ထုတ်လုပ်မှုလျော့ကျတာကြောင့် စားဆီဈေးနှုန်းမြင့်တက်နိုင်။  ၂၀၀၉ ခုနှစ်တစ်လျှောက်လုံး အိန္ဒိယနိုင်ငံမှာ စားဆီဈေးနှုန်း ကျဆင်းခဲ့ရာမှ ဒီနှစ်မှာ ပြည်တွင်း ဆီထွက်သီးနှံအထွက်လျော့ကျတာရယ် ၀င်ငွေတိုးတက်လာတာနဲ့အမျှ လူတစ်ဦးစားသုံးမှုမြင့်တက်တာတွေကြောင့် ဈေးနှုန်းမြင့်တက်နိုင်တယ်လို့ ဆီထုတ်လုပ်သူများအသင်းမှ ကုန်သွယ်ရေးအမှူဆောင်အရာရှိ BV Mehta က ပြောကြားပါတယ်။ အဲဒီအချက်တွေကြောင့် လက်ရှိ ဆီရာသီ (၂၀၀၉ ခုနှစ် နိုဝင်ဘာမှ ၂၀၁၀ အောက်တိုဘာ)အတွင်း စားဆီတင်သွင်းမှုဟာ တန်ချိန် ၈၅ သိန်း-၉၀ သိန်း ရှိနိုင်တယ်လို့ ဆိုပါတယ်။ ပြည်တွင်းဆီထွက်သီးနှံထုတ်လုပ်မှုအနေနဲ့ မိုးရာသီရော၊ ဆောင်းရာသီထုတ်လုပ်မှုပါ မနှစ်ကထက် လျော့ကျနိုင်ပါတယ်။ မိုးရာသီ ဆီထွက်သီးနှံထုတ်လုပ်မှုဟာ ၂၀၀၉-၂၀၁၀ မှာ တန်ချိန် ၁၃၆ သိန်းကို ၁၀ ရာခိုင်နှုန်းကျဆင်းနိုင်ပြီး ဆောင်းရာသီ ဆီထွက်သီးနှံစိုက်ဧကကတော့ ဒီဇင်ဘာလ ၁၇ ရက်နေ့အထိ ဟက်တာ ၈၁ သာစိုက်ပျိုးပြီးလို့ မနှစ်က ကာလတူ စိုက်ဟက်တာ ၈၅ သိန်းထက်လျော့ကျပါတယ်။
|
0 comments:
Post a Comment