အီဂျစ်နိုင်ငံတွင် ရှေးဟောင်းအုတ် ဂူ ၅၇ ခု ရှာဖွေတွေ့ရှိ

11:10 AM Posted In Edit This 0 Comments »
Egypt Mummy

အီဂျစ်နိုင်ငံတွင် ရှေးဟောင်းအုတ် ဂူ ၅၇ ခု ရှာဖွေတွေ့ရှိခဲ့ပြီး အုတ်ဂူအများစုတွင် မံမီအလောင်းများ တွေ့ရှိခဲ့ရသည်ဟု အီဂျစ်ရှေးဟောင်းပစ္စည်းများဆိုင်ရာ အဆင့်မြင့်ကောင်စီက ထုတ်ပြန်ခဲ့သည်။ အုတ်ဂူအများစုတွင် ယင်းအချိန်အခါက ပြုလုပ်လေ့ရှိသော သစ်သားများဖြင့်ပုံဖော်သည့် အနုစိတ်လက်ရာများဖြင့် ခြယ်သထားသည်ဟု သိရသည်။

ယင်းဂူများအနက် သက်တမ်းအရှည်ဆုံးမှာ အီဂျစ်ဘုရင်ပထမဆုံးနှင့် ဒုတိယမျိုးဆက်အချိန်ကာလ ဘီစီ ၂၇၅၀ ခန့်က ဖြစ်နိုင်သည်ဟု ယင်းကောင်စီက အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ ယင်းတို့အနက် ဂူ ၁၇ ခုမှာ ဘီစီနှစ်ထောင်ခန့်က အီဂျစ်ကိုအုပ် ချုပ်ခဲ့သော မင်းဆက် ၁၈ ဆက်မြောက်က ဖြစ်သည်ဟု သိရသည်။ ဂူထဲရှိ မံမီများကို အီဂျစ်တို့၏ Book of the Dead ကျမ်းစာအုပ်လာ ဂါထာ၊ မန္တရားများ ရေးသားထားသော လီနင်စများဖြင့် ဖုံးလွှမ်းထားကြောင်းသိရသည်။ သေဆုံးသူများ ငရဲမှလွန် မြောက်စေရေးအတွက် အထောက်အကူပြုနိုင်မည်ဟု ယုံကြည်သော ဘာသာရေးနှင့်ဆိုင်သည့် ဂါထာ၊မန္တရားများကို တချို့ဂူများထဲတွင် ထည့်သွင်းထားသည်ဟု အုတ်ဂူများရှာဖွေရာတွင် အဖွဲ့ခေါင်းဆောင် အဘီဒယ်ရာမန် အီလ်အေဒီက ပြောကြားခဲ့သည်။

သက်တမ်းအရှည်ဆုံး အုတ်ဂူများအနက် ဂူတစ်ခုမှာမူ မပျက်မစီးဘဲရှိနေပြီး နာရေးတွင်သုံးစွဲသည့် ပစ္စည်းများနှင့် မံမီကိုရစ်ပတ်ထားသော လီနင်စမှာ အကောင်းအတိုင်းရှိနေသည်ဟု ၎င်းကပြောကြားခဲ့သည်။

ဘီစီ ၂၀၃၀ မှ ၁၈၄၀ ခန့်ကဟု ထင်ရသောအုတ်ဂူ ၃၁ ခုတွင် သိမ်းငှက်ဦးခေါင်းပုံသဏ္ဍာန်ရှိသော အီဂျစ်နေနတ်မင်း၊ Hathor နတ်ဘုရားမ၊ Khnum နတ်မင်းနှင့် Amun နတ်ဘုရားတို့ကဲ့သို့ မတူညီသော ဘာသာရေးယုံကြည်မှုဆိုင်ရာ ဆုတောင်းစာများကို တွေ့ရှိ ခဲ့ရသည်ဟု သိရသည်။ ယင်းအုတ်ဂူများကို ကိုင်ရိုမြို့တောင်ဘက်၊ မိုင် ၇၀ (၁၀၀ ကီလိုမီတာ) အကွာရှိ Fayoum မြို့တွင် တွေ့ရှိခဲ့ရသည်ဟု ယင်းကောင်စီက ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သော နှစ်တွင်လည်း မတူညီသော ခေတ်ကာလများက ရှေးဟောင်းအုတ် ဂူ ၅၃ ခု တွေ့ရှိခဲ့သည်။

Egypt Tomp Way

0 comments: