၇င်ခုန်စ၇ာ ချန်ပီယံလိဂ် ကွါတဖိုင်နယ် ညများ ( ၆-၄.၂၀၁၀ )

9:43 AM Posted In Edit This 0 Comments »
ဘာစီလိုနာ ၄း၁ အာဆင်နယ်


ဘာစီလိုနာ အသင်းမှာ ယမန်နေ့က ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ အိမ်ကွင်း ပွဲစဉ်အဖြစ် အာဆင်နယ် အသင်းနှင့် ကစားခဲ့ရာ ၄း၁ ဖြင့် အနိုင်ရရှိခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၆း၃ အရ နောက်တစ်ဆင့် တက်သွားပြီ ဖြစ်သည်။
ပြီးခဲ့သည့် ပထမအကျော့ အဝေးကွင်းတွင် ကစားစဉ်က ဘာစီလိုနာမှာ အာဆင်နယ် အသင်းနှင့် ၂ ဂိုးစီ သရေကျထားခဲ့သည်။ ယမန်နေ့ ဒုတိယအကျော့ ပွဲစဉ်တွင် လက်ရှိချန်ပီယံ ဘာစီလိုနာတို့အတွက် ဂိုးများကို ပထမပိုင်း ၂၁ မိနစ်၊ ၃၇ မိနစ်၊ ၄၂ မိနစ်နှင့် ဒုတိယပိုင်း ၈၈ မိနစ်တို့တွင် မက်ဆီက တစ်ဦးတည်း ၄ ဂိုး သွင်းယူခဲ့သည်။ ယင်းကြောင့် အာဂျင်တီးနားသား မက်ဆီမှာ ယခု ၂၀၁၀ ခုနှစ်အတွင်း ဘာစီလိုနာ အသင်းအတွက် ၄ ကြိမ်မြောက် ဟက်ထရစ် သွင်းယူနိုင်ခဲ့သည့် တိုက်စစ်မှူးတစ်ဦး ဖြစ်လာခဲ့သည်။
အာဆင်နယ် အသင်းမှာ ပထမပိုင်း ၁၈ မိနစ်တွင် သွင်းယူခဲ့သည့် တိုက်စစ်မှူး ဘန်တနာ၏ ဂိုးဖြင့်သာ ကျေနပ်ခဲ့ရသည်။
ဘာစီလိုနာအသင်းမှာ ဆီမီးဖိုင်နယ်တွင် မော်ရင်ဟို၏ အင်တာနှင့် ဆုံတွေ့ရမည်ဖြစ်သည်။

http://www.youtube.com/watch?v=vS6dhImqp1M



CSKA မော်စကို ၀း၁ အင်တာ
Post Date: 2010-04-07 00:02:43

အင်တာ အသင်းမှာ ယမန်နေ့က ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ် ဒုတိယ အကျော့ပွဲ အဖြစ် ရုရှားကလပ် CSKA မော်စကို အသင်းနှင့် အဝေးကွင်းတွင် ကစားခဲ့ရာ ၀း၁ ဖြင့် အနိုင်ရပြီး နှစ်ကျော့ပေါင်းရလဒ် ၀း၂ အရ ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်သည်။
ယင်းကြောင့် အင်တာနည်းပြ မော်ရင်ဟိုမှာ မတူညီသော ကလပ်အသင်း ၃ သင်းနှင့်အတူ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်သို့ ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့သည့် နည်းပြ ဖြစ်လာခဲ့ပြီး အင်တာ အသင်းမှာလည်း ပြီးခဲ့သည့် ၂၀၀၃ ခုနှစ် နောက်ဆုံး ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
အင်တာ အသင်းမှာ ပြီးခဲ့သည့် ပထမအကျော့ အိမ်ကွင်းတွင် ကစားစဉ်က CSKA မော်စကို အသင်းကို ၁းဝ ဖြင့် အနိုင်ရထားသည်။ ယမန်နေ့ ဒုတိယအကျော့ အဝေးကွင်းပွဲတွင် အင်တာ အသင်းအတွက် တစ်လုံးတည်းသောဂိုးကို ပထမပိုင်း ၆ မိနစ်တွင် ရှနိုက်ဒါက သွင်းယူသွားခဲ့ပြီး CSKA မော်စကို အသင်းမှာ ဒုတိယပိုင်း ၄၉ မိနစ်တွင် အိုဒီရာ နှစ်ဝါတစ်နီဖြင့် ထုတ်ပယ် ခံရ၍ ကစားကွက်ပျက်ပြီး ယခုကဲ့သို့ ရှုံးနိမ့်ခဲ့ရကာ ချန်ပီယံလိဂ် ပြိုင်ပွဲမှ ထွက်ခဲ့ရပြီ ဖြစ်သည်။
ယင်းပွဲစဉ်နှင့် ပတ်သက်၍ အင်တာနည်းပြ မော်ရင်ဟိုက “ ကျွန်တော်တို့ အနေနဲ့ CSKA မော်စကို အသင်းဘက်ကို အစောဆုံး ဂိုးသွင်းနိုင်ဖို့ မျှော်လင့်ခဲ့တာပါ။ မီလန်မှာတုန်းကလိုပဲ ကျွန်တော်တို့ဟာ မနေ့က အဝေးကွင်းမှာ ပထမပိုင်းမှာတင်ပဲ အစောဆုံး ဂိုးသွင်းနိုင်ခဲ့ပါတယ်။ စိတ်လှုပ်ရှားစရာပွဲတော့ မဟုတ်ပေမယ့် အသင်း အခုလို ဆီမီးဖိုင်နယ် ရောက်ပြီဖြစ်တဲ့အတွက် ကျွန်တော်ကျေနပ်ပါတယ်။ မော်စကိုအထိ လိုက်ပြီး အားပေးခဲ့ကြတဲ့ ကျွန်တော်တို့ အသင်း ပရိသတ် စုစုပေါင်း ၅၀၀ ခန့်ကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ အသင်းရဲ့ စစ်မှန်တဲ့ ခြေစွမ်းတွေကို ပြိုင်ဘက် အသင်းတွေ သိအောင် တင်ဆက်ပြနိုင်ခဲ့ပါပြီ ” ဟု ပြောဆိုခဲ့သည်။

0 comments: