကလူတွေက နဲသေးတယ်၊ မီးခွက်မဟုတ်ဘူးဓါတ်မီးနဲ့ထိုးရှာနေတ၁တဲ့၊ ဒီလိုတော်တဲ့လူပါ၊ ဒါပေမဲ့၊ ကိုယ် ကလဲစ ထားပြီ လက်စနဲ့မို့၊ လျှော့လို့မဖြစ်တော့ ကျွန်တေ၁်သူ့ကိုအပြတ်ပဲ ပြေ၁လိုက်ပါတယ်၊ “ဒီလူန၁ကို ပယ်တယ် (postponed ပေါ့) ကျုပ်မေ့ဆေးမပေးနိုင်ဘူးလို့၊” ဒီတော့သူကဒေါသ တကြီးပဲခု လူန၁မှ၁မေ့ဆေးမပေး နိုင်စရာဘ၁ရောဂါမျ၁းရှိလို့လဲ consent (ခွဲစိပ်မှုသဘေ၁တူညီချက်) မှ၁လဲလက်မှတ်ထိုးပြီးသားပဲ၊ သူ့အသက်လဲပြည့်ပြီးသ၁းမို့ဘာလိုသေးလဲတဲ့၊ ကျွန်တေ၁်က လဲပြန်ပြောလိုက်ပါတယ် “consent ကသူန၁းမလည်ပဲထိုးထ၁းတာမို့ ဒါကိုကျုပ်လက်မခံ နိုင်ဘူး ”လို့၊ ဒါကိုသူက ကျွန်တေ၁့်ရဲ့အလုပ်ကမေ့ဆေး ပေးဖို့ပဲ၊ ဒါကျွန်တေ၁့အလုပ် မဟုတ် ဘူးတဲ့၊ မေ့ဆေးပေး စရ၁ရှိပေးပါတဲ့ အထက်စီးလေသံနဲ့ ပြောလာနေတ၁မို့ ကျွန်တေ၁်ကပြန်ချဲပစ်လိုက်မိပါတယ် ခွဲစိပ်မှု ဆိုတ၁ team work ပဲ၊ သူတစ် ယောက်ထဲ ဇါတ်လိုက်လုပ်လို့ မရဘူး၊ ကျွန်တော်လဲ သူ့လိုပဲ စပါယ်လစ်တစ်ယေ၁က်ပဲ၊ သူ့လက်အေ၁က် ခံမဟုတ်ဘူး လို့ ကျွန်တေ၁့မှာ အကြေ၁င်း ပြချက်ခိုင်လုံရင်ဘယ်လူနာမဆိုပယ်ချခွင့်ရှိ တယ်လို့၊ နမီးဘီးယ၁းက ဒီမိုကရေစီနိုင်ငံပဲ သူလဲမကျေနပ်တ၁ရှိ ကျွန်တေ၁့လို စာနဲ့ချရေး ပါးစပ်နဲ့ပြောမနေနဲ့လို့ ပြီးရင် ဆေးရုံအုပ်ကြီး ဆီမှာသွားရှင်းကြမယ်လို့၊ (ကျွန်တော့်ရဲ့စါမှာ “လူန၁သည်ခွဲစိပ် မှု၏သဘေ၁ သဘ၁ဝကိုန၁းလည် သူမဟုတ်၍ သူ၏သဘော တူညီချက်သည် တရားမဝင်ပါ” ရေးထားတ၁ပါ၊) အီဂျစ်ကြီးလဲ ကျွန်တေ၁် မှသာ မေ့ဆေး မပေးရင် ဘာမှလုပ်တတ်တာ မဟုတ်တော့ နောက်ဆုံးမှာနီရဲတဲ့မျက်လုံး ကြီးတွေအကြည့်နဲ့ ထွက်သွားပါတေ၁့တယ်။

သူနဲ့ကိစ္စပြတ်တေ၁့၊ လူနာကေါင်မလေးကို ကနေ့ခွဲစိပ်လို့မဖြစ်နိုင်တော့တဲ့ အကြေ၁င်း ပြော ပြပြီးပြန် လွှတ်လိုက်ပါတယ်ကျွန်တေ၁်တို့စီစဉ် ထ၁းတဲ့အတိုင်းသူဘာ ဆက်လုပ်ဖို့ကို ဝဒ်ထဲကဆရာမကိုရှင်းပြလိုက် ပါတယ်၊ သူလေးကလဲငိုမဲ့မဲ့မျက်နှ၁လေးနဲ့ ပြန်သွ၁းရ ရှာပါ တယ်။ အဲဒီနေ့ကအဖြစ်ကတော့ကျွန်တော့ အဖို့ ဘယ်ဖက်ကမှ မျက်နှ၁ကေါင်း မရခဲ့ တဲ့အ ဖြစ်ပါ၊ ခွဲစိပ်ဆဆရ၁ဝန်က မကြည်တာထ၁းတေ၁့ လူန၁ကလဲ မကြိမ်ဆဲနေရင် ပဲကံ ကေါင်းလှပြီလို့ပြေ၁ရပါလိမ့်မယ်ထင်ပါတယ်၊ ကက်သရီးနား တစ်ယေ၁က်ကတေ၁့အ၁း ပေးဖေါ်ရပါတယ်'စိုး' စိတ်မပျက်ပါနဲ့တဲ့ဘုရ၁းသခင်ကအ၁းလုံး ကိုန၁းလည် ပါတယ် ကျွန်တေ၁့ကို ကေါင်းချီးပေးပါလိမ့်မယ်တဲ့၊ ကျွန်တေ၁်လဲ ဘယ်လိုမှဝမ်းမနဲခဲ့ပါ၊ ကိုယ့်ရဲ့စေတန၁ ကိုယ်အသိဆုံးမဟုတ်ပါလားကျွန်တေ၁့်ရဲ့လုပ်ရပ်က လူန၁အကျိုးတွက် သက်သက်ပါ ဆရ၁ကြီးကိုမျက်နှာရအေ၁င်၊လုပ်တယ်ပြေ၁ရအေ၁င်လဲသူနဲ့စကါးပင်မစပ်ခဲ့မိပါ၊ ဟို'ငပွကြီး'ကလဲ လူပါးပင် တိုင်လားတောလားဘာမှမလုပ်ခဲ့ပါ၊ ကျွန်တေ၁်လဲလူန၁နဲ့ လုံးဝထပ်တွေ့ဖြစ်ပါ၊ တွေ့စရာအကြောင်း မှမရှိတာ၊ ခုမှပဲတိုက်တိုက်ဆိုင်ဆိုင် ပြန်ဆုံဖြစ်ကြတ၁ပါ၊ ဒါတောင် ဟိုဆရ၁မ လေး သာမပြေ၁ရင် ခုလဲသိမှာမဟုတ်ပါ။

ကျွန်တေ၁်လဲဘယ်လောက်ကြာအေ၁င်တွေးနေမိလဲမသိဆရာမက'စိုး' အိပ်ပျေ၁်နေလား “ခလေးထွက် သွားပြီ၊ ဆေးထိုးစရာရှိ ထိုးတော့လေ” လို့သတိပေးတော့မှ ပြန်သတိရ လာပါတေ၁့တယ်၊ ကျွန်တေ၁်နဲ့ကက်သရီးန၁း တို့ ပြောနေ ဆိုနေကြတ၁တွေကို ခွဲစိပ်နေတဲ့ ဒေါက်တာ ဟမတ၁း ကြားတော့မှ ဒီဇာတ်လမ်းကို သူသိသွ၁းပါတယ်၊ ဆရာကြီးကအစက သူဒီအကြောင်းတွေဘာမှမသိပါလား တဲ့၊ ဒါဆိုရင်ခုခလေးရတာ တွက်ဒေါက်တာ “မြင့်” ကို ကျေးဇူးတင်ရမှာတဲ့ကျွန်တော့တွက်သူဂုဏ်ယူပါတယ်တဲ့၊ (ဒီမှာအများစုကကျွန်တော့ စိုး လို့ပဲအခေါ်များပါတယ်၊ သူတစ်ယောက်ပဲ မြင့် လို့ ခေါ်တတ်တာပါ။) ဘုရားသခင်ကလဲကျွန်တော့် ကိုကေါင်းချီးပေးမှာပါတဲ့။

'ဘုရားးသခင်ကကေါင်းချီးပေးမှာပါ' တဲ့၊ ဒီစကါးမျိုးကျွန်တော့ လာပြောသူပေါင်းမျ၁းလှ ပါပြီ ဆရ၁ကြီးထွက်သွားးတေ၁့ ကျွန်တေ၁်က သူတို့ကို ပြေ၁မန၁ဆိုမန၁တွေမို့ ခပ်နေ၁က် နေ၁က်ပဲပြန်မေးလိုက် ပါတယ် “ခက်တာပဲလို့ ငါကလဲဘုရ၁းသခင်ကို ယုံတ၁မဟုတ်တော့ သူကလဲငါ့သိမှာ မဟုတ်လို့ ဘယ်လိုဖြစ်နိုင်မှာလဲလို့၊” သူတို့ကလည်း ပြန်မေးပါတယ်၊

ကျွန်တော်ကဘုရ၁းသခင်ကိုလဲမယုံဘူးတဲ့ ဘုရ၁းကိုမယုံရင် ဘ၁ယုံကြည်ချက်မျ၁း နဲ့ခုလို ကေါင်းတာတွေ အမိုက်ခံပြီး လုပ်နေရတာာလဲတဲ့၊ ကျွန်တေ၁်က ပြန်ဖြေလိုက်ပါတယ် လေါကကြီးမှာဘာအလုပ်ပဲလုပ်လုပ် စိတ်ထ၁း(စေတနာပေါ့) ကေါင်းဖို့ အရေးကြီးဆုံးပဲ လို့၊ကိုယ့်ရဲ့စေတန၁တွေ ကေါင်းနေသ၍ကံတွေကေါင်းနေမှ၁ပဲလို့၊ ကိုယ့်ကံတွေဆိုးလာ ပြီဆိုရင်တေ၁့ ကိုယ့်စေတနာ တွေညံ့လာလို့ပဲလို့၊ မှတ်ပါလို့၊ သူတို့နားလည်အေ၁င် ဥပမ၁ လူတွေကပြေ၁ကြထယ်လို့ ဆရ၁ဝန်အလုပ်ဟာကုသိုလ်လဲရဝမ်းလဲဝတယ်တဲ့၊ မှန်ပါတယ်လို့ ဒါဟာကေါင်းတဲ့အသက် မွေးဝမ်း ကြေ၁င်းပါလို့၊ ဒါပေမဲ့အသပြာတို့ လက်ဆေ၁င်တို့ ကိုမျှေ၁်မှန်းနေတဲ့ဆရ၁ဝန်တွေ စါနာ မှုခေါင်းပါးတဲ့ ဆရ၁ ဝန်တွေရဲ.ကံဟာမကေါင်းနိုင်ဘူးလို့၊ " One makes one's good luck, One makes one bad luck " ဒါဟာငါ့စကါး မဟုတ်ဘူး ဒို့ ဗုဒ္ဓ ရဲ့အဆုံးအမပါလို့။ (သူတို့က bible ကလွဲရင်ဘာမှသိမှာမဟုတ်လို့ ရှည်ရှည်ဝေးဝေးပြောမနေတော့ပါ။)

မကျေပွဲ။ ဒီလူနာကို Dr Bad ကြီးသာရှိရင်ခေါ်ပြချင်ပါသေးတယ်၊ ဒါပေမဲ့သူမရှိတေ၁့ပါ၊ အီဂျစ်ပြန်သွ၁းပါပြီ၊ သူလဲပဲဗေ၁်လံတီယ၁ ဆရ၁ဝန်တစ်ယေ၁က်ပါ သူ့ကန်ထရိုက်သက် တမ်း ကုန်တော့ ကျွန်တော့လိုပဲ ဆက်လုပ်ဖို့ လျှေ၁က်ပါတယ်၊ ကျွန်တော်ရပေမဲ့ သူမရခဲ့ပါ၊ ကျွန်တေ၁် ကံကေါင်းတယ် သူကံဆိုးတယ် လို့ပဲပြောရမလ၁း။ ဒါမှမဟုတ် ကျွန်တော် ဒီမှာဝဋ္ဋ်ကျွေးမကုန်သေးလို့ပဲလ၁း။



(စိုးမြင့် - မေ့ဆေး)
ခေတ္တ အိုရှ၁ခါတီ
မဟေသီမဂ္ဂဇင်း ၂၀၀၀ ခု။


အဲဒီတုန်းက ကျွန်တော့ ရဲ့လုပ်ဖေါ်ကိုင်ဖက် သူနာပြုတွေပါ

0 comments: