“တုနှိုင်းမနိုင်သာမိမေတ္တာ”

11:46 AM Posted In Edit This 0 Comments »


ကိုးလရင်လွယ် ပင်ပန်းသွယ်ဖြင့်သေမင်းအန်တု သက်ကိုလု၍

မွေးဖွားကျင့်အောင် လူဘောင်ဆောင်စေ ကျေးဇူးကြီးပေမာတာအမေ…

ဖ၀ါးလက်နှစ်လုံး မွေးခင်းမှသည် ပုခုံးလက်နှစ်သစ် အစချည်လျက်

လူလည်တင့်တယ် ၀င့်ကြွားစေရွယ် ကောင်းကင်ဝတ္တိံ မီးပင်လယ်လည်း

အမေ့ ဇွဲထန် စွမ်းတမံဖြင့်ဖြတ်ကျော်နိုင်သည် တို့အမေ…

နှဖူးချွေးစက်ခြေမထက်သို့ ချောင်းလိုအသွင်စီးနေသော်လည်း

ညိုငြင်မဖက် အပြုံးဆက်၍ သားတို့ဝမ်းစာ မလစ်စေအောင်

ရှေ့သို့ဆောင်လေ တို့အမေ…

သားသမီးတောင်းတ ဟူသမျှကို ကိုယ်ပင်မရှိမွဲသော်ငြားလည်

သူကြွယ်မဟန် ရအောင်ကြံ ၍ ဖြည့်ကျင့်တမူ စွမ်းဆောင်နိုင်လေ

တတ်နိုင်လွန်းသည် တို့အမေ…

မကောင်းကိုတား ကောင်းကိုမြှား၍ ရွှေအိုးပညာရစေကြံရွယ်

ချော့ခြောက်မာယာနည်းထန်စြွာ ဖင့် ရက်စက်ဟန်ပြု ဒေါသတု၍

ဇွဲကုန်သင်နေတို့အမေ….

တောင်ပံစုံမက် ကြင်ဖော်ဖက်၍ ဝေးရာဝဲပျံ သားတို့ဟန်ကို

ရင်ဝယ်သောကပူဆွေးငြားလည်း သားတို့ပီတိ ရင်မှာဖိ၍

ကြိတ်မှိတ်တစေ ငွေကြွေးကာဖြင့် လွမ်းလို့သာနေတို့အမေ..

နီးနေမသိ ဝေးမှထိသည့် လောကလူသား လူအများအား

နှိုင်းမဲ့စေတနာ မိမေတ္တာကို နောင်တရယ်အပေါင်းမနှောင်းေ စဖို့

လကာင်္ကဗျာ ဖော်ကျူးဆောင်စေ မွေးကျေးဇူးတွေဆပ်ကြလေ……।

ElAungMyoInLay

0 comments: