ဟားဗတ်ဘွဲ့နှင်းသဘင်က ဘီလ်ဂိတ်ရဲ့ဟောပြောမှု

11:04 AM Posted In Edit This 0 Comments »
ဇွန်လ(၇)ရက်နေ့ အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်မှာ ဘီလ်ဂိတ်ဟောပြောခဲ့တဲ့
ဟောပြောပွဲတစ်ခုဖြစ်ပါတယ်။ အဲဒီဟောပြောပွဲမှာ ဘီလ်ဂိတ်က
သူ့ငယ်စဉ်ကျောင်းသားဘဝ၊ ကျောင်းကထွက်ခွါခဲ့တဲ့ အတွေ့အကြုံနဲ့
သူ့ရဲ့လူ့ဘဝအမြင်တွေကို ဟောပြောသွားခဲ့ပါတယ်။

President Bok, former President Rudenstine, incoming President Faust,
members of the Harvard Corporation and the Board of Overseers, members
of the faculty, parents, and especially, the graduates:

လေးစားရပါတဲ့ လက်ရှိပါမောက္ခBok၊ ယခင်ပါမောက္ခ Rudenstine၊
နောက်လာမဲ့ပါမောက္ခ Faust၊ ဟားဗတ်အဖွဲ့ဝင် ဝန်ထမ်းများ၊
ကြည့်ကြပ်ရေးမှူးများ၊ ဆရာ ဆရာမများ၊ မိဘများနဲ့ အထူးသဖြင့်ကျောင်းသား၊
ကျောင်းသူများ ....

I’ve been waiting more than 30 years to say this: "Dad, I always told
you I’d come back and get my degree."

"အဖေ... ကျွန်တော့်ရဲ့ဘွဲ့လက်မှတ်ကို ကျွန်တော်အရပြန်လာယူမယ်လို့
ကျွန်တော်အမြဲပြောခဲ့တယ်" ဆိုတဲ့ နှစ်(၃ဝ)ကြာစောင့်ခဲ့ရတဲ့
စကားတစ်ခွန်းကို ကျွန်တော်ပြောခွင့်ရပါပြီ။

I want to thank Harvard for this timely honor. I’ll be changing my job
next year … and it will be nice to finally have a college degree on my
resume.

ဒီလိုအချိန်မှာ ကျွန်တော့်ကိုဘွဲ့ဂုဏ်ထူးတွေ ပေးခဲ့တဲ့ဟားဗတ်ကို
ကျွန်တော်ကျေးဇူးတင်ပါတယ်။ နောက်တစ်နှစ်မှာ
ကျွန်တော်အလုပ်ပြောင်းတော့မယ်။ (ဆော့ဝဲလ်ကုမ္ပဏီမှ ပင်စင်ယူမှာကို
ဆိုလိုတာဖြစ်တယ်)။ တက္ကသိုလ်ကဘွဲ့တစ်ခုကို ကျွန်တော့်ကိုယ်ရေးအကျဉ်းမှာ
ရေးနိုင်ခဲ့ပါပြီ။

I applaud the graduates today for taking a much more direct route to
your degrees. For my part, I’m just happy that the Crimson has called
me "Harvard’s most successful dropout." I guess that makes me
valedictorian of my own special class … I did the best of everyone who
failed.

ဒီနေ့ ဒီနေရာမှာထိုင်နေကြတဲ့ ကျောင်းသားတွေအစား ကျွန်တော်ဝမ်းသာမိပါတယ်။
ခင်ဗျားတို့ရယူနိုင်ခဲ့တဲ့ ဘွဲ့လက်မှတ်က ကျွန်တော့်ထက်
ပိုလွယ်ကူခဲ့ပါတယ်။ ဟားဗတ်ကျောင်းသတင်းစာ Crimson က ကျွန်တော့်ကို
"ဟားဗတ်တက္ကသိုလ်သမိုင်းမှာ အအောင်မြင်ဆုံး (တစ်ဝက်တစ်ပျက်)
ကျောင်းရပ်နားတဲ့ကျောင်းသား"လို
့ ပြောခဲ့တယ်။ ဒါဟာ
ကျွန်တော့်လိုကျောင်းသားတွေကို ကျွန်တော်ဟောပြောခွင့်ရစေတယ်လို
ကျွန်တော်ထင်တယ်... ကျရှုံးသူတွေထဲမှာ ကျွန်တော်အကောင်းဆုံး
လုပ်နိုင်ခဲ့လို့ပါပဲ။

But I also want to be recognized as the guy who got Steve Ballmer to
drop out of business school. I’m a bad influence. That’s why I was
invited to speak at your graduation. If I had spoken at your
orientation, fewer of you might be here today.

ဒါပေမယ့် အားလုံးကို ကျွန်တော်အသိပေးရဦးမယ်။ ကျွန်တော့်ကြောင့် Steve
Ballmer (ဆော့ဝဲလ်ကုမ္ပဏီမန်နေဂျာ)လည်း ဟားဗတ်စီးပွါးရေးကျောင်းကနေ
ကျောင်းရပ်နားခဲ့တယ်။ ကျွန်တော်ဟာ သြဇာဆိုးလွှမ်းနိုင်သူဖြစ်တယ်။
ဒါကြောင့် ခင်ဗျားတို့ရဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ဟောပြောဖို့
ကျွန်တော်ဖိတ်ကြားခံရတယ်။ တကယ်လို့ ခင်ဗျားတို့ရဲ့ကျောင်းဖွင့်ပွဲ
အခမ်းအနားမှာသာ ကျွန်တော်ဟောပြောခွင့်ရခဲ့ရင် ဒီနေ့ထိကြံ့ကြံ့ခံပြီး
ဒီနေရာမှာ ဘွဲ့ယူမဲ့ကျောင်းသားတွေ ဒီထက်နည်းပါလိမ့်မယ်။

Harvard was just a phenomenal experience for me. Academic life was
fascinating. I used to sit in on lots of classes I hadn’t even signed
up for. And dorm life was terrific. I lived up at Radcliffe, in
Currier House. There were always lots of people in my dorm room late
at night discussing things, because everyone knew I didn’t worry about
getting up in the morning. That’s how I came to be the leader of the
anti-social group. We clung to each other as a way of validating our
rejection of all those social people.

ဟားဗတ်မှာပညာသင်ကြားခဲ့ရတဲ့ အတွေ့အကြုံက ကျွန်တော့်အတွက် ထူးခြားတဲ့
အတွေ့အကြုံဖြစ်တယ်။ ကျောင်းဝင်းအတွင်းပညာရေးက
အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ ကျွန်တော်ရွေးမထားတဲ့ ဘာသာရပ်တွေကို
ကျွန်တော်အမြဲ သွားနားထောင်ခဲ့တယ်။ ကျောင်းဝင်းပြင်ပ နေထိုင်ရေးကလည်း
အရမ်းမိုက်တယ်။ Radcliffeမှာ ကျွန်တော်လွတ်လွတ်လပ်လပ်
နေချင်သလိုနေခဲ့တယ်။ ကျွန်တော့်အခန်းမှာ ညနက်သန်းခေါင်ယံအထိ ကိစ္စဝိစ္စတွေ
ဆွေးနွေးကြသူတွေ မပြတ်ခဲ့ဘူး။ နောက်တစ်နေ့မနက်မှာ မနက်စောစောထဖို့
ကျွန်တော်ဘယ်တော့မှ မစဉ်းစားခဲ့ဘူးဆိုတာ သူတို့သိလို့ဖြစ်တယ်။ ဒါနဲ့ပဲ
ကျွန်တော်က ကျောင်းမှာလူမှုရေးခေါင်းပါးတဲ့ ကျောင်းသားတွေရဲ့
အဖွဲ့ခေါင်းဆောင်ဖြစ်ခဲ့ရတယ်။ ကျွန်တော်တို့အတူတကွ ဖက်တွယ်နေထိုင်ကြပြီး
လူမှုဆက်ဆံရေးကောင်းတဲ့ ကျောင်းသားတွေရဲ့ ဆန့်ကျင်ဘက်အလုပ်ကိုပဲ
လုပ်ခဲ့ကြတယ်။

Radcliffe was a great place to live. There were more women up there,
and most of the guys were science-math types. That combination offered
me the best odds, if you know what I mean. This is where I learned the
sad lesson that improving your odds doesn’t guarantee success.

Radcliffeက နေထိုင်လို့ကောင်းတဲ့ နေရာလေးပါ။ အဲဒီနေရာမှာ မိန်းကလေးတွေက
ယောက်ျားလေးတွေထက် များတယ်။ ယောက်ျားလေးအများစုကလည်း
သိပ္ပံပညာရပ်နဲ့ဆိုင်တဲ့ ကျောင်းသားတွေဖြစ်တယ်။ ဒီလိုအခြေအနေက
ကျွန်တော့်အတွက် အခွင့်အရေးတွေ အများကြီးဖန်တီးပေးခဲ့တယ်။
ကျွန်တော်ပြောတာကို ခင်ဗျားတို့နားလည်ခဲ့ရင်ပေါ့။ ဒါပေမယ့်
နှမြောစရာကောင်းတာက အဲဒီနေရာမှာ လူ့ဘဝရဲ့ ဝမ်းနည်းခြင်းသင်ခန်းစာကို
ကျွန်တော်သင်ယူခဲ့ရတယ်။ "အခွင့်အရေးကောင်းတိုင်း
သင်အောင်မြင်လိမ့်မယ်လို့ တထစ်ချပြောလို့ မရဘူး"

One of my biggest memories of Harvard came in January 1975, when I
made a call from Currier House to a company in Albuquerque that had
begun making the world’s first personal computers. I offered to sell
them software.

ဟားဗတ်မှာ ကျွန်တော်မေ့မရတဲ့ အကြောင်းအရာတစ်ခုက (၁၉၇၅)ခုနှစ်
ဇန်နဝါရီလမှာဖြစ်ပွါးခဲ့တယ်။ အဲဒီတုန်းက ကျွန်တော်အဆောင်ခန်းထဲကနေပြီး
Albuquerqueမှာရှိတဲ့ ကုမ္ပဏီတစ်ခုဆီ ကျွန်တော်ဖုန်းဆက်နေခဲ့တယ်။
အဲဒီကုမ္ပဏီက ကမ္ဘာ့ပထမဦးဆုံး ကိုယ်ပိုင်ကွန်ပြူတာတစ်လုံးကို ထီထွင်နေတဲ့
ကုမ္ပဏီဖြစ်တယ်။ ကျွန်တော့်ဆော့ဝဲလ်တွေ သူတို့ကိုရောင်းဖို့
ကျွန်တော်စိတ်ကူးထားတယ်။

I worried that they would realize I was just a student in a dorm and
hang up on me. Instead they said: "We’re not quite ready, come see us
in a month," which was a good thing, because we hadn’t written the
software yet. From that moment, I worked day and night on this little
extra credit project that marked the end of my college education and
the beginning of a remarkable journey with Microsoft.

ကျွန်တော်ဟာ အဆောင်နေကျောင်းသားတစ်ဦးဆိုတာကို သူတို့သိသွားပြီး
ဖုန်းချလိုက်မှာကို ကျွန်တော်အရမ်းစိုးရိမ်ခဲ့တယ်။ ဒါပေမယ့် သူတို့က
"ကျွန်တော်တို့အဆင်သင့် မဖြစ်သေးဘူး။ တစ်လနေပြီးမှ
ကျွန်တော်တို့နဲ့ပြန်ဆက်သွယ်ပါ"လို့ ပြောခဲ့တယ်။ ဒါဟာ
သတင်းကောင်းတစ်ခုပါ။ ဘာဖြစ်လို့လဲဆိုတော့ ဆော့ဝဲလ်ကို
ကျွန်တော်တို့ရေးလို့ မပြီးသေးလို့ပါပဲ။ အဲဒီအချိန်ကစပြီး
ကျောင်းပြင်ပအလုပ်လေးတစ်ခုနဲ့ နေ့နေညည ကျွန်တော်အလုပ်လုပ်ခဲ့တယ်။
အဲဒီအတွက်နဲ့ ကျွန်တော်ရဲ့ကျောင်းသားဘဝကို ရပ်စဲခဲ့ပြီး
ဆော့ဝဲလ်ကုမ္ပဏီဆီလှမ်းတဲ့ မညီညာတဲ့ခရီးကိုစခဲ့တယ်။

What I remember above all about Harvard was being in the midst of so
much energy and intelligence. It could be exhilarating, intimidating,
sometimes even discouraging, but always challenging. It was an amazing
privilege – and though I left early, I was transformed by my years at
Harvard, the friendships I made, and the ideas I worked on.

ဘာပဲဖြစ်ဖြစ် ဟားဗတ်နဲ့ပတ်သက်တဲ့ ကျွန်တော့်မှတ်ဥာဏ်ထဲမှာ အားအင်နဲ့
အသိဥာဏ်တွေပြည့်ဝစေခဲ့တယ်။ ဟားဗတ်မှာနေထိုင်ရတဲ့ဘဝက
လူတွေကိုပျော်ရွှင်စေသလို စိတ်ဖိအားတွေလည်း ခံစားစေခဲ့တယ်။ တစ်ခါတလေ
စိတ်ပျက်အားလျော့စေပေမယ့် စိန်ခေါ်မှုတွေ အမြဲပြည့်ဝစေခဲ့တယ်။
ဟားဗတ်မှာနေရတဲ့ဘဝက အထူးအခွင့်အရေးပဲ.... ကျွန်တော်ကစောပြီး
ခွဲထွက်သွားခဲ့ပေမယ့် ဒီနေရာမှာ ကျွန်တော်တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံ၊
ခင်မင်ရင်းနှီးခဲ့တဲ့ မိတ်ဆွေသူငယ်ချင်း၊ ဒီနေရာမှာ တွေးတောကြံဆခဲ့တာတွေက
ကျွန်တော့်ကိုလုံးဝ ပြောင်းလဲစေခဲ့တယ်။

But taking a serious look back … I do have one big regret.

ဒါပေမယ့် အခုချိန်မှာ အတိတ်ကို သေချာပြန်စဉ်းစားကြည့်လိုက်ရင်
ကျွန်တော့်ကို နောင်တကြီးကြီးမားမား ရစေတဲ့ အရာတစ်ခုရှိခဲ့တယ်။

I left Harvard with no real awareness of the awful inequities in the
world – the appalling disparities of health, and wealth, and
opportunity that condemn millions of people to lives of despair.

ဟားဗတ်ကို ကျွန်တော်ထွက်ခွါခဲ့တုန်းက ဒီလောကကြီး လုံးဝမတရားဘူးဆိုတာကို
ကျွန်တော်မသိခဲ့ဘူး။ လူတွေရဲ့ ကျန်းမာရေး၊ ကြွယ်ဝချမ်းသာမှုနဲ့
အခွင့်အရေးတွေရဲ့ မညီမျှခြင်းက ကြောက်ခမန်းလိလိပါပဲ။ အဲဒီအရာတွေက
လူတော်တော်များများကို မျှော်လင့်ချက်မဲ့တဲ့ ဘဝရောက်အောင်
တွန်းပို့နိုင်ခဲ့တယ်။

I learned a lot here at Harvard about new ideas in economics and
politics. I got great exposure to the advances being made in the
sciences.

ဟားဗတ်မှာ စီးပွါးရေးဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ အတွေးအခေါ်တွေ
ကျွန်တော်အများကြီး သင်ယူခဲ့တယ်။ သိပ္ပံနည်းပညာရဲ့ ဖွံ့ဖြိုးတိုးတက်မှု
တော်တော်များများကိုလည်း ကျွန်တော်နားလည်ခဲ့တယ်။

But humanity’s greatest advances are not in its discoveries – but in
how those discoveries are applied to reduce inequity. Whether through
democracy, strong public education, quality health care, or broad
economic opportunity – reducing inequity is the highest human
achievement.

ဒါပေမယ့် လူသားတွေရဲ့ အကြီးမားဆုံးတိုးတက်မှုက ဒီပညာရပ်တွေကို
ရှာဖွေနိုင်ခဲ့လို့မဟုတ်ဘူး။ ဒီအရာတွေက လူသားတွေရဲ့ မညီမျှမှုတွေကို
လျော့နည်းအောင် အကူအညီပေးနိုင်လို့ဖြစ်တယ်။ ဘယ်လိုနည်းမျိုးဖြစ်ဖြစ် --
ဒီမိုကရေစီနိုင်ငံ၊ ပြည့်ဝတဲ့ပညာရေး၊ အရည်အချင်းစစ်မီတဲ့ ကျန်းမာရေး၊
ပြီးတော့ ဖွံ့ဖြိုးတိုးတက်တဲ့ စီးပွါးရေးအခွင့်အရေး စတာတွေက
မညီမျှမှုတွေကို လျော့နည်းစေတဲ့ လူသားတွေရဲ့ အောင်မြင်မှုတစ်ရပ်ဖြစ်တယ်။

I left campus knowing little about the millions of young people
cheated out of educational opportunities here in this country. And I
knew nothing about the millions of people living in unspeakable
poverty and disease in developing countries.

ကျောင်းဝင်းကနေ ကျွန်တော်ခွဲထွက်ခဲ့တဲ့အချိန် ဒီနိုင်ငံမှာ ပညာသင်ဖို့
အခွင့်အလမ်းနည်းတဲ့ လူငယ်တွေ သန်းပေါင်းများစွာ ရှိနေတယ်ဆိုတာကို
ကျွန်တော်လုံးဝမသိခဲ့ဘူး။ ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံတွေမှာ လူတွေဟာ
ထုတ်ဖော်ပြောမပြနိုင်တဲ့ ဆင်းရဲမွဲတေမှုနဲ့ ရောဂါဘယတွေကြားမှာ
ရှင်သန်နေရတယ်ဆိုတာကိုလည်း ကျွန်တော်မသိခဲ့ဘူး။

It took me decades to find out.

ဆယ်စုနှစ်ကြာမှ ဒီအရာတွေကို ကျွန်တော်သိရှိ နားလည်ခဲ့ရတယ်။

You graduates came to Harvard at a different time. You know more about
the world’s inequities than the classes that came before. In your
years here, I hope you’ve had a chance to think about how – in this
age of accelerating technology – we can finally take on these
inequities, and we can solve them.

ဒီနေ့မှာရောက်ရှိလာကြတဲ့ ကျောင်းသူကျောင်းသားတွေ
ခင်ဗျားတို့နဲ့ကျွန်တော်က မတူတဲ့ခေတ်ကာလမှာ ဟားဗတ်ကိုရောက်ခဲ့ကြတယ်။
ခင်ဗျားတို့က အရင်ကျောင်းသားတွေထက် လောကကြီးရဲ့မတရား၊ မညီမျှတာတွေကို
ပိုနားလည်ကြလိမ့်မယ်။ ဟားဗတ်မှာ ခင်ဗျားတို့ ပညာသင်ကြားဆဲကာလမှာ
ကိစ္စတစ်ရပ်ကို ခင်ဗျားတို့ဆွေးနွေးခဲ့ကြမယ်လို့ ကျွန်တော်မျှော်လင့်တယ်။
အဲဒီအရာက ခေတ်သစ်နည်းပညာတွေနဲ့ အလျှင်အမြန် တိုးတက်နေတဲ့ခေတ်မှာ
ဒီလိုမညီမျှမှုတွေကို ကျွန်တော်တို့ ဘယ်လိုရင်ဆိုင်မလဲ? ဘယ်လိုဖြေရှင်းမလဲ
ဆိုတာပဲဖြစ်တယ်။

Imagine, just for the sake of discussion, that you had a few hours a
week and a few dollars a month to donate to a cause – and you wanted
to spend that time and money where it would have the greatest impact
in saving and improving lives. Where would you spend it?

ဆွေးနွေးရလွယ်ကူအောင် ဒီလိုစိတ်ကူးကြည့်ရအောင် .... တကယ်လို့
အပတ်စဉ်တိုင်း ခင်ဗျားရဲ့ အချိန်အနည်းငယ်နဲ့ လစဉ်လတိုင်း
ငွေတချို့ကိုခင်ဗျားလှူတန်းမယ်။ ဒီအချိန်၊ ဒီငွေတွေကို လူမှုကယ်ဆယ်ရေးနဲ့
ပြောင်းလဲတိုးတက်ရေး အထောက်အကူအပြုဆုံး နေရာမှာသုံးဖို့
ခင်ဗျားမျှော်လင့်ခဲ့မယ်ဆိုရင် ဘယ်လိုနေရာမျိုးကို ခင်ဗျားရွေးချယ်မလဲ?

For Melinda and for me, the challenge is the same: how can we do the
most good for the greatest number with the resources we have.

Melinda (ဘီလ်ဂိတ်ရဲ့ဇနီး)နဲ့ကျွန်တော်လည်း ဒီလိုပြဿနာကို
ရင်ဆိုင်ခဲ့ရတယ်။ ကျွန်တော်တို့ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေကို
ကျွန်တော်တို့ဘယ်လိုလုပ်မှ ပိုအထောက်အကူပြုနိုင်မလဲ?

During our discussions on this question, Melinda and I read an article
about the millions of children who were dying every year in poor
countries from diseases that we had long ago made harmless in this
country. Measles, malaria, pneumonia, hepatitis B, yellow fever. One
disease I had never even heard of, rotavirus, was killing half a
million kids each year – none of them in the United States.

ဒီပြဿာနာကို ဆွေးနွေးနေတဲ့အတောအတွင်း Melindaနဲ့ကျွန်တော်
ဆောင်းပါးတစ်ပုဒ်ကို ဖတ်မိတယ်။ အဲဒီဆောင်းပါးက ဆင်းရဲတဲ့နိုင်ငံတွေက
ကလေးငယ်တွေဟာ အမေရိကန်မှာ လွန်ခဲ့တဲ့နှစ်တွေထဲက
အန္တရာယ်မရှိနိုင်တော့ဘူးလို့ သတ်မှတ်ထားတဲ့ရောဂါတွေနဲ့
နှစ်စဉ်သန်းပေါင်းများစွာ သေဆုံးနေကြတယ်။ ဝက်သက်ရောဂါ၊ ငှက်ဖျားရောဂါ၊
အဆုတ်ရောဂါ၊ အသဲရောင်ရောဂါ၊ အသားဝါရောဂါနဲ့ ကျွန်တော်လုံးဝ
မကြားခဲ့ဖူးတဲ့ လှည့်ပတ်ရောဂါပိုးကြောင့် ကလေးငယ်(၅)သိန်းလောက်က
နှစ်စဉ်သေဆုံးနေရတယ်။ အမေရိကန်နိုင်ငံမှာတော့ သေဆုံးမှုလုံးဝမရှိခဲ့ဘူး။

We were shocked. We had just assumed that if millions of children were
dying and they could be saved, the world would make it a priority to
discover and deliver the medicines to save them. But it did not. For
under a dollar, there were interventions that could save lives that
just weren’t being delivered.

ကျွန်တော်တို့ အရမ်းတုန်လှုပ်သွားခဲ့တယ်။ ကလေးငယ်သန်းပေါင်းများစွာက
သေမင်းလက်က လွတ်ဖို့ရုန်းကန်နေကြတယ်။ သူတို့ဟာ ကယ်တင်နိုင်သူတွေဖြစ်တယ်။
ဒါကြောင့် သူတို့ကိုကယ်တင်ဖို့ ကမ္ဘာကြီးက ဦးစားပေးဆောင်ရွက်သင့်တယ်လို့
ကျွန်တော်တို့ထင်တယ်။ ဒါပေမယ့် ထင်သလိုမဖြစ်ခဲ့ဘူး။ (၁)ဒေါ်လာ
တန်ဖိုးတောင်မရှိတဲ့ အသက်ကယ်ဆေးတွေကို သူတို့လက်ထဲအရောက်
မပို့နိုင်ခဲ့ကြဘူး။

If you believe that every life has equal value, it’s revolting to
learn that some lives are seen as worth saving and others are not. We
said to ourselves: "This can’t be true. But if it is true, it deserves
to be the priority of our giving."

တကယ်လို့ သက်ရှိတိုင်းညီမျှတယ်လို့ ခင်ဗျားယုံကြည်တယ်ဆိုရင်
တချို့သက်ရှိတွေ ကယ်တင်ခံနေရချိန်မှာ တချို့သက်ရှိတွေ
လက်လွတ်ဆုံးရှုံးခံနေရတယ်ဆိုတာကို ခင်ဗျားဘယ်လိုနည်းနဲ့မှ
လက်ခံနိုင်မှာမဟုတ်ဘူး။ "ဒါဟာမဖြစ်နိုင်ဘူး။ တကယ်ဖြစ်ခဲ့ရင်တောင်
ဒါဟာကျွန်တော်တို့ ကြိုးစားလုပ်ကိုင်ရမဲ့ ဦးစားပေးအရာဖြစ်တယ်"လို့
ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ပြောမိတယ်။

So we began our work in the same way anyone here would begin it. We
asked: "How could the world let these children die?"

ဒါကြောင့် လူတိုင်းသိနားလည်နိုင်တဲ့လုပ်ရပ်နဲ့ ကျွန်တော်တို့
အလုပ်စလုပ်ခဲ့ကြတယ်။ "ကလေးငယ်တွေ သေသွားမှာကို လောကကြီးက ဒီအတိုင်း
လက်ပိုက်ကြည့်နေတော့မလား?" လို့ ကျွန်တော်တို့ မေးခဲ့တယ်။

The answer is simple, and harsh. The market did not reward saving the
lives of these children, and governments did not subsidize it. So the
children died because their mothers and their fathers had no power in
the market and no voice in the system.

အဖြေက အရမ်းရိုးရှင်းသလို အရမ်းလည်းစူးဝါးစေခဲ့တယ်။
စီးပွါးရေးဈေးကွက်မှာ ကလေးငယ်တွေကို ကယ်တင်တဲ့အလုပ်က အကျိုးအမြတ်ရတဲ့
အလုပ်မဟုတ်ခဲ့ဘူး။ အစိုးရကလည်း ထောက်ပံ့ကြေးတွေ ပံ့ပိုးမှာမဟုတ်ဘူး။
ဒီကလေးငယ်တွေ သေဆုံးရတာကလည်း သူ့မိဘတွေက စီးပွါးရေးနယ်ပယ်မှာ
နေရာမရှိလို့၊ နိုင်ငံရေးမှာ အသံထွက်နိုင်လောက်တဲ့
အင်အားမရှိလို့ဖြစ်တယ်။

But you and I have both.

ဒါပေမယ့် ခင်ဗျားနဲ့ကျွန်တော်က စီးပွါးရေးမှာရော နိုင်ငံရေးမှာပါ အင်အားရှိတယ်။

We can make market forces work better for the poor if we can develop a
more creative capitalism – if we can stretch the reach of market
forces so that more people can make a profit, or at least make a
living, serving people who are suffering from the worst inequities. We
also can press governments around the world to spend taxpayer money in
ways that better reflect the values of the people who pay the taxes.

ကျွန်တော်တို့က ဒီထက်ကောင်းတဲ့ဈေးကွက်နဲ့ ဆင်းရဲသားတွေအတွက်
အလုပ်လုပ်နိုင်တယ်။ တကယ်လို့ ကျွန်တော်တို့က အရင်းရှင်စနစ်ကို
ဒီထက်ပိုထီထွင်ဖန်ဆင်းနိုင်ခဲ့ရင် - ရောင်းဝယ်ဖောက်ကားမှုကို
ကျွန်တော်တို့ပြောင်းလဲနိုင်ခဲ့ရင်၊ လူအများကို အကျိုးအမြတ်ရစေခဲ့ရင်
ဒါမှမဟုတ် အနည်းဆုံးတော့ စားဝတ်နေရေးဖူလုံစေခဲ့ရင်
ဒါဟာဆိုးဝါးတဲ့မညီမျှခြင်းကြားမှာ ရှင်သန်နေသူတွေကို ကူညီရာရောက်ပါတယ်။
ဒါ့အပြင် ကျွန်တော်တို့က ကမ္ဘာပေါ်ကအစိုးရတွေကို သူတို့ကောက်ခံထားတဲ့
အခွန်ငွေတွေကို အခွန်ဆောင်ထားတဲ့သူတွေ ပိုအကျိုးရှိစေတဲ့နေရာမှာ
အသုံးပြုဖို့ ဖိအားပေးတောင်းဆိုနိုင်တယ်။

If we can find approaches that meet the needs of the poor in ways that
generate profits for business and votes for politicians, we will have
found a sustainable way to reduce inequity in the world. This task is
open-ended. It can never be finished. But a conscious effort to answer
this challenge will change the world.

တကယ်လို့ ဒီလိုနည်းကို ကျွန်တော်တို့ရှာနိုင်ခဲ့ရင် ဆင်းရဲသားတွေကို
ကူညီနိုင်တဲ့အပြင် စီးပွါးရေးသမားတွေကိုလည်း အကျိုးအမြတ်ရစေနိုင်တယ်။
နိုင်ငံရေးသမားတွေအတွက် မဲဆန္ဒတွေရစေနိုင်တယ်။ ဒီလိုဆိုရင် ကျွန်တော်တို့က
ကမ္ဘာပေါ်မှာရှိတဲ့ မညီမျှမှုတွေကို ဆက်လက်လျော့ချနိုင်တဲ့ လမ်းစဉ်တစ်ခုကို
ရှာဖွေတွေ့ရှိသွားမယ်။ ဒီလိုလုပ်ငန်းစဉ်က အဆုံးရှိနိုင်မှာ မဟုတ်ဘူး။
အရာအားလုံးကို ပြီးပြည့်စုံနိုင်မှာ မဟုတ်ပေမယ့် ပြည့်ဝတဲ့သိစိတ်နဲ့
ဒီပြဿနာတွေကို ကြိုးပမ်းဖြေရှင်းခဲ့ရင် ကမ္ဘာကြီးကိုပါ
ပြောင်းလဲစေနိုင်ပါလိမ့်မယ်။

I am optimistic that we can do this, but I talk to skeptics who claim
there is no hope. They say: "Inequity has been with us since the
beginning, and will be with us till the end – because people just …
don’t … care." I completely disagree.

ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်က အကောင်းမြင်သူဖြစ်တယ်။ ဒါပေမယ့်
မျှော်လင့်ချက်မဲ့ပြီး သံသယ မကင်းသူတွေနဲ့လည်း ကျွန်တော်ဆုံခဲ့ဖူးတယ်။
"မညီမျှခြင်းက လူသားရယ်လို့ဖြစ်လာတဲ့ ကမ္ဘာဦးနေ့ကတည်းက ရှိခဲ့တယ်။
လူသားတွေသေဆုံးတဲ့ ကမ္ဘာ့နောက်ဆုံးရက်အထိ ရှိနေဦးမှာပဲ။
ဘာဖြစ်လို့လဲဆိုတော့ လူသားတွေက ဒီကိစ္စကို နည်းနည်းမှ
ဂရုမစိုက်ခဲ့လို့ဖြစ်တယ်"လို့ သူတို့ပြောတယ်။ ဒီလိုအမြင်ကို
ကျွန်တော်လုံးဝ သဘောမတူနိုင်ဘူး။

I believe we have more caring than we know what to do with.

ကျွန်တော်တို့ ဂရုမစိုက်တာမဟုတ်ဘဲ ဘယ်လိုလုပ်ရမယ်ဆိုတာကို
ကျွန်တော်တို့မသိလို့ဆိုတာကို ကျွန်တော်ယုံကြည်တယ်။

All of us here in this Yard, at one time or another, have seen human
tragedies that broke our hearts, and yet we did nothing – not because
we didn’t care, but because we didn’t know what to do. If we had known
how to help, we would have acted.

အခု ဒီကျောင်းဝင်းထဲမှာ ရှိနေသူတွေအားလုံးလည်း တစ်ချိန်ချိန်မှာ
လူသားတွေရဲ့အဖြစ်ဆိုးတွေကိုကြည့်ပြီး ပူဆွေးဝမ်းနည်းကြမှာပဲ။ ဒါပေမယ့်
ကျွန်တော်တို့က ဘာမှမလုပ်ခဲ့ဘူး။ ဒါဟာ ကျွန်တော်တို့
ဂရုမစိုက်လို့မဟုတ်ဘူး။ ကျွန်တော်တို့ ဘာလုပ်ရမယ်၊
ဘယ်လိုလုပ်ရမယ်ဆိုတာကို မသိလို့ဖြစ်တယ်။ တကယ်လို့ ဘယ်လိုလုပ်မှ
အကျိုးရှိမယ်ဆိုတာကို ကျွန်တော်တို့သိခဲ့ရင်
ကျွန်တော်တို့ဆောင်ရွက်ကြမှာပဲ။

The barrier to change is not too little caring; it is too much complexity.

ကမ္ဘာကြီးကိုပြောင်းလဲဖို့ တားဆီးထားတဲ့ အတားအဆီးတံတိုင်းက
လူတွေရဲ့လျစ်လျူရှူမှု မဟုတ်ဘူး။ ဒီကမ္ဘာကြီးက ရှုပ်ထွေးလွန်းလို့ဖြစ်တယ်။

To turn caring into action, we need to see a problem, see a solution,
and see the impact. But complexity blocks all three steps.

ဂရုစိုက်မှုတွေက လုပ်ဆောင်မှုအသွင်ပြောင်းအောင် ပြဿနာကိစ္စရပ်ကို
ကျွန်တော်တို့ အရင်ရှာဖွေမယ်၊ ဖြေရှင်းဖို့ နည်းလမ်းတွေရှာမယ်၊
နောက်ကျိုးဆက်တွေကို ခန့်မှန်းမယ်။ ဒါပေမယ့်
ကမ္ဘာကြီးရဲ့ရှုပ်ထွေးမှုကြောင့် ဒီလိုအဆင့်တွေ လုပ်နိုင်ဖို့တောင်
ကျွန်တော်တို့ခက်ခဲခဲ့တယ်။

Even with the advent of the Internet and 24-hour news, it is still a
complex enterprise to get people to truly see the problems. When an
airplane crashes, officials immediately call a press conference. They
promise to investigate, determine the cause, and prevent similar
crashes in the future.

အင်တာနက်နဲ့ (၂၄)နာရီလုံး တိုက်ရိုက်ထုတ်လွှင့်တဲ့ သတင်းဌာနတွေရှိပေမယ့်
ပြဿနာရင်းမြစ်ကို လူတွေ အမှန်တကယ်သတိထားနိုင်အောင်
လုပ်နိုင်ဖို့ခဲယဉ်းခဲ့တယ်။ လေယာဉ်တစ်စင်း ပျက်ကျတဲ့အချိန် အကြီးအကဲတွေက
ချက်ချင်းဆွေးနွေးပွဲတစ်ရပ် ကျင်းပတယ်။ လေယာဉ်ပျက်ကျတာကို
သူတို့စစ်ဆေးမယ်၊ အကြောင်းရင်း စိစစ်မယ်၊ နောက်နောင်မဖြစ်ပွါးအောင်
တားဆီးမယ်လို့ ဂတိပေးကြတယ်။

But if the officials were brutally honest, they would say: "Of all the
people in the world who died today from preventable causes, one half
of one percent of them were on this plane. We’re determined to do
everything possible to solve the problem that took the lives of the
one half of one percent."

တကယ်လို့ အဲဒီအကြီးအကဲတွေက အမှန်ပြောရဲတယ်ဆိုရင် သူတို့က "ဒီကနေ့
ကမ္ဘာပေါ်မှာရှိတဲ့ ကာကွယ်တားဆီးလို့ရတဲ့ သေဆုံးမှုတွေထဲမှာ (ဝ.၅%)က
လေယာဉ်ပျက်ကျတဲ့ထဲ ပါသွားခဲ့တယ်။ ဒီ(ဝ.၅%)သေဆုံးရတဲ့ အကြောင်းရင်းကို
ကျွန်တော်တို့ကြိုးပမ်းပြီး ဖော်ထုတ်ပါမယ်" လို့ ပြောပါလိမ့်မယ်။

The bigger problem is not the plane crash, but the millions of
preventable deaths.

ဒါပေမယ့် ပိုအရေးကြီးတဲ့အချက်က လေယာဉ်ပျက်ကျတဲ့ ပြဿနာမဟုတ်ဘဲ
သန်းပေါင်းများစွာ သေကြေပျက်စီးမှာကို ကာကွယ်တားဆီးလို့ရတဲ့
အချက်ပဲဖြစ်တယ်။

We don’t read much about these deaths. The media covers what’s new –
and millions of people dying is nothing new. So it stays in the
background, where it’s easier to ignore. But even when we do see it or
read about it, it’s difficult to keep our eyes on the problem. It’s
hard to look at suffering if the situation is so complex that we don’t
know how to help. And so we look away.

ဘာကြောင့် သေဆုံးကြရတယ်ဆိုတာကိုသိဖို့ ကျွန်တော်တို့မှာ
အခွင့်အရေးနည်းခဲ့တယ်။ သတင်းဌာနတွေက သတင်းကြေညာတယ်။ သန်းပေါင်းများစွာ
သေဆုံးကြရမဲ့အဖြစ်က သတင်းမဟုတ်ပါဘူး။ တကယ်လို့ သတင်းဌာနတွေက မကြေညာခဲ့ရင်
ဒီပြဿနာက အလွယ်တကူ လျစ်လျူရှူခံရတယ်။ နောက်ပြီး ကျွန်တော်တို့က
ဒီပြဿနာကို မျက်မြင်ကိုယ်တွေ့ကြုံတယ် ဒါမှမဟုတ် သတင်းတွေကို
ဖတ်ရူမိကြတဲ့အခါ ဆက်ကြည့်နိုင်စွမ်း မရှိခဲ့ကြဘူး။ တစ်ခြားလူ
ဆင်းရဲဒုက္ခရောက်နေတာကို မကြည့်ရက်ခဲ့ကြဘူး။ နောက်ပြီး
ပြဿနာရှုပ်ထွေးလွန်းတာကြောင့် သူတို့ကိုဘယ်လို ကူညီရမယ်ဆိုတာကို
ကျွန်တော်တို့လုံးဝ မသိခဲ့ဘူး။ ဒါနဲ့ပဲ ကျွန်တော်တို့
မျက်နှာလွှဲလိုက်ကြတယ်။

If we can really see a problem, which is the first step, we come to
the second step: cutting through the complexity to find a solution.

ပြဿနာအရင်းအမြစ်ကို ကျွန်တော်တို့တကယ်သိခဲ့ရင် ပထမခြေလှမ်းစမယ်၊
နောက်ဒုတိယခြေလှမ်း ဆက်မယ်။ ဒီလိုနဲ့ ရှုပ်ထွေးတဲ့ ပြဿနာကြားက
ဖြေရှင်းနိုင်တဲ့နည်းကို ရှာဖွေကြမယ်။

Finding solutions is essential if we want to make the most of our
caring. If we have clear and proven answers anytime an organization or
individual asks "How can I help?," then we can get action – and we can
make sure that none of the caring in the world is wasted. But
complexity makes it hard to mark a path of action for everyone who
cares — and that makes it hard for their caring to matter.

တကယ်လို့ ကျွန်တော်တို့ရဲ့ ဂရုစိုက်မှုတွေ အကောင်အထည်ပေါ်အောင်
ကျွန်တော်တို့က ဖြေရှင်းနိုင်တဲ့နည်းကို မရမကရှာဖွေရမယ်။ တကယ်လို့
ကျွန်တော်တို့မှာ ရှင်းလင်းပြတ်သားပြီး သက်သေပြနိုင်တဲ့
အဖြေတစ်ခုရှိခဲ့ရင် တခြားအဖွဲ့အစည်းကဖြစ်ဖြစ်၊ လူတစ်ယောက်ပဲဖြစ်ဖြစ်
သံသယအမေးနဲ့ ကျွန်တော်တို့ကို "ဘယ်လို အကူအညီပေးရမလဲ?"လို့မေးတဲ့အခါ
ကျွန်တော်တို့လုပ်ငန်းစလို့ ရပါပြီ။ ကမ္ဘာပေါ်မှာရှိတဲ့
လူတွေရဲ့ဂရုစိုက်မှုတွေ အလာဟသမဖြစ်စေဘူးလို့ ကျွန်တော်တို့ အာမခံလို့ရပြီ။
ဒါပေမယ့် ကမ္ဘာကြီးရဲ့ရှုပ်ထွေးခြင်းက မေတ္တာ၊ ကရုဏာရှိသူတိုင်း
အကျိုးရှိရှိလုပ်ဆောင်နိုင်ဖို့ကို ခဲယဉ်းစေခဲ့တယ်။ ဒါကြောင့်
လူသားတွေရဲ့ ဂရုစိုက်မှုတွေ တစ်ခြားလူအပေါ် ထိရောက်ဖို့ဆိုတာ ခက်ခဲခဲ့တယ်။

Cutting through complexity to find a solution runs through four
predictable stages: determine a goal, find the highest-leverage
approach, discover the ideal technology for that approach, and in the
meantime, make the smartest application of the technology that you
already have — whether it’s something sophisticated, like a drug, or
something simpler, like a bednet.

ရှုပ်ထွေးမှုကြားထဲက ဖြေရှင်းနည်းရှာတွေ့ဖို့ အဆင့်လေးဆင့်ကို
ဖြတ်သန်းရပါတယ်။ တိကျတဲ့ပန်းတိုင်နဲ့ အကျိုးအရှိဆုံးလုပ်ဆောင်ချက်ကို
ရှာမယ်၊ အဲဒီလုပ်ဆောင်ချက်နဲ့ ကိုက်ညီမယ့် နည်းပညာတွေကို ထီထွင်မယ်၊
တစ်ဆက်တည်းမှာပဲ အခုလက်ရှိနည်းပညာတွေကို ဥာဏ်နဲ့ယှဉ်သုံးမယ်။
အဲဒီလက်ရှိနည်းပညာတွေက ရှုပ်ထွေးဆန်းပြားတဲ့ဆေးဝါးတွေ ဖြစ်နိုင်သလို
အရိုးရှင်းဆုံးက ခြင်ထောင်လည်းဖြစ်နိုင်ပါတယ်။

The AIDS epidemic offers an example. The broad goal, of course, is to
end the disease. The highest-leverage approach is prevention. The
ideal technology would be a vaccine that gives lifetime immunity with
a single dose. So governments, drug companies, and foundations fund
vaccine research. But their work is likely to take more than a decade,
so in the meantime, we have to work with what we have in hand – and
the best prevention approach we have now is getting people to avoid
risky behavior.

အေအိုင်ဒီအက်စ် ကူးစက်ရောဂါက ဥပမာတစ်ခုဖြစ်တယ်။ ကျွန်တော်တို့ရဲ့
ရည်ရွယ်ချက်ပန်းတိုင်က ဒီရောဂါဆိုးကို လုံးဝပပျောက်အောင်
တိုက်ဖျက်ဖို့ဖြစ်တယ်။ အကျိုးအရှိဆုံး လုပ်ဆောင်ချက်က ကာကွယ်တာဖြစ်တယ်။
အကောင်းဆုံးနည်းပညာက တစ်ကြိမ်ထိုးရုံနဲ့ တစ်သက်ထိုးစရာ မလိုတော့တဲ့
ဆေးမျိုးထီထွင်ရမယ်။ ဒါကြောင့် အစိုးရ၊ ဆေးကုမ္ပဏီ၊
ရံပုံငွေအဖွဲ့အစည်းတွေက ဆေးရှာဖွေရေး သုတေသနကို ကူညီထောက်ပံ့သင့်တယ်။
ဒါပေမယ့် ဒီလိုရှာဖွေရေးက ၁ဝနှစ်အတွင်းမှာတောင်
ပြီးဆုံးနိုင်မှာမဟုတ်လို့ တစ်ဆက်တည်းမှာပဲ ကျွန်တော်တို့က
လက်ရှိနည်းပညာတွေကိုပဲ အသုံးပြုကြရတယ်။ လက်ရှိအကောင်းဆုံး၊ အထိရောက်ဆုံး
ကာကွယ်နိုင်တဲ့နည်းက အန္တရာယ်ကျရောက်စေနိုင်တဲ့ အပြုအမှုတွေကို လူသားတွေ
ရှောင်ကြဉ်ဖို့ပဲဖြစ်တယ်။

Pursuing that goal starts the four-step cycle again. This is the
pattern. The crucial thing is to never stop thinking and working – and
never do what we did with malaria and tuberculosis in the 20th century
– which is to surrender to complexity and quit.

ရည်ရွယ်ချက်ပန်းတိုင်ကိုရောက်ဖို့ ဒီအဆင့်လေးဆင့်ကို လည်ပတ်သုံးရမယ်။
ဒါဟာ ပုံစံကွက်တစ်ခုပါ။ အဓိကအချက်က တွေးတောမှု၊ လုပ်ဆောင်မှုတွေ
မရပ်နားဖို့ပါပဲ။ (၂ဝ)ရာစုနှစ်ကဖြစ်ပွါးခဲ့တဲ့ ငှက်ဖျားနဲ့ တီဘီရောဂါ
အဖြစ်ဆိုးလိုမျိုး ကျွန်တော်တို့အမှားတွေ ထပ်မလုပ်သင့်တော့ဘူး။
အဲဒီတုန်းက ရှုပ်ထွေးမှုတွေကြောင့် ကျွန်တော်တို့ အရှုံးပေး
စွန့်လွှတ်ခဲ့ရတယ်။

The final step – after seeing the problem and finding an approach – is
to measure the impact of your work and share your successes and
failures so that others learn from your efforts.

ပြဿနာရင်းမြစ်နဲ့ ဖြေရှင်းနည်းကို ရှာဖွေသိရှိပြီးတဲ့နောက်
နောက်ဆုံးအဆင့်က အလုပ်အခြေအနေ ထိရောက်မှုရှိမရှိကို ခန့်မှန်းတာဖြစ်တယ်။
ကိုယ်တွေ့ကြုံရတဲ့ အောင်မြင်မှု၊ ကျရှုံးမှု အတွေ့အကြုံတွေကို
ပြောဆိုဝေငှပေးခြင်းအားဖြင့် တစ်ခြားလူတွေလည်း
ကိုယ့်ကြိုးစားအားထုတ်မှုထဲကနေ သင်ခန်းစာ ရယူနိုင်ပါတယ်။

You have to have the statistics, of course. You have to be able to
show that a program is vaccinating millions more children. You have to
be able to show a decline in the number of children dying from these
diseases. This is essential not just to improve the program, but also
to help draw more investment from business and government.

တကယ်လည်း သင့်ဆီမှာ စာရင်းဇယားတွေ ရှိဖို့လိုအပ်ပါတယ်။ သင့်လုပ်ရပ်တွေက
ကလေးငယ် သန်းပေါင်းများစွာကို ကာကွယ်ဆေးတွေ ထိုးနိုင်ခဲ့ကြောင်း
တစ်ခြားလူကို ပြသနိုင်ရမယ်။ သေဆုံးတဲ့ ကလေးအရေအတွက်
ကျဆင်းသွားကြောင်းလည်း တစ်ခြားသူတွေ သိသင့်စေပါတယ်။ ဒါဟာ
အဓိကသော့ချက်ဖြစ်တယ်။ ဒါတွေဟာ လုပ်ငန်းတိုးတက်ပြောင်းလဲဖို့သာမက
စီးပွါးရေးနယ်ပယ်နဲ့ အစိုးရဆီကနေ ကူညီထောက်ပံ့မှုတွေ ပိုရစေနိုင်ပါတယ်။

But if you want to inspire people to participate, you have to show
more than numbers; you have to convey the human impact of the work –
so people can feel what saving a life means to the families affected.

ဒါပေမယ့် ဒါနဲ့တင်မလုံလောက်ဘဲ သင့်လုပ်ရပ်ထဲ လူတွေပါဝင်နိုင်အောင်
သင်ဆွဲဆောင်ချင်ခဲ့ရင် ဒီထက်များတဲ့ ကိန်းဂဏန်းတွေကို သင်ပြသနိုင်ရမယ်။
လူတွေကို အကျိုးဖြစ်ထွန်းစေတဲ့ လုပ်ရပ်ကို ပြနိုင်ရမယ်။ ဒါမှ လူတွေက
အသက်တစ်ချောင်း ကယ်တင်ခံရတာဟာ ဒုက္ခဆင်းရဲကြားက မိသားစုအတွက် ဘယ်လောက်
အဓိပ္ပါယ်ရှိတယ်ဆိုတာကို သိရှိခံစားနိုင်မှာဖြစ်တယ်။

I remember going to Davos some years back and sitting on a global
health panel that was discussing ways to save millions of lives.
Millions! Think of the thrill of saving just one person’s life – then
multiply that by millions. … Yet this was the most boring panel I’ve
ever been on – ever. So boring even I couldn’t bear it.

လွန်ခဲ့တဲ့နှစ်က ဆွတ်စလန် Davosမှာလုပ်တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းရဲ့
အစည်းအဝေးတစ်ခုကို ကျွန်တော်တက်ရောက်ခဲ့တယ်။ အစည်းအဝေးက
သန်းပေါင်းများစွာသောအသက်ကို ဘယ်လို ကယ်တင်မလဲဆိုတာကို
ဆွေးနွေးဖို့ဖြစ်တယ်။ သန်းပေါင်းများစွာတဲ့! စဉ်းစားကြည့်ပါ။
လူ့အသက်တစ်ချောင်းကို ကယ်တင်ရုံနဲ့ လူကို စိတ်လှုပ်ရှား ဝမ်းသာစေခဲ့ပြီ။
အခုတော့ အဲဒီစိတ်လှုပ်ရှားမှုတွေကို အဆသန်းပေါင်းနဲ့ မြှောက်ရမှာဖြစ်တယ်။
ဒါပေမယ့် ကံမကောင်းတာက ဒီအစည်းအဝေးဟာ ကျွန်တော်တက်ရောက်ခဲ့ဖူးတဲ့
အစည်းအဝေးတွေထဲက ပျင်းစရာအကောင်းဆုံး အစည်းအဝေးဖြစ်ခဲ့တယ်။
ကျွန်တော်ဆက်ပြီး သည်းခံနားထောင်နိုင်စွမ်း မရှိအောင်
ပျင်းစရာကောင်းခဲ့တယ်။

What made that experience especially striking was that I had just come
from an event where we were introducing version 13 of some piece of
software, and we had people jumping and shouting with excitement. I
love getting people excited about software – but why can’t we generate
even more excitement for saving lives?

အဲဒီအတွေ့အကြုံကို ကျွန်တော်လွယ်လွယ်နဲ့ မေ့မရခဲ့ဘူး။
ဘာဖြစ်လို့လဲဆိုတော့ အဲဒီအစည်းအဝေး မတိုင်ခင်မှာပဲ ဆော့ဝဲလ်တစ်ခုရဲ့
version13ကို ကျွန်တော်တို့ ထုတ်လွှင့်ဖြန့်ချီနိုင်ခဲ့တယ်။ အဲဒီမှာ
လူတွေဟာ စိတ်ဓာတ်တက်ကြွပြီး အော်ဟစ်ခုန်ပေါက်ခဲ့ကြတယ်။
ဆော့ဝဲလ်တစ်ခုကြောင့် လူတွေတက်ကြွပြီး ဝမ်းသာပီတိဖြစ်တာကို
ကျွန်တော်သဘောကျတယ်။ ဒါပေမယ့် ကျွန်တော်တို့က လူ့အသက်တွေကယ်တင်ပြီး
ဘာကြောင့် လူတွေပိုလှုပ်ရှားတက်ကြွလာအောင် မလုပ်ဆောင်ခဲ့တာလဲ?

You can’t get people excited unless you can help them see and feel the
impact. And how you do that – is a complex question.

လူတွေ မျက်ဝါးထင်ထင်မြင်အောင် ဒါမှမဟုတ် ခံစားမိအောင်
မလုပ်ဆောင်နိုင်သရွေ့ လူတွေ လှုပ်ရှားတက်ကြွအောင် သင်လုပ်နိုင်မှာ
မဟုတ်ဘူး။ လုပ်နိုင်အောင် ဘယ်လိုလုပ်ရလဲ - ဒါဟာ လွယ်ကူတဲ့ အလုပ်တစ်ခုတော့
မဟုတ်ခဲ့ဘူး။

Still, I’m optimistic. Yes, inequity has been with us forever, but the
new tools we have to cut through complexity have not been with us
forever. They are new – they can help us make the most of our caring –
and that’s why the future can be different from the past.

အထက်ကအတိုင်းပဲ ဒီပြဿနာမှာ ကျွန်တော်ကအကောင်းမြင်သူဖြစ်တယ်။ လူ့သားတွေရဲ့
မညီမျှခြင်းက ကမ္ဘာဦးတစ်လျှောက် ရှိနေခဲ့တယ်ဆိုတာ မမှားပါဘူး။ ဒါပေမယ့်
ရှုပ်ထွေးတာကို လွယ်ကူအောင်လုပ်နိုင်တဲ့ နည်းကိရိယာသစ်တွေက
အခုမှပေါ်လာတာပါ။ ဒီနည်းကိရိယာသစ်တွေက လူသားတွေရဲ့ စာနာစိတ်ကို
ပိုထိရောက်၊ ပိုအကျိုးရှိအောင် ကျွန်တော်တို့ကို ကူညီပေးနိုင်ပါတယ်။
ဒါတွေက အနာဂတ်ကို အတိတ်နဲ့ မတူစေတာပါပဲ။

The defining and ongoing innovations of this age – biotechnology, the
computer, the Internet – give us a chance we’ve never had before to
end extreme poverty and end death from preventable disease.

ဒီခေတ် ဒီကာလမှာ မပြတ်ပြောင်းလဲဆန်းသစ်နေတဲ့ - ဇီဝနည်းပညာ၊ ကွန်ပြူတာနဲ့
အင်တာနက်တွေက ဆိုးဝါးတဲ့ဆင်းရဲမွဲတေမှုနဲ့ ကုသနိုင်တဲ့ရောဂါကြောင့်
သေဆုံးရမဲ့အဖြစ်ကို တစ်စခန်းရပ်ဖို့ ဘယ်တုန်းကမှ မရခဲ့ဖူးတဲ့
အခွင့်အရေးတွေ ကျွန်တော်တို့ကို ပေးနေခဲ့တယ်။

Sixty years ago, George Marshall came to this commencement and
announced a plan to assist the nations of post-war Europe. He said: "I
think one difficulty is that the problem is one of such enormous
complexity that the very mass of facts presented to the public by
press and radio make it exceedingly difficult for the man in the
street to reach a clear appraisement of the situation. It is virtually
impossible at this distance to grasp at all the real significance of
the situation."

လွန်ခဲ့တဲ့အနှစ်(၆ဝ)က George Marshallလည်း ဟားဗတ်ဘွဲ့နှင်းသဘင်ကို
တက်ရောက်ခဲ့ပြီး စစ်ပြီးစ ဥရောပနိုင်ငံတွေကို ထောက်ပံ့ကူညီဖို့
ကြေညာခဲ့တယ်။ သူက "ခက်ခဲတဲ့အချက်က ဒီပြဿနာ ရှုပ်ထွေးလွန်းလို့လို့
ကျွန်တော်ထင်တယ်။ သတင်းစာနဲ့ သတင်းဌာနတွေက လူထုတွေကို အဖြစ်မှန်တွေ
မပြတ်တင်ပြကြတယ်။ ဒီအတွက် သာမန်ပြည်သူလူထုတွေက လက်ရှိအခြေအနေကို
ရှင်းရှင်းလင်းလင်းသိဖို့ ခက်ခဲခဲ့တယ်။ တကယ်တမ်းလည်း
အကြိမ်ကြိမ်ကြေညာပြီးသား လက်ရှိအခြေအနေရဲ့ အဖြစ်မှန်ကို သုံးသပ်ဖို့ဆိုတာ
ဘယ်လိုမှမဖြစ်နိုင်ခဲ့ဘူး"

Thirty years after Marshall made his address, as my class graduated
without me, technology was emerging that would make the world smaller,
more open, more visible, less distant.

Marshall ဒီလိုဟောပြောပြီး နှစ်ပေါင်း(၃ဝ)အကြာမှာ ကျွန်တော်တို့နှစ်က
ကျောင်းသားတွေ ကျောင်းပြီးခဲ့တယ်။ အဲဒီထဲမှာ ကျွန်တော် မပါပါဘူး။
အဲဒီအချိန်က နည်းပညာသစ်တွေ အညွန့်တလူလူ ထွက်ပေါ်လာတဲ့အချိန်ဖြစ်ပြီး
အဲဒီနည်းပညာသစ်တွေက ကမ္ဘာကြီးကို ပိုသေးငယ်အောင်၊ ပိုလွတ်လပ်အောင်၊
ပိုမြင်လွယ်စေအောင်၊ ပိုနီးကပ်အောင် စွမ်းဆောင်ခဲ့တယ်။

The emergence of low-cost personal computers gave rise to a powerful
network that has transformed opportunities for learning and
communicating.

ဈေးနှုန်းချိုသာတဲ့ ကိုယ်ပိုင်ကွန်ပြူတာတွေ ပေါ်ထွက်လာခြင်းက
အင်အားကောင်းတဲ့ ဆက်သွယ်ရေးစနစ်ကို ဖြစ်ပေါ်လာစေတယ်။ အဲဒီဆက်သွယ်ရေးစနစ်က
သင်ကြားရေးနဲ့ အချင်းချင်းဆက်သွယ်ရေးမှာ ကြီးမားတဲ့အခွင့်အရေးတွေကို
ပေးခဲ့တယ်။

The magical thing about this network is not just that it collapses
distance and makes everyone your neighbor. It also dramatically
increases the number of brilliant minds we can have working together
on the same problem – and that scales up the rate of innovation to a
staggering degree.

အင်တာနက်ရဲ့ထူးဆန်းမှုက အကွာအဝေးကိုချုံ့ပြီး လူတိုင်းနဲ့သင်
အိမ်နီးချင်းဖြစ်စေရုံမက အတွေးအခေါ်တူသူတွေကို တိုးပွါးစေပြီး တစုတစည်းနဲ့
ပြဿနာတစ်ခုကို အတူတကွ ဆွေးနွေးတိုင်ပင်ဖို့၊ လုပ်ဆောင်ဖို့
အခွင့်အရေးတွေပေးခဲ့တယ်။ ဒါဟာ ထီထွင်ဆန်းသစ်ဖို့ကို ပိုမြန်ဆန်စေသလို
တိုးတက်မှုနှုန်းဟာလဲ အံ့သြစရာကောင်းအောင် လျှင်မြန်ခဲ့တယ်။

At the same time, for every person in the world who has access to this
technology, five people don’t. That means many creative minds are left
out of this discussion -- smart people with practical intelligence and
relevant experience who don’t have the technology to hone their
talents or contribute their ideas to the world.

တစ်ချိန်တည်းမှာပဲ ကမ္ဘာပေါ်မှာ အင်တာနက်သုံးနိုင်သူရဲ့နှုန်းဟာ
ကမ္ဘာ့လူဦးရေရဲ့ ခြောက်ပုံတစ်ပုံသာ ရှိခဲ့တယ်။ ဒါဟာ
ထီထွင်ဆန်းသစ်ဥာဏ်ရှိသူတွေ ကျွန်တော်တို့ရဲ့ ဆွေးနွေးပွဲထဲမှာ
မပါဝင်နိုင်သေးဘူးလို့ ဆိုနိုင်ပါတယ်။ တကယ်လုပ်ဆောင်နိုင်စွမ်းရှိသူတွေ၊
အတွေ့အကြုံရှိတဲ့ ထက်မြက်သူတွေက နည်းပညာအခက်အခဲကြောင့်
သူတိုရဲ့စွမ်းရည်နဲ့ စဉ်းစားတွေးခေါ်မှုတွေကို ကမ္ဘာကြီးနဲ့
မမျှဝေနိုင်ခဲ့ဘူး။

We need as many people as possible to have access to this technology,
because these advances are triggering a revolution in what human
beings can do for one another. They are making it possible not just
for national governments, but for universities, corporations, smaller
organizations, and even individuals to see problems, see approaches,
and measure the impact of their efforts to address the hunger,
poverty, and desperation George Marshall spoke of 60 years ago.

လူဦးရေတွေ ဒီထက်မက နည်းပညာသစ်တွေကို အသုံးပြုလာနိုင်အောင် ကျွန်တော်တို့
စွမ်းဆောင်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနည်းပညာသစ်တွေက
ပြောင်းလဲတိုးတက်မှုတစ်ခုကို အရောက်တွန်းပို့ပေးပြီး
လူသားအချင်းချင်းကူညီဖို့ လှုံ့ဆော်နိုင်ခဲ့လို့ဖြစ်တယ်။
နိုင်ငံအစိုးရကိုသာမက တက္ကသိုလ်၊ ကုမ္ပဏီ၊ သေးငယ်တဲ့ အဖွဲ့အစည်း၊
လူတစ်ဦးတစ်ယောက်အထိ ပြဿနာရဲ့ရင်းမြစ်ကို သိရှိနိုင်ဖို့၊
ဖြေရှင်းနိုင်တဲ့နည်းလမ်းကို ရှာဖွေနိုင်ဖို့၊ သူတို့ရဲ့ကြိုးပမ်းမှုကို
ခန့်မှန်းနိုင်ဖို့ထိ နည်းပညာသစ်က ဖြစ်နိုင်ချေရှိအောင် ဖန်တီးနေပါတယ်။
လွန်ခဲ့တဲ့ အနှစ်(၆ဝ)က George Marshall ပြောခဲ့ဖူးတဲ့
ဆာလောင်ငတ်မွတ်ခြင်း၊ ဆင်းရဲမွဲတေခြင်းနဲ့ မျှော်လင့်ချက်
ကင်းမဲ့ခြင်းတွေကို ပြောင်းလဲဖို့ဖြစ်တယ်။

Members of the Harvard Family: Here in the Yard is one of the great
collections of intellectual talent in the world.

ဟားဗတ်က လူဦးရေများတဲ့ မိသားစုဝင်တစ်စုပါ။ အခု ဒီကျောင်းဝင်းထဲမှာ
ရှိနေသူတွေအားလုံးဟာ ကမ္ဘာ့အသိဥာဏ် အရှိဆုံးသူတွေထဲမှာ ပါဝင်ပါတယ်။

What for?

ကျွန်တော်တို့ ဘာတွေလုပ်ဆောင်နိုင်မလဲ?

There is no question that the faculty, the alumni, the students, and
the benefactors of Harvard have used their power to improve the lives
of people here and around the world. But can we do more? Can Harvard
dedicate its intellect to improving the lives of people who will never
even hear its name?

ဟားဗတ်က ဆရာ ဆရာမတွေ၊ ကျောင်းသားဟောင်းတွေ၊ ကျောင်းသားကျောင်းသူတွေနဲ့
အလှူရှင်တွေက သူတို့ရဲ့လုပ်ဆောင်နိုင်စွမ်းနဲ့ ကမ္ဘာတစ်ဝှမ်းကလူတွေကို
ပြောင်းလဲတိုးတက်စေခဲ့တယ်ဆိုတာကို မေးခွန်းထုတ်နေစရာတောင် မလိုခဲ့ဘူး။
ဒါပေမယ့် ကျွန်တော်တို့ ဒီထက်ပိုပြီး ဘာဆက်လုပ်နိုင်သေးလဲ?
ဟားဗတ်ကလူတွေဟာ သူတို့ရဲ့အသိဥာဏ်ကို အသုံးပြုပြီး
"ဟားဗတ်"ဆိုတဲ့နာမည်ကိုတောင် မကြားဖူးခဲ့တဲ့သူတွေကိုကူညီဖို့
ရည်စူးနိုင်ပါ့မလား?

Let me make a request of the deans and the professors – the
intellectual leaders here at Harvard: As you hire new faculty, award
tenure, review curriculum, and determine degree requirements, please
ask yourselves:

ပရော်ဖက်ဆာ၊ ပါမောက္ခတွေဆီက ကျွန်တော်တစ်ခု တောင်းဆိုပါရစေ - ခင်ဗျားတို့က
ဟားဗတ်ရဲ့ အသိဥာဏ်ရှိတဲ့ ဦးဆောင်သူတွေဖြစ်တယ်။ ခင်ဗျားတို့
ဆရာအသစ်ခန့်ချိန်၊ ရာထူးချီးမြှင့်ခံရချိန်၊ သင်ရိုးညွန်းတန်းတွေ
ပြန်လည်သုံးသပ်ချိန်နဲ့ ဘွဲ့တစ်ခုအတွက် လိုအပ်တဲ့အရည်အချင်း
ဆုံးဖြတ်ချိန်မှာ ကိုယ့်ကိုယ်ကို အောက်ကမေးခွန်းတွေ မေးမြန်းကြပါ။

Should our best minds be dedicated to solving our biggest problems?

ငါတို့ရဲ့ အထူးချွန်ဆုံးလူတွေက ငါတို့ရဲ့အကြီးမားဆုံးသော
ပြဿနာတွေကိုဖြေရှင်းဖို့ စတေးနိုင်ပါ့မလား?

Should Harvard encourage its faculty to take on the world’s worst
inequities? Should Harvard students learn about the depth of global
poverty … the prevalence of world hunger … the scarcity of clean water
…the girls kept out of school … the children who die from diseases we
can cure?

ဟားဗတ်က သူ့ရဲ့ဆရာ၊ ဆရာမတွေကို ကမ္ဘာပေါ်ကအဆိုးဝါးဆုံး မညီမျှ၊
မတရားမှုတွေကိုဖြေရှင်းဖို့ ကူညီအားပေးခဲ့သလား? ဟားဗတ်က
ကျောင်းသားကျောင်းသူတွေဟာ ကမ္ဘာပေါ်မှာရှိတဲ့ အဆိုးဝါးဆုံး
ဆင်းရဲခြင်းထဲကနေ ဘာတွေသင်ယူနိုင်ခဲ့သလဲ? ကမ္ဘာ့ငတ်မွတ်ခေါင်းပါးမှု၊
သန့်ရှင်းရေ ရှားပါးမှု၊ ကျောင်းနေခွင့်မရတဲ့ မိန်းမငယ်လေးတွေ၊
ကုသလို့ရတဲ့ရောဂါနဲ့ သေကြေကြရတဲ့ ကလေးသူငယ်တွေ.... ဒီထဲကနေ
ဟားဗတ်ကကျောင်းသားတွေ ဘာများသင်ယူနိုင်ခဲ့ပြီလဲ?

Should the world’s most privileged people learn about the lives of the
world’s least privileged?

ကမ္ဘာပေါ်မှာ အခွင့်အရေးအရဆုံးသူတွေက ဆင်းရဲဒုက္ခကြားမှာ
ရှင်သန်နေထိုင်ကြတဲ့ အခွင့်အရေးနည်းသူတွေထံ ဘာများသင်ယူနိုင်ခဲ့ပြီလဲ?

These are not rhetorical questions – you will answer with your policies.

ဒီမေးခွန်းတွေက စကားလုံးတွေနဲ့ဖြေရမဲ့ မေးခွန်းတွေမဟုတ်ဘူး။ သင်တို့ရဲ့
ကိုယ်ပိုင်လုပ်ဆောင်ချက်တွေနဲ့ ဖြေရမဲ့မေးခွန်းဖြစ်တယ်။

My mother, who was filled with pride the day I was admitted here –
never stopped pressing me to do more for others. A few days before my
wedding, she hosted a bridal event, at which she read aloud a letter
about marriage that she had written to Melinda. My mother was very ill
with cancer at the time, but she saw one more opportunity to deliver
her message, and at the close of the letter she said: "From those to
whom much is given, much is expected."

ကျွန်တော့်အမေက ကျွန်တော်ဟားဗတ်ဝင်ခွင့်ရတဲ့နေ့မှာ အရမ်းဂုဏ်ယူခဲ့တယ်။
လူတွေကို ပိုပြီးကူညီနိုင်ဖို့ ကျွန်တော့်ကို မပြတ်တိုက်တွန်းခဲ့တယ်။
ကျွန်တော် မင်္ဂလာမဆောင်ခင်ရှေ့ရက်မှာ အမေက သတိုးသမီးကို
ကျွန်တော်တို့အိမ်ဖိတ်ခေါ်ပြီး အိမ်ဝင်အခမ်းအနားတစ်ခု ကျင်းပခဲ့တယ်။
အဲဒီအခမ်းအနားမှာ အမေက Melindaအတွက်ရေးထားတဲ့ အိမ်ထောင်မှုအကြောင်းကို
အသံမြင့်နဲ့ ရွတ်ဆိုခဲ့တယ်။ အဲဒီအချိန်က ကျွန်တော့်အမေ ကင်ဆာရောဂါ
အပြင်းအထန်ခံစားနေရတဲ့ အချိန်ဖြစ်တယ်။ ဒါပေမယ့် ဒါဟာ သူ့ယုံကြည်မှုကို
မိန့်မြွက်တဲ့ အခွင့်အရေးလို့ သူထင်ခဲ့တယ်။ စာရဲ့နောက်ဆုံးမှာ
သူဒီလိုရေးထားပါတယ်။ "ကူညီမှုတွေ အများအပြားလက်ခံရရှိသူတွေက
ကူညီမှုတွေရဖို့ ပိုမျှော်လင့်ကြတယ်"

When you consider what those of us here in this Yard have been given –
in talent, privilege, and opportunity – there is almost no limit to
what the world has a right to expect from us.

ကျွန်တော်တို့ ဒီကျောင်းဝင်းထဲမှာ ရှိနေသူတွေ ဘာများပေးဆပ်ခဲ့ဖူးပြီလဲ
စဉ်းစားကြည့်ပါ။ စွမ်းရည်၊ အခွင့်အရေး၊ အခွင့်အလမ်း - ဒီလိုဆိုရင်
ကျွန်တော်တို့ရဲ့ပေးဆပ်မှုကို ကမ္ဘာပေါ်ကလူတွေမှာ အကန့်အသတ်မရှိ
မျှော်လင့်နိုင်တဲ့ အာဏာတွေရှိခဲ့ကြတယ်။

In line with the promise of this age, I want to exhort each of the
graduates here to take on an issue – a complex problem, a deep
inequity, and become a specialist on it. If you make it the focus of
your career, that would be phenomenal. But you don’t have to do that
to make an impact. For a few hours every week, you can use the growing
power of the Internet to get informed, find others with the same
interests, see the barriers, and find ways to cut through them.

ဒီနေ့ခေတ်ရဲ့ မျှော်လင့်ချက်အတိုင်း
ယနေ့ဘွဲ့ရကျောင်းသူကျောင်းသားတွေကိုလည်း ကျွန်တော်တစ်ခု
တိုက်တွန်းနှိုးဆော်ချင်ပါတယ်။ ပြဿနာတစ်ရပ်ကို ခင်ဗျားတို့ရွေးချယ်ရမယ်။
ခက်ခဲရှုပ်ထွေးတဲ့ပြဿနာ၊ လူသားတွေရဲ့ နက်ရှိုင်းတဲ့ မညီမျှမှုပြဿနာကို
ရွေးချယ်ရမယ်။ ပြီးတော့ ခင်ဗျားတို့က ဒီပြဿနာရဲ့ အထူးပြုလေ့လာသူတွေ
ဖြစ်ရမယ်။ တကယ်လို့ ဒီပြဿနာကို ခင်ဗျားတို့ရဲ့ အသက်မွေးဝမ်းကျောင်း
အလုပ်အဖြစ်ထားနိုင်ခဲ့ရင် ခင်ဗျားတို့ဟာ လုံးဝထူးခြားသူတွေဖြစ်တယ်။
ဒါပေမယ့် အဲဒီအလုပ်အကိုင်ကြီးတွေကို ခင်ဗျားတို့ သွားလုပ်စရာမလိုဘူး။
အပတ်စဉ်တိုင်း နာရီအနည်းငယ် အသုံးပြုပြီး အင်တာနက်ကတစ်ဆင့် ခင်ဗျားတို့
သတင်းအချက်အလက် ရနိုင်တယ်၊ စိတ်တူသူငယ်ချင်းမိတ်ဆွေတွေ ရနိုင်တယ်၊
ပြဿနာအခက်အခဲကို သိနိုင်တယ်၊ ဖြေရှင်းနိုင်တဲ့နည်းတွေ ရှာဖွေနိုင်တယ်။

Don’t let complexity stop you. Be activists. Take on the big
inequities. It will be one of the great experiences of your lives.

ခင်ဗျားတို့ရဲ့ လုပ်ဆောင်ချက်ကို ကမ္ဘာ့ရှုပ်ထွေးမှုကြောင့်
မရပ်တန့်စေပါနဲ့။ လှုပ်ရှားဆောင်ရွက်နေသူ ဖြစ်ပါစေ။ လူသားတွေရဲ့
မညီမျှမှုတွေကို ကိုယ့်တာဝန်တစ်ရပ်အနေနဲ့ ရင်ဆိုင်ဖြေရှင်းပါ။ ဒါဟာ
ခင်ဗျားဘဝမှာ အရေးပါတဲ့ အတွေ့အကြုံတစ်ခုအဖြစ် ထင်ကျန်နေပါလိမ့်မယ်။

You graduates are coming of age in an amazing time. As you leave
Harvard, you have technology that members of my class never had. You
have awareness of global inequity, which we did not have. And with
that awareness, you likely also have an informed conscience that will
torment you if you abandon these people whose lives you could change
with very little effort. You have more than we had; you must start
sooner, and carry on longer.

ဒီနေ့မှာ ဘွဲ့ရတဲ့ ကျောင်းသူကျောင်းသားတွေက ထူးဆန်းအံ့သြစရာကောင်းတဲ့
ခေတ်မှာ နေထိုင်ကြသူတွေဖြစ်တယ်။ ဟားဗတ်ကနေ ခင်ဗျားတို့ထွက်သွားတဲ့အချိန်
ကျွန်တော်တို့နှစ်က ကျောင်းသားတွေမှာ မရှိခဲ့ဖူးတဲ့ နည်းပညာတွေကို
ခင်ဗျားတို့ ပိုင်ဆိုင်ခဲ့ပါတယ်။ ကျွန်တော်တို့တုန်းက မသိခဲ့တဲ့
ကမ္ဘာကြီးရဲ့ မညီမျှ၊ မတရားမှုတွေကို ခင်ဗျားတို့သိနားလည်ခဲ့တယ်။
ဒီလိုနားလည်မှုတွေရှိပြီးနောက် ကူညီသင့်တဲ့လူတွေကို ခင်ဗျားတို့မကူညီခဲ့ဘဲ
မျက်ကွယ်ပြုထားရင် ခင်ဗျားတို့ရဲ့သိစိတ်က ခင်ဗျားတို့ကို
ညှင်းပန်းနှိပ်စက်လိမ့်မယ်။ နည်းနည်းလေး ကြိုးစားအားထုတ်ရုံနဲ့
သူတို့ရဲ့ဘဝကို ခင်ဗျားတို့ ပြောင်းလဲနိုင်ပါလိမ့်မယ်။ ခင်ဗျားတို့မှာ
ကျွန်တော်တို့ထက် ပြည့်ဝတဲ့အင်အားတွေရှိကြတယ်။ ခင်ဗျားတို့ အချိန်စောပြီး
စရပါမယ်။ ရေရှည်လုပ်နိုင်အောင် ခင်ဗျားတို့ ကြံ့ကြံ့ခံရမယ်။

Knowing what you know, how could you not?

ခင်ဗျားတို့ သိထားတာတွေကို သိပြီးတဲ့နောက် ခင်ဗျားတို့ ဘာကြောင့်
မလုပ်ဆောင်နိုင်ဦးမလဲ?

And I hope you will come back here to Harvard 30 years from now and
reflect on what you have done with your talent and your energy. I hope
you will judge yourselves not on your professional accomplishments
alone, but also on how well you have addressed the world’s deepest
inequities … on how well you treated people a world away who have
nothing in common with you but their humanity.

နောင်အနှစ်(၃ဝ)မှာ ဟားဗတ်ကို ခင်ဗျားတို့ပြန်လာကြဦးမယ်လို့
ကျွန်တော်မျှော်လင့်ပါတယ်။ ခင်ဗျားတို့ရဲ့စွမ်းရည်၊ အင်အားနဲ့
လုပ်ခဲ့သမျှတွေကို ခင်ဗျားတို့ပြန်ပြောင်း အောင်းမေ့ကြလိမ့်မယ်။
အဲဒီအချိန်ကျရင် ခင်ဗျားတို့ရဲ့ ကိုယ့်ကိုယ်ကို ခန့်မှန်းဝေဖန်ချက်က
ခင်ဗျားတို့ရဲ့ အောင်မြင်မှုတွေသာမက ဒီကမ္ဘာကြီးရဲ့အလွန်တရာ မညီမျှ၊
မတရားမှုတွေကိုပါ ပြောင်းလဲအောင် ကြိုးပမ်းအားထုတ်ခဲ့တာတွေလည်း ပါမယ်။
နောက်ပြီး ခင်ဗျားတို့နဲ့ လူသားချင်းသာတူပြီး အရာရာမှာ လုံးဝခြားနားတဲ့
ဟိုးအဝေးကလူတွေကို ခင်ဗျားတို့ ဘယ်လိုပြုမှုဆက်ဆံခဲ့တယ်ဆိုတာလည်
ပါလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်မိပါတယ်။

Good luck.

အားလုံး ကံကောင်းပါစေ...ဇွန်လ(၇)ရက်နေ့ အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်မှာ ဘီလ်ဂိတ်ဟောပြောခဲ့တဲ့

အားလုံး ကံကောင်းပါစေ...

0 comments: