Champion League final ( 22-5-2010 )

3:53 AM Posted In Edit This 0 Comments »

ဘိုင်ယန်မြူးနစ် အသင်းအား (၂-၀)ဂိုးဖြင့် အနိုင်ရခဲ့ပြီး အင်တာမီလန်တို့ ၄၅နှစ်ကြာမှ ချန်ပီယံလိဂ် ဖလားအား တတိယ အကြိမ်မြောက် ရရှိ PDF Print E-mail
Share



ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ပြိုင်ပွဲ၏ နောက်ဆုံး ဗိုလ်လုပွဲကို မေလ ၂၂ရက်နေ့ က စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ ရီးရဲယ်မင်ဒရစ် အသင်း၏ ကွင်းဖြစ်သော ဘာနေဗျူးကွင်းတွင် ကျင်းပခဲ့ရာ စီးရီးအေ ချန်ပီယံအသင်းဖြစ်သော အင်တာမီလန် အသင်းက ဘွန်ဒစ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ် အသင်းကို (၂-၀)ဂိုး ဖြင့် အနိုင်ရခဲ့ပြီး ဂျာမနီအသင်းများ မှ အီတလီအသင်းများ အပေါ် အသာစီးရမှုကို ချေဖျက်ကာ (၄၅)နှစ်ကြာမှ ချန်ပီယံလိဂ် ဖလားအား တတိယအကြိမ်မြောက် ရရှိသွားခဲ့ကြောင်း သိရသည်။


နှစ်သင်းစလုံးတွင် ပွဲပယ်ပြစ်ဒဏ် ကျခံနေရာသော ရီဘာရီနှင့် မော်တာတို့မှအပ ကျန်အားကစားသမားများ အစုံပါဝင်ခဲ့သည်ကို တွေ့ရသည်။ ဘောလုံးပိုင်ဆိုင်မှုတွင် ဘိုင်ယန်မြူးနစ် အသင်းက အသာရခဲ့သော်လည်း မော်ရင်ဟို၏ အင်တာအသင်းသည် ခံစစ်ကိုအားပြု၍ တန်ပြန် တိုက်စစ်ဖြင့် အနိုင်ကစားသွားခဲ့သည်ကို တွေ့ရသည်။ ယခုပွဲတွင် အင်တာမီလန်အသင်းမှ တိုက်စစ်မှူး ဖြစ်သူ အာဂျင်တီးနားသား မီလီတိုသည် သူရဲကောင်းတစ်ဦးဖြစ်ခဲ့ပြီး အသင်းအတွက် အဖိုးတန် အနိုင်ဂိုးများကို ပထမပိုင်း ၃၅မိနစ်နှင့် ဒုတိယပိုင်းမိနစ် ၇၀တို့တွင် သွင်းယူပေးနိုင်ခဲ့သည်ကို တွေ့ရသည်။


အင်တာမီလန် အသင်းသည် ၁၉၆၄ ခုနှစ်နှင့် ၁၉၆၅ ခုနှစ်များ တွင် ချန်ပီယံလိဂ်၌ ဗိုလ်စွဲထားခဲ့ရာ ယခုတစ်ကြိမ် ဗိုလ်စွဲခြင်းမှာ ကလပ်အသင်း၏ သက်တမ်းတစ်လျှောက် တတိယ အကြိမ်မြောက် ဗိုလ်စွဲခြင်း ဖြစ်သည်။ ထို့ပြင် အင်တာမီလန် အသင်းသည် ဘောလုံးရာသီ တစ်ရာသီတည်းတွင် ဖလားသုံးလုံးရခဲ့သဖြင့် တစ်ရာသီတည်း ဖလားသုံးလုံး ရခဲ့သည့် ဆဌမမြောက် အသင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီ ဖြစ်သည်။ ထို့ပြင် မော်ရင်ဟိုသည် အသင်းနှစ်သင်း နှင့် ချန်ပီယံလိဂ် ဗိုလ်စွဲခဲ့သည့် နည်းပြအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီး ၂၀၀၄ ခုနှစ်က ပေါ်တိုအသင်းအား ချန်ပီယံလိဂ်ဖလား ရယူပေးခဲ့သည်/

0 comments: