၉၊၁၀-၃-၂၀၁၀ ချန်ပီယံလိဂ် ညများ

2:35 PM Posted In Edit This 0 Comments »
ပေါ်တို အသင်းကို အိမ်ကွင်း အသာဖြင့် ဂိုးမိုး၇ွာပြီး ချန်ပီယံလိဂ် ကွာတဖိုင်နယ် တက်သွးသော အာဆင်နယ်



အဝေးကွင်း ဂိုးအသာ ဖြင့် ကွာတဖိုင်နယ် တက်သွားသော ဘိုင်ယန်

အေစီမီလန် ကို ပြတ်ပြတ်သားသား အနိုင်၇လိုက်တဲ့ မန်ယူ ( ၄- ၀ )

ဒုတိယ အဆင့် မှ ထွက်သွားလိုက်၇တဲ့ နာမည်ကြီး ၇ီးယဲလ်မက်ဒ၇စ်

ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်း အဆင့်၏ ဒုတိယအကျော့ပွဲစဉ်များကို ပြီးခဲ့သည့် အင်္ဂါ၊ ဗုဒ္ဓဟူးနေ့များက ယှဉ်ပြိုင် ကစားခဲ့ကြပြီး အာဆင်နယ်၊ ဘေယန် မြူးနစ်၊ လိုင်ယွန်၊ မန်ယူအသင်းတို့ ကွာတားဖိုင်နယ်သို့ အသီးသီးတက် ရောက်သွားခဲ့ကြောင်း သိရှိရသည်။


အာဆင်နယ်နှင့် ပေါ်တိုတို့၏ ပွဲစဉ်တွင် အာဆင်နယ်အသင်းက (၅-၀) ဂိုးဖြင့် ဂိုးပြတ်အနိုင်ယူကာ နှစ်ကျော့ပေါင်း (၆-၂)ဂိုးဖြင့် ကျော်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ အာဆင်နယ်အသင်းသည် နှစ် ၃၀ ကျော်ကြာ မှတ်တမ်းဆိုးဖြစ်သည့် ပထမအကျော့ရှုံးနိမ့်ပြီးလျင် ဒုတိယအကျော့ပွဲစဉ်တွင် ပြန်မလာနိုင်ခဲ့သည့် အစဉ်အလာကို ရပ်တန့်ပစ်နိုင်ခဲ့သည်။ ထို့ပြင် ပေါ်တိုအား အိမ်ကွင်းတွင် ပွဲတိုင်းနိုင်သည့်အပြင် ဂိုးမပေးရသည့် စံချိန်ကိုပါ ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ သည်။ အာဆင်နယ်အတွက် ဂိုးများကို ဘန်လေနှင့် ပွဲတွင် သေချာပေါက်အခွင့်အရေးများ လွဲချော်ခဲ့သောကြောင့် ဝေဖန် ခံခဲ့ရသည့် ဘန်တနာက (၁၀၊ ၂၅၊ ၉၀-ပယ်နယ်တီ)မိနစ်များတွင် Hat-trick ရယူခဲ့ပြီး ကျန်ဂိုးများကို ၆၃ မိနစ်နှင့် ၆၆ မိနစ်များတွင် နာဆရီနှင့် အီဘိုယေးတို့က အသီးသီးသွင်းယူပေး ခဲ့ကြသည်။ အင်္ဂါနေ့ အခြားပွဲစဉ်တွင် ဘေယန်မြူးနစ်အသင်းသည် ဖီအိုရင်တီး နားကို(၃-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ပထမအကျော့တွင် (၂-၁)ဂိုးဖြင့် အနိုင် ရထားသောကြောင့် အဝေးဂိုးဖြင့် နောက်တစ်ဆင့်တက်ရောက်သွားခဲ့သည်။ ယခုပွဲစဉ်တွင် ဘေယန်ခံစစ်ပိုင်းအမှားအယွင်းများခဲ့ပြီး ဧရိယာထဲတွင် လက်ထိဘောများဖြစ်ခဲ့သော်လည်း ဒိုင်လူကြီး က ပယ်နယ်တီမပေးခဲ့သဖြင့် ဘေယန် သက်သာရာရခဲ့ခြင်းဖြစ်သည်။ ဖီအိုရင် တီးနားအတွက် ဂျိုဗီတစ်က နှစ်ဂိုးနှင့် ဗာဂတ်စ်က တစ်ဂိုးသွင်းယူပေးခဲ့ပြီး ဘေယန်အတွက်မူ ဗန်ဘွန်မဲလ်နှင့် ရော်ဘင်တို့က ပြန်လည်ချေပခဲ့သည်။


ဗုဒ္ဓဟူးနေ့ပွဲစဉ်များတွင် မန်ယူက အေစီမီလန်ကို အိမ်ကွင်းတွင် (၄-၀)ဂိုး ဖြင့် ထပ်မံအနိုင်ယူကာ နှစ်ကျော့ပေါင်း (၇-၂)ဂိုးဖြင့် ကွာတားတက်ခဲ့သည်။ မန်ယူအသင်းသည် အေစီမီလန်နှင့် ရှုံးထွက်ပွဲစဉ်များတွင် ဆုံတွေ့တိုင်းရှုံးနိမ့်ခဲ့သည့် အရိပ်ဆိုးကို ချိုးဖျက်နိုင်ခဲ့သည်။ မန်ယူ အတွက် ရွန်နီက နှစ်ဂိုးသွင်းခဲ့ပြီး ပက်ဂျီဆန်နှင့် ဖလက်ချာက တစ်ဂိုးစီသွင်း ပေးခဲ့သည်။ ရီးယဲယ်နှင့် လိုင်ယွန်ပွဲစဉ် တွင် စီရော်နယ်လ်ဒို၏ ဂိုးဖြင့်ဦးဆောင်ခဲ့သော်လည်း ယာနစ်က လိုင်ယွန်အတွက် ချေပဂိုးသွင်းခဲ့သောကြောင့် ရီး ယဲယ်တို့ နှစ်ကျော့ပေါင်း(၂-၁)ဂိုးဖြင့် အရေးနိမ့်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲက ထွက်ခွာခဲ့ရသည်။ ရီးယဲယ်အနေဖြင့် ယခု အကြိမ်နှင့်ဆိုလျင် နောက်ဆုံး(၆)ရာသီ ဆက်တိုက်ရှုံးထွက်အဆင့်နှင့် ကျေနပ်ခဲ့ရခြင်းဖြစ်သည်

0 comments: