ဆီမီးဖိုင်နယ် ချန်ပီယံလိဂ် ညများ (၂၈-၂၉ )

2:22 AM Posted In Edit This 0 Comments »
ဘိုင်ယန် ဖိုင်နယ် တက်ပြီ


ဘိုင်ယန် အသင်းမှာ ယမန်နေ့က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယ အကျော့ ပွဲစဉ်အဖြစ် လိုင်ယွန် အသင်းနှင့် အဝေးကွင်းတွင် ကစားခဲ့ရာ ၀း၃ ဖြင့် အနိုင် ရရှိပြီး နှစ်ကျော့ပေါင်းရ လဒ် ၀း၎ အရ ဖိုင်နယ် အဆင့်သို့ တက်ရောက်သွားပြီ ဖြစ်သည်။
ယင်းမှာ အဆိုပါ ဂျာမန် ကလပ် အတွက် ၂၀၀၁ ခုနှစ်နောက်ပိုင်း ပထမဆုံး အောင်မြင်မှုလည်း ဖြစ်သည်။ ဘိုင်ယန် အသင်းမှာ ပြီးခဲ့သည့် ပထမ အကျော့ အိမ်ကွင်းတွင် ကစားခဲ့စဉ်က လိုင်ယွန်ကို ၁းဝ ဖြင့် အနိုင်ရရှိထားသည်။ ယမန်နေ့ ဒုတိယအကျော့ အဝေးကွင်း ပွဲစဉ်တွင် ဘိုင်ယန် အသင်း အတွက် ဂိုးများကို တိုက်စစ်မှူး အိုလစ်က ပထမပိုင်း ၂၆ မိနစ်၊ ဒုတိယပိုင်း ၆၇ မိနစ်နှင့် ၇၈ မိနစ်များတွင် သွင်းယူသွားခဲ့သည်။
ယမန်နေ့ ပွဲတွင် အိမ်ရှင် လိုင်ယွန် အသင်းမှ ဘရာဇီး နောက်ခံလူ ခရစ္စမှာ ပွဲကစားချိန် ဒုတိယပိုင်း ၅၉ မိနစ်တွင် နှစ်ဝါ တစ်နီဖြင့် ထုတ်ပယ် ခံခဲ့ရသည်။ ယခုနှစ်ရာသီ ချန်ပီယံလိဂ် ဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည့် ဘိုင်ယန်မှာ ယနေ့ညတွင် ယှဉ်ပြိုင် ကစားမည့် ဘာစီလိုနာ-အင်တာ ပွဲစဉ်မှ အနိုင်ရရှိလာမည့် အသင်းနှင့် လာမည့် မေလ ၂၂ ရက်နေ့တွင် ထိပ်တိုက် ရင်ဆိုင်ရမည် ဖြစ်သည်။
ဘိုင်ယန် အသင်းမှာ ပြီးခဲ့သည့် ၂၀၀၁ ခုနှစ် ချန်ပီယံလိဂ် ဖိုင်နယ်တွင် စပိန်ကလပ် ဗလင်စီယာကို ပင်နယ်တီဖြင့် အနိုင်ယူပြီး ဗိုလ်စွဲခဲ့ဖူးသည်။

0 comments: