ချန်ပီယံလိဂ် ဒုတိယည ပွဲစဉ်များ ( ၇-၄-၂၀၁၀ )

10:04 AM Posted In Edit This 0 Comments »
မန်ယူ ၃-၂ ဘိုင်ယန်

မန်ယူ အသင်းမှာ ယမန်နေ့က ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ အိမ်ကွင်း ပွဲစဉ်အဖြစ် ဘိုင်ယန် အသင်းနှင့် ကစားခဲ့ရာ ၃း၂ ဖြင့် အနိုင်ရခဲ့သော်လည်း နှစ်ကျော့ပေါင်းရလဒ် ၄း၎ အရ ပြိုင်ပွဲမှ ထွက်လိုက်ရပြီဖြစ်သည်။
ပြီးခဲ့သည့် ပထမအကျော့ အဝေးကွင်းပွဲတွင် မန်ယူမှာ ဘိုင်ယန်အသင်းကို ၂း၁ ဖြင့် ရှုံးနိမ့်ထားခဲ့သည်။ ယမန်နေ့ ဒုတိယအကျော့ အိမ်ကွင်း ပွဲစဉ်တွင် မန်ယူ အသင်းအတွက် ဂိုးများကို ပထမပိုင်း ၃ မိနစ်တွင် ဂစ်ဘ်ဆင်၊ ၇ မိနစ်နှင့် ၄၁ မိနစ်တွင် နာနီတို့က အသီးသီးသွင်းယူသွားခဲ့ပြီး ဧည့်သည် ဘိုင်ယန် အသင်းအတွက် ဂိုးများကို ပထမပိုင်း ၄၃ မိနစ်တွင် အိုလစ်နှင့် ဒုတိယပိုင်း ၇၄ မိနစ်တွင် ရော်ဘင်တို့က သွင်းယူခဲ့သည်။
မန်ယူ အသင်းမှ နောက်ခံလူ ရာဖေးလ်မှာ ယမန်နေ့ပွဲ၌ ပွဲကစားချိန် ဒုတိယပိုင်း မိနစ် ၅၀ တွင် နှစ်ဝါတစ်နီဖြင့် ထုတ်ပယ် ခံခဲ့ရသည်။ လာမည့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်တွင် ဘိုင်ယန်အသင်းမှာ ပြင်သစ်ကလပ် လိုင်ယွန် အသင်းနှင့် အားစမ်းရမည် ဖြစ်သည်။

http://www.youtube.com/watch?v=Fi4DJJ5_9F4


ဘော်ဒိုး ၁းဝ လိုင်ယွန်

လိုင်ယွန် အသင်းမှာ ယမန်နေ့က ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယ အကျော့ အဝေးကွင်း ပွဲစဉ် အဖြစ် ဘော်ဒိုး အသင်းနှင့် ကစားခဲ့ရာ ၁းဝ ဖြင့် ရှုံးနိမ့်ခဲ့သော်လည်း နှစ်ကျော့ပေါင်း ရလဒ် ၂း၃ အရ သမိုင်း တစ်လျှောက် ပထမဆုံး အကြိမ် အဖြစ် ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်သွားပြီ ဖြစ်သည်။
ပြီးခဲ့သည့် ပထမ အကျော့ အိမ်ကွင်း ပွဲစဉ်တွင် လိုင်ယွန် အသင်းမှာ ဘော်ဒိုးကို ၃း၁ ဖြင့် အနိုင်ရထားခဲ့သည်။ ယမန်နေ့ ဒုတိယ အကျော့ အိမ်ကွင်း ပွဲစဉ်တွင် ဘော်ဒိုး အသင်း အတွက် ဂိုးကို ပထမပိုင်း ၄၅ မိနစ်တွင် ချာမက်ခ်က သွင်းယူသွားခဲ့သည်။
လိုင်ယွန် အသင်းမှာ လာမည့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်တွင် ပြီးခဲ့သည့် ကွာတားဖိုင်နယ် အဆင့်၌ မန်ယူ အသင်းကို အဝေးဂိုး စည်းမျဉ်း အရ အနိုင်ရခဲ့သည့် ဘိုင်ယန် အသင်းနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

0 comments: