၁၉၇၀ နောက်ပိုင်း ပထမဆုံး အောင်ပွဲနှင့်အတူ

2:16 AM Posted In Edit This 0 Comments »
၁၉၇၀ နောက်ပိုင်း ပထမဆုံး အောင်ပွဲနှင့်အတူ

၂၀၁၀ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ဒုတိယ ပွဲစဉ်အဖြစ် ဥရုဂွေး အသင်းနှင့် ဂါနာ အသင်းတို့ ကစားခဲ့ရာ ဥရုဂွေးက ဂါနာကို ပင်နယ်တီဖြင့် အနိုင်ယူပြီး ၁၉၇၀ နောက်ပိုင်း ပထမဆုံး အကြိမ် ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက် သွားပြီ ဖြစ်သည်။
ယင်းပွဲစဉ်တွင် ဂါနာအသင်း အတွက် ဦးဆောင်ဂိုးကို ပထမပိုင်း ၄၅ မိနစ်တွင် မွန်တာရီက သွင်းယူ သွားခဲ့ပြီး ဥရုဂွေး အသင်း အတွက် ချေပဂိုးကို ဒုတိယပိုင်း ၅၅ မိနစ်တွင် ဖော်လန်က သွင်းယူ သွားခဲ့သည်။
ဤသို့ဖြင့် ပွဲကစားချိန် မိနစ် ၉၀ ပြည့်ရုံသာမက နာကျင်အချိန်ပို မိနစ် ၃၀ ပြည့်သည်အထိ ဥရုဂွေးနှင့် ဂါနာတို့မှာ တစ်ဖက် တစ်ဂိုးစီ သရေကျနေ၍ ပင်နယ်တီ အဆုံးအဖြတ် ခံယူရာတွင် ဥရုဂွေးက ၄း၂ ဖြင့် အနိုင်ရပြီး ဆီမီးဖိုင်နယ် အဆင့်သို့ ထိုက်တန်စွာ တက်ရောက် သွားနိုင်ခဲ့သည်။
ယင်းပွဲစဉ်တွင် ဥရုဂွေးမှ တိုက်စစ်မှူး ဆွာရက်ဇ်မှာ ပွဲကစားချိန် အချိန်ပို ဒုတိယပိုင်းတွင် တိုက်ရိုက် အနီကဒ်ဖြင့် ထုတ်ပယ် ခံခဲ့ရသည်။


0 comments: