အင်တာနက်ပေါ်က ပုံပြင်တိုလေးများ
3:22 PM Posted In Social section Edit This 0 Comments »
၁)
ကုမ္ပဏီတစ်ခုက လခကောင်းကောင်းနဲ့ ဒါရိုက်ဘာတစ်ဦး ခန့်အပ်လိုကြောင်း
ကြေညာခဲ့တယ်။ အဲဒီနောက် အလုပ်လာလျှောက်သူတွေကို အဆင့်ဆင့် ဆန်ကာစစ်
ရွေးချယ်ခဲ့ပြီး နောက်ဆုံးမှာ လူသုံးဦးပဲ ကျန်ခဲ့တယ်။ အင်တာဗျူးမေးသူက
အဲဒီလူသုံးယောက်ကို "တကယ်လို့ ချောက်ကမ်းပါးတစ်ခုမှာ ရွှေတစ်တုံးကျနေတယ်
ဆိုပါစို့။ ခင်ဗျားတို့ကို ကားမောင်းပြီး သွားယူခိုင်းရင် ကားကို
ကမ်းပါးရဲ့ ဘယ်လောက်အကာအဝေးမှာ ခင်ဗျားတို့ ရပ်ကြမလဲ?" လို့
မေးမြန်းခဲ့တယ်။
ပထမတစ်ယောက်က " ၂ မီတာ အကွာအဝေးမှာ" လို့ ဖြေတယ်။
ဒုတိယတစ်ယောက်က " ၁ မီတာ အကွာအဝေးမှာ" လို့ ဖြေတယ်။
တတိယတစ်ယောက်က "ချောက်နဲ့ ဝေးနိုင်သမျှ ဝေးတဲ့နေရာမှာပဲ ကျွန်တော်နေမယ်"
လို့ ဖြေတယ်။ နောက်ဆုံး တတိယတစ်ယောက်ကို သူတို့ အလုပ်ခန့်အပ်ခဲ့တယ်။
မြူဆွယ်မှုရဲ့ အနီးအနားမှာ မနေပါနဲ့။ ဝေးနိုင်သမျှ ဝေးဝေးနေတာ အကောင်းဆုံးပါ။
၂)
မနက်နေထွက်တာနဲ့ အာဖရိက တောရိုင်းထဲမှာရှိတဲ့ တိရစ္ဆာန်တွေဟာ
စတင်ပြေးလွှားကြတယ်။ ခြင်္သေ့မေမေက ခြင်္သေ့ငယ်တွေကို " သားတို့
သမီးတို့ရေ.... ပြေးတဲ့အချိန်မှာ ဒီထက်မြန်နိုင်သမျှ မြန်အောင်
ပြေးကြနော်။ တကယ်လို့ သားတို့ဟာ အပြေးနှေးတဲ့ သမင်လောက်တောင်
မပြေးနိုင်ခဲ့ရင် သားတို့ ဆာလောင်ပြီး သေဆုံးသွားနိုင်တယ်" လို့
သင်ပေးခဲ့တယ်။
တစ်နေရာမှာလည်း သမင်မေမေက သမင်ငယ်လေးတွေကို " သားတို့သမီးတို့ရေ...
ပြေးလွှားတဲ့အချိန်မှာ ဒီထက်မြန်နိုင်သမျှ မြန်အောင် ပြေးကြနော်။ တကယ်လို့
သားတို့ဟာ အပြေးမြန်တဲ့ ခြင်္သေ့လောက်တောင် မပြေးနိုင်ခဲ့ရင် သားတို့
အစားခံရလိမ့်မယ်" လို့ သင်ပေးခဲ့တယ်။
ကိုယ်အပြေးမြန်တယ်! ကိုယ့်ထက် တစ်ခြားလူက ပိုအပြေးမြန်တယ်ဆိုတာ မမေ့ပါနဲ့...
၃)
အင်္ဂလန် စီးပွါးရေး ပညာရှင်တစ်ဦးက " လူ့ဘဝမှာ အပျော်ဆုံးအရာဆိုတာ
မဖြစ်နိုင်ဘူးလို့ လူတွေ ထင်ထားတဲ့အရာကို ဖြစ်အောင်၊ ပြီးမြောက်အောင်
လုပ်ဆောင်နိုင်ခဲ့တာဖြစ်တယ်" လို့ ပြောခဲ့တယ်။
သိပ္ပံပညာရှင်တွေရဲ့ စမ်းသပ်ချက်အရ ပျားရိုင်း "ပဒူကောင်" တွေရဲ့
အတောင်နှစ်ဖက်နဲ့ သူတို့ရဲ့ ခန္ဓာကိုယ်အလေးချိန်ဟာ မညီမမျှ ဖြစ်နေခဲ့တယ်။
ဆန်းစစ်ချက်အရ ပျားရိုင်းတွေက သူတို့အတောင် အကျယ်အဝန်းနဲ့
ခန္ဓာကိုယ်မ,ပြီး ပျံသန်းဖို့ရာ မဖြစ်နိုင်ခဲ့ဘူး။ ဒါပေမယ့် ဒါကို
ပျားရိုင်းတွေက မသိခဲ့ကြဘဲ လေထဲမှာ ပျံသန်းချင်သလို လွတ်လွတ်လပ်လပ်
ပျံသန်းနိုင်ခဲ့ကြတယ်။
အများအားဖြင့် မဖြစ်နိုင်ဘူးဆိုတာတွေ မရှိဘူး။ လူတွေကသာ ဖြစ်နိုင်တယ်၊
မဖြစ်နိုင်ဘူးဆိုပြီး ကိုယ်တိုင် သတ်မှတ်ခဲ့ကြတယ်။ တင်းခံထားတဲ့
တွေးခေါ်မှု တစ်ချို့ကို ပုံစံပြောင်းကြည့်ရင် ဖြစ်နိုင်တဲ့
နည်းလမ်းအသစ်တွေ ထွက်ပေါ်လာမှာ ဧကန်မလွဲပါပဲ။
ပုံပြင်(၁)
ဆေးရုံရဲ့အခန်းတစ်နေရာမှာ အသက်ယဲ့ယဲ့လေးရှုနေတဲ့ အဘိုးအိုတစ်ဦး
လဲလျောင်းနေခဲ့တယ်။ လူ့ဘဝနောက်ဆုံးအချိန်လေးမှာ အဘိုးအိုက
သူ့ရဲ့အိုမင်းရွတွနေတဲ့လက်နဲ့ အဘွားအိုရှိရာဘက် ကမ်းလိုက်တယ်။
ရာစုနှစ်တစ်ဝက်လောက် ကိုယ့်အပေါ်ဂရုစိုက်ကြင်နာခဲ့သူကို
သူကျေးဇူးတင်နေမိတယ်။ မကြာခင် ဒီလောကကြီးကနေ သူထွက်သွားရတော့မယ်။
ထွက်မသွားခင် အဘွားအိုရဲ့အကြင်နာ၊ ကရုဏာကို အသိအမှတ်ပြုရာရောက်အောင်
ပြီးတော့ ကိုယ်လည်းစိတ်ချလက်ချ သွားနိုင်အောင် ရင်ထဲက
လျှို့ဝှက်ချက်တစ်ခုကို ပြောပြဖို့ သူဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့်
လျှို့ဝှက်ချက်ကိုမပြောခင် အဘွားအိုက တုန်ရင်ရင်လက်နဲ့ သူ့ပါးစပ်ကို
အသာအယာလေးပိတ်ပြီး "အချစ်ရဲ့ဘာလျှို့ဝှက်ချက်တွေမှ ကျွန်မ မလိုဘူး။
အချစ်ရဲ့အကြီးမားဆုံးလျှို့ဝှက်ချက်က ကျယ်ပြန့်တဲ့လူ့ပင်လယ်မှာ
ရှင်နဲ့ကျွန်မသိခဲ့တယ်၊ ချစ်ခဲ့တယ်၊ တစ်ယောက်လက်ကို တစ်ယောက်တွဲပြီး
နေပူမိုးရွာမရှောင် အရာရာကို အနှစ်(၅ဝ)ကျော် ရင်ဆိုင်ခဲ့တာပဲဖြစ်တယ်.."
အဘွားအိုရဲ့စကားကြောင့် အဘိုးအို မျက်ရည်ကျမိတယ်။ နောက်ဆုံး
အဲဒီလျှို့ဝှက်ချက်ကို ရင်ထဲထည့်ပြီး လောကကြီးထဲ သူထွက်ခွါသွားခဲ့တယ်။
ပုံပြင်(၂)
ဟိုးရှေးရှေးတုန်းက မြို့တစ်မြို့ကလူတွေဟာ အခြားမြို့ကလူတွေနဲ့
စစ်ဖြစ်ခဲ့ကြတယ်။ စစ်ပွဲက နှစ်အတော်ကြာခဲ့တယ်။ ဒီမြို့နှစ်မြို့မှာ
တစ်မြို့ကတောင်ကုန်းပေါ်မှာရှိပြီး တစ်မြို့က လွင်ပြင်မှာရှိခဲ့တယ်။
တောင်ကုန်းပေါ်မှာရှိတဲ့မြို့က ရက်စက်တဲ့အကြံတစ်ခုထုတ်ပြီး
ကိုယ့်တောင်ကုန်းပေါ်မှာရှိတဲ့ ဆည်ကိုဖွင့်ချလိုက်တယ်။
ဆည်ကိုဖွင့်ချလိုက်တယ်ဆိုရင်ပဲ လွင်ပြင်မှာရှိတဲ့မြို့က ရေလွှမ်းသွားပြီး
အော်ဟစ်ငိုညည်းသံတွေနဲ့ သေကြေပျက်ဆီးကြရတော့မယ်။ ဒီလိုအခြေအနေမှာ
မြို့စားမင်းက လှေတွေနဲ့ ရေနစ်သူတွေကိုကယ်ဖို့ အမိန့်ထုတ်လိုက်တယ်။
ဒါပေမယ့် လှေအစီးရေ မများတဲ့အတွက် လူတချို့ကိုပဲ ကယ်စေခဲ့တယ်။
မြို့စားမင်းက မိန်းမနှစ်သက်သူဖြစ်တာကြောင့် မိန်းမတွေကိုပဲ ကယ်စေခဲ့တယ်။
အဲဒီမိန်းမတွေက သူတို့နှစ်သက်တဲ့ပစ္စည်းတစ်ခုကိုပဲ ယူရမှာဖြစ်တယ်။
နှစ်သက်တဲ့ပစ္စည်းတစ်ခု ဆိုတာကြောင့် မိန်းမအများက လက်ဝတ်လက်စား၊ ရွှေငွေ၊
ကျောက်သံ ပတ္တမြားတွေယူပြီး လှေပေါ်တက်ကြတယ်။ မိန်းမတစ်ယောက်တည်းပဲ
သူ့ယောက်ျားကိုထမ်းပြီး လှေပေါ်တက်တော့ ရဲမက်တွေက "လှေပေါ်ကို
မိန်းမတွေပဲတက်ခွင့်ရှိတယ်။ ယောက်ျားတွေ မတက်ရဘူး" လို့ဆိုတယ်။
"ကိုယ့်အကြိုက်ဆုံးပစ္စည်းတစ်ခု ယူခွင့်ရှိတယ်ဆိုလို့ ဒါဟာ
ကျွန်မအကြိုက်ဆုံးအရာမို့ပါ" လို့ မိန်းမကပြန်ပြောပါတယ်။ အဲဒီရေဘေးမှာ
ယောက်ျားတစ်ဦးပဲ အသက်ရှင်ကျန်ရစ်ခဲ့တယ်။ အဲဒီမိန်းမရဲ့
ယောက်ျားပဲဖြစ်တယ်။
ပုံပြင်(၃)
ဒီပုံပြင်ကတော့ တီဗီအစီအစဉ်တစ်ခု ဖြစ်ပါတယ်။ ဒီအစီအစဉ်က ယောက်ျားသားတွေက
မျက်စိကို အဝတ်စည်းပြီး ကိုယ့်မိန်းမကို ရွေးထုတ်ရမယ့် ကစားနည်းဖြစ်တယ်။
ဒီကစားနည်းမှာ လင်မယားစုံတွဲ (၆)တွဲ ပါဝင်ခဲ့တယ်။ ယောက်ျား(၆)ဦးက
မျက်စိကို အဝတ်စည်းပြီး မိန်းမ(၆)ဦးရဲ့လက်တွေကို သွားစမ်းရတယ်။ ပြီးမှ
ကိုယ့်မိန်းမကို ရွေးထုတ်ရတယ်။ ရှေ့ယောက်ျား(၃)ဦး မမြင်မစမ်းနဲ့
စမ်းတော့ ပရိသတ်တွေက တဝါးဝါးပွဲကျကြတယ်။
(၄)ယောက်မြောက်မှာ အစီအစဉ်တင်ဆက်သူက အရင်အတိုင်း သူ့မျက်စိကို
အဝတ်စနဲ့စည်းပြီး နေရာမှာတင် (၃)ပတ် ပတ်ခိုင်းလိုက်တယ်။ ပြီးမှ
မိန်းမ(၆)ယောက်ကို ရွေးစေခဲ့တယ်။ အဲဒီလူက ပထမမိန်းမရှေ့ရပ်ပြီး
လက်ကိုကိုင်ကြည့်တယ်။ သုံးလေးစက္ကန့်အတွင်းမှာ "ဒါ ကျွန်တော့်မိန်းမ
မဟုတ်ဘူး" လို့ဆိုတယ်။ နောက် ဒုတိယမိန်းမရှေ့ရပ်ပြီး
လက်ကိုကိုင်ကြည့်တယ်။ ဒီတစ်ကြိမ်ကိုင်တာ အချိန်နည်းနည်း ပိုကြာတယ်။
ဆယ်စက္ကန့်ကြာတော့ "ဒါ ကျွန်တော့်မိန်းမ"လို့ သူကဆိုတယ်။
တင်ဆက်သူက သူ့မျက်နှာပေါ်ကအဝတ်စကို ဖြုတ်ပေးလိုက်တယ်။ တကယ်ပဲ
ဒုတိယအမျိုးသမီးက သူ့မိန်းမဖြစ်နေခဲ့တာကြောင့် ပရိသတ်ဆီက လက်ခုပ်သံတွေ
သူရခဲ့တယ်။ တွေဝေမှုမရှိဘဲ ကိုယ့်မိန်းမကို ရွေးထုတ်နိုင်ခဲ့တဲ့သူ့ကို
တင်ဆက်သူက "ဒီလောက်ထိ တိကျအောင် ရွေးထုတ်နိုင်ခဲ့တာ ဘာလျှို့ဝှက်ချက်များ
ရှိလို့လဲ" လို့မေးတယ်။
အဲဒီအချိန်မှာ သူက "ဘာလျှိုဝှက်ချက်မှ မရှိပါဘူး။ လက်ရဲ့ခံစားချက်နဲ့
ကျွန်တော်ရွေးခဲ့တာပါ။ အိမ်ထောင်သက် (၁ဝ)နှစ်အတွင်းမှာ ကျင့်သားရခဲ့တဲ့
လက်ခံစားချက်ကြောင့်ပါ" လို့ ဆိုပါတယ်။ နောက်ခံပိတ်ကားပေါ်မှာ
သူ့မိန်းမရဲ့မျက်နှာက မျက်ရည်အဝဲသားနဲ့ ထင်ဟပ်လာခဲ့တယ်။ (၁ဝ)နှစ်လုံးလုံး
မဖြုတ်ခဲ့တဲ့တွဲလက်ကြောင့် လက်ရဲ့ခံစားချက်နဲ့ လူအများကြားမှာ
ကိုယ့်မိန်းမကို သူရွေးထုတ်နိုင်ခဲ့ပါတယ်။
ဘာလဲအချစ်ဆိုတာ?
ကုမ္ပဏီတစ်ခုက လခကောင်းကောင်းနဲ့ ဒါရိုက်ဘာတစ်ဦး ခန့်အပ်လိုကြောင်း
ကြေညာခဲ့တယ်။ အဲဒီနောက် အလုပ်လာလျှောက်သူတွေကို အဆင့်ဆင့် ဆန်ကာစစ်
ရွေးချယ်ခဲ့ပြီး နောက်ဆုံးမှာ လူသုံးဦးပဲ ကျန်ခဲ့တယ်။ အင်တာဗျူးမေးသူက
အဲဒီလူသုံးယောက်ကို "တကယ်လို့ ချောက်ကမ်းပါးတစ်ခုမှာ ရွှေတစ်တုံးကျနေတယ်
ဆိုပါစို့။ ခင်ဗျားတို့ကို ကားမောင်းပြီး သွားယူခိုင်းရင် ကားကို
ကမ်းပါးရဲ့ ဘယ်လောက်အကာအဝေးမှာ ခင်ဗျားတို့ ရပ်ကြမလဲ?" လို့
မေးမြန်းခဲ့တယ်။
ပထမတစ်ယောက်က " ၂ မီတာ အကွာအဝေးမှာ" လို့ ဖြေတယ်။
ဒုတိယတစ်ယောက်က " ၁ မီတာ အကွာအဝေးမှာ" လို့ ဖြေတယ်။
တတိယတစ်ယောက်က "ချောက်နဲ့ ဝေးနိုင်သမျှ ဝေးတဲ့နေရာမှာပဲ ကျွန်တော်နေမယ်"
လို့ ဖြေတယ်။ နောက်ဆုံး တတိယတစ်ယောက်ကို သူတို့ အလုပ်ခန့်အပ်ခဲ့တယ်။
မြူဆွယ်မှုရဲ့ အနီးအနားမှာ မနေပါနဲ့။ ဝေးနိုင်သမျှ ဝေးဝေးနေတာ အကောင်းဆုံးပါ။
၂)
မနက်နေထွက်တာနဲ့ အာဖရိက တောရိုင်းထဲမှာရှိတဲ့ တိရစ္ဆာန်တွေဟာ
စတင်ပြေးလွှားကြတယ်။ ခြင်္သေ့မေမေက ခြင်္သေ့ငယ်တွေကို " သားတို့
သမီးတို့ရေ.... ပြေးတဲ့အချိန်မှာ ဒီထက်မြန်နိုင်သမျှ မြန်အောင်
ပြေးကြနော်။ တကယ်လို့ သားတို့ဟာ အပြေးနှေးတဲ့ သမင်လောက်တောင်
မပြေးနိုင်ခဲ့ရင် သားတို့ ဆာလောင်ပြီး သေဆုံးသွားနိုင်တယ်" လို့
သင်ပေးခဲ့တယ်။
တစ်နေရာမှာလည်း သမင်မေမေက သမင်ငယ်လေးတွေကို " သားတို့သမီးတို့ရေ...
ပြေးလွှားတဲ့အချိန်မှာ ဒီထက်မြန်နိုင်သမျှ မြန်အောင် ပြေးကြနော်။ တကယ်လို့
သားတို့ဟာ အပြေးမြန်တဲ့ ခြင်္သေ့လောက်တောင် မပြေးနိုင်ခဲ့ရင် သားတို့
အစားခံရလိမ့်မယ်" လို့ သင်ပေးခဲ့တယ်။
ကိုယ်အပြေးမြန်တယ်! ကိုယ့်ထက် တစ်ခြားလူက ပိုအပြေးမြန်တယ်ဆိုတာ မမေ့ပါနဲ့...
၃)
အင်္ဂလန် စီးပွါးရေး ပညာရှင်တစ်ဦးက " လူ့ဘဝမှာ အပျော်ဆုံးအရာဆိုတာ
မဖြစ်နိုင်ဘူးလို့ လူတွေ ထင်ထားတဲ့အရာကို ဖြစ်အောင်၊ ပြီးမြောက်အောင်
လုပ်ဆောင်နိုင်ခဲ့တာဖြစ်တယ်" လို့ ပြောခဲ့တယ်။
သိပ္ပံပညာရှင်တွေရဲ့ စမ်းသပ်ချက်အရ ပျားရိုင်း "ပဒူကောင်" တွေရဲ့
အတောင်နှစ်ဖက်နဲ့ သူတို့ရဲ့ ခန္ဓာကိုယ်အလေးချိန်ဟာ မညီမမျှ ဖြစ်နေခဲ့တယ်။
ဆန်းစစ်ချက်အရ ပျားရိုင်းတွေက သူတို့အတောင် အကျယ်အဝန်းနဲ့
ခန္ဓာကိုယ်မ,ပြီး ပျံသန်းဖို့ရာ မဖြစ်နိုင်ခဲ့ဘူး။ ဒါပေမယ့် ဒါကို
ပျားရိုင်းတွေက မသိခဲ့ကြဘဲ လေထဲမှာ ပျံသန်းချင်သလို လွတ်လွတ်လပ်လပ်
ပျံသန်းနိုင်ခဲ့ကြတယ်။
အများအားဖြင့် မဖြစ်နိုင်ဘူးဆိုတာတွေ မရှိဘူး။ လူတွေကသာ ဖြစ်နိုင်တယ်၊
မဖြစ်နိုင်ဘူးဆိုပြီး ကိုယ်တိုင် သတ်မှတ်ခဲ့ကြတယ်။ တင်းခံထားတဲ့
တွေးခေါ်မှု တစ်ချို့ကို ပုံစံပြောင်းကြည့်ရင် ဖြစ်နိုင်တဲ့
နည်းလမ်းအသစ်တွေ ထွက်ပေါ်လာမှာ ဧကန်မလွဲပါပဲ။
ပုံပြင်(၁)
ဆေးရုံရဲ့အခန်းတစ်နေရာမှာ အသက်ယဲ့ယဲ့လေးရှုနေတဲ့ အဘိုးအိုတစ်ဦး
လဲလျောင်းနေခဲ့တယ်။ လူ့ဘဝနောက်ဆုံးအချိန်လေးမှာ အဘိုးအိုက
သူ့ရဲ့အိုမင်းရွတွနေတဲ့လက်နဲ့ အဘွားအိုရှိရာဘက် ကမ်းလိုက်တယ်။
ရာစုနှစ်တစ်ဝက်လောက် ကိုယ့်အပေါ်ဂရုစိုက်ကြင်နာခဲ့သူ
သူကျေးဇူးတင်နေမိတယ်။ မကြာခင် ဒီလောကကြီးကနေ သူထွက်သွားရတော့မယ်။
ထွက်မသွားခင် အဘွားအိုရဲ့အကြင်နာ၊ ကရုဏာကို အသိအမှတ်ပြုရာရောက်အောင်
ပြီးတော့ ကိုယ်လည်းစိတ်ချလက်ချ သွားနိုင်အောင် ရင်ထဲက
လျှို့ဝှက်ချက်တစ်ခုကို ပြောပြဖို့ သူဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့်
လျှို့ဝှက်ချက်ကိုမပြောခင် အဘွားအိုက တုန်ရင်ရင်လက်နဲ့ သူ့ပါးစပ်ကို
အသာအယာလေးပိတ်ပြီး "အချစ်ရဲ့ဘာလျှို့ဝှက်ချက်တွေမှ ကျွန်မ မလိုဘူး။
အချစ်ရဲ့အကြီးမားဆုံးလျှို့ဝှက်
ရှင်နဲ့ကျွန်မသိခဲ့တယ်၊ ချစ်ခဲ့တယ်၊ တစ်ယောက်လက်ကို တစ်ယောက်တွဲပြီး
နေပူမိုးရွာမရှောင် အရာရာကို အနှစ်(၅ဝ)ကျော် ရင်ဆိုင်ခဲ့တာပဲဖြစ်တယ်.."
အဘွားအိုရဲ့စကားကြောင့် အဘိုးအို မျက်ရည်ကျမိတယ်။ နောက်ဆုံး
အဲဒီလျှို့ဝှက်ချက်ကို ရင်ထဲထည့်ပြီး လောကကြီးထဲ သူထွက်ခွါသွားခဲ့တယ်။
ပုံပြင်(၂)
ဟိုးရှေးရှေးတုန်းက မြို့တစ်မြို့ကလူတွေဟာ အခြားမြို့ကလူတွေနဲ့
စစ်ဖြစ်ခဲ့ကြတယ်။ စစ်ပွဲက နှစ်အတော်ကြာခဲ့တယ်။ ဒီမြို့နှစ်မြို့မှာ
တစ်မြို့ကတောင်ကုန်းပေါ်မှာရြှိ
တောင်ကုန်းပေါ်မှာရှိတဲ့မြို့က ရက်စက်တဲ့အကြံတစ်ခုထုတ်ပြီး
ကိုယ့်တောင်ကုန်းပေါ်မှာရှိတဲ့ ဆည်ကိုဖွင့်ချလိုက်တယ်။
ဆည်ကိုဖွင့်ချလိုက်တယ်ဆိုရင်ပဲ လွင်ပြင်မှာရှိတဲ့မြို့က ရေလွှမ်းသွားပြီး
အော်ဟစ်ငိုညည်းသံတွေနဲ့ သေကြေပျက်ဆီးကြရတော့မယ်။ ဒီလိုအခြေအနေမှာ
မြို့စားမင်းက လှေတွေနဲ့ ရေနစ်သူတွေကိုကယ်ဖို့ အမိန့်ထုတ်လိုက်တယ်။
ဒါပေမယ့် လှေအစီးရေ မများတဲ့အတွက် လူတချို့ကိုပဲ ကယ်စေခဲ့တယ်။
မြို့စားမင်းက မိန်းမနှစ်သက်သူဖြစ်တာကြောင့် မိန်းမတွေကိုပဲ ကယ်စေခဲ့တယ်။
အဲဒီမိန်းမတွေက သူတို့နှစ်သက်တဲ့ပစ္စည်းတစ်ခုကို
နှစ်သက်တဲ့ပစ္စည်းတစ်ခု ဆိုတာကြောင့် မိန်းမအများက လက်ဝတ်လက်စား၊ ရွှေငွေ၊
ကျောက်သံ ပတ္တမြားတွေယူပြီး လှေပေါ်တက်ကြတယ်။ မိန်းမတစ်ယောက်တည်းပဲ
သူ့ယောက်ျားကိုထမ်းပြီး လှေပေါ်တက်တော့ ရဲမက်တွေက "လှေပေါ်ကို
မိန်းမတွေပဲတက်ခွင့်ရှိတယ်။ ယောက်ျားတွေ မတက်ရဘူး" လို့ဆိုတယ်။
"ကိုယ့်အကြိုက်ဆုံးပစ္စည်းတစ်ခု ယူခွင့်ရှိတယ်ဆိုလို့ ဒါဟာ
ကျွန်မအကြိုက်ဆုံးအရာမို့ပါ" လို့ မိန်းမကပြန်ပြောပါတယ်။ အဲဒီရေဘေးမှာ
ယောက်ျားတစ်ဦးပဲ အသက်ရှင်ကျန်ရစ်ခဲ့တယ်။ အဲဒီမိန်းမရဲ့
ယောက်ျားပဲဖြစ်တယ်။
ပုံပြင်(၃)
ဒီပုံပြင်ကတော့ တီဗီအစီအစဉ်တစ်ခု ဖြစ်ပါတယ်။ ဒီအစီအစဉ်က ယောက်ျားသားတွေက
မျက်စိကို အဝတ်စည်းပြီး ကိုယ့်မိန်းမကို ရွေးထုတ်ရမယ့် ကစားနည်းဖြစ်တယ်။
ဒီကစားနည်းမှာ လင်မယားစုံတွဲ (၆)တွဲ ပါဝင်ခဲ့တယ်။ ယောက်ျား(၆)ဦးက
မျက်စိကို အဝတ်စည်းပြီး မိန်းမ(၆)ဦးရဲ့လက်တွေကို သွားစမ်းရတယ်။ ပြီးမှ
ကိုယ့်မိန်းမကို ရွေးထုတ်ရတယ်။ ရှေ့ယောက်ျား(၃)ဦး မမြင်မစမ်းနဲ့
စမ်းတော့ ပရိသတ်တွေက တဝါးဝါးပွဲကျကြတယ်။
(၄)ယောက်မြောက်မှာ အစီအစဉ်တင်ဆက်သူက အရင်အတိုင်း သူ့မျက်စိကို
အဝတ်စနဲ့စည်းပြီး နေရာမှာတင် (၃)ပတ် ပတ်ခိုင်းလိုက်တယ်။ ပြီးမှ
မိန်းမ(၆)ယောက်ကို ရွေးစေခဲ့တယ်။ အဲဒီလူက ပထမမိန်းမရှေ့ရပ်ပြီး
လက်ကိုကိုင်ကြည့်တယ်။ သုံးလေးစက္ကန့်အတွင်းမှာ "ဒါ ကျွန်တော့်မိန်းမ
မဟုတ်ဘူး" လို့ဆိုတယ်။ နောက် ဒုတိယမိန်းမရှေ့ရပ်ပြီး
လက်ကိုကိုင်ကြည့်တယ်။ ဒီတစ်ကြိမ်ကိုင်တာ အချိန်နည်းနည်း ပိုကြာတယ်။
ဆယ်စက္ကန့်ကြာတော့ "ဒါ ကျွန်တော့်မိန်းမ"လို့ သူကဆိုတယ်။
တင်ဆက်သူက သူ့မျက်နှာပေါ်ကအဝတ်စကို ဖြုတ်ပေးလိုက်တယ်။ တကယ်ပဲ
ဒုတိယအမျိုးသမီးက သူ့မိန်းမဖြစ်နေခဲ့တာကြောင့် ပရိသတ်ဆီက လက်ခုပ်သံတွေ
သူရခဲ့တယ်။ တွေဝေမှုမရှိဘဲ ကိုယ့်မိန်းမကို ရွေးထုတ်နိုင်ခဲ့တဲ့သူ့ကို
တင်ဆက်သူက "ဒီလောက်ထိ တိကျအောင် ရွေးထုတ်နိုင်ခဲ့တာ ဘာလျှို့ဝှက်ချက်များ
ရှိလို့လဲ" လို့မေးတယ်။
အဲဒီအချိန်မှာ သူက "ဘာလျှိုဝှက်ချက်မှ မရှိပါဘူး။ လက်ရဲ့ခံစားချက်နဲ့
ကျွန်တော်ရွေးခဲ့တာပါ။ အိမ်ထောင်သက် (၁ဝ)နှစ်အတွင်းမှာ ကျင့်သားရခဲ့တဲ့
လက်ခံစားချက်ကြောင့်ပါ" လို့ ဆိုပါတယ်။ နောက်ခံပိတ်ကားပေါ်မှာ
သူ့မိန်းမရဲ့မျက်နှာက မျက်ရည်အဝဲသားနဲ့ ထင်ဟပ်လာခဲ့တယ်။ (၁ဝ)နှစ်လုံးလုံး
မဖြုတ်ခဲ့တဲ့တွဲလက်ကြောင့် လက်ရဲ့ခံစားချက်နဲ့ လူအများကြားမှာ
ကိုယ့်မိန်းမကို သူရွေးထုတ်နိုင်ခဲ့ပါတယ်။
ဘာလဲအချစ်ဆိုတာ?
0 comments:
Post a Comment