ကိုယ်တိုင် ကွန်ပျူတာဝယ်တဲ့ အခါသိသင့်တဲ့ အချက်များ

10:36 AM Posted In Edit This 0 Comments »
ကိုယ်တိုင် ကွန်ပျူတာဝယ်တဲ့ အခါသိသင့်တဲ့ အချက်များ
ကွန်ပျူတာတစ်လုံးကိုဝယ်ယူဖို့ဆုံဖြတ်တဲ့အခါမှာတော့
ဘယ်လိုအမျိုးအစားကိုဝယ်မယ်။ငွေကြေးပမာဏဘယ်လောက်သုံးမယ်ဆိုတာကိုစဉ်းစားဖို့
လိုအပ် ပါတယ်။ဒါ့အပြင်ကိုယ်သုံးစွဲမည့်ကွန်ပျူတာဟာဘယ်လုပ်ငန်းအတွက်သုံးမယ်ဆိုတာကိုပါထည့်
သွင်းစဉ်းစားဖို့လိုအပ်ပါတယ်။နောက်ပြီးတော့ကိုယ်ဝယ်မယ့်
ကွန်ပျူတာနောက်ပိုင်းမှာ လိုအပ်
လျှင်လိုအပ်သလိုတိုးချဲ့နိုင်ဖို့အတွက်ပါထည့်သွင်းစဉ်းစားထားသင့်ပါတယ်။

မော်နီတာ
မော်နီတာဝယ်မယ်ဆိုလျှင် ၁၇လက်မဟာ ငွေကြေး တတ်နိုင်သူ အတွက်တော့
ပိုကောင်းပါတယ်။ မော်နီတာထုတ်တဲ့ကုမ္ပဏီတွေထဲမှာ ဆမ်ဆောင်း၊ ဆိုနီ၊
ဖီးလစ်နဲ့ View Sonic တို့လိုနာမည်ကြီးတွေဟာ သင့်လျော်သလိုမော်နီတာရဲ့
Pixleဟာသေးလျှင် ပိုကောင်းပါတယ်။ ဥပမာဝ.၂ဟာဝ.၀၂ထက်ပိုကောင်းတဲ့အတွက်
အသေအချာရွေးချယ်၍ ဝယ်ယူဖို့လိုအပ်ပါတယ်။
ဘာမှန်းမသိတဲ့တံဆိပ်ကိုဝယ်ယူမည့်အစားနာမည်ရှိတဲ့အမှတ်တံဆိပ်ကိုဝယ်ယူတာဟာရေရှည်မှာ
စိတ်ချမ်းသာမှုကိုပိုမိုရရှိစေမှာဖြစ်ပါတယ်။
Motherboard
System Unit ကိုဝယ်ယူတဲ့အခါမှာတော့ ပထမဆုံးစဉ်းစားရမှာက Motherboard ပါ။
FSB ဟာပိုများလေပိုကောင်းလေပါပဲ။ ပြီးတော့ Motherboard ကလက်ခံနိုင်တဲ့
CPUရဲ့အမြန်နှုန်းရယ်Memoryရဲ့အမြန်နှုန်းနဲ့ပမာဏရယ်ကိုသိထားဖို့လိုအပ်ပါတယ်။
ငွေကြေး မတတ်နိုင်ရင်တောင်မှMotherboardကိုအကောင်းဆုံး ဖြစ်အောင်
ဝယ်ယူဖို့ဆုံးဖြတ်ပါ။
Memoryရဲ့အမြန်နှုန်းဟာမြန်လေကောင်းလေဆိုပေမယ့်Motherboard ကလက်ခံနိုင်တဲ့
အမြန် နှုန်းကိုသာMotherboard(Mailboard) ဖြတ်ယူမှာဖြစ်လို့Mother-board
ဟာအရေး ပါလှပါတယ်။
P3,P4စသည်ဖြင့်သတ်မှတ်မှုဟာMotherboardပေါ်မှာအဓိကမှီခိုနေပါတယ်။ CPU
Memoryကဒ်နဲ့ Harddriveတို့လိုပစ္စည်းတွေကနောက်ပိုင်းလဲလှယ်ယူလို့ရပေမဲ့
Mother-boardကအဲဒီလို လုပ်ဖို့ အဆင်သိပ်မပြေပါဘူး။
CPU
CPUကိုဝယ်ယုတဲ့အခါမှာတော့ Celeron ဟာClassic လောက်တွက်ချက်
နိုင်စွမ်းနဲ့ အမြန်နှုန်းဟာအမျိုးအစားနဲ့ ပမာဏတူလျှင်
မကောင်းနိုင်ဘူးဆိုတာကို သိထားသင့်ပါတယ်။ ရိုးရိုးCPU တွေထက် Core2Duo
တို့ Duo Core 2 တို့ဟာ ပိုမိုပြီး ကောင်းမွန်ပါတယ်။ MemoryMemory
ကိုဝယ်ယူမယ်ဆိုလျှင်DDRလား၊ DDR2လား၊ DDR3 လားဆိုတာက
အရေးပါလှပါတယ်။အများစုက Memoryရဲ့Capicity (မှတ်သားနိုင်စွမ်း)
ဖြစ်တဲ့64MB, 128MB, 256MB, 512MBသို့မဟုတ် 1GBတို့ကိုသာအဓိက ထားကြတာများ
ပါတယ်။ တကယ်တော့ Capacity ထက်အမြန်နှုန်းဟာ ပိုမိုအရေးပါလှပါတယ်။ DDR က
DDR2
ထက်ပိုမြန်ပါတယ်။

Hard drive
Hard drive ကိုဝယ်ယူတဲ့အခါမှာတော့သိုလှောင်နိုင်စွမ်း(capacity)နဲ့အမြန်နှုန်း
(RPM) တို့ဟာ
သိသင့်တဲ့အချက်တွေပါ။ သိုလှောင်နိုင်စွမ်းပိုများ လေကောင်းလေဆိုပင်မယ့်
အမြန်နှုန်းဖြစ်တဲ့ ၇၂၀၀
RPMသို့မဟုတ်1000RPM တို့ကိုအမြန်နှုန်းတွေဟာလည်းအရေးပါတယ်ဆိုတာကိုမမေ့ပါနဲ့။
Graphic Card
ရုပ်ပိုင်းဆိုင်ရာအတွက် Graphic Card ဟာအရေးပါလှတယ်။ အမျိုးအစား
ကောင်းတဲ့ တံဆိပ်ဟုတ်
မဟုတ်ဆိုတာဈေးကွက်ကျွမ်းကျင်သူတွေနဲ့ပညာရှင်တွေသာသိနိုင် တာဖြစ်လို့
သာမန်လူတွေအတွက်တော့ နာမည်ရှိတဲ့တံဆိပ်ကိုသာ ရွေးဝယ်သင့်ပါတယ်။ Graphic
Card မှာလည်းသိုလှောင်နိုင်စွမ်းဖြစ်တဲ့ 64 MB, 128MB, 250MB
စတာတွေဟာအရေးပါလှပါတယ်။
Sound Card
အသံပိုင်းအတွက်အကောင်းဆုံးကတော့ Creative ကတ်တွေပါဘဲ။ Motherboard
မှာပါတဲ့အသံစနစ်ဟာသာမန်အသုံးပြုသူတွေ အတွက်လုံလောက်ပါတယ်။ ပိုကောင်းတဲ့
အသံအရည်အသွေးကို လိုချင်သူတွေအတွက်သာ Sound
ကတ်စိုက်ပြီးသုံးဖို့လိုပါတယ်။
Casing
Motherboard, Memory, CPU နဲ့ Monitor တို့ကိုစဉ်းစားပြီးတဲ့အခါမှာ
Casing လို့ခေါ်တဲ့ပုံးကိုစဉ်စားဖို့ လိုအပ်ပါတယ်။ Motherboard
ရဲ့အထိုင်ဟာ Casing မှာ အရေးပါလှပါတယ်။ အောက်ခံသံပြား ဟာမာ
လေပိုကောင်းလေပါပဲ။ ပြီးတော့ Motherboard ကိုတပ်ချင်တဲ့အခါမှာ
အရေးပါတဲ့အစိတ်အပိုင်းတွေအဖြုတ်တက်လုပ်ရတဲ့ မူလီဘောက် လေးတွေဟာလည့်း 
Motherboardကြွပြီးလိုက်ပါမလာဖို့အတွက် အရေးပါလှပါတယ်။
လေ၀င်လေထွက်ကောင်းဖို့က အရေးပါလှပါတဲ့အတွက်Casingသေးသေးလေးတွေမ၀ယ်ပါနဲ့၊
ပါဝါပိုင်းအတွက်ကတော့ ပါဝါများလေ ပိုကောင်းလေပါဘဲ။
ကွန်ပျူတာကိုဝယ်ယူတဲ့အခါမှာ သက်ဆိုင်ရာDriver CD တွေကို
ဝယ်ယူတဲ့ဆိုင်ကနေတောင်းယူပါ။ အမြဲတမ်းကတော့တခါတည်း
ဆိုင်ကပေးလိုက်မှာဖြစ်ပါတယ်။ ဒီCD တွေဟာကွန်ပျူတာကို
ပြုပြင်ထိန်းသိမ်းတဲ့အ
ခါမှာအရေးပါလှတာဖြစ်လို့ မပျောက်ပျက်အောင် အသေအချာထိန်းသိမ်း ထားပါ။
ကွန်ပျူတာကို ဖုန်များတဲ့နေရာမှာ
မထားပါနဲ့ရေငွေ့ပျံမှုများတဲ့နေရာမှာမထားပါနဲ့၊ ဖြစ်နိုင်လျှင်၆လတစ်ခါ
လောက် Casing ထဲကဖုန်တွေကိုရှင်းလင်းပေးပါ။
ဖုန်တွေဟာရေငွေ့နဲ့တွေ့တဲ့အခါကွန်ပျူတာ ထဲကအီလက်ထရောနစ်
နှင့်အစိတ်အပိုင်းတွေကိုပျက်စီးစေတက်ပါတယ်။ကွန်ပျူတာရဲ့Casing
ကိုဖွင့်ပြီးကိုင်တဲ့အခါမှာလက်ကိုသန့်ရှင်းစွာပြုလုပ်ပြီးမှကိုင်တွယ်ဖို့လိုအပ်ပါတယ်။
ခန္ဓာကိုယ်ထဲမှာရှိတဲ့ လျှပ်စစ်ဓာတ်အားတွေကိုပျောက်ပျက် စေဖို့အတွက်
အလွယ်ကူဆုံးဖြစ်တဲ့ မြေကြီးသို့မဟုတ်သံမံတလင်း မှာခဏ
ရပ်နားပြီးကိုင်တွယ်သင့်ပါတယ်ဟု ၂၀၀၈ခုနှစ် မတ်လ၂၇ရက်နေ့ထုတ်Internet
ဂျာနယ်တွင်ဖော် ပြထားပါသည်။

ကော်ဖီသောက်ချိန်နှင့်ကျန်းမာရေးအကျိုးကျေးဇူး

10:27 AM Posted In Edit This 0 Comments »
လုပ်ငန်းခွင်အစည်းအဝေးတွေပြီးတဲ
့အခါ ၊သင်တန်းချိန် တစ်ချိန်နဲ့တစ်ချိန်ကြား နားနေချိန်တွေမှာ၊
တစ်နေ့လုံးလုပ်ရတဲ့အလုပ်မှာ ကော်ဖီသောက် ဖို့နားချိန်(Coffee Break)
ပေးလေ့ရှိပါတယ်။ ကော်ဖီသောက်တာဟာ ကျန်းမာရေးအတွက် အကျိုးရှိတာကြောင့်
တနေ့လုံးပင်ပန်းနွမ်းနယ်ချိန်မှာ ကော်ဖီတစ်ခွက်သောက်လိုက်ရတာဟာ
နွမ်းနယ်မှုကို ပြေလျှော့လန်းဆန်းသွားစေပါတယ်။

ကော်ဖီတွင်နှလုံးရောဂါ ကာကွယ်နိုင်စွမ်းရှိခြင်း

ကော်ဖီမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းအပါအ၀င် ကာကွယ်ပေးနိုင်တဲ့
ဒြပ်ပေါင်းများစွာ ပါဝင်နေတာကြောင့် ဟားဗတ်တက္ကသိုလ်ရဲ့လက်တလော လေ့ လာမှုအရ
ကော်ဖီသောက်သူတွေဟာ ကော်ဖီမသောက်သူတွေထက် နှလုံးသွေးကြောရောဂါကြောင့်
အသက်သေဆုံးနိုင်တဲ့ အန္တရာယ်ကို လျော့ကျစေ နိုင်ကြောင်း တွေ့ရှိခဲ့ရပါသည်။

ဘလက်ကော်ဖီမှာ ကယ်လိုရီပါဝင်မှုနည်းတဲ့အတွက်
ကိုယ်အလေးချိန်ထိန်းလိုသူတွေအတွက် သင့်တော်ပါသည်။

ရောဂါများစွာကို ကာကွယ်နိုင်ခြင်း
လေ့လာမှုများစွာအရ ကော်ဖီသောက်သူတွေဟာ ကော်ဖီမသောက်သူတွေနဲ့ နှိုင်းယှဉ်ရင်
အမျိုးအစား (၂) ဆီးချို၊သွေးချိုရောဂါ၊ ပါကင်ဆန်ရောဂါ ၊အသည်းခြောက်ခြင်း၊
အသည်း၊ ရင်သားနဲ့ အူမကြီးကင်ဆာအန္တရာယ်တို့ကို လျော့ကျစေနိုင်ကြောင်း
တွေ့ရှိရပါတယ်

ဦးနှောက်ကို လန်းဆန်းငြိမ်းချမ်းစေခြင်း

ကော်ဖီသောက်တာဟာ ခန္ဓာကိုယ်ကိုသာမက စိတ်ကိုပါ လန်းဆန်းစေပါတယ်။
လေ့လာမှုတစ်ရပ်အရ အိပ်ရေးပျက်နေတဲ့ကြွက်တွေဟာ ကင်ထားတဲ့ ကော်ဖီစေ့နံ့ကို
ရှုရှိုက်ပြီးတဲ့အခါ ပိုပြီးလန်းဆန်းသွားတာကို တွေ့ရတယ်။

အသင့်အတင့်ကသာအကောင်းဆုံး

ကော်ဖီသောက်တဲ့အခါ နို့၊သကြား၊ ခရင်မ်တွေမပါဘဲ တစ်နေ့တစ်ခွက်၊
နှစ်ခွက်သောက်တာဟာ အကောင်းဆုံးဖြစ်ကြောင်း အာဟာရပညာရှင်
အများစုကဆိုပါတယ်။ နှစ်ခွက်ထက်ပိုသောက်ရင် ရေဓာတ်ခန်းခြောက်ခြင်းနဲ့
သွေးဖိအားမြင့်တက်ခြင်း ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် မှာတော့
ကော်ဖီအများအပြားသောက်ရင် ကိုယ်ဝန်ပျက်ကျနိုင်ခြေများတဲ့အတွက်
ကော်ဖီကိုမသောက်သင့်ပါဘူး။

ဆရာတစ်ယောက်ရဲ့စာအုပ်ထဲမှ....မှတ်သားထားတာပါ.........

10:24 AM Posted In Edit This 0 Comments »
- ခြေထောက်နှစ်ချောင်းဟာဟန်ချက်ညီဖို့လိုပါတယ်..........တစ်ချောင်းကရှေ့ကိုလှမ်း၇င်
နောက်တစ်ချောင်းက အလိုက်သင့်လိုက်ပေး၇ပါတယ်.
တစ်ချောင်းကေ၇ှ့ကိုလှမ်းပြီး
နောက်တစ်ချောင်းက
နောက်ကိုဆွဲနေ၇င်ဘယ်နေ၇ာမှမေ၇ာက်နိုင်ပါဘူး...........ဘ၀ခ၇ီးဖော်ဆိုတာ
တစ်ယောက်နဲ့တစ်ယောက်နားလည်မှု၇ှိပြီး
ဟန်ချက်ညီဖို့အေ၇းကြီးပါတယ်..........။

- ချစ်ခြင်းမေတ္တာဆိုတာ တန်ဖိုးထားတတ်သူတွေအတွက်
အသုံးပြုသင့်သောရတနာဖြစ်ပြီး ချစ်ခြင်းမေတ္တာကို အသုံးချဖို့သာ
နားလည်သူတွေအတွက်တော့ ထိုက်တန်မှုမရှိလှပေ................။

- အချစ်ဆိုတာပေးဆပ်ခြင်းလို့ ခံယူထားရင်တော
့စွန့်လွှတ်ရဲသူဖြစ်ရလိမ့်မည်......... ။

-ချစ်ဦးသူအပေါ်သစ္စာပျက်မိခြင်းသည်လည်းကောင်း
၊မိဘနှစ်ပါးအပေါ်ကျေးဇူးမဆပ်ဖြစ်ခဲ့ခြင်းသည်လည်းကောင်း
၊ကျေးဇူးရှိသူကိုကျေးစွပ်ခဲ့ခြင်းသည်လည်းကောင်း
၊ထိုအဖြစ်ကြောင့်ယခုဘ၀မှာလည်းမကောင်း နောင်ဘ၀မှာလည်းမကောင်း
သံသရာတစ်လျှောက်လုံး မကောင်းမှုအကျိုးများကိုသာ ရရှိပေ၏.........။

-ရေ့ကိုလှမ်းမည့်ခြေထောက်တစ်ချောင်းသည် နောက်ဘက်မှရပ်ပေးထားသော
ခြေထောက်မရှိပါဘဲနှင့် ဘယ်လိုမှရှေ့သို့ မရောက်နိုင်ပေ။
ထို့အတူပင်လူတစ်ယောက်၏
ဘ၀မှာလည်း နောက်မှရပ်ပေးသည့်အဖော်ကောင်းတစ်ယောက် လိုအပ်ပါသည် .........။

-ပန်းတစ်ပွင့်၏အလှတန်ဖိုးဟာအညှာတန်ပေါ်မှာသာရှိပြီးမိန်းကလေးတစ်ယောက်ရဲ့အလှကတော့သူ့ရဲ့ဆုံးဖြတ်ချက်ပေါ်မှာရှိပါတယ်.....။

-ကမ္ဘ္ဘ္ဘာလောက၌ ကောင်းမြတ်မှုများက ရယူပိုင်ဆိုင်နိုင်ဖို့အတွက်
ပေးအပ်ရသော အရာတစ်ခုသာရှိပါတယ်...ထိုအရာသည် "မေတ္တာ" ဖြစ်ပါသည်.......။

-အခြားသူ၏ ချစ်ခြင်းမေတ္တာကို လိမ်လည်လှည့်ဖျား၍ ယူလိုသူသည် မိမိကိုယ်ကို
လိမ်လည်ကောက်ကျစ်မှုအရင်ဆုံးပြုလေ့ရှိသည်.....ထိုကောက်ကျစ်မှုကြောင့်
ပေးသူရော ယူသူပါ ထိခိုက်နစ်နာမှုမျိုး ကြုံတွေ့ ရလေသည်......။

-တစ်ယောက်အကြောင်းတစ်ယောက် အမှန်အတိုင်းမသိဘဲနဲ့
တစ်ယောက်ကိုတစ်ယောက်နားမလည်ဘဲနဲ့ စစ်မှန်တဲ့မေတ္တာ
ဖြစ်နိုင်ဖို့တော်တော်ခဲယဉ်းပါတယ်.........။


-ကိုယ့်မေတ္တာကိုပဲ အင်မတန်လုံခြုံတဲ့ သံချပ်ကာအင်္ကျီလိုသဘောထားပြီးတော့ 
ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ ကိုယ့်ရဲ့မေတ္တာကိုပဲ
စည်းရိုးသဘောမျိုးနဲ့ထားပြီး နေမယ်ဆိုရင်စိတ်ထဲမှာ
လုံခြုံမှု ပြည့်စုံမှုသဘောမျိုး ခံစားရပါလိမ့်မယ်..............။


-မျက်လုံးဖြင့်ကြည့်ပါ....။ဦးနှောက်ဖြင့်ချိန်ဆပါ....။နှလုံးသားဖြင့်ခံစားကြည့်ပါ........။ပြီးရင်ဘာကိုမှမစဉ်းစားပဲမျက်လုံးမှိတ်ထားလိုက်ပါ.......ဆုံးဖြတ်ရမည့်အဖြေတစ်ခုပေါ်လာပါလိမ့်မည်......။


-ဆုံးရှုံးသွားသော အချစ်တစ်ခုအတွက် ဘ၀သည် ပို၍ရင့်ကျက်လာသည်............။


-"အမြတ်နိုးဆုံး" အရာကိုလက်လွှတ်ဆုံးရှုံးရခြင်းဟာ
"အကြီးမားဆုံးအောင်မြင်မှု" ဖြစ်တယ်............။


-အချစ်ရဲ့နိဒါန်းဟာ အသိဥာဏ်ရဲ့ နိဂုံးဖြစ်တယ်.............။


-မျက်ရည်ကျရပြီဆိုမှတော့
ရွှေပန်းကန်ပေါ်မှာပဲကျကျ.........ဖက်ရွက်ပေါ်မှာပဲကျကျ ဘ၀အတွက်
ထိခိုက်မှုရှိစေမှာ အမှန်ပါဘဲ...........။


-အချစ်ကို တန်ဖိုးမထားတတ်ပဲ အချစ်ရှာပါက စစ်မှန်သော
အချစ်စွမ်းအားများကို အကြောင်းမဲ့ဖြုန်းတီးပစ်ရာ
ရောက်ပါသည်.............။


-သိပ်ချစ်လို့ရပါတယ်.ဒါပေမယ့် သိပ်မျှော်လင့်ထားလွန်းရင်တော့
ကြေကွဲစရာတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်.............။


-ကိုယ့်ရဲ့ဂုဏ်သိက္ခာဟာကိုယ့်ရဲ့ဘ၀ပဲ..........သိက္ခာနဲ့ဘ၀ဟာတစ်ခုတည်းပေါင်းစပ်ထားတာ...........ဂုဏ်သိက္ခာမဲ့သွားလျှင်
ကိုယ့်ဘ၀လည်းနိဂုံးချုပ်သွားမည်..........။


-ချစ်သူကိုအသည်းနှလုံးနဲ့ရွေးချယ်ပါ........ဘ၀လက်တွဲဖော်ကိုဦးနှောက်နဲ့ရွေးချယ်ပါ..........။


-မဖိတ်ပဲရောက်လာ မရှာပဲတွေ့တဲ့အထဲမှာ အချစ်နဲ့ဒုက္ခက ထိပ်ဆုံးကပါ...........။


-ရင့်ဖွင့်ခွင့်မသင့်တဲ့ခံစားချက်တွေကို ဦးနှောက်ဖြင့်
ဖြေသိမ့်နိုင်ရမည်..........။


-တစ်ဦးအပေါ်တစ်ဦးထားတဲ့ စစ်မှန်တဲ့မေတ္တာ၊ လေးစားမှု၊
တန်ဖိုးထားမှုတွေဟာ ဘ၀မှာစိတ်ချမ်းသာမှုအများဆုံး
ပေးနိုင်တဲ့အရာဖြစ်တယ်.........။


-တစ်ကယ်မေတ္တာမှန်သွားရင် ကိုယ့်အတွက် ဘာအကောင်းဆုံးလဲလို့
တွေးမှာမဟုတ်တော့ဘူး..........သူ့အတွက်ဘာအကောင်းဆုံးဖြစ်မလဲဆိုတာကို
တွေးပြီးအဲတာကိုလိုလားတယ်...........။


-ကိုယ်ကစစ်မှန်တဲ့မေတ္တာကိုပေးနိုင်ဖို့အရေးကြီးပါတယ်..............ရဖို့တော့မမျှော်လင့်တာပဲကောင်းပါတယ်...........မမျှော်လင့်ပဲရမှပိုကောင်းပါတယ်.........။


-မေတ္တာရဲ့တကယ့်ပန်းတိုင်ဟာ
မြင့်မြတ်တဲ့စိတ်ဓာတ်နဲ့အသိဥာဏ်ဖြစ်ပေါ်ရေးပါ..............။


-တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်စိတ်ဓာတ်ရင့်ကျက်မှု ပိုရှိလာအောင်
အရည်အချင်းပိုရှိလာအောင် အထောက်အကူပေးတဲ့အချစ်မျိုးနဲ့ ချစ်နိုင်မှသာ
စိတ်ချမ်းသာမှုရတဲ့ ဆက်ဆံရေးဖြစ်တယ်..........။

သူရဲကောင်း

4:32 AM Posted In Edit This 0 Comments »
ပြင်သစ်စာရေးဆရာ Victor Hugo (1802.2.26-1885.5.22) က ဒီလိုစကားတစ်ခွန်း
ဆိုခဲ့ပါတယ်။

"ကျရှုံးခြင်းက ကျရှုံးသူကို ပိုပြီးမြင့်မြတ်စေခဲ့တယ်။ လဲနေတဲ့နပိုလီယံက
ရပ်နေတဲ့နပိုလီယံထက် ပိုမြင့်မြတ်ခဲ့ပါတယ်"

၁၈၁၅ခုနှစ် Waterlooစစ်ပွဲအပြီးမှာ နပိုလီယံတစ်ယောက်
နယ်နှင်ဒဏ်ခံရပြန်တယ်။ ဒီတစ်ခေါက်တော့ သူ့ကို ဝေးလံတဲ့
အတ္တလန္တိတ်သမုဒ္ဒရာနားက Saint Helenaကျွန်းကို နှင်လိုက်ပါတယ်။
၅နှစ်အကြာမှာ နပိုလီယံဟာ အဲဒီကျွန်းပေါ်မှာပဲ တစ်ယောက်တည်း
အထီးကျန်ဆန်စွာနဲ့ ကွယ်လွန်သွားခဲ့ရတယ်။

ဒါပေမယ့် ဒီကနေ့ရဲ့ Waterlooမှာတော့ နပိုလီယံရဲ့ရုပ်တုက မားမားမတ်မတ်ကြီး
ရှိနေခဲ့ပါတယ်။ မောက်မာဝင့်ကြွားတဲ့ ဂျပုဘုရင်နပိုလီယံဟာ
ချပ်ဝတ်တန်ဆာအပြည့်နဲ့ အားရကျေနပ်စွာ အောင်မြင်တဲ့ကိုယ်နေဟန်ထား
ပြနေခဲ့တယ်။

ဥရောပတိုက်သားတိုင်းရဲ့ရင်ထဲမှာ နပိုလီယံရဲ့
ရက်စက်ကြမ်းကြုတ်မှုတွေရှိခဲ့သလိ
ု မြင့်မြတ်တဲ့ နိုင်ငံခေါင်းဆောင်တစ်ဦး၊
ထက်မြက်တဲ့စစ်သူကြီး၊ သူရဲကောင်းတစ်ဦးအနေနဲ့လည်း ရှိခဲ့ပါတယ်။
ဝါတာလူးစစ်ပွဲမှာ နပိုလီယံဟာ လုံးဝရှုံးနိမ့်သူဖြစ်ခဲ့ပေမယ့် ပြိုင်ဖက်ကို
ပြားပြားဝပ်စေပြီး သူ့နာမည်ကို လူတွေထာဝရ စွဲမြဲမှတ်သားသွားစေအောင်
အကျိုးသက်ရောက်မှုရှိခဲ့တယ်။

သမိုင်းမှာ နာမည်ကြီးခဲ့သူတချို့၊ ယနေ့ထိ လူတွေစွဲစွဲမြဲမြဲ
မှတ်မိနေသူတချို့ဟာ အဖက်ဖက်က ကျရှုံးခဲ့ဖူးတယ်ဆိုပေမယ့် သူတို့ကို
သူရဲကောင်းမဟုတ်ဘူးလို့တော့ မပြောနိုင်ပါဘူး။

အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြသူတိုင်းက ရွှေတံဆိပ်ဆုကို
မျှော်မှန်းကြသူတွေချည်းပါ။ ဒါပေမယ့် ရွှေတံဆိပ်ဆုက တစ်ခုပဲရှိတဲ့အတွက်
အနိုင်အရှုံးဆိုတာကို အားကစားသမားတိုင်း ရင်ဆိုင်ကြုံတွေ့ရပါတယ်။

လူတချို့က ကြိုးစားအားထုတ်မှုကြောင့် ရွှေတံဆိပ်ဆုကို
အောင်မြင်စွာဆွတ်ခူးနိုင်ခဲ့ပြီး လူတွေရဲ့ လက်ခုပ်သံနဲ့ ပန်းစည်းကို
ရခဲ့ကြတယ်။ လူတချို့က ကြိုးစားအားထုတ်ခဲ့ပေမယ့် ငွေတံဆိပ်၊ ကြေးတံဆိပ်ပဲ
ရခဲ့တယ်။ တချို့က ဘာဆုမှ မရခဲ့ကြဘူး။ ဒါပေမယ့် သူတို့ကို လူတိုင်း
လက်ခုပ်သြဘာပေးကြတယ်။

လူတွေဟာ ဘဝအတွက် စစ်ပွဲတွေ အများကြီးတိုက်ရတယ်။ ဘဝအတွက် လူတိုင်း
ပေးဆပ်ရတယ်။ ဒါပေမယ့် ပေးဆပ်တိုင်း မျှော်မှန်းထားတဲ့ အကျိုးရလဒ်ကို
ခံစားကြရမှာ မဟုတ်ပါဘူး။ စိတ်ကူးအိပ်မက်တွေ ပြိုကွဲရင်လည်း ပြိုကွဲမယ်၊
ကျရှုံးခြင်းနဲ့ ရင်ဆိုင်ရင်လည်း ရင်ဆိုင်ရမယ်။ ဒါပေမယ့် တစ်ခါတလေမှာ
လူတစ်ယောက်ရဲ့တန်ဖိုးက သူလုပ်ဆောင်ခဲ့တဲ့အလုပ်ရဲ့ နောက်ဆုံးရလဒ်ပေါ်
မမူတည်ဘဲ ကြိုးစားအားထုတ်ခဲ့တဲ့ ဖြစ်စဉ်မှာပဲ မူတည်ခဲ့ပါတယ်။
ကြိုးစားနေဆဲမှာ ရှုံးနိမ့်တဲ့ဝေဒနာကိုလည်း ခံစားနိုင်သလို
အောင်မြင်တဲ့ပျော်ရွှင်မှုကိုလည်း ခံစားနိုင်မယ်။ ဇွဲရှိရှိနဲ့
ကြံ့ကြံ့ခံနိုင်ဖို့ပဲ လိုခဲ့ပါတယ်။

ဆင်းရဲဒုက္ခတိုင်းဟာ စိတ်ဓာတ်အတွက် ကြီးမားတဲ့ခွန်အားတစ်ရပ်ဖြစ်စေသလို
လူ့ဘဝအတွက် အဖိုးတန်တဲ့ အတွေ့အကြုံလည်းဖြစ်စေတယ်။ ဒါကြောင့်
သူရဲကောင်းတစ်ဦးကို ရူံးနိမ့်တာ၊ အောင်မြင်တာနဲ့ အဖိုးဖြတ်လို့ မရပါဘူး။
အောင်မြင်သည်ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ သူကြိုးစားအားထုတ်ခဲ့တယ်၊
ကြံ့ကြံ့ခံနိုင်ခဲ့တယ်ဆိုရင် လုံလောက်ပါပြီ။

သမိုင်းတစ်လျှောက်က သူရဲကောင်းတိုင်းဟာ အရာရာကို အောင်မြင်ခဲ့သူမဟုတ်သလို
ပြေပြေပြစ်ပြစ် ဖြတ်ကျော်ခဲ့သူတွေလည်း မဟုတ်ခဲ့ပါဘူး။ တချို့က
နှစ်ရှည်သမိုင်းတွေနဲ့ သက်သေပြပြီး၊ ရွေးချယ်ပြီးမှ
သူရဲကောင်းဆိုတဲ့ဂုဏ်ပုဒ်ကို ရရှိခဲ့သူတွေဖြစ်တယ်။ ဒါကြောင့် လူ့ဘဝမှာ
အရာရာတိုင်းကိုအောင်နိုင်တဲ့ စစ်သူကြီးဆိုတာ မရှိသလို
အောင်နိုင်သူတိုင်းမှ သူရဲကောင်းဖြစ်တာ မဟုတ်ပါဘူး။ ရှုံးနိမ့်သူလည်း
သုရဲကောင်း ဖြစ်ထိုက်ခဲ့ပါတယ်။

သူရဲကောင်းရဲ့ တကယ့်အဓိပ္ပာယ်က ဇွဲလုံ့လနဲ့ကြံ့ခိုင်မှုကို ပဓာနထားတဲ့
စိတ်ဓာတ်အာနိသင်ပဲဖြစ်တယ်။

ဆေးပညာနှင့်ပတ်သက်သောအယူအဆအမှားများ

3:33 AM Posted In Edit This 0 Comments »
ဆေးပညာနှင့်ပတ်သက်သောအယူအဆအမှာ
းများ
ပြည်သူလူထုအတွင်းအလွယ်တကူနှင့်ဖျောက်ဖျက်၍မရနိုင်သေးသော ဆေးပညာနှင့်
ပတ်သတ်သည့် အယူအဆအမှားများ များစွာရှိပါသည်။ ထိုများစွာသော
အယူအဆအမှားများမှ အချို
့ကိုဖော်ပြသွားပါမည်။

၁။အင်္ဂလိပ်ဆေးနှင့်သံပုရာရည်
အင်္ဂလိပ်ဆေးနှင့် သံပုရာရည် ၊သို့ မဟုတ် အချဉ်လုံးဝမတည့်ဟူသော အယူအဆအမှားမှာ လူ ၁၀၀
တွင် လူ ၉၀ ကျော်၏ စိတ်၌စွဲမြဲစွာ ယုံကြည်လျက်ရှိသည်။ အချဉ်စားမိလို့ 
ဆေးမသောက်ဖြစ်ဘူး အချဉ်စားထားမိလို့ ဆေးမထိုးပေးပါနဲ့ဆရာ အချဉ်စားပြီး ဘယ်လောက်ကြာ
ဆေးသောက်ရမလဲ စသည့်စကားမျိုးမကြာခဏကြားရသည်။
မည်သူမည်ဝါဖြင့်ဆေးထိုးပြီးသံပုရာရည်သောက်မိလို့ ဆေးရုံတင်လိုက်ရတယ် ။
သေသွားပြီဆိုသော
ကောလဟာလများပင်ကြားရတတ်သည်။
ရှေးနှစ်ပေါင်းများစွာက အင်္ဂလိပ်ဆေးအချို့ သည် အချဉ်နှင့်ဓာတ်မတည့်တာမျိုး
ရှိကောင်းရှိခဲ့နိုင်သည်။ ယနေ့ အချိန်တွင် အချဉ်နှင့်မတည့်သောဆေးဟူ၍ လုံးဝမရှိပါ။
ကုမ္ပဏီအမျိုးမျိုးမှ ထုတ်လုပ်လျက်ရှိသော သောက်ဆေးထိုးဆေး အမျိုးမျိုးတွင်
အချဉ်နှင့်မတည့်ပါဟု
တားမြစ်ချက်ရှိသောဆေးဟူ၍ မရှိပါ။ အချဉ်နှင့်အင်္ဂလိပ်ဆေး မတည့်ခြင်းဆိုသည်မှာ
အယူအဆမှားတစ်ခုသာဖြစ်ကြောင်း သိစေချင်သည်။

၂။အင်္ဂလိပ်ဆေးသောက်လျှင်မစာရှိမှသောက်ရမည်
အထက်ပါယူဆချက်မှာလည်း အမြဲမှန်ကန်မှုမရှိပါ ။ လူအများစုသည် ဆေးသောက်တော့မည်ဆိုလျှင်
အစာတစ်ခုခုအလျင်စားကြသည်။ ပြီးမှသောက်ကြသည်။ ဆေးများသည် အစာမစားမီသောက်ရသောဆေး၊
အစာစားပြီးသောက်ရသောဆေး ၊အစာနှင့်ဝေးအောင်နေပြီးမှသောက်ရသောဆေး
ဟူ၍အမျိုးမျိုးရှိသည်။
တချို့ သောဆေးများသည် အစာနှင့်ဝေးဝေးသောက်မှ အာနိသင်ကောင်းသည်။ အထူးသဖြင့်
ပဋိဇီဝပိုးသတ်ဆေးများ ဖြစ်ကြသည်။ အစားနီးလျှင်သို့ မဟုတ် အစာစားပြီးမှသောက်လျှင်
ဆေးအားစုပ်ယူနိုင်မှု စွမ်းအားမကောင်းသဖြင့် လိုသောအာနိသင်မရနိုင်ပေ ။
မည်သည့်ဆေးကို မည်သည့်အချိန်၌ သောက်ရမည်ဆိုခြင်းကို မိမိအားဆေးသောက်ရန်ညွှန်ကြားသော
ဆရာဝန်၊သို့ မဟုတ် ကျန်းမာရေးဝန်ထမ်းများအား သေသေချာချာမေးမြန်းသင့်ကြသည်။

၃။တက်သည့်ကလေးကို ၀ိုင်းဝန်းခြေမချိုးပေးကြ၊ ခြေမလက်မချိုးကြသည့်လုပ်ဆောင်မှု
ကလေးငယ်များသည် ကိုယ်အပူကြီးလျှင် တက်တတ်ကြသည်။ ကလေးငယ်တက်လျှင်
ဝိုင်းဝန်းနှိပ်ကြသည်။ ခြေမလက်မတို့ ချိုးတတ်ကြသည်။ ကလေးငယ်သည်
အလိုအလျောက်အတက်ကျသွားလျှင် နှိပ်လို့ ၊ ခြေမလက်မချိုးလို့  အတက်ကျသွားသည်ဟု
ထင်နေကြသည်။ ဤသို့ သော အယူအဆသည် မှားယွင်းပါသည်။ ကလေးငယ်တက်လျှင် နှိပ်ခြင်း
၊ခြေမလက်မချိုးခြင်း လုံးဝမပြုလုပ်သင့်ပါ ။ အပူကြီး၍ တက်သည်ဆိုလျှင်
ကိုယ်အပူချိန်ကျအောင် လုပ်ဆောင်ပေးရန်သာဖြစ်သည်။

၎။အကြောတက်ခြင်းနှင့်အကြောဆေးသွင်းခြင်း
အကြောတက်လျှင် အကြောဆေးသွင်းရမည် ဟူသောထင်မြင်ယူဆချက်မှာလည်း
အယူအဆမှားတစ်ခုသာဖြစ်သည်။
ဆေးဝါးများကိုထုတ်လုပ်ရာတွင် စားဆေး၊ထိုးဆေး၊လိမ်းဆေး ၊ရှူဆေးစသည်ဖြင့်
အမျိုးမျိုးထုတ်လုပ်ကြသည်။ ထိုဆေးများကိုပင်အသားဆေး ၊အကြောဆေး၊
အရေပြားအတွင်းထိုးဆေး၊ အရေပြားအောက်ကပ်လျက်ထိုးဆေး စသည်ဖြင့်ထိုးနည်းအလိုက်
ခွဲထားပေးသည်။
အကြောဆေးကို ဆေး၏အာနိသင် လျင်မြန်စွာလိုအပ်သောအခါ သုံးတတ်ကြသည်။ အကြောဆေးသည်
သွေးကြောအတွင်း တိုက်ရိုက်ထိုးသွင်းသဖြင့် ခေါ်ဝေါ်သောအသုံးအနှုန်းဖြစ်သည်။
အကြောရောဂါများကို ပျောက်စေသည့် သို့မဟုတ် အကြောတက်ပျောက်စေသည့်ဆေး မဟုတ်ပါ။
အကြောတက်ပျောက်ရန် လိမ်းဆေး၊ သောက်ဆေး၊အသားထိုးဆေး၊ စသည်တို့ဖြင့်လည်း
ပျောက်ကင်းအောင်ကုသနိုင်သည်။ အကြောတက်လို့ အကြောဆေးထိုးပေရန် တောင်းဆိုတတ်ကြသော
လူနာတစ်ချို့ သတိပြုကြရန်ဖြစ်သည်။

၅။ခွေးကိုက်သည့်ဒဏ်ရာမန်းမှုတ်ထားလျှင်ဆေးမထည့်ရ
ဆေးခန်းသို့ ခွေးကိုက်ဒဏ်ရာဖြင့် ရောက်လာသော လူနာတချို့ သည် အနာကိုမန်းမှုတ်ထားလို့
ဆေးမထည့်ပါနဲ့ ဆေးထိုးပြီးသောက်ဆေးပဲပေးပါ ဟုတားမြစ်မှုတောင်းဆိုမှုများ
ပြုလုပ်တတ်ကြသည်။ ခွေးကိုက်ဒဏ်ရာသည် မန်းမှုတ်ရုံဖြင့် ပျောက်မည်မဟုတ်ပါ။
ဒဏ်ရာမှပိုးဝင်နိုင်သည်၊ အနာပြည်တည်နိုင်သည်။ မေးခိုင်ရောဂါလည်း ၀င်နိုင်သေးသည်။
အနာကို စင်ကြယ်အောင်ရေဆေးပြီး ဆေးထည့်ရန် လိုမည်ဖြစ်သည်။ တစ်ခါတစ်ရံဒဏ်ရာကြီးလျှင်
ချုပ်ဖို့ လည်းလိုတတ်သည်။
ဤမှားယွင်းသောအယူအဆကိုလည်း သိရှိနားလည်ပြီး ပြုပြင်ရန် လိုအပ်ပြီဖြစ်သည်။

၆။အားဆေးမသောက်ရခြင်းများ
လူနာတချို့ သည် အားဆေးသောက်ရန် ဆရာဝန်ကညွှန်ကြားသောအခါ
သွေးတိုးရှိသည်ဟူသောအကြောင်းပြချက်ဖြင့် ဆေးသောက်ရန် ငြင်းဆိုတတ်ကြသည်။
အားဆေးသောက်လျှင် သွေးတိုးပိုဆိုးစေသည်ဟု လက်ခံနေကြသည်။ အချို့ နေထိုင်မကောင်းပြီး
ဖျားနေသောလူနာများသည်လည်း အားဆေးမသောက်ရဲကြချေ ။ အားဆေးသောက်လျှင်
ရောဂါပိုဆိုးမည်ဟု ယူဆကြသည်။အားဆေးဟုဆိုရာတွင် အများအားဖြင့် ဗီတာမင်များ၊
သတ္တုဓာတ်များ ၊အမိုင်နိုအက်ဆစ်များ အဓိကပါဝင်ကြသည်။ အားဆေးတွင်ပါဝင်သော
ဓာတ်ပစ္စည်းများသည် သွေးတိုးခြင်းကို ပိုမိုမဆိုးစေနိုင်ပါ။
သတ္တုဓာတ်တစ်မျိုးဖြစ်သော ဆိုဒီယမ်သည် သွေးတိုးနှင့်မတည့်ပါ သွေးတိုးရောဂါကို
ပိုဆိုးစေသည်။ သို့သော်အားဆေးတွင်ပါဝင်သော သတ္တုဓာတ်များမှာ သံဓာတ် ၊ ဇင့် ၊
ကိုဘော့ စသည်တို့သာဖြစ်သည်။ ဆိုဒီယမ်ကို မည်သည့်အားဆေးမျိုးတွင်မှ
ထည့်သွင်းထားခြင်းမရှိပေ ။ အားဆေးကြောင့် ဖျားနာခြင်းကိုလည်း
ပိုမိုဆိုးစေခြင်းမရှိပါ။
သွေးတိုးနေလျှင်ဖြစ်စေ နေထိုင်မကောင်း ဖျားနာနေလျှင်ဖြစ်စေ ဆရာဝန်၏
ညွှန်ကြားချက်ရှိလျှင် စိတ်ချယုံကြည်စွာ အားဆေးများကိုသောက်နိုင်ကြသည်။ အန္တရာယ်
တစ်စုံတစ်ရာမရှိနိုင်ကြောင်းသိစေလိုသည်။

ဆရာမ ဒေါက်တာစိန်စိန်သိန်း သို့ အိတ်ဖွင့်ပေးစာ

3:57 AM Posted In Edit This 0 Comments »

ဆရာမ ဒေါက်တာစိန်စိန်သိန်း သို့ အိတ်ဖွင့်ပေးစာ

၂၀၁၀ ခု၊ ဒီဇင်ဘာလ ၃ ရက်

ဆရာမ ခင်ဗျား -

၂၇ - ၁၀ - ၂၀၁၀ နေ့ထုတ် စောင့်ကြည့်သတင်းဂျာနယ် (News Watch)အတွဲ(၆)၊ အမှတ်(၁၅) စာမျက်နှာ ၃၀ မှာ ဒေါက်တာစိန်စိန်သိန်း အမည်နဲ့ရေးထားတဲ့ ''ပေးဆပ်ခဲ့သူသာ အလေးမြတ်ပြုခံရ'' ဆိုတဲ့ ဆရာမရဲ့ ဆောင်းပါး တစ်ပုဒ်ကို ဖတ်လိုက်ရပါတယ်။

ဆရာမ ရေးသားတဲ့ အဲဒီဆောင်းပါးရဲ့ ခေါင်းစဉ်က ထိမိလှပါတယ်။ ဆရာမတင်ပြချင်တဲ့ သဘောတရား အချို့ကိုလည်း နားလည်လိုက်ပါတယ်။ မဟတ္တမဂန္ဓီကြီးဟာ

''ဟိန္ဒူ၊ မွတ်စလင် လူမျိုးရေးအဓိကရုဏ်းတွေကို မလိုလားကြောင်း၊ မတူညီတဲ့ ဘာသာရေးကို အကြောင်းပြုပြီး နိုင်ငံသားအချင်းချင်း သတ်ဖြတ်နေကြတာကို အလုပ်မဟုတ်ဘူးလို့ ခံယူထားသူဖြစ်ကြောင်း

- တောင်အာဖရိကနိုင်ငံမှာ အိန္ဒိယလူမျိုးတွေအတွက် တရားမျှတမှုရဖို့ တိုက်ပွဲဝင်ခဲ့ရကြောင်း။

- အိန္ဒိယ လွတ်လပ်ရေးအတွက် ဗြိတိသျှအစိုးရကို တိုက်ပွဲဝင်တဲ့အခါ တားဆီးမှု ကြိမ်ဖန်များစွာ ခံခဲ့ရပြီး၊ ထောင်ထဲကို ၀င်လိုက်ထွက်လိုက်နဲ့ ဘ၀တစ်ခုလုံးအနစ်နာခံခဲ့ရကြောင်းတွေ ရေးထားတာ ဖတ်ရပါတယ်။

ကောင်းပါတယ်။ ခေါင်းစဉ်နဲ့လည်း ကိုက်ပါတယ်။ မဟတ္တမဂန္ဓီကြီးကိုလည်း ပိုပြီး ကရုဏာသက် ကြပါတယ်။ တစ်ချို့ ခေါင်းဆောင်တွေဆိုရင် မဟတ္တမဂန္ဓီကြီးကို စံနမူနာယူနေတာကိုလည်း တွေ့နေရပါတယ်။

မကောင်းတာတစ်ခုလည်း ဆရာမရေးထားတဲ့စာထဲမှာ ဖတ်လိုက်ရပါတယ်။ ဆွမ်းဆန်ထဲ ကြွက်ချေးရောသလို ဖြစ်သွားပါတယ်။ မကောင်းတာဆိုတာထက် သမိုင်းအမှားကြီးတစ်ခုလို့ဆိုရင် ပိုမှန်ပါလိမ့်မယ်။ အဲဒါကတော့ ကော်လံ(၃) ပထမပိုဒ် စာကြောင်းရေ(၄)နဲ့ ကော်လံ(၅) နောက်ဆုံးအပိုဒ်အစမှာ ရေးထားတဲ့ မဟတ္တမဂန္ဓီကြီးကို လုပ်ကြံသတ်ဖြတ်သူဟာ ''အလွန်အယူသည်းသော မွတ်စလင်လူငယ်တစ်ဦး''ဆိုပြီး ရေးထားတဲ့ အချက်ပါပဲ။ တကယ်တော့ အဲဒီအချက်ဟာ တက်တက်စင်အောင် လွဲသွားတာပါပဲ။

ဆရာမဟာ ဒေါက်တာဆိုတော့ ဆေးပညာဒေါက်တာပဲဖြစ်ဖြစ်၊ ပညာရေး Ph.D ဒေါက်တာပဲဖြစ်ဖြစ် အဲဒီပါရဂူမြောက်ဘွဲ့တွေရဖို့ သုတေသနကျမ်းအလီလီပြု၊ စာတမ်းအစောင်စောင် တင်ပြီးမှ ရခဲ့တာပါ။ အဲဒီလို ဒေါက်တာဘွဲ့ရဆရာမတစ်ဦးက စာရေးဆရာလည်းဖြစ်တော့ ပိုပြီး နှံ့စပ်သေချာဖို့လိုပါတယ်။ မရေမရာနဲ့ မစူးစမ်း မဆင်ခြင်မလေ့လာဘဲ စာတစ်ပုဒ်ဖြစ်ရင်ပြီးရောဆိုပြီး ရေးလိုက်တာကတော့ ဆရာမရဲ့ ဂုဏ်ပုဒ်သိက္ခာ ဒေါက်တာ ဆိုတာနဲ့ အလှမ်း အရမ်းကြီးကွာဝေးနေပါတယ်။ ဗရမ်းဗတာရေးတတ်တဲ့ သူတွေထဲမှာ ဆရာမဒေါက်တာစိန်စိန် သိန်း တစ်ယောက် မပါစေချင်ပါဘူး။

တကယ်တော့ ဆရာမရေးထားတဲ့အတိုင်း မဟတ္တမဂန္ဓီကြီးဟာ လူမျိုးရေးမုန်းတီးမှု၊ လူများစုက လူနည်းစု အပေါ် တစ်ဖက်သတ်ဖိနှိပ်မှု၊ ဘာသာရေးစော်ကားမှုတွေကို လိုလားသူမဟုတ်ပါ။ ဟိန္ဒူမွတ်စလင်တို့ အဓိကရုဏ်း တွေ အကြီးအကျယ်ဖြစ်တဲ့ ၁၉၄၇ ခုနှစ် ဇန်န၀ါရီမှာ အဓိကရုဏ်းတွေ ပပျောက်ဖို့နယ်လှည့်တရားဟော ခဲ့တယ်။ ဟိန္ဒူနဲ့ မွတ်စလင်တို့ သင့်တင့်လာစေရန် အစာငတ်ခံခဲ့တယ်။ နှစ်ဘက် ခေါင်းဆောင်တွေဆီက သင့်မြတ် ပါ့မယ်ဆိုတဲ့ ကတိရရင် အစာပြန်စားတယ်။ ၁၉၄၇ ခုနှစ် စက်တင်ဘာလမှာ တစ်ကြိမ်၊ ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့မှာ တစ်ကြိမ် အစာငတ်ခံပြန်တယ်။ အဲဒီလို အစာငတ်ခံပြီး နာရီပေါင်း ၁၇၁ နာရီနဲ့ ၄၅ မိနစ်စေ့တဲ့အခါ ဟိန္ဒူနဲ့မွတ်စလင်ခေါင်းဆောင်တွေက နှစ်ဖက် သင့်မြတ်ညီညွတ်ပါ့မယ်လို့ ဂတိပေးတဲ့အတွက် အစာကို ပြန်စား ပါတယ်။

နောက်ပိုင်း ဘာဖြစ်သွားသလဲ၊ ဂန္ဓီကို ဘယ်သူသတ်သလဲဆိုတဲ့ သမိုင်းအထောက်အထားတွေကို ကျွန်တော်အမြောက်အများ တင်ပြနိုင်ပါတယ်။ ဒါပေမယ့် အခိုင်လုံဆုံးအထောက်အထားတစ်ခုနဲ့တင် လုံလောက် လို့ အဲဒီတစ်ခုကိုပဲ ကျွန်တော်တင်ပြပါရစေ။

ဂန္ဓီကြီး ကျဆုံးပြီး (၈)နှစ်ပဲကြာသေးတဲ့ ၁၉၅၆ ခုနှစ်မှာ ရန်ကုန်မြို့ မြန်မာနိုင်ငံဘာသာပြန်စာပေ အသင်း၊ စာပေဗိမာန်ရဲ့ ရုပ်ပြဗဟုသုတဘဏ်အဖြစ်ထုတ်ဝေတဲ့ မြန်မာ့စွယ်စုံကျမ်း အတွဲ(၃)၊ စာမျက်နှာ (၉၁-၉၄)မှာ ဖော်ပြထားတဲ့ မဟတ္တမဂန္ဓီကြီးအကြောင်းကို ဖတ်ကြည့်ဖို့ မူရင်းအတိုင်း ဖော်ပြပေးလိုက်ပါတယ်။

(၁၉၄၈ ခုနှစ်) ''ဇန္န၀ါရီ ၂၁ ရက်နေ့တွင် ဟိန္ဒူလူငယ်တစ်ဦးသည် ဟိန္ဒူမွတ်စလင် ငြိမ်းချမ်းရေးကို မလိုလားသော ဆန္ဒကိုပြသည်အနေနှင့် ဂန္ဓီ၏ နေအိမ်အနီး၌ ဗုံးဖောက်ခွဲသည်။ ဂန္ဓီသည် ထိုလူငယ်အား အပြစ်မှ ခွင့်လွှတ်ပါရန် မေတ္တာရပ်ခံလေသည်။

ဇန္န၀ါရီ ၃၀ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်အချိန်တွင် ဂန္ဓီသည် ဒေလီမြို့ရှိ သူ၏နေအိမ် ဗီယာလာ နေအိမ်၌ ဘုရားဝတ်ပြုရန်အလာတွင် ဟိန္ဒူလူငယ်တစ်ဦးဖြစ်သော ဂတ်ဆေးဆိုသူသည် ဂန္ဓီကို ခြောက်လုံးပူး နှင့် သုံးချက်ပစ်သည်။ ဂန္ဓီသည် နာရီဝက်ခန့်ကြာသောအခါ အနိစ္စရောက်လေသည်။''

ဒါကြောင့် ဆရာမ စွပ်စွဲရေးသားထားသလို ဂန္ဓီကြီးကို သတ်တာ မွတ်စလင်လူငယ်မဟုတ်ပါဘူး။ ဟိန္ဒူ လူငယ်သာဖြစ်တယ်ဆိုတာ သိလောက်ပြီထင်ပါတယ်။ စာပေဗဟုသုတများကို ဆက်လက်လေ့လာပြီး အများအကျိုးပြု စာပေများ ရေးသားနိုင်ပါစေလို့ ဆန္ဒပြုလျက် -

ရွှင်လန်းချမ်းမြေ့ပါစေ

မောင်သဲနီ

တခြားလူကို ပြောင်းလဲဖို့.....

6:04 AM Posted In Edit This 0 Comments »
ကျွန်တော်ရဲ့ ငယ်ဘဝစိတ်ကူးအိပ်မက်က အသံလွှင့်ဌာနမှာ အသံလွှင့်သူ
တစ်ဦးဖြစ်ဖို့ပါပဲ။ တက္ကသိုလ်ပထမနှစ်မှာ ကျွန်တော့်ဇာတိဖြစ်တဲ့ South
Carolinaပြည်နယ် ကိုလံပီယာမြို့က အသံလွှင့်ဌာနတစ်ခုမှာ ကျွန်တော်ရဲ့
ပထမဆုံးအလုပ်ကို ရခဲ့တယ်။ အဲဒီအလုပ်ကို ကျွန်တော်အရမ်းနှစ်သက်ခဲ့တယ်။
တည်းဖြတ်သူဖြစ်တဲ့အထိ နှစ်အတော်ကြာ ကျွန်တော်အလုပ်လုပ်ခဲ့တယ်။
တည်းဖြတ်သူရဲ့ အလုပ်က တစ်မြို့လုံးအတွက် အကောင်းဆုံးအသံသွင်းထားသူရဲ့
ကြော်ငြာတွေကို လိုက်ဖက်တဲ့တီးလုံး သံစဉ်တွေ ထည့်ပေးတာဖြစ်တယ်။

Philက ကျွန်တော်ထက် အသက်(၂ဝ)နီးပါးကြီးတဲ့ အသံလွှင့်သူဖြစ်တယ်။ သူ့အသံက
ခပ်သြသြနဲ့ ဆွဲဆောင်မှုအပြည့်ရှိတယ်။ အစကသူဟာ တည်းဖြတ်သူပါ။
ကျွန်တော်ရောက်လာပြီးမှ သူ့နေရာမှာ ကျွန်တော့်ကို
အစားထိုးလိုက်တာဖြစ်တယ်။ Philအသံက တကယ့်ကို နားထောင်လို့ကောင်းပါတယ်။
အသံလွှင့်လောကရဲ့ စကားနဲ့ပြောရရင် "အသံပါရမီရှင်"လို့ ဆိုရလိမ့်မယ်။ သူဟာ
ကြော်ငြာစာသားတွေလည်း အင်မတန် ရေးတတ်သူဖြစ်တယ်။ သူရဲ့အထူးခြားဆုံးက
ကြော်ငြာတွေအတွက် လိုက်ဖက်တဲ့ သံစဉ်၊ တီးလုံးတွေကို ရွေးယူတာပဲဖြစ်တယ်။

Philဟာ (A M) အသံလွှင့်ခေတ်ကတည်းက ဒီအလုပ်လုပ်ကို လုပ်ခဲ့သူဖြစ်တယ်။ အခု
ကျွန်တော်တို့ရဲ့ အသံလွှင့်ဌာနက (F M) ဖြစ်တယ်။ Philရဲ့ တတ်ကျွမ်းမှုက
ခေတ်သစ်နည်းပညာနောက် အမှီမလိုက်နိုင်ခဲ့ဘူး။ သူတည်းဖြတ်တဲ့ ကြော်ငြာတွေက
A M လိုင်းမှာ အရမ်းနားထောင်လို့ ကောင်းပေမယ့် FMလိုင်းမှာတော့
ရိုးလွန်း၊ သာမန်လွန်းနေပါတယ်။

တည်းဖြတ်သူဖြစ်စမှာ ကျွန်တော်အရမ်း စိတ်လှုပ်ရှားမိတယ်။ Philနဲ့
တခြားအသံလွှင့်သူတွေနဲ့ အလုပ်အတူလုပ်ရမှာကို
ကျွန်တော်အရမ်းမျှော်လင့်ခဲ့တယ်။ သူတို့ဟာ ကျွန်တော်တို့နယ်မှာ နာမည်ကြီး
အသံလွှင့်သူတွေဖြစ်တယ်။ သူတို့ရဲ့အသံတွေနဲ့ ကျွန်တော်ကြီးပြင်းခဲ့တယ်။
ဒါပေမယ့် သိပ်မကြာပါဘူး။ Philနဲ့ ကျွန်တော့်ကြားမှာ အဖုအထစ်လေး
စလာခဲ့တယ်။ ကျွန်တော်လုပ်တဲ့ ကြော်ငြာတီးလုံးတွေ မချောမွတ်ဘူး။
ဘောင်မဝင်ဘူးလို့ သူကဆိုပါတယ်။ ကျွန်တော်တည်းဖြတ်တဲ့ သံစဉ်၊
တီးလုံးတွေကို သူမကြိုက်ဘူး။ ကျွန်တော်သိမ်းတဲ့ ဖိုင်ပုံစံတွေကို
သူမကြိုက်ဘူး။ ကျွန်တော်ဘာလုပ်လုပ် သူမနှစ်သက်ဘူး ဖြစ်နေပါတယ်။

ဒီလိုနဲ့ Philကို နှစ်သက်ခဲ့ဖူးတဲ့ ကျွန်တော်ရဲ့ကြည်ညိုလေးစားမှုတွေ
တဖြေးဖြေး ပျောက်ကွယ်လာခဲ့ပြီး သူ့ကို ကျွန်တော် အင်မတန်
မုန်းတီးလာခဲ့မိတယ်။ စစချင်းမှာ သူ့ဆူဆဲဒဏ်ကို
ကျွန်တော်ခေါင်းငုံ့ခံခဲ့ပြီး "sorry" လို့ ပြောတတ်ပေမယ့် နောက်ပိုင်းမှာ
ကိုယ့်ကိုကိုယ် ကာကွယ်ပြီး ကျွန်တော်ပြောတတ်လာခဲ့တယ်။ သူမှားတယ်လို့
ကျွန်တော်ထင်တဲ့အမှားတွေကို ထုတ်ဖော်ပြောတော့တယ်။ သိပ်မကြာပါဘူး။
ကျွန်တော်တို့ဟာ တစ်ဦးကိုတစ်ဦး ပေါ်တင်ငြင်းခုန် ဆဲဆိုတော့တယ်။
အချင်းချင်း ဝေဖန်ပြီး ပြစ်တင်ရှုံ့ချတော့တယ်။

တည်းဖြတ်ခန်းမှာ အသံလုံမှန်နံရံကြီးတစ်ခု ခြားထားပါတယ်။
ကျွန်တော်တို့နှစ်ယောက်ဟာ မှန်နံရံ တစ်ဘက်တစ်ချက်ကနေ အသံမကြားရဘဲ
အမူအရာနဲ့တင် အချင်းချင်း ဝေဖန်ဆဲဆိုကြပါတယ်။ လည်ပင်းကြောတွေ
ထောင်လာတဲ့အထိ၊ မျက်နှာတွေ နီးမြန်းလာတဲ့အထိ အော်ကြပါတယ်။ အသံမကြားဘဲ
အမှုအရာနဲ့ ဆဲဆိုနေကြတဲ့ ကျွန်တော်တို့နှစ်ယောက်ရဲ့ အပြုအမှုက
တခြားလုပ်ဖော်ကိုင်ဖက်ရဲ့ အမြင်မှာ ဘယ်လောက်ရယ်စရာ ကောင်းနေမလဲ!

တစ်နေ့မှာ ကျွန်တော်တို့နှစ်ယောက် ငြင်းခုန်ဆဲဆိုနေတုန်းမှာ Philဟာ
နာရီတစ်ချက်ကြည့်ပြီး "နင့်ရဲ့အပိုစကားတွေ နားထောင်ဖို့ ငါအချိန်မရှိဘူး။
မိတ်ဆွေတစ်ယောက်နဲ့ ထမင်းစားဖို့ ငါချိန်းထားတယ်" လို့ဆိုပြီး အခန်းထဲကနေ
ထွက်သွားပါတယ်။ မှန်ပြတင်းကနေ သူထွက်သွားရာဖက် ကျွန်တော်လိုက်ကြည့်မိတယ်။
ဧည့်ခန်းမှာ သူ့ကိုထိုင်စောင့်နေတဲ့ သူနဲ့အသက် မတိမ်းမယိမ်းအရွယ်
လူတစ်ယောက်ကို ကျွန်တော်တွေ့လိုက်တယ်။ အဲဒီလူဟာ Philကိုတွေ့တာနဲ့
ပြုံးရွှင်တဲ့မျက်နှာနဲ့ ဖက်လှဲတကင်း ပွေ့ဖက်နှုတ်ဆက်ပါတယ်။

Philနဲ့ သူ့မိတ်ဆွေထွက်သွားတာကို ကျွန်တော်ငေးကြည့်နေခဲ့မိတယ်။
ကျွန်တော်စိတ်ထဲ တွေးနေမိတာက "Philမှာလည်း သူငယ်ချင်းရှိတယ်?
ဒီလောက်အပေါက်ဆိုးတဲ့ သူ့မှာလည်း သူငယ်ချင်းရှိသေးတယ်?" လို့ဖြစ်တယ်။
ဒီအတွေးက ရယ်စရာဖြစ်ရင်လည်းဖြစ်မယ်။ ကျွန်တော်က ကျွန်တော်ကိုယ့်ကျွန်တော်
သိပ်ဟုတ်တယ် ထင်နေခဲ့မိတယ်။ Philမှာ သူငယ်ချင်းရှိလိမ့်မယ်လို့
ကျွန်တော်လုံးဝ ထင်မထားခဲ့မိဘူး။ ဘယ်လိုဖြစ်ပြီး Phil ကို
နှစ်သက်တဲ့လူလည်း ရှိပါလိမ့်?

အဲဒီညမှာ ကုတင်ပေါ်လဲရင်း ကျွန်တော်စဉ်းစားခန်း ဝင်နေမိတယ်။ အဲဒီလူဟာ
Philကိုတွေ့တာနဲ့ ဘာဖြစ်လို့ အားရဝမ်းသာဖြစ်ပြီး ကျွန်တော်က
Philကိုတွေ့တာနဲ့ ဘာဖြစ်လို့ စိတ်ပျက်ဒေါသဖြစ်ရတာပါလိမ့်? Philဟာ
အမြင်ကပ်ဖို့ကောင်းသူပါ ---- ဟုတ်ပါတယ် ကျွန်တော်ကိုယ့်ကျွန်တော် ဒီလိုပဲ
ပြောပြဖြစ်တယ်။ ဒါပေမယ့် Philဟာ အမြင်ကပ်ဖို့ကောင်းတယ်လို့
ကျွန်တော်ထင်သလို လူတိုင်းက ဘာလို့မထင်ပါလိမ့်?

Philနဲ့ သူ့မိတ်ဆွေရဲ့ ပေါင်းသင်းဆက်ဆံရေးက ကျွန်တော်နဲ့
Philရဲ့ပေါင်းသင်းဆက်စပ်ရေးနဲ့ မတူခဲ့ဘူး။ Philကိုဖော်ညွန်းတဲ့
ကျွန်တော်ရဲ့ဖော်ညွန်းချက်နဲ့ သူ့မိတ်ဆွေရဲ့ဖော်ညွန်းချက်တွေက
ခြားနားနေတယ်။ Philကိုယ်Philပြောတဲ့ ရင်ထဲစကားတွေက သူ့မိတ်ဆွေကို
သူနှစ်သက်တယ်ဆိုတဲ့ စကားဖြစ်သလို သူ့မိတ်ဆွေကိုယ်တိုင်ပြောတဲ့
ရင်ထဲကစကားဟာလည်း Philရဲ့ ကောင်းကွက်တွေပဲဖြစ်တယ်။

ကျွန်တော်မှာတော့ Philအကြောင်းတွေးမိတာနဲ့ ကျွန်တော်ရင်ထဲမှာ
သူ့ဆိုးကွက်၊ သူ့ဝေဖန်အပြစ်တင်သံတွေပဲ ရှိနေခဲ့တယ်။ "Philဟာ
တကိုယ်ကောင်းဆန်သူ၊ ဘဝင်မြင့်သူ၊ လူအမြင်ကပ်ဖို့ကောင်းသူ" ဒါတွေဟာ
Philကို ဖော်ညွန်းတဲ့ ကျွန်တော်ရဲ့ဖော်ညွှန်းချက်ဖြစ်တယ်။ ဒါဟာ
ကျွန်တော်ရင်ထဲမှာရှိတဲ့ Philရဲ့ ပုံပန်းသဏ္ဍာန်ဖြစ်တယ်။ နောက်ဆုံးမှာ
ဒီလိုသဏ္ဍာန်ရှိတဲ့ လူတစ်ယောက်နဲ့ ကျွန်တော့်ဆက်ဆံရေးကို စခဲ့တယ်။

Philနဲ့ သူ့မိတ်ဆွေရဲ့ ဆက်ဆံရေးက ကျွန်တော်နဲ့မတူခဲ့ဘူး။ ဒါဟာ
ဘာကြောင့်လဲဆိုတော့ သူ့ရင်ထဲမှာဖော်ညွန်းတဲ့ Philနဲ့ ကျွန်တော့်ရင်ထဲမှာ
ဖော်ညွန်းတဲ့Philရဲ့ ဖော်ညွန်းချက်တွေ မတူလို့ဖြစ်တယ်။

"တခြားလူကို ငါ ဘယ်လိုပြောင်းလဲရမလဲ?" ဒါဟာ ကျွန်တော့်ကို လူအများကမေးတဲ့
မေးခွန်းဖြစ်တယ်။ Philနဲ့ကျွန်တော့်ရဲ့အတွေ့အကြုံက ဒီမေးခွန်းကို
ဖြေနိုင်ဖို့ ကျွန်တော့်ကို အဖြေပေးခဲ့ပါတယ်။

"တခြားလူကို ပြောင်းလဲဖို့ တစ်ခုတည်းသောနည်းက သူ့အပေါ်ထားတဲ့ ကိုယ့်အထင်၊
ကိုယ့်အတွေးကို ပြောင်းလဲဖို့ပါပဲ"

"Relationship" (ပေါင်းသင်းဆက်ဆံခြင်း)ဆိုတဲ့ စာလုံးထဲမှာ
"relate"ဆိုတဲ့စာလုံးက "ပြောပြတယ်" ဒါမှမဟုတ် "ဆက်သွယ်ပုံကိုပြတယ်"လို့
အဓိပ္ပာယ်ရတယ်။

တနည်းပြောရရင် "ပေါင်းသင်းဆက်ဆံရေးဆိုတာ လူတစ်ဦးနဲ့တစ်ဦး
ဆက်ဆံပြောဆိုခြင်းဖြစ်တယ်။ ဒီလိုဆက်ဆံပြောဆိုတဲ့ အခြေခံက
တစ်ဘက်လူအပေါ်ထားတဲ့ ကိုယ့်အမြင်ကို ကိုယ့်ကိုယ်ကို
ပြန်ပြောပြနေတာဖြစ်တယ်။ ဒီလိုပြန်ပြောပြတဲ့အရာတွေက
ဒီပေါင်းသင်းဆက်ဆံရေးကို အဆုံးအဖြတ်ပေးတယ်" (ရှင်းရှင်းပြောရရင်
တစ်ဘက်လူအပေါ်မြင်တဲ့ ကိုယ့်အမြင်က ဆိုးနေရင် ဒီပေါင်းသင်းဆက်ဆံရေးက
ဒီမှာတင်ပြီးသွားမယ် ဒါမှမဟုတ် ပိုဆိုးလာနိုင်တယ်။ တကယ်လို့ ကောင်းနေရင်
ရှေ့ဆက်ဒီထက်ပိုကောင်းတဲ့ ပေါင်းသင်းဆက်ဆံရေးတွေ ရှိလာနိုင်တယ်)

ကျရှုံးခြင်းရဲ့ အခြားတစ်ဘက်မှာ

2:36 AM Posted In Edit This 0 Comments »
အမေရိကား Atlantaပြည်နယ်မှာ Pembertonဆိုတဲ့ ဆေးစပ်သမားတစ်ဦးရှိတယ်။
သူဟာ လူကိုတက်ကြွစေတဲ့ ဆေးတစ်မျိုး တီထွင်နိုင်ဖို့ စမ်းသပ်နေခဲ့တယ်။
ယူကလစ်ပင်ကို အသုံးပြုပြီး နှစ်အတော်ကြာ သူကြိုးစားပမ်းစား
စမ်းသပ်ခဲ့ပေမယ့် ဆေးစွမ်းက ထင်သလောက် အရာမရောက်ခဲ့ဘူး။

တစ်နေ့မှာ ခေါင်းကိုက်နေတဲ့လူနာတစ်ယောက် သူ့ဆီ ဆေးတောင်းဖို့
ရောက်လာခဲ့တယ်။ Pembertonက သူဖော်ထားတဲ့ ဆေးကိုယူပေးဖို့ အကူကောင်လေးကို
ခိုင်းလိုက်ပါတယ်။ ကောင်လေးက ဆေးထဲကို ရေထည့်ရမယ့်အစား မှားပြီး
ဆော်ဒါရေတွေ ထည့်လိုက်မိတယ်။ ဒါကို လူနာသောက်ပြီးမှ သိလိုက်ကြတယ်။
ဆေးမှားပေးမိတာကြောင့် လူတိုင်း ထိတ်လန့်ခဲ့ကြတယ်။

ဒါပေမယ့် ဆေးမှားသောက်မိတဲ့လူနာဟာ ဘာမှမဖြစ်တဲ့အပြင် ထူးထူးဆန်းဆန်း
သူ့ရဲ့ခေါင်းကိုက်ဝေဒနာလည်း တော်တော်သက်သာသွားတာကို တွေ့လိုက်ရတယ်။

အဖြစ်အပျက်ပြီးနောက် ရက်အနည်းငယ်အကြာမှာ Pemberton
အကြံတစ်မျိုးရလိုက်တယ်။ သူက ဦးနှောက်ဆေးတွေကို ဆော်ဒါရေနဲ့ရောပြီး
စမ်းသပ်မှုတစ်ခုလုပ်လိုက်တယ်။ စမ်းသပ်ချက်မှာ အဲဒီအရည်တွေဟာ မွှေးပြီး
သောက်ချင်စဖွယ်ဖြစ်သလို စိတ်တက်ကြွစေကြောင်း တွေ့ရှိလိုက်တယ်။ အဆင့်အဆင့်
စမ်းသပ်မှုတွေ ပြုလုပ်ပြီးနောက် နောက်ဆုံးမှာ ကိုကာကိုလာဆိုတဲ့
အချိုရည်ကို ထီထွင်နိုင်ခဲ့တယ်။ ဆေးကနေ အချိုရည်ဖြစ်လာခဲ့တဲ့
ကိုကာကိုလာဟာ နောက်ဆုံးမှာ ကမ္ဘာအနှံ့ပြန့်ခဲ့တယ်။


"ငါတို့ရဲ့ ခွန်အားနဲ့ အချိန်တော်တော်များများကို ငါတို့
ဖြုန်းတီးလိုက်ကြပြီ။ အကြိမ်၂သောင်းစမ်းတာတောင်
အလင်းပေးဝါယာ(Incandescent wire)လုပ်နိုင်တဲ့ပစ္စည်းကို
ငါတို့ရှာမတွေ့ခဲ့ဘူး"လို့ အက်ဒီဆင်ရဲ့အကူတစ်ယောက်က အက်ဒီဆင်ကို
ပြောပါတယ်။

"မဟုတ်ဘူး! အလင်းပေးဝါယာ မလုပ်နိုင်တဲ့ပစ္စည်း ၂သောင်းမျိုးကို ငါတို့သိလိုက်ရတာပါ"

ဒီလိုစိတ်ဓာတ်မျိုးကြောင့် နောက်ဆုံးမှာ အက်ဒီဆင်ဟာ Tungsten Wireနဲ့
လျှပ်စစ်မီးကို တီထွင်နိုင်ခဲ့ပြီး လူ့သမိုင်းကိုပြောင်းလဲနိုင်ခဲ့
တယ်။

"ကျရှုံးခြင်းဆိုတာ အောင်မြင်ခြင်းရဲ့လှေကားထစ်" ဖြစ်တယ်။
ကျရှုံးတာမရှိရင်၊ အခက်အခဲနဲ့ ရင်မဆိုင်ဖူးရင်
ကြီးမြတ်တဲ့အောင်မြင်ခြင်းဆိုတာလည်း မရှိနိုင်ဘူး။

"ကျွန်တော့်လုပ်သက်က အနှစ်(၃ဝ)ရှိနေပြီဗျာ။ ခင်ဗျားရာထူးတိုးပေးလိုက်တဲ့
လူတိုင်းထက် ကျွန်တော်အတွေ့အကြုံရှိတယ်" လို့ ရာထူးအတိုးမခံရသူတစ်ဦးက
ငြီးတွားတယ်။

"မဟုတ်ဘူး! ခင်ဗျားမှာ အတွေ့အကြုံ တစ်နှစ်ပဲရှိသေးတယ်။ ကိုယ့်အမှားထဲကနေ
ခင်ဗျား ဘာသင်ခန်းစာမှ မရခဲ့ဘူး။ ပထမဆုံးတစ်နှစ်လုပ်ခဲ့တဲ့ အမှားကိုပဲ
ခင်ဗျား ထပ်တလဲလဲ ပြန်လုပ်နေတယ်"လို့ စစ်သူကြီးက ပြောပါတယ်။

မှားယွင်းခြင်းနဲ့ ကျရှုံးခြင်းဆိုတာ အောင်မြင်ခြင်းဆီကိုသွားတဲ့
လှေကားထစ်တွေဖြစ်တယ်။ အောင်မြင်မှုတိုင်းမှာ ကျရှုံးခြင်းရှိတယ်။
ကျရှုံးခြင်းတိုင်းက အောင်မြင်ခြင်းဆီ တက်လှမ်းတဲ့ လှေကားထစ်ဖြစ်တယ်။

ထက်မြက်သူ၊ အောင်မြင်သူတွေ အောင်မြင်ရတာက သူတို့မှာ
အောင်မြင်ခြင်းလျှို့ဝှက်ချက်တွေ ရှိလို့မဟုတ်ဘူး။ ကျရှုံးခြင်းနဲ့
ရင်ဆိုင်ရသည့်တိုင် သူတို့ မငြီးတွား၊ လက်မလျှော့ခဲ့ကြလို့ ဖြစ်တယ်။

အောင်မြင်ခြင်းနဲ့ ကျရှုံးခြင်းကြားမှာ မဖြတ်နိုင်တဲ့စည်းတွေ ခြားမထားဘူး။
အောင်မြင်ခြင်းက ကျရှုံးခြင်းရဲ့ အစွန်းမှာရှိတယ်။ ကျရှုံးခြင်းက
အောင်မြင်ခြင်းရဲ့ မိုးသောက်နေဖြစ်တယ်။ ကျရှုံးကြိမ်များလေ
အောင်မြင်ခြင်းနဲ့ နီးကပ်လေဖြစ်တယ်။ အောင်မြင်ခြင်းဆိုတာ
ကျရှုံးခြင်းပြီးမှ ရောက်လာတတ်သူဖြစ်တယ်။

ကျရှုံးခြင်းဆိုတာ ဘဝရဲ့အစိတ်အပိုင်းတစ်ခုထဲက တစ်ခုပါ။ ကျရှုံးခြင်းရှိမှ
ထိုးတက်လိုစိတ်ရှိမယ်၊ ကြိုးစားလိုစိတ်ရှိမယ်၊ အသစ်အသစ်
ဖန်ဆင်းလိုစိတ်ရှိမယ်။ ကျရှုံးခြင်းထဲမှာ လဲကျမသွားမချင်း
အောင်မြင်ခြင်းပန်းတိုင်က အလှမ်းမဝေးတော့ပါဘူး

မလိုအပ်တဲ့ ဝန်ထုပ်တွေကို လွတ်ချခဲ့ပါ

2:26 AM Posted In Edit This 0 Comments »
ဝမ်းနည်းကြေကွဲနေတဲ့ လူငယ်တစ်ဦးဟာ အထုပ်ကြီးတစ်ထုပ်ထမ်းပိုးပြီး
မိုင်ပေါင်းများစွာကနေ ဆရာတော်တစ်ပါးဆီ ရောက်လာခဲ့တယ်။
ဆရာတော်ဆီရောက်တာနဲ့ သူက "ဆရာတော်.. တပည့်တော် အထီးကျန်လွန်းနေပါတယ်။
နာကျင်ကြေကွဲနေပါတယ်။ နှစ်ရှည်လျှောက်လှမ်းခဲ့ရတဲ့ ဘဝခရီးလမ်းကြောင့်
တပည့်တော် ပင်ပန်းနွမ်းနယ်နေပါတယ်။ ဖိနပ်လည်း ပေါက်ပြဲခဲ့ပါပြီ။
ခြေထောက်နှစ်ဖက်မှာလည်း ဆူးဒဏ်ရာတွေ ပြည့်ခဲ့ပါပြီ။ လက်တွေလည်း
သွေးတစိမ့်စိမ့်နဲ့ ထိရှခဲ့ပါပြီ။ နှစ်အတော်ကြာ ဟစ်အော်ခဲ့ရတဲ့
လည်ချောင်းလည်း ကွဲအက်နေခဲ့ပါပြီ..... ဘာဖြစ်လို့ တပည့်တော်ရင်ထဲက
နေရောင်ခြည်ကို တပည့်တော် မတွေ့ရသေးတာလဲ ဘုရား?" လို့ လျှောက်တင်တယ်။

အဲဒီအခါမှာ ဆရာတော်က "ဒကာတော် အိတ်ထဲမှာ ဘာတွေထည့်ထားတာလဲ?"လို့ မေးတယ်။

လူငယ်က "အိတ်ထဲကပစ္စည်းတွေဟာ တပည့်တော်အတွက် အင်မတန်အရေးပါတဲ့
ပစ္စည်းတွေပါဘုရား။ ထည့်ထားတာတွေက လဲကျတိုင်း တပည့်တော်
နာကျင်ခံစားခဲ့ရတဲ့ ဝေဒနာတွေ၊ ထိခိုက်တိုင်း ငိုကြွေးခဲ့ရတာတွေ၊
အထီးကျန်တိုင်း စိတ်ရှုပ်ခဲ့ရတာတွေ... အဲဒါတွေနဲ့ ဆရာတော်ဆီ တပည့်တော်
အရောက်လာခဲ့တာပါဘုရား" လို့ လျှောက်တင်တယ်။

ဒီလိုနဲ့ ဆရာတော်ဟာ လူငယ်ကိုခေါ်ပြီး မြစ်ကမ်းတစ်ခုဆီ ရောက်လာခဲ့တယ်။
သူတို့က လှေတစ်စီးကိုလှော်ပြီး မြစ်ကိုဖြတ်ခဲ့ကြတယ်။ တစ်ဘက်မြစ်ကမ်းပေါ်
ရောက်တာနဲ့ ဆရာတော်က "ဒကာတော် ဒီလှေကိုထမ်းပိုးပြီး ခရီးဆက်ပါ"လို့
ဆိုတယ်။ ဒါကို လူငယ်က တအံ့တသြနဲ့ "လှေကိုထမ်းပြီး ခရီးဆက်ရမယ်!
ဒီလောက်လေးတဲ့လှေကို တပည့်တော် ဘယ်ထမ်းပိုးနိုင်မှာလဲ ဘုရား" လို့
ပြန်မေးတယ်။

"ဟုတ်ပါတယ်။ ဒီလှေကို ဒကာ မထမ်းပိုးနိုင်ပါဘူး။ ဆရာတော်တို့
မြစ်ကိုဖြတ်တော့ လှေကိုအသုံးပြုခဲ့ကြတယ်။ တဘက်ကမ်းရောက်တာနဲ့
လှေကိုထားခဲ့ပြီး ခရီးဆက်ကြတယ်။ တကယ်လို့ မထားခဲ့ရင် အဲဒီလှေဟာ
ဆရာတော်တို့အတွက် ကြီးလေးတဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်သွားပြီ။ နာကျင်တာတွေ၊
အထီးကျန်တာတွေ၊ ဝမ်းနည်းကြေကွဲတာတွေ၊ မျက်ရည်တွေ.. ဒါတွေဟာ လူ့ဘဝအတွက်
အသုံးဝင်ပါတယ်။ ဘဝကို တိုးတက်၊ ကြိုးစားစေတဲ့အရာတွေပါ။ ဒါပေမယ့်
ဒါတွေကိုမမေ့ဘဲ တမ်းတမ်းတတ စွဲလမ်းနေရင်တော့ ဒါတွေဟာ
ဘဝရဲ့ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်သွားတော့တယ်။ ဒါကြောင့် ဒါတွေကို လွတ်ချပါ။
ဘဝကို ဝန်ထုပ်ဝန်ပိုးတွေနဲ့ မလေးလံနေပါစေနဲ့"

လူငယ်ဟာ ဆရာတော်မိန့်ကြားတဲ့အတိုင်း ကြီးလေးတဲ့အိတ်ကိုချပြီး
ခရီးဆက်ခဲ့တယ်။ ဒီတစ်ကြိမ်မှာ သူ့ရဲ့ခြေလှမ်းတွေဟာ သွက်လက်ပေါ့ပါးလာတာကို
ခံစားမိတယ်။ အရင်ကထက် သူ ပိုပျော်ရွှင်လာခဲ့တော့တယ်။

ဘဝမှာ စိတ်ဖိစီးမှုတွေများတယ်၊ စိတ်ရှုပ်စရာတွေများတယ်၊ မပျော်ရွှင်ဘူးလို့
ကျွန်မတို့ မကြာခဏ ခံစားကြရတယ်။ ဒါဟာ မလိုအပ်တဲ့ဝန်ထုပ်တွေကို
ကျွန်မတို့ရဲ့စိတ်က ထမ်းပိုးထားလို့ဖြစ်တယ်။ ဒါတွေဟာ
ကျွန်မတို့ရဲ့အလုပ်အကိုင်၊ နေ့စဉ်ဘဝကို ပင်ပန်းနွမ်းနယ်စေပါတယ်။

တကယ်လည်း လူ့ဘဝမှာ ဖယ်ရှားလို့မရနိုင်တဲ့ ဝန်ထုပ်ဝန်ပိုးများစွာရှိတယ်။
ဒီဝန်ထုပ်တွေထဲမှာ မလိုအပ်တာတွေလည်းပါတယ်။ လွန်ကဲတဲ့
လိုချင်တောင့်တမှုတွေ၊ တောင်းဆိုမှုတွေ ဒါမှမဟုတ် စိုးရိမ်ပူပန်မှုတွေက
ဒီဝန်ထုပ်တွေကို ပိုလေးလံစေပါတယ်။

ပိုလျှံနေတဲ့၊ မလိုအပ်တဲ့ဝန်ထုပ်တွေကို လွတ်ချလိုက်ပါ။ ဘဝဟာရိုးရှင်းပြီး
သက်တောင့်သက်သာ ဖြစ်သွားတာကို ခံစားမိပါလိမ့်မယ်။ စာရေးဆရာတစ်ဦးက
ဒီလိုရေးခဲ့ဖူးတယ်။

ဘဝမှာ မလိုအပ်တဲ့၊ ထမ်းမထားနိုင်တဲ့ ဝန်ထုပ်ဝန်ပိုးတွေကို
ဆိုင်ရာဆိုင်ရာဆီ လွဲထားလိုက်ပါ။

ငွေကြေးကို ဘဏ်ဆီ လွဲထားလိုက်ပါ။
မေ့လျော့တတ်တဲ့အရာကို မှတ်စုစာအုပ်ဆီ လွဲထားလိုက်ပါ။
လုပ်စရာအလုပ်ကို တာဝန်ရှိတဲ့ ဝန်ထမ်းတွေဆီ လွဲထားလိုက်ပါ။
ကြိုတင်ခန့်မှန်း မသိနိုင်တဲ့ အနာဂတ်ကို ကံကြမ္မာဆီ လွဲထားလိုက်ပါ။
ဒီနေ့မပြီးဆုံးနိုင်တဲ့ ကိစ္စကို မနက်ဖြန်ဆီ လွဲထားလိုက်ပါ။
စိတ်ရှုပ်စရာကို အလိုလိုပျောက်သွားနိုင်တဲ့ ခံစားချက်ဆီ လွဲထားလိုက်ပါ။
အရွယ်ရောက်ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို
သူတို့ကိုယ်တိုင်ထမ်းပိုးဖို့ လွဲထားလိုက်ပါ။
ပိုလျှံတဲ့ လွမ်းဆွတ်မှုတွေကို မျက်စိရှေ့က တိမ်လွှာတွေဆီ လွဲထားလိုက်ပါ။
သည်းမခံနိုင်တဲ့အရာ၊ စိတ်ထိခိုက်စရာတွေကို အတွင်းသိသူငယ်ချင်းတွေဆီ လွဲထားလိုက်ပါ။
ချစ်သူရဲ့ဂတိသစ္စာတွေကို ချစ်သူကိုယ်တိုင် ထိန်းသိမ်းဖို့ လွဲထားလိုက်ပါ။
မိမိရဲ့အပြုအမှု၊ သဘောထားတွေကို တခြားသူအဖိုးဖြတ်ဖို့ လွဲထားလိုက်ပါ။
မိမိနဲ့မဆိုင်တဲ့အရာတွေကို ဘုရားသခင်ဆီ လွဲထားလိုက်ပါ။
အနာဂတ်အတွက် တွေးပူတဲ့ကိုယ့်အပူကို အနာဂတ်ဆီလွဲထားလိုက်ပါ။
ပင်ပန်းနွမ်းနယ်ခဲ့တဲ့ လမ်းခရီးကို ရေချိုးသန့်စင်ဖို့ လွဲထားလိုက်ပါ။
စိတ်ပင်ပန်းမှုဒဏ်တွေကို နှစ်ခြိုက်တဲ့အနားယူခြင်းဆီ လွဲထားလိုက်ပါ။
မနက်ဖြန်အတွက် ရိတ်သိမ်းမှုကို ဒီကနေ့ရဲ့ကြိုးစားမှုဆီ လွဲထားလိုက်ပါ။
ချစ်သူခင်သူဆုံးရှုံးရတဲ့ ဝေဒနာကို အလိုလိုမေ့လျော့၊
မေ့ပျောက်သွားနိုင်မယ့် အချိန်ဆီ လွဲထားလိုက်ပါ။

ရင်ဘတ်ထဲကမြေရိုင်းကို မကြာခဏ သန့်ရှင်းပြုပြင်ပေးပါ။ မလိုအပ်တဲ့
ဝန်ထုပ်ဝန်ပိုးတွေကို လွတ်ချခဲ့ပါ။ နေ့စဉ်ဘဝကို ဖွံ့ဖြိုးတဲ့အားအင်တွေနဲ့
ပျော်ပျော်ရွှင်ရွှင် ကျွန်မတို့ ရှင်သန်နိုင်ကြပါတယ်။

Eyes can speak

5:55 AM Posted In Edit This 0 Comments »
Much meaning can be conveyed, clearly, with our eyes, so it is often
said that eyes can speak.

ကျွန်တော်တို့ရဲ့မျက်လုံးက သတင်းအချက်အလက်တွေကို ရှင်းရှင်းလင်းလင်း
ပြတ်ပြတ်သားသား သယ်ဆောင်ပေးပို့ပေးနိုင်တယ်။ ဒါကြောင့် မျက်လုံးက
စကားပြောတတ်တယ်လို့ လူတွေအမြဲပြောကြတယ်။

Do you have such kind of experience? In a bus you may look at
stranger, but not too long. And if he is sensing that he is being
stared at, he may feel uncomfortable.

ဒီလိုအတွေ့အကြုံမျိုး သင်ကြုံဖူးသလား? ဘတ်စ်ကားပေါ်မှာ သူစိမ်းတစ်ယောက်ကို
သင်ကြည့်မိတယ်။ ကြည့်ချိန်သိပ်မကြာဘူးဆိုပေမယ့် တကယ်လို့ သူက
သူ့ကိုကြည့်နေသူရှိကြောင်း ခံစားမိတဲ့အခါ နေမသိထိုင်မသာ ဖြစ်သွားတတ်တယ်။

The same in daily life. If you are looked at for more than necessary,
you will look at yourself up and down, to see if there is anything
wrong with you. If nothing goes wrong, you will feel angry toward
other’s stare with you that way. Eyes do speak, right?

နေ့စဉ်ဘဝမှာလည်း ဒီလိုပဲဖြစ်တယ်။ တကယ်လို့ သင့်ကို တစ်ယောက်ယောက်က
လိုအပ်တာထက် ပိုစိုက်ကြည့်နေရင် ဘာမှားယွင်းနေသလဲဆိုပြီး သင့်ကိုယ်သင်
ပြန်ကြည့်မိတတ်တယ်။ တကယ်လို့ ဘာမှအမှားအယွင်း မရှိရင်
ဒီလိုစိုက်ကြည့်ခံရတဲ့ အကြည့်ကို သင်ဒေါသဖြစ်မိတတ်တယ်။ မျက်လုံးက
တကယ်စကားပြောတတ်တယ် မဟုတ်ပါလား?

Looking too long at someone may seem to be rude and aggressive. But
things are different when it comes to stare at the opposite sex. If a
man glances at a woman for more than 10 seconds and refuses to avert
his gaze, his intentions are obvious, that is, he wishes to attract
her attention, to make her understand that he is admiring her.

တစ်ဘက်သားကို အကြာကြီး စိုက်ကြည့်တဲ့အကြည့်က ရိုင်းစိုင်းရာ၊
ရန်လိုရာရောက်တယ်။ ဒါပေမယ့် လိင်ကွဲတွေကြားမှာကြည့်တဲ့ အကြည့်တွေက
မတူပြန်ဘူး။ တကယ်လို့ ယောက်ျားတစ်ယောက်က မိန်းကလေးတစ်ယောက်ကို
၁ဝစက္ကန့်ကျော်ကြာ ကြည့်သည့်တိုင် အကြည့်မလွဲချင်သေးဘူးဆိုရင်
သူ့ရဲ့ရည်ရွယ်ချက်က အရမ်းသိသာနေပြီ။ သူကြည့်တာကို မိန်းကလေး
သတိထားမိစေချင်လို့၊ မိန်းကလေးကို သူစိတ်ဝင်စားတယ်၊ နှစ်လိုတယ်ဆိုတာကို
သိစေချင်လို့ဖြစ်တယ်။

However, the normal eye contact for two people engaged in conversation
is that the speaker will only look at the listener from time to time,
in order to make sure that the listener does pay attention to what the
former is speaking, to tell him that he is attentive.

သို့သော်ငြားလည်း သာမန်အားဖြင့် လူနှစ်ယောက်စကားပြောတဲ့အချိန်
အချင်းချင်းကြည့်တဲ့ မျက်လုံးအကြည့်က ဒီလို အဓိပ္ပာယ်ကိုဆောင်ပါတယ်။
ပြောသူက စကားပြောနေရင်း နားထောင်သူ စိတ်ဝင်တစား နားထောင်မထောင်ဆိုတာကို
မကြာခဏကြည့်တယ်။ နားထောင်သူကလည်း ပြောသူကို မပြတ်စိုက်ကြည့်ရင်း
သူစိတ်ဝင်တစား နားထောင်နေကြောင်းကို ပြတယ်။

If a speaker looks at you continuously when speaking, as if he tries
to dominate you, you will feel disconcerted. A poor liar usually
exposes himself by looking too long at the victim, since he believes
in the false idea that to look straight in the eye is a sign of honest
communication. Quite the contrary.

တကယ်လို့ သင်နဲ့စကားပြောသူဟာ သင့်ကို စူးစူးစိုက်စိုက် စိုက်ကြည့်နေရင်၊
သင့်ကို ခြယ်လှယ်လွှမ်းမိုးမယ့်ပုံ ပေါက်နေရင် သင်ကြောက်ကြောက်လန့်လန့်နဲ့
ကယောင်ကတမ်းဖြစ်တတ်တယ်။ လိမ်ပြောသူတွေဟာ သူလိမ်မယ့်သူ့ကို
အကြာကြီးစိုက်ကြည့်ပြီး စကားပြောတတ်တယ်။ ဒါဟာ တစ်ဘက်လူကို
သံသယဝင်စေပါတယ်။ လိမ်ပြောသူတွေ ထင်တာက တခြားလူရဲ့မျက်လုံးကို
ကြာကြာစိုက်ကြည့်တာဟာ ရိုးသားတဲ့ ဆက်ဆံပြောဆိုခြင်းလို့ ထင်လို့ဖြစ်တယ်။
ဒါပေမယ့် ဒါဟာ လုံးဝဆန့်ကျင်ဖက်ဖြစ်နေတယ်။

In fact, continuous eye contact is confined to lovers only, who will
enjoy looking at each other tenderly for a long time, to show
affection that words cannot express.

တကယ်တော့ ကြာကြာစိုက်ကြည့်တဲ့ အကြည့်တွေဟာ ချစ်သူတွေနဲ့ပဲ သင့်လျော်တယ်။
ချစ်သူတွေဟာ နူးညံ့သိမ်မွေ့တဲ့အကြည့်နဲ့ အချင်းချင်း အကြာကြီး
စိုက်ကြည့်တတ်ကြတယ်။ အပြောနဲ့ထုတ်ဖော်မပြနိုင်တဲ့ ခံစားချက်တွေကို
အကြည့်နဲ့ဖလှယ်ကြတယ်။

Evidently, eye contact should be done according to the relationship
between two people and the specific situation.

ဒါကြောင့် လူနှစ်ယောက်ရဲ့ဆက်စပ်မှုအနေအထား၊ နေရာအခြေအနေကို ကြည့်ပြီးမှ
မျက်လုံးချင်း စကားပြောဆက်သွယ်သင့်ကြောင်း သိသာထင်ရှားစေပါတယ်။

ခေတ်ရေစီးထဲက သူတို့

5:48 AM Posted In Edit This 0 Comments »
၂ဝ၁ဝခုနှစ် သြဂုတ်လ။ ပဲရစ်မြို့ရဲ့ နှိုက်ကလပ်မှာ
အသက်(၇ဝ)ကျော်အဘွားကြီးတစ်ဦး DJ လုပ်နေပြီလား? အမှန်အကန်ပါပဲ... အင်္ဂလန်
DJ Ruth Flowers တဖြစ်လဲ DJ Mamyဟာ ဒီကနေ့ခေတ်ရဲ့ အသက်(၇ဝ)ကျော်
အဘွားကြီး DJပဲဖြစ်ပါတယ်။ Cannes Film Festival ကတောင် သူ့ကိုဖိတ်ပြီး
ဖြေဖျော်ခိုင်းသေးသတဲ့။ ရောင်စုံမီးရောင်တွေနဲ့ ရှုပ်ပွတဲ့အပြင်အဆင်
ခလုတ်တွေကြားမှာ DJ Mamy ဟာ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး DJ
ပွတ်လို့နေတယ်။ high အဖြစ်ဆုံး သံစဉ်တွေနဲ့ နှိုက်ကလပ်တစ်ခုလုံးကို
ပိုတက်ကြွအောင် သူစွမ်းဆောင်နိုင်ခဲ့ပါတယ်။
၂ဝဝ၉ခုနှစ် ဒီဇင်ဘာလ။ ရွှေရောင်ဆံပင် မိန်းကလေးတစ်ယောက်ရဲ့
မင်္ဂလာဆောင်ဓာတ်ပုံတွေ အင်တာနက်မှာ ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့တယ်။
မိန်းကလေးရဲ့ မင်္ဂလာဆောင်ဝတ်စုံက လည်ဟိုက်လွန်းတဲ့အတွက်ကြောင့်
အင်တာနက်သုံးတွေသူက ဒါဟာ ခေတ်ရေစီးကြောင်းကို အမီလိုက်တာလား! ဒါမှမဟုတ်
လူတွေကို အတုယူမှားစေဖို့လား! လို့ ခန့်မှန်းကြတယ်။ ဒီမိန်းကလေးဟာ
ရုရှားလူမျိုးဖြစ်မယ်လို့လည်း ထင်ကြတယ်။ အင်တာနက်သုံးစွဲသူ တချို့က
ဒီလိုသူတို့သမီးဝတ်စုံဟာ လူတွေကို အထင်မြင်မှားစေနိုင်တယ်၊
အတုယူမှားစေနိုင်တယ်လို့ ဆိုပါတယ်။ တချို့ကလည်း သူတို့ဟာ အရမ်းချစ်ကြတဲ့
စုံတွဲဖြစ်မယ်ဆိုပြီး သူတို့သမီးရဲ့ ဒီလိုအဝတ်အစား အပြင်အဆင်ကို
နားလည်ပေးနိုင်ကြောင်း ပြောပါတယ်။
၂ဝဝ၉ခုနှစ် မတ်လ။ အင်္ဂလန်က အဘွားအိုတစ်ဦးဟာ သမိုင်းမှာ အသက်အကြီးဆုံး
မော်ဒယ်ဂဲလ်အဖြစ် စံချိန်တင်ခဲ့တယ်။ (၈၁)နှစ်ရှိပြီးဖြစ်တဲ့ အဘွားအိုဟာ
ကိုယ်လုံးကိုယ်ပေါက် လှနေသေးတဲ့အပြင် နာမည်ကြီးတံဆိပ်တွေရဲ့
မျက်နှာသာပေးတာကို ခံရပါသတဲ့။ အသက်(၈၁)နှစ် မော်ဒယ် Daphne Selfeဟာ
ပလပ်စတစ်ဆာဂျင်ရီ လုံးဝမခွဲဖူးပါတဲ့။ မော်ဒယ်လျှောက်တဲ့အလုပ်နဲ့တင်
တစ်နေ့ကို စတာလင်ပေါင်(၁ဝဝဝ) သူ့မှာ ဝင်ငွေရှိပါတယ်။ ဒါဟာ
ပြိုင်ဆိုင်မှုများတဲ့ မော်ဒယ်လောကမှာ "ဒဏ္ဍာရီ" တစ်ပုဒ်လိုပါပဲ။
သားသမီး(၄)ယောက်နဲ့ မြေးတွေရှိတဲ့ အသက်(၈၁)နှစ် Daphne Selfeကတော့
ယနေ့အထိDolce &Gabbana (D&G)လို နာမည်ကြီးတံဆပ်တွေရဲ့ အလုအယှက်
စာချုပ်ချုပ်ခြင်းကို ခံနေရပါသတဲ့။
အသက်(၇၈)နှစ်ရှိသူ အဘိုးအိုတစ်ဦးဟာ နဂိုအသက်ကို
မခန့်မှန်းနိုင်လောက်အောင် ပြင်ဆင်နိုင်ခဲ့ပါတယ်။ သူကတော့ တရုတ်ပြည်
ဟူနန်ကဖြစ်ပြီး Latin အကကို ကြိုက်နှစ်သက်သူဖြစ်တယ်။ ကရခက်တဲ့
Hip-hopအကတွေကိုလည်း ကနိုင်ပါသတဲ့။ သူဟာ အရောင်အသွေးစုံ အဝတ်အစားတွေနဲ့
လိုက်ဖက်အောင် ပြင်ဆင်ဝတ်ဆင်နိုင်တာကြောင့် လမ်းသွားလမ်းလာတွေတောင်
၂ခါပြန်ကြည့်ရသတဲ့။ သူ့ကို "ခေတ်ရေစီးကြောင်းပေါ်က အသက်အကြီးဆုံးယောက်ျား"
လို့ လူတွေက သတ်မှတ်ကြတယ်။
၂ဝဝ၉ခုနှစ် စက်တင်ဘာလ။ ဂျာမဏီနိုင်ငံမှာ ကလေးတွေကို
ဘေးကင်းကြိုးချည်ပေးတဲ့ မိဘတွေ ပိုပိုများလာခဲ့တယ်။ ညနေညခင်း
လမ်းလျှောက်ထွက်တဲ့ ကလေးတွေကို မိဘတွေက ဘေးကင်းကြိုး ချည်ပေးတတ်တယ်။
ခွေးတွေကို လွတ်ကျောင်းနေသလိုမျိုး ဒီလိုမြင်ကွင်းက မြင်ရသူကို
စိတ်ဝင်စားစေတယ်။ ဒီလိုလွတ်ကျောင်းနည်းက ဂျာမဏီနိုင်ငံမှာ
ခေတ်ဖက်ရှင်တစ်ခုလို ဖြစ်နေခဲ့ပါတယ်။
၂ဝ၁ဝခုနှစ် အောက်တိုဘာလ။ ရှန်ဟိုင်းမြို့လမ်းဘေးတစ်နေရာက
ညနေခင်းလက်ဖက်ရည်ဆိုင်မှာ ကိုရင်တစ်ပါးထိုင်နေတယ်။ လက်ဖက်ရည်မရောက်ခင်
ကိုရင်က iphone3GS ကိုထုတ်ပြီး "Microblogပေါ်က သတင်းတွေကို
အရင်ကြည့်မယ်"လို့ဆိုတယ်။ ဒီကိုရင်ဟာ Microblogပေါ်မှာ ပရိသတ်ပေါင်း
၅သောင်းကျော်ရှိတဲ့ ကိုရင်ဖြစ်တယ်။ ထုံးစံအရဆိုရင် ဘုန်းကြီးတွေဟာ
တရားတွေအကြောင်းပဲ ပြောကြတယ်။ ဒါပေမယ့် ဒီကိုရင်က မတူဘူး။ သူ
သီချင်းခွေထုတ်တယ်၊ သူဟာ အနုပညာဘုန်းကြီးပါလို့ ကြော်ညာတယ်။
သူ့ခရီးစဉ်ကို ကြော်ညာတယ်။ သတင်းထောက်တွေကို သူဘာလုပ်နေတယ်ဆိုတဲ့အကြောင်း
အသိပေးတယ်။သူဟာ ၈ဝခုနှစ်နောက်ပိုင်းက သီချင်းဆို ဘလော့ရေးတဲ့
ခေတ်ရေစီးထဲက အနုပညာသည် ကိုရင်တစ်ပါးဖြစ်တယ်။
သူဟာ နာမည်ကြီးတံဆိပ် အဝတ်အစားနဲ့ မိန်းကလေးလို့
ဝတ်ဆင်တတ်သူတစ်ဦးဖြစ်တယ်။ နှစ်သက်သူတွေက သူ့ကို BB (Bryan
Boy)လို့ခေါ်ကြတယ်။ မနှစ်သက်သူတွေက မကောင်းဆိုးဝါးလို့ဆိုတယ်။ ၂ဝဝ၉ခုနှစ်
ဇွန်လမှာ သူနာမည်ကြီးခဲ့တယ်။ သူ့ပရိသတ်တွေ ကမ္ဘာအနှံ့ရှိခဲ့တယ်။ သူ့ကို
ဖက်ရှင်လောကရဲ့ ထွတ်ခေါင်လို့ တင်စားကြတယ်။ သူကတော့ အသက်(၂ဝ)ရှိတဲ့
Bryanလို့ခေါ်တဲ့ ဖိလစ်ပိုင်နိုင်ငံသားဖြစ်တယ်။ Web Designer
တစ်ဦးဖြစ်တဲ့ Bryanဟာ လွန်ခဲ့တဲ့ ၅နှစ်က ကိုယ်ပိုင်ဘလော့တစ်ခုတည်ခဲ့တယ်။
သူ့ဘလော့မှာ အဝတ်အစား၊ မော်ဒယ်ရှိုးတွေအပြင် နာမည်ကြီးတံဆိပ် ပစ္စည်းတွေကို
ထည့်သွင်းရေးသားခဲ့တယ်။ များသောအားဖြင့် သူ့ကိုယ်ပိုင် မော်ဒယ်ရှိုးတွေ
ပိုများတယ်။ လတိုင်း သူ့ဘလော့ကိုလာရောက် လည်ပတ်သူပေါင်း ၃သိန်းခွဲကျော်
ရှိခဲ့တယ်။ နာမည်ကြီး ဒီဇိုင်းပညာရှင် Marc Jacobs ကတောင်
သူ့ကိုမျက်နှာသာပေးခဲ့တဲ့အပြင် Fashion Week တွေမှာ
သူ့ကိုပွဲထုတ်လေ့ရှိခဲ့တယ်။
ဘက်ခ်ဟမ်ရဲ့ နုနယ်စဉ်ကထားခဲ့တဲ့ "မက်ဆီကန်ဆံပင်" ကို မှတ်မိကြသေးလား?
၂ဝဝ၉ခုနှစ် နိုဝင်ဘာလ။ အင်တာနက်ဖိုရမ်မှာ ဆွေးနွေးကြတဲ့အထဲမှာ တရုတ်ပြည်
Chongqingမြို့က ကူလီထမ်းသူ ဒီမက်ဆီကန်ခေါင်းနဲ့ လူလည်းပါတယ်။
မကြာပါဘူး.. အင်တာနက်ပေါ် သူ့ဓာတ်ပုံတွေပြန့်ပြီးနောက် ဒီလူချက်ချင်း
နာမည်ကြီးလာခဲ့တယ်။ သူ့ကို Chongqingမြို့မှာ ခေတ်အဆန်ဆုံးလူလို့
တင်စားကြတယ်။
၂ဝဝ၈ခုနှစ် ဇွန်လ။ အသက်(၃၄)နှစ်ရှိတဲ့ Betty Thomasလို့ အမည်ရတဲ့
ယောက်ျားတစ်ဦးဟာ သမီးလေးတစ်ဦးကို ဖွားမြင်ခဲ့တယ်။ ဒါဟာ Thomasအတွက်
ဘဝအပြောင်းအလဲတစ်ခုဖြစ်သလို အမေရိကန်ရဲ့ ယဉ်ကျေးမှုမှာလည်း
မယုံနိုင်စရာအဖြစ် မှတ်တိုင်ထူခဲ့တယ်။ တကယ်တော့ Betty Thomasဟာ
မိန်းကလေးကနေ ယောက်ျားလေးဖြစ်အောင် ခွဲစိတ်ခဲ့သူပါ။ သူဟာ သုတ်ရေအေးခဲနည်း
(Frozen Sperm)နဲ့ ကိုယ်ဝန်ယူခဲ့သူဖြစ်ပြီး အမေရိကန်ရဲ့ ပထမဦးဆုံး
ကိုယ်ဝန်လွယ်ဖခင် ဖြစ်ခဲ့ပါတယ်။
အဆိုပညာကို နှစ်သက်တဲ့ ဂျပန်ကဘုန်းကြီး၊ Rapသီချင်းဆိုသလို
တရားလည်းဟောတယ်။ ခါတိုင်းရွတ်ဆိုနေကျ တရားတော်ကို Rapအဖြစ်
ပြောင်းလဲရွတ်ဆိုသူဖြစ်ပြီး အနှစ်(၄ဝဝ)သမိုင်းရှိတဲ့ Kyouyoji
ဘုန်းကြီးကျောင်းမှာ (tab-dance)နဲ့ ဖြေဖျော်ဦးမယ်လို့ ဆိုပါတယ်။
10 attachments — Download all attachments (zipped for
English (US)
Filename encoding menu
)

View all images
ယနေ့ခေတ်ရေစီးကြောင်းမှာ အရှုးသွပ်ဆုံး အသက်(၇ဝ) DJဘွားဘွား Mamy.jpgယနေ့ခေတ်ရေစီးကြောင်းမှာ အရှုးသွပ်ဆုံး အသက်(၇ဝ) DJဘွားဘွား Mamy.jpg
21K View Download
53.jpg53.jpg
18K View Download
51.jpg51.jpg
46K View Download
50.jpg50.jpg
52K View Download
49.jpg49.jpg
36K View Download
48.jpg48.jpg
40K View Download
47.jpg47.jpg
40K View Download
46.jpg46.jpg
39K View Download
45.jpg45.jpg
24K View Download
5.jpg5.jpg
21K View Download

ဘီပိုးကို နိုင်တဲ့ဆေး

6:26 AM Posted In Edit This 0 Comments »
ဒီပုံမှာပါတဲ့ အရွက်ကတော့ ဗိန္ဒောဆေးအခေါ် *ဣဿရမူလီ* လို့ခေါ်တယ်။

ဦးဟုတ်စိန်အဘိဓာန်မှာတော့ The Indian Brithwort (*Atistolochia indica)*

သာမည ဣဿရီ တဲ့။

ရှမ်းဘာသာကတော့ ၀မ်လီနုတ်ယုံး *(၀၊ခ်ေလီခေူဂ့်ယုင်း*) လို့ခေါ်ပြီး

တရုတ်အခေါ်ကတော့ *ခုံ့ရှော့တန်း* လို့ခေါ်တယ်။
အပင်ကတော့ အစိမ်းရောင် နွယ်ပင်တစ်မျိုးပါ။ ခွာညို၊ ခွာဖြူပန်းလို အိမ်မှာ
အလှစိုက်ထားလေ့ရှိတယ်။
အပွင့်က ဥဒေါင်းငှက်နဲ့ ဆင်တူပြီး အဖြူ။ အ၀ါ၊ အစိမ်း၊ ခရမ်းရောင် အနဲငယ်သမ်းနေတယ်။
အသီးကတော့ ကင်းမွန်သီးလို ခပ်ဆင်ဆင်ဖြစ်ပြီး အရစ်(အရေးအကြောင်း)
အမြောင့်ပါတယ်။ အရွက်ရဲ့ အရသာကတော့ နဲနဲဖန်သလိုလို၊ ကွမ်းရွက်ကဲ့သို့လဲ
အနည်းငယ် ရှိန်းသလိုလိုဖြစ်ပြီး အရသာပေါ့တယ်။

ဘီပိုးရောဂါ၊ စီပိုးရောဂါရှိသူများအတွက် မကြာခင်က သိရတဲ့ ဆေးကောင်းတစ်လက်ပါ။

ဒီဆေးအကြောင်းကို မန္တလေး၊ ကျွဲဆည်ကန်နေ နန်းမွေဖေါင် (2nd Year Law)
ကနေတဆင့် သိရခြင်းပါ။
သူမအဖေရဲ့ မန္တလေး မိတ်ဆွေတစ်ဦး ဘီပိုးရောဂါဖြစ်ပြီး ယိုးဒယား၊ စင်္ကာပူအထိ
သွားကုတာ သိန်းပေါင်းများစွာ ကုန်ပေမယ့် ရောဂါက မပျောက်ဖြစ်နေတယ်။

စိတ်ပျက်ပျက်နဲ့ မန္တလေးကိုရောက်တော့ မိတ်ဆွေ တစ်ယောက်က ဣဿရမူလီ ကို

သုံးကြည့်ခိုင်းတယ်။
သူလည်း (၃)လလောက် အဲဒီအရွက်ကို အစိမ်းလိုက် တစ်နေ့ (၃)ခါ၊ တစ်ခါ လေးရွက်
ငါးရွက်လောက် ၀ါးစားပြီး ရေသောက်လိုက်တယ်။

နောက်ပိုင်း သူ့ရဲ့ အသားအရေလည်း အရင်လို နီကြောင်ကြောင် နီရဲရဲ

မဟုတ်တော့ပဲ အသားအရည်တွေ ၀င်းလာတယ်။ ကြည်လာတယ်။

ကျန်းမာရေးလည်း တော်တော်ကောင်းလာတာတွေ့ရတယ်။ နောက် (၅)လ ကြာတော့

သူယိုးဒယားကို ဆေးစစ်သွားတော့ ဟိုကဆရာဝန်တွေက အံ့သြစွာနဲ့ သူ့ရဲ့
ဘီပိုးရောဂါ လုံးဝပျောက်သွားကြောင်း၊ ဘာဆေးတွေ သုံးကြောင်း မေးလာတော့ သူက
တိုင်းရင်းဆေး ဣဿရမူလီ ဆေးကိုသုံးကြောင်း ပြောလိုက်တယ်။ အခု
သူကျန်းကျန်းမာမာပါပဲ။

*ဆေးသုံးစွဲနည်း*


(၁) အကောင်းဆုံးကတော့ အရွက်စိမ်းကို ၀ါးစားပြီး ရေသောက်တာ ပိုထိရောက်တယ်။

(၂) သုံးခွက် တစ်ခွက် ကြိုသောက်ရင်လည်း ရပါတယ်။ (၃) အရွက်ကို
အခြောက်လှမ်းပြီး လက်ဖက်ရည် သောက်သလိုမျိုး သောက်ရင်လည်း ရတယ်တဲ့။

ဓါတ်ပုံကို လားရှိုးမြို့ ရပ်ကွက် (၆) ရွှေလီကျောင်းအနီး၊

ဒေါ်နန်းရွှေကျောင်းအိမ်မှာ သွားရိုက်ထားခြင်းဖြစ်တယ်။

ဣဿရမူလီ မှတဆင့် ဘီပိုးအတွက် စီပိုးအတွက် ဆေးကောင်းတစ်လက်အဖြစ် ဆက်လက်

တိုးတက်အောင် ဖေါ်ဆောင်နိုင်ပါစေ။

*သင်ရဲ့ မိတ်ဆွေထံ ဆက်လက် လက်ဆင့်ကမ်းပြီး ဘေသဇ္ဇဒါန (ဆေးအလှူ) အဖြစ်

ကုသိုလ်ယူကြပါရန် . . . . *

မေတ္တာဖြင့်

တောင်တန်းသာသနာပြုဆရာတော်
စ၀်ဆုခမ်း (တန့်ယန်း)

အနန္တစကြာဝဠာအတွင်း ရှိ အနန္တအရပ်မျက်နှာမှ အနန္တ သတ္တဝါ အနန္တ နတ်ဗြဟ္မာ အနန္တ

သူတော်စင် သူတော်အပေါင်း တို့ စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်း နဲ့
ပြည့်စုံပါ စေသား ။ ။
1.jpg1.jpg
61K View Download
2.jpg2.jpg
62K View Download
3.jpg3.jpg
76K View Download

လောကမှာ ကိုယ်တစ်ယောက်ထဲ စိတ်ညစ်နေရတယ်လို့တော့ မထင်လိုက်ပါနဲ့

6:25 AM Posted In Edit This 0 Comments »
လောကမှာ ကိုယ်တစ်ယောက်ထဲ စိတ်ညစ်နေရတယ်လို့တော့ မထင်လိုက်ပါနဲ့






--လူ့ဘ၀ကြီးဆိုတာ ဒီကာတွန်းလေးကိုကြည့်နေရင်း..ဟုတ်တော့ ဟုတ်နေပါလား
ဆိုတာလေးကို သတိထားမိလာလိမ့်မယ်လို့မျှော်လင့်မိပါတယ်...စိတ်ဓါတ်ကျတတ်တဲ့
သယ်ရင်းတွေအတွက်ပါ....ကျေးဇူးတင်ပါတယ်..







၂၄ နာရီ ဇီဝကမ္မ ဖြစ်ပျက်ပြောင်းလဲမှု့ ဖြစ်စဉ်များ

3:47 AM Posted In Edit This 0 Comments »
တ်ာတော်လေး မှတ်သားစရာ ကောင်းပြီး အကျိုးရှိနိုင်တဲ့ ဆောင်းပါးလေးလည်း
ဖြစ်ပါတယ်...

သုတေသနပြုချက်အရ ညဆိုင်းအလုပ်လုပ်သူများသည် ကျန်းမာရေးအခြေအနေ

ကမောက်ကမဖြစ်တတ်သည်။အမျိုးသမီးများဆိုလျှင်ရာသီမမှန်ခြင်း၊အရိုးပွရောဂါဖြစ်ခြင်း၊
ရင်သားကင်ဆာဖြစ်ခြင်း၊ ကိုယ်ဝန်မရရှိနိုင်ခြင်း စသည့် ရောဂါများ
ပိုမိုဖြစ်တတ်သည်။ ညသန်းခေါင် ည ၁၂-နာရီ ၁၀-မိနစ်အထိ မအိပ်သေးသူများတွင်
ခန္ဓာကိုယ်၏ ဇီဝဖြစ်ပျက် ပြောင်းလဲဖြစ်စဉ်များသည်
ကိုယ်တွင်းအရည်လောင်ကျွမ်းမှုကိုသာ အားကိုးရသည်။
ကိုယ်တွင်းအရည်လေင်ကျွမ်းမှုသည် အဆိပ်အတောက် ဖြစ်ပေါ်မှုများတတ်သည်။
ခန္ဓကိုယ်၏ 'သက်စောင့်ရည်' များကို အက်ဆစ်ဓါတ်ဖြစ်စေနိုင်သည်။ ထို့ကြောင့်
ခဏခဏ အိပ်ရေးပျက်ခံသူများသည် ဆေးလိပ်သောက်၊ အရက်သောက်သူများ
ဖြစ်နိုင်သည့် ရောဂါမျိုးများ ငါးဆပိုဖြစ်နိုင်သည်။ ထို့ကြောင့်
နေ့စဉ်အတတ်နိုင်ဆုံး
ည ၁၁-နာရီ မတိုင်မီ အိပ်ရမည်။ မဖြစ်မနေ ညအလုပ်လုပ်ရန်ရှိသည်ဆိုလျှင်လဲ
(အသားမပါသော) ညလယ်စာစားလျှင် ခံသာသေးသည်။


ည ၉-နာရီ မှ ည ၁၁-နာရီ = ရောဂါခုခံကာကွယ်စနစ်အချိန်

(အလယ်တန်းအောက်ကလေးသူငယ်များသည် ရောဂါခုခံကာကွယ်စနစ်
တည်ဆောက်မှုမပြည့်စုံသေးသဖြင့် ည ၉-နာရီတွင် အိပ်နိုင်လျှင်ကောင်း၏)

ည ၁၁-နာရိ မှ နံနက် ၁-နာရီ = ရိုးတွင်းချဉ်ဆီမှ သွေးနီဥ တည်ဆောက်ချိန်


နံနက် ၁-နာရီ မှ နံနက် ၃-နာရီ= အသည်း၏အချိန်


နံနက် ၃-နာရီ မှ နံနက် ၅-နာရီ= အသက်ရှုစနစ်အတွက်အချိန်


နံနက် ၄-နာရီ = ခန္ဓာကိုယ်၏ သွေးခုန်အားအပျော့ဆုံး၊ နှလုံးခုန်နှုန်း အနှေးဆုံးအချိန်

(ဆေးပညာတွင် 'အန္တရာယ်များသည့်လေးနာရီ' ဟုပြောစမှတ်ပြုကြသည်။
လက်တွေ့တွင် ဤအချိန်၌ ရင်ကြပ်၊နှလုံး၊ လေဖြတ်၊ဦးနှောက်သွေးကြောရောဂါ၊
သွေးတိုးရောဂါ စသည်တို့ ရောဂါဖောက်ပြန်သော အချိန်ဖြစ်တတ်သည်။
ထို့ကြောင့် အဘိုးအဘွားများ နံနက် ၅-နာရီကျော်မှကိုယ်လက်လှုပ်ရှား
လမ်းလျှောက်ထွက်သင့်သည်။)

နံနက် ၅-နာရီ မှ နံနက် ၇-နာရီ = အူမကြီးအလှုပ်ရှားဆုံးအချိန်


နံနက် ၇-နာရီ မှ နံနက် ၉-နာရီ = အစာအိမ်အလှုပ်ရှားဆုံးအချိန်

(ထို့ကြောင့် နံနက် ၇-နာရီ မတိုင်ခင် နံနက်စာစားသင့်သည်)

နံနက် ၉-နာရီ မှ နံနက် ၁၁-နာရီ = သရက်ရွက်အလှုပ်ရှားဆုံးအချိန်


နံနက် ၁၁-နာရီ မှ နေ့လယ် ၁-နာရီ = ရိုးတွင်းချဉ်ဆီ သွေးတည်ဆောက်ချိန်

(ကောင်းစွာအနားယူနိုင်ပါက သွေးအားနည်းရောဂါမဖြစ်တော့ပေ)

နေ့လယ် ၁-နာရီ မှ ညနေ ၃-နာရီ = အူသိမ်အလှုပ်ရှားဆုံးအချိန်

(နေ့လယ် ၁-နာရီ မတိုင်ခင်နေ့လည်စာစားလျှင်ကောင်း၏ -
သို့မဟုတ်က အစာအိမ်ရောဂါ လေထိုးလေအောင့် ရောဂါဖြစ်တတ်သည်။)

ညနေ ၃-နာရီ မှ ညနေ ၅-နာရီ = ဆီးအိမ်အလှုပ်ရှားဆုံးအချိန်

(ဤအချိန်တွင်ရေများများသောက်ရန်အရေးကြီးသည်။)

ညနေ ၅-နာရီ မှ ည ၇-နာရီ = ကျောက်ကပ်အလှုပ်ရှားဆုံးအချိန်


ည ၇-နာရီမှ ည ၉-နာရီ = နှလုံးနှင့်ဦးနှောက်အာရုံကြောစနစ်၏အလှုပ်ရှားဆုံးအချိန

မနက်စာက ဘာကြောင့်တစ်နေ့တာလုံးရဲ့ အရေးကြီးဆုံး အစာဖြစ်နေသလဲ

3:40 AM Posted In Edit This 0 Comments »
နေ့တစ်နေ့ရဲ့အစမှာ စားရတဲ့ မနက်စာက တစ်နေ့တာလုံးအတွက် အရေးကြီးဆုံး အစာ
ဖြစ်တာကြောင့် မနက်စာကို မဖြစ်မနေစားသင့်ကြောင်း မကြာခဏကြားဖူးကြမှာပါ။
ဒါပေမဲ့ အပြိုင်အဆိုင်များတဲ့ မျက်မှောက်ခေတ်ကြီးမှာ
နောက်ကောက်ကျမကျန်ခဲ့ဖို့အတွက် အများစုက အလုပ်လောဘကြီးနေတတ်ကြပါတယ်။

မနက်မနက် အလုပ်ချိန်မီအောင်၊ ကျောင်းချိန်မီအောင်လုံးပန်းနေရတာနဲ့

မနက်စာစားဖို့ အချိန်မပေးနိုင်ဘူးဖြစ်နေပါတယ်။ ထမင်းစားပွဲမှာထိုင်ခုံနဲ့
အကျအနထိုင်ပြီး အေးဆေး စားဖို့နေနေသာသာ ကော်ဖီတစ်ခွက်ကိုတောင်
အပြင်ထွက်ခါနီးမှ အမြန်မျိုချနေရတဲ့ အလုပ်များသူတွေမှ အများကြီးပဲ။
တကယ်ဆို မနက်စာက ကျန်းမာရေးအတွက် အရေးကြီးဆုံးအစာပါ။

ဒီစကားအပ်ကြောင်းထပ်အောင် ကြားနေရပေမယ့် ဒါအမှန်တရားပါ။ တစ်ညတာလုံးမှာ

ဘာမှမစားဘဲ အိပ်နေတာကြောင့် ဟာနေတဲ့အစာအိမ်အတွက်
အိပ်ရာနိုးချိန်မှာစားတဲ့ မနက်စာက အရေးကြီးပါတယ်။ မနက်စာဆိုတဲ့
အင်္ဂလိပ်စာလုံး Break fast ရဲ့ အဓိပ္ပာယ် ကလည်း ဥပုသ် (fast) ကို
ဖြတ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။

မနက်တိုင်း မနက်စာပုံမှန်စားနေသူတွေဟာ မစားသူတွေထက်

ပိုပြီးကျန်းမာနေကြောင်းကို လေ့လာချက်မြောက်မြားစွာအရ တွေ့ရှိရပါတယ်။
မနက်စာကနေရရှိတဲ့ အကျိုးထူး တွေကတော့ အားအင်တွေပြည့်ဝနေခြင်းနဲ့
တစ်နေ့တာလုံးအာရုံစူးစိုက်မှု ကောင်းနေခြင်းတို့ပဲ ဖြစ်ပါတယ်။ အထူးသဖြင့်
ကျောင်းသူ၊ ကျောင်းသားတွေ စာသင်ကြားရာမှာ ပိုစိတ်ဝင်စားပြီး
စာတွေပိုမှတ်မိလွယ်စေပါတယ်။

ဒါ့အပြင် ရောဂါဘယတွေမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်အလေးချိန်

ထိန်းသူတွေအနေနဲ့လည်း မနက်စာစားသင့်ပါတယ်။ တချို့က ဝိတ်လျှော့ချင်လို့
မနက်စာကို လျှော့စားတတ်ကြပါတယ်။ ဒါပေမဲ့ မနက်စာကို လျှော့စားခြင်းက
မပိန်စေတဲ့အပြင် ပိုလို့တောင်ဝလာစေနိုင်ပါတယ်။ လေ့လာချက်တွေအရ မနက်စာ
မစားသူတွေက အဝလွန်ခြင်းဖြစ်နိုင်ခြေပိုများတာ တွေ့ရပါတယ်။

ဒါဟာ ဘာကြောင့်လဲဆိုတော့ မနက်စာကိုမစားဘဲနေလိုက်ခြင်းဟာ

နောက်ပိုင်းစားတဲ့ နေ့လယ်စာတွေ၊ ညစာတွေကို အဝအပြဲစားလိုစိတ်
ဖြစ်ပေါ်စေလို့ပါ။ ဒါ့အပြင် ကျန်းမာရေးနဲ့မညီညွတ်တဲ့ Fast Food တွေကိုလည်း
ပိုစားမိတတ်ပါတယ်။ ဒါကြောင့် မနက်စာမစားသူတွေဟာ စားသူတွေထက်စာရင်
ဆီးချိုရောဂါ၊ နှလုံးသွေးကြောကျဉ်း ရောဂါဖြစ်နိုင်ခြေများပါတယ်။

မနက်စာမှာ စားလေ့ရှိတဲ့ ကောက်နှံတွေပါတဲ့ ပေါင်မုန့်တွေ၊ Cereal တွေကလည်း

ကျန်းမာရေး အတွက် ကောင်းစေပါတယ်။ Antioxidant သတ္တုဓာတ်နဲ့ အမျှင်ဓာတ်
တွေပါရှိတာကြောင့် အဲဒီမနက်စာတွေကို ပုံမှန်စားပေးခြင်းဖြင့် အသက်ရှည်
ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးအတွက် အရေးကြီးတဲ့
မနက်စာကို မနက်တိုင်းအချိန်ပေးပြီး စားပေးသင့်ပါတယ်။