England premier league

1:01 AM Posted In Edit This 0 Comments »
အာဆင်နယ်အသင်းဟာ “ ဘာလို့ချန်ပီယံမဖြစ်နိုင်ရမှာလဲ ” ဟုကြွေးကြော်လိုက်တဲ့ အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါး
“ဒီနေ့ ညဟာ အာဆင်နယ်ကလပ် အသင်းအတွက်တော့ စိတ်လှုပ်ရှားစရာ ညလေးပါပဲ။ ဘာလို့ ဇယားထိပ်ကို ဥိးမဆောင်နိုင်ရမှာလဲ”။ “ကျွန်တော်တို့ ဒီရာသီရဲ့ နောက်ဆုံးမိနစ် ကုန်ဆုံးချိန် အထိ ဆက်လက်တိုက်ပွဲ ဝင်နေအုန်းမှာပါ”လို့ ကျွန်တော် ပြောဆိုခဲ့ပါတယ်။“ဒါအပြင် ဒီနေ့ည မှာတော့ ကျွန်တော်တို့ အသင်းရဲ့ တိုက်ပွဲဝင်စိတ်ဓါတ်ကို ပြသနိုင်ခဲ့ပါတယ်။”
(အာဆင်နယ်အသင်း မန်နေဂျာ အာဆင်ဝင်းဂါး)


(Aston Villa 1 - 1 Manchester U.)
နာနီအထုတ်ပယ်ခံရပြီးနောက် အထူးကြိုးစားပြီး ကစားပြခဲ့သော ကစားသမားများကို အပြီးပြည့်စုံဆုံး ကစားသမားများဟု ဖာဂူဆန်ချီးကျူး
ပွဲချိန် ၂၉ မိနစ်တွင် နောက်ပိုင်းပွဲများ၌ အထူးခြေစွမ်းပြ ကစားနေသော တောင်ပံကစားသမား နာနီမှာ ပွဲချိန် ၂၉ မိနစ်တွင် အနီကဒ်ပြသ ထုတ်ပယ်ခံရပြီးနောက် အထူးကြိုးစား ကစားခဲ့ကာ ဗီလာထံမှ အဝေးကွင်း သရေတစ်မှတ်ကို ရယူနိုင်ခဲ့သော လက်ကျန်ကစားသမားများသည် ပြီးပြည့်စုံလွန်းသော ကစားသမားများ ဖြစ်သည်ဟု နည်းပြ ဖာဂူဆန်က ချီးကျူးပြောကြားသွားခဲ့သည်။ ဖာဂူဆန်က "ကျွန်တော့ခလေးတွေ အနေနဲ့ လက်ကျန် မိနစ်ခြောက်ဆယ်ကျော်ကို ဖြစ်မှ ဖြစ်ပါ့မလားလို့ စိုးရိမ်မိခဲ့ပေမယ့် သူတို့ဟာ နာနီဟာ သွားတဲ့ အကွက်တွေကို အကောင်းဆုံး ဖြည့်ဆီးပြီး ပြီးပြည့်စုံလွန်းအောင်ကို စွမ်းဆောင်သွားနိုင်ခဲ့ပါတယ်..


ချန်ပီယံဆုအတွက် ပုံစံတူ ကစားတတ်တဲ့အသင်းတွေကို အနိုင်ယူဖို့ လိုနေသေးတဲ့ အန်စလော့တီ (အဲဗာတန် 2-1 ချဲလ်ဆီး)

အာဆင်နယ်နဲ့ပွဲမှာ အကောင်းဆုံးစွမ်းရည်ပြခဲ့တဲ့ ချဲလ်ဆီးနောက်တန်းနဲ့ ပီတာဆက်ခ်ျတို့ ဒီပွဲမှာတော့ ရလဒ်ကောင်းအောင် မကာကွယ်နိုင်ခဲ့ကြပါဘူး။ အာဆင်နယ်ကို ကာယအားပြုပြီး ခံစစ်အပိုင်ကစားကာ အနိုင်ယူနိုင်ခဲ့ပေမယ့် ကာယအားချင်းယှဉ်ပြိုင်နိုင်ပြီး Set-piece တွေကို အသုံးချတတ်တဲ့ အဲဗာတန်အသင်းနဲ့အတွေ့မှာ ချဲလ်ဆီးတို့ လမ်းမှားသွားခဲ့ရပါတယ်။




အာဆင်နယ် ၁ လီဗာပူး အက်ဖ်စီ ၀း နံပါတ်လေးနေရာအတွက် ဆက်လက်ကြိုးစားမည်-ဟု ဘင်နီတက် ပြော

ဖေဖော်ဝါရီ ၁၁၊ ၂၀၁၀
လီဗာပူး အက်ဖ်စီ မန်နေဂျာ ရာဖာ ဘင်နီတက်ဇ်-အနေဖြင့် ဗုဒ္ဓဟူးနေ့ညတွင် ကစားခဲ့သော အာဆင်နယ်နှင့်ပွဲ၌ ၁-၀ ဖြင့် ရှုံးပြီး မျှော်လင့်ချက်မှေးမှိန်သော်ငြား ရာသီကုန်တွင် နံပါတ်လေးနေရာအတွက် ၄င်း၏အသင်းသည် အဆင်သင့်ဖြစ်နေကြောင်း ယုံကြည်သည်။

0 comments: