သွားရင်းလာရင်း ရုပ်ရှင်ကြည့်နိုင်မည့် အမျိုးသမီးလက်ကိုင်အိတ်

11:28 AM Posted In Edit This 0 Comments »
ဖက်ရှင်ကျကျ အိတ်တစ်လုံးကို ကိုင်ခွင့်ရမည်။ ထို့အပြင်
မိမိအကြိုက်နှစ်သက်ဆုံး ရုပ်ရှင်ဇာတ်ကားများကိုလည်း အချိန်မရွေး၊
နေရာမရွေး ကြည့်ရှုခွင့်ရမည်။ ထိုအခွင့်အရေးအတွက် ပေါင်စတာလင်
(၂၉၅)ခန့်တော့ အကုန်အကျခံရန် လိုပေလိမ့်မည်။ ယခုအခါတွင် BagTVဟု
အမည်ပေးထားသော သားရေ အမျိုးသမီး လက်ကိုင်အိတ်တစ်မျိုး ဈေးကွက်အတွင်း
ဝင်ရောက်လာပြီဖြစ်သည်။


လှပပြီး စွဲဆောင်မှုရှိသော လက်ကိုင်အိတ်တွင် (၇)လက်မအကျယ်ရှိ Screenတစ်ခု
တပ်ဆင်ထားပြီး Mpeg Formatဗီဒီယိုများ ကြည့်ရှုနိုင်မည်ဟု သိရှိရသည်။
ထို့အပြင် USP Portနှင့် SD Card Slotတို့ ပါဝင်ခြင်းကြောင့် Portable
Deviceများမှ DVDရုပ်ရှင်များကိုပါ ကြည့်ရှုနိုင်မည်ဖြစ်သည်။ အိတ်တွင်
တပ်ဆင်ထားသော ပါးလွှာသည့် Screenသည် အလင်းပေါက်အောင် ဖန်တီးထားပြီး
DVDရုပ်ရှင်များ ကြည့်ရှုမနေချိန်တွင် အိတ်အတွင်းသို့ တိုးလျှိုပေါက်
မြင်နေရမည်ဟု ဆိုသည်။ ထိုအိတ်DVDကို ထုတ်လုပ်ပေးသူ ပညာရှင် ဂျွန်မားကွစ်က
၎င်း၏လက်ရာသည် ဈေးကွက်တွင်း ကျယ်ကျယ်ပြန့်ပြန့် ထိုးဖောက်နိုင်ရန်
မျှော်လင့်ထားကြောင်း ပြောဆိုခဲ့သည်။

အိတ်အတွင်း အသုံးပြုထားသည့် ဘက်ထရီသည် နောက်တစ်ကြိမ် အားမဖြည့်ခင်
နှစ်နာရီခွဲအထိ ကြည့်ရှုနိုင်ပြီး ကားအတွင်းနှင့်
အိမ်ခန်းပလပ်ပေါက်များမှတဆင့် အလွယ်တကူ Chargingပြန်ဖြည့်နိုင်ရန်
စီစဉ်ပေးထားသည်။ မားကွစ်ကမူ ဘက်ထရီသက်တမ်းကို
ပိုမိုတိုးမြှင့်ပေးနိုင်ရန် ကြံစည်နေဆဲဖြစ်ကြောင်း
ထုတ်ဖော်ပြောဆိုခဲ့သည်။ လက်ကိုင်အိတ် DVDကို စမ်းသပ်အသုံးပြုနေသည့်
အမျိုးသမီးတစ်ဦးက အဆိုပါအိတ်များသည် မကြာမီအချိန်အတွင်း
အမျိုးသမီးထုအကြား ရေပန်းစားလာဖွယ်ရှိကြောင်း ခန့်မှန်းပြောဆိုထားသည်။
ယခုDVDတွင် အထူးစီမံထားသည့် Anti-shake Featureကို
ထည့်သွင်းထားသောကြောင့် အိတ်၏လှုပ်ခါမှုများအတွင်း DVDရုပ်ရှင်ဇာတ်ကား
ထစ်သွားခြင်း၊ ရပ်သွားခြင်းတို့မှ ကာကွယ်ပေးကြောင်း သိရှိရသည်။

မားကွစ်က အမျိုးသမီးများအနေနှင့် ဖက်ရှင်ကျ လှပစေရုံသာမက BagTVကို
အသုံးပြုခြင်းဖြင့် အလုပ်သို့ အသွားအပြန်၊ အားလပ်ချိန်များ၊ လေယာဉ်ပေါ်
ရောက်ရှိနေချိန်နှင့် အားကစားရုံတွင် နားနေချိန်များအတွင်း
ပျင်းရိနေမှုမရှိအောင် ဖျော်ဖြေပေးစွမ်းနိုင်မည်ဟု ပြောဆိုသွားသည်။
4.jpg4.jpg
44K View Download

0 comments: