ဆီမီးဖိုင်နယ်ေ၇ာက် ဟော်လန်

3:54 AM Posted In Edit This 0 Comments »
အသင်း အောင်မြင်မှုအတွက် ဟော်လန်နည်းပြ ကျေနပ်

ဟော်လန် အသင်းမှ နည်းပြ ဖြစ်သူ ဗန်မာဝစ်က ၎င်း အနေဖြင့် ယမန်နေ့တွင် ဥရုဂွေး အသင်းကို ၃း၂ ဖြင့် အနိုင်ယူကာ ယခုနှစ် ကမ္ဘာ့ဖလား ဖိုင်နယ်သို့ တက်ရောက် နိုင်ခဲ့သည့် အသင်း အောင်မြင်မှု အတွက် ကျေနပ် ဂုဏ်ယူ မိကြောင်း ပြောကြား လိုက်သည်။
၎င်းက “ သိပ်ကို ကောင်းတဲ့ ပွဲလေးတစ်ခုပါ။ နှစ်ပေါင်း ၃၂ နှစ်ကြာ နောက်ပိုင်းမှာ ကျွန်တော်တို့ဟာ ဖိုင်နယ် အဆင့်ထိ ရောက်အောင် ကြိုးစား နိုင်ခဲ့ပါပြီ။ နိုင်ငံအတွက် ဂုဏ်ယူ ပါတယ်။ ကျွန်တော်တို့ဟာ စပိန် ဒါမှမဟုတ် ဂျာမနီနဲ့ ဖိုင်နယ်မှာ တွေ့ရမှာပါ။ ကြည့်ရ သလောက် ဒီ ၂ သင်းရဲ့ ခြေဟာ သိပ်မကွာ ပါဘူး။ စပိန်နဲ့ ဂျာမနီ အသင်းတွေဟာ သူ့ အရည်အချင်းနဲ့ သူ ကောင်းကြပါတယ်။ တကယ်လို့ ဂျာမနီသာ ဖိုင်နယ် တက်လာမယ် ဆိုရင်တော့ ၁၉၇၄ ကမ္ဘာ့ဖလား မကြေပွဲ ဖြစ်လာ မှာပါ။ ဒါပေမယ့် ကျွန်တော်တို့ဟာ လက်စားချေမယ်ဆိုတဲ့ စိတ်ရှိနေတာ မဟုတ်ပါဘူး။ အဲဒီတုန်းက အသင်းဟာ အကောင်းဆုံး ကစားခဲ့ပေမယ့် နောက်ဆုံး သူတို့ကို ရှုံးခဲ့တာပါ ” ဟု ပြောဆိုခဲ့သည်။


0 comments: