စိုက်ဧရိယာတိုးပြီး ရာသီဥတုအေးလာလို့ အိန္ဒိယဂျုံအထွက် ပိုမိုမြင့်တက်နိုင်။

8:21 AM Posted In Edit This 0 Comments »

စိုက်ဧရိယာတိုးပြီး ရာသီဥတုအေးလာလို့ အိန္ဒိယဂျုံအထွက် ပိုမိုမြင့်တက်နိုင်။

ကမ္ဘာမှာ ဒုတိယအများဆုံး ဂျုံစိုက်ပျိုးတဲ့ အိန္ဒိယမှာ လယ်သမားတွေ စိုက်ဧရိယာ တိုးချဲ့လာခြင်းနဲ့ အဓိကစိုက်ပျိုးတဲ့ ဒေသတွေမှာ ရာသီဥတုအေးလာတဲ့အတွက် အထွက်နှုန်း တိုးတက်နိုင်တာကြောင့် မနှစ်က အထွက်မြင့်တာထက် ဒီနှစ်ပိုမိုနိုင်တယ်လို့ အစိုးရအရာရှိတစ်ဦးက ပြောကြားပါတယ်။ အောက်တိုဘာလမှာ စိုက်ပျိုးတဲ့ ဂျုံဟာ နိုင်ငံရဲ့ ဆောင်းရာသီကောက်ပဲသီးနှံထွက်ရှိမှုရဲ့ ၇၀ ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။ ယမန်နှစ်က ဂျုံတန်ချိန် ၈၀ ဒသမ ၅၈ သန်းထွက်ရှိမှုထက် ပိုမိုမယ်လို့ နိုင်ငံပိုင် ဂျုံသုတေသန ဌာန အကြီးအကှဲS. S Singh က ပြောကြားပါတယ်။
အောက်တိုဘာလ ၃၁ ရက်နေ့စာရင်းအရ ဂျုံစိုက်ဧရိယာ ဟက်တာ ၂၆ ဒသမ ၀၇ သန်း (ဧက ၆၄ ဒသမ ၄ သန်း) ရှိလို့ မနှစ်က ကာလတူ စိုက်ဟက်တာ ၂၅ ဒသမ ၅၆ သန်းထက်ပိုမိုတယ်လို့ လယ်ယာစိုက်ပျိုးရေး ၀န်ကြီးဌာနက ဇန်န၀ါရီလ ၁ ရက်နေ့မှာ ပြောကြားပါတယ်။ စပါးမစိုက်တဲ့ အချို့မြေတွေမှာ ဂျုံစိုက်ပျိုးလျက်ရှိပြီး အတ္တရာပရာဒေ့ရှ်မှာ စိုက်ပျိုးနေဆဲဖြစ်လို့ မနှစ်က စုစုပေါင်း စိုက်ဟက်တာ ၂၇ ဒသမ ၈၅ သန်း ထက်ပိုမိုမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရာသီဥတုအေးလာတာကလည်း အထွက်နှုန်းတိုးတက်စေနိုင်တယ်လို့ ထပ်လောင်း ပြောကြားပါတယ်။

0 comments: