ဂူးဂဲဗွိုင့်စ် ဖုံးနံပါတ် သင့်မှာ ရှိပြီလား

11:22 AM Posted In Edit This 0 Comments »

ဂူးဂဲဗွိုင့်စ် ဖုံးနံပါတ် သင့်မှာ ရှိပြီလား

13/01/2010


ဂူးဂဲက ဗွိုင့်စ် ၀န်ဆောင်မှု ပေးလိုက်ပြီ။ ဂျီမေးကတဆင့်သွားတဲ့ အွန်လိုင်းတယ်လီဖုံး စာမျက်နှာတခု ဖြစ်ပါတယ်။ အီးမေးနဲ့ ချိတ်ဆက်ပြီး ဂူးဂဲဗွိုင့်စ် အင်တာနက်စာမျက်နှာထဲကို ၀င်၊ သူ့ဆီက ဖုံးနံပါတ်တခု အခမဲ့ ရွေးယူလိုက်။ အဲသည် ဖုံးနံပါတ်ကို သင့် မိတ်ဆွေတွေဆီ ဖြန့်ဝေလို့ရပြီ။ ကိုယ်ပိုင်ဖုံးနံပါတ်တခုလိုမျိုး။ သို့သော် အဲသည်နံပါတ်နဲ့ဖုံးကို အိမ်အထိ ကြိုးလာမသွယ်၊ ဆဲဖုံးအဖြစ် ထုတ်မပေးဘဲနဲ့ သင့်မှာ ရှိနှင့်ပြီးသား ကြိုးဖုံး၊ ကြိုးမဲ့ဖုံး နံပါတ်တွေနဲ့ အွန်လိုင်း စာမျက်နှာပေါ်ကနေ ချိတ်ဆက်ထားရပါတယ်။ Call forwarding လို့ ခေါ်တယ်။

သင်ဖုံးခေါ်ချင်ရင် ဂျီမေးကနေ ဂူးဂဲဗွိုင့်စ် အကောင့်စာမျက်နှာထဲကို ၀င်၊ ဟိုကဖုံးနံပါတ်ကို စာရိုက်ထည့်လိုက်၊ ပြီင်္းတော့ သင့် အိမ်ဖုံး သို့မဟုတ် ဆဲလ်ဖုံးကို ချိတ်ခိုင်းလိုက်၊ ဂူးဂဲဗွိုင့်စ် က အွန်လိုင်းအော်ပရေတာအဖြစ် ဟိုကိုခေါ် ပြီးတော့ သည်ကို ပြန်ဆက်ပေးလိုက်လိမ့်မယ်။ ပြောပေတော့ စိတ်ကြိုက်။
အော် စိတ်ကြိုက်တော့ မဟုတ်၊ သင်က ဘဏ်သို့မဟုတ် ခရက်ဒစ်ကဒ်နဲ့ ဂူးဂဲဗွိုင့်စ်ကနေ ဖုံးဖိုးတွေ ကြိုဝယ်ထားရပါတယ်။ ၁၀ ဖိုး (ဒေါ်လာ) နဲ့ အထက်။ ပြည်တွင်း ပြည်ပ နိုင်ငံတကာ တမိနစ်ခေါ်နှုန်းတွေက မြန်ကောင်း သက်သာ၊ မြန်မာပြည်ကို ၃၅ ဆင့် တမိနစ် (ထုံးစံဈေးပါ)။
ဂူးဂဲဗွိုင့်စ် ဖုံးနံပါတ်လိုချင်ရင် http://voice.google.comကိုသွားပြီးတော့ စိတ်ဝင်စားပါကြောင်း၊ မိမိကို ဖိတ်ခေါ်ပါဆိုပြီး ဂျီမေးတခု ထားခဲ့ရတယ်။ ဒါဆိုရင် သူကလှမ်းဖိတ်လိမ့်မယ်။ မိတ်ဆွေတွေထဲမှာ ဂူးဂဲဗွိုင့်စ် အကောင့်ရှိပြီးသူများကလည်း အချင်းချင်း ဖိတ်ပေးလို့ရတယ်။ သာဂိဖိတ်လိုက်တာ လစ်မစ်တွေ ကုန်သွားပြီ။
ကောင်းတာတွေကတော့ - ကိုယ်ပိုင်သီးသန့်ဖုံးနံပါတ်တခု လိုင်းတွေ ကြိုးတွေ ထပ်ဆွဲစရာမလိုဘဲ ထပ်ရတယ်။ ဗွိုင့်စ်မေးတွေ ထားခဲ့လို့ရတယ်။ Call Forwarding ရတယ်။ အွန်လိုင်းကနေ လိပ်စာစာအုပ်နဲ့ ဖုံးကော အီးမေးကော မှတ်လို့ရသွားတယ်။ တချို့ဖုံးတွေကို အသံသွင်းပြီး သိမ်းထားလို့ရတယ်။ ဗွိုင့်စ်မေး မက်ဆိတ်ခ်ျတွေကိုလည်း အွန်လိုင်းမှာ သိမ်းထားပြီး ပြန်ဖွင့်၊ ပြန်ဖျက်လို့ ရတယ်။ အံမယ် - ဗွိုင့်မေးမတ်စိကို အီးမေးကနေ ဖောဝပ်လုပ်လို့တောင် ရသေးတယ်။

0 comments: