ဘာစီလိုနာနှင့် ပြန်ဆုံရမည့် ပွဲအတွက် မော်ရင်ဟို အသင့်ဖြစ်နေ

10:15 AM Posted In Edit This 0 Comments »
ဘာစီလိုနာနှင့် ပြန်ဆုံရမည့် ပွဲအတွက် မော်ရင်ဟို အသင့်ဖြစ်နေ


အင်တာ အသင်း နည်းပြ မော်ရင်ဟိုမှာ လာမည့် ဘာစီလိုနာ အသင်းနှင့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်အတွက် ဆန်းကြယ်သည့် နည်းဗျူဟာများကို စီစဉ်ထားကာ ရင်ဆိုင်ရန် အသင်ြ့ဖစ်နေပြီ ဖြစ်သည်။
အင်တာ နှင့် ဘာစီလိုနာတို့မှာ ယခုရာသီ ချန်ပီယံလိဂ် အုပ်စု အဆင့်တွင် တွေ့ဆုံခဲ့ကြဖူးသည့် အသင်းများ ဖြစ်သည်။ နည်းပြ မော်ရင်ဟိုက “ ကျွန်တော့် အနေနဲ့ ဘာစီလိုနာ အသင်းနဲ့ ပြန်ဆုံရမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲမှာ အသင်းရဲ့ နည်းဗျူ ဟာကို အပြောင်းအလဲ လုပ်ဖို့ ရှိပါတယ်။ ဘာစီလိုနာဟာ လာမယ့် ဒုတိယအကျော့ ကျရင် သူတို့ကွင်းမှာ ကစားရ မယ်ဆိုတော့ သူတို့အတွက် အခွင့်အရေး ပေါ့ဗျာ။ ဒါကို ကျွန်တော်တို့ သိထားဖို့ လိုပါတယ်။ ကျွန်တော်တို့ အနေနဲ့ သမိုင်းမှာ မော်ကွန်းတင်လောက်တဲ့ ချန်ပီယံလိဂ် အောင်မြင်မှုမျိုး ရအောင် ကြိုးစားသွားမှာပါ။ တကယ်လို့ ကျွန်တော်တို့ အနေနဲ့ ဒီနှစ်မှာ ချန်ပီယံလိဂ် ဖလား မရရင် နောက်နှစ်ပေါ့ဗျာ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ အသင်းရဲ့ အားကောင်းတဲ့ ယုံကြည် မှုနဲ့ စိတ်ဓါတ်တွေကို အများသိအောင် ပြသနိုင်ဖို့က ပိုအရေးကြီးပါတယ် ” ဟု ပြောဆိုခဲ့သည်။
အင်တာ အသင်းမှာ ချန်ပီယံလိဂ် ဖလားကို သမိုင်းတစ်လျှောက် ၁၉၆၄ ခုနှစ် နှင့် ၁၉၆၅ ခုနှစ်များတွင် ၂ နှစ်ဆက်တိုက် ရယူခဲ့ဖူးသည်။

0 comments: