ကမ္ဘာပေါ်က အငြိမ်းချမ်းဆုံးတိုင်းပြည်

8:14 AM Posted In Edit This 0 Comments »
E-mail Print PDF
Sailboat  with City in Background, Auckland, New Zealand

Sailboat with City in Background, Auckland, New Zealand

နယူးဇီလန်

“ သေဒတခုသည် 'ရွာ' ဖြစ်ချင်ဖြစ်မည်၊'တော' ဖြစ်ချင်ဖြစ်မည်၊ 'ချိုင့်ဝှမ်း' ဖြစ်ချင်ဖြစ်မည်၊ ' ကြည်းကုန်း' ဖြစ်ချင်ဖြစ်မည်။ မည်သို့ပင်ဖြစ်စေ သူတော်စင်များနေထိုင်ရာ ဖြစ်ရိုးမှန်ပါက ထိုဒေသသည် ကမ္ဘာ့မြေပြင်တွင် ပျော်မွေ့ဖွယ်အကောင်းဆုံးဖြစ်၏”

(ဓမ္မပဒ ဂါထာ အပိုဒ် - ၉၈)

နယူးဇီလန်နိုင်ငံသည် ကမ္ဘာပေါ်၌ အငြိမ်းချမ်းဆုံးနိုင်ငံဖြစ်ကြောင်း (The Australian Newspaper) သြစတြေးလျှ သတင်းစာကြီးမှ Global Peace Index(http://visionofhumanity) မှထုတ်ပြန်သော နှစ်ပတ်လည်စစ်တမ်းအား ကိုးကား၍ ဖေါ်ပြလိုက်ပါသည်။

ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၄၄ နိုင်ငံတို့၏ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ လာဒ်ပေးလာဒ်ယူစသည့် အခြေအနေ များအပေါ် လေ့လာဆန်းစစ်မှုအရ နယူးဇီလန်နိုင်ငံသည် ကမ္ဘာပေါ်၌ နေချင်စဖွယ် အငြိမ်းချမ်းဆုံးနိုင်ငံဖြစ်ကြောင်း အဆိုပါ သတင်းစာကြီး၌ ဖေါ်ပြထားပါသည်။

သြစတြေးလျှနိုင်ငံသည် ကမ္ဘာ့ အဆင့်(၁၉) ရှိပြီး၊ ဇွစ်ဆာလန်နိုင်ငသည် အဆင့်(၁၈)နှင့် ချီလီနိုင်ငံသည် အဆင့်(၂၀) ရှိပြီး လွန်ခဲ့သောနှစ်ကထက် အဆင့် (၈)ဆင့် တိုးတတ်လာခဲ့ကြောင်းသိရပါသည်။

နယူးဇီလန်နိုင်ငံသည် သွေးထွက်သံယိုအဓိကရန်းဖြစ်ပွါးမှု အလွန်နည်းပါးအောင်ဆောင်၇ွက်နိုင်ခြင်း၊ နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ အသုံးစရိတ် လျော့ချသုံးစွဲခြင်းတို့အား လက်ရှိ ကွန်ဆာဗေးတစ်ညွှန့်ပေါင်းအစိုးရမှ ကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်းတို့ကြောင့် တိုင်းပြည်သည် အလွန်အေးချမ်းသာယာ၍ ဖွံ့ဖြိုးတိုးတတ်လျှက်ရှိပါသည်။

အလယ်အလတ်လက်ယာ အမျိုးသားပါတီသည် ပါလီမန်အတွင်း လူကြိုက်များပြီး ပါလီမန်အတွင်းလည်း အင်အာ ကောင်းမွန်လာခဲ့အောင်ဆောင်ရွက်နိုင်ငခဲ့ခြင်းတို့ကြောင့် ၀န်ကြီးချုပ် Mr. John Key မှ သူ၏အတွေးနှင့် လုပ်ငန်း အစီအစဉ်များကို အကောင်းဆုံးဖြစ်ဆောင်ရွက်နိုင်ခဲ့ကြောင်း နိုင်ငံတော်အစီရင်ခံစာ၌လည်း ဖေါ်ပြထားပါသည်။

ကီဝီသတ္တါပုံလေးအားနိုင်ငံတော်တံဆိပ်အဖြစ် အသုံးပြုသော နယူးဇီလန်နိုင်ငံ၌ ရာဇ၀တ်မှု၊ လူသတ်မှုနှင့် လူ့အခွင့် အရေး ချိုးဖေါက်ခံရမှုများ ကင်းရှင်းသော ကမ္ဘာ့ထိတ်တန်းနိုင်ငံအဖြစ် ထင်ရှားကျော်ကြားလှပါသည်။

ယခင်က အိုင်စလန်နိုင်ငံမှ ဦးဆောင်နေခဲ့သော်လည်း ပြီးခဲ့သော စက်တင်ဘာလမှစ၍ စီးပွါးရေးကျဆင်းမှုနှင့် ဘဏ်များပြိုကျမှုတို့ကြောင့် နိုင်ငံအ၀န်း ဆန္ဒပြမှုများ၊ အဓိကရုန်းများ သွေးထွက်သုံယိုဖြစ်ပေါ်ခဲ့သောကြောင့် နယူးဇီလန် သည် ကမ္ဘာ့အဆင့် (၄)မှ အဆင့် (၁) အဖြစ်သို့ရောက်ရှိခဲ့ခြင်းဖြစ်ပါသည်။

နော့်ဒစ်(Nordics) နိုင်ငံများဖြစ်ကြသော ဒိန်မက်သည် ကမ္ဘာ့ ဒုတိယ၊ နော်ဝေးသည် တတိယနှင့် အိုင်စလန်သည် စတုတ္ထအဆင့် နှင့် သြစတီးယားနှင့် ဆွီဒင်တို့သည့် ပဉ္စမနှင့် ဆဌမနေရာအဆင့် စသည်ဖြင့် အသီးသီးရှိကြပါသည်။ နယူးဇီလန် ငြိမ်းချမ်းရေးနှင့် ပဋိပက္ခများလေ့လာရေးအမျိုးသားဌာနကြီးမှ ဒါရိုက်တာ ( Professor Kevin Clements က “ ဒါယာ တိုင်းပြည်တွင်းနေထိုင်ကြသော ပြည်သူလူထုတွေရဲ့ အလွန်ချစ်စရာကောင်းတဲ့ ဓလေ့စရိုက် လက္ခဏာတွေကို ညွှန်ပြနေတဲ့ သဘောပါဘဲ” လို့ ပြောကြားခဲ့ပါသည်။

တဆက်တည်းမှာဘဲ “ ခင်ဗျားတို့လည်းတွေ့မှာပါ ထုတ်ပြန်တဲ့စာရင်းအရဆို ကမ္ဘာ့ အငြိမ်းချန်းဆုံး နိုင်ငံပေါင်း (၂၀) ကိုကြည့်ရင် နိုင်ငံငယ်လေးချည်းပါဘဲဗျာ.. သို့ပေမယ့် သူတို့မှာ ချစားမှု၊ အကျင့်စာရိတ္တပျက်ပြားမှုတွေနဲ့ဆက်စပ်တဲ့ ပဋိပက္ခတွေမဖြစ်ရအောင် ပြည်သူ့ဘ၀လုံခြုံရေး၊ လူမှု့ဖူလှုံရေးနှင့် သက်သာချောင်ချိရေး အတွက် အလွန်ခိုင်မာတဲ့ လုပ်ငန်းစဉ်တွေ အပေါ်အခြေခံ၍ ဆောင်ရွက်နိုင်ခဲ့ကြပါတယ်” လို့ Professor Kevin Clements ကဆိုပါသည်။

Global Peace Index စစ်တမ်းအရ ဂျပန်နိုင်ငံသည် အဆင့်(၇)၌ တွေ့ရပြီး မနှစ်ကထက် (၂) ဆင့်လျော့ကျသွားကြောင်း တွေ့ရပါသည်။ ကနေဒါသည် အဆင့် (၈)၊ ဂျာမဏီ အဆင့်(၁၆)၊ ပြင်သစ် အဆင့် (၃၀)၊ အီတလီ အဆင့်(၃၆)၊ ဗြိတိန်မှာ အဆင့် (၃၅)ရှိပြီး ယခင်နှစ်ကထက် အဆင့် (၁၄)ဆင့်တိုးတတ်လာကြောင်းတွေ့ရပြီး၊ အမေရိကန် ပြည်ထောင်စုသည် အဆင့် (၈၃) ရှိပြီး ယခင်နှစ်ကထက် အဆင့်(၁၃)ဆင့်တိုးတတ်လာကြောင်း Global Peace Index စစ်တမ်း၌ ဖေါ်ပြထားပါသည်။

မြန်မာနိုင်ငံကတော့ မနှစ်ကနှင့်အတူတူ အဆင့် (၁၂၆)၌ ရှိကြောင်းတွေ့ရပါသည်။

အီရက်နိုင်ငံကတော့ သုံးနှစ်တာကလအတွင်း နိုင်ငံအတွင်း၌ သွေးထွက်သံယိုမှုများအပြည့်နှင့် ပြည်သူ့ဘ၀ လုံခြုံမှု မရှိသောကြောင့် အောက်ဆုံးအဆင့်(၁၄၄) ၌ရှိပါသည်။ `၎င်းမှစတင်ရေတွက်သော် အာဖဂန်နစ္စတန်(၁၄၃) ဆိုမာလီယာ (၁၄၂)၊ အစ္စရေး(၁၄၁)၊ ဆူဒန်(၁၄၀)၊ ကွန်ဂို(၁၃၉)၊ ချဒ်(၁၃၈)၊ ပါကစ္စတန်(၁၃၇)၊ ရုရှား(၁၃၆)၊ ဇင်ဘာဘွေ (၁၃၅) စသည့်နိုင်ငံများသည် ငြိမ်းချမ်းသာယာမှုကင်းမဲ့နေသော နိုင်ငံများဖြစ်ကြောင်း Global Peace Index လေ့လာဆန်း စစ်ချက်များက ညွှန်းဆိုနေပါကြောင်း တင်ပြလိုက်ရပါသည်။

ဝမ်းအိုဝမ်း

၃.၅.၂၀၀၉

Ref:

http://www.visionofhumanity.org/index.php

http://www.visionofhumanity.org/gpi/results/rankings.php

The Australian Newspaper

0 comments: