ဈေးကျဒေါ်လာနှင့် ဗဟိုဘဏ် ဥက္ကဌ

11:51 AM Posted In Edit This 0 Comments »

ဈေးကျဒေါ်လာနှင့် ဗဟိုဘဏ် ဥက္ကဌ

နိုင်ငံတကာ ကုန်ပစ္စည်းဈေး ကွက်များ၌ လူအများစိတ်ဝင်တစား အရှိဆုံး ပျိုတိုင်းကြိုက်သည့် နှင်းဆီ ခိုင်ကုန်ပစ္စည်းမှာ ရေနံဟု ညွှန်းဆို ခဲ့ကြသည်။
ရေနံစိမ်းဈေး အတက်အကျ အပေါ်၊ အချိန်ပြည့်စောင့်ကြည့်နေကြ ရသည့် အချိန်ကာလမှာ အတော်ကြာ ခဲ့ပြီဖြစ်၏။
လူအများ၏ စိတ်ဝင်စားမှုသည် အသုံးချ၍ရသည့် ပစ္စည်း၊ အမှန် တကယ်အသုံးဝင်သည့်ပစ္စည်းအပေါ် ၌သာ အာရုံထားသည်ဟု သဘော ပေါက်ခဲ့ကြသည်။
သို့သော် နိုင်ငံတကာကုန်ပစ္စည်း ဈေးကွက်များ၌ လူအများအာရုံပြောင်း စရာဖြစ်ရပ်တစ်ခု၊ ယခုနှစ် ဒီဇင်ဘာ လ ၁ ရက်နေ့၌ ဖြစ်ပေါ်ခဲ့သည်။ ယင်း ဖြစ်ရပ်မှာ တချိန်က လူအများ စိတ်ဝင်တစား အာရုံထားခဲ့သည့် ရွှေ ဈေးသည် တစ်အောင်စလျှင် US$ ၁၂ဝဝဝ အထက်သို့ကျော်တက် သွား၍ဖြစ်၏။ ရွှေဈေးသည် တစ် နေရာတည်း၊ တစ်ဈေးတည်းနှင့် တန့်နေခြင်းမဟုတ်ဘဲ အတက် အကျရှိခဲ့သည် ဆိုသော်ငြားလည်း ရွှေဈေး မိုးထိထိုးတက်နေမှုအပေါ် လူအများကအံ့အားသင့်ကာ ဦးခေါင်း မော့ကြည့်ရသည့် အနေအထားသို့ ရောက်ခဲ့ရသည်။
ယခုမှ ရွှေဈေးတက်ခြင်းအပေါ် အံ့အားသင့်စရာဟု ထင်မှတ်နေကြ သော်လည်း အမှန်တကယ်၌ အံအား သင့်စရာမရှိပေ။ အဘယ်ကြောင့်ဆို သော် လွန်ခဲ့သည့် တစ်နှစ်ခန့်က တည်းက ရွှေဈေးတက်တော့မည်ဟု လေ့လာသူများက ဟောကိန်းထုတ် ခဲ့ပြီးဖြစ်သည်။
သူတို့ပြသည့် ဆင်ခြေမှာ အမေ ရိကန်ဗဟိုဘဏ် Fed ဥက္ကဋ္ဌ Ben Bernanke က ဘဏ်တိုးနှုန်းကို သုညနီးပါးသို့ချလိုက်ခြင်းနှင့် US$ များရိုက်နှိပ်ထုတ်ဝေနေမှု အခြေအနေ များကို လေ့လာသုံးသပ်ကာ ယင်းသို့ ရွှေဈေးတက်မည်ဟု ကြိုတင်ပြော ထားခဲ့ကြပြီးဖြစ်၏။
အမေရိကန်အစိုးရ တာဝန်ရှိသူ များ၏ ယင်းသို့ပြုမူမှုအပေါ် ဈေး ကွက်၌ လက်တွေ့ရင်ဆိုင်နေရသော အခြေအနေက ပြန်လည်တုံ့ပြန် စိန် ခေါ်လိုက်ခြင်းသာဖြစ်သည်ဟု သတ် မှတ်ကြသည်။
ယင်းတုံ့ပြန်မှုသည် ဗဟိုဘဏ် Fed ၏ ငွေကြေးဆိုင်ရာမူဝါဒများမှား ယွင်းသည်။ ယင်းသို့မှားယွင်းမှု ကြောင့် ကုန်ပစ္စည်းဈေးနှုန်းများ၊ ပိုင် ဆိုင်မှု၊ အက်ဆက်ဈေးနှုန်းများ အဆ မတန်မြင့်တက်ကာ ပူဖောင်းသဖွယ် ဖောင်းကြွလာခြင်းဖြစ်သည်ဟု လေ့ လာသူများက ဝေဖန်ခဲ့ကြသည်။
မကြာမီလများက စက်မှုအင် အားကြီး ရှစ်နိုင်ငံ G-8 နိုင်ငံများ၏ ညှိနှိုင်းမှု အောင်မြင်မှုမရခဲ့သောကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံများ၊ ထွန်းသစ်စနိုင်ငံများ ပါဝင်သည့် နိုင်ငံနှစ်ဆယ်က G-20 ကို ဖွဲ့စည်းကာ ထိပ်သီးအစည်း အဝေးကျင်းပခဲ့သည်။ ယင်းG-20 နိုင်ငံများက ကမ္ဘာ့စီးပွားရေးတည်ငြိမ် မှုရစေရန်၊ ဖွံ့ဖြိုးလာစေရန် မည်သို့ ချည်းကပ်၍ မည်သို့လက်တွဲဆောင် ရွက်ကြမည်ဟု သဘောတူခဲ့ကြ သည်။ ယင်းသဘောတူညီမှုကို တစ် ကမ္ဘာလုံးက သြဘာပေးထောက်ခံခဲ့ ကြသည်။
ယခု ရွှေဈေး မိုးထိတက်သွား ခြင်းသည် ယင်းG-20 နိုင်ငံများ၏ သဘောတူညီချက်ကို တစ်နည်းတဖုံ ထိုးနှက်လိုက်ခြင်းဟု ခေါ်ဆိုနိုင် ကြောင်း သုတေသီများက ကောက် ချက်ချကြသည်။
ဗဟိုဘဏFed ချမှတ်ထား သော မူဝါဒသည် ရွှေ၊ ရေနံနှင့် US$ လဲလှယ်နှုန်းထားများနှင့် ဆက်စပ်နေ ခြင်းကို မသိကျိုးကျွံပြုခဲ့သည်ဟု ဝေဖန်ကြသည်။
သူတို့စွပ်စွဲသည့် အကြောင်းမှာ Fed ဥက္ကဋ္ဌနြမညညေုန သည် ငွေ ကြေးကျုံ့ဝင်မည်ကိုစိုးရိမ်ကာ တရား ဝင် သတင်းထုတ်ပြန်သည်။ သူက ငွေကြေးဖောင်းပွလာမည်ကိုတော့ ထည့်သွင်းစဉ်းစားဖို့ မေ့လျော့နေ သည်ဟု ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ သည်။
အမေရိကန်နိုင်ငံ၏ ဘဏ်စနစ် သည် ၂ဝဝ၇ ခုနှစ်မှစ၍ တည်ငြိမ်မှု မရှိခဲ့။ အခွန်ထမ်းပြည်သူများ၏ သန်း ကုဋေကုဋာချီသောငွေများကို လွယ် လင့်တကူသုံးစွဲပစ်ခဲ့သည်။
Fed ၏ မူဝါဒကြောင့် အလုပ် လက်မဲ့နှုန်းထားသည် အဆမတန်မြင့် တက်သွားသည်။ ပမာအားဖြင့် အလုပ်လက်မဲ့ လေးရာခိုင်နှုန်းမှ ၁ဝ ရာခိုင်နှုန်းအထိမြင့်တက်သွားသည်ကို ဆိုလိုပါ၏။
အရေအတွက်ပမာဏ များစွာ ရိုက်နှိပ်ထုတ်ဝေခဲ့သော US$ များ သည် ခြေရာမထင် သဲလွန်စမချန်ဘဲ ပျောက်ကွယ်သွားခဲ့သည်ဟု တင်စား ကာဝေဖန်ခဲ့ကြသည်။
အဘယ်ကြောင့်ဆိုသော် Bernanke
သည် အခွန်ထမ်းပြည်သူ များ၏ ငွေများကို မည်သို့လက်လွတ် စပယ်သုံးခဲ့သနည်းဆိုပါလျှင် ပြည်သူ့ ငွေများနှင့် အရှုံးပေါ်နေသော ဘဏ် များကို ကယ်တင်ခဲ့သည်။ ဘဏ် လုပ်ငန်းရှင်များကို ကယ်တင်သည်။ ငွေကြေးရင်းနှီးမြှုပ်နှံကာ အမြတ် ထုတ်နေသည့်လုပ်ငန်းများကို ထောက်ပံ့သည်။ ယင်းငွေများအား လုံးသည် အမေရိကန်နိုင်ငံတစ်ခုလုံး လည်ပတ်နေသော စီးပွားရေးထဲမှ ထုတ်ယူသုံးစွဲခြင်းဖြစ်သည်။
ထို့သို့သော နောက်ကြောင်းများ ရှိခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရွှေဈေး များပေါက်ကွဲလုနီးပါး အခြေအနေသို့ ဆိုက်ခဲ့ခြင်းဖြစ်သည်ဟု သုံးသပ် ကြ၏။
ယနေ့ဈေးကွက်၏ လက္ခဏာ အရပ်ရပ်သည် ငွေကြေးဖောင်းပွမှု ကိုဖြစ်စေတော့မည်။ အလုပ်လက်မဲ့ ပြဿနာသည် ပိုမိုမြင့်မားလာတော့ မည်ကို ပြသနေသည်ဟုလည်းဆိုကြ သည်။
အမေရိကန်နိုင်ငံ အပါအဝင် ကမ္ဘာ့စီးပွားရေးတစ်ခုလုံး၏ အခြေ အနေမှာ အကျပ်အတည်းတစ်ခုဖြစ် လာတော့မည့်အကြိုကာလလက္ခဏာ များပြသနေသည်။ ယင်းလက္ခဏာ များမှာငွေကြေးဆိုင်ရာ မူဝါဒသည် အလွန်အားနည်းနေသည်။ လက်တွေ့ ၌ ငွေကြေးဈေးကျနေခြင်း၊ ဘဏ်တိုး နှုန်းမှာ သုညနီးပါးသို့ရောက်နေခြင်း၊ US$ အင်အားမရှိတော့ခြင်း၊ ပိုင်ဆိုင် မှုနှင့် ကုန်ပစ္စည်းဈေးနှုန်းများ ပူ ဖောင်းသဖွယ် ဖောင်းတက်နေခြင်း၊ မကြာလှသော အချိန်ကာလ၌ ဘဏ် စနစ်ပြိုလဲမှုဖြစ်နိုင်ခြင်း၊US$ ထရီလီ ယံနှင့်ချီ၍ ဆုံးရှုံးနေခြင်းများဖြစ် သည်။
၁၉၇၂ ခုနှစ်က ရွှေဈေးမှာ တစ် အောင်စလျှင်
US$ ၃၅ ဈေးသာရှိ ခဲ့သည်။ ယင်းအချိန်က ရွှေနှင့် US$ လဲလှယ်မှု နှုန်းထားနှင့် ချိန်စက်ကြည့် လျှင် ၃၄ ဆခန့် ကွာခြားခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလတွင် ရွှေဈေးမှာ တစ် အောင်စလျှင် US$ ၈ဝဝ ဈေးရှိခဲ့ သည်။ သို့ဖြစ်၍ ၂ဝဝ၉ ခုနှစ်ကာလ တစ်လျှောက်ရှိUS$ ၏ ဈေးနိမ့် သွားမှုသည် ရွှေနှင့်ချိန်စက်လျှင် ၅ဝ ရာခိုင်နှုန်းအထိ ရောက်သွားကြောင်း တွေ့ရသည်။
၂ဝဝ၇ ခုနှစ် သြဂုတ်လနောက် ပိုင်းမှစ၍ ဗဟိုဘဏ် Fed ၏ အရံ ငွေကြေးစုဆောင်းထားမှုသည် ဖောင်း ပွမှုဖြစ်လာသည်ဟု ဆိုရပေမည်။ ဆို လိုသည်မှာ ငွေကြေးတန်ဖိုး ကျဆင်း ခြင်းနှင့် ရွှေဈေးအဆမတန်မြင့်တက် လာခြင်းကြောင့်ဖြစ်၏။
အမေရိကန်နိုင်ငံ၏ စီးပွားရေး ဖောင်းပွလာခြင်းဆိုသည့် အကျပ် အတည်းမှလွတ်မြောက်ရန် မူဝါဒချ မှတ်သည့်အခါ အခြေခံထား တွက် ချက်နေသည့်အချိန်၌ ရွှေဈေးက ဆူ ညံစွာ အန္တရာယ် ခေါင်းလောင်းတီး ကာ သတိပေးနေပြီဖြစ်သည်။ US$ ကိုင်ထားသူများ၊ US$ နှင့် ပိုင်ဆိုင်မှု ကို အလဲအလှယ်ပြုထားသူများ၏ အော်ဟစ်ဆူညံသံများကလည်း ပို၍ ကျယ်လောင်လာနေပြီဖြစ်၏။
Fed ဥက္ကဋ္ဌအဖြစ် Bernanke
ကို ပြန်လည်ခန့်ထားရန်ကိစ္စကို ဆိုင်း ငံ့ထားရာမှ ရုတ်ခြည်းပြန်လည်ခန့် ထားလိုက်ခြင်းသည် သူ့သက်တမ်း နောက်ထပ် လေးနှစ်တာကာလ၌ ငွေ ကြေးမူဝါဒ ထပ်မံတိုးချဲ့ရန်ဆုံးဖြတ် လိုက်သည့်ပမာဟု ယူဆထားကြ သည်။
သမ္မတဘားရက်အိုဘားမား၏ အစိုးရလက်ထက်၌ ဘတ်ဂျက်လိုငွေ ပြမှုနှင့် ပတ်သက်၍ သမ္မတက ပြည် တွင်းစုစုပေါင်းထုတ်လုပ်မှု GDP၁၃ ရာခိုင်နှုန်းရှိမည်ဟု ဆိုသော်လည်း လိုငွေသည် ပို၍တိုးလာဖွယ်ရာသာ ရှိ နေသည်။
ယင်းဖြစ်ရပ်ကို သုံးသပ်လျှင် လာမည့်သုံးနှစ်မှ လေးနှစ်ကာလ အတွင်း၊ ဘဏ္ဍာရေးအကျပ်အတည်း ဖြစ်ကာ အမေရိကန်နိုင်ငံ၏ကြွေးမြီ သည် ထပ်မံတိုးလာမည်က သေချာ နေပြန်သည်။
ယင်းကာလ၌ ဖြစ်လာမည့် အခြေအနေများမှာ
US$ ကိုင်ဆောင် ထားသူ၊ US$ နှင့် ပိုင်ဆိုင်မှု လဲလှယ် ထားသူ အားလုံး၏ ကွန်းခိုရာသည် ရွှေသတ္တုသာဖြစ်လာတော့မည်။ အချို့ က ကုန်ပစ္စည်းများဘက်သို့ ဦးလှည့် မည်။ အချို့က စတော့ရှယ်ယာများ ဘက်သို့ ယိမ်းသွားကြမည်။
ရွှေကို ပိုင်ဆိုင်ထားမှုသည် မည်သည့်အတိုးနှုန်းမျှ မရရှိနိုင်သော် လည်း၊ ဗဟိုဘဏ်များ၊ ငွေကြေးက စားသော ဘဏ္ဍာရေးအဖွဲ့အစည်းများ ၏လုပ်ပိုင်ခွင့်တည်းဟူသော အန္တရာယ် နှင့်ကင်းဝေးနေ၍ ဖြစ်သည်။
ယခု ရွှေဈေးစံချိန်တင်ကာ မြင့် တက်နေခြင်းသည် အခြား အခြား သော အကြောင်းများမရှိပါ။ ဗဟို ဘဏ် Fed ၏ ငွေကြေးရှင်းတမ်း မညီမျှမှု၊ ဖောက်လွှဲဖောက်ပြန်ဖြစ်နေ မှုများ၏ လှိုင်းဂယက်ရိုက်ခတ်မှုသာ ဖြစ်သည်။ ယင်းသို့သောဖြစ်ရပ်မျိုး အမေရိကန်နိုင်ငံ၏ ငွေကြေးဆိုင်ရာ သမိုင်းတွင် တစ်ကြိမ်တစ်ခါမျှ မတွေ့ ဖူးသေးပေ။
ရွှေဈေး မြင့်လာသဖြင့် ရေနံ၊ အစားအစာနှင့် အခြားကုန်ပစ္စည်း များ၏ ဈေးနှုန်းပါအတူလိုက်၍ တက် ခဲ့ရသည်။ ၂ဝဝ၇ ခုနှစ်ကာလများ၌ အခြားကုန်ပစ္စည်းများ၏ ဈေးနှုန်း လည်း ပူဖောင်းသဖွယ်တက်လာခဲ့ သည်။
၂ဝဝ၂ မှ ၂ဝဝ၈ ခုနှစ် ကာလ အတွင်း ရွှေဈေးမြင့်တက်မှုနှင့် အချိုး အစားတူ အခြားကုန်ပစ္စည်းများပါ လိုက်တက်ခဲ့သည်ကိုလည်း တွေ့ကြ ရသည်။ ပမာအားဖြင့် ၂ဝဝ၈ ခုနှစ် ၌ ရွှေဈေးသည် US$ ၁ဝဝဝ အထိ မြင့်တက်သည့်အချိန်၌ ရေနံစိမ်းဈေး သည် တစ်စည်လျှင် US$ ၁၄၇ အထိ တက်သွားသည်။ အခြားအစား အစာနှင့်ပတ်သက်သည့် ကုန်များ လည်း တက်သွားသည်။
ဗဟိုဘဏ် Fed ၏ ငွေကြေး မူဝါဒသည် ၂ဝဝ၁ ခုနှစ်ကတည်းက ဆုံးရှုံးမှုနှင့် ရင်ဆိုင်ခဲ့ရသည်။ ယင်း ဆုံးရှုံးမှုများက တိုင်းတာ၍ မရနိုင် အောင်ကြီးမားခဲ့သည်။ ငွေကြေး ကုဋေကုဋာချီ၍ ထုတ်ယူသုံးစွဲခဲ့ရ သည်။ ယင်းအပြုအမူများ၏ အကျိုး ဆက်မှာ အလုပ်လက်မဲ့ အဆမတန် မြင့်တက်သွားခြင်းဖြစ်သည်။
သို့သော် အမေရိကန်ဗဟိုဘဏ် Fed သည် သူမူ၊ သူ့လမ်းကြောင်း နှင့် ယခုတိုင်လျှောက်လှမ်းနိုင်ဦးမည် ဖြစ်သည်။ ဆိုလိုသည်မှာ အမေရိကန် နိုင်ငံ စီးပွားရေး ခိုင်မာစွာ ဦးမော့လာ မည့်အချိန်ထိ ဖြစ်သည်။ ယခုလော လေဆယ်၌မူ့ှ$ သည် ဆိုးရွားသည့် အနေအထားသို့ အရှိန်အဟုန်နှင့် ဦးတည်နေသည်။ ရွှေကလည်း ပို၍ ပို၍ လူအများကို ဆွဲဆောင်မှုကရှိ နေဦးမည်ဆိုလျှင်...
Fed မည်သို့သော လမ်းရွေးမည် နည်း...။

0 comments: