Family Planningမိသားစုစီမံကိန်း၊ ပဋိသန္ဓေတားဆေးများ၊ သားဆက်ခြားနည်းများ၊ Different Methods of Contraception

6:17 PM Posted In Edit This 0 Comments »


http://www.irh.org/images/symptothermal_method.jpghttp://www.oregon.gov/DHS/ph/fp/images/fplogosmallborder.jpg

1. အရေပြားအားကပ်ထားရသည့် ဆေးကပ်ခွါ၊ The contraceptive patch
2. (ကွန်ဒွန်း)များ၊ Male and female condoms
3. ဆေးနှစ်မျိုးတွဲစားဆေးများ၊ The combined pill
4. သားအိမ်အဝအဖုံးများ၊ Diaphragms and caps
5. (ပီ-အို-ပီ)ဆေးလုံး၊ The progestogen-only pill
6. အရေပြားအောက်ထည့်ရသည့် ဆေးချောင်း၊ The contraceptive implant
7. ထိုးဆေး၊ The contraceptive injection
8. အရေးပေါ်တားဆေး၊ Emergency contraception
9. သားအိမ်ထဲထည့် ပစ္စည်း၊ The intrauterine device (IUD)
10. သားအိမ်ထဲထည့် တာရှည်ခံဆေး၊ The intrauterine system (IUS)
11. သဘာဝနည်း၊ Natural family planning
12. သားကြောဖြတ်ခြင်း၊ Male and female sterilization
13. အန္ဒိယဈေးကွက်တွင်သုံးသည့် ဟော်မုန်းမပါသောစားဆေး၊ Centchroman (Saheli) Tablets
14. ကျားသုတ်ပိုးသတ်ဆေး၊ Spermicides (nonoxynol-9)

1. အရေပြားအား ကပ်ထားရသည့် ဆေးကပ်ခွါ၊ The contraceptive patch
သေးငယ်ပါးလွှာ၍ အရေပြား၌ကပ်ရသည့် ခပ်ညိုညိုဆေးပြားလွှာ။
တားဆေးစားဆေးများနည်းတူ ဟော်မုန်းများပါဝင်လျက် မျိုးဥအိမ်မှ လစဉ် မမျိုးဥ မထွက်စေရန် တားဆီးသည်။ သားအိမ်အဝရှိ ချွဲရည်အား ထူပြစ်စေခြင်းကြောင့် မမျိုးဥထွက်စေဦးတော့ ကျားသုတ်ပိုးနှင့် တွေ့ရန်ခက်ခဲစေပြီး၊ သားအိမ် အတွင်းနံရံကို ပါးလွှာစေခြင်းကြောင့် သန္ဓေဥသည် သားအိမ်၌မကပ်စေနိုင်။ ၉၉%ထိရောက်သည်။

ရာသီစစဆင်းပြီး (၅)ရက်မြောက်နေ့မှစကပ်ရမည်။ လစဉ်ရက်သတ္တ(၃)ပါတ်ကပ်ကြာ (အနာမရှိ၊ အမွှေးမထူ) သန့်ရှင်းသော မည်သည့် (ရင်သားမှအပ) အရေပြားမှာမဆို ကပ်ထားရသည်။ ထို့နောက်တပါတ်နားထားစဉ် ရာသီဆင်းမည်။

ရာသီးအဆင်း နည်းမည်။ ရက်လည်းတိုနိုင်သည်။ စားဆေးများကဲ့သို့ ဆေးကြောင်း ပျို့-အန်ခြင်းမဖြစ်။ ကင်ဆာနှင့် အခြား အလုံး-အကြိတ်ဖြစ်မည့် အန္တရာယ်ပို၍နည်းသည်။ အမည်းငယ်ခေါင်းကိုင်ခြင်း၊ ရင်သားတင်းခြင်း၊ ကြားရက်ထဲ သွေး ဆင်းချင် ဆင်းတတ်သည်။ ဖြစ်နိုင်ခဲသော ဘေးထွက်ဆိုးကျိုးများမှာ သွေးဖိအားတက်တတ်သည်။ သွေးခဲခြင်းဖြစ်နိင်သည်၊ ၅ နှစ်ထက် ကြာကြာ သုံးလျင် သားအိမ်အဝကင်ဆာဖြစ်စေနိုင်သည်။

ကိုယ်ဝန်ရှိနေပြီဆိုလျင်မသုံးရ၊ အသက် ၃၅ ကျော်လျင်၊ အဝလွန်လျင်၊ သွေးခဲတတ်သည့်ရောဂါ၊ နှလုံးရောဂါ၊ ရင်သားကင်ဆာ၊ (မိုင်ဂရိန်း)ခေါင်းမူး-ခေါင်းကိုက်ရောဂါ၊ အသဲ-သဲခြေရောဂါ၊ ဆီးချိုရောဂါများ ရှိနေလျင် မသုံးသင့်။

ကောင်းစွာစေးကပ်သဖြင့် ရေချိုး-ရေကူးလျင်လည်း ကွာမကျတတ်ချေ။ မတော်တဆ ကွာကျလျင် ၄၈ နာရီ အတွင်းသိပါက ၄င်းကိုပင် ပြန်ကပ်နိုင်သည်။ ၄၈ နာရီကျော်သွားပါက အသစ်တခုကို၎င်း၊ အခြားနည်းကို၎င်းသုံးပါ။

2. Male and female condoms ကျား-မ (ကွန်ဒွန်း) အစွပ်များ
ကျားသုတ်ပိုးများအား မမျိုးဥနှင့် မတွေ့စေရန် ကြားခံပေးထားသည့် အဆီးအတားမျိုးဖြစ်သည်။ ကျားသုံး-မသုံး နှစ်မျိုးရှိသည်။ latex (rubber) or polyurethane (plastic) ပစ္စည်း တမျိုးမျိုးဖြင့် ပြုလုပ်ထားသည်။ ညွှန်ကြားချက်အတိုင်း သုံးတတ်ပါက ၉၅-၉၈% စိတ်ချရသည်။ HIV-AIDS အပါအဝင် လိင်မှတဆင့်ကူးစက်ရောဂါများကို ကာကွယ်သည်။

ကျား(ကွန်ဒွန်း)အသုံးပြုနည်း၊
အမျိုးသမီးနှင့် အဂ်ါချင်းမထိစပ်မီ၊ မာတင်းလာသည့် ကျား၏အင်္ဂါအား ကျကျနန စွပ်ဖုံးထားလျက်သုံးရမည်။ အဆုံးသပ်လျင် ကျားအင်္ဂါ လုံးဝ နဂိုအနေအထားသို့ ပြန်မရောက်မီ ချွတ်ယူရမည်။ တခုသည် တခါသုံးသာ ဖြစ်သည်။

၂၅-၄-၀၉။ အသားရှောင်ခြင်းကို အထူးဂရုပြုသူများအတွက် Fusion အမည်ဖြင့် (ဗက်ဂျီ-ကွန်ဒွန်း)အား ဗြိတိန်နိုင်ငံတွင် မှတ်ပုံတင်လိုက်ပြီဖြစ်သည်။

မ(ကွန်ဒွန်း)အသုံးပြုနည်း၊

အမျိုးသမီး၏ မွေးလမ်းကြောင်း(Vagina)ထဲ၌ သက်တောင့်သက်သာ အဝကိုအပြင်-အပိတ်ကို အတွင်း အနေအထားဖြင့် ထည့်သွင်းရမည်။

ဆက်ဆံမှုပြီးဆုံးလျင် အပြင်အဝအား စုစည်းပိတ်လျက် အထဲရှိနေသော ကျားသုတ်များ ဖိတ်ကျခြင်း မရှိစေအောင် ပြန်ထုတ်၍ စွန့်ပြစ်ရမည်။

Lower-cost female condom gets FDA approval ဈေးချိုသော မ(ကွန်ဒွန်း)အား FDA က အသိအမှတ်ပြုလိုက်ပြီ။

3. The combined pill ဆေးနှစ်မျိုးတွဲစားဆေးများ၊
COC ဟုလည်းခေါ်သည်။ အမျိုးအစားများစွာရှိသည်။ estrogen and progestogen ခေါ် အမျိုးသမီး ဟော်မုန်း နှစ်မျိုး ပူးတွဲပါဝင်သည်။

၎င်းဟော်မုန်း နှစ်မျိုးသည် မမျိုးဥအိန်မှ လစဉ် ထွက်ရမည့် မမျိုးဥကိုထွက်မလာစေရန် တားဆီးပေးသည်။ သားအိမ်အဝရှိ ချွဲရည်အား ထူပြစ်စေခြင်းကြောင့် မမျိုးဥထွက်စေဦးတော့ ကျားသုတ်ပိုးနှင့် တွေ့ရန် ခက်ခဲစေပြီး၊ သားအိမ်အတွင်းနံရံကို ပါးလွှာစေခြင်းကြောင့် သန္ဓေဥသည် သားအိမ်၌မကပ်စေနိုင်။

စနစ်တကျသုံးပါက ၉၉%စိတ်ချရသည်။ လစဉ်ရာသီစတင်လာသည့်နေ့မှ ၅ ရက်မြောက်နေ့ကစ၍ ဆေးသုံးရမည်။ စုစုပေါင်း ၂၁ ရက်ကြာနေ့စဉ် ဆေး ၁ ပြားသောက်ရမည်။ နောက်ဆုံးသောက်ရမည့် အရောင်မတူသည့်ဆေးပြား ၇ ပြားမှာ အားဆေးသာ ဖြစ်သည်။ နားထားသော ၇ ရက်အတွင်း သွေးပြန်ဆင်းမည်။ ဆေးမသုံးသည်ထက် သွေးဆင်း နည်းမည်၊ ရက်လည်းတိုမည်။

သွေးဆင်းရက်မှန်စေသည်။ ရာသီမလာမီဖြစ်တတ်သည့် လက္ခဏာများနည်းစေသည်။ ဝက်ခြံ၊ အလုံး-အကြိတ်၊ ကင်ဆာ ဖြစ်နိုင်ခြေ နည်းနိုင်သည်။

မကောင်းသော ဘေးထွက်လက္ခဏာများ၊ ခေါင်းကိုက်၊ ပျို့-အန်၊ ကြားရက်သွေးဆင်းခြင်း၊ ရင်သားတင်းခြင်း၊ ရှားရှားပါးပါး ဖြစ်နိုင်သည်များမှာ သွေးဖိအားတက်ခြင်း၊ သွေးခဲခြင်း၊ သားအိမ်အဝကင်ဆာတို့ဖြစ်ကြသည်။

ကိုယ်ဝန်ရှိနေပြီဆိုလျင် မသုံးရ၊ အသက် ၃၅ ကျော်လျင်၊ အဝလွန်လျင်၊ သွေးခဲတတ်သည့်ရောဂါ၊ နှလုံးရောဂါ၊ ရင်သားကင်ဆာ၊ (မိုင်ဂရိန်း)ခေါင်းမူး-ခေါင်းကိုက်ရောဂါ၊ အသဲ-သဲခြေရောဂါ၊ ဆီးချိုရောဂါများ ရှိနေလျင် မသုံးသင့်။

4. Diaphragms and caps သားအိမ်ဝအဖုံးများ၊

ကျားသုတ်ပိုးများအား မမျိုးဥနှင့် မတွေ့စေရန် ကြားခံပေးထားသည့် အဆီးအတားမျိုးဖြစ်သည်။ latex (rubber) or polyurethane (plastic) တမျိုးမျိုးဖြင့် ပြုလုပ်ထားသည်။ အရွယ်အစား အမျိုးမျိုးရှိသည်။ diaphragms သည် ဆန့်နိုင်-ကြုံ့နိုင်သော အဖုံးကဲ့သို့ ပုံပန်းရှိသည်။ Caps တို့က ပို၍ အရွယ်ငယ်သည်။ ကျားသုတ်ပိုးသတ်ဆေး spermicide နှင့် တွဲသုံးပါက ပိုမိုထိရောက်သည်။ ၉၂-၉၆% စိတ်ချရသည်။ silicone cap – Femcap သည် ပို၍ထိရောက်သည်။

ကျား-မ မဆက်ဆံမီ ကျားသုတ်ပိုးသတ်ဆေး spermicide အား သားအိမ်ဝအဖုံး diaphragm ပေါ်သုတ်လိမ်းပြီး၊ မွေးလမ်းကြောင်း Vagina ထဲထည့်သွင်းပြီး သားအိမ်ဝ Cervix ကို ဖုံးပိတ်စေရမည်။ ဆက်ဆံပြီးနောက် ၆ နာရီ ကြာအထိ diaphragm ကို ပြန်မထုတ်ရ။ ကြာကြာထားလည်းရသည်။

5. The progestogen-only pill (ပီ-အို-ပီ) ဆေးလုံး၊
Progestogen ခေါ် မဟော်မုန်းတမျိုးတည်း ပါသည့်စားဆေးဖြစ်သည်။ အမျိုးအစားအမျိုးမျိုးရှိသည်။ ၄င်းဆေးကြောင့် သားအိမ်အဝရှိ ချွဲကြိသည့်အရည်သည် ပြစ်စေးလာကာ ကျားသုတ်ပိုးအား သားအိမ်ထဲ မဝင်စေအောင် တားထားသည်။ သားအိမ်အတွင်းသားနံရံကို ပါးလွှာစေသဖြင့် သန္ခေဥတွယ်ကပ်ခြင်းကိုလည်း တားဆီးပေးသည်။ Cerazette ဆေးဖြစ်ပါက လစဉ် မမျိုးဥထွက်ခြင်းကို တာဆီးပေးသည်။ သတိထားသုံးပါက ၉၉% ထိရောက်သည်။

လစဉ်ရာသီစတင်လာသည့်နေ့မှ ၅ ရက်မြောက်နေ့ကစ၍ ဆေးသုံးရမည်။ စနေ့စဉ် ဆေး ၁ ပြားကို အချိန်မှန်မှန် ဆေးကပ် ကုန်သည်အထိ သောက်ရမည်။ ဆေးကပ်ကုန်သည်နှင့် နောက်ထပ်တကပ် ဆက်သောက်ပါ။ ကလေးနို့တိုက်နေစဉ်လည်း သောက်နိုင်သည်။ အသက်ကြီးလျင်လည်းသောက်နိုင်သည်။ ရာသီ မလာမီ လက္ခဏာများကို သက်သာစေသည်။

ရင်သားတင်းခြင်း၊ အရေပြားပေါ် အစက်အပျောက် ပေါ်ခြင်းတို့ဖြစ်စေတတ်သည်။ ရာသီနည်းခြင်း၊ မလာခြင်း၊ ရှားရှားပါးပါး မျိုးဥအိမ် အကြိတ်အလုံးပေါ်ခြင်း ဖြစ်တတ်သည်။

ယခု သို့မဟုတ် ယခင်က ရင်သားကင်ဆာရှိနေလျင်၊ ကိုယ်ဝန်ရှိနေလျင်၊ အသဲနှင့်သဲခြေရောဂါရှိနေလျင်၊ မျိုးဥအိမ် အကြိတ် အလုံးရှိဘူးလျင်၊ (မိုင်ဂရင်း)အမူးရောဂါရှိလျင် မသုံးသင့်။

6. The contraceptive implant အရေပြားအောက် ထည့်ရသည့် ဆေးချောင်း၊
ဆံညှပ်အရွယ်၊ ကွေးနိုင် ဆန့်နိုင်သော ပြွန်ချောင်းကလေးတခုဖြစ်သည်။ လက်မောင်းအတွင်းဖက် အရေပြားအောက်၌ ထုံဆေး-ပိုးသန့်ခြင်းနည်း သုံး၍ ထည့်ထားရသည်။ ၄င်းမှ progestogen ဟော်မုန်းအား ၃ နှစ်ကြာ ထုတ်ပေးနေမည်။ Implanon ဟု ဆေးနာမည် ခေါ်သည်။

progestogen ဟော်မုန်းသည် လစဉ် မမျိုးဥအိမ်မှ မမျိုးဥမထွက်စေရန် တားဆီးသည်။ သားအိမ်အဝရှိ ချွဲကြိသည့် အရည်သည် ပြစ်စေးလာစေကာ ကျားသုတ်ပိုးအား သားအိမ်ထဲ မဝင်စေအောင် တားထားသည်။ သားအိမ် အတွင်းသားနံရံကို ပါးလွှာစေသဖြင့် သန္ခေဥ တွယ်ကပ်ခြင်းကိုလည်း တားဆီးပေးသည်။ ၉၉%မက ထိရောက်သည်။ အလေးချိန်များသူများလည်း သုံးနိုင်သည်။ လစဉ်ရာသီလာအပြီး ၅ ရက်မြောက်နေ့မှ စထည့်ထားပါက ချက်ချင်းထိရောက် ကာကွယ်သည်။ ကလေးနို့တိုက်ခြင်းကို သက်ရောက်မှုမပြု။ လစဉ် ရာသီမလာမီလက္ခဏာများကို သက်သာစေသည်။

သို့သော် ရာသီဆင်းများတတ်သည်။ မမှန်ဖြစ်တတ်သည်။ ဝက်ခြံပေါက်တတ်သည်။ ရင်သားတင်းတတ်သည်။ ကိုယ်ဝန်ရှိနေလျင်၊ အသဲရောဂါရှိနေလျင်၊ ယခုသို့မဟုတ် လွန်ခဲ့သော ၅ နှစ်က ရင်သားကင်ဆာရှိလျင်၊ သွေးကြောကျဉ်းရောဂါရှိလျင်၊ (မိုင်ဂရင်း) အမူးရောဂါရှိလျင် မသုံးသင့်။

7. The contraceptive injection ပဋိသန္ခေတားထိုးဆေး၊
Progestogen ဟော်မုန်းတမျိုးပါသည့် ထိုးဆေးဖြစ်သည်။ Depo-Provera ၃ လခံ၊ Noristerat ၂ လခံ၊ ၁လခံ၊ အမျိုးအစားများရှိသည်။ လစဉ် မမျိုးဥအိမ်မှ မမျိုးဥမထွက်စေရန် တားဆီးသည်။ သားအိမ်အဝရှိ ချွဲကြိသည့် အရည်သည် ပြစ်စေးလာစေကာ ကျားသုတ်ပိုးအား သားအိမ်ထဲ မဝင်စေအောင် တားထားသည်။ သားအိမ် အတွင်းသားနံရံကို ပါးလွှာစေသဖြင့် သန္ခေဥတွယ်ကပ်ခြင်းကိုလည်း တားဆီးပေးသည်။ ၉၉% ထိရောက်သည်။ လစဉ်ရာသီလာအပြီး ၅ ရက် မြောက်နေ့မှ စထည့်ထားပါက ချက်ချင်းထိရောက် ကာကွယ်သည်။ နို့တိုက်ခြင်းကိုမထိခိုက်။ ရာသီမဆင်းမီလက္ခဏာများ သက်သာစေသည်။

သို့သော် ရာသီလာသည့်ရက် ပြောင်းတတ်သည်။ မလာဘဲလည်း ရှိတတ်သည်။ ကိုယ်အလေးချိန် တိုးတတ်သည်။ ကိုယ်ဝန်ရှိနေလျင်၊ နောက်၁ နှစ်အကြာကလေးလိုချင်လျင်၊ သွေးကြောကျဉ်းရောဂါရှိလျင်၊ ယခုသို့မဟုတ် လွန်ခဲ့သော ၅ နှစ်က ရင်သားကင်ဆာရှိလျင်၊ ဆီးချိုရောဂါရှိလျင်၊ (မိုင်ဂရင်း)အမူးရောဂါရှိလျင် မသုံးသင့်။

8. Emergency contraception အရေးပေါ်တားဆေး၊
(၁) ဟော်မုန်းပါသောဆေး emergency pill နှင့် (၂) သားအိမ်ထဲပစ္စည်းထည့်ခြင်း (IUD) နှစ်မျိုးရှိသည်။

(၁) Emergency contraception (EC) သို့မဟုတ် Emergency contraceptive pills (ECPs) သို့မဟုတ် morning-after pillဟော်မုန်းပါသောဆေးကို လိင်ဆက်ဆံပြီး မြန်မြန်သုံးလေ စိတ်ချရလေဖြစ်သည်။ ဆက်ဆံအပြီး ၇၂ နာရီအတွင်းသုံးပါက အထိရောက်ဆုံးဖြစ်သည်။ ၅ ရက်အထိလည်း သုံးနိုင်နိုင်သည်။

Progestin (levonorgestrel) 1.5 mg တလုံးတကြိမ်တည်း သို့မဟုတ် 750 μg နှစ်ခါခွဲသောက်နိုင်သည်။ ၈၉% ထိရောက်သည်။ ၄င်းဆေးသည် RU486, mifestone, or Mifeprex တို့ကဲ့သို့ သားပျက်စေသည့် ဆေးမဟုတ်ဘဲ သန္ဓေမတည်အောင်သာ လုပ်ပေးခြင်း ဖြစ်သည်။ ဘေးထွက်ဆိုးကျိုးများမှာ ပျို့ခြင်း၊ အန်ခြင်း၊ ရင်သားတင်းခြင်းတို့ ဖြစ်သည်။ အရေးပေါ်ဆေးသောက်ပြီး အချိ့ အမျိုးသမီးများက နေမကောင်း ဖြစ်တတ်သည်။ မောပန်းခြင်း၊ ခေါင်းကိုင်ခြင်း၊ ရင်သားတင်းခြင်း၊ ဗိုက်အောင့်ခြင်းတို့ဖြစ်သည်။

လိင်မှတဆင့်ကူးစက်ရောဂါများကို အကာအကွယ်မပေးနိုင်။ ဆက်လက်ကာကွယ်လိုလျင် အရေးပေါ် ဆေးအပြင် အခြားနည်းများကို သုံးရန်လိုသည်။

(၂) သားအိမ်ထဲပစ္စည်းထည့်ခြင်း (IUD)သည် လိင်ဆက်ဆံပြီး ၇၂ နာရီအတွင်း သုံးနိုင်သော်လည်း၊ ၉၉% စိတ်ချရသည်။ (IUD)ကမူ တာရှည်ကာကွယ်သည်။

9. The intrauterine device (IUD or IUCD) သားအိမ်ထဲထည့် ပစ္စည်း၊
သားအိမ်ထဲတွင် plastic သို့မဟုတ် copper ဖြင့်ပြုလုပ် ထားသော ပစ္စည်းငယ်လေးတခု ထည့်ထားပေးခြင်းဖြစ်သည်။ ထိုသို့လုပ်ခြင်းဖြင့် ကျားသုတ်ပိုးသည် မမျိုးဥနှင့်ထိတွေ့ခြင်း မဖြစ်အောင်လုပ်ပေးသည်။ ၉၉% ထိရောက်သည်။

ကြေးနီဓါတ်ပိုပါဝင်သည့် (IUD) အသစ်များက ပို၍ ထိရောက်သည်။ တတ်ကြွမ်းသည့် ဆရာဝန်၊ ဆရာမများကထည့်ပေးရသည်။ သားအိမ်ထဲသို့ ပစ္စည်းထည့်ထားစဉ် အောက်ခြေ ကြိုးစလေးနှစ်ခုက မွေးလမ်းကြောင်း Vagina ထဲရှိနေခြင်းဖြင့် (IUD) ရှိနေဆဲ ဖြစ်သည်ကို စစ်ဆေး ကြည့်နိုင်သည်။ ထည့်ပြီးသည်နှင့် အကျိုးသက်ရောက်သည်။ ဟော်မုန်းမပါသဖြင့် မည်သည့် ဆေးဘေးထွက် အကျိုးမှမရှိ။ ၃ နှစ်ခံမှ ၁၀ နှစ်ခံအထိ အမျိုးမျိုးရှိသည်။ ParaGard (copper T), Mirena (LNG-IUS), Multiload CU375 စသဖြင့်အမျိုးမျိုးရှိသည်။

လစဉ်ရာသီများတတ်သည်။ စစ်ဆေးကြည့်နေသင့်သည်။ ထွက်ကျခြင်း၊ နေရာပြောင်းခြင်းလည်း တခါတရံ ဖြစ်တတ်သည်။ (ကွန်ဒွန်)ကဲ့သို့ လိင်မှတဆင့် ကူးစက်ရောဂါများကို မကာကွယ်နိုင်။

10. The intrauterine system (IUS) သားအိမ်ထဲထည့် တာရှည်ခံဆေး၊
T ပုံရှိသော ပလပ်စတစ်ဖြင့်ပြုလုပ်ထားသော progestogen ဟော်မုန်းအား တဖြေးဖြေး ထုတ်ပေးနေသည့် ဆေးဖြစ်သည်။ ၅ နှစ်အထိခံသည်။ Mirena ဟုခေါ်သည်။

သားအိမ်အဝရှိ ချွဲကြိသည့် အရည်သည် ပြစ်စေးလာစေကာ ကျားသုတ်ပိုးအား သားအိမ်ထဲ မဝင်စေအောင် တားထားသည်။ သားအိမ် အတွင်းသားနံရံကို ပါးလွှာစေသဖြင့် သန္ခေဥ တွယ်ကပ်ခြင်းကိုလည်း တားဆီးပေးသည်။ အချို့အမျိုးသမီးများတွင် မမျိုးဥမထွက်စေရန် တားဆီးသည်။ ၉၉% ထိရောက်သည်။

ရာသီစဆင်းသည့်နေ့မှ နောက် ၅ ရက်အကြာ ၄င်းပစ္စည်းထည့်ရသည်။ မွေးလမ်းတွင် ကူးစက်ပိုး မရှိမှ ထည့်ရမည်။ (IUD) များကဲ့သို့ မွေလမ်းကြောင်း Vagina ထဲတွင် ကြိုးစလေးနှစ်ခုရှိနေမည်။

သို့သော် လစဉ်ရာသီဆင်းရက် ပြောင်းသွားနိုင်သည်။ ဝက်ခြံထွက်တတ်သည်။ ရင်သားနာတတ်သည်။ ထွက်ကျခြင်း၊ နေရာပြောင်းခြင်းလည်း ဖြစ်တတ်သည်။

ကိုယ်ဝန်ရှိနေလျင် မသုံးရ။ သားအိမ်၊ မျိုးဥအိမ်ကင်ဆာရှိနေလျင် မသုံးရ။ ယခုသို့မဟုတ် လွန်ခဲ့သော ၅ နှစ်က ရင်သားကင်ဆာရှိလျင်၊ သွေးကြောကျဉ်းရောဂါ၊ ဆီးချိုရောဂါရှိလျင်၊ (မိုင်ဂရင်း)အမူးရောဂါရှိလျင် မသုံးသင့်။

11. Natural family planning (NFP) သဘာဝနည်းများ၊
ညွှန်ကြားချက်အတိုင်း တိကျစွာလိုက်နာရမည်။ ၉၄% ထိရောက်သည်။

ကိုယ်အပူချိန် body temperature ကို နေ့စဉ်တိုင်းရမည်။ လစဉ်ရာသီပါတ်၏အလည်ရက်တွင် အရွယ်ရောက် အမျိုးသမီးများသည် မျိုးဥထွက်လာခြင်းကြောင့် ကိုယ်အပူချိန် အနည်းငယ်တက်လာသည်။ ကျပ်င်းရက်ကိုသိရန် အပူချိန် တိုင်းရခြင်းဖြစ်သည်။

ထို့ပြင် သားအိမ်အဝမှထွက်သည့် အချွဲအားစစ်ဆေးခြင်းဖြင့် နေ့စဉ်-လစဉ်ပြောင်းလဲနေသော estrogen and progesterone ဟော်မုန်း အနည်းအများ၊ အပြစ်အချွဲ၊ အစေးအပြစ်တို့ကို ကြည့်နိုင်သည်။ ပြီးခဲ့သော ၆ လ တာရာသီဆင်းသည့်ရက်များကို တိတိကျကျ မှတ်သားခြင်းဖြင့် ၄င်းအမျိုးသမီး၏ ရာသီသဘာဝကို သိနိုင်သည်။

(က) ရက်ရှောင်နည်း Standard Days method သို့မဟုတ် calendar method
အကြမ်းအားဖြင့် လလည်ရက်တွင် မမျိုးဥထွက်လာသည့်နေ့ဖြစ်သည်။ ၄င်းဥနှင့် ကျားသုတ်ပိုး တွေ့မှသာ ကိုယ်ဝန် ရှိနိုင်သည်။ ထို့ကြောင့် ၄င်းလလည်ရက် မတိုင်မီ ၅ ရက်နှင့် နောက်ထပ် ၅ ရက်အတွင်းအတူမနေသင့်။ ထို့ကြောင့် ရာသီစလာပြီး (၇)ရက်အတွင်းနဲ့ ရာသီမလာခင် (၇)ရက်အလိုရက်များသည် ကိုယ်ဝန် မရှိနိုင်သော ရက်များ ဖြစ်ကြသည်။

ဤရက်ရှောင်၍ သားဆက်ခြားနည်းသည် အကုန်အကျ အနည်းဆုံးဖြစ်သော်လည်း မတော်တဆ ကိုယ်ဝန် ရနိုင်နှုန်းမှာ အမြင့်ဆုံးဖြစ်သည်။ လိင်ဆက်ဆံမှုနှင့် ဆန္ဓပြည့်ဝမှုကိုမူ အနှောက်အယှက် မဖြစ်စေသလို၊ ဘေးထွက်ဆိုးကျိုးလည်းမရှိပါ။

(ခ) သုတ်ရည် ပြင်ပစွန့် ထုတ်နည်း Withdrawal
ယောက်ျားက ဆန္ဒပြည့်ဝခါနီးတွင် မိမိ၏ အင်္ဂါကို အမျိုးသမီး၏ မိန်းမကိုယ်အတွင်းမှထုတ်ကာ သုတ်ရည်ကို ပြင်ပတွင် ထွက်စေအောင် ပြုလုပ်ရသည်။ သို့ သော် စိတ်ကိုထိန်းထားစဉ် သုတ်ကောင်များပါသော Sparm အနည်းငယ်ထွက်ခြင်း ဖြစ်တတ်၍ ကိုယ်ဝန်မရဖို့  စိတ်မချရပါ။ ထို့ ပြင် ဆန္ဒမပြည့်ဝခြင်းကိုလည်း ဖြစ်တတ်သေး၍ အိမ်ထောင်ရေး မသာယာခြင်းကို ဖြစ်စေတတ်သည်။ ကျားသုတ်ပိုးသတ်ဆေး spermicide နှင့် တွဲသုံးပါက ပိုမိုထိရောက်သည်။

Pullout method' nearly as effective as using condoms: Study သုတ်ရည် ပြင်ပစွန့် ထုတ်နည်းသည် (ကွန်ဒွန်)လောက်နီးပါး စိတ်ချရသည်။

(၈) ကလေး နို့တိုက်ခြင်းနည်း Breastfeeding
မိခင်မှကလေးကို မိမိ၏နို့တိုက်ခြင်းဖြင့် ကလေး (၆)လအထိ သဘာဝနည်းဖြင့် သားဆက်ခြားစေခြင်းဖြစ်သည်။ မိခင်ကိုလည်း ဟော်မုန်း လည်ပတ်မှု မှန်ကန်စေသဖြင့်လည်း အကျိုးရှိစေပါသည်။

ရင်သားကင်ဆာဖြစ်မှုကိုလည်း ကာကွယ်စေပါသည်။ အားနည်းချက်မှာ ကလေးမွေးပြီးစ (၆)လအတွင်းသာ အသုံးပြုနိုင်ခြင်း ဖြစ်သည်။ မိခင်အနေဖြင့်လည်း ကလေးကို မိမိ၏နို့တမျိးတည်းသာ တိုက်ရပါမည်။

12. Male and female sterilization သားကြောဖြတ်ခြင်း၊
ရာသက်ပန် ကလေးမနိုင်တော့သည့်နည်းဖြစ်သည်။

ယောက်ျားများကို ထုံဆေးသုံး၍ ကျားသုတ်ပိုးများထွက်လာရသည့်လမ်းကြောင်းတနေရာရာအား ဖြတ်ပြစ်လိုက်ခြင်း ဖြစ်သည်။ ၂၀၀၀ တွင် ၁ ယောက်မှာ မအောင်မမြင်ဖြစ်တတ်သည်။

အမျိုးသမီးများတွင် မေ့ဆေး၊ ခါးထုံဆေး တမျိုးမျိုးပေးလျက် သားအိမ်၏တဖက်တချက်ရှိ သားအိမ်ပြွန် နှစ်ခုလုံးအား ဖြတ်ပြစ်ခြင်းဖြစ်သည်။ ၂၀၀ မှာ ၁ ယောက်မှာ မအောင်မမြင်ဖြစ်တတ်သည်။ ခဲစိတ်ပြီး ၁ လ တိုင်အခြားတားနည်းတခုခု သုံးသင့်သည်။ ယောက်ျားအားဖြတ်လျင် သုတ်ပိုးပါမပါစစ်ဆေးရမည်။ သုတေသန စစ်တမ်းအရ အသက် ၃၀ အောက် အမျိုးသမီးများသည် ယောက်ျားများထက် ထိုနည်းသုံးပြီးနောက် နောင်တရကြသည်။

13. အန္ဒိယဈေးကွက်တွင်သုံးသည့် ဟော်မုန်းမပါသောစားဆေး၊ Centchroman (Saheli) Tablets
Centchroman ခေါ် Saheli Tablets သည် ပုံမှန်မမျိုးဥထွက်ခြင်းကို တားဆီးခြင်းမလုပ်ဘဲ၊ ကျားသုတ်ပိုးနှင့် ပေါင်းစပ်ခဲ့ပြီးနောက် သားအိမ်အတွင်းနံရံကို လာတွယ်သည့်ဖြစ်စဉ်ကို တားဆီးခြင်းဖြင့် သန္ခေဆက်လက် မတည်စေရန်ပြုလုပ်ပေးသည်။

ဆေးကပ်တခုတွင် 30 mg ဆေးပြား (၈)ပြားပါသည်။ ပဌမ (၃)လအတွက် wပါတ်လျင် ၂ ပြား၊ နောက်လများမှစ၍ ၁ ပါတ် ၁ ပြားသောက်ရသည်။ ဟော်မုန်းများမပါသဖြင့် ပျို့-အန်ခြင်း၊ ကိုယ်အလေးချိန်များခြင်း၊ သွေးခဲစေခြင်းများ မဖြစ်စေနိုင်။ သို့သော် ရာသီဆင်းခြင်းများတတ်သည်။

14. Spermicides ကျားသုတ်ပိုးသတ်ဆေး၊
(nonoxynol-9) ပါသည့်ဆေးဖြစ်သည်။ Tablets, jelly (gel), films, and foams စသဖြင့် အမျိုးမျိုးရှိသည်။ 71-82% ထိရောက်သည်။ နာရီဝက် ကြိုတင်ထည့်ထားပြီးမှ ဆက်ဆံရမည်။ ပျော်ဝင်မသွားသည့် အမျိုးအစားဖြစ်ပါက ဆက်ဆံအပြီး ၈ နာရီကြာမှ ထုတ်ရမည်။ Vaginal Contraceptive Film (VCF) သည် ၁၅ မိနစ်ဆိုလျင် ရသည်။ Suppositories တို့မှာ ၂၀ မိနစ်စောင့်ရမည်။ Sponges တို့သည် ၈၀-၉၁% ထိရောက်သည်။ ၁၂ နာရီကြိုတင်ထည့်ထားနိုင်ပြီး၊ ဆက်ဆံပြီးနောက် ၆-၈ နာရီကြာမှ ဖြုတ်ရမည်။

တမျိုးတည်းသုံးသည်ထက် သားအိမ်အဝအဖုံးများ၊ သုတ်ရည် ပြင်ပစွန့် ထုတ်နည်းတို့နှင့် တွဲသုံးပါက ပိုမိုထိရောက်စွာ ကာကွယ်နိုင်သည်။ အက်စစ်ဓါတ်ပါသဖြင့် ပူစပ်သည်။

Scientist close to realising contraceptive pill for men

0 comments: