အမေရိကန်၏အချမ်းသာဆုံးစာရင်းတွင် ဘီလ်ဂိတ် ၁၇နှစ်ဆက်ထိပ်ဆုံး၌ ရပ်တည်..

12:08 PM Posted In Edit This 0 Comments »
နာမည်ကျော် Forbes မဂ္ဂဇင်းက အမေရိကန်အချမ်းသားဆုံးစာရင်းကို
ထုတ်ပြန်ခဲ့ရာ မိုက်ခရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ်က ထိပ်ဆုံးမှာ ၁၇နှစ်
ဆက်ရပ်တည်နိုင်ခဲ့ကြောင်း သိရပါသည်။

အမေရိကန်စီးပွားရေး ပြန်လည်ကောင်းမွန်တဲ့အခြေအနေ မရှိသေးပေမယ့်

အချမ်းသားဆုံး ၄၀၀ စာရင်းဝင် မဟာသူကြွယ်တွေကတော့ပိုမို
ကြွယ်ဝလာကြတယ်လို့ Forbes က ဖော်ပြခဲ့ပါသည်။ ပါဝင်သူဦးရေရဲ့
ထက်ဝက်ကျော်ဖြစ်တဲ့ ၂၁၇ ဦးက ပြီးခဲ့တဲ့နှစ်ကထက် ပိုမိုကြွယ်ဝလာကြပြီး
စုစုပေါင်းပိုင်ဆိုင်မှု ၈ ရာခိုင်နှုန်း တိုးလာကာ လူ ၄၀၀ ရဲ့
ပိုင်ဆိုင်မှုပေါင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၇ ထရီလျံအထိ
ရှိခဲ့ပါသည်။ဒါပေမယ့် ဒီပိုင်ဆိုင်မှုဟာ ၂၀၀၈ ခုနှစ်က
စုစုပေါင်းပိုင်ဆိုင်မှု ၁ ဒသမ ၅၇ ထရီလျံ ကိုတော့ မမီသေးပါဘူး

အသက် ၅၄ နှစ်အရွယ်ရှိ ဘီလ်ဂိတ်ဟာ အသားတင် အမေရိကန်ဒေါလာ ၅၄

ဘီလျံဝန်ကျင်းခန့်ကြွယ်ဝ ချမ်းသာတယ်လို့ Forbes က ဖော်ပြခဲ့ပါသည်။အသက် ၈၀
အရွယ် ၀ရန်းဘူဖေးက ဒုတိယမြောက် အချမ်းသာဆုံး အမေရိကန်လူမျိုးဖြစ်ပြီး ၄၅
ဘီလျံ ချမ်းသာတယ်လို့
ဆိုပါတယ်။ သူရဲ့နောက်မှာ ဒေါ်လာ ၂၄ ဘီလျံနဲ့ Oracle က
လောရင့်စ်အဲလစ်ဆင်နဲ့ Walmart ရဲ့ ခရစ္စတီဝေါ်လ်တန်တို့က ပူးတွဲရပ်တည်
နေကြပါသည်။

ထိပ်ဆုံး ၁၀ ဦးစာရင်းမှာ Koch Industries ပိုင်ရှင်တွေဖြစ်ကြတဲ့ အသက် ၇၄

နှစ်အရွယ် ချာလက်စ်ကော့ရှ်နဲ့ သူရဲ့ညီဖြစ်သူဒေးဗစ်ကော့ရှ်က ၂၁
ဘီလျံခွဲနဲ့ အသီးသီး ရပ်တည်နေကြပါသည်။

0 comments: