တင်ပါးနှစ်ခုရဲ့ အကျယ

6:12 AM Posted In Edit This 0 Comments »
အမေရိကန်က ရထားသံလမ်းနှစ်ခုရဲ့ အကွာအဝေးဟာ ၄.၈၅ ပေ ကွာဝေးတယ်။
ဒါဟာ အခြေခံအကျဆုံး စံနှုန်းဖြစ်တယ်။ ဒီ သတ်မှတ်ချက်က ဘယ်လိုဖြစ်ပေါ်လာခဲ့တာလဲ?

ဒီ သတ်မှတ်စံနှုန်းက အင်္ဂလန်ရဲ့စံနှုန်းဖြစ်တယ်။ အစောဦးပိုင်းကာလ

အမေရိကန်ရဲ့ ရထားလမ်းတွေကို အင်္ဂလိပ်တွေက ပြုလုပ်ခဲ့တာဖြစ်တယ်။ ဘာဖြစ်လို့
အင်္ဂလိပ်တွေ ဒီစံနှုန်းကို သုံးခဲ့တာလဲ?

တကယ်တော့ ရထားပြုလုပ်သူတွေဟာ ရထားမလုပ်ခင်မှာ မြင်းလှည်း

ပြုလုပ်သူဖြစ်ခဲ့တယ်။ မြင်းလှည်းပြုလုပ်ရမှာ သူတို့ဟာ
မြင်းလှည်းဘီးအကျယ်နဲ့ စံထားပြီး ပြုလုပ်ခဲ့ကြတယ်။ ဘာဖြစ်လို့
မြင်းလှည်းဘီးအကျယ်ကို စံထားခဲ့ကြသလဲ? တကယ်လို့ အဲဒီခေတ်က
မြင်းလှည်းဘီးကို စံမထားဘဲ တခြားဘီးနဲ့ စံထားခဲ့ရင် သူတို့ရဲ့မြင်းလှည်းက
ချိုင့်ခွက်၊ ကျောက်ခဲများတဲ့ အင်္ဂလန်ရဲ့ လမ်းအိုတွေပေါ်မှာ အလွယ်တကူ
ပျက်ဆီးကုန်လို့ဖြစ်တယ်။

ဘာဖြစ်လို့လဲဆိုတော့ လမ်းရဲ့ မြောင်းအကျယ်တွေဟာ ၄.၈၅ပေရှိလို့ဖြစ်တယ်။ ဒီ

မြောင်းအကျယ်က ဘယ်လိုဖြစ်လာရသလဲ?

ဒီအကျယ်ကို ရှေးရောမလူမျိုးတွေ သတ်မှတ်ခဲ့တာဖြစ်တယ်။ ၄.၈၅ပေအကျယ်က

ရောမတို့ရဲ့စစ်ရထားဘီး တစ်ဘီးနဲ့တစ်ဘီးကြား အကွာအဝေးဖြစ်တယ်။ ဘီးတွေကို
ဒီလိုအကွာအဝေးနဲ့ အသုံးပြုမှသာ ဘီးရဲ့သက်တမ်းက ကြာရှည်မှာဖြစ်တယ်။

ရောမလူမျိုးတွေက ဘာဖြစ်လို့ ၄.၈၅ ပေ အကွာအဝေးနဲ့ စစ်ရထားဘီးတွေ လုပ်ခဲ့ကြသလဲ?


အဖြေက ရှင်းပါတယ်။ ဒီအကွာအဝေးက စစ်ရထားကိုဆွဲတဲ့ မြင်းနှစ်ကောင်ရဲ့

တင်ပါး(ဖင်)အကျယ်ဖြစ်လို့ပါပဲ။

အမေရိကန် အာကာသက ဒုံးကျည်တွေ လွှတ်တင်တဲ့အခါ ထောင်ထားတဲ့ဒုံးကျည်ဘေးက

လောင်စာသေတ္တာကို သတိထားကြည့်ပါ။ အဲဒီသေတ္တာဘေးနှစ်ဘက်မှာ ဒုံးကျည်ကို
တွန်းအားပေးတဲ့ အ၀ိုင်းသဏ္ဍာန် စက်ပစ္စည်းပါတယ်။ အဲဒီပစ္စည်းကို Utahစက်ရုံက
ပြုလုပ်ထားတာဖြစ်တယ်။

ဖြစ်နိုင်ရင် Utah စက်ရုံက အင်ဂျင်နီယာတွေဟာ တွန်းအားပေးတဲ့ပစ္စည်းကို

ပိုတွန်းအားပေးနိုင်အောင် ခပ်ကြီးကြီးလေးလုပ်သင့်တယ်။ ဒါပေမယ့်
သူတို့မလုပ်ခဲ့ဘူး။ အကြောင်းက တွန်းအားပေးပစ္စည်းကို ပြုလုပ်ပြီးနောက်
လွှတ်တင်မယ့်နေရာကို မီးရထားနဲ့ တင်ပို့ကြတယ်။ လမ်းမှာ လိုဏ်ခေါင်းတွေကို
ဖြတ်ရတယ်။ လိုဏ်ခေါင်းတွေရဲ့ အကျယ်က မီးရထားသံလမ်းထက်
နည်းနည်းလေးပဲကျယ်တယ်။ မီးရထားသံလမ်းရဲ့အကျယ်က
မြင်းဖင်ရဲ့အကျယ်နဲ့သတ်မှတ်ထားတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်ကျော်က ကမ္ဘာ့ဦးဆုံး

ဆက်သွယ်ရေးစနစ်ပုံစံကို မြင်းနှစ်ကောင်ရဲ့ ဖင်အကျယ်နဲ့စံထားခဲ့တယ်။ ဒါဟာ
ဘောကဗေဒမှာရှိတဲ့ "Path Dependence"ပဲဖြစ်တယ်။ ဒါဟာ ရယ်စရာကောင်းနေပေမယ့်
တကယ့်အမှန်ဖြစ်တယ်။

0 comments: