ဘရာဇီးကို အနိုင်ယူပြီး ဟော်လန်တို့ ဆီမီးတက်

2:13 AM Posted In Edit This 0 Comments »
ဘရာဇီးကို အနိုင်ယူပြီး ဟော်လန်တို့ ဆီမီးတက်


ယမန်နေ့က ၂၀၁၀ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပထမ ပွဲစဉ်အဖြစ် ဟော်လန်အသင်းနှင့် ဘရာဇီး အသင်းတို့ ကစားခဲ့ရာ ဟော်လန်က ဘရာဇီးကို အမှတ်မထင်ပဲ ၂း၁ ဖြင့် အနိုင်ရရှိပြီး ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်သွားပြီဖြစ်သည်။
ယင်းပွဲစဉ်တွင် ဟော်လန်အသင်းမှာ ဘရာဇီးကို နောက်မှ လိုက်ကစားခဲ့ရပြီး ဒုတိယပိုင်း ၅၃ မိနစ်တွင် ရှနိုက်ဒါ ကန်တင်သော ဘောလုံးမှာ ပြိုင်ဘက် ကွင်းလယ်လူ မယ်လိုနှင့် ထိပြီး ဂိုး ၀င်သွားသဖြင့် ကံကောင်းစွာ ချေပဂိုး ရရှိခဲ့သည်။ ထိုသို့ ချေပဂိုးသွားခြင်းကြောင့် ဟော်လန်တို့မှာ ကစားအား တက်လာပြီး ဒုတိယပိုင်း ၆၈ မိနစ်တွင် ကွင်းလယ်လူ ရှနိုက်ဒါက ခေါင်းတိုက်ပြီး အသင်း အတွက် အနိုင်ဂိုး သွင်းယူသွားခဲ့သည်။
ဘရာဇီးမှာ ဒုတိယပိုင်း ၇၃ မိနစ်တွင် မယ်လို တိုက်ရိုက် အနီကဒ်ဖြင့် ထုတ်ပယ် ခံရခြင်းကြောင့် လက်ကျန် မိနစ် များတွင် ၁၀ ယောက်တည်းနှင့် ခက်ခဲစွာ ကစား ခဲ့ရသည်။ ဘရာဇီး အသင်း အတွက် ဂိုးကိုမူ ပထမပိုင်း ၁၀ မိနစ်တွင် ရော်ဘင်ဟိုက သွင်းယူသွားခဲ့သည်။ ယခုကဲ့သို့ ဆီမီးဖိုင်နယ် အဆင့် အထိ တက်ရောက် သွားသော ဟော်လန်အသင်းမှာ ယခုလ ၆ ရက်နေ့တွင် ဥရုဂွေးအသင်းနှင့် နောက်ဆုံး ဖိုင်နယ်ပွဲ အဆုံးအဖြတ်အတွက် ရင်ဆိုင်ရမည်။



0 comments: