Clinical examination လူနာအား မေးမြန်း စစ်ဆေးခြင်း

6:19 PM Posted In Edit This 0 Comments »

Complaints (C/o) or Chief complaints (C/C) လူနာကပြောသော တိုင်တန်းချက်များကို မေးမြန်းမှတ်သားရသည်။


၎င်းတို့မှာ Symptoms ရောဂါလက္ခဏာများဖြစ်သည်။ ပြောပြချက်ရှိသမျှ (၁)၊ (၂)၊ (၃)၊ ရေးမှတ်ပါ။ Complaints တခုတိုင်းသည် Duration မည်မျှကြာသည် ဆက်မေးပါ။ လူနာပြောသည့် စကားအတိုင်း ရေးမှတ်ပါ။ လိုအပ်လျင် ဆရာဝန်က မေးလိုသော မေးခွန်းများ မေးရမည်။ ဥပမာ မည်သည့်အချိန်မျိုး၌ ရောဂါကို ခံစားရသည်။ မည်မျှ ဆိုးသည်။ မည်သည့်နေရာ အတိအကျကျ ဖြစ်သည်။ မည်သည့် အရပ်မျက်နှာသို့ ကူးသွားသည်။ မည်သည့်အချိန်၌ ပိုဆိုးသည်။ မည်သို့နေလျင်၊ မည်သည့်အချိန် သက်သာသည်။

အမျိုးသမီးဖြစ်ပါက လစဉ်ရာသီအကြောင်း၊ သွေးဆုံးခြင်း၊ အိမ်ထောင်ရှိ-မရှိ၊ မွေးလမ်းမှ တမျိုးမျိုးဆင်းခြင်း မေးရမည်။

Family history မိသားစုရာဇဝင်။ မိသားစုအတွင်း ဆီးချို၊ သွေးတိုး၊ ပန်းနာစသည်ရောဂါရှိသူရှိသလား။ ပတ်ဝန်းကျင် ကျန်းမာရေးအခြေအနေ။ ဥပမာ (တီဘီ)ရောဂါရှိသူနှင့် တအိမ်တည်းနေဘူးသလား။ အလုပ်အကိုင် အမျိုးအစား၊

Past Medical History နောက်ကြောင်း ကျန်းမာရေးရာဇဝင်။ အရင်ကလည်း ဤသို့ဖြစ်ဘူးခြင်း ရှိ-မရှိ။ ဆေးရုံတက် ဘူးခြင်း ရှိ-မရှိ။ ငှက်ဖျားရောဂါ ရဘူးခြင်း ရှိ-မရှိ။ ဓါတ်မှန်-(အာလ်ထွာဆောင်း) ရိုက်ဘူးခြင်း၊ ဆေးစစ်ခြင်း၊ ခွဲစိတ်ကုသ ခံရဘူးခြင်း၊ ဆေးမတည့်ခြင်း၊ ဆေးလိပ်-အရက်-မူးယစ်ဆေး သုံးစွဲခြင်း၊

စစ်ဆေးပုံ အဆင့်ဆင့်
၁) Inspection မျက်စိဖြင့် ခြေစခေါင်းဆုံး စစ်ဆေးခြင်း၊
၂) Palpation လက်ဖြင့် စစ်ဆေးခြင်း၊
၃) Percussion လက်ဖြင့်ခေါက်၍ ထွက်ပေါ်သည့်အသံကို နားထောင်ပြီး စစ်ဆေးခြင်း၊
၎) Auscultation နားကြပ်ဖြင့် နားထောင်ပြီး စစ်ဆေးခြင်း၊

Inspection မျက်စိဖြင့်ခြေစခေါင်းဆုံး စစ်ဆေးခြင်း
လူနာအား ခြေစ-ခေါင်းဆုံး ကြည့်ရှုစစ်ဆေးပါ။ အသားအရောင် ဖြော့တော့နေခြင်း ရှိ-မရှိ။ နှုတ်ခမ်း ပြာနှမ်းနေခြင်းရှိ-မရှိ။ မျက်စိ ဝါနေခြင်းရှိ-မရှိ။ ခြေထောက်-ဗိုက် ဖေါရောင်နေခြင်း ရှိ-မရှိ။ လူနာသည်နာကျင်ခြင်း ခံစားနေရခြင်း ရှိ-မရှိ။ စကား ကောင်းစွာပြော-မပြော။ အသက်ကောင်းစွာ ရှူ-မရှူ။ ဂနာမငြိမ်ဖြစ်နေ-မနေ။ ကိုယ်အင်္ဂါ ချို့ယွင်းနေ-မနေ။ ဘယ်-ညာ တူ-မတူ။ ခွဲစိတ်ကုသထားသည့် အမာရွတ်။ အလုံး၊ အကြိတ်၊ အနာ ရှိ-မရှိ။

Palpation လက်ဖြင့်စမ်းခြင်း
Cold extremeties ခြေလက်-အရေပြား အေးစက်နေခြင်း၊ Fever ကိုယ်ပူခြင်း၊ Anemia မျက်ခွန်လှန်ကြည့်၍ ဖြူနေခြင်း၊ Jaundice မျက်ခွန်လှန်ကြည့်၍ ဝါနေခြင်း၊ Glaucoma မျက်လုံးအတွင်း ဖိအားများနေခြင်း၊
Liver အသဲ၊ Spleen ဘေလုံး၊ Kidney ကျောက်ကပ် စသည် ကြီး-မကြီး။ Pregnancy ကိုယ်ဝန်ရှိ-မရှိနှင့် Uterus သားအိမ်အမြင့်။ Tenderness ဗိုက် အလုံး-အကြိတ်-အနာ တို့သည် ဖိကြည့်သည့်အခါ နာကျင်ခြင်းရှိ-မရှိ။ အလုံး-အကြိတ်-အနာတို့၏ Site နေရာ၊ Size အရွယ်အစား၊ Shape ပုံသဏ္ဌာန်၊ Consistency အပြော့-အမာ၊ Temperature အပူ-အအေး၊ Smoothness ချောမွေ့မှု-ကြမ်းတမ်းမှု၊ Mobility ရွေ့လျားမှုများ၊ Pulse လက်ကောက်ဝတ် သွေးခုန်ခြင်း၊ Oedema ကိုယ်ရောင်နေခြင်း၊

နောက်ကြောတွင် လက်ဝါး ၁ ဖက် ညီတူညီညာ တင်၍ လက်မသည် အသက်ရှူသွင်း-ထုတ်လုပ်စဉ် အလည်မျဉ်းမှ မည်မျှ အကွာအဝေးသို့ ရွေ့သနည်း ကြည့်ပါ။

Percussion လက်ဖြင့်ခေါက်၍စစ်ဆေးခြင်း၊
လက်ဖြင့် ခေါက်၍ စမ်းခြင်းဖြင့် မည်သည့် အသံမျိုး ထွက်သည်ကို စစ်ဆေးရမည်။ အဆုပ်တွင် လေရှိသောကြောင့် Resonant sound လှိုင်သံထွက်ရမည်။ အရိုး၊ ကြွက်သား တို့သည် Dull sound ထုံသံထွက်မည်။ အသဲနေရာက ထုံသံထွက်မည်။ ၄င်းသည် ညာဘက် နံရိုးကြား အမှတ်စဉ် မည်သည့် နေရာကစ၍ ထုံသနည်း။ ညာဘက်-ဘယ်ဘက် အသံတူ-မတူ။ Pleural effusion အဆုပ်အိတ်ထဲရေ အောင်းခြင်း၊ Pneumonia အဆုပ်ရောင်ခြင်းတို့ ဖြစ်နေလျင် ထုံသံ ထွက်မည်။ အဆုပ်ထဲ လေများခြင်း၊ Pneumo-thorax ဖြစ်နေလျင် လှိုင်သံ ပိုထွက်မည်။

နောက်ကြောမှ အဆုပ်များအား ခေါက်၍ ပေါ်ထွက်လာသည့် အသံကို နားထောင်ခြင်း၊

Auscultation နားကြပ်ဖြင့် နားထောင်ပြီး စစ်ဆေးခြင်း

နေရာကို ရွေးခြယ်ပြီးနောက် မျက်စိမှိတ်လျက် အကြားအာရုံကိုသာ ဂရုစိုက် နားထောင်ရမည်။

(၁) Heart sounds နှလုံးခုန်သံများ
နားကြပ်ဖြင့် နှလုံးခုန်သံကို ၄ နေရာမှာ နားထောင်ရသည်။ နှလုံးတွင် အခန်း ၄ ခန်း ပါသည်။ အဆို့ရှင် ၄ ခုရှိသည်။ နှလုံးခုန်းသံ (၁)အား Lubb ဟု၎င်း၊ (၂)အား Dub (Dup) ဟု၎င်း ခေါ်သည်။ First heart sound (Lub) ပဌမနှလုံးခုန်သံ သည် နှလုံး၏ အထက်ခမ်းများနှင့် အောက်ခမ်းများကြား ရှိသည့် အဆို့ရှင် ၂ ခုပိတ်ခြင်း၊ ယင်းကြောင့် သွေးများလှုပ်ရှားမှု၊ Vibration တုံခါမှုကြောင့်ဖြစ်သည်။ Second heart sound (Dub) ဒုတိယနှလုံးခုန်သံသည် သွေးကြောမကြီးနှင့် အဆုပ်သွား သွေးကြောမကြီးတို့၏ အဆို့ရှင်များ ပိတ်ခြင်း၊ ယင်းကြောင့် သွေးများလှုပ်ခါမှု၊ တုံခါမှုကြောင့်ဖြစ်သည်။ အဆို့ရှင်များ၏ ပိတ်သံထက် သွေးများလှုပ်ရှားမှု အသံက ပိုကျယ်ခြင်းသည်။ အတိအကျ သိလိုပါက (အီးစီဂျီ) လုပ်ရမည်။

1. Mitral valve (left ventricle): ဘယ်ဘက်နံရိုးကြား အမှတ်(၅)၊ နို့သီးအောက်နား နေရာ၊
2. Pulmonic valve: ဘယ်ဘက်နံရိုးကြား အမှတ်(၂)၊ ရင်ညွန့်ရိုး၏ ဘယ်ဘက်ဘေး နေရာ၊
3. Tricuspid valve (right ventricle): ညာဘက်နံရိုးကြား အမှတ်(၄)၊ ရင်ညွန့်ရိုး၏ ညာဘက်ဘေး နေရာ၊
4. Aortic valve: ညာဘက်နံရိုးကြား အမှတ်(၂)၊ ရင်ညွန့်ရိုး၏ ညာဘက်ဘေး နေရာ၊

Abnormal heart sounds (Heart murmurs) ပုံမှန်မဟုတ်သော နှလုံးခုန်သံများ (မားမား)
သွေးများ ပုံမှန်စီးဆင်းခြင်း မရှိ၍ ထွက်သော အသံများဖြစ်သည်။ အဆို့ရှင်များ ကောင်းစွာ ပိတ်ခြင်းမရှိ၍ ဖြစ်ရသည်။ အဆို့ရှင် ၄ ခုလုံး၌ အကျဉ်း-အကျယ်တို့ဖြစ်နိုင်သောကြောင့် (မာမာ)အသံ ၄ မျိုးထွက်မည်။ Mitral Regurgitation, Mitral Stenosis, Aortic Regurgitation, Aortic Stenosis, Tricuspid Stenosis, Tricuspid Regurgitation, Pulmonary Stenosis, Pulmonary Regurgitation

ကလေးငယ်များတွင် မွေးရာပါရောဂါများကြောင့် (မာမာ)များ ရှိနိုင်သည်။ Patent Ductus Arteriosus (PDA), Atrial Septal defect (ASD), Ventricular Septal defect (VSD), Coarctation of the Aorta

(၂) Breath sounds အသက်ရှူသံများ
အသက်ရှူနှုန်း တမိနစ်လျင် ပုံမှန် ၁၂-၂ဝ ရှိသည်။ ပဌမအသံက ဒုတိယအသံထက် ပိုကျယ်သည်။ ပုံမှန်မဟုတ်သည့် အသံများမှာ အသက်ရှူသံ နည်းခြင်း၊ များခြင်း၊ မကြားရခြင်း၊ အခြားအသံများရှိခြင်းတို့ ဖြစ်သည်။ အဆုပ်ထဲသို့ လေ အဝင်နည်းခြင်း၊ အဆုပ်သည် လွန်စွာ တင်းဖေါင်းနေခြင်း၊ အဆုပ်ကို ဖုံးထားသည့်အလွှာ ထူနေခြင်း၊ ယင်းအထဲ အရည် ရှိနေခြင်းတို့ကြောင့် အသံကောင်းကောင်း မကြားရဖြစ်မည်။

ပုံမှန်မဟုတ်သော အသက်ရှူသံများ
၁) Rales, Crepts, Crackles or Popping sounds ဟုခေါ်သည်။ လေလမ်းကြောင်းထဲ အရည်များကြောင့် ကြားရသည်။ လေအဝင်မှာ ပိုကြားရနိုင်သည်။ Pneumonia နူမိုးနီးယား၊ အဆုပ် အင်ဖက်ရှင်၊ Congestive heart failure နှလုံးရောဂါ၊
၂) Rhonchi (ရောင်ခိုင်)၊ Wheezes (ဝှီးစ်) စူးရှသော ကျဉ်းနေသည့် လေပြွန်ထဲ လေတိုးဝင်သည့်အသံ။ လေအထွက်မှာ ပိုကြားရသည်။ Asthma ပန်းနာရောဂါ၊ Tumor ကင်ဆာ၊ Obstructing foreign bodies အခြားပစ္စည်းဖြင့် ပိတ်နေခြင်း၊

(၃) Abdominal sounds ဝမ်းဗိုက်အသံများ
အူများ၏လှုပ်ရှားမှုကြောင့်ဖြစ်သည်။ များသောအားဖြင့် Peristalsis အသံများသည် ပုံမှန်ဖြစ်သည်။ အသံရှိနေခြင်းသည် ပုံမှန်အလုပ် လုပ်နေခြင်းကိုပြသည်။ အသံနည်းခြင်းမှာ အိပ်နေစဉ်၊ ခွဲစိတ်ခံအပြီး၊ ဆေးများကြောင့်ဖြစ်ရသည်။ ဝမ်းချုပ် နေလျင်လည်း နည်းမည်။ Ileus သည် အူ မလုပ်မလုပ်သဖြင့် အသံလုံးဝမကြားရခြင်းဖြစ်သည်။ ဝမ်းပျက်ခြင်း၊ အစာစားပြီး ဖြစ်ခြင်းတို့ကြောင့် များများကြားရမည်။ အူပိတ်ခြင်းကြောင့်လည်း များများကြားရမည်။

ဝမ်းဗိုက် စမ်းသပ်ခြင်း
Lab Investigation ဓါတ်ခွဲစစ်ဆေးခြင်း၊
ဆီး၊ သွေး၊ သလိပ်၊ ဝမ်း၊ စသည်တို့အား ဓါတ်ခွဲစစ်ဆေးခြင်း၊ ဓါတ်မှန်။ (အာလ်ထွာဆောင်း)၊ စသည်တို့စစ်ဆေးပြီးမှသာ အမှန်ရောဂါအမည် Diagnosis (D) ရရှိသည်။ စမ်းသပ်မှုများအားလုံး မပြည့်စုံမီ Provisional diagnosis (P/D) ခန့်မှန်း ရောဂါအမည် နှင့် Differential diagnosis (D/D) ဖြစ်နိုင်ခြေရှိသောရောဂါများကိုသာ သိမည်။

Examination of Lumps, Bumps, Tumor အလုံး၊ အကြိတ်၊ အနာတို့အား စမ်းသပ်ခြင်း
1. Site တည်နေရာ၊ (ဥပမာ ဘယ်ဘက် ရင်သား၏ အပေါ်-ညာဘက်ခြင်း)
2. Size အရွယ်အစား၊ (1” x 2” x 1”)
3. Shape ပုံသဏ္ဌာန်၊ (Circle or Oval)
4. Color အရောင်၊ Infection ရှိလျင် နီမည်။
5. Temperature အပူ-အအေး၊ Infection ရှိလျင် ပူမည်။
6. Pain and Tenderness နာ-မနာ၊
a. Pain = လူနာက ခံစား၍နာခြင်း၊
b. Tenderness = ဖိကြည့်မှ နာခြင်း၊
7. Consistency အပြော့-အမာ၊ (Soft, Firm, Hard, Stony hard)
8. Mobility ရွေ့ရှားနိုင်ခြင်း ရှိ-မရှိ၊ (Fixed or movable) တို့ကို သိအောင် စမ်းရမည်။ Cancer အကြိတ် ထင်လျင် အောက်ခံ(တစ်ရှူး)နှင့် တွယ်ကပ်နေ-မနေ စစ်ရမည်။
9. Translucency အလင်းရောင်ဖြတ်သွားခြင်း ရှိ-မရှိ Hydrocele ခေါ် ယောက်ျား မုတ်ရောဂါအား စစ်ဆေးခြင်း။
10. Reducibility ယောက်ျားများတွင် ပို၍ဖြစ်တတ်သော Hernia အူကျရောဂါတွင် လျော့သွား-ဝင်သွားစေရန် လုပ်၍ ရ-မရ စမ်းခြင်။

Medical Notes ဆေးပညာမှတ်စုများ
Sign (ဆိုင်း) ရောဂါလက္ခဏာ = စမ်းသပ်သူက တွေ့ရှိရသည့် ရောဂါလက္ခဏာများကို ခေါ်သည်။ ဥပမာ နားကြပ်ဖြင့် နားထောင်သည့်အခါ တွေ့ရှိချက်များ၊ ဝမ်းထဲ၌သွေးကို မှန်ဘီလူးဖြင့် စစ်ဆေးခြင်း၊
Symptom (ဆင်မတမ်) ရောဂါလက္ခဏာ = လူနာကခံစားရသည့် ရောဂါလက္ခဏာများကိုခေါ်သည်။ ဥပမာ စိုးရိမ်စိတ်၊ ခါးနာခြင်း၊ ဗိုက်နာခြင်း၊
Dose (ဒို့စ်) = ဆေးကိုတကြိမ်လျင် မည်မျှပေးရသည်။ ဥပမာ Ampicillin 250 mg
Course (ကို့စ်) = ဆေးကို မည်မျှကြာကြာပေးရမည်။ ဥပမာ Ampicillin 250 mg QID x 5 days
Symptomatic treatment ရောဂါလက္ခဏာကို သက်သာစေရန် ကုသခြင်း၊
Curative treatment ရောဂါဖြစ်စေသည့် အကြောင်းရင်းအား ကုသခြင်း၊
Placebo လူနာကျေနပ်ရစေရန် ကုသခြင်း၊
OD = တနေ့ ၁ ကြိမ်၊
BD = တနေ့ ၂ ကြိမ်၊
TDS = တနေ့ ၃ ကြိမ်၊
QID = တနေ့ ၄ ကြိမ်၊
PRN = လိုအပ်သလို၊
HS = အိပ်ရာဝင်၊
CM = နောက်နေ့မနက်၊
PC = အစားစားပြီး၊
Stat = ချက်ချင်း၊

Vital signs လူအသက်ရှင်ရန် အရေးအပါဆုံးသော လက္ခာများ
၁) Temperature အပူချိန်။ Normal = 98.6 F or 37 C
၂) Pulse လက်ကောက်ဝတ်သွေးခုန်နှုန်း။ Normal = 70-80/min
၃) Blood Pressure (BP) သွေးဖိအား။ Normal = 110/80 mmHg
၎) Respiration အသက်ရှူခြင်း။ Normal = 12-20/min
Dr.t s

0 comments: