ကြွေးဟောင်း မဆပ်နိုင်ခဲ့သော ဂျာမနီ

3:57 AM Posted In Edit This 0 Comments »
ကြွေးဟောင်း မဆပ်နိုင်ခဲ့သော ဂျာမနီ


ဂျာမနီ အသင်းမှာ ယမန်နေ့က ၂၀၁၀ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် ပွဲစဉ် အဖြစ် စပိန် အသင်းနှင့် ကစားခဲ့ရာ ၁းဝ ဖြင့် ရှုံးနိမ့် ခဲ့ပြီး နောက်ဆုံး ဖိုင်နယ်ပွဲနှင့် လွဲခဲ့ရပြီဖြစ်သည်။
ပြီးခဲ့သည့် ယူရို ၂၀၀၈ ဖိုင်နယ် တွင်လည်း ဂျာမနီမှာ စပိန်ကို ယခုကဲ့သို့ပင် ၁းဝ ဖြင့် အရေးနိမ့်ခဲ့ဖူးသည်။ ယမန်နေ့ ပွဲစဉ်တွင် စပိန် အသင်း အတွက် တစ်လုံးတည်းသော ဂိုးကို ဒုတိယပိုင်း ၇၃ မိနစ်တွင် နောက်ခံလူ ပူယိုးလ်က ထောင့်ကန် ဘောမှ တစ်ဆင့် ခေါင်းတိုက် သွင်းယူသွားခဲ့သည်။
ဂျာမနီ အသင်းမှာ ယင်းပွဲစဉ်တွင် ယခင် အင်္ဂလန်၊ အာဂျင်တီးနား တို့ကို အနိုင်ယူစဉ်က ခြေစွမ်းမျိုးကဲ့သို့ မဟုတ်တော့ပဲ အားနည်း ချက်များ ဖြစ်ပေါ်ခဲ့ပြီး ခက်ခက်ခဲခဲ ရုန်းကန် ခဲ့ရသည်။ အဓိက တိုက်စစ်မှူး မူလာ မပါဝင်ခြင်းမှာ ဂျာမနီ အသင်း၏ တိုက်စစ် ကို သိသိသာသာ အားနည်း စေခဲ့သည်။ နောက်ဆုံးပွဲသိမ်း ခရာမှုတ်ချိန်တွင် ဂျာမနီမှာ စပိန်ကို မည်သို့မျှ မတတ်နိုင် တော့ပဲ ၁းဝ ဖြင့် အရှုံးပေး ခဲ့ရသည်။ သို့ဖြစ်၍ ဂျာမနီမှာ ယခုလ ၁၀ ရက်နေ့တွင် ဟော်လန် အသင်း နှင့် ဆီမီးဖိုင်နယ် ပထမပွဲကို အရေးနိမ့် ထားသည့် ဥရုဂွေး အသင်းနှင့် တတိယ နေရာလုပွဲ အဖြစ် ရင်ဆိုင် ရမည်ဖြစ်ပြီး နောက်ဆုံး ဖိုင်နယ် အဆင့်သို့ တက်ရောက် သွားခဲ့သည့် စပိန်မှာ ယခုလ ၁၁ ရက်နေ့တွင် ဟော်လန် အသင်းနှင့် ရင်ဆိုင် ရမည်ဖြစ်သည်။


0 comments: