ချန်ပီယံလိဂ် ကွာတားဖိုင်နယ်  ပွဲစဉ်များကို ယမန်နေ့က ထုတ်ပြန် ကြေငြာခဲ့ရာ အင်္ဂလန် ကလပ် အာဆင်နယ် အသင်းမှာ  ပြီးခဲ့သည့် ၂၀၀၆ ခုနှစ် ဖိုင်နယ်တွင် တွေ့ဆုံခဲ့ဖူးသည့် လက်ရှိ ချန်ပီယံ ဘာစီလိုနာ  အသင်းနှင့် ရင်ဆိုင် ရမည် ဖြစ်ပြီး မန်ယူ အသင်းမှာလည်း ၁၉၉၉ ခုနှစ် ချန်ပီယံလိဂ်  ဖိုင်နယ်တွင် ရင်ဆိုင်ခဲ့ဖူးသည့် ဂျာမန်ကလပ် ဘိုင်ယန်အသင်းနှင့် ပြန်တွေ့ ရမည်  ဖြစ်သည်။
  နည်းပြ မော်ရင်ဟို၏ အင်တာ အသင်းမှာ ၂၀၀၅ ခုနှစ် ယူအီးအက်ဖ်အေ ဖလား  ဆုရှင် ရုရှားကလပ် CSKA မော်စကို အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ယခုကဲ့သို့  ပွဲစဉ်များ ထွက်ပေါ် လာမှုအပေါ် မန်ယူ နည်းပြ ဖာဂူဆန်က “ကျွန်တော်တို့ အနေနဲ့ အခုလို  ဘိုင်ယန်နဲ့ ပြန်တွေ့ရမယ်ဆိုတော့ သမိုင်းတစ်ပတ် ပြန်လည်လာသလို ခံစားရပါတယ်။ ၁၉၉၉  ခုနှစ်တုန်းက သူတို့ကို အနိုင်ယူပြီး ချန်ပီယံလိဂ် ဖလားရယူခဲ့တဲ့ အသင်းရဲ့  ပုံရိပ်တွေဟာ ဒီနေ့အထိ အသက်ဝင် နေပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စိတ်လှုပ်ရှားစရာ  ပွဲတစ်ခုတော့ ဖြစ်လာဖို့ သေချာနေပါပြီ” ဟု ပြောဆိုခဲ့သည်။
  ဘိုင်ယန် အသင်း ဥက္ကဋ္ဌ  ရူမန်ဂျီက “မန်ယူဟာ ဥရောပ အဆင့်အတန်းပြည့်မီတဲ့ အသင်းပါ။ ကျွန်တော်တို့ သူတို့ကို  ခက်ခက်ခဲခဲတော့ ယှဉ်ပြိုင်ရပါလိမ့်မယ်” ဟု ပြောဆိုခဲ့သည်။ ချန်ပီယံလိဂ်  ကွာတားဖိုင်နယ် ပွဲစဉ်များကို လာမည့် ယခုလ ၃၀ ၊ ၃၁ ရက်နေ့နှင့် လာမည့် ဧပြီလ ၆၊ ၇  ရက်နေ့များတွင် အိမ်ကွင်း အဝေးကွင်း ၂ ကျော့  ကစားစေမည်ဖြစ်သည်။
 
    | ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ်များ | 
  | မတ်လ ၃၀  ရက် | လိုင်ယွန် | Vs | ဘော်ဒိုး | 
  | ဘိုင်ယန် | Vs | မန်ယူ | 
  | မတ်လ ၃၁  ရက် | အာဆင်နယ် | Vs | ဘာစီလိုနာ | 
  | အင်တာ | Vs | CSKA  မော်စကို | 
  | ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့  ပွဲစဉ်များ | 
  | ဧပြီလ ၆  ရက် | ဘာစီလိုနာ | Vs | အာဆင်နယ် | 
  | CSKA  မော်စကို | Vs | အင်တာ | 
  | ဧပြီလ ၇  ရက် | ဘော်ဒိုး | Vs | လိုင်ယွန် | 
  | မန်ယူ | Vs | ဘိုင်ယန် | 
   ယမန်နေ့တွင် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်  ပွဲစဉ်များကိုပါ ဆက်လက် ကြေငြာခဲ့ပြီး ယင်းပွဲစဉ်များကို လာမည့် ဧပြီလ ၂၀  ရက်နေ့နှင့် ၂၁ ရက်နေ့ အပြင် ဧပြီလ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့များတွင် အိမ်ကွင်း၊  အဝေးကွင်းနှစ်ကျော့ခွဲပြီး ယှဉ်ပြိုင် မည်ဖြစ်သည်။
    | ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့  ပွဲစဉ်များ | 
  | ဧပြီလ ၂၀  ရက် | အင်တာ/CSKA မော်စကို | Vs | အာဆင်နယ်/ဘာစီလိုနာ | 
  | ဧပြီလ ၂၁  ရက် | ဘိုင်ယန်/မန်ယူ | Vs | လိုင်ယွန်/ဘော်ဒိုး | 
  | ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့  ပွဲစဉ်များ | 
  | ဧပြီလ ၂၇  ရက် | လိုင်ယွန်/ဘော်ဒိုး | Vs | ဘိုင်ယန်/မန်ယူ | 
  | ဧပြီလ ၂၈  ရက် | အာဆင်နယ်/ဘာစီလိုနာ | Vs | အင်တာ/CSKA  မော်စကို | 
 
0 comments:
Post a Comment