နှလုံးတစ်ခုတည်းရှိတဲ့ ရင်ခြင်းဆက် အမွှာညီမ

6:07 PM Posted In Edit This 0 Comments »
Go to fullsize image Go to fullsize image

တကယ့်ကို မိဘတွေအတွက် ခက်ခဲတဲ့ ဆုံးဖြတ်ချက်ပေးရတော့မှာပါ။

မလုပ်ခြင်ပေမဲ့လည်း မရတော့ဘူး။ (၃) နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ Emma နှင့်
Taylor ဟာ ရင်ခြင်းဆက်အမွှာဖြစ်ပါတယ်။ အကယ်၍မခွဲဘူးဆိုရင်တော့
နှစ်ယောက်လုံး သေမှာ ဖြစ်ပါတယ်။ အကြောင်းကတော့ သူတို့ နှစ်ယောက်လုံးဟာ
နှလုံး တစ်ခုတည်းနဲ့ရှင်သန်နေရတာဖြစ်ပါ
တယ်။ ဆရာတွေကတော့
မိဘတွေရဲ့ဆုံးဖြတ်ချက်ကို တောင်းနေပြီဖြစ်ပါတယ်။ နောက်ပြီး Emma နှင့်
Taylor ရဲ့ ရင်ညွှန့်ရိုးဟာလည်း တစ်ယောက်စာ အတွက်သာရှိပါတယ်။ Emma နှင့်
Taylor မွေးကင်းစ ပထမဆုံးအကြိမ် အသက်ရှုခဲ့တဲ့အချိန်မှာတော့ သူတို့ရဲ့
နှလုံးဟာ အလုပ်ပိုလုပ်ရပြီး မနိုင်ဝန်ထမ်းနေရတာကို တွေ့ရှိရတော့
သူတို့နှစ်ယောက်လုံး အသက် ၁၅ မိနစ်လောက်သာ

အသက်ရှင်နိုင်မယ်လို့ ထင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဆရာဝန်တွေကတော့
နောင်နှစ်မှာ သူတို့နှစ်ယောက်ဟာ မဖြစ်မနေ ခွဲထုပ်ပြစ်ရမှာဖြစ်တယ်လို့
ဆိုပါတယ်။ ထိုသို့ ခွဲထုတ်လိုက်ပါက နှစ်ယောက်စလုံး
အသက်ရှင်ဖို့အတွက်ကတော့ ရာခိုင်နှုန်းအလွန်နည်းတယ်လို့
ဆိုပါတယ်။
အရင်တုန်းကတော့ အသည်းတစ်ခုတည်းနဲ့ အသက်ရှင် တဲ့မိန်းခလေး နှစ်ယောက်ကို
အသည်းအစားထိုး ကုသခဲ့ရာမှာ အောင်မြင်စွာဖြင့် နှစ်ယောက်လုံး
အသက်ရှင်နိုင်ခဲ့ပါတယ်။ ယ္ခု Emma နှင့် Taylor အတွက်လည်း
ထိုကဲ့သို့ပင်ဖြစ်ပါတယ်။ (ကျွန်တော်စဉ်းစားကြည့်တာပါ အစားထိုးတော့လည်း
လူကြီးနှလုံး နဲ့ထိုးရပါ့မလား) အမေရိကန်နိုင်ငံ Arizona မှာနေတဲ့
မိခင်ဖြစ်သူ Mandy Bailey ၃၂ နှစ်ကတော့ ကျွန်မတို့ ခက်ခဲတဲ့
ရွေးချယ်မှု့ကို ရွေးရတော့မယ်ဆိုတာ ကျမတို့သိပါတယ်။ ဒါဟာ တကယ့်ကို
စွန့်စားရမယ် ဆုံးဖြစ်ချက်ဖြစ်ပါတယ်။ တကယ်လို့များ
မခွဲဘဲထားလိုက်မယ်ဆိုရင်လည်း ရလာမဲ့ အဖြေကို ကျွန်မတို့ နားလည်ပါတယ်လို့
ဆိုပါတယ်။ သူတို့နှစ်ယောက်ဟာ ချစ်စရာကောင်းတဲ့ အမူအကျင့်လေးတွေ
ကွဲပြားတယ် Emma ကတော့ ဆရာကြီးလုပ်ခြင်တဲ့ အကျင့်ရှိတယ်။ Taylor ကျတော့
နည်းနည်းလေး မျက်နှာက စပ်ဖြီးဖြီးနဲ့ ရယ်စရာလုပ် တယ်လို့ ဆိုပါတယ်။
Baileys မှာတော့တခြား ခလေး ၄ ယောက်ရှိပါသေးတယ်။ ကဲ့ မိတ်ဆွေတို့သာ
ထိုအမွှာမိဘ ဖြစ်နေရင် ဘယ်လိုဆုံးဖြတ်မလဲ.....
ပိုသိခြင်ရင်တော့ http://www.twosisters-oneheart.blogspot.com/ မှာ
သွားဖတ်နိုင်ပါတယ်။

0 comments: