၂၀၀၉ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံ၏ ကုန်သွယ်ရေးပိုငွေပြမှု စံချိန်တင်ခဲ့ခြင်း။

8:33 AM Posted In Edit This 0 Comments »
အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသတင်း (11 - 01 - 2010)

၂၀၀၉ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံ၏ ကုန်သွယ်ရေးပိုငွေပြမှု စံချိန်တင်ခဲ့ခြင်း။

Go to fullsize image



၂၀၀၉ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေးကျဆင်းမှုကြောင့် သွင်းကုန်များလျှော့ချတင်သွင်းခဲ့ရတဲ့အတွက် တောင် ကိုရီးယားနိုင်ငံရဲ့ ကုန်သွယ်ရေးပိုငွေပြမှုက အမေရိကန်ဒေါ်လာ ၄၁ ဘီလီယံနဲ့ စံချိန်တင်ခဲ့ပါတယ်။ ယခင်နှစ် နဲ့နှိုင်းယှဉ်ပါက ပို့ကုန်တင်ပို့မှုပိုင်းတွင် ၁၃ ဒသမ ၈ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၆၃ ဒသမ ၈ ဘီလီယံဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ သွင်းကုန်တင်သွင်းမှုပိုင်းတွင် ၂၅ ဒသမ ၈ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး အမေရိကန် ဒေါ်လာ ၃၂၂ ဒသမ ၈ ဘီလီယံဖိုး တင်သွင်းခဲ့ပါတယ်။
၂၀၁၀ ပြည့်နှစ်အတွက်ကို ကုန်သွယ်ရေးပိုငွေပြမှု အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံသာရှိလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ ကမ္ဘာ့ဝယ်လိုအားက ပြည်တွင်းမှ ပို့ကုန်တင်ပို့ သူများ အား သွင်းကုန်ပိုမိုတင်သွင်းလာ စေဖို့ အားပေးနေတဲ့အတွက်ဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ်တွင် ပို့ကုန်ပိုင်းတွင် ၁၃ ရာခိုင်နှုန်းတိုးမြှင့်ပြီး အမေရိကန် ဒေါ်လာ ၄၁၀ ဘီလီယံဖိုး တင်ပို့နိုင်လိမ့်မယ်လို့ မျှော်မှန်းထားကြပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံများမှ ဈေးကွက်များတွင် ၀ယ်လိုအားကျဆင်းလာသော်လည်း ထွန်းသစ်စ စက်မှုနိုင်ငံများ ဈေးကွက် တွင် ၀ယ်လိုအားတိုးမြင့်လာခြင်းက ကမ္ဘာ့စီးပွားရေးကို ဦးဆောင်သွားလိမ့်မယ်လို့ မှန်းဆနေကြပါတယ်။

0 comments: