Words of wisdom

6:52 AM Posted In Edit This 0 Comments »
စိတ်တိုင်းမကျတိုင်း

အပြစ်ပြောတတ်သူသည်

အမှားဘက်၌သာရှိသည်။



တစ်ဘက်သားအား နားဝင်မချိုအောင်

ပြောတတ်သူသည် ပေးဆပ်၊

စွန့်လွှတ်သော အရာ၌ သူတကာထက်သာလွန်၏။


အေးချမ်းသော ဘ၀တစ်ခုကို

ပိုင်ဆိုင်ဖို့ရန် ပူလောင်ပြင်းထန်သော

ခံစားချက်တို့ကို ဖြတ်ကျော်နိုင်ရမည်
-------------------------- -------

မိမိကိုယ်တိုင် အလိမ်ခံရဖူးမှသာလျှင်

အမှန်တရားနှင့် လိမ်ညာမှုကို

ခွဲခြားတတ်မည်။


ဆုံးရှုံးမှုတည်းဟူသော ဖြစ်ရပ်တို့သည်

တဖန်ပြန်၍ ရယူရန် ကြိုးစားရာ၌

အကြံဥာဏ်ကောင်းများကို ပေးစွမ်းနိုင်၏။


ကံဆိုးခြင်းကို မရင်ဆိုင်ရပါက

ကြီးပွားခြင်းသို့ မရောက်နိုင်။


မိဘဟူသည် သားသမီးဆိုသော

အိမ်တအိမ်အတွက် ခြံစည်းရိုးပင်ဖြစ်သည်


မိဘအပေါ် သိတတ် နားလည်သူသည်

ကံဆိုးခြင်းအတွက် ယတြာမလို။ ။


အချို့သော ခံစားချက်တို့သည်

အော်ဟစ် ငိုကျွေးမှသာလျှင်

သက်သာလေ၏။ ။


စိတ်ညစ်သော အခါ၌

နှလုံးသားကို မသုံးဘဲ

ဦးနှောက်ကိုသာ သုံးပါ။


အဝေးဆုံးကို မျှော်ကြည့်တိုင်း

အနီးဆုံးကိုလည်း လျစ်လျူမရှုပါနဲ့။


ယနေ့တာဝန်ကို အကောင်းဆုံး ဖြစ်အောင်

ထမ်းဆောင်ခြင်းသည် မနက်ဖြန်၏

ကံကောင်းခြင်းကို ဖန်ဆင်းခြင်း ဖြစ်၏။


ဘ၀၌ မည်သည်ကိုမှ ပိုင်ဆိုင်ထားခြင်း

မရှိသူသည် တခြားသူများထက်ပင်

ပိုင်ဆိုင်ချင်စိတ်များ ထက်သန်၏။


မည်သို့ပင် ပေးကမ်းလိုစိတ်ရှိသော်လည်း

ရယူအသုံးချတတ်မှသာလျှင်

ပေးရကျိုးနပ်ပါ၏။

0 comments: