Mayonnaise ပုလင်းနဲ့ ကော်ဖီ (၂) ခွက်

3:09 PM Posted In Edit This 0 Comments »
သင့်ဘ၀မှာ အရာရာဟာ ကိုင်တွယ်ထိန်းချုပ် ရတာခက်ခဲနေတယ်ဆိုရင်၊ တစ်နေ့မှာ
ရှိတဲ့ (၂၄)နာရီဟာ သင့်အတွက် မလုံလောက်တော့ဘူးလို့ ထင်တယ်ဆိုရင်
"Mayonnaise ပုလင်းနဲ့ကော်ဖီ(၂)ခွက်" ကို သတိရလိုက်ပါ။

ပါမောက္ခကြီးတစ်ယောက်က အတန်းရှေ့မှာ ရပ်နေပြီး သူ့ရှေ့မှာ ပစ္စည်းတစ်ချို့
လည်းချထားပါတယ်။ အတန်းချိန်စတာနဲ့ ဘာမှမပြောဘဲ သူ့ရှေကမှာရှိတဲ့
Mayonnaise ပုလင်းလွတ်ကြီးကို ကောက်ကိုင်လိုက်ပြီး ဂေါက်သီးလုံးတွေနဲ့
ဖြည့်လိုက်ပါတယ်။ ပြီးမှ ကျောင်းသားတွေကို ပုလင်းပြည့်ပြီလားလို့
မေးပါတယ်။ ကျောင်းသားတွေက ပြည့်ပြီလို့ပြောကြပါတယ်။

အဲံဒီအခါမှာ ပါမောက္ခကြီးက ကျောက်စရစ်ခဲလေးတွေထည့်ထားတဲ့
ဗူးကိုကောက်ကိုင်လိုက်ပြီး ပုလင်းထဲကို ထည့်လိုက်ပြန်ပါတယ်။ ပြီးတော့
ပုလင်းကို အသာလေးလှုပ်ပေးလိုက်တယ်။ ကျောက်စရစ်ခဲလေးတွေက
ဂေါက်သီးလုံးတွေကြားက လွတ်နေတဲ့ နေရာလေးတွေထဲကို ၀င်သွားကြပါတယ်။
ပါမောက္ခကြီးက ပုလင်းပြည့်နေပြီလားလို့ ကျောင်းသားတွေကို မေးပြန်ပါတယ်။
ကျောင်းသားတွေကလည်း ပြည့်နေကြောင်း ဖြေကြပြန်ပါတယ်။

ဒါပေမယ့် ပါမောက္ခကြီးက သဲတွေထည့်ထားတဲ့ ဗူးကိုယူလိုက်ပြီး
ပုလင်းထဲကိုထည့်လိုက်ပြန်ပါတယ်။ သဲတွေကလည်း ပုလင်းထဲက
နေရာလွတ်တွေအားလုံးထဲ ကျသွားပြန်ပါတယ်။ ပါမောက္ခကြီးက
ပုလင်းပြည့်နေပြီလားလို့ ထပ်မေးပြန်ပါတယ်။ ဒီတစ်ခါလည်း ကျောင်းသားတွေက
ပြည့်နေကြောင်း တညီတညာတည်း ဖြေကြပြန်ပါတယ်။

ကျောင်းသားတွေအဖြေစကားကို ကြားပြီးတဲ့အခါမှာ ပါမောက္ခကြီးက
ကော်ဖီ(၂)ခွက်ကို ဖျော်လိုက်ပြီး ပုလင်းထဲကို ထည့်လိုက်တဲ့အခါမှာ
သဲတွေကြားထဲက လွတ်နေတဲ့နေရာတွေထဲကို
ကော်ဖီတွေဝင်သွားပြီးပြည့်သွာြး
ပန်ပါတယ်။ အဲဒါကို မြင်တဲ့အခါ
ကျောင်းသားတွေအားလုံးရယ်ကြပါတော့တယ်။

ရယ်သံတွေစဲသွားတော့မှ ပါမောက္ခကြီးက "အခု ... ဆရာက ဒီပုလင်းကို
မင်းတို့ရဲ့ဘ၀လို့ သဘောထားကြည့်စေချင်တယ်။ ဂေါက်သီးလုံးတွေက မိသားစုတို့၊
သားသမီးတို့၊ ကျန်းမာရေးတို့၊ သူငယ်ချင်းကောင်းတို့၊
ကိုယ်တန်ဖိုးအထားဆုံး အနှစ်သက်ဆုံးအရာတို့စတဲ့ အရေးကြီးတဲ့
အရာတွေပေါ့ကွာ။ တခြားဟာတွေ ဘာမှမရှိတော့ဘဲနဲ့ သူတို့ချည်းပဲ
ကျန်ခဲ့ရင်တောင် ဘ၀ကိုပြည့်စေမယ့်အရာတွေပေါ့။
ကျောက်စရစ်တွေကတော့တခြားအရေးပါတဲ့ အလုပ်တို့၊ အိမ်တို့၊ ကားတို့ပေါ့ကွာ။
သဲတွေကတော့ ကျန်တဲ့ သေးသေးမွှားမွှား အရာအားလုံးပေါ့။ သဲတွေကိုသာ
ပုလင်းထဲအရင်ထည့်မယ်ဆိုရင် ကျောက်စရစ်ခဲတို့ ဂေါက်သီးလုံးတို့အတွက်
နေရာရှိတော့မှာမဟုတ်ဘူး။ ဘ၀မှာလည်း ဒီလိုပဲ။ မင်းတို့ရဲ့ အချိန်တွေ
လုပ်အားတွေကို သေးသေးမွှားမွှားကိစ္စတွေ အတွက်ပဲအကုန်လုံးသုံးပစ်ရင်
တကယ်အရေးကြီးတဲ့အရာတွေအတွက် ဘယ်တော့မှ ကျန်မှာမဟုတ်ဘူး။
ကိုယ့်စိတ်ချမ်းသာမှုအတွက် အဓိကကျတဲ့ အရာတွေကို အလေးထားပါ။ သားသမီးတွေ
ရှိလာရင် ကလေးတွေနဲ့ အချိန်ပေးပြီး ကစားပါ။ ကျန်းမာရေးကိုလည်း
ပုံမှန်စစ်ဆေးပါ။ ကိုယ့်ဇနီး/ခင်ပွန်းသည်နဲ့ ညစာအတူတူထွက်စားတာမျိုးတွေ
လုပ်ပေးပါ။ ကိုယ်နှစ်သက်မက်မောတဲ့ အားကစားတို့ ၀ါသနာပါရာတို့ကို
စိတ်ကျေနပ်လောက်တဲ့အထိ လုပ်ပါ။ ကိုယ့်အတွက် တကယ်အရေးပါတဲ့


ဂေါက်သီးလိုမျိုး အရာတွေကို အလေးထားပါ။ ကိုယ့်အတွက် ဘယ်အရာက
ဘယ်လောက်အရေးကြီးလဲဆိုတာကိုလည်း အဆင့်ခွဲခြား သတ်မှတ်ထားပါ။
ကျန်တာတွေကတော့ သဲတွေပါပဲကွာ။"

အဲဒီအချိန်မှာ ကျောင်းသူတစ်ယောက်က လက်ကိုထောင်ပြီး ကော်ဖီက
ဘာကိုကိုယ်စားပြုတာလဲဆိုတာ မေးလိုက်ပါတယ်။ ပါမောက္ခကြီးက ပြုံးလိုက်ရင်း
"အဲဒီလိုမေးတဲ့အတွက် ဆရာဝမ်းသာပါတယ်။ အဲဒါကဘာကို ပြောချင်တာလဲဆိုတော့
မင်းတို့ရဲ့ဘ၀မှာ ဘယ်လောက်ပဲ လုပ်စရာတွေပြည့်နေပါစေ
သူငယ်ချင်းကောင်းတစ်ယောက်နဲ့ အေးအေးဆေးဆေးထိုင်ပြီး ကော်ဖီ(၂)ခွက်လောက်
သောက်ဖို့အတွက် နေရာလွတ်(အချိန်)လေးတွေတော့ အမြဲရှိနေသေးတယ် ဆိုတာပါပဲ။"

0 comments: