တတိယဆုနဲ ကျေနပ်လိုက်ရတဲ့ ဂျာမဏီ

6:31 AM Posted In Edit This 0 Comments »
ဂျာမနီ ၃း၂ ဥရုဂွေး


၂၀၁၀ ကမ္ဘာ့ဖလား တတိယ နေရာလုပွဲ အဖြစ် ဂျာမနီနှင့် ဥရုဂွေးတို့ ယှဉ်ပြိုင် ကစားကြရာ ဂျာမနီ ၃း၂ ဖြင့် အနိုင် ရရှိ သွားခဲ့သည်။
ဂျာမနီအသင်းမှာ ကမ္ဘာ့ဖလား ၃ ကြိမ်ရဘူးသည့် အသင်း ဖြစ်ပြီး ဥရုဂွေးက ၂ ကြိမ် ရခဲ့ဘူးသည်။ ၎င်းအသင်း များသည် ဆီမီး ဖိုင်နယ်တွင် စပိန်၊ ဟော်လန်တို့ကို ရှုံးနိမ့်ခဲ့၍ တတိယ နေရာ အတွက်သာ ကစားကြရခြင်း ဖြစ်သည်။
ဂျာမနီ အသင်းတွင် ပုံမှန်ကစားနေကျ တိုက်စစ်မှူး များဖြစ်သော ကလိုဆေးနှင့် ပိုဒေါစကီးတို့ မပါဝင်ခဲ့ပဲ အိုဇီးလ်၊ မူလာ၊ ကာကာယူ တို့ကို ထည့်သုံးခဲ့သည်။
ဂျာမနီ အသင်းမှာ ပွဲအစ ၁၈ မိနစ်တွင်ပင် ဂိုးစရခဲ့ပြီး လူငယ် ကစားသမား မူလာက သွင်းယူခဲ့ခြင်း ဖြစ်သည်။ သို့သော် ဥရုဂွေး ဘက်မှ ကာဗာနီက ၂၈ မိနစ်တွင် ချေပဂိုး သွင်းယူခဲ့၍ ပထမပိုင်းတွင် သရေကျနေခဲ့သည်။
ဒုတိယပိုင်းတွင် ဥရုဂွေးမှ ဖော်လန်က ၅၁ မိနစ်၌ ဦးဆောင်ဂိုး သွင်းယူ နိုင်ခဲ့သေးသည်။ သို့သော် ဂျာမနီမှ ဂျန်ဆန်က ၅၆ မိနစ်တွင် ပြန်လည် ချေပခဲ့ပြီး ၈၂ မိနစ်၌ ခီဒီရာက ဂျာမနီအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပြန်သည်။ ဥရုဂွေးအသင်းမှာ အရှုံးဂိုးကို ချေပနိုင်ရန် ကြိုးစားခဲ့သော်လည်း ပွဲချိန်စေ့သည်အထိ ချေပဂိုးသွင်းနိုင်ခြင်း မရှိ၍ ဂျာမနီက ၃း၂ ဖြင့် အနိုင်ရရှိ သွားခဲ့သည်။
ယခုပွဲသို့ ပရိသတ်ပေါင်း ၃ သောင်း ၆ ထောင်ကျော် လာရောက် ကြည့်ရှုခဲ့ကြသည်။

0 comments: