ကမ္ဘာ့အံ့သြဖွယ်ရာ ယဉ်လမ်းကြော

8:07 AM Posted In Edit This 0 Comments »
သဲကန္တာရထဲမှာ ဖောက်ထွင်းဆောက်လုပ်ထားတဲ့ ကားလမ်းမကို
တစ်ချက်လောက်ခံစားကြည့်ပါဦး ။ Jebel Hafeet Mountain
လမ်းမကြီးဟာ United Arab Emirates မှာတည်ရှိပြီး အံ့သြဖွယ်ရာ လမ်းမတစ်
ခုဖြစ်ပါတယ် ။ ၇.၃ မိုင်ခန့်ရှည်လျားပြီး ပေ ၄၀၀၀ လောက်နီးပါး
ကုန်းတက်လမ်းကို ဖောက်လုပ်ထား တာဖြစ်ပါတယ် ။ အကောက်အကွေ့ပေါင်း ၆၀
ခုပါရှိပြီး မာကျောတဲ့ မျက်နှာပြင်မှာပြုလုပ်ထားတဲ့ ချောမွတ်တဲ့
လမ်းမကြီးဖြစ် ပါတယ် ။ ကမ္ဘာ့ အံ့ဖွယ် ရှစ်ခုထဲမှာ တစ်ခုပါဝင်တယ်လို့
ဖော်ပြခြင်းခံရပြီး သူ့ကို ဘယ်လို ဖန်တီး တည်ဆောက်ခဲ့တယ်ဆိုတာ ကိုတော့
မဖော်ပြထားပါဘူး ။

ဒီလမ်းကြောင်းက

Jebel Hafeet တောင်ကို ဖြတ်သန်းဖောက်လုပ်ထားပြီး UAE မှာ အမြင့်ဆုံးလမ်း
ကြောင်းဖြစ်ပြီး ရေနံပေါများတဲ့ Persian Gulf ပြည်နယ်မှာတည်ရှိပါတယ် ။
အရှေ့တောင်ဖက်ကို ၃၀ ဒီဂရီမျှ မတ်စောက်ပြီး ဒီတောင်ကြီးဟာ Oman ရဲ့
နယ်နိမိတ်မှာ တည်ရှိပြီး ဒူဘိုင်း ပြည်နယ်နဲ့ မိနစ်ကိုးဆယ်မျှ
ကားမောင်းသွားရင် ရောက်ရှိနိုင်ပါတယ် ။ ဒီကားလမ်းမကြီးပေါ်ကနေ သဲကန္တာရတွေရဲ့
မြင်ကွင်းတွေကို ခံစားနိုင်သလို အံ့သြဖွယ်ရာ သဘာဝပါတ်ဝန်းကျင်တွေကို
ခံစားကြည့်ရှုနိုင်ပါတယ် ။
110.jpg110.jpg
25K View Download
111.jpg111.jpg
13K View Download
112.jpg112.jpg
22K View Download
113.jpg113.jpg
29K View Download

0 comments: