A Medical article အ စာ နှင့်ဆေး

5:14 PM Posted In Edit This 0 Comments »
Go to fullsize image Go to fullsize imageGo to fullsize image Go to fullsize image



Analgesics = အကိုက်အခဲပျောက်ဆေး၊ Antibiotics = ပိုးသတ်ဆေး
အဆိပ်အတောက်ဖြစ်စေသည့် ဘက်တီးရီးယားများ
မိန်းကလေးများ အတင်းပြောခြင်း၏ ရလဒ်

Analgesics = အကိုက်အခဲပျောက်ဆေး (paracetamol, diclofenac, celecoxib, ibuprofen, mefenamic acid, etc.)
Antibiotics = ပိုးသတ်ဆေး (amoxicillin, cloxacillin, ampicillin, cefexime, cephalexin, azithromycin, norfloxacin, ciprofloxacin, levofloxacin, etc.)
Analgesics (အကိုက်အခဲပျောက်ဆေးတွေဟာ အဖျားကျစေတယ်။ ကိုက်ခဲတာ နာတာတွေကို သက်သာစေတယ်။ အယောင်ကျစေတယ်။ ဒီ action တွေကြောင့် တော်တော်လေးကို အသုံးများပါတယ်။ ရောဂါ ဖြစ်ပြီဆိုတာနဲ့ နာတာက စတတ်တဲ့ အတွက် အရင်ဆုံး symptomatic relief အတွက် သက်သာအောင် Analgesics ကိုပေးတတ်ပါတယ်။
နောက်ပြီး Analgesics တွေဟာ OTC ဆေးတွေဖြစ်တဲ့ အတွက် ဆေးဆိုင်မှာ ကိုယ့်ဘာကိုယ် ဝယ်သောက်နိုင်ပါတယ်။
အဲ့ဒီမှာ Analgesics ရဲ့ common side effect တခုကတော့ အစာအိမ်ကိုထိခိုက်တာပါပဲ။ ဒါကြောင့် အစာနဲ့တွဲ သောက်ရပါတယ်။ Digene, Kremil S, Air x တို့လို အစာကြေဆေးတွေ၊ Raniditine , Cimeditine, Omeprazole, Lansoprazole တို့လို အစာအိမ်ဆေးတွေနဲ့ တွဲသောက်ပေးရပါတယ်။ အဲ့ဒီလိုနဲ့ ဆေးတိုင်းကို အစာနဲ့တွဲသောက်ရမယ် လိုပုံသေသတ်မှတ်လိုက်ကြပါတယ်။ တကယ်တော့ အဲ့လိုမဟုတ်ပါဘူး။

တချို့ဆေးတွေက အစာနဲ့တွဲသောက်သင့်တယ်။ တချို့ဆေးတွေက အစာနဲ့ဝေးဝေးသောက်မှ ကောင်းတယ်။ တချို့ဆေးတွေကတော့ ဘယ်လိုသောက်သောက်ပြသနာမရှိပါဘူး။ ဥပမာ -အများဆုံးသောက်ရတဲ့ နောက်ဆေး တမျိုးကတော့ Antibiotics (ပိုးသတ်ဆေးတွေ) ပဲဖြစ်ပါတယ်။ Antibiotics တော်တော်များများဟာ အစာနဲ့တွဲ မသောက်သင့်ပါဘူး။ အစာနဲ့တွဲသောက်ခဲ့ရင် absorption ကျသွားပါတယ်။ လွယ်လွယ်ပြောရရင် body ထဲကို ရောက်သင့်သလောက် မရောက်တော့ဘူး။ potency (အာနိသင်) လဲလျော့သွားတာပေါ့။ နောက်တခုက Antibiotics တွေကို course ပြည့်အောင် သောက်ဖို့ အရမ်းကို အရေးကြီးပါတယ်။

ရှင်းပြပါမယ်။ လူတယောက်ဝမ်းသွားရင် Norfloxacin 400 mg တနေ့ ၂ကြိမ် ၇ ရက်သောက်ရမယ်။ ၂ ရက်လောက် သောက်ပြီးရင် ဝမ်းက ရပ်သွားတယ်။ ဝေဒနာလဲ ပျောက်သွားတယ်။ ဖြစ်တတ်တာက ပျောက်သွားပြီဆိုပြီး ဆေးကို ဆက်မသောက်ပဲရပ်လိုက်ကြတာ များပါတယ်။ အဲ့ဒီလို လုံးဝ မလုပ်သင့်ပါဘူး။ ဝေဒနာ ပျောက်သွားပေမဲ့ အထဲက ပိုးကမသေသေးပါဘူး။ ၇ ရက်ပြည့်အောင် ဆက်သောက်မှ သေသွားမှာပါ။ ဒါဆို နောက်တခါ ထပ်ဖြစ်ဖို့ လဲ နည်းသွားပြီ။
မဟုတ်ရင် တခုခုလေးစားမိတာနဲ့ ဝမ်းက ပြန်သွားပြီး အမြဲ အဲ့လိုပဲ ဖြစ်နေတော့မှာ။ နောက်တခါ ထပ်ဖြစ်လို့ Norfloxacin ကိုပဲပြန်သောက်ရင်လဲ ပိုးကဆေးကို ယဉ်သွားပြီးဆေးမတိုးတော့တာမျိုးအထိကို ဖြစ်နိုင်ပါတယ်။ အဲ့ဒါကြောင့် Antibiotics တွေကိုသောက်မယ်ဆိုရင် အစာနဲ့ဝေးဝေး သောက်ပါ။ နောက်တခု - Dosage ပြည့်အောင်သောက်ပါလို့။

Nwe Lay
http://www.lannthit.com/index.php?option=com_content&view=article&id=316:analgesics-vs-antibiotics&catid=102:health-guide&Itemid=282

အဆိပ်အတောက်ဖြစ်စေသည့် ဘက်တီးရီးယားများ
လူ့သွေးထဲတွင် တည်ရှိနေသော အဆိပ်အတောက်ဖြစ်စေသည့် ဘက်တီးရီးယားများနှင့် အခြားမလိုလားအပ်သည့် ဓာတ်သတ္တုများကို သံလိုက်ကိရိယာတစ်မျိုးဖြင့် ဖယ်ရှားနိုင်ရန် ပညာရှင်များက ကြံစည်နေကြပြီး ထိုကုသမှု နည်းစနစ်သည် သွေးအတွင်းမှ အဆိပ်အတောက်များကို ဖယ်ထုတ်ပစ်သည့် စံပြကုထုံးသစ်တစ်ခုအဖြစ် မှတ်တမ်းတင်ခံရရန် နီးစပ်နေကြောင်း သိရသည်။ သွေးကို ညစ်ညမ်းအဆိပ်သင့်စေသည့် ပိုးမွှားများကို စုပ်ယူထားသော သွေးအတွင်းမှ သံလိုက်စွမ်းအင်ဖြင့် ဖယ်ရှားပစ်ပြီး သန့်စင်သောသွေးကိုသာ သွေးလှည့်အဖွဲ့အစည်းအတွင်း ပြန်လည်ပို့ဆောင်ပေးရန် ဆရာဝန်များက တီထွင်ကြံဆနေကြသည်။ နာရီအနည်းငယ်ကြာသော အဆိုပါကုသမှုကို စမ်းသပ်ကြည့်ခဲ့သည့် ရလဒ်များအရ လူတစ်ဦး၏ သွေးကြော်များအတွင်းမှ ညစ်ညမ်းဘက်တီးရီးယား (၈ဝ)ရာခိုင်နှုန်းကို ဖယ်ရှားနိုင်ခဲ့ကြောင်း အမေရိကန်နိုင်ငံ၊ ဘော်စတွန်မြို့ ကလေးဆေးရုံမှ သုတေသီများက လေ့လာတွေ့ရှိခဲ့ကြသည်။

သို့သော်လည်း ၎င်းတို့အနေနှင့် ထိုကုထုံးကို စတင်ကျင့်သုံးဦးမည်မဟုတ်ဘဲ ဆက်လက်သုတေသန ပြုသွားဦးမည်ဟု သိရှိရသည်။ သို့သော်လည်း အဆိုပါသံလိုက်ကုထုံး နည်းစနစ်အား တစ်နှစ်လျင် သွေးအဆိပ်သင့်မှုကြောင့် လူ(၃ဝဝဝဝ)ခန့်သေဆုံးလေ့ရှိသည့် ဗြိတိန်နိုင်ငံကလည်း အလွန်စိတ်ဝင်စားနေသည်။ ထိုသံလိုက်စနစ်ကို သွေးကြောများအတွင်းမှ ရောဂါပိုးများသာမက အရေပြား၊ နား၊ အဆုတ်နှင့် ဆီးလမ်းကြောင်းများမှ အဆိပ်သင့် ဓာတုအညစ်အကြေးများကို ဖယ်ရှားပစ်နိုင်မည်ဟု ဆရာဝန်များက ယုံကြည်နေကြသည်။

ဘော်စတွန် သုတေသနအဖွဲ့တွင် ပါဝင်သည့် ဒေါက်တာဒွန်အင်းဘားက ယခုစနစ်သည် သွေးအဆိပ်သင့်ခြင်းကို ခံစားရသည့် ကလေးများရော၊ လူကြီးများအတွက်ပါ အလွန်ထိရောက်သော လက်နက်ဆန်းတစ်ခု ဖြစ်လာမည်ဟု သုံးသပ်ပြောဆိုခဲ့သည်။ ၎င်းတို့၏ ရလဒ်များအရ သွေးအတွင်း အညစ်အကြေးများကို ရာနှုန်းပြည့်ဖယ်ရှားနိုင်ရန် နီးစပ်လာနေပြီဟုလည်း ဒေါက်တာအင်းဘားက ထုတ်ဖော်ပြောဆိုသွားသည်။ လန်ဒန်အင်ပီရီယယ်လ် တက္ကသိုလ်မှ ဒေါက်တာဒေးဗစ်အင်ဝဲလ်ကလည်း ၎င်းတို့အနေနှင့် ထိုစနစ်ကို အလွန်စိတ်ဝင်စားနေပြီး အမေရိကန်ဆရာဝန်များနှင့် လက်တွဲသုတေသနပြုလုပ်သွားမည်ဟု အတည်ပြုပြောကြားခဲ့သည်။
src: planet
http://www.lannthit.com/index.php?option=com_content&view=article&id=176:2009-07-31-03-39-39&catid=102:health-guide&Itemid=282

မိန်းကလေးများ အတင်းပြောခြင်း၏ ရလဒ်
လူ့ပတ်ဝန်းကျင်မှာ အတင်းပြောတတ်တဲ့ အကျင့်ဟာ လူမှုရေးအရ နှာခေါင်းရှုံ့ချင်စရာ ဖြစ်နိုင်ပေမယ့် ဆေးပညာ အရတော့ မိန်းကလေးတွေအတွက် အကျိုးထူးတွေ ရစေနိုင်တယ်လို့ ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မစ်ချီဂန် တက္ကသိုလ်က ပညာရှင်တွေဟာ အတင်းခြင်းဟာ မိန်းကလေးတွေကို ပိုပြီးကျန်းမာစေသလို ပိုပြီးလည်း ပျော်ရွှင်စေတယ်လို့ ဖော်ထုတ်တွေ့ရှိခဲ့လို့ပါပဲ။

သုတေသီတွေရဲ့ အပြောအရတော့ အတင်းပြောတဲ့ မိန်းကလေးတွေရဲ့ ခန္ဓာကိုယ်မှာ progesterone လို့ခေါ်တဲ့ ဟိုမုန်းတစ်မျိုး ပုံမှန်ထက် အများကြီးပိုပြီး ထွက်လာတတ်ပြီး အဲဒီဟိုမုန်းဟာ လူတစ်ယောက်ချင်းစီရဲ့ စိတ်ဖိစီးမှု ဝေဒနာကို သိသိသာသာ လျော့ပါးစေပါတယ်တဲ့။ မစ်ချီဂန်တက္ကသိုလ်က ပညာရှင်တွေဟာ ကျောင်းသူပေါင်း (၁၆ဝ) လောက်ကို အတွဲလိုက်သတ်မှတ်ပေးပြီး လေ့လာကြည့်တဲ့အခါမှာ အတင်းအဖျင်းပြောရင်း ဗဟုသုတ ဖလှယ်ကြတဲ့ မိန်းကလေးတွေက စကားနည်းပြီး အတင်းပြောရတာ ဝါသနာမပါတဲ့ မိန်းကလေးတွေထက် ကျန်းမာရေးကောင်းသလို ပိုပြီးလည်း ပျော်ရွှင်တက်ကြွနေတယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ကြတယ်။

ပိုပြီးထူးခြားတဲ့အချက်က အတင်းပြောတဲ့ မိန်းကလေးတွေဟာ ပေါင်းသင်းဆက်ဆံရေး ကဏ္ဍမှာ ပိုပြီးတော့ အကျိုးသက်ရောက်မှုတွေ ရှိလာပြီး လူမှုရေးနယ်ပယ်မှာ တွင်ကျယ်ဝင်ဆံ့လာပါတယ်တဲ့။ ဆရာဝန်တွေရဲ့ အဆိုအရတော့ မိန်းကလေးတွေဟာ သူတို့စိတ်အားထက်သန်တဲ့ ကိစ္စတစ်ခုမှာ တိုးတိုးကြိတ်ကြိတ် ပြောနေကြရတာ မိနစ်(၂ဝ)လောက် ကြာရုံနဲ့တင် progesterone ပမာဏဟာ ထူးထူးခြားခြား တိုးတက်မြင့်မားလာတယ်လို့ သိရပါတယ်။ ခပ်အေးအေးနဲ့ စကားသိပ်မပြောတဲ့ မိန်းကလေးတွေမှာတော့ progesterone ဟာ လုံးဝတက်မလာဘူးလို့ ဆရာဝန်တွေက ရှင်းပြခဲ့တယ်။ ပါမောက္ခ စတက်ဖနီဘရောင်းဟာ ဒီသုတေသနလုပ်ငန်းမှာ ခေါင်းဆောင်ဖြစ်ပြီး သူက တွေ့ရှိချက်တွေကို Hormones and Behaviour ဂျာနယ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

“လူနှစ်ယောက် အတင်းပြောနေတဲ့အခါ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ရင်းနှီးယှက်နွယ်မှုဟာ ပိုပြီးခိုင်ခံ့လာသလို progesterone ကလည်း ထိုးတက်လာပါတယ်။ ဒါဟာ ဇီဝကမ္မလှုပ်ရှားမှုတွေနဲ့ လူတွေရဲ့ အကျင့်စရိုက်အပေါ်မှာ အကောင်းလက္ခဏာဘက်က သက်ရောက်နိုင်တဲ့ အရေးကြီးတဲ့ ဖြစ်စဉ်တစ်ခုပါ”လို့ ပါမောက္ခကြီးက ရှင်းပြပါတယ်။ progesteroneရဲ့ ကောင်းကျိုးတစ်ခုက ကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်လာစေတဲ့ oestrogen ကိုတောင် လျှော့ချပေးနိုင်တဲ့အတွက် လူတိုင်း အတင်းများများပြောသင့်တယ်လို့တောင် ပါမောက္ခကြီးက ကျီစယ်သွားပါသေးတယ်။
src: planet
http://www.lannthit.com/index.php?option=com_content&view=article&id=174:2009-07-30-13-03-45&catid=102:health-guide&Itemid=282

0 comments: