ဆီမီးဖိုင်နယ် ချန်ပီယံလိဂ်ညများ (၂၈-၂၉ )

2:25 AM Posted In Edit This 0 Comments »
ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခဲ့ရသည့် ဘာစီလိုနာ


စပိန်ကလပ် ဘာစီလိုနာ အသင်းမှာ ယမန်နေ့က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယ အကျော့ အိမ်ကွင်း ပွဲစဉ်အဖြစ် အင်တာ အသင်းနှင့် ကစားခဲ့ရာ ၁းဝ ဖြင့် အနိုင် ရခဲ့သော်လည်း နှစ်ကျော့ပေါင်း ရလဒ် ၂း၃ အရ ပြိုင်ပွဲမှ ထွက်လိုက်ရပြီ ဖြစ်သည်။
ပြီးခဲ့သည့် ပထမအကျော့ အဝေးကွင်းတွင် ကစားစဉ်က ဘာစီလိုနာမှာ အိမ်ရှင် အင်တာအသင်းကို ၃း၁ ဖြင့် အပြတ်အသတ် အရေးနိမ့် ထားခဲ့သည်။ ယမန်နေ့ ဒုတိယအကျော့ အိမ်ကွင်း ပွဲစဉ်တွင် ဘာစီလိုနာ အသင်းမှာ အားပေးသူ ပရိသတ်ပေါင်း ၉၈၀၀၀ ရှေ့မှောက်ဝယ် အင်တာအသင်း ဘက်ကို ဖိအား ပေးခဲ့သော်လည်း ပြိုင်ဘက် အသင်း၏ မာကျောလှသည့် ခံစစ်ကြောင့် ဒုတိယပိုင်း ၈၄ မိနစ်မှသာ ဂိုးရရှိခဲ့ပြီး ယင်းဂိုးကို ခံစစ်မှူး ပီကေးက သွင်းယူခဲ့သည်။
ဧည့်သည် အင်တာအသင်းမှ ကွင်းလယ်လူ မော်တာမှာ ယမန်နေ့ ပွဲစဉ်၏ ပထမပိုင်း ၂၈ မိနစ်တွင် နှစ်ဝါ တစ်နီဖြင့် ထုတ်ပယ် ခံခဲ့ရသည်။ ယမန်နေ့ ပွဲရလဒ်အရ ဥရောပ ပြိုင်ပွဲ သမိုင်းတစ်လျှောက် နှစ်ပေါင်း ၄၀ ကျော် ကာလ အတွင်း ပထမဆုံး အနေဖြင့် ချန်ပီယံလိဂ် ဖိုင်နယ်သို့ တက်ရောက် နိုင်ခဲ့သည့် အင်တာ အသင်းမှာ လာမည့် မေလ ၂၂ ရက်နေ့၊ စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ ဘာနေဗျုး ကွင်းကြီးတွင် နောက်ဆုံး ဗိုလ်လုပွဲအဖြစ် ဂျာမန်ကလပ် ဘိုင်ယန်အသင်းနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

0 comments: