တိုဂိုအသင်းသားများ စီးနင်းလာသည့်ကား သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် သုံးဦးသေဆုံးပြီး နှစ်ဦးပြင်းထန်စွာ ဒဏ်ရာရခဲ့

12:25 PM Posted In Edit This 0 Comments »
တိုဂိုအသင်းသားများ စီးနင်းလာသည့်ကား သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် သုံးဦးသေဆုံးပြီး နှစ်ဦးပြင်းထန်စွာ ဒဏ်ရာရခဲ့




အန်ဂိုလာနိုင်ငံတွင်ကျင်းပမည့် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရန် ရောက်ရှိလာသည့် တိုဂိုအသင်း၏ကားကို သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရ၍ သုံးဦးသေဆုံးပြီး နှစ်ဦးမှာ ပြင်းထန်စွာဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။

သေဆုံးသူများမှာ အသင်း၏ လက်ထောက်နည်းပြ၊ မီဒီယာအရာရှိနှင့် ယာဉ်မောင်းတို့ ဖြစ်ကြောင်း သိရသည်။ ဂိုးသမားဖြစ်သူနှင့် အလယ်တန်းကစားသမားတစ်ဦးတို့မှာ ပြင်းထန်စွာဒဏ်ရာရရှိခဲ့ခြင်းကြောင့် တောင်အာဖရိကနိုင်ငံသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

တိုဂိုဘောလုံးအသင်းအား သယ်ဆောင်လာသည့် မော်တော်ယာဉ်မှာ ပြိုင်ပွဲကျင်းပမည့် ကာဘင်တာဒေသသို့အသွား အန်ဂိုလာနယ်စပ်တွင် ခွဲထွက်ရေးသူပုန်များ၏ နာရီဝက်ကြာပစ်ခတ်မှုကို ခံခဲ့ရခြင်းဖြစ်သည်။

အကြမ်းဖက်တိုက်ခိုက်ခံရမှုမှ လွတ်မြောက်ခဲ့သည့် တိုဂိုအသင်းခေါင်းအဒီဘာယော

၎င်းဖြစ်ရပ်များနှင့်ပတ်သက်၍ တိုဂိုအသင်းခေါင်းဆောင်အဒီဘာယောက ''ကစားသမားအတော်များများဟာ ပြိုင်ပွဲကိုယှဉ်ပြိုင်လိုစိတ် မရှိတော့ပါဘူး။ ကစားဖော်တစ်ဦးရဲ့ ခန္ခာကိုယ်မှာ ကျည်ဆံထိသွားတာကို သူတို့ မျက်မြင်တွေ့ခဲ့ရပါတယ်။ သူတို့ဟာ ဒီဖြစ်ရပ်ကြောင့် အိပ်တောင် မအိပ်နိုင်ကြပါဘူး''ဟု BBC သတင်းဌာနသို့ ပြောကြားခဲ့သည်။

တိုဂိုကစားသမားများသည် ယင်းဖြစ်စဉ်ကြောင့် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်လိုစိတ်မရှိတော့ဘဲ နေရပ်သို့သာ ပြန်လိုနေကြောင်းလည်း သိရသည်။


0 comments: