စပိန်နှင့် ဂျာမနီတွေ့ပြီ

6:02 AM Posted In Edit This 0 Comments »
စပိန်နှင့် ဂျာမနီတွေ့ပြီ
Post Date: 2010-07-04 03:28:59

၂၀၁၀ ကမ္ဘာ့ဖလား ပြိုင်ပွဲ ကွာတား ဖိုင်နယ် ပွဲစဉ် ၄ အဖြစ် ယူရို ၂၀၀၈ ချန်ပီယံ စပိန်နှင့် ပါရာဂွေး တို့ ယှဉ်ပြိုင် ကစားကြရာ စပိန်က ၁းဝ ဖြင့် အနိုင် ရရှိသွားခဲ့သည်။
၂ သင်းလုံးသည် အနိုင်ရရှိရေး အတွက် ကြိုးစား ကစားခဲ့ကြ သော်လည်း ပထမပိုင်းတွင် ဂိုးမရှိ သရေ ဖြစ်နေခဲ့သည်။
ဒုတိယပိုင်း ပြန်စပြီး ပွဲကစားချိန် ၅၉ မိနစ်တွင် ဂိုးရရန် အပိုင် အခွင့်အရေးကို စရသူမှာ ပါရာဂွေး ဖြစ်သည်။
သို့သော်လည်း ပါရာဂွေး အတွက် ပင်နယ်တီ ကန်ခွင့်ကို ဂိုးရအောင် မသွင်းနိုင်ပဲ လွဲချော် သွားစေခဲ့သူမှာ ကာဒိုဇိုဖြစ်သည်။
အလားတူ နောက် ၃ မိနစ်အကြာတွင် စပိန်ဘက်မှ ပင်နယ်တီကန်ခွင့် ပြန်လည် ရရှိခဲ့သည်။ သို့သော် အလွန်ဆို ကန်သွင်းသည့် ယင်း ပင်နယ်တီ မှာလည်း အချည်းနှီး ဖြစ်ခဲ့ရသည်။
ထို့နောက် ပွဲချိန် ၈၃ မိနစ် အရောက်တွင် ဂိုးမြူးနေသော စပိန် တိုက်စစ်မှူး ဒေးဗစ်ဗီလာက ဆီးမီးရောက် စေမည့် ဂိုးကို သွင်းယူ သွားနိုင် ခဲ့သည်။ ဗီလာမှာ ယခုအခါ ပြိုင်ပွဲ တစ်လျှောက် ၅ ဂိုး သွင်းယူ ထားနိုင်ခဲ့ပြီ ဖြစ်သည်။
စပိန်မှာ ဆီမီး ဖိုင်နယ်တွင် အာဂျင်တီးနားကို ၄ ဂိုးပြတ်ဖြင့် နိုင်ခဲ့သည့် ဂျာမနီနှင့် တွေ့ဆုံရမည် ဖြစ်သည်။


0 comments: