ထိုက်တန်တဲ့ အောင်မြင်မှုဟု မော်ရင်ဟို ပြောဆို

2:29 AM Posted In Edit This 0 Comments »
ထိုက်တန်တဲ့ အောင်မြင်မှုဟု မော်ရင်ဟို ပြောဆို


အင်တာ အသင်း နည်းပြ ဖြစ်သူ မော်ရင်ဟိုက မိမိတို့ အနေဖြင့် ယမန်နေ့တွင် ဘာစီလိုနာ အသင်းကို ကျော်ဖြတ်ပြီး ချန်ပီယံလိဂ် ဖိုင်နယ် အဆင့်သို့ တက်ရောက် နိုင်ခြင်းမှာ ထိုက်တန်သည့် အောင်မြင်မှု တစ်ခုပင် ဖြစ်ကြောင်း ပြောဆို လိုက်သည်။
ယမန်နေ့ပွဲအပြီးတွင် အဆိုပါ ပေါ်တူဂီသား နည်းပြမှာ အင်တာ ပရိသတ်များ .... ကစားသမားများ .... နှင့်အတူ အလွန်အကျွံ အောင်ပွဲခံရင်း ဘာစီလိုနာမှ ဂိုးသမား ဖြစ်သူ ဗဲလ်ဒက်စ်နှင့် အချင်းများခဲ့သည်။ အင်တာ အသင်းမှာ ချန်ပီယံလိဂ် လက်ရှိ ချန်ပီယံ ဘာစီလိုနာကို ဆီမီးဖိုင်နယ် အဆင့်တွင် နှစ်ကျော့ပေါင်း ရလဒ် ၃း၂ ဖြင့် ကျော်ဖြတ် ပြနိုင်ခဲ့ကာ သမိုင်း တစ်လျှောက် နှစ်ပေါင်း ၄၀ ကျော် ကာလအတွင်း ဗိုလ်လုပွဲသို့ ပထမဆုံး အနေဖြင့် တက်ရောက် နိုင်ခဲ့ပြီ ဖြစ်သည်။
အင်တာဗျုး တစ်ခုတွင် မော်ရင်ဟိုက “ကျွန်တော်တို့ဟာ သွေး ... ချွေးနဲ့... ရင်းပြီး သူရဲကောင်းတွေ စုဝေးနေတဲ့ အသင်းပါ။ အခုလို ချန်ပီယံလိဂ် ဖိုင်နယ် အဆင့်အထိ တက်နိုင်တာဟာ ကျွန်တော့်ဘ၀မှာ အကောင်းဆုံး အောင်မြင်မှု တစ်ခုပဲ ဖြစ်ပါတယ်။ အင်တာ အသင်းရဲ့ ဂိုးသမား ဆီဇာဟာလည်း အရမ်းကို တော်ခဲ့ပါတယ်။ ကျွန်တော် အရင် ပေါ်တို အသင်းမှာ ရှိတုန်းကလိုမျိုး တစ်ခါ ပြန်ဖြစ်ဖို့ သေချာ နေပါပြီ။
ဘာစီလိုနာ ဂိုးသမား ဗဲလ်ဒက်စ်ဟာ ပွဲအပြီး ကျွန်တော်ရဲ့ အောင်ပွဲခံတဲ့ ပုံစံကို အပြစ်မြင် နေတဲ့ ပုံပဲ။ ဒါလုံးဝ မဟုတ်ပါဘူး။ အင်တာ ပရိသတ်တွေနဲ့ အတူ ပျော်ရွှင်မှုကို ကျွန်တော် ခံစားချင်တဲ့ ဆန္ဒတစ်ခုပဲ ရှိပါတယ်” ဟု ပြောဆို ခဲ့သည်။

0 comments: